← Chapters

အရှင်ရှစ်စန်း....

Vol. 20 Ch. 306

အရှင်ရှစ်စန်း....

Vol. 20 Ch. 306

" အန်းနန်ကြယ်မဟာမိတ်ရဲ့ ကောင်စီဝင်တစ်ယောက် အလိုအလျောက်ဖြစ်လာတာလား။ " လင်းယွမ်က အဆင့်ခုနှစ်နိုင်ငံသား၏ ဒုတိယအခွင့်အရေးကို ကြည့်လိုက်သည်။

အန်းနန်ကြယ်မဟာမိတ်က ချီခွန်ကြယ်အပါအဝင် ကြယ်နယ်မြေရာချီကို ထိန်းချုပ်ထားသည်။ အန်းနန်ကြယ်မဟာမိတ်က ချီခွန်ကြယ်သခင်အပေါ် တိုက်ရိုက် အမိန့်မပေးနိုင်သော်လည်း လုပ်ပိုင်ခွင့်အရ အချို့ကိစ္စများကို စီရင်ပိုင်ခွင့်ရှိလေသည်။ အန်းနန်ကြယ်မဟာမိတ်၏ ကောင်စီဝင်တစ်ယောက်ဖြစ်လာခြင်းက ချီခွန်ကြယ်သခင်၊ ရွှေနဂါးကြယ်သခင်တို့ကြားတွင်ပင် ထင်ရှားသော ရာထူးတစ္ခု ဖြစ်လေသည်။

သာမန်ကြယ်သခင်တစ်ယောက်က အဆင့်ခုနှစ်နိုင်ငံသားအဖြစ်သို့ မြှင့်တင်ရန် ကောင်းမှုအမှတ် နှစ်သန်းကို မစုစည်းနိုင်ပေ။

လက်ရှိ အန်းနန်ကြယ်မဟာမိတ်တွင် ကောင်စီဝင်၅၆ဦး ရှိပြီး ၃၁ဦးက သူတို့၏ အချက်အလက်များကို ဖုံးကွယ်ထားကြသည်။ ကျန်၂၅ဦးမှာ ကြယ်နယ်မြေအသီးသီးတွင် နာမည်ကြီး မွန်းစတားအိုကြီးများ ဖြစ်ကြသည်။

"ကြယ်မဟာမိတ် ကောင်စီဝင်တစ်ယောက်က ဗီတိုအာဏာရှိတယ်။ အငြင်းပွားမှုတစ်ခုမှာ ပြဿနာရှိတယ်လို့ ယူဆရင် အဲ့ဒီကိစ္စကို နောက်ကြယ်မဟာမိတ်ညီလာခံကျမှ ပြန်ဆွေးနွေးဖို့ အမိန့်ချမှတ်နိုင်တယ်။ ဗီတိုအာဏာက တူညီတဲ့ ကိစ္စတစ်ခုမျိာ သုံးကြိမ်အသုံးပြုနိုင်ပြီးတော့ သုံးကြိမ်ပြီးရင် ဆက်မရှိတော့ဘူး။ "

နတ်ဘုရားသုံးပါးက ကြယ်မဟာမိတ်ညီလာခံမှ အချေအတင်ဆွေးနွေးမှုများက လူသားမျိုးနွယ်အပေါ် ကြီးမားသော သက်ရောက်မှု မရှိသောကြောင့် အဆင့်ခုနှစ်နိုင်ငံသားများကို ထိုကဲ့သို့ အခွင့်အာဏာ ပေးထားခြင်းဖြစ်သည်။

အဆင့်ခုနှစ်နိုင်ငံသားတစ်ယောက်က အလယ်ပိုင်းကြယ်နယ်မြေတွင် အမြဲတမ်းနေထိုင်ခွင့်ရှိပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူဦးဆောင်သော အစောင့်တပ်ဖွဲ့ကို တောင်းဆိုပိုင်ခွင့်ရှိလေသည်။

