နဝမအလွှာ၏ စွမ်းအား....
Vol. 20 Ch. 309
" အဋ္ဌမအလွှာ မျိုးနွယ်ခြားရဲ့ သတ်ဖြတ်လိုစိတ်နဲ့ ရင်ဆိုင်ရာမှာ ငါ့ကို ပိုပြီးထိခိုက်သွားတယ်။ " စီနီယာအကိုကြီးက ထိုင်ပြီး ပြောလိုက်သည်။
" ဘယ်လိုဖြစ်လို့လဲ။ " ဒုတိယတပည့်က မေးလိုက်သည်။
" ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက မမြင့်မားဘူး။ " စီနီယာအကိုကြီးက လေးနက်သွားသည်။ " ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ကိုးထောင်ရှိရင် စိတ်ဝိညာဉ်ကာကွယ်ရေးရတနာရဲ့ အကူအညီနဲ့ဆို ဒဏ်ရာရရင်တောင် ဒီလောက်ပြင်းထန်မှာမဟုတ်ဘူး။ "
တတိယတပည့်က ခေါင်းငြိမ့်လိုက်သည်။ " စိတ်စွမ်းအား ပိုသန်မာရင် စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို ပိုပြီး ခုခံနိုင်တယ်။ "
" ဒီ သေခြင်းရှင်ခြင်းအတွေ့အကြုံကြောင့် ငါ့ရဲ့ စိတ်စွမ်းအား တိုးတက်လာတာကို ခံစားမိတယ်။ အခု အဋ္ဌမအလွှာကို ရောက်ဖို့ မျှော်လင့်ချက်ရှိသွားပြီ။ " စီနီယာအကိုကြီးက ပြုံးလိုက်သည်။
ထို့ကြောင့် ချီခွန်ကြယ်သခင်က သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်အော်ရာကို အားလုံး မထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သူက စိတ်စွမ်းအားကို လှုံ့ဆော်ရန်အတွက် ထိုအမှော်အော်ရာကို နားလည်ရန် လိုအပ်လေသည်။
" အမှန်ပဲ။ သေခြင်းရှင်ခြင်းခြိမ်းခြောက်မှုက စိတ်စွမ်းအားကို ပြောင်းလဲသွားစေတယ်။ " လင်းယွမ်က ခေါင်ညိမ့်ပြီး ပြောလိုက်သည်။
ကြယ်ပင်လယ်ခေတ်၏ ရှည်လျားသော သမိုင်းအတွင်း ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက စိတ်စွမ်းအားကို လေ့လာခဲ့ကြသည်။ စိတ်စွမ်းအား တိုးတက်ရန် လူတစ်ယောက်က အတွေ့အကြုံများစွာကို ရရှိရန် လိုအပ်လေသည်။
သေခြင်း၏ ခြိမ်းခြောက်မှုအောက်တွင် ကြီးမားသော အလားအလာများ ထွက်ပေါ်လာပြီး ထိုးထွင်းသိမြင်မှုများကို ရရှိသကဲ့သို့ စိတ်စွမ်းအားအပေါ်လည်း သက်ရောက်မှုရှိလေသည်။
" ဒီနည်းလမ်းက ငါ့အတွက် အဆင်မပြေဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
အတွင်းကမ္ဘာ၏ အားဖြည့်မှုနှင့် လင်းယွမ်က မလှုပ်ရှားလျှင်တောင် သူ၏ စိတ်စွမ်းအားက တဖြည်းဖြည်း တိုးတက်လာပြီး အချိန်ကျလျှင် တစ်သောင်းသို့ ရောက်သွားပေလိမ့်မည်။
သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ရင်ဆိုင်ဖို့လား။ ထိုသေခြင်းက အစစ်အမှန်သေခြင်းဖြစ်၏။
လင်းယွမ် လက်ရှိပြသသော စွမ်းရည်များအရ သူက တကယ်သေဆုံးခဲ့လျှင်တောင် သူက ပြန်လည်အသက်သွင်းခံရပေလိမ့်မည်။ သို့သော် သေဆုံးပြီးလျှင် သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက မည်သို့ဖြစ်သွားမည်ကို မသေချာပေ။
