စိတ်စွမ်းအားညွှန်းကိန်း ၉၂၃၄....
Vol. 20 Ch. 315
လင်းယွမ်က စကြာဝဠာရတနာသုံးခုကို ဝယ်ယူခဲ့လေသည်။ ၎င်းတို့မှာ မူလမီးတောက်၊ မြေကြီးအဆီအနှစ်နှင့် သဏ္ဍန်မဲ့လေတို့ဖြစ်သည်။
ထိုစကြာဝဠာရတနာများက ကြယ်ရှစ်ပွင့်ရတနာများဖြစ်ပြီး အားလုံးပေါင်း စကြာဝဠာသလင်းကျောက် ၁၆၀၀၀ ကုန်ကျလေသည်။ လင်းယွမ်က ထိုစကြာဝဠာရတနာများကို အဆင့်ခုနှစ်နိုင်ငံသား၏ အခွင့်အရေးများကို မှီခိုပြီး ဝယ်ယူခဲ့ခြင်းဖြစ်သည်။
" အဲ့ဒါတွေက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရမှာပဲ။ " လင်းယွမ်က စကြာဝဠာရတနာသုံးခုကို ကြည့်လိုက်သည်။ ၎င်းတို့ကို ဝယ်ယူခြင်းဖြင့် သူ၏ ချမ်းသာမှုက လေးပုံတစ်ပုံ လျော့ကျသွားခဲ့သည်။
လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး စကြာဝဠာရတနာသုံးခုကလည်း ထိုနေရာတွင် ပေါ်လာသည်။
ခရက်....
စကြာဝဠာရတနာများပါဝင်သော ဖန်ပုလင်းများက ကွဲအက်သွားသည်။
ပထမဆုံး မူလမီးတောက်က ကောင်းကင်တွင် နေလုံးအဖြစ် ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို အလင်းရောင်နှင့် နွေးထွေးမှုများ ပြည့်နှက်သွားစေသည်။
ထို့နောက် မြေကြီးအဆီအနှစ်က မြေကြီးထဲသို့ တိုက်ရိုက်ပေါင်းစပ်သွားပြီး လင်းယွမ်က မြေကြီးမှာ ပို၍ သိပ်သည်းသွားသည်ကို ခံစားလိုက်ရသည်။
နောက်ဆုံး သဏ္ဍန်မဲ့လေက ထွက်ပေါ်လာပြီး လေညင်းများ တိုက်ခတ်လာသည်။
" မဆိုးဘူး။ " လင်းယွမ်က အနည်းငယ် ခေါင်းညိမ့်လိုက်သည်။ " ကမ္ဘာရဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာတာပဲ။ နောက်တစ်ခါ သင့်တော်တဲ့ စကြာဝဠာရတနာတွေ တွေ့ရင် ငါ ထပ်ဝယ်ရမယ်။ "
လင်းယွမ်က ပြုံးလိုက်သည်။ စကြာဝဠာ ရတနာတိုင်းက အတွင်းကမ္ဘာနှင့် ပေါင်းစည်းရန် မသင့်တော်ပေ။ လူတစ်ယောက်၏ အတွင်းကမ္ဘာမှ သီးခြားအခြေအနေများပေါ်တွင်လည်း မူတည်လေသည်။
အချိန်များကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကြာသွားခဲ့သည်။
အချိန်အများစုကို လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာပြီး စိတ်စွမ်းအားအပေါ် ဖိနှိပ်မှုကို ခုခံသကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုးကိုလည်း ခွဲခြမ်းစိတ်ဖြာခဲ့သည်။
" ပင်မလေဟာနယ်ပုံစံ ၁၃၂၅ခု...." လင်းယွမ်က ကျေနပ်နေသည်။
လွန်ခဲ့သော နှစ်ဝက်က ခြောက်ကြိမ်မြောက်ဆင်းသက်ခြင်းပြီးသောအခါ လင်းယွမ်က ပင်မလေဟာနယ်ပုံစံ ၁၂၀၀ကို နားလည်ခဲ့သည်။ ယခု အချိန်တိုအတွင်း သူက ပင်မလေဟာနယ်ပုံစံ တစ်ရာကျော်ကို နားလည်နိုင်ခဲ့သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက လင်းယွမ်ကို များစွာ အထောက်အကူပြုခဲ့သည်။
" ပင်မလေဟာနယ်ပုံစံတွေအပြင် ငါက ပင်မအသက်ပုံစံတွေရဲ့ အသိအမြင်တွေကိုလည်း နားလည်ခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာ ရှိနေပြီး လင်းယွမ်က တစ်ခုစီကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်။
" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ စိတ်အသိက VR ကမ္ဘာမှ ထွက်ပြီး သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုဆောင်းပြီးသွားပြီလား။ " လင်းယွမ်က ခမ်းနားကြီးကျယ်သော ဂိတ်တံခါးကို ကြည့်လိုက်ပြီး အစွန်ပိုင်းဧရိယာက လင်းလက်နေသည်ကို တွေ့လိုက်ရသည်။
ဆိုလိုသည်မှာ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားဖြင့် ခုနှစ်ကြိမ်မြောက် ဆင်းသက်မှုကို စတင်နိုင်ပြီဖြစ်သည်။
