ရွှေနဂါးကြယ်သခင်....
Vol. 20 Ch. 307
ရင်းမြစ်ဂြိုလ်က အနည်းဆုံး စကြာဝဠာသလင်းကျောက် တစ်သောင်း တန်ဖိုးရှိလေသည်။ ၎င်းက ရွှေနဂါးကြယ်နယ်မြေ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ရွှေနဂါးကြယ်နယ်မြေမှ ဆင့်ကဲပြောင်းလဲသူများက ဂြိုလ်သေမှာ ကြယ်နယ်မြေနှစ်ခုကြားတွင် ရှိသောကြောင့် အကျိုးအမြတ်၏ ၈၀ ရာခိုင်နှုန်းကို လိုချင်ခဲ့လေသည်။
ဝမ်ယွဲ့ကြယ်နယ်မြေကလည်း ဂြိုလ်သေမှာ သူတို့၏ နယ်နိမိတ်ထဲ ရောက်လာပြီဖြစ်သောကြောင့် သူတို့ ပိုင်ဆိုင်ပြီဖြစ်ပြီး ၎င်းကို လက်မခံခဲ့ပေ။ ထို့နောက် နှစ်ဖက်လုံးက အငြင်းပွားမှုများ ဖြစ်ပွားခဲ့လေသည်။
" ရွှေနဂါးကြယ်သခင်က သူ့ရဲ့ ကျယ်ပြန်တဲ့ အဆက်အသွယ်ကို အသုံးပြုပြီး ဒီကိစ္စကို ကြယ်မဟာမိတ်ညီလာခံခံမှာ ဆွေးနွေးဖို့ တင်ပြခဲ့တယ်။ ကျုပ်တို့ ဝမ်ယွဲ့ကြယ်နယ်မြေက အခြား အဆင့်ခြောက်နိုင်ငံသားတွေကို ဖိတ်ကြားရုံပဲ တတ်နိုင်ခဲ့တယ်။ " ကြယ်သခင်က တိုးညှင်းစွာ ပြောလိုက်သည်။
" ဝမ်ယွဲ့ကြယ်နယ်မြေက စကြာဝဠာသလင်းကျောက် နှစ်ထောင်ပေးပြီး အရှင်ရှစ်စန်းက ဒီကိစ္စကို ဗီတိုအာဏာသုံးပြီး ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုချင်ပါတယ်။ " ဝမ်ယွဲ့ကြယ်သခင်က သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။
ရင်းမြစ်ဂြိုလ်မှ အရင်းအမြစ်များကို ရယူနိုင်သောကြောင့် ထိုကိစ္စကို ဆိုင်းငံ့စေရန် တောင်းဆိုခြင်းဖြစ်သည်။
အချိန်ကြာနှောင့်နှေးနေလျှင် ဝမ်ယွဲ့ကြယ်နယ်မြေက အရင်းအမြစ်များကို ပို၍ ထုတ်ယူနိုင်ပြီး သူတို့က နောက်ထပ် ကြယ်မဟာမိတ်ညီလာခံမရောက်မီ အရင်းအမြစ် ၇၀ ရာခိုင်နှုန်းကို ရယူရန် ယုံကြည်မှုရှိကြလေသည်။
" စကြာဝဠာသလင်းကျောက် နှစ်ထောင်..." လင်းယွမ်၏ အမူအရာက မပြောင်းလဲပေ။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်ထားခဲ့သော စကြာဝဠာသလင်းကျောက်မှာ တစ်ထောင်သာ ရှိသောကြောင့် ယခုပမာဏက များသည်ဟု ဆိုနိုင်လေသည်။
" အရှင်ရှစ်စန်းက နည်းတယ်ထင်ရင် စကြာဝဠာသလင်းကျောက် သုံးထောင်ပေးပါမယ်။ " ဝမ်ယွဲ့ကြယ်သခင်က အံကျိတ်၍ ပြောလိုက်သည်။
သူတို့က အရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းရရှိလျှင် စကြာဝဠာသလင်းကျောက် ၇၀၀၀ထောင် တန်ကြေးရှိပြီး ကုန်ကျစရိတ်များကို နှုတ်လျှင် ဝမ်ယွဲ့ကြယ်နယ်မြေက စကြာဝဠာသလင်းကျောက် ၆၀၀၀ ရရှိပေလိမ့်မည်။ လင်းယွမ်က သုံးထောင်ပေးခြင်းက သူတို့၏ ရိုးသားမှုကို မြင်နိုင်လေသည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်ရှစ်စန်း..." ဝမ်ယွဲ့ကြယ်သခင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