" ကောင်းပြီ ငါတံခါးပိတ်ကျင့်ကြံတော့မယ်။ " စီနီယာအကိုကြီးက အဋ္ဌမအလွှာသို့ ချိုးဖျက်ရန် တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်သည်။
" လူသားမျိုးနွယ်ရဲ့ စစ်မြေပြင်ရှင်းလင်းရေးက ပြီးဆုံးလုနီးပါးဖြစ်သွားလောက်ပြီ။ " လင်းယွမ်က သူ၏ စီနီယာအကိုများနှင့် တစ်နာရီကျော်စကားပြောခဲ့ပြီး စစ်မြေပြင်၏ အခြေအနေများကို အကြမ်းဖျင်းသိခဲ့ရသည်။
" တစ်ချက်လောက်ကြည့်ရအောင်..." လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်ပြီး သက်ဆိုင်ရာဗီဒီယိုများကို ရှာဖွေလိုက်သည်။
အဆင့်ခုနှစ်နိုင်ငံသား၏ အခွင့်အာဏာနှင့် လင်းယွမ်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်များနှင့် ပက်သက်သော အချက်အလက်များကို လျင်မြန်စွာ ရှာတွေ့သွားသည်။
" ဟေးယွမ်မျိုးနွယ်... " လင်းယွမ်က ဟေးယွမ်မျိုးနွယ်နှင့် ပက်သက်သော ဗီဒီယိုများကို နှိပ်လိုက်သည်။
ဟေးယွမ်လျို့ဝှက်နယ်မြေက အလင်းနှစ်ဆယ်နှစ်ခန့်ရှိပြီး အပြင်ဘက်တွင် တွင်းနက်တစ်ခုလို ဖြစ်နေသည်။
သို့သော် ဗီဒီယိုထဲတွင် လူသားဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြပြီး ကြယ်ခံတပ်စခန်းများကလည်း နေရာအနှံ့တွင် ရှိနေကြသည်။
" ဟေးယွမ်မျိုးနွယ်က သေဖို့ထိုက်တန်တယ်။ " လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဟင်းလင်းပြင်ထဲတွင် ရပ်နေပြီး သူ၏ ပုံသဏ္ဍန်က ဝေဝါးနေသော်လာ်း ကြောက်စရာကောင်းသော အော်ရာတစ်ခုက ထွက်ပေါ်နေသည်။
ထိုလူသားဆင့်ကဲပြောင်းလဲသူက သူ၏ ညာလက်ကို မြှောက်ပြီး ဟေးယွမ်လျို့ဝှက်နယ်မြေရှိရာသို့ ဖိချလိုက်သည်။
ရုတ်တရက် လေဟာနယ်က ပြင်းထန်စွာ အက်ကွဲသွားပြီး အလင်းနှစ် ဆယ်နှစ်ကျယ်ဝန်းသော ဟေးယွမ်လျို့ဝှက်နယ်မြေ၏ အစွန်းများက ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားသည်။
" ဘယ်သူလဲ။ ငါ့ရဲ့ ဟေးယွမ်မျိုးနွယ်ကို ဘယ်သူဖျက်ဆီးနေတာလဲ။ "
ဟေးယွမ်လျို့ဝှက်နယ်မြေမှ ဒေါသတကြီး အော်သံများ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော ပုံရိပ်ငါးခု ခြောက်ခုက ထွက်ပေါ်လာသည်။
ထိုအော်ရာများက လူသားဆင့်ကဲပြောင်းလဲသူကဲ့သို့ ကြောက်စရာကောင်းသော်လည်း သူတို့၏ အော်ရာများက ပို၍ ယုတ်ညံ့လေသည်။
" နာလန် မင်းရဲ့ အဆင့်အတန်းနဲ့ ငါ့ရဲ့ ဟေးယွမ်မျိုးနွယ်ကို ဘာလို့တိုက်ခိုက်တာလဲ။ "
ဟေးယွမ်မျိုးနွယ်မှ ထွက်ပေါ်လာသော ပုံရိပ်များက လူသားဆင့်ကဲပြောင်းလဲသူ နာလန်၏ လက်ဝါးချက်ကို ခုခံရန် ကြိုးစားနေကြသည်။ နာလန်က မတုန့်ပြန်သော်လည်း ဟေးယွမ်လျို့ဝှက်နယ်မြေ၏ အစွန်းများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုခနအတွင်း ပုံရိပ်များက ပြင်းထန်စွာ ခုခံကြသော်လည်း မရခဲ့ပေ။