အကယ်၍ လင်းယွမ်သာ ဆန္ဒရှိလျှင် ဉာဏ်ပညာနတ်ဘုရားကို တောင်းဆိုပြီး အလယ်ပိုင်းကြယ်နယ်မြေရှိ ပင်မကြယ်အချို့တွင် အုပ်ချုပ်သူရာထူးကို ရရှိနိုင်လေသည်။

အလယ်ပိုင်းကြယ်နယ်မြေမှ ပင်မကြယ်၏ အုပ်ချုပ်သူရာထူးက ကန်လန်ကြယ်၏ အုပ်ချုပ်သူရာထူးထက် ပို၍ သာလွန်လေသည်။

" ကံမကောင်းတာ ငါက စီမံခန့်ခွဲရတာကို စိတ်မဝင်စားဘူး။ " လင်းယွမ်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။

ဂြိုလ်တစ်ခု၏ အုပ်ချုပ်သူရာထူးကို အဋ္ဌမအလွှာတွင် ရပ်တန့်နေသူများသာ စိတ်ဝင်စားပေလိမ့်မည်။ လက်ရှိအချိန်က လင်းယွမ်၏ ကျင့်ကြံခြင်းအတွက် ရွှေရောင်ကာလဖြစ်ပြီး အဋ္ဌမအလွှာကို ဖန်တီးနိုင်ခြင်းက အုပ်ချုပ်သူရာထူးထက် များစွာ သာလွန်ပေလိမ့်မည်။

" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် သင့်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားရန် လိုပါသလား။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။

အဆင့်ခုနှစ်နိုင်ငံသားဖြစ်လာပြီးနောက် လင်းယွမ်၏ အချက်အလက်များက အန်းနန်ကြယ်မဟာမိတ်၏ ကောင်စီဝင်စာရင်းတွင် အလိုအလျောက် ပေါ်လာမည်ဖြစ်သည်။ အဆင့်ခုနှစ်နိုင်ငံသားများက သူတို့၏ အထောက်အထားများကို ဖုံးကွယ်ရန် ရွေးချယ်ပိုင်ခွင့်ရှိလေသည်။

လက်ရှိ အန်းနန်ကြယ်မဟာမိတ်၏ ကောင်စီဝင် ၅၆ယောက်တွင် ၃၁ယောက်က သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားကြသည်။

" ဖုံးကွယ်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

အထောက်အထားများကို ဖုံးကွယ်ပြီးနောက် ကောင်စီဝင်စာရင်းတွင် ဖော်ပြထားသော အချက်အလက်များက နာမည်တစ်ခုသာ ရှိလေသည်။ ၎မွာ ရှစ်စန်းဖြစ်၏။

ရှစ်စန်းဟူသော နာမည်ကို ရွေးချယ်ရခြင်းက လင်းယွမ်အတွက် သာမန်သာဖြစ်လေသည်။ အန်းနန်ကြယ်မဟာမိတ်တွင် ရာချီသော ကြယ်နယ်မြေများနှင့် အသက်ဂြိုလ်ပေါင်း တစ်ဘီလီယံကျော်ရှိပြီး ရှစ်စန်းနှင့် ပက်သက်သော အထောက်အထားများကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။

အန်းနန်ကြယ်မဟာမိတ်၏ တရာဝင် ဝဘ်ဆိုဒ်တွင် ကောင်စီဝင်များ၏ စာရင်းထဲတွင် ၅၂ နေရာမြောက် နာမည်တစ်ခု ပေါ်လာခဲ့သည်။ ၎က ဆင့်ကဲပြောင်းလဲသူများစွာနှင့် အဆင့်မြင့်နိုင်ငံသားများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

" ဘာလဲ။ ငါတို့ရဲ့ အန်းနန်ကြယ်မဟာမိတ်မှာ ကောင်စီဝင်အသစ်တစ်ယောက် တိုးလာတာလား။ "

