ပြင်ပကမ္ဘာမှ ခန္ဓာကိုယ်အစိတ်အပိုင်း....
Vol. 20 Ch. 310
လင်းယွမ်က စကြာဝဠာသလင်းကျောက် တစ်သောင်းကို အသုံးပြုပြီး ရတနာများစွာကို ဝယ်ယူလိုက်သည်။
" ဒီလောက်ဆို လုံလောက်သင့်ပါပြီ။ " လင်းယွမ်က သူ၏ လက်ကျန် စကြာဝဠာသလင်းကျောက်များကို ကြည့်ပြီး နာကျင်မှုကို ခံစားလိုက်ရသည်။
အတွင်းကမ္ဘာကို အားဖြည့်ပေးနိုင်သော ရှားပါးရတနာများက တန်ဖိုးကြီးလှပြီး လင်းယွမ်ပင် ဂရုတစိုက် ရွေးချယ်နေရသည်။
" အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူရဲ့ ကျင့်ကြံခြင်းက အတွင်းကမ္ဘာကို အဆက်မပြတ် ပြည့်စုံအောင်လုပ်တာပဲ။ အတွင်းကမ္ဘာက ပိုပြီး ပြည့်စုံလာတာနဲ့ အကျိုးကျေးဇူးတွေ ပိုရလာလိမ့်မယ်။ "
" ဆရာရဲ့ အတွင်းကမ္ဘာက အစစ်အမှန်ကမ္ဘာနဲ့ သိပ်မကွာလောက်တော့ဘူး။ "
အားလုံးပြီးသောအခါ လင်းယွမ်က သူ၏ စိတ်စွမ်းအားကို မြှင့်တင်ရန် စဉ်းစားနေသည်။ ထိုအချိန်တွင် ချီခွန်ကြယ်သခင်ဆီမှ မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။
" ငါ့ဆီ ချက်ချင်းလာခဲ့ဦး။ " ချီခွန်ကြယ်သခင်၏ အသံက အလွန်လေးနက်နေသည်။
" ဟမ် တစ်ခုခုဖြစ်လို့လား။ " လင်းယွမ်က စိတ်ရှုပ်ထွေးသွားသော်လည်း ချက်ချင်းထပြီး ချီခွန်ပင်မကြယ်၏ အဓိက တောင်ထိပ်သို့ သွားလိုက်သည်။
အနီရောင်ခန်းမထဲတွင် ချီခွန်ကြယ်သခင်က ထိုင်နေသည်။ လင်းယွမ်နှင့် အခြားတပည့်များက အောက်တွင် ရပ်နေကြသည်။
" ဆရာ ဘာဖြစ်တာလဲ။ " ဒုတိယတပည့်က လေးနက်စွာ မေးလိုက်သည်။
" အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ " ချီခွန်ကြယ်သခင်က ဒုတိယတပည့်နှင့် အခြားတပည့်များကို ကြည့်လိုက်သည်။ " အဲ့ဒါက မင်းတို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ်။ "
ချီခွန်ကြယ်သခင်က ပြောလိုက်သကဲ့သို့ သူ၏ အကြည့်က လင်းယွမ်ဆီသို့ ရောက်သွားသည်။
" ကြီးမားတဲ့ အခွင့်အလမ်း..."
