← Chapters

ရှုပ်ထွေးမှုများ၏ အကျိုးဆက်

Vol. 25 Ch. 350

ရှုပ်ထွေးမှုများ၏ အကျိုးဆက်

Vol. 25 Ch. 350

……

အာရန်သည် ရောက်ရောက်ချင်းမှာပင် ကာဒီနယ်ရဟန်းအမတ်များ၏ အထင်သေးသည့် အကြည့်များကို လက်ခံရရှိလိုက်လေ၏။

ဤနေရာတွင် ရှိနေသူတိုင်းသည် သန့်စင်အင်ပါယာ၏ အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသော ကာဒီနယ်ရဟန်းအမတ်များဖြစ်နေခဲ့ကြကာ ပင်မဘုရားကျောင်းအတွက် အမှုတော်ကို ထမ်းရွက်နေကြသူများလည်း ဖြစ်လေသည်။

မိစ္ဆာဂိုဏ်းနှင့် နှိုင်းယှဉ်လျှင်ပင် ဤကာဒီနယ်ရဟန်းအမတ်များသည် ၎င်းတို့၏ အင်အားအကြီးဆုံး ဂိုဏ်းဘိုးဘေးအကြီးအကဲများကဲ့သို့ အစွမ်းထက်သူများဟု သတ်မှတ်နိုင်လေသည်။

“သန့်စင်အင်ပါယာရဲ့ ကာဒီနယ်ရဟန်းအမတ်တွေအားလုံးက ခင်ဗျားတို့လို ကလေးဆန်ကြတာလား ဟင်း ခင်ဗျားတို့ ဘုရားကျောင်းရဲ့ စံနှုန်းတွေကလည်း အတော်ကြီးကို နိမ့်ကျသွားပြီနဲ့ တူပါတယ်”

အာရန်သည် သူတို့၏ ထိုသို့ခနဲ့မှုများကို ဂရုမစိုက်သော်လည်း သူတို့ စကားနာထိုးနှက်မှုများကိုမူ လျစ်လျူမရှုခဲ့ပေ။

အာရန်သည် ထိုသူများအား မကြောက်ပါ။

သူ၏ယခုအခြေအနေသည် ကောင်းမွန်နေခြင်းမရှိသည့်တိုင် သူ၏ ကိုယ်ပိုင်ဟန်ပန်တစ်ခုကိုမူ ထိန်းသိမ်းထားနိုင်နေဆဲ ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ အာရန်သည် ဤနေရာတွင် အနည်းငယ် မောက်မာသမှု ပြုကာ ရင့်သီးသည့် အပြောအဆိုအချို့ ပြုလုပ်မိခဲ့သည်ရှိသော်လည်း တိုက်ပွဲများ ဖြစ်လာနိုင်မည်မဟုတ်ဟုတော့ ယုံကြည်ထာားလေသည်။

သူသည် သန့်စင်ပရောဟိတ်မ၏ အထူးဧည့်သည်တော်အနေဖြင့်ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည့်အတွက် ယခုအချိန်တွင် သူ့ကို တိုက်ခိုက်ရန် စိန်ခေါ်ခြင်းသည် သူတို့အတွက် မိုက်မဲရာရောက်နေပေလိမ့်မည်။

အထူးသဖြင့် သန့်စင်ပရောဟိတ်မကိုယ်တိုင်သူ့အား ခေါ်ဆောင်လာခဲ့သောကြောင့်ပင်တည်း...။

“မင်း”

အာရန်အား အစောပိုင်းက လှောင်ပြောင်ခဲ့သော ကာဒီနယ်ရဟန်းအမတ်များသည် ချက်ချင်း စိတ်ရှုပ်ထွေးသွားကြသည်။

အချို့က အာရန်အား သင်ခန်းစာအနည်းငယ် ပေးလိုဟန်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကြသည်။

သို့သော် သန့်စင်ပရောဟိတ်မ ဂိတ်တံခါးပေါက်မှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင်မူ သူတို့၏ ခြေလှမ်းများကို ထိန်းချုပ်ကာ နောက်သို့ ပြန်ဆုတ်လိုက်ကြ၏။

“အရှင်မ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”

ကာဒီနယ်ရဟန်းအမတ်များအားလုံးသည် သန့်စင်ပရောဟိတ်မအား လေးစားသမှုဖြင့် ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

သန့်စင်ပရောဟိတ်မသည် ခေါင်းငြိမ့်ပြရုံမျှသာ ပြန်လည်ပြုမူခဲ့ပြီး အာရန်နှင့် အခြားသူများကို စတင်မိတ်ဆက်ပေးလိုက်သည်။

“သူတို့က မိစ္ဆာဂိုဏ်းကပါ သူတို့ရဲ့ သံတမန်တွေ ပျောက်ဆုံးသွားမှုကို စုံစမ်းဖို့ ဒီကို ရောက်လာခဲ့ကြတာပါ ထရီနီယယ် နင်က သူတို့ကို တာဝန်ယူပြီး ညွှန်ကြားပေးရမယ်”

“အရှင်မ အလိုတော်အတိုင်းပါပဲ”

ထိုနေရာတွင် အတည်ငြိမ်ဆုံးဖြစ်