" အထောက်အထားကို ဖုံးကွယ်ထားတယ်။ အဲ့ဒီအဆင့်ခုနှစ်နိုင်ငံသားက ဘယ်ကြယ်နယ်မြေကဆိုတာတောင် မသိရဘူး။ "

ဆင့်ကဲပြောင်းလဲသူများစွာက ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။

အန်းနန်ကြယ်မဟာမိတ်၏ ရှည်လျားသော သမိုင်းအတွင်း စုစုပေါင်း ကောင်စီဝင် ၅၆ ယောက်သာ ရှိပြီး ရုတ်တရက် တစ်ယောက် တိုးလာခြင်းက စူးစမ်လိုစိတ်များကို ဖြစ်ပေါ်စေလေသည်။ သို့သော် ဆင့်ကဲပြောင်းလဲသူများအတွက် ထိုအကြောင်းကို ဆွေးနွေးသည်မှာ ခနသာ ဖြစ်သည်။ ကြယ်မဟာမိတ်၏ ကောင်စီဝင်များက သူတို့နှင့် ဝေးကွာလှပြီး သူတို့ လက်လှမ်းမမီနိုင်သော အဆင့်မြင့် ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။

" ရှစ်စန်း..." ရှီဖုန်းက မိတ်ဆွေတစ်ယောက် ပေးပို့သော အချက်အလက်များကို ကြည့်ပြီး သောက်နေသော ဝိုင်ပင် ပြန်ထွက်လုနီးပါး ဖြစ်သွားသည်။

" မဟုတ်ဘူး။ ဒါကတိုက်ဆိုင်တာ မဟုတ်လား။ " ရှီဖုန်းက သူ၏ မိတ်ဆွေ ရှစ်စန်းကို သတိရသွားပြီး ယုံရခက်နေသည်။

" မဖြစ်နိုင်ဘူး။ " သူက လင်းယွမ်ကို အမြန်ဆက်သွယ်လိုက်သည်။

ကိုယ်ပိုင်နေရာတွင် လင်းယွမ်က အေးအေးဆေးဆေး လဲလျောင်းနေသည်။

" ညီလေးရှစ်စန်း ငါ ကောင်စီဝင်စာရင်းမှာ နောက်ထပ် နာမည်အသစ်တစ်ခုကို တွေ့ခဲ့ရတယ်။ " ရှစ်စန်းက မေးလိုက်သည်။

ထိုကိစ္စက မယုံကြည်နိုင်စရာကောင်းလှပြီး တိုက်ဆိုင်မှုဖြစ်နိုင်သော်လည်း အတည်ပြုရန် လိုအပ်လေသည်။

" ဟမ် အဲ့ဒါ ငါဖြစ်လိမ့်မယ်။ " လင်းယွမ်က ဖုံးကွယ်ထားရန် မလိုအပ်သောကြောင့် သာမန်အတိုင်း ပြောလိုက်သည်။

နောက်ဆုံးတွင် ကောင်စီဝင်တစ်ယောက် ဖြစ်လာသည်နှင့် အန်းနန်ကြယ်မဟာမိတ်မှ အကျိုးကျေးဇူးများစွာက သူဆီသို့ ရောက်လာမည်ဖြစ်သည်။ လင်းယွမ်က ၎င်းတို့ကို စွန့်လွှတ်ရန် မရည်ကွယ်ထားလျှင် ရှစ်စန်းအဖြစ် ပြင်ပကမ်ဘာနှင့် ဆက်ဆံရမည်ဖြစ်သည်။

" တကယ် ညီလေး ရှစ်စန်း... မဟုတ်ပါဘူး အရှင်ရှစ်စန်း...." ရှီဖုန်းက အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။

" ထိုင်ပြီပြောပါ။ " လင်းယွမ်က သူ၏ လက္ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့..." ရှီဖုန်းက အနည်းငယ် စိတ်သက်သာသွားသည်။

