စိတ်စွမ်းအားအသွင်ပြောင်းလဲခြင်း...
Vol. 20 Ch. 314
" ငါတို့က သူတို့နဲ့မတူဘဲ အခြေခံအုတ်မြစ်ချပြီးပြီ ဆိုတော့ ဒီလိုအလောင်းအစားမျိုး မလုပ်နိုင်တော့ဘူး။ ငါသူတို့ကို တကယ်မနာလိုဖြစ်မိတယ်။ " စတုတ္ထ လူက ပြောလိုက်သည်။
ထိုခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို မကျင့်ကြံနိုင်သူများရှိပြီး အထူးသဖြင့် နဝမအလွှာများ ဖြစ်ကြသည်။ သူတို့က နဝမအလွှာသို့ ရောက်ရန် မရေတွက်နိုင်သော ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့ရပြီး သူတို့၏ အခြေခံအုတ်မြစ် ကျဆင်းသွားလျှင် ပြန်လည်စတင်ရန် ခက်ခဲလေသည်။
ဆဋ္ဌမအလွှာတွင် ဆင့်ကဲပြောင်းလဲသူ၏ စိတ်ဝိညာဉ်နှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့က ပေါင်းစည်းသွားပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲရန် ဖြစ်နိုင်သော်လည်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလေသည်။
" ကဲ ဘယ်သူတွေ ချောချောမွေ့မွေ့ ကျင့်ကြံနိုင်သေးလဲ ကြည့်ရအောင်..." ပထမလူက အောက်မှ ဆင့်ကဲပြောင်းလဲသူများကို စတင်လေ့လာလိုက်သည်။
" ဟမ်..." သူ၏ အကြည့်က တောင်ထိပ်တစ်ခုကို ဖြတ်သန်းသွားချိန်တွင် အံ့အားသင့်သောအကြည့်များ ပေါ်လာသည်။
အခြားသူများကလည်း တောင်ထိပ်ပေါ်မှ လင်းယွမ်ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးက နဝမအလွှာများဖြစ်၏။ အတိအကျပြောရလျှင် ယခုက သူတို့၏ စိတ်အသိများဖြစ်ကြသည်။
တစ်ချိန်ထဲတွင် သူတို့၏ စိတ်အသိများက အပိုင်းပိုင်းခွဲပြီး ကမ္ဘာအသီးသီးမှ ဆင့်ကဲပြောင်းလဲသူများ၏ တိုးတက်မှုများကို စောင့်ကြည့်နေကြသည်။
ထိုခန္ဓကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလွန်ထူးဆန်းပြီး တစ်ခါတစ်ရံ ပြင်ပမှ အစစ်အမှန်ခန္ဓာကိုယ်ကို ထိခိုက်နိုင်စွမ်းရှိလေသည်။
ထို့ကြောင့် နဝမအလွှာ သို့မဟုတ် အနည်းဆုံး အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူများက အချိန်တိုင်း စောင့်ကြည့်ရန် လိုအပ်လေသည်။
အကယ်၍ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မှားယွင်းသော လမ်းကြောင်းကို လျှောက်ပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်လျှင် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ဝင်ရောက်စွက်ဖက်နိုင်လေသည်။ ထိုခန္ဓာကိုယ်အစိတ်အပိုင်းက ပြင်ပကမ္ဘာမှ ဖြစ်ပြီး အလွန်အန္တရာယ်များသောကြောင့် အခတ်မသင့်လျှင် လူသားမျိုးနွယ်၏ ပါရမီရှင်များ ကျဆုံးသွားနိုင်လေသည်။
