ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ....
Vol. 20 Ch. 312
" ရှစ်စန်းတောင်ထိပ်သခင်... " ဇောင်ချိုးကွမ်က လင်းယွမ်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
ကောင်းဝူဖုန်းကလည်း ခေါင်းညိမ့်ပြလိုက်သည်။ မွေးရာပါစွမ်းရည်အရဆိုလျှင် ဇောင်ချိုးကွမ်းက သူထက် ပို၍ သန်မာလေသည်။
သူတို့သုံးယောက်က အတူထိုင်ပြီး အသိအမြင်များ မျှဝေနေကြပြီး အခြားဆင့်ကဲပြောင်းလဲသူများက သူတို့နှင့် ခပ်ခွာခွာ နေနေကြသည်။
" ကောင်းပြီ..." ထိုအချိန်တွင် ပုံရိပ်ကြီးတစ်ခုက ကောင်းကင်အောက်တွင် ပေါ်လာပြီး ဆင့်ကဲပြောင်းလဲသူတိုင်းက သူ့ကို မြင်နိုင်လေသည်။
" ငါမင်းတို့ကို သတိပေးစရာအချို့ရှိတယ်။ ပထမ ဒီကမ္ဘာမှာ မင်းတို့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်က ပထမအလွှာမှာပဲ ရှိနေလိမ့်မယ်။ ခွန်အားပြန်ရဖို့ မကြိုးစားနဲ့။ "
" ဒုတိယအနေနဲ့ မင်းတို့က ခန္ဓာကိုယ်အစိတ်အပိုင်းက ဘယ်လမ်းစဉ်ကို နားလည်ပါစေ လက်တွေကမ္ဘာမှာမကျင့်ကြံဘဲ VR ကမ္ဘာမှာ စမ်းသပ်ကြည့်ကြ။ "
" တတိယ ခန္ဓာကိုယ်အစိတ်အပိုင်းက နားလည်တဲ့ လမ်းစဉ်ကလွဲလို့ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ ကျင့်ကြံတာကို တားမြစ်ထားတယ်။ "
" စတုတ္ထ နားလည်ဖို့ အကောင်းဆုံး ကြိုးစားပါ။ မတော်တဆ မင်းတို့ သေသွားရင်တောင် ကြီးမြတ်သူတွေက ပြန်အသက်သွင်းပေလိမ့်မယ်။ "
ထိုစကားကို ပြောပြီးနောက် ပုံရိပ်က ဆက်မပြောတော့ပေ။
တောင်ထိပ်များပေါ်မှ ဆင့်ကဲပြောင်းလဲသူများက စကားများ စတင်ပြောဆိုလာကြသည်။
" ခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်တာက အရမ်းအန္တရာယ်များတဲ့ပုံပဲ။ " ကောင်းဝူဖုန်းက ပြောလိုက်သည်။
" အမှန်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
မဟုတ်လျှင် နားလည်ထားသော လမ်းစဉ်ကို လက်တွေ့တွင် တားမြစ်ထားမည်မဟုတ်သည့်အပြင် မတော်တဆ သေဆုံးသွားလျှင် ကြီးမြတ်သူများက အသက်သွင်းပေးမည်ဟုလည်း ပြောမည်မဟုတ်ပေ။
" ကြီးမြတ်သူတစ်ယောက် ဖြစ်ချင်ရင် ဘယ်လိုလုပ် အန္တရာယ်မရှိဘဲ နေမှာလဲ။ " ဇောင်ချိုးကွမ်း၏ အမူအရာက စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေ၏။ သူမက ငယ်စဉ်ကတည်းက အသန်မာဆုံးဖြစ်ချင်သောကြောင့် ကျင့်ကြံခြင်းကို စွဲလမ်းနေခဲ့သည်။
လူသားမျိုးနွယ်တွင်သာမက ကြယ်စကြာဝဠာတွင် ကြီးမြတ်သူများက အသန်မာဆုံးဟု ပြောနိုင်လေသည်။
" ကောင်းပြီ။ အားလုံး ကံကောင်းပါစေ။ " ကောင်းကင်မှ ပုံရိပ်ကြီးက ပျောက်ကွယ်သွားသည်။
ထိုနေရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပေါ်လာပြီး အလင်းရောင်များပင် မှိန်သွားသည်ဟု ထင်ရသည်။ ဆင့်ကဲပြောင်းလဲသူတိုင်း၏ အာရုံက ထိုခန္ဓာကိုယ်အစိတ်အပိုင်းဆီသို့ ရောက်သွားကြသည်။