လင်းယွမ်က အဆင့်ခြောက်နိုင်ငံသားဖြစ်လျှင် စနောက်ရယ်မောနိုင်သော်လည်း အဆင့်ခုနှစ်နိုင်ငံသားဖြစ်လျှင် အဆင့်အတန်းက ကွာခြားသွားပြီဖြစ်သည်။ အဆင့်ခြောက်နိုင်ငံသာ ၉၉ ရာခိုင်နှုန်းလောက်က အဆင့်ခုနှစ်နိုင်ငံသား ဖြစ်မလာကြပေ။

" အရှင်ရှစ်စန်း..." ရှီဖုန်းက စကားပြောရန်ပြင်လိုက်သည်။

ရုတ်တရက် သူက တစ္စုံတစ္ခုကို သတိရသွားပြီး လေးနက်စွာပြောလိုက်သည်။ " ဝမ်ယွဲ့ကြယ်နယ်မြေက လူတွေက ကျွန်နော်ကို ဆက်သွယ်ပြီး အရှင်ရှစ်စန်းက ကြယ်မဟာမိတ်ကောင်စီဝင်လားလို့ မေးနေကြတယ်။ "

နိုင်ငံသားအားလုံးအတွက် ဖွင့်ထားသော အန်းနန်ကြယ်မဟာမိတ်၏ ကောင်စီဝင်အပြောင်းလဲက ကြယ်မဟာမိတ်၏ အနာဂတ်ဖွဲ့စည်းပုံကို သက်ရောက်နိုင်သောကြောင့် ကြယ်နယ်မြေများစွာက အာရုံစိုက်ကြလေသည်။

ကောင်စီဝင်အသစ်၏ နာမည်က လင်းယွမ်၏ နာမည်နှင့် တူညီသောကြောင့် ဝမ်ယွဲ့ကြယ်နယ်မြေက ရှီဖုန်းကို ဆက်သွယ်ပြီး မေးမြန်းခြင်းဖြစ်သည်။

" သူတို့ကို ပြောလိုက်ပါ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

" ဟုတ်ကဲ့..." ရှီဖုန်းက ရိုရိုသေသေ ပြောလိုက်သည်။

" အရှင်ရှစ်စန်း ဝမ်ယွဲ့ကြယ်နယ်မြေက လူတွေက အရှင်နဲ့တွေ့ချင်နေကြတယ်။ "

" တွေ့ကြတာပေါ့။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ခနကြာသောအခါ သက်လတ်ပိုင်းလူတစ်ယောက်ပေါ်လာပြီး သူက ဝမ်ယွဲ့ကြယ်နယ်မြေ၏ ကြယ်သခင်ဖြစ်လေသည်။ ဝမ်ယွဲ့ကြယ်နယ်မြေက စွမ်းအားကြီးသော ကြယ်နယ်မဟုတ်သောကြောင့် ကြယ်သခင်ကလည်း သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်သည်

" အရှင် ရှစ်စန်း...." ဝမ်ယွဲ့ကြယ်သခင်က ရိုသေစွာ ပြောလိုက်သည်။

လင်းယွမ်၏ စွမ်းရည်က အရေးမကြီးဘဲ သူက အဆင့်ခုနှစ်နိုင်ငံသားဖြစ်လာသည်နှင့် အဋ္ဌမအလွှာ အထွတ်အထိပ်နှင့် တူညီပြီး အရှင်ဟု ခေါ်ရလေသည်။