သို့သော် အခြားနည်းလမ်းမရှိပေ။ ခန္ဓာကိုယ်အစိတ်အပိုင်းကို လူသားမျိုးနွယ်တစ်ခုတည်း ရရှိခဲ့ခြင်း မဟုတ်ပေ။ အင်းဆက်မျိုးနွယ်ကဲ့သို့ အခြားအထွတ်အထိပ်မျိုးနွယ်များလည်း ပါဝင်လေသည်။
ကြီးမြတ်သူများက ထိုနည်းလမ်းကို အသုံးမပြုလျှင် အထွတ်အထိပ်မျိုးနွယ်များထဲမှ တစ်ခုက ကြီးမြတ်သူဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရရှိပြီး ကြီးမြတ်သူတစ်ယောက်ထွက်ပေါ်လာလျှင် စစ်မြေပြင်၏ အခြေအနေကို ထိခိုက်သွားစေနိုင်လေသည်။
ကြီးမြတ်သူတစ်ယောက်တည်းဖြင့် လက်ရှိ အထွတ်အထိပ်မျိုးနွယ်များမှ ထိန်းသိမ်းထားသော ဟန်ချက်ကို ထိခိုက်စေနိုင်လေသည်။
" အဲ့ဒီကောင်လေးက သူနားလည်ထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မကျင့်ကြံသေးဘူးလား။ " ပထမလူက ပြောလိုက်သည်။
ယခု တစ်လနှစ်လကြာပြီးနောက် ဆင့်ကဲပြောင်းလဲသူတိုင်းက ကျင့်ကြံနေကြပြီဖြစ်သည်။ သူတို့က သူတို့နားလည်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံ၍ သူတို့၏ အော်ရာများက ပြောင်းလဲပြီး ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် နီးကပ်သွားကြသည်။
သို့သော် လင်းယွမ်က ယခုအချိန်ထိ ပြောင်းလဲခြင်းမရှိဘဲ သူ၏ ခွန်အားကလည်း ပထမအလွှာတွင်သာ ရှိနေသည်။
" ငါ အဲ့ဒီလူငယ်လေးကို သိတယ်။ သူက ချီခွန်ရဲ့ တပည့်လေးပဲ။ အသက်တစ်ရာမပြည့်ခင် သတ္တမအလွှာကို တက်လှမ်းနိုင်ခဲ့တယ်။ သူ့ရဲ့ ပါရမီက အံ့ဩစရာပဲ။ " လူတစ်ယောက်က လင်းယွမ်ကို လေ့လာရင်း ပြောလိုက်သည်။
" အထူးရုပ်ခန္ဓာနဲ့ သွေးမျိုးဆက်တွေမရှိဘဲ အသက်တစ်ရာမပြည့်ခင် သတ္တမအလွှာကို ရောက်နိုင်တာက တကယ် အံ့ဩဖို့ကောင်းတယ်။ " နောက်ထပ်တစ်ယောက်က ထပ်ပြောလိုက်သည်။
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများဖြစ်သကဲ့သို့ သူတို့က ငယ်စဉ်ကတည်းက ပါရမီရှင်များဖြစ်ကြပြီး အသက်တစ်ရာမပြည့်မီ သတ္တမအလွှာကို ရောက်ရန် မည်မျှခက်ခဲသည်ကို သိကြလေသည်။
စကြာဝဠာထဲမှ အထူးသက်ရှိများနှင့် ယှဉ်လျှင် လူသားများက အားနည်းလေသည်။ လူသားမျိုးနွယ်က လက်ရှိအခြေအနေထိ ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ လူဦးရေအားသာချက်နှင့် ပါရမီရှင်များစွာ မွေးဖွားခဲ့သောကြောင့် ဖြစ်သည်။