" ဘယ်လိုအခွင့်အလမ်းမျိုးလဲ။ "
" ဆရာ ရှင်းပြပါဦး..." အောက်မှတပည့်များက မေးလိုက်ကြသည်။
ချီခွန်ကြယ်သခင်က ဝေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောလိုက်သည်။ " မကြာသေးခင်က ငါတို့ လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူတစ်ယောက်က အခြားမျိုးနွယ်က ကြီးမြတ်သူတွေနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ရယူနိုင်ခဲ့တယ်။ "
၎င်းကို ကြားသောအခါ တပည့်များအားလုံးက နားလည်သွားကြသည်။
မကြာသေးမီက မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးရှိ ထာဝရလေဟာနယ်အက်ကြောင်းမှ အလောင်းတစ်လောင်း ထွက်ပေါ်လာခဲ့သည်။ အင်းဆက်မျိုးနွယ်က ထိုအလောင်းအတွက် စစ်မြေပြင်များရှိ လူသားမျိုးနွယ်များကို ရှင်းလင်းရန် ကြိုးစားခဲ့သည်။
၎င်းက လူသားမျိုးနွယ်၏ ကြီးမြတ်သူများကို ဆွဲဆောင်ရန် ဖြစ်သော်လည်း အင်းဆက်မျိုးနွယ်၏ အကြံအစည်က မအောင်မြင်ဘဲ လူသားမျိုးနွယ်၏ ရှေ့ဖြစ်ဟောသူကလည်း အလောင်းကို သတိပြုမိခဲ့သည်။
အခြားအထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများကလည်း ၎င်းကို ရိပ်မိခဲ့ပြီး မျိုးနွယ်ခြားစစ်မြေပြင်ကြီးကို ကြိုတင်ပိတ်ဆို့ထားခဲ့သည်။
အလောင်းထွက်ပေါ်လာသည့် အခိုက်တွင် ကြီးမြတ်သူများက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် အလောင်းက အပိုင်းပိုင်းဖြစ်သွားပြီး ကြီးမြတ်သူများက တစ်ပိုင်းစီ ရရှိခဲ့ကြသည်။
" ဆရာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ အခွင့်အခမ်းက အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ သက်ဆိုင်နေတာလား။ " တတိယတပည့်က မယုံကြည်နိုင်ဘဲ မေးလိုက်သည်။
ကြီးမြတ်သူများပင် တိုက်ခိုက်ရန် ထိုက်တန်သော အလောင်းက သူတို့လို ဆင့်ကဲပြောင်းလဲသူများမပြောနှင့် အဋ္ဌမအလွှာများနှင့်ပင် သက်ဆိုင်ခြင်းမရှိဟု သူက ထင်ခဲ့သည်။
လင်းယွမ်ပင် ဘယ်လိုခန္ဓာကိုယ်မျိုးက ကြီးမြတ်သူများကို ဆွဲဆောင်နိုင်လဲဆိုတာ သိချင်ခဲ့သည်။
" အမှန်ပဲ။ " ချီခွန်ကြယ်သခင်က ခေါင်းငြိမ့်လိုက်သည်။
" ငါတို့ လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူတွေက အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းကို ဆင်ခြင်ဖို့ ကြယ်နယ်မြေတစ်ခုစီက ဆင့်ကဲပြောင်းလဲသူအချို့ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
" အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းကို ဆင်ခြင်ဖို့လား။ "
တပည့်အားလုံး၏ သူငယ်အိမ်များ ကျုံ့သွားကြသည်။ သူတို့က ထိုအလောင်း၏ အဆင့် အတိအကျကို မသိသော်လည်း ကြီးမြတ်သူများက ၎င်းအတွက် တိုက်ခိုက်ခဲ့သောကြောင့် ကြီးမြတ်သူများ၏ အဆင့်အောက် နိမ့်ကျမည်မဟုတ်ပေ။
ကြီးမြတ်သူတစ်ယောက်၏ အလောင်း။ လူသားဆင့်ကဲပြောင်းလဲသူများဖြစ်စေ အခြားမျိုးနွယ်များမှ သန်မာသူများဖြစ်စေ သူတို့၏ အသွေးအသားများထဲတွင် တာအိုက ကိန်းအောင်းနေပြီး သူတို့လျှောက်လှမ်းသော ဦးတည်ချက်များ ပါဝင်လေသည်။
ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်က ကြီးမြတ်သူအဆင့်ရှိသော မဟာတာအိုကို ကိုယ်စားပြုလေသည်။ အနည်းငယ်နားလည်ရုံနှင့် သူတို့အတွက် များစွာ အထောက်အကူဖြစ်လေသည်။
ချီခွန်ကြယ်သခင်က အသေးစိတ်အချက်အလက်များကို ညွှန်ကြားပြီးနောက် လင်းယွမ်မှလွဲ၍ တပည့်အားလုံးကို ပြင်ဆင်ရန် ပြန်သွားခိုင်းလိုက်စည်။
" ဆရာ... " လင်းယွမ်က ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။
" အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းက နားလည်ဖို့ မလွယ်ဘူး။ အဲ့ဒါကြောင့် မင်းရဲ့ အကိုတွေအတွက် ငါ့မှာ မျှော်လင့်ချက်သိပ်မရှိဘူး။ အဲ့ဒါက သူတို့အတွက် အတွေ့အကြုံတစ်ခုပဲ။ " ချီခွန်ကြယ်သခင်က သေချာစွာ ပြောလိုက်သည်။
" ဒါပေမယ့် မင်းကတော့..." ချီခွန်ကြယ်သခင်က လင်းယွမ်ကို သေချာကြည့်လိုက်သည်။
လင်းယွမ်၏ ပင်ကိုစွမ်းရည်က သူမြင်ဖူးသမျှထဲတွင် အသန်မာဆုံးဖြစ်၏။ အထူးသဖြင့် လေဟာနယ်နိယာမတွင် အလိုလိုသိမြင်နိုင်စွမ်းရှိပြီး ကြယ်စကြာဝဠာထဲတွင် လှည့်ပတ်သွားလာနေသောသူ့လို ကြယ်ပင်လယ်ခွန်ထက်ပင် ပို၍ သာနေသည်။
လင်းယွမ်၏ နားလည်နိုင်စွမ်းက လေဟာနယ်နိယာမအပေါ်တွင် လွန်စွာ မြင့်မားသော်လည်း ထိုခန္ဓာကိုယ်အစိတ်အပိုင်းရှိသော စွမ်းအားက လေဟာနယ်စွမ်းအားမဟုတ်ပေ။
" အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းက တော်တော်ထူးဆန်းတယ်။ မင်း တစ်ခုခုမှားနေတယ်လို့ ခံစားရရင် အတင်းအကြပ်မလုပ်နဲ့။ " ချီခွန်ကြယ်သခင်က သေချာသတ်ပေးလိုက်သည်။
ထိုခန္ဓာကိုယ်အစိတ်အပိုင်းမရှိလည်း လင်းယွမ်က အဋ္ဌမအလွှာကို ရောက်နိုင်ပြီး နဝမအလွှာကို ကြိုးစားနိုင်လေသည်။ ထို့ကြောင့် လင်းယွမ်အတွက် ရွေးချယ်စရာများလေသည်။
" ကျွန်တော်နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ "
" ဆရာ အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်တာက လူတစ်ယောက်ရဲ့ ဉာဏ်အမြင်ပေါ် မူတည်တာလား။ " လင်းယွမ်က မေးလိုက်သည်။
" မှန်တယ်။ အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လိုက်ဖက်တဲ့ ဉာဏ်အမြင်ကို လိုအပ်တယ်။ " ချီခွန်ကြယ်သခင်က ၎င်းကို အလေးပေး ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ဉာဏ်အမြင်အပေါ် မူတည်သောကြောင့် သူက စိတ်အေးသွားပြီဖြစ်သည်။
လင်းယွမ်သိထားသည်မှာ ဉာဏ်အလင်းကလည်း ရှုထောင်အမျိုးမျိုးပေါ် မူတည်လေသည်။
လူသားမျိုးနွယ်တွင် ထူးချွန်သော ပါရမီရှင်များရှိလျှင်တောင် သူတို့ကလည်း အားနည်းချက်များ ရှိလေသည်။
ဆင့်ကဲပြောင်းလဲရှင်များတွင်လည်း အားနည်းချက်များရှိပြီး စိတ်ဝိညာဉ်၊ နိယာမများ၊ အသက်အနှစ်သာရ စသည်ဖြင့် အမျိုးမျိုးရှိကြလေသည်။
ထို့ကြောင့် ချီခွန်ကြယ်သခင်က သတိပေးခဲ့ခြင်းဖြစ်သည်။
ထိုခန္ဓာကိုယ်အစိတ်အပိုင်းက မူလကမ္ဘာ၏ ပြင်ပမှ ဖြစ်သောကြောင့် လင်းယွမ်ကြုံတွေ့ခဲ့သော အရာများနှင့် ကွဲပြားလေသည်။ လင်းယွမ်၏ စွမ်းရည်နှင့် နားလည်နိုင်စွမ်းက ထိုခန္ဓာကိုယ်အစိတ်အပိုင်းအပေါ် သက်ရောက်မှု ရှိမရှိ မသိနိုင်ပေ။
သို့သော် ချီခွန်ကြယ်သခင် မသိသည်မှာ လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည်။
