ကောင်းဝူဖုန်းနှင့် ဇောင်ချိုးကွမ်း....
Vol. 20 Ch. 311
ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို ဖြတ်ပြီး ကြီးမြတ်သူလျှောက်ခဲ့သော လမ်းစဉ်ကို နားလည်နိုင်ရန် ဖြစ်သည်။
ကြီးမြတ်သူတစ်ယောက်၏ လမ်းစဉ်က ပြည့်စုံလုနီးပါးဖြစ်နေပြီး အခြေအနေများနှင့် ကိုက်ညီနေသမျှကာလပတ်လုံး ကြီးမြတ်သူတစ်ယောက်ကို မွေးဖွားပေးနိုင်ပေလိမ့်မည်။
၎င်းက ကောင်းကင်သို့ တက်သောလမ်း ကြီးမြတ်သူအဆင့်သို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သော မဟာတာအိုဖြစ်လေသည်။
ကြီးမြတ်သူမထွက်ပေါ်သေးသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ရှိသော်လည်း ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေကြသော ဆင့်ကဲပြောင်းလဲသူများပင် ထိုခြေလှမ်းကို လှမ်းနိုင်မလား မသိကြပေ။ ထိုသို့မဟုတ်လျှင် လူသားမျိုးနွယ်တွင် ကြီးမြတ်သူကိုးယောက်တည်း ရှိမည်မဟုတ်ပေ။
သို့သော် ယခု ထိုခန္ဓာကိုယ်ပိုင်ရှင်လျှောက်လှမ်းသေယ လမ်းစဉ်က ကြီးမြတ်သူတစ်ယောက်ကို ထုတ်လုပ်ပေးနိုင်သည်ကို အတည်ပြုပြီးဖြစ်သည်။
လူသားမျိုးနွယ်၏ ကြီးမြတ်သူများက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို ဆင့်ကဲပြောင်းလဲသူများအား နားလည်နိုင်ပြီး အချို့ လူသားဆင့်ကဲပြောင်းလဲသူများက ထိုခန္ဓာကိုယ်ပိုင်ရှင်လျှောက်သောလမ်းကို လျှောက်လှမ်းပြီး ကြီးမြတ်သူတစ်ယောက် ဖြစ်လာရန် မျှော်လင့်ကြလေသည်။
" အစတုန်းက အင်းဆက်မျိုးနွယ်က အဲ့ဒီခန္ဓာကိုယ်ကို အပိုင်သိမ်းပြီး နောက်ထပ် ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာနိုင်တဲ့ လမ်းစဉ်ကို ရှာဖွေချင်ခဲ့ကြတယ်။ "
" ဒါပေမယ့် အခု အဲ့ဒီခန္ဓာကိုယ်က အပိုင်းပိုင်းကွဲသွားတော့ အစိတ်အပိုင်းတစ်ခုစီ ရရှိတဲ့ မျိုးနွယ်တွေက အဲ့ဒီတာအိုကို ဖမ်းဆုပ်နိုင်ဖို့ အခွင့်အရေးရှိကြတယ်။ " ချီခွန်ကြယ်သခင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
လူသားဆင့်ကဲပြောင်းလဲသူများက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်နိုင်သကဲ့သို့ အခြားမျိုးနွယ်များမှ သန်မာသူများလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို ရရှိထားသော မျိုးနွယ်များက ကြီးမြတ်သူဖြစ်လာရန်အတွက် ပြိုင်ဆိုင်ကြရပေလိမ့်မည်။
"ဒီလိုအခွင့်အရေးမျိုးက လူသားမျိုးနွယ်ရဲ့ နှစ်ပေါင်းနှစ်သန်းသမိုင်းအတွင်းမှာတောင် ရှားပါးတယ်။ " ချီခွန်ကြယ်သခင်က မှတ်ချက်ပေးလိုက်သည်။
ခန္ဓာကိုယ်အတွင်းမှ တာအိုကို နားလည်ရုံဖြင့် ကြီးမြတ်သူဖြစ်ရန် တိုက်ရိုက်လမ်းကြောင်းကို ရရှိနိုင်လေသည်။ တိုက်ရိုက်လမ်းကြောင်းဟု ပြောခြင်းက ချဲ့ကားလွန်းသော်လည်း ဆင့်ကဲပြောင်းလဲသူအများစုကတော့ ကြီးမြတ်သူဖြစ်လာရန် မျှော်လင့်ချက် ရှိသွားပေလိမ့်မည်။