" အဲ့ဒါ ကြီးမြတ်သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိန်အပိုင်းလား။ " လင်းယွမ်ကလည်း ကြည့်လိုက်သည်။
လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနေသကဲ့သို့ မမြင်နိုင်သော ဖိအားတစ်ခုက သူ၏ စိတ်စွမ်းအားပေါ်သို့ ဆင်းသက်လာသည်။
" အဲ့ဒါ ကြီးမြတ်သူတစ်ယောက်ရဲ့ စွမ်းအားလား။ ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ စွမ်းအားကို VR ကမ္ဘာက သုံးဆယ်ရာခိုနှုန်းပဲ ကူးယူထားတာတောင် ဒီလိုကြီးမားတဲ့ စိတ်ဝိညာဉ်ဖိအားတစ်ခုကို ဖြစ်ပေါ်စေတယ်။ " လင်းယွမ်က အံ့ဩသွားသည်။
သူက အခြားသူများကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့ကလည်း လေးနက်သော အမူအရာများနှင့် ရှိနေကြသည်ကို မြင်သောအခါ အားလုံးက ခန္ဓာကိုယ်အစိတ်အပိုင်းမှ ထုတ်လွှတ်သော သဘာဝ စိတ်ဝိညာဉ်ဖိအားကို ခံစားနေရသည်မှာ ထင်ရှားလေသည်။
" ဒါပေမယ့် ဒီဖိအားမျိုးက စိတ်စွမ်းအားကို သန့်စင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။ သူ၏ ဆရာချီခွန်ကြယ်သခင်ပင် စိတ်စွမ်းအားအပေါ် ထိုကဲ့သို့ ပြင်းထန်သော ဖိအားကို မထုတ်လွှတ်နိုင်ပေ။
" ဒီဖိအားနဲ့ဆို ငါ့ရဲ့ စိတ်စွမ်းအားက အချိန်တိုအတွင်း တစ်သောင်းထိ ရောက်သွားနိုင်လောက်လား။ " လင်းယွမ်က တွေးလိုက်သည်။
ယခု လင်းယွမ်၏ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် အားလုံးက ပြည့်စုံသွားပြီဖြစ်သည်။ အဋ္ဌမအလွှာသို့ တက်လှမ်းရန် လိုအပ်သောအရာမှာ သူ၏ စိတ်စွမ်းအားသာ ဖြစ်၏။ သို့သော် စိတ်စွမ်းအားကို တိုက်ရိုက်ကျင့်ကြံရန် ခက်ခဲလွန်းလှသည်။
လင်းယွမ်၏ အဆိုးဆုံးအစီအစဉ်က နောက်ထပ် ဆင်းသက်မှု တစ်ခု၊ နှစ်ခု ပြုလုပ်ရန်ဖြစ်သည်။ ဆင်းသက်သော ကမ္ဘာများနှင့် မူလကမ္ဘာတို့၏ အချိန်စီးဆင်းမှုကွာခြားချက်အရ သူ၏ စိတ်စွမ်းအားကို မြှင့်တင်နိုင်လေသည်။
သို့သော် ယခု ခန္ဓာကိုယ်အစိတ်အပိုင်းမှ စိတ်ဝိညာဉ်ဖိအားအောက်တွင် လင်းယွမ်က မတုန်လှုပ်သည့်အပြင် ဝမ်းသာသွား၏။
" ငါ့ရဲ့ စိတ်စွမ်းအားကို မြှင့်တင်နေတုန်း ခန္ဓာကိုယ်အစိတ်အပိုင်းကို နားလည်အောင် ကြိုးစားလို့ရတယ်။ "
လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းကို သေချာလေ့လာလိုက်သည်။ ၎င်းက အနက်ရောင်ကျောက်စိမ်းနှင့်တူပြီး အချို့နေရာများက ခရမ်းရောင်သွေးများနှင့် ကြွက်သားများရှိနေသည်။
လင်းယွမ်က ပိုပြီး နက်နက်နဲနဲ လေ့လာသည်နှင့်အမျှ သူ၏ အမြင်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းက ပို၍ ကြီးမားလာပြီး အရေပြားပေါ်တွင် မရေတွက်နိုင်သော မှော်စာလုံးများ ပေါ်လာသည်။ ၎င်းက ကြီးမြတ်သူတစ်ယောက်၏ သူလျှောက်လှမ်းခဲ့သော လမ်းစဉ်များကို မှတ်သားထားခြင်းဖြစ်သည်။