အန်းနန်ကြယ်မဟာမိတ်တွင် ကောင်စီဝင် ၅၆ ယောက် ရှိလေသည်။ သူတို့က ထွက်ပေါ်လာသည်မှာ ရှားပြီး ကြယ်မဟာမိတ်ညီလာခံတွင် ဆယ်ယောက်ကျော်သာ ပါဝင်လေ့ရှိသည်။
ထိုလူများကလည်း ရွှေနဂါးကြယ်သခင်နှင့် မျက်နှာမပျက်ချင်ကြသောကြောင့် ဝမ်ယွဲ့ကြယ်သခင်၏ ဖိတ်ခေါ်မှုကို လက်မခံခဲ့ကြပေ။
ရွှေနဂါးကြယ်နယ်မြေ။
ရွှေနဂါးပင်မကြယ်။
ရွှေနဂါးကြယ်သခင်က သူ၏ ရွှေရောင်ပလ္လင်ပေါ်တွင်ထိုင်ပြီး သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
" ဟမ် အန်းနန်ကြယ်မဟာမိတ်မှာ ကောင်စီဝင်တစ်ယောက် တိုးလာတာလား။ နာမည်က ရှစ်စန်းလား။ "
" ရှစ်စန်းဆိုတဲ့ နာမည်က ဘာလို့ရင်းနှီးနေတာလဲ။ " ရွှေနဂါးကြယ်သခင်က သေချာစဉ်းစားပြီးနောက် ကျင်းထျန်းကျိုး ဆန့်ကျင်ခဲ့သည့် အဆင့်ခြောက်နိုင်ငံသား၏ နာမည်ကလည်း ရှစ်စန်းဖြစ်သည်ကို သတိရသွားသည်။
" နာမည်တူတာလား..." ရွှေနဂါးကြယ်သခင်က ခနစဉ်းစားပြီးနောက် ချက်ချင်း မေးမြန်းလိုက်သည်။
" တိုက်ဆိုင်တာမဟုတ်ဘူး။ အဲ့ဒီ ကောင်စီဝင်အသစ်က အဲ့ဒီရှစ်စန်းပဲ။ "
လင်းယွမ်က အဆင့်ခြောက်နိုင်ငံသားဖြစ်ပြီး အဆင့်ခုနှစ်နိုင်ငံသား ဖြစ်လာရန် နှစ်များစွာ ကြာဦးမည်ထင်သောကြောင့် သူက လျစ်လျူရှူခဲ့သော်လည်း မကြာမီ လင်းယွမ်က အဆင့်ခုနှစ်နိုင်ငံသား ဖြစ်လာခဲ့သည်။
" ဒီကျင်းထျန်းကျိုးက ငါ့ကို ပြဿနာတွေပဲ ပေးနေတယ်။ အခုလည်း အဆင့်ခုနှစ်နိုင်ငံသားကို စော်ကားခဲ့တာလား။ " ရွှေနဂါးကြယ်သခင်က မျက်မှောင်ကြုတ်သွားပြီး ကျင်းထျန်းကျိုးကို ခေါ်လိုက်သည်။
" ဆရာ ငါ့ကို ခေါ်တာလား။ " ကျင်းထျန်းကျိုးက စဉ်းစားနေသည်။ " ဘာဖြစ်တာလဲ။ ဆရာအသံကလည်း သိပ်မကောင်းဘူး။ "
သူက VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ရွှေရောင်ခန်းမသို့ ရောက်လာသည်။
" ကျင်းထျန်းကျိုး " ရွှေနဂါးကြယ်သခင်က ကျင်းထျန်းကျိုးကို ငုံ့ကြည့်လိုက်သည်။ " မင်းဘာလုပ်ခဲ့တာလဲ ။ "
" ဆရာ..." ရွှေနဂါးကြယ်သခင်က ဒေါသထွက်နေသည်ကို ကျင်းထျန်းကျိုးက သိသွားသည်။
" ဝမ်ယွဲ့ကြယ်နယ်မြေက ဖိတ်ခေါ်ခဲ့တဲ့ အဆင့်ခြောက်နိုင်ငံသားက အဆင့်ခုနှစ်နိုင်ငံသား ဖြစ်လာပြီး အန်းနန်ကြယ်မဟာမိတ်ရဲ့ ၅၇ ယောက်မြောက် ကောင်စီဝင်ဖြစ်လာတာလား။ " ကျင်းထျန်းကျိုးက မျက်လုံးများ ပြူးကျယ်သွားသည်။
လင်းယွမ်က တစ်နေ့တွင် အဆင့်ခုနှစ်နိုင်ငံသားဖြစ်လာမည်ဟု သူထင်ခဲ့သော်လည်း ယခုလောက်ထိ မြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက ကောင်းမှုအမှတ် နှစ်သန်းကို ဘယ်လိုတောင် စုဆောင်းခဲ့တာလဲ။