" ဒီလိုပါရမီရှင်မျိုးက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ရမယ်။ သူက ဖုံးကွယ်နေတဲ့ အန္တရာယ်ကို သတိပြုမိလို့ မကျင့်ကြံတာလား။ " နောက်ဆုံးတစ်ယောက်က ခန့်မှန်းလိုက်သည်။
လင်းယွမ်၏ နားလည်နိုင်စွမ်းကို သံသယဝင်စရာမလိုသောကြောင့် သူက ကျင့်ကြံရန် ဆန္ဒမရှိဟုသာ ယုံကြည်ကြလေသည်။
" မကျင့်ကြံချင်ဘဲနဲ့ သူက ဒီမှာ ဘာလုပ်နေတာလဲ။ သူ့ရဲ့ စိတ်စွမ်းအားကို သန့်စင်နေတာလား။ "
" အဲ့ဒါလည်း ဖြစ်နိုင်တယ်။ အဲ့လိုပါရမီရှင်တွေအတွက် သူတို့ရဲ့ စိတ်စွမ်းအားက အားနည်းချက်ပဲ။ နည်းနည်းတိုးတက်လာလည်း သူ့အတွက် အကျိုးရှိတယ်။ "
" မဆိုးဘူး။ အဲ့ဒီလူငယ်လေးက သူနားလည်ထားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဆွဲဆောင်မှုကို ခုခံနိုင်တယ်။ "
ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ပြီးသောအခါ ဆင့်ကဲပြောင်းလဲသူများက ခံနိုင်ရည်မရှိသော ဆွဲဆောင်မှုကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုကဲ့သို့ လိုက်လျောညီထွေဖြစ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းဖြင့် ကြီးမြတ်သူ၏ နေရာက သူတို့အား စောင့်ကြိုနေသည်ကို မသိစိတ်က ယုံကြည်နေသည်။ ၎င်းက ခန္ဓာကိုယ်အစိတ်အပိုင်း၏ စွမ်းအားတစ်ခုလည်း ဖြစ်သည်။
သူတို့က VR ကမ္ဘာတွင် မဟုတ်ဘဲ ပြင်ပတွင် ဖြစ်လျှင် နဝမအလွှာများပင် သူတို့ကိုသူတို့ ထိန်းချုပ်နိုင်ရန် ယုံကြည်မှုမရှိပေ။
အခြားဆင့်ကဲပြောင်းလဲသူများက ကျင့်ကြံခြင်းတွင် နစ်မြှုပ်နေကြသော်လည်း လင်းယွမ်က ခက်ခဲသောအခြေအနေတွင် ရှိနေသည်။
အခြားသူများက ကျင့်ကြံနေကြချိန်တွင် သူတို့အပေါ်မှ စိတ်ဝိညာဉ်ဖိအားကလည်း တဖြည်းဖြည်း လျှော့နည်းသွားသည်။ သို့သော် လင်းယွမ်က တူညီသော စိတ်ဝိညာဉ်ဖိအားအောက်တွင် အဆက်မပြတ် ရှိနေခဲ့သည်။
ဖိအားမလုံလောက်လျှင် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပေါင်းစည်းရန် ခွဲခြမ်းစိတ်ဖြာလေသည်။
" တ....လျန်....ပီ...."
တီးတိုးသံများက လင်းယွမ်၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူ၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။
လင်းယွမ်ကလည်း သူ၏ စိတ်ဝိညာဉ်တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး ထိုတုန်ခါမှုအောက်တွင် သူ၏ စိတ်စွမ်းအားက ပို၍ သန်မာလာသည်။ ထိုသန်မာလာမှုက နှေးကွေးသော်လည်း လင်းယွမ်က ၎င်းကို ခံစားမိလေသည်။
" ဟမ်..."