" ဟမ်..." လင်းယွမ်၏ အကြည့်က မှော်စာလုံးများပေါ်သို့ ကျရောက်သွားသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကျယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး ပထမဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကျယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး ငါးခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကျယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး ၁၂ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကျယ်သော ခန္ဓာကိုယ်ကို လေ့လာပြီး ၁၅ခုမြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်သွားပါပြီ။ ]
" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ အများကြီးလား။ " လင်းယွမ်က အံ့ဩသွားသည်။
တစ်နာရီအတွင်း လေ့လာပြီးနောက် သူက ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို နားလည်ခဲ့သည်။ ၎င်းမှာ မရိုးရှင်းပေ။
ထိုခန္ဓာကိုယ်အစိတ်အပိုင်းမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဘယ်လောက်များရှိနေတာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးဆိုရင်ရော။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က လေ့လာခြင်းကို ရပ်တန့်လိုက်သည်။ ကောင်းဝူဖုန်းနှင့် ဇောင်ချိုးကွမ်းတို့ကလည်း ချဉ်းကပ်လာကြသည်။
" အဲ့ဒါက မယုံကြည်နိုင်စရာကောင်းတယ်။ " ကောင်းဝူဖုန်းက သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါ အဲဒီခန္ဓာကိုယ်အစိတ်အပိုင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုရဲ့ လမ်းစကို ရှာတွေ့ခဲ့ပြီ။ "
" အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အနည်းဆုံး အဋ္ဌမအလွှာ နဝမအလွှာ ဒါမှမဟုတ် ဒသမအလွာတောင် ဖြစ်နိုင်တယ်။ အဲ့ဒါက ငါနဲ့ အရမ်းသင့်တော်တယ်။ အစပိုင်းနားလည်တာက အခက်အခဲလည်းမရှိဘူး အတားအဆီးလည်း မရှိဘူး။ " ကောင်းဝူဖုန်းက အလွန်ကျေနပ်နေသည်။
" ငါလည်း အတူတူပဲ။ အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းထဲက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ငါ့ကို စောင့်နေသလို ငါနဲ့ ပဲ့တင်ထပ်နေတယ်။ " ဇောင်ချိုးကွမ်းကလည်း စိတ်လှုပ်ရှားသော အသံနှင့် ပြောလိုက်သည်။
သူတို့နှစ်ယောက်အပြင် တောင်ထိပ်ပေါ်မှ အခြားဆင့်ကဲပြောင်းလဲသူများကလည်း စိတ်လှုပ်ရှားသော အမူအရာများနှင့် အကျိုးအမြတ်များ ရရှိခဲ့သည်မှာ ထင်ရှားလေသည်။
" ရှစ်စန်းတောင်ထိပ်သခင် မင်းရော ဘယ်လိုလဲ။ " ကောင်းဝူဖုန်းက လင်းယွမ်ကို ကြည့်လိုက်သည်။
" ငါလည်း အကျိုးအမြတ်တွေ ရခဲ့ပါတယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် စဉ်းစားမရဖြစ်နေသည်။