" အဲ့ဒီရှီဖုန်းက ငါ့ကို လှည့်စားခဲ့တာပဲ။ ရှစ်စန်းက အသက်တစ်ထောင်မကျော်သေးဘူးဆိုတာ လိမ်တာပဲ။ " ကျင်းထျန်းကျိုးက စိတ်ပျက်သွားသည်။
သူက မောက်မာသော်လည်း စီနီယာ အဆင့်ခြောက်နိုင်ငံသားကို စော်ကားခဲ့မည်မဟုတ်ပေ။ စီနီယာ အဆင့်ခြောက်နိုင်ငံသားက ကျယ်ပြန့်သေူ အဆက်အသွယ်များ ရှိသည့်အပြင် ပို၍ အရေးကြီးသည်မှာ သူတို့စုဆောင်ထားသော ကောင်းမှုအမှတ်များက မည်မျှရှိသည်ကို မသိနိုင်ပေ။
ထိုအချိန်က ကျင်းထျန်းကျိုးမှာ လင်းယွမ်ကို မရင်းနှီးသောကြောင့် အဆင့်ခြောက်နိုင်ငံသား ဖြစ်လာသည်မှာ မကြာသေးဟု ထင်ခဲ့သည်။ သူက ရွှေနဂါးကြယ်သခင်ကို သတင်းပို့ပြီးနောက် ထိုကိစ္စကို ဂရုမစိုက်ခဲ့ပေ။
သို့သော် ထိုရှစ်စန်းက ကောင်းမှုအမှတ် နှစ်သန်းကို စုဆောင်းထားလိမ့်မည်ဟု ဘယ်သူက ထင်မိမှာလဲ။
" ဆရာ အခု ဘာလုပ်ကြမလဲ။ " ကျင်းထျန်းကျိုးက ခနတိတ်ဆိတ်သွားပြီး အလျင်အမြန် မေးလိုက်သည်။
ယခုအချိန်တွင် အခြားတစ်ယောက်ကို လွှဲချခြင်းက အဓိပ္ပါယ်မရှိဘဲ အရေးကြီးသည်မှာ ထိုလူနှင့် ဆက်ဆံရေးကို ပြုပြင်ရန်ဖြစ်သည်။
ရွှေနဂါးကြယ်သခင်က အဆင့်ခုနှစ်နိုင်ငံသားတစ်ယောက်ဖြစ်သော်လည်း အကြောင်းပြချက်မရှိဘဲ တူညီသော အဆင့်ရှိသူကို ဆန့်ကျင်၍ မရပေ။
" အဲ့ဒီရင်းမြစ်ဂြိုလ်က ဘယ်လောက်တန်ဖိုးရှိလဲ။ " ရွှေနဂါးကြယ်သခင်က မေးလိုက်သည်။
သူက ဝမ်ယွဲ့ကြယ်နယ်မြေနှင့် ပဋိပက္ခကို သိထားပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ဝမ်ယွဲ့ကြယ်နယ်မြေက ရွှေနဂါးကြယ်နယ်မြေထက် များစွာ အားနည်းလေသည်။ သူ့တပည့်၏ လုပ်ရပ်များက လူသားမျိုးနွယ်၏ ဥပဒေဘောင်အတွင်း ရှိနေသရွေ့ ရွှေနဂါးကြယ်သခင်က မေးခွန်ထုတ်ရန် မလိုအပ်ပေ။
" ဆရာ အဲ့ဒီရင်းမြစ်ဂြိုလ်က အပြည့်အဝ တူးဖော်ရန် စကြာဝဠာသလင်းကျော် ၁၁၀၀၀လောက် တန်ဖိုးရှိပါတယ်။ " ကျင်းထျန်းကျိုးက ချက်ချင်း ပြောလိုက်သည်။
" စကြာဝဠာသလင်းကျောက် ၁၁၀၀၀... အဲ့ဒါကို လက်လျှော့လိုက်တော့... ဝမ်ယွဲ့ကြယ်နယ်မြေကို လက်ဆောင်ပေးလိုက်..." ခနစဉ်းစားပြီးသောအခါ ရွှေနဂါးကြယ်သခင်က တိုက်ရိုက်ပြောလိုက်သည်။
စကြာဝဠာသခင်းကျောက် တစ်သောင်းကျော်လေးနှင့် အဆင့်ခုနှစ်နိုင်ငံသားတစ်ယောက်ကို ဆန့်ကျင်ရန် မထိုက်တန်ပေ။ ရွှေနဂါးကြယ်နယ်မြေက နောက်ဆုံးတွင် ထိုရင်းမြစ်ဂြိုလ်ကို သိမ်းပိုက်နိုင်သည်က အခြားကိစ္စဖြစ်သည်။