" ဆရာက ဘာလို့မဆင်ခြင်တာလဲ။ " လင်းယွမ်က မေးလိုက်သည်။
" ငါက အဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်လို့ ငါ့လမ်းစဉ်က သတ်မှတ်ပြီးသွားပြီ။ အဲ့ဒီခန္ဓာကိုယ်က ငါ့အတွက် အသုံးမဝင်ဘူး။ အဲ့ဒီခန္ဓာကိုယ်ကို ငါနားလည်နိုင်ရင်တောင် အခြားသန်မာသူတွေနဲ့ မယှဉ်နိုင်ဘူး။ " ချီခွန်ကြယ်သခင်က သူ၏ ခေါင်းကို ခါလိုက်သည်။
" အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းက အရမ်းထူးဆန်းတယ်။ မှားယွင်းတဲ့ လမ်းစဉ်တွေနဲ့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ ရှိနေတယ်။ " ချီခွန်ကြယ်သခင်က ရှင်းပြလိုက်သည်။
လင်းယွမ်က ရှစ်စန်းတောင်ထိပ်သို့ ပြန်လာခဲ့သည်။
" ကြီးမြတ်သူရဲ့ တာအို..." လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
ကြယ်စကြာဝဠာထဲတွင် ကြီးမြတ်သူများက အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ကြသည်။ လူသားမျိုးနွယ်က ကြီးမြတ်သူကိုးယောက်နှင့် ကြယ်စကြာဝဠာတွင် ဂုဏ်ယူစွာ ရပ်တည်နိုင်ကြသည်။
" ဒါပေမယ့် ကြီးမြတ်သူတွေလည်း သေနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူက ရှစ်စန်းတောင်ထိပ်သခင်၊ အဆင့်ခုနှစ်နိုင်ငံသားတို့၏ လုပ်ပိုင်ခွင့်များနှင့်ပင် ကြီးမြတ်သူများ၏ လျို့ဝှက်ချက်များနှင့် ပက်သက်ပြီး တိကျသော အချက်အလက်များကို ရှာမတွေ့ခဲ့ပေ။
" ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနိုင်တဲ့နေရာက VR ကမ္ဘာမှာလား။ ကြီးမြတ်သူကိုးယောက်က အဲ့ဒီခန္ဓာကိုယ်ရဲ့ အနှစ်သာရ ဆယ်ပုံသုံးပုံကို ပုံတူကူးဖို့တောင် ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ခဲ့ရတယ်။ " လင်းယွမ်က အချက်အလက်များကို ရရှိလိုက်သည်။
၎င်းက လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲသူများ လေ့လာဆင်ခြင်ရာတွင် အဆင်ပြေချောမွေ့စေရန်လည်း ဖြစ်သည်။ မဟုတ်လျှင် ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာရန် အလယ်ပိုင်းကြယ်နယ်မြေအထိ သွားရပေလိမ့်မည်။ သို့သော် VR ကမ္ဘာက အရာအားလုံးကို ရိုးရှင်းသွားစေ၏။ သူတို့က ဝင်ရောက်ရန် စိတ်အသိချိတ်ဆက်လိုက်ရုံသာ လိုအပ်လေသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က ဖိတ်ကြားမှုတစ်ခုကို လက်ခံလိုက်ရသည်။
" သင်က VR နံပါတ် ၁၂၄၃၅၄ကို ဝင်လိုပါသလား။ "
" ဝင်မယ်။ " လင်းယွမ်က လက်ခံလိုက်သည်။
လူသားဆင့်ကဲပြောင်းလဲသူများက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာဆင်ခြင်ရန် VR ကမ္ဘာက ကမ္ဘာများစွာကို ဖွင့်ပေးထားသည်။ ဆင့်ကဲပြောင်းလဲသူများက ကမ္ဘာအသီးသီးတွင် သီးခြားလေ့လာနိုင်လေသည်။
လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ပတ်ဝန်းကျင်တွင် တောင်ထိပ်များဝန်းရံထားပြီး တောင်ထိပ်အသီးသီးတွင် ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်မှ နှစ်ဆယ်အထိ ရှိလေသည်။
" အများစုက သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတွေနဲ့ အနည်းစုက ဆဋ္ဌမအလွှာတွေပဲ။ အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူတွေတောင် ပါနေပါလား။ " လင်းယွမ်က တစ်ချက်ကြည့်ပြီး အော်ရာအမျိုးမျိုးကို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်အစိန်အပိုင်းကို လေ့လာမည့် ပထမအသုတ်က ကြယ်နယ်မြေအသီးသီးမှ ပါရမီရှင်များ ဖြစ်ကြသည်။ လင်းယွမ်နှင့် တပည့်ဆယ့်နှစ်ယောက်ကဲ့သို့ပင် အခြားပါရမီရှင်များကလည်း ကမ္ဘာအသီးသီးကို ဝင်ရောက်နေကြသည်။
လင်းယွမ်ကဲ့သို့ အသက်တစ်ရာအောက် ပါရမီရှင်များနှင့် အသက်တစ်ရာမှ တစ်ထောင်ကြားတွင် သတ္တမအလွှာသို့ ရောက်နေသူများက အုပ်စုဖွဲ့မည်ဖြစ်သည်။
" မင်းက ချီခွန်မျိုးနွယ်ရဲ့ ရှစ်စန်းတောင်ထိပ်သခင်မဟုတ်လား။ " ထိုအချိန်တွင် အနီးမှ အသံတစ်သံ ထွက်လာသည်။
လင်းယွမ်က စကားပြောလိုက်သူကို ကြည့်လိုက်သည်။
ထိုလူက ဓားကိုးလက်ကြယ်နယ်မြေမှ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး နာမည်က ကောင်းဝူဖုန်းဖြစ်၏။ ဓားကိုးလက်ကြယ်သခင်၏ တန်ဖိုးအထားရဆုံး တပည့်ဖြစ်ပြီး အသက်၄၃၀ နှစ်တွင် သတ္တမအလွှာသို့ တက်လှမ်းကာ ယခု သတ္တမအလွှာ ဘုရင်အဆင့် အထွတ်အထိပ်တွင် ရှိလေသည်။ ခွန်အားအရဆိုလျှင် ကောင်းဝူဖုန်းက ချီခွန်မျိုးနွယ်၏ မဟာတောင်ထိပ်သခင် (အကြီးဆုံးတပည့်)ထက်ပင် သာလွန်လေသည်။
" ဟုတ်တယ် ကျုပ်ပါပဲ။ " လင်းယွမ်က ခေါင်းငြမ့်လိုက်သည်။
ယခုအခါ မျိုးနွယ်ခြားများ၏ လုပ်ကြံသတ်ဖြတ်သတ်ဖြတ်ခြင်းကို စိုးရိမ်စရာမလိုဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာဆင်ခြင်နိုင်ပြီဖြစ်သောကြောင့် သူ၏ အထောက်အထားကို ဖုံးကွယ်ထားရန်မလိုအပ်ပေ။
တစ်ချိန်တည်းတွင် တောင်ထိပ်ပေါ်မှ အခြားဆင့်ကဲပြောင်းလဲသူများကလည်း လင်းယွမ်ကို သတိထားမိသွားကြသည်။
" အဲ့ဒါ ရှစ်စန်းတောင်ထိပ်သခင်လား။ "
" သူက ချီခွန်ကြယ်နယ်မြေမှာ အသက်တစ်ရာမတိုင်ခင် သတ္တမအလွှာကို ရောက်ခဲ့တဲ့သူပေါ့။ "
" တကယ်အံ့ဩစရာပဲ။ ငါ့မှာ အထူးရုပ်ခန္ဓာရှိပြီး ငါမိသားစုရဲ့ အရင်းအမြစ်တွေနဲ့ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထခဲ့တာတောင် ငါက အသက်ခြောက်ရာကျော်မှာ သတ္တမအလွှာကို ရောက်ခဲ့တယ်။ အဲ့ဒီရှစ်စန်းတောင်ထိပ်သခင်က ဘယ်လိုတောင်လုပ်ခဲ့တာလဲ။ "
" အဲ့ဒီရှစ်စန်းတောင်ထိပ်သခင်က အထူးခန္ဓာနဲ့ သွေးမျိုးဆက်တွေ မပိုင်ဆိုင်ဘူးလို့ ငါကြားတယ်။ "