" ဘာကိစ္စလဲ။ " လင်းယွမ်က ဝမ်ယွဲ့ကြယ်သခင်ကို ကြည့်လိုက်သည်။

" အရင် ကျုပ်ရဲ့ ဝမ်ယွဲ့ကြယ်နယ်မြေနဲ့ အရှင်တို့က သေဘာတူညီခ်က္တစ္ခု ရှိခဲ့တယ်။ အရှင်က ကျုပ်ကြယ်နယ်မြေကို မဲပေးရင် အကျိုးအမြတ်တွေကိုလည်း ရလိမ့်မယ်။ အခု ကျုပ်ရဲ့ ကြယ်နယ်မြေက အကျိုးအမြတ်တွေ ပေးတာ မလုံလောက်သေးလို့ပါ။ " ဝမ်ယွဲ့ကြယ်သခင်က လျင်မြန်စွာ ပြောလိုက်သည်။

" အို အရမ်းနည်းလို့လား။ " လင်းယွမ်က ပြုံးလိုက်သည်။

ယခင် သူတို့ပေးသော ကမ်းလှမ်းမှုများက အဆင့်ခြောက်နိုင်ငံသား လင်းယွမ်ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ယခု လင်းယွမ်က အဆင့်ခုနှစ်နိုင်ငံသား ဖြစ်လာသောကြောင့် ဝမ်ယွဲ့ကြယ်နယ်မြေက ထိုင်နေ၍ မရတော့ပေ။ ကြယ်မဟာမိတ်မှ ကောင်စီဝင်များက မဲပေးခွင့်ကိုလည်း ပိုင်ဆိုင်ထားပြီး ကောင်စီဝင်တစ်ယောက်၏ မဲတစ္ခုက အဆင့်ခြောက်နိုင်ငံသား ဆယ်ယောက်နှင့် ညီမျှလေသည်။

" မှန်တယ်။ အရှင်ရှစ်စန်းရဲ့ အဆင့်အတန်းနဲ့ ယှဉ်ရင် အရမ်းနည်းနေသေးတယ်။ " ဝမ်ယွဲ့ကြယ်သခင်က ပြောလိုက်သည်။ " ရွှေနဂါးကြယ်နယ်မြေနဲ့ ကျုပ် ဝမ်ယွဲ့ကြယ်နယ်မြေကြားက အငြင်းပွားမှုကို အရှင်ရှစ်စန်း သိမှာပါ။ "

" ငါ နည်းနည်းသိတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ဝမ်ယွဲ့ကြယ်နယ်မြေနှင့် ရွှေနဂါးကြယ်နယ်မြေကြား ပဋိပက္ခက ရင်းမြစ်ဂြိုလ်တစ်ခုမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ခုကြား နယ်နိမိတ်ကို ဂြိုလ်သေများဖြင့် ပိုင်းခြားထားသည်။

လူသားမျိုး နေထိုင်ရန် မသင့်တော်သည့်အပြင် အရင်းအမြစ်များလည်း မရှိသော တန်ဖိုးမဲ့ဂြိုလ်များကို ဂြိုလ်သေများဟု ခေါ်လေသည်။ ကြယ်စကြာဝဠာတွင် ထိုကဲ့သို့ ဂြိုလ်သေများက ပေါများလေသည်။

အသက်ဂြိုလ်ဖြစ်စေ ဂြိုလ်သေများဖြစ်စေ ရပ်တန့်နေခြင်းမရှိဘဲ ကြယ်စကြာဝဠာ၏ ဆွဲငင်အားကြောင့် ဖြည်းညင်းစွာ ရွေ့လျားနေလေသည်။ ဝမ်ယွဲ့ကြယ်နယ်မြေနှင့် ရွှေနဂါးကြယ်နယ်မြေကြားတွင် ​ဂြုလ်သေတစ်လုံးက ဝမ်ယွဲ့ကြယ်နယ်မြေရှိရာသို့ ရွေ့လျားသွားခဲ့သည်။

ထို့နောက် ဝမ်ယွဲ့ကြယ်နယ်မြေမှ လူများက စစ်ဆေးကြည့်သောအခါ အလွန်တန်ဖိုးကြီးသော ရင်းမြစ်ဂြိုလ်ဖြစ်နေလေသည်။

All Chapters