၎င်းက အရမ်းလွယ်လွန်းနေသည်။ လင်းယွမ်၏ အကြည့်က လှည့်ပတ်သွားပြီး အခြားတောင်ထိပ်မှ လူများကလည်း အကျိုးအမြတ်များ ရရှိခဲ့သည်ကို တွေ့လိုက်ရသည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းလှသည်။
ဤနေရာမှ ဆင့်ကဲပြောင်းလဲသူများက ထင်ရှားသော နောက်ခံများနှင့် မြင့်မားသော အရည်အချင်းများကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် သူတို့ကို စိတ်လှုပ်ရှားစေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ နဝမအလွှာ သို့မဟုတ် ဒသမအလွှာဖြစ်ပေလိမ့်မည်။
ထိုခန္ဓာကိုယ်ထဲမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အားလုံးက ထိုမျှအရည်အသွေးမြင့်မားနိုင်သည်လား။ လူသားမျိုးနွယ်က မရေတွက်နိုင်သော ဆင့်ကဲပြောင်းလခြင်းလမ်းစဉ်များစွာ ရှိသော်လည်း နဝမအလွှာ သို့မဟုတ် ဒသမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ရှားပါးလေသည်။ သို့သော် သူတို့က ထိုခန္ဓာကိုယ်မှ အလွယ်တကူ နားလည်နိုင်လေသည်။
တစ်ရက်ကြာပြီးသောအခါ လင်းယွမ်၊ ကောင်းဝူဖုန်းနှင့် ဇောင်ချိုးကွမ်းတို့က နောက်တစ်ကြိမ် ပြန်လည်စုစည်းလာကြသည်။
" ငါ စပြီးကျင့်ကြံနေပြီ။ " ကောင်းဝူဖုန်းက စတင်ပြောလိုက်သည်။ " ငါ ပိုပြီးကျင့်ကြံလာနဲ့ စိတ်ဝိညာဉ်ဖိအားကို ပိုပြီး ခံနိုင်လာပြီ။ ငါရွေးချယ်တဲ့ လမ်းကြောင်းက မှန်တယ်ထင်တယ်။ "
ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာဆင်ခြင်နေချိန်တွင် သူတို့က ၎င်းမှ ထွက်ပေါ်သော စိတ်ဝိညာဉ်ဖိအားကို ခုခံရလေသည်။ ၎င်းကို လင်းယွမ်သာမက အခြားသူများကလည်း ခံစားရလေသည်။
" ငါလည်း အတူတူပဲ။ " ဇောင်ချိုးကွမ်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူမက သူမကိုသူမ ထူးခြားသည်ဟု ထင်ခဲ့သော်လည်း ကောင်းဝူဖုန်းကလည်း သူမကဲ့သို့ ဖြစ်နေသည်။
" ရှစ်စန်းတောင်ထိပ်သခင် မင်းက ဘယ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်တာလဲ။ " ကောင်းဝူဖုန်းက လင်းယွမ်ကို ကြည့်လိုက်သည်။
၎င်းကို ကြားသောအခါ ဇောင်ချိုးကွမ်းကလည်း လင်းယွမ်ကို အာရုံစိုက်လိုက်သည်။ အရည်အချင်းနှင့် ပါရမီတွင် လင်းယွမ်က သူတို့အထက်တွင် ရှိလေသည်။ သူတို့က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အစကို ရှာတွေခဲ့သောကြောင့် လင်းယွမ်က ဘာမှမရရန် မဖြစ်နိုင်ပေ။
" ငါနည်းနည်းထပ်ကြည့်ဦးမယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ပြောလိုက်သည်။
အခြားဆင့်ကဲပြောင်းလဲသူများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ရှာတွေ့ခဲ့ခြင်းက လင်းယွမ်ကို တစ်စုံတစ်ခု လွဲချောနေသည်ဟု ခံစားရစေသည်။
" ထပ်ကြည့်ဦးမှာလား။ " ကောင်းဝူဖုန်းနှင့် ဇောင်ချိုးကွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မှင်သက်သွားကြသည်။