မိုင်တစ်သိန်းကျော်ကျယ်သော အတွင်းကမ္ဘာ....
Vol. 20 Ch. 304
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက အချင်းဝက်ဆယ်မိုင်ရှိသော အတွင်းကမ္ဘာတစ်ခုကို ပိုင်ဆိုင်နိုင်ကြသော်လည်း အဋ္ဌမအလွှာသို့ တက်လှမ်းချိန်တွင် သူတို့၏ အတွင်းကမ္ဘာက ရုတ်တရက် မိုင်တယ်ရာအထိ ကျယ်ဝန်းလာခြင်းမျိုးမရှိပေ။
သတ္တမအလွှာ အထွတ်အထိပ်သို့ မရောက်သေးသော လင်းယွမ်အတွက် သူဖွင့်လှစ်ထားသော အတွင်းကမ္ဘာမှာ အချင်းဝက် ငါးမိုင်ထက် မပိုနိုင်ပေ။
" ပြီးရင် တွေ့ရမှာပဲ.ယ " ချီခွန်ကြယ်သခင်က ရှစ်စန်းတောင်ထိပ်သို့ ကြည့်လိုက်သည်။ ချီခွန်ပင်မကြယ်တွင် သူက မည်သည့်နေရာကိုမဆို ဝင်ရောက်စွက်ဖက်နိုင်လေသည်။
" ဆရာ အာမခံထားပြီဆိုတော့ စလို့ရပြီ။ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး ဖိနှိပ်မှုကို လွှတ်ပေးလိုက်သည်။
ဝုန်း ဝုန်း ဝုန်း....
ကမ္ဘာ၏ အစွမ်းများရှိ လေဟာနယ်စွမ်းအားများက ပေါင်းစည်းသွားပြီး အတွင်းကမ္ဘာက အဆက်မပြတ် ကျယ်ပြန့်လာသည်ာယ
အပြင်တွင် အနီရောင်စိတ်ဝိညာဉ်အရည်များက တစ်ပုလင်းပြီး တစ်ပုလင်း လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အတွင်းကမ္ဘာ ချဲ့ထွင်ရန် လိုအပ်သော စွမ်းအားအဖြစ် ဖြည့်ပေးနေသည်။
ဝုန်း ဝုန်း.....
အတွင်းကမ္ဘာက လျင်မြန်စွာ ကျယ်ပြန့်လာသကဲ့သို့ ကမ္ဘာစွမ်းအားများက လင်းယွမ်၏ ထိန်းချုပ်မှုမှ ကင်းလွတ်သွားခဲ့သည်။
လင်းယွမ်၏ အထက်တွင် ဝေဝါးသော ကမ္ဘာအရိပ်တစ်ခုက စတင်ဖွဲ့စည်းလာသည်။ ကမ္ဘာအရိပ်က လျင်မြန်စွာ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း မိုင်တစ်သောင်းကျော်သွားခဲ့သည်။
ထို့နောက် မိုင်နှစ်သောင်း၊ မိုင်သုံးသောင်း၊ မိုင်ငါးသောင်း။
အနီရောင်နန်းတော်အတွင်း ချီခွန်ကြယ်သခင်က ရှစ်စန်းတောင်ထိပ်ကို အဆက်မပြတ် စောင့်ကြည့်နေသည်။
လေဟာနယ်စွမ်းအားများနှင့် ကမ္ဘာစွမ်းအားအတက်အကျများ ထွက်ပေါ်လာချိန်တွင် ချီခွန်ကြယ်သခင်က ပြုံးလိုက်သည်။ လင်းယွမ်က သတ္တမအလွှာ အထွတ်အထိပ်သို့ မရောက်မီ အတွင်းကမ္ဘာဖွင့်လှစ်နိုင်ခြင်းမှာ အလွန်စွမ်းအားကောင်းသော ပါရမီနှင့် အရည်အချင်းကို ပြသနေပြီး သူ၏ ဆရာအနေဖြင့် ချီခွန်ကြယ်သခင်က ဝမ်းသာရလေသည်။
" သုံးမိုင် ဒါမှမဟုတ် ငါးမိုင်..."
ချီခွန်ကြယ်သခင်က ထွက်ပေါ်လာသော လေဟာနယ်စွမ်းအားနှင့် ကမ္ဘာစွမ်းအားများမှ ဖြစ်ပေါ်လာသော ကမ္ဘာအရိပ်မှာ အတွင်းကမ္ဘာ၏ အရွယ်အစားနှင့် ညီမျှသည်ကို သိထားလေသည်။
ထိုခနတွင်....