၎င်းကို ပြီးခဲ့သော ဆင်းသက်မှုခြောက်ကြိမ်တွင် သိနိုင်လေသည်။ ဆင်းသက်မှုခြောက်ကြိမ်၊ ကမ္ဘာခြောက်ခု၊ ထိုကမ္ဘာခြောက်ခုတွင် ကွဲပြားသော ဦးတည်ချက်၊ ကွဲပြားသော နယ်ပယ်တို့ဖြစ်ကြသည်။ အထူးသဖြင့် နောက်ဆုံးဆင်းသက်မှု ထျန်းချင်းကမ္ဘာတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်ထံသို့ပင် ဆင်းသက်ခဲ့ရသည်။ သို့တိုင် လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက အတားအဆီးမရှိခဲ့ပေ။
" ဆရာ..." လင်းယွမ်က ချီခွန်ကြယ်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။ " ကြီးမြတ်သူတွေက အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းကို ကျွန်တော်တို့ ဆင်ခြင်ဖို့ ဘာလို့ခွင့်ပြုတာလဲ။ "
၎င်းက လင်းယွမ်၏ စိတ်ထဲမှ မေးခွန်းတစ်ခုလည်း ဖြစ်သည်။သူတို့က အငယ်များကို အခွင့်အရေးပေးလျှင်တောင် ထိုကဲ့သို့ လူသိရှင်ကြား လုပ်စရာမလိုပေ။
" ငါကြားထားတာတော့ရှိတယ်။ " ချီခွန်ကြယ်သခင်က ခနစဉ်းစားလိုက်သည်။ " ကြီးမြတ်သူတွေက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ အဆုံးစွန်သော တည်ရှိမှုတွေဆိုတာ မင်းသိသင့်တယ်။ "
" သီအိုရီအရပြောရရင် အဲ့ဒီ ကြီးမြတ်သူတွေက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဒါမှမဟုတ် တာအိုတွေကို အခြားကြီးမြတ်သူတစ်ယောက်ဆီကနေ မရနိုင်တော့ဘူး။ " ချီခွန်ကြယ်သခင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်လည်း အဲ့ဒါ ကြားဖူးတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထို့ကြောင့် ယနေ့ လူသားမျိုးနွယ်မဟာမိတ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်များကို ဖန်တီးရန် အရင်းအမြစ်များ ထောက်ပံ့ပေးလိုကြသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ပိုများလာသည်နှင့် ကြီးမြတ်သူများ မွေးဖွားရန် မျှော်လင့်ချက်များသောကြောင့် ဖြစ်သည်။
လူသားဆင့်ကဲပြောင်းလဲသူများစွာက ကြီးမြတ်သူဖြစ်လာရန် မျှော်လင့်ချက် မရှိကြပေ။ အကြောင်းမှာ ကြီးမြတ်သူများမှ ဆင်းသက်လာသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လျှောက်လှမ်းကြသောကြောင့် ဖြစ်သည်။
ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုက အလွန်စွမ်းအားကြီးလှသောကြောင့် ကြီးမြတ်သူများ မဖြစ်နိုင်လျှင်တောင် အဆင့်တူတွင် လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည်။
ထို့ကြောင့် လူသားမျိုးနွယ်၊ နတ်ဘုရားသုံးပါးနှင့် ကြီးမြတ်သူကိုးယောက်တို့က အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ထွက်ပေါ်လာရန် မျှော်လင့်နေကြသည်။
" ကြီးမြတ်သူတွေက သတ်ဖို့ခက်ပြီး အင်မော်တယ်ဖြစ်လုနီးပါးပဲ..." ချီခွန်ကြယ်သခင်၏ မျက်လုံးများက အလင်းရောင်တစ်ချက် လင်းလက်သွားသည်။ " ဒါပေမယ့် အခု ကြီးမြတ်သူတစ်ယောက်က သေဆုံးသွားခဲ့တယ်။ သူသေသွားတော့ သူ့ရဲ့ လမ်းစဉ်ကလည်း လွတ်ထွက်သွားပြီ။ "
" အဲ့လိုကိုး။ " လင်းယွမ်က သဘောပေါက်သွားသည်။