ဆရာကို အကူအညီတောင်းခြင်း...
Vol. 20 Ch. 303
သန်ခေါင်ယံအချိန်သို့ ရောက်သောအခါ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က အပ်ဒိတ်ကို စတင်လိုက်သည်။ အသက်ရှူချိန်အနည်းငယ် ကြာသောအခါ အပ်ဒိတ်ပြီးဆုံးသွားသည်။
အဆင့်ခြောက်နေရာမှ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပျောက်ကွယ်သွားသည်ကို ဆင့်ကဲပြောင်းလဲသူများစွာက သတိထားမိလိုက်ကြသည်။
" ဟားဟား.... ငါပြောခဲ့သားပဲ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းရဲ့ သတ္တမအလွှာက တင်တော့မှာပါဆို..."
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးတဲ့ ပညာရှင်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တွေထဲမှာတောင် အလွန်စွမ်းအားကြီးတဲ့ တည်ရှိမှုဖြစ်လိမ့်မယ်။ "
ဆင်းကဲပြောင်းလဲသူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍ တင်လိုက်ပြီကို နားလည်သွားကြပြီး မှတ်ချက်ပေးလိုက်ကြသည်။
ဆင့်ကဲပြောင်းလဲသူများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်လေးနှင့် အဆင့်ငါးနေရာတွင် ရှာမတွေ့သောကြောင့် အပေါ်သို့ ဆက်ကြည့်လိုက်ရာ အဆင့်နှစ်နေရာတွင် တွေ့လိုက်ကြရသည်။
မျက်စိတစ်မှိတ်အတွင်း အလယ်ပိုင်းဧရိယာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
" ဘာလဲဟ..."
" အဆင့်နှစ်လား။ "
" အဆင့်နှစ်နဲ့ အဆင့်သုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေက အဋ္ဌမအလွှာတွေမဟုတ်လား။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုကို ကျော်တက်သွားတာလား။ "
" အခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာပဲ ရှိသေးတယ်လေ။ "
" ဘုရားရေ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ဖိနှိပ်နိုင်တာလား။ "
" ငါ သိုင်းတာအိုရဲ့ သတ္တမအလွှာကဏ္ဍကို ဝယ်မယ်။ နတ်ဘုရားသုံးပါးက ဒီလောက်မြင့်မားတဲ့ အဆင့်ကို ဘာလိုပေးခဲ့တာလဲဆိုတာ ငါကြည့်ရမယ်။ "
" ငါလည်း အတူတူပဲ။ နတ်ဘုရားသုံးပါးက လုံးဝ မျက်နှာလိုက်မှာမဟုတ်ဘူး။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ု အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ကျော်သွားနိုင်ရင် အဲ့ဒါက တကယ်ထူးခြားတာ တစ်ခုခုရှိလိမ့်မယ်။ "
ဆင့်ကဲပြောင်းလဲသူများက သိချင်စိတ်နှင့် သတ္တမအလွှာကို တစ်ယောက်ပြီးတစ်ယောက် ဝယ်လိုက်ကြသည်။.
ချီခွန်ပင်မကြယ်။
လင်းယွမ်က ခန်းမထဲမှ ထွက်လာပြီး အေးအေးလူလူ လမ်းလျှောက်နေသည်။
အနီရောင်စိတ်ဝိညာဉ်အရည်မရောက်မီ သူ့အတွက် လုပ်စရာမရှိပေ။ လေဟာနယ်ပုံစံများကို စဉ်းစာရန်လည်း အတွင်းကမ္ဘာ၏ ကျယ်ပြန့်မှုကို ဖိနှိပ်ထားသောကြောင့် မဖြစ်နိုင်ပေ။
" ဟမ် လူတိုင်းက ဘာလို့ သိုင်းတာအိုအကြောင်း ဆွေးနွေးနေကြတာလဲ။ " ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်များစွာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း ဆွေးနွေးနေကြသည်ကို မြင်ပြီး လင်းယွမ်က မျက်ခုံးများပင့်သွားသည်။
ချီခွန်မျိုးနွယ်က ချီခွန်ကြယ်နယ်မြေတွင် အကြွင်းမဲ့အုပ်ချုပ်သူဖြစ်ပြီး သာမန်ကိစ္စများက အဖွဲ့ဝင်များအပေါ် သက်ရောက်မှုမရှိပေ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာနှင့် ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့်ခြောက်နေရာသို့ ရောက်သွားချိန်ကပင် သူတို့က အနည်းငယ်သာ ပြောဆိုခဲ့ကြသည်။
သို့သော် ယခု လူတိုင်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းကို ဆွေးနွေးနေကြသည်။ ချီခွန်မျိုးနွယ်က အသန်မာဆုံး သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုပင် အနည်းငယ်သာ အာရုံစိုက်ကြလေသည်။
သို့သော် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ထွက်ပေါ်လာမည်ကို ညွှန်ပြနေလေသည်။ သို့သော် ယခု သတ္တမအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျော်တက်သွားခဲ့သည်။
အမှန်တွင် ချီခွန်ကြယ်နယ်မြေသာမက အနီးရှိ ကြယ်နယ်မြေများပင် ထိုအကြောင်းကို ဆွေးနွေးနေကြသည်။
အနီရောင်နန်းတော်တွင် ချီခွန်ကြယ်သခင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍကို ဝယ်ပြီး လေ့လာကြည့်နေသည်။
" ဟမ် ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တိကျတဲ့ ဦးတည်ရာကို ကန့်သတ်မထားပဲ ဆင့်ကဲပြောင်းလဲသူရဲ့ အားသာချက်တွေအပေါ် အခြေခံထားတယ်။ ဒါက တကယ်အထင်ကြီးစရာပဲ။ " ချီခွန်ကြယ်သခင်က ခေါင်းငြိမ့်လိုက်သည်။ " ဒီအချက်နဲ့တင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ကျော်တက်သွားနိုင်တာလား။ "
ပုံမှန်အားဖြင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျော်လွှားရန် မဖြစ်နိုင်ပေ။ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ မည်မျှရှိသည်ဖြစ်စေ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် လုံလောက်လေသည်။
" ငါသတိမပြုမိတဲ့ အရာတစ်ခု ရှိနေတာလား။ " ချီခွန်ကြယ်သခင်က ရေရွတ်လိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာက ဦးတည်ချက်ကျယ်ပြန့်ပြီး အခြေခံနိယာမများကိုပင် ထိတွေ့နိုင်လေသည်။ ချီခွန်ကြယ်သခင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူမဟုတ်သောကြောင့် အဓိကအချက်အလက်များကို သတိပြုမိရန် ခက်ခဲလေသည်။
" မေ့လိုက်တော့။ အဲ့ဒါ အလယ်ပိုင်းကြယ်နယ်မြေက လူအိုကြီးတွေရဲ့ လက်ရာဖြစ်နိုင်တယ်။ ငါနားမလည်တော့ ကြည့်စရာမလိုတော့ဘူး။ "
ချီခွန်ကြယ်သခင်က သူ၏ ခေါင်းကို ခါလိုက်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလယ်ပိုင်ကြယ်နယ်မြေမှ အဆင့်မြင့် ပညာရှင်တစ်ယောက်ဆီမှ လာသည်ဟု ထင်လိုက်သည်။
" ဒါနဲ့ ငါတပည့်လေးက အနီရောင်စိတ်ဝိညာဉ်အရည် ဒီလောက်အများကြီး ဘာလို့တောင်းဆိုထားတာလဲ။ " ချီခွန်ကြယ်သခင်က အခြားအကြောင်းကို စဉ်းစားလိုက်သည်။
လင်းယွမ်တောင်းဆိုသော အနီရောင်စိတ်ဝိညာဉ်အရည် ပမာဏက ချီခွန်ကြယ်သခင်ကိုပင် အံ့ဩသွားစေသည်။ ၎င်းက သာမန်အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က နှစ်တစ်ရောက်လောက် ကျင့်ကြံရန် လုံလောက်လေသည်။
လင်းယွမ်လို သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် များပြားသော အနီရောင်စိတ်ဝိညာဉ်အရည်များ တောင်းဆိုခြင်းက အဓိပ္ပါယ်မရှိပေ။ ချီခွန်ကြယ်သခင်က လင်းယွမ်၏ တောင်းဆိုမှုမှာ ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ချက်ချင်း လက်ခံခဲ့သည်။
သူက လင်းယွမ်ကို လမ်းညွှန်မှုမပေးနိုင်သောကြောင့် လင်းယွမ်၏ တောင်းဆိုမှုများကို လိုလျောပေးရုံသာ တတ်နိုင်လေသည်။
" ဒီလောက် အနီရောင်စိတ်ဝိညာဉ်အရည်အများကြီးကို ဘာလို့လိုတာလဲ။ " ချီခွန်ကြယ်သခင်က စဉ်းစားနေသည်။ " အတွင်းကမ္ဘာကို ကျင့်ကြံဖို့လား။ "
ချီခွန်ကြယ်သခင်၏ မျက်လုံးများက တောက်ပသွားသည်။ ယခင် လင်းယွမ် အဆင့်ချိုးဖျက်နေချိန်တွင် သူက လင်းယွမ်ဆီမှ လေဟာနယ်အတက်အကျများကို ခံစားခဲ့ရလေသည်။ ထိုအချိန်တွင် လင်းယွမ်က လေဟာနယ်ရတနာတစ်ခုခုပိုင်ဆိုင်ထားသည်ဟုသာ ထင်ခဲ့လေသည်။
" ဒါပေမယ့် အတွင်းကမ္ဘာ ကျင့်ကြံဖို့ဆိုရင်တောင် သူက ဒီလောက်များတဲ့ စိတ်ဝိညာဉ်အရည်တွေကို မလိုအပ်သေးဘူး။ " ချီခွန်ကြယ်သခင်က သံသယဝင်သွားပြန်သည်။
" ဘာပဲ ဖြစ်ဖြစ် ငါ ခနတော့ အာရုံစိုက်ရလိမ့်မယ်။ " ချီခွန်ကြယ်သခင်က စဉ်းစယးနေခြင်းကို ရပ်တန့်လိုက်သည်။
ရက်အနည်းငယ် ကြာသောအခါ လင်းယွမ်က သူမှ ရှေ့မှ အနီရောင်စိတ်ဝိညာဉ်အရည်များကို ကြည့်လိုက်သည်။
" နောက်ဆုံးတော့ ရောက်လာပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
" အတွင်းကမ္ဘာကို ချဲ့ထွင်ရမယ့်အချိန်ရောက်ပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ " ဒီတစ်ခါ အတွင်းကမ္ဘာကို ချဲ့ထွင်တဲ့ ဖြစ်ရပ်က ဖုံးကွယ်ဖို့ မလွယ်ကူမှာ ငါစိုးရိမ်မိတယ်။ "
လင်းယွမ်က ရုတ်တရက် စဉ်းစားမိသွား၏။ သူ သတ္တမအလွှာကို ချိုးဖျက်စဉ်က အတွင်းကမ္ဘာမှာ ဆယ်မိုင်သာရှိသေးသည်။ လင်းယွမ်က သတိထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် သာမန်အဋ္ဌမအလွှာများပင် သတိမထားမိခဲ့ပေ။
သို့သော် ယခု လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်တစ်သောင်းအထိ ကျယ်ဝန်းနိုင်လေသည်။ ထိုဖြစ်ရပ်ကို ဖုံးကွယ်ရန် အလွန်ခက်ခဲလေသည်။ ပြင်ဆင်မှုမလုပ်ထားလျှင် ချီခွန်ပင်မကြယ်တစ်ခုလုံးပင် သတိထားမိသွားနိုင်လေသည်။
ထို့ကြောင့် လင်းယွမ်က ချီခွန်ကြယ်သခင်ကို ဆက်သွယ်လိုက်သည်။
" ဆရာ ကျွန်တော် ကျင့်ကြံတာကို ဖုံးကွယ်ဖို့ ကူညီပေးပါဦး။ " လင်းယွမ်၏ စိတ်အသိက VR ကမ္ဘာနှင့် ဆက်သွယ်ပြီး အနီရောင်နန်းတော်သို့ ရောက်သွားသည်။
ချီခွန်ကြယ်သခင်က သူ၏ ဆရာဖြစ်သောကြောင့် လင်းယွမ်က လျို့ဝှက်ထားရန် မလိုအပ်ပေ။
" ဖုံးကွယ်ပေးဖို့လား။ " ချီခွန်ကြယ်သခင်က သူ၏ တပည့်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " မဆိုးဘူး။ တပည့်လေး ဆရာနဲ့ စကားပြောဖို့တော့ သိသေးတာပဲ။ "
လင်းယွမ်က ဘာမှမပြောလျှင်တောင် ချီခွန်ကြယ်သခင်က ထိုအချိန်ကို အာရုံစိုက်ထားပေလိမ့်မည်။ လင်းယွမ်က သူသံသယဝင်သကဲ့သို့ အတွင်းကမ္ဘာကို အမှန်တကယ် ဖွင့်ထားနိုင်လျှင် ထိုဖြစ်ရပ်ကို ဖုံးကွယ်ထားရန် လိုအပ်လေသည်။ သို့သော် လင်းယွမ်က အကူအညီတောင်းလာသောကြောင့် ချီခွန်ကြယ်သခင်က ပို၍ သဘောကျသွားလေသည်။
" အဲ့ဒါ အတွင်းကမ္ဘာနဲ့ ပက်သက်နေတာလား။ " ချီခွန်ကြယ်သခင်က သူ၏ သံသယကို ထုတ်မေးလိုက်သည်။
" ဟုတ်ကဲ့ " လင်းယွမ်က ခနတုန့်ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။
သူ၏ ဆရာက စွမ်းအားကြီးသော အဋ္ဌမအလွှာ ဖြစ်သောကြောင့် သူ၏ လျို့ဝှက်ချက်များကို မြင်နိုင်သည်မှာ မထူးဆန်းပေ။
" အရမ်းကောင်းတယ်။ " ချီခွန်ကြယ်သခင်က လင်းယွမ်၏ အတည်ပြုချက်ကို ကြားပြီး ဝမ်းသာသွားသည်။
လင်းယွမ်က သတ္တမအလွှာတွင် အတွင်းကမ္ဘာကို ဖွင့်ရန် ကြိုးစားနေသောကြောင့် အန်းနန်မဟာမိတ်တွင်ပင် ထူးချွန်သော ပါရမီရှင်ဟု ပြောနိုင်လေသည်။
" ဆက်လုပ်ပါ။ ဘာပဲဖြစ်ဖြစ် ဆရာမင်းကို ကူညီပေးမယ်။ " ချီခွန်ကြယ်သခင်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဆရာ။ " လင်းယွမ်က ကျေးဇူးတင်စကားပြောလိုက်သည်။
လင်းယွမ်ထွက်သွားပြီးနောက် ချီခွန်ကြယ်သခင်က သိချင်စိတ် ပြင်းပြလာသည်။
" ငါ့တပည့်ရဲ့ အတွင်းကမ္ဘာက ဘယ်နှစ်မိုင်အထိ ရောက်နိုင်မလဲမသိဘူး။ အချင်းဝက် တစ်မိုင်၊ သုံးမိုင် ဒါမှမဟုတ် ငါးမိုင်လား။ " ချီခွန်ကြယ်သခင်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။