အချိန်အချို့ကြာပြီးနောက် လင်းယွမ်၏ စိတ်စွမ်းအားက အချုပ်အနှောင်မှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နားထဲမှ တီးတိုးသံများကလည်း ရုတ်တရက် ပျောက်ကွယ်သွား၏။
" ငါ့ရဲ့ စိတ်စွမ်းအားက အသွင်ပြောင်းလဲသွားတာလား။ " လင်းယွမ်က ပြုံးလိုက်သည်။
ယခင် စိတ်ဝိညာဉ်ဖိအားကို ခုခံရန် ခက်ခဲသော်လည်း ယခု ရုတ်တရက် လွယ်ကူလာသည်။
" ဒါပေမယ့် စိတ်စွမ်းအားကို ပစ်မှတ်ထားတဲ့ ဖိအားက ငါ့ရဲ့ လေ့လာမှုကို မရပ်တန့်ရင် ဒါမှမဟုတ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ကျင့်ကြံရင် ပိုပြီး ပြင်းထန်လာလိမ့်မယ်။
" အဲ့ဒါဆိုရင်..." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။
" အဲ့ဒါက ငါ့ကို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် တစ်ခု ကျင့်ကြံဖို့ တွန်းအားပေးနေတာပဲ။ " လင်းယွမ်က တွေးလိုက်၏။
" ဒါပေမယ့် ငါမလုပ်နိုင်ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကိုခါလိုက်သည်။
ယခုအချိန်တွင် လင်းယွမ်က ဆင်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၇ခုကို နားလည်ခဲ့ပြီး ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၇ခုက လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် နားလည်မှုကို တိုးတက်စေခဲ့ပြီး နောက်ထပ် ပင်မလေဟာနယ်ပုံစံ ၃ခုကို နားလည်ခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ပို၍ ပြည့်စုံလာသည်။
" ခန အနားယူတာပေါ့။ " စိတ်စွမ်းအား အသွင်ပြောင်းလဲမှုကို ခံစားပြီးနောက် လင်းယွမ်က ပင်ပန်းလာပြီး သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ဆက်သွယ်မှု ဖြတ်တောက်လိုက်သည်။
" ရှားပါးရတနာတွေ ရောက်လာပြီလား။ " လင်းယွမ်က မက်ဆေ့ချ်တစ်ခု လက်ခံလိုက်ရပြီး ချက်ချင်း ထလာသည်။
မကြာသေးမီက လင်းယွမ်က သူ၏ အတွင်းကမ္ဘာကို တည်ငြိမ်စေရန်အတွက် စကြာဝဠာရှားပါးရတနားများကို ဝယ်ယူခဲ့သည်။ ဆင့်ကဲပြောင်းလဲသူများဖွင့်ထားသော အတွင်းကမ္ဘာများက မပြည့်စုံသေးဘဲ အဆက်မပြတ် ရင်းနှီးမြှုပ်နှံရန် လိုအပ်လေသည်။ နိယာမများ၏ မူလစွမ်းအားပါဝင်သော ရှားပါးရတနာများက အတွင်းကမ္ဘာကို ကာကွယ်ပေးပြီး ကမ္ဘာ၏ နိယာမများကို ပို၍ ပြည့်စုံစေသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများကြား တိုက်ခိုက်မှုက အရည်အချင်း၊ လျို့ဝှက်နည်းစနစ်များ၊ နိယာမအပေါ် နားလည်မှုမျာယအပြင် ကမ္ဘာစွမ်းအားပေါ်တွင်လည်း အဓိကမူတည်လေသည်။
လင်းယွမ်က ခန်းမထဲမှ ထွက်ပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။
မကြာမီ အာကာသယာဉ်တစ်စင်း ဆင်းသက်လာပြီး ဝန်ထမ်းတစ်ယောက်က လက်ဆွဲအိတ်တစ်လုံးနှင့် လင်းယွမ်ဆီသို့ ချဉ်းကပ်လာသည်။
" ဒီမှာ လူကြီးမင်းရဲ့ ပစ္စည်းတွေပါ။ ရွှမ်တုန်အဖွဲ့က လူကြီးမင်းရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ " ဝန်ထမ်းက လင်းယွမ်၏ အချက်အလက်များကို စစ်ဆေးပြီးနောက် လက်ဆွဲအိတ်ကို လွှဲပြောင်းပေးလိုက်သည်။
လင်းယွမ်က လက်ဆွဲအိတ်ကို ယူပြီး ခန်းမထဲသို့ ပြန်သွားလိုက်သည်။
" စကြာဝဠာရတနာတွေ..."