လင်းယွမ်က ကြယ်မဟာမိတ်မှ ကောင်စီဝင်၏ ဗီတိုအာဏာကို အသုံးပြုခဲ့လျှင် ဝမ်ယွဲ့ကြယ်နယ်မြေက ရင်းမြစ်ဂြိုလ်ကို တူးဖော်ရန် အချိန်များစွာ ရရှိသွားပေလိမ့်မည်။ ထိုအခြေအနေများကြောင့် အစကတည်းက စွန့်လွှတ်လိုက်သည်က ပိုကောင်းလေသည်။ ၎င်းမှာ အဆင့်ခုနှစ်နိုင်ငံသားအပေါ် ဆန့်ကျင်ရာလည်း မရောက်ပေ။
" လက်လျှော့လိုက်ရမယ်.... ကောင်းပါပြီ...." ကျင်းထျန်းကျိုးက နာကျင်စွာဖြင့် လက်ခံလိုက်ရသည်။
မူလအစီအစဉ်အရဆိုလျှင် ရွှေနဂါးကြယ်နယ်မြေက အနည်းဆုံး ထိုရင်းမြစ်ဂြိုလ်၏ ၇၀ ရာခိုင်နှုန်း စကြာဝဠာသလင်းကျောက် ခုနှစ်ထောင်ကျော်ကို ရရှိပေလိမ့်မည်။ ထိုပမာဏက ရွှေနဂါးကြယ်နယ်မြေအတွက် မများသော်လည်း ကျင်းထျန်းကျိုးအတွက်တော့ များပြားသော ပမာဏဖြစ်လေသည်။
" ပြီးတော့ လက်ဆောင်တစ်ခုပြင်ပြီး အဲ့ဒီလူဆီပို့ပေးလိုက်။ လက်ဆောင်ရဲ့ တန်ဖိုးက စကြာဝဠာသလင်းကျောက် တစ်ထောင်ဝန်းကျင်ဆိုရတယ်။ "
" မှတ်ထား လက်ဆောင်ကို မင်းသွားပို့လိုက်။ အများကြီးမပြောနဲ့ အများကြီး မလုပ်နဲ့။ လက်ဆောင်ပေးပြီး ပြန်လာခဲ့။ " ရွှေနဂါးကြယ်သခင်က ညွှန်ကြားလိုက်သည်။
" ကျွန်တော် တောင်းပန်သင့်လား။ " ကျင်းထျန်းကျိုးက မေးလိုက်သည်။
" လက်ဆောင်က လုံလောက်တယ်။ တောင်းပန်တာက တမင်နောက်ဆုတ်ပေးလိုက်သလို ဖြစ်သွားမယ်။ " ရွှေနဂါးကြယ်သခင်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့..." ကျင်းထျန်းကျိုးက ချက်ချင်း ပြန်ပြောလိုက်သည်။
ချီခွန်ပင်မကြယ်တွင် လင်းယွမ်က ထိုင်နေသည်။
" စိတ်စွမ်းအားညွှန်းကိန်း..." လင်းယွမ်က ချီခွန်ကြယ်သခင် ပို့ပေးသော အချက်အလက်များကို ဖတ်နေသည်။
စိတ်စွမ်းအားက ခွန်အားနှင့် မသက်ဆိုင်သော်လည်း သန်မာသူများက စိတ်စွမ်းအားမြင့်ကြပြီး အားနည်းသူများကိုလည်း စိတ်စွမ်းအားနိမ့်သည်ဟု ပြော၍ မရပေ။ စိတ်စွမ်းအားက လူတစ်ယောက်၏ အတွေ့အကြုံနှင့် အသိအမြင်များပေါ်တွင် မူတည်နေသည်။
ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက စိတ်ဝိညာဉ်ကို လေ့လာခဲ့ကြပြီး သတ္တမအလွှာနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကို အခြေခံပြီး စိတ်စွမ်းအားကို တစ်မှ တစ်သောင်းအထိ ခွဲခြားထားခဲ့သည်။ ၎င်းက စိတ်စွမ်းအား ညွှန်းကိန်းဖြစ်လေသည်။
စိတ်စွမ်းအားညွှန်းကိန်းက တစ်သောင်းသို့ ရောက်မှသာ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။ စိတ်စွမ်အားတစ်သောင်းသို့ မရောက်မီ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်နိုင်သော်လည်း စိတ်စွမ်းအားတစ်သောင်းသို့ ရောက်သည်နှင့် အကမအလွှာကို ချောမွေ့စွာ တက်လှမ်းနိုင်လေသည်။
" စိတ်စွမ်းအားညွှန်းကိန်း..." လင်းယွမ်က တွေးလိုက်သည်။