" နည်းနည်းထပ်စောင့်ရမယ်။ ဆင်းသက်တာက စိတ်စွမ်းအားကို ဒီလောက်မြှင့်တင်ပေးနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က ခနစဉ်းစားပြီး ဆင်းသက်ခြင်းမပြုသေးရန် ဆုံးဖြတ်လိုက်သည်။
စိတ်စွမ်းအားညွှန်းကိန်းမပြည့်မီ လင်းယွမ်က ဆင်းသက်ခဲ့လျှင်တောင် သူက အဋ္ဌမအလွှာသို့ မတက်လှမ်းနိုင်ဘဲ သူ၏ ခွန်အားက အကန့်အသတ်နှင့် ရှိနေပေလိမ့်မည်။ လင်းယွမ်က အခြေအနေနှင့်အချိန်အခါကို နားလည်လေသည်။ ဆင်းသက်ခြင်းက သူ့ကို ပို၍ သန်မာစေလျှင် ဆင်းသက်သွားမည်ဖြစ်ပြီး ရပ်တန့်ထားခြင်းက သူ့ကို ပို၍ သန်မာစေလျှင် ရပ်တန့်ထားမည်ဖြစ်သည်။
နောက်ထပ်နှစ်နှစ်ကြာသွားခဲ့သည်။ ထိုနှစ်နှစ်အတွင်း လင်းယွမ်က သူ၏ စိတ်စွမ်းအားကို မြှင့်တင်ခြင်းအပြင် ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုလည်း ခွဲခြမ်းစိတ်ဖြာခဲ့သည်။
သူက ရှေ့ဆက်သွားသည်နှင့်အမျှ စိတ်ဝိညာဉ်ဖိအားက ပို၍ ပြင်းထန်လာပြီး သူ၏ နားလည်နိုင်စွမ်းအပေါ် ထိခိုက်လာသည်။
" ဟမ်..." လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းအား လေ့လာခြင်းကို ရပ်တန့်လိုက်သည်။
စိတ်ဝိညာဉ်ဖိအားက ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာချိန်တွင် ထွက်ပေါ်လာပြီး ရပ်တန့်လိုက်သည်နှင့် ပျောက်ကွယ်သွားမည်ဖြစ်သည်။
" ဒီနှစ်တွေမှာ ငါ့ရဲ့ စိတ်စွမ်းအားက သုံးကြိမ်ပြောင်းလဲသွားခဲ့တယ်။ "
လင်းယွမ်က တွေးလိုက်သည်။ ပထမအကြိမ်က လွန်ခဲ့သော နှစ်နှစ်ကျော်မှဖြစ်ပြီး ဒုတိယအကြိမ်က လွန်ခဲ့သော တစ်နှစ်နှင့်နှစ်လလောက်က ဖြစ်သည်။ နောက်ဆုံးအကြိမ်က လွန်ခဲ့သော ရက်အနည်းငယ်မှဖြစ်သည်။ စိတ်စွမ်းအားက သုံးကြိမ် အသွင်ပြောင်းလဲသွားပြီးနောက် လင်းယွမ်က သူ၏ စိတ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာသည်ကို ခံစားခဲ့ရသည်။
" ငါ့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ဘယ်လောက်လဲ ကြည့်ရမယ်။ " လင်းယွမ်က လက်တွေ့ကမ္ဘာသို့ ပြန်သွားလိုက်သည်။
" ခနအနားယူဦးမယ်။ " လင်းယွမ်က စမ်းသပ်မှုကို ချက်ချင်း မပြုလုပ်ခဲ့ပေ။
စိတ်စွမ်းအားက တည်ငြိမ်ခြင်းမရှိပေ။ ဆင့်ကဲပြောင်းလဲသူအပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်သည်။ ယခုအချိန်တွင် လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာပြီး အနည်းငယ် ပင်ပန်းနေသဖြင့် အမှားအယွင်းများ ဖြစ်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောအခြေအနေတွင် စိတ်စွမ်းအားညွှန်းကိန်းကို တိုင်းတာခြင်းက တိကျသော ရလဒ်ကို ထွက်ပေါ်စေနိုင်သည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က အနားယူခြင်းပြီးဆုံးသွားပြီး သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
" ဉာဏ်ပညာနတ်သမီး စိတ်စွမ်းအားညွှန်းကိန်းကို စမ်းသပ်မယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားကို တောင်းဆိုလိုက်သည်။
ဆင့်ကဲပြောင်းလဲသူ၏ စိတ်စွမ်းအားညွှန်းကိန်းကို တိကျသော တိုင်းတာမှုတစ်ခုပြုလုပ်ရန်အတွက် တွက်ချက်မှုဆိုင်ရာ စွမ်းအားအချို့ကို ခွဲဝေပေးရန် နတ်ဘုရားသုံးပါးထဲမှ တစ်ပါးကို လိုအပ်လေသည်။
" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် သင့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို တိုက်ခိုက်ကြည့်ပါ။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
လင်းယွမ်ကလည်း ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း....
ကြောက်စရာကောင်းသော စိတ်စွမ်းအားများက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
ခနကြာသောအခါ စိတ်စွမ်းအားညွှန်းကိန်းရလဒ်က ထွက်ပေါ်လာသည်။
" ဘယ်လောက်လဲ..." လင်းယွမ်က မျှော်လင့်ချက်များနှင့် စိတ်စွမ်းအားညွှန်းကိန်းကို စစ်ဆေးကြည့်လိုက်သည်။
" စိတ်စွမ်းအားညွှန်းကိန်း.... ၉၂၃၄..." လင်းယွမ်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ထွက်ပေါ်လာသည်။
စိတ်စွမ်းအားညွှန်းကိန်းက ၉၂၀၀ ကျော်သွားခဲ့သည်။ ၎င်းက လင်းယွမ်၏ မျှော်လငွချက်ထက် ကျော်လွန်သွားသည်မှာ အမှန်ပင်ဖြစ်၏။ လွန်ခဲ့သော နှစ်နှစ်ကျော်က သူ၏ စိတ်စွမ်းအားညွှန်းကိန်းမှာ ၉၈၄၈သာ ရှိခဲ့သည်။ ထိုစိတ်စွမ်းအားက ဆင်းသက်မှုခြောက်ကြိမ်နှင့် နှစ်တစ်ထောင်ကျော်အတွင်း လင်းယွမ်စုဆောင်းထားသော စိတ်စွမ်းအားဖြစ်သည်။
ယခု နှစ်နှစ်ကျော်အတွင်း တစ်ထောင်ကျော်တိုးလာခဲ့သည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းလှသည်။ အားလုံးသိကြသည့်အတိုင်း စိတ်စွမ်းအားညွှန်းကိန်းက တိုးတက်ရန် ခက်ခဲလှ၏။ လင်းယွမ်၏ နောက်ဆုံးအစီအစဉ်မှာ ဆင်းသက်မှုများ ပြုလုပ်ပြီး ရှည်လျားသော အချိန်အတွင်း သူ၏ စိတ်စွမ်းအားကို စုဆောင်းရန်ဖြစ်သည်။
သို့သော် အဋ္ဌမအလွှာသို့ မရောက်မီ ပင်မလေဟာနယ်ပုံစံများကို နားလည်ရန် ခက်ခဲလာသောကြောင့် ဆင်းသက်မှုများကို ဖြုန်းတီးရာရောက်လေသည်။ ယခု လင်းယွမ်က သတ္တမအလွှာနှင့် ပင်မလေဟာနယ်ပုံစံများကို နားလည်သည်ကပင် မယုံကြည်နိုင်စရာကောင်းနေသည်။ သာမန်အားဖြင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများသာ ပင်မလေဟာနယ်ပုံစံများကို နားလည်နိုင်လေသည်။
" ဒီအတိုင်းဆို ငါ့ရဲ့ စိတ်စွမ်းအားက တစ်နှစ်နှစ်နှစ်အတွင်း တစ်သောင်းကို ရောက်လိမ့်မယ်။ ဒါဆို ငါက အခြားကမ္ဘာကို ဆင်းသက်ပြီး စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်လို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။
စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ပြီးသည်နှင့် လင်းယွမ်က အဋ္ဌမအလွှာသို့ တက်လှမ်းရန် အတားအဆီးမရှိတော့ပေ။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဋ္ဌမအလွှာသို့ တက်လှမ်းရန် လိုအပ်ချက်သုံးမျိုးရှိလေသည်။
ပထမက စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းသို့ ရောက်ရှိရန်ဖြစ်သည်။ ဒုတိယက အဋ္ဌမအလွှာ၏ အခြေခံဖြစ်သော အတွင်းကမ္ဘာကို ဖန်တီးရန်ဖြစ်သည်။ တတိယက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို သတ္တမအလွှာ အထွတ်အထိပ်ထိ ရောက်ရှိရန်ဖြစ်သည်။
သတ္တမအလွှာ ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသူများပင် သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖြည်းညင်းစွာ သန့်စင်ရန် လိုအပ်လေသည်။ ထိုဖြစ်စဉ်က အချိန်များစွာ ကုန်လေသည်။
သို့သော် ထိုလိုအပ်ချက်က လင်းယွမ်အတွက် ကိစ္စမရှိပေ။ အတွင်းကမ္ဘာ၏ အားဖြည့်မှုကြောင့် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ပြည့်စုံနေပြီဖြစ်သည်။
လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်တစ်သိန်းကျော်ရှိပြီး စကြာဝဠာရတနာသုံးခု၏ အားဖြည့်မှုနှင့် သူ၏ အတွင်းကမ္ဘာက အဋ္ဌမအလွှာများနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။