ဆယ်မိနစ်ကြာပြီးသောအခါ အဝေးတွင် လေဟာနယ်အပ်ကြောင်းတစ်ခု ပွင့်လာပြီး ဂြိုလ်တစ်လုံးအရွယ်အစားရှိသော အသိုက်တစ်ခု ပေါ်လာသည်။
" ဟမ်..." နာလန်က သူ၏ လက်ကို ရုတ်သိမ်းလိုက်ပြီး ဆယ်ပုံတစ်ပုံပြိုကွဲသွားသော ဟေးယွမ်လျို့ဝှက်နယ်မြေကို ကြည့်ကာ ထွက်ခွာသွားသည်။
ဗီဒီယိုက ထိုနေရာတွင် အဆုံးသတ်သွားသည်။
လင်းယွမ်က အံ့ဩစွာဖြင့် ကြည့်နေသည်။
" နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ... အဲ့ဒီနာလန်က နဝမအလွှာဖြစ်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
ထို့အပြင် ဟေးယွမ်မျိုးနွယ်၏ နဝမအလွှာ ငါးယောက် ခြောက်ယောက်ပင် ခုခံနိုင်စွမ်းမရှိသောကြောင့် ထိုနာလန်မှာ နဝမအလွှာရှိ အသန်မာဆုံးများထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။
" ဒုမျှော်စင်သခင်လား။ " လင်းယွမ်က တစ်စုံတစ်ခုကို သတိရသွားသည်။
လက်ရှိ လူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ကိုးခုကို စောင့်ရှောက်သော ကြီးမြတ်သူ ကိုးယောက် ရှိလေသည်။ ထို့ကြောင့် ထိုကြီးမြတ်သူများကို မျှော်စင်သခင် ကိုးယောက်ဟုလည်း ခေါ်ကြသည်။
" အလင်းနှစ်ဧရိယာရှိတဲ့ ဟေးယွမ်လျို့ဝှက်နယ်မြေရဲ့ ဆယ်ပုံတစ်ပုံကို တိုက်ရိုက်ဖျက်ဆီးပစ်တာ ဟေးယွမ်မျိုးနွယ်ဝင်တွေ ဘယ်လောက်များ သေကြမလဲမသိဘူး။ " လင်းယွမ်က ဗီဒီယိုကို ကြည့်ပြီး တွေးလိုက်သည်။
အင်းဆက်မျိုးနွယ်မှ သန်မာသူများ ရောက်မလာလျှင် ဟေးယွမ်လျို့ဝှက်နယ်မြေက ဆယ်ပုံတစ်ပုံထက် ပို၍ ပျက်ဆီးပေလိမ့်မည်။
လင်းယွမ်က VR ကမ္ဘာမှ ထွက်လာပြီးနောက် တိတ်ဆိတ်စွာ ထိုင်နေသည်။
" လူသားမျိုးနွယ်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်တာ အားကျစရာပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ကြယ်စကြာဝဠာတွင် အာဏာနှင့် ခွန်အားလုံလောက်လျှင် အရာအားလုံးကို ကာကွယ်နိုင်လေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..." လင်းယွမ်က ခနစဉ်းစားပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
ပထမအလွှာ - ၂၆၃၈၉၇
ဒုတိယအလွှာ - ၁၂၅၆၀၀
တတိယအလွှာ - ၂၄၂၁
စတုတ္ထအလွှာ - ၃၀၇
" အများကြီး တိုးတက်လာတာလား။ " လင်းယွမ်က ပြုံးလိုက်သည်။
ပထမအလွှာ ဆင့်ကဲပြောင်းလဲသူများက ၂၆၀၀၀၀ ကျော်လာပြီဖြစ်သောကြောင့် အဆင့်မဝင်သေးသော သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက တစ်သန်းကျော်ပေလိမ့်မည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လွန်ခဲ့သော နှစ်အနည်းငယ်က ထွက်ပေါ်လာခြင်းဖြစ်၏။ အချိန်တိုအတွင်း ဆင့်ကဲပြောင်းလဲသူများစွာကို ဆွဲဆောင်နိုင်ခြင်းမှာ မယုံကြည်နိုင်စရာကောင်းလှသည်။