ပထမအသုတ်တွင် ပါဝင်ကြသော ဆင့်ကဲပြောင်းလဲသူများက ထင်ရှားသော နောက်ခံများနှင့် သူတို့၏ ကိုယ်ပိုင်ကြယ်နယ်မြေအတွင်း ရှားပါးသော အရည်အချင်းများရှိသော ပါရမီရှင်များဖြစ်ကြသည်။ သို့သော် သူတို့က လင်းယွမ်နှင့် တွေ့ချိန်တွင် နှိုင်းယှဉ်ရန်ပင် မတွေးမိကြပေ။
ရုပ်ခန္ဓာ သို့မဟုတ် သွေးမျိုးဆက်၏ မြှင့်တင်မှုမရှိဘဲ အသက်တစ်ရာမပြည့်မီ သတ္တမအလွှာသို့ ရောက်နိုင်ခြင်းက အမှန်ပင် ကြောက်စရာကောင်းလှသည်။
" ဒီလေ့လာဆင်ခြင်မှုအကြောင်းကို မင်းဘယ်လောက်သိလဲ။ " ဓားကိုးလက်ကြယ်နယ်မြေမှ ကောင်းဝူဖုန်းက မေးလိုက်သည်။
" ငါ့ဆရာကတော့ ကြီးမြတ်သူတွေနဲ့ သက်ဆိုင်တယ်လို့ ပြောခဲ့တယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
ကောင်းဝူဖုန်း၏ ဆရာ ဓားကိုးလက်ကြယ်သခင်ကလည်း ချီခွန်ကြယ်သခင်ကဲ့သို့ အဋ္ဌမအလွှာတွင် အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်လေသည်။
" ကြီးမြတ်သူတွေ..." ကောင်းဝူဖုန်းက သက်ပြင်းချလိုက်သည်။
လူသားမျိုးနွယ်၏ ထောက်တိုင်များဖြစ်သကဲ့သို့ ဘယ်သူက ကြီးမြတ်သူတစ်ယောက် ဖြစ်မလာချင်ဘဲ နေမှာလဲ။
" ရှစ်စန်းတောင်ထိပ်သခင် မင်းရဲ့ အရည်အချင်းနဲ့ဆို ဒီလေ့လာမှုမှာ တောက်ပနိုင်မှာပဲ။ " ကောင်းဝူဖုန်းက ပြောလိုက်သည်။
" အဲ့လောက်မလွယ်ဘူး။ ပြီးတော့ ဒါက ကြီးမြတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပဲ။ အရည်အချင်းရှိရင်တောင် လူသိရှင်ကြား ထုတ်ပြစရာမလိုဘူး။ အမြင့်ဆုံးအရည်အချင်းနဲ့ နားလည်နိုင်စွမ်းရှိရင်တောင် လျို့ဝှက်ထားတာပိုကောင်းတယ်။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။
" ရှစ်စန်းတောင်ထိပ်သခင် ပြောတာ မှန််တယ်။ " ရွှေရောင်တောင်ပံများနှင့် အမျိုးသမီးတစ်ယောက်က ချဉ်းကပ်လာပြီး သူမ၏ ခန္ဓာကိုယ်က အလင်းရောင်များ လွှမ်းခြုံထားသကဲ့သို့ မြင့်မြတ်သော အော်ရာတစ်ခု ထွက်ပေါ်နေသည်။
" ဇောင်ချိုးကွမ်းလား။ " ကောင်းဝူဖုန်းက ရွှေရောင်တောင်ပံများနှင့် အမျိုးသမီးကို ကြည့်လိုက်သည်။
ထိုအမျိုးသမီးက ဇောင်ချိုးကွမ်းဖြစ်ပြီး အလင်းနတ်သမီးသွေးမျိုးဆက်ကို နိုးထခဲ့သူလည်း ဖြစ်သည်။
နတ်သမီးသွေးမျိုးဆက်က လူသားသွေးမျိုးဆက်များအတွင်း စွမ်းအားကြီးပြီး အထူးသဖြင့် နိယာမများကို နားလည်နိုင်စွမ်းမြင့်မားလေသည်။
အလင်းနတ်သမီးသွေးမျိုးဆက်က အလင်နိယာမအတွက် မွေးရာပါရင်းနှီးမှုရှိပြီး ဇောင်ချိုးကွမ်း၏ သွေးမျိုးဆက်ကလည်း အံ့ဩစရာကောင်းအောင် မြင့်မားလေသည်။ ထို့အပြင် သူမ၏ မိဘနှစ်ပါးကလည်း အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများဖြစ်ပြီး ဇောင်ချိုးကွမ်းက အသက် ၃၆၂နှစ်တွင် သတ္တမအလွှာသို့ တက်လှမ်းခဲ့သည်။