" ဟမ် " ချီခွန်ကြယ်သခင်က မျက်လုံးများ ပြူးကျယ်သွားသည်။
" မကောင်းတော့ဘူး။ " သူက ချက်ချင်း နေရာမှ ပျောက်ကွယ်သွားသည်။
သူက ရှစ်စန်းတောင်ထိပ်တွင် ရုတ်တရက် ပေါ်လာပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးက ပြောင်းလဲသွားပြီး ထိုဧရိယာက ချီခွန်ပင်မကြယ်မှ တိုက်ရိုက် ခွဲထွက်သွားသည်။
ဝုန်း ဝုန်း ဝုန်း....
ကြီးမားသော ကမ္ဘာအရိပ်ကြီးက လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ချီခွန်ကြယ်သခင်က မိုင်ပေါင်းရှစ်သောင်း ကိုးစောင်းအရွယ်အစားရှိသော ကမ္ဘာကြီးကို ကြည့်ပြီး ခန ဆွံ့အသွားခဲ့သည်။
" တပည့်လေး မင်းရဲ့ အတွင်းကမ္ဘာက နည်းနည်း မကြီးလွန်းဘူးလား။ "
ချီခွန်ကြယ်သခင်က ရှစ်စန်းတောင်ထိပ်ကို ငုံ့ကြည့်ပြီးနောက် မိုင်ပေါင်းတစ်သိန်းနီးပါးရှိပြီဖြစ်သော ကမ္ဘာအရိပ်ကြီးကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် သံသယဝင်လာသည်။
သူ၏ တပည့်လေးက တကယ်ပဲ သတ္တမအလွှာမှာလား ဒါမှမဟုတ် အဋ္ဌမအလွှာမှာလား။
ရှစ်စန်းတောင်ထိပ်က အပြင်မှ ကြည့်လျှင် သာမန်နှင့် ကွဲပြားမည်မဟုတ်ပေ။ သို့သော် အမှန်တွင် ချီခွန်ကြယ်သခင်က နည်းလမ်းအချို့ အသုံးပြုပြီး ထိုဧရိယာကို ချီခွန်ပင်မကြယ်မှ ခွဲထုတ်ထားခဲ့သည်။
ချီခွန်ကြယ်သခင်၏ ခွန်အားနှင့် ထိုလှုပ်ရှားမှုများကို ပင်မကြယ်ပေါ်မှ ဆင့်ကဲပြောင်းလဲသူများက သတိမထားမိပေ။
ကမ္ဘာနှင့်လေဟာနယ်စွမ်းအားများက အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်တည်ရှိနေသည်။ ကြီးမားသော က္ဘာအရိပ်ကြီးက မိုင်တစ်သိန်းကျော်သည်အထိ ရပ်တန့်မည့်အရိပ်အယောင် မပြသေးပေ။
ချီခွန်ကြယ်သခင်က ဟင်းလင်းပြင်ထဲတွင် ရပ်ပြီး ကမ္ဘာပုံရိပ်ကြီးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ၎င်းက အမှန်တကယ် လွန်လွန်းလေသည်။
ချီခွန်ကြယ်သခင်က လင်းယွမ်အတွက် မြင့်မားသော မျှော်လင့်ချက် ထားခဲ့လေသည်။ သတ္တမအလွှာ အထွတ်အထိပ်သို့ မရောက်မီ သူ၏ တပည့်က အတွင်းကမ္ဘာကို သုံးမိုင်မှ ငါးမိုင်အထိ ဖန်တီးနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ယခု ကမ္ဘာပုံရိပ်ကြီးက မိုင်ပေါင်း တစ်သိန်းတစ်သောင်းနီးပါး ရှိနေပြီဖြစ်သည်။
ကြယ်ပင်လယ်ခွန်များက လေဟာနယ်သားရဲများဖြစ်သကဲ့သို့ မွေးကတည်းက ကမ္ဘာငယ်တစ်ခု ပါလာခဲ့သည်။ အရွယ်ရောက်ပြီး ဆဋ္ဌမအလွှာသို့ ရောက်ချိန်တွင် အတွင်းကမ္ဘာက ဆယ်မိုင်ကျော်ရှိနေပြီဖြစ်သည်။ သတ္တမအလွှာသို့ ရောက်သောအခါ အတွင်းကမ္ဘာက မိုင်တစ်သောင်းကျော်ရှိလေသည်။
အဋ္ဌမအလွှာသို့ ရောက်နေသော ချီခွန်ကြယ်သခင်၏ အတွင်းကမ္ဘာက မိုင်တစ်သန်းကျော် ရှိနေပြီဖြစ်သည်။
သို့သော် လင်းယွမ်က လူသားလေးတစ်ယောက်သာ ဖြစ်သည်။ သူက သတ္တမအလွှာတွင် မိုင်တစ်သိန်းကျော်သော အတွင်းကမ္ဘာကို ဖန်တီးနိုင်ခဲ့သည်။
အတွေးတစ်ခုက ချီခွန်ကြယ်သခင်၏ စိတ်ထဲတွင် ပေါ်လာသည်။
ကြယ်ပင်လယ်ခွန်က မင်းလား ငါလား။
" အတွင်းကမ္ဘာရဲ့ အရွယ်အစားက လေဟာနယ်နိယာမရဲ့ နားလည်မှုအပေါ် မူတည်တယ်။ " ချီခွန်ကြယ်သခင်က တွေးလိုက်သည်။
ကြယ်ပင်လယ်ခွန်များက အတွင်းကမ္ဘာနှင့် မွေးဖွားလာကြပြီး အခြေခံလေဟာနယ်ပုံစံ ၉၆၅ခုကို နားလည်ထားပြီးဖြစ်သည်။ ပင်မလေဟာနယ်ပုံစံအချို့ကို နားလည်ပြီးနောက် သူတို့၏ အတွင်းကမ္ဘာက ပို၍ ကြီးမားလာသည်။
အတွင်းကမ္ဘာကို ချဲ့ထွင်နိုင်သော ကမ္ဘာသစ်သီးကဲ့သို့ စကြာဝဠာရတနာများ ရှိသော်လည်း ၎င်းတို့က အတွင်းကမ္ဘာကို မိုင်တစ်ရာမှ မိုင်တစ်ထောင်ကျော်အထိသာ ချဲ့ထွင်ပေးနိုင်သည်။
ထို့နောက် အတွင်းကမ္ဘာကို ချဲ့ထွင်ချင်လျှင် လေဟာနယ်နိယာမကို နားလည်ရန်သာ ကြိုးစားရလေသည်။ ယခု လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်တစ်သိန်းကျော်သွားပြီဖြစ်သောကြောင့် စကြာဝဠာရတနာများ၏ အကူအညီမဟုတ်ဘဲ လေဟာနယ်နိယာမအပေါ် နားလည်ခြင်းသာ ဖြစ်လေသည်။
" မိုင်တစ်သိန်းကျော်ကျယ်တဲ့ အတွင်းကမ္ဘာဆို အနည်းဆုံး ပင်မလေဟာနယ်ပုံစံ တစ်ထောင်ကျော်ကို နားလည်ထားရလိမ့်မယ်။ ငါတပည့်က မကြာသေးခင်ကမှ အခြေခံလေဟာနယ်ပုံစံတွေကို နားလည်ထားတာမဟုတ်လား။ "
ချီခွန်ကြယ်သခင်က ရုတ်တရက် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
လင်းယွမ်၏ အရည်အချင်းနှင့် နားလည်နိုင်စွမ်းက ကြောက်စရာကောင်းလှသည်။
" အသက်တစ်ရာအောက်မှာ ပင်မလေဟာနယ်ပုံစံ တစ်ထောင်ကျော်ကို နားလည်နေပြီ။ အဲ့ဒါက ဒီစကြာဝဠာလူသားမဟာမိတ်တစ်ခုလုံးမှာတောင် လက်တစ်ဆုပ်စာပဲ အောင်မြင်နိုင်လိမ့်မယ်။ "
" အသက်တူအတွင်းမှာ ငါ့တပည့်နဲ့ ယှဉ်နိုင်တဲ့ ဆင့်ကဲပြောင်းလဲသူ ရှိမှာမဟုတ်ဘူး။ " ချီခွန်ကြယ်သခင်က တွေးလိုက်သည်။
စွမ်းအားကြီးသော ကြယ်နယ်မြေများတွင် ပါရမီရှင် ဆင့်ကဲပြောင်းလဲသူများက မွေးကတည်းက အရင်းအမြစ်များစွာကို အသုံးပြုခဲ့ကြသည်။ သို့မဟုတ် ချီခွန်ကြယ်သခင်ကဲ့သို့ ကြောက်စရာကောင်းသော အရည်အချင်းနှင့် သက်ရှိများ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူတို့၏ စမှတ်ကို မြှင့်တင်လိုက်သူများလည်း ရှိသည်။ သို့မှသာ လက်ရှိခေတ်တွင် လင်းယွမ်နှင့် ယှဉ်နိုင်သော ပါရမီရှင်အချို့ ရှိနိုင်လေသည်။
အကယ်၍ သူတို့၏ ကံကြမ္မာကောင်းများနှင့် အရင်းအမြစ်များ မရှိဘဲ သဘာဝအတိုင်းဆိုလျှင် လင်းယွမ်နှင့် ယှဉ်နိုင်မည့်သူ မရှိမည်မှာ သေချာလေသည်။
" ကမ္ဘာရဲ့ ကြီးထွားမှုအရှိန်က နှေးသွားပြီ။ " ချီခွန်ကြယ်သခင်က အနည်းငယ် စိတ်သက်သာရာရသွား၏။
မိုင်တစ်သိန်းကျော်ရှိသော အတွင်းကမ္ဘာက အဋ္ဌမအလွှာ အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာနှင့် ယှဉ်နိုင်လုနီးပါးပင်ဖြစ်သည်။
ခန်းမထဲတွင် လင်းယွမ်က အသက်ရှူလိုက်တိုင်း ကမ္ဘာစွမ်းအားများ ပြည့်နှက်နေလေသည်။
" နောက်ဆုံးတော့ ရပ်သွားပြီ။ " လင်းယွမ်က တစ်သိန်းနှစ်သောင်းကျယ်ဝန်းသော အတွင်းကမ္ဘာကို ကြည့်ပြီး ပြုံးလိုက်သည်။
" အတွင်းကမ္ဘာက ပိုပြီး ကျယ်လာနိုင်တယ်လို့ ခံစားရပေမယ့် ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကန့်သတ်ချက်ကြောင့် တစ်သိန်းနှစ်သောင်းနဲ့ ရပ်သွားခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာက ရှုထောင့်နှစ်ခုအပေါ်တွင် မူတည်လေသည်။
တစ်ခုမှာ အတွင်းကမ္ဘာကို ပိုင်ဆိုင်ထားသော အခြေခံအုတ်မြစ်ဖြစ်သည့် လူတစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အားနည်းနေလျှင် လေဟာနယ်နိယာမကို မည်မျှနားလည်သည်ဖြစ်စေ အတွင်းကမ္ဘာကို ချဲ့ထွင်နိုင်မည်မဟုတ်ပေ။
လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခန္ဓာကို အသားပေးပြီး စိတ်ဝိညာဉ်ကလည်း မူလစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်သောကြောင့်သာ မိုင်တစ်သိန်းကျော်ကျယ်ဝန်းသော အတွင်းကမ္ဘာကို ထိန်းထားနိုင်ခြင်းဖြစ်သည်။
ဒုတိယမှာ လေဟာနယ်နိယာမအပေါ် နားလည်မှုဖြစ်သည်။ ယခု လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် နားလည်မှုက သူ၏ ရုပ်ခန္ဓာထက် ကျော်လွန်သွားသည်ကို ခံစားခဲ့ရသည်။
" အရေးမကြီးဘူး။ ဒီအတွင်းကမ္ဘာရဲ့ ကမ္ဘာစွမ်းအားနဲ့ဆို ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို အချိန်တိုင်းနီးပါး အားဖြည့်ပေးနိုင်လိမ့်မယ်။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ကမ္ဘာစွမ်းအားများကို ခံစားလိုက်သည်။
" ငါက အခု သတ္တမအလွှာ ဘုရင်အဆင့်ဆိုပေမယ့် ဒီအတွင်းကမ္ဘာနဲ့ဆို သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ငါ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အဋ္ဌမအလွှာသို့ ရောက်သည်နှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် သီးသန့်နည်းစနစ်များစွာကို ကျွမ်းကျင်နိုင်သော်လည်း လင်းယွမ်၏ အတွင်းကမ္ဘာက အလွန်ကြီးမားသောကြောင့် အကြွင်းမဲ့ ခွန်အားအောက်တွင် မည်သည့်နည်းစနစ်မဆို အသုံးမဝင်တော့ပေ။
" နောက်ပိုင်း အဋ္ဌမအလွှာကို တက်လှမ်းဖို့ စဉ်းစားရမယ်။ အဲ့ဒီမတိုင်ခင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ဖို့ ငါ့ရဲ့ စိတ်စွမ်းအားကို အားဖြည့်ရမယ်။ "
လင်းယွမ်၏ ပန်းတိုင်က ရှင်းလေသည်။ လက်ရှိ သူ၏ အခြေခံနှင့် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကြောင့်သာ မဟုတ်လျှင် ယခု အဆင့်တက်နိုင်ပြီဖြစ်သည်။
" စိတ်စွမ်းအားကို အားဖြည့်ဖို့ဆို လူသားမျိုးနွယ်ရဲ့ နည်းလမ်းက အသက်ရှည်ရှည်နေပြီး အတွေ့အကြုံတွေယူတာပဲ။ ဒါပေမယ့် အဲ့ဒါက သာမန်နည်းလမ်းပဲ။ စိတ်စွမ်းအားကို အားဖြည့်ပေးနိုင်တဲ့ အခြားနည်းလမ်းတွေ အများကြီးရှိတယ်။ "