" အဲ့ဒါက အရင်ထွက်ထားနဲ့ လမ်းညွှန်ဗီဒီယိုတွေကြောင့် ဖြစ်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်သို့ ဝင်ရောက်လာပြီးနောက် လမ်းညွှန်ဗီဒီယိုများက များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။
" တတိယအလွှာနှင့် စတုတ္ထအလွှာအတွက် လမ်းညွှန်ဗီဒီယိုတွေကိုလည်း ထုတ်ပေးရမယ်။ "
ထို့နောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဝင်ငွေကို ကြည့်လိုက်သည်။
" ၂၂၇၅ ထရီလီယံလား။ " လင်းယွမ်က ထိတ်လန့်သွား၏။
"ဒီဝင်ငွေအများစုက သတ္တမအလွှာကဏ္ဍက လာတာပဲ။ " လင်းယွမ်က သိုင်းတာအို၏ သတ္တမအလွှာ ကဏ္ဍကို ၅၀၀ဘီလီယံသတ်မှတ်ထားလေသည်။
သတ္တမအလွှာကဏ္ဍကို တင်ပြီးနောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် နှစ်ခုကို ကျော်တက်ပြီး အဆင့်နှစ်နေရာသို့ ရောက်သွားခဲ့သည်။
မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက သတ္တမအလွှာကဏ္ဍကို စိတ်ဝင်စားခဲ့ကြပြီး ၎င်းကို မကျင့်ကြံသော်လည်း ဝယ်ယူလေ့လာခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပို၍ ကျော်ကြာလာပြီး လင်းယွမ်၏ ဝင်ငွေကလည်း တဟုန်ထိုးတက်လာတော့မည်ဖြစ်သည်။
" ၂၂၇၅ ထရီလီယံ.... စကြာဝဠာငွေကို ပြောင်းလဲရင် ၂၂၇၅ ဘီလီယံပေါ့။ ပြီးတော့ စကြာဝဠာသလင်းကျောက် ၂၂၇၅လုံး..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သတ္တမအလွှာကဏ္ဍကို တင်လိုက်ခြင်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွှေငန်းအဖြစ် ပြောင်းလဲစေခဲ့ပြီး လင်းယွမ်အတွက် စကြာဝဠာသလင်းကျောက်များစွာကို ယူဆောင်လာပေးခဲ့သည်။
အနာဂတ်တွင် လင်းယွမ်က အဋ္ဌမအလွှာကို ဖန်တီးနိုင်ခဲ့လျှင် သူ၏ ကြွယ်ဝမှုကို နဝမအလွှာများပင် မနာလိုဖြစ်ရပေလိမ့်မည်။
" ငါ့ရဲ့ လက်ရှိ စကြာဝဠာသလင်းကျောက်တွေနဲ့ဆို အတွင်းကမ္ဘာကို ပြည့်စုံအောင် လုပ်ဖို့ ရတနာတွေ တကယ်ဝယ်နိုင်ပြီ။ "
အတွင်းကမ္ဘာက သဘာဝအတိုင်း ဆင်းသက်လာသော ကမ္ဘာတစ်ခုမဟုတ်ပေ။ ၎င်းက ကြီးထွားလာနိုင်သော အလားအလာများ ရှိသော်လည်း အစောပိုင်းအဆင့်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်လေသည်။ ရင်းနှီမြှုပ်နှံခြင်းက စည်းမျဉ်းများ နိယာမများအပြင် အတွင်းကမ္ဘာ၏ ချို့ယွင်းချက်များကို ပြင်ဆင်နိုင်သော ရတနာများလည်း ပါဝင်လေသည်။
" အတွင်းကမ္ဘာရဲ့ မီးအရင်းအမြစ်ကို ဖြည့်ဆည်းပေးနိုင်တဲ့ မူလမီးတောက်.... ဝယ်...."
" မြေကြီးအဆီအနှစ်....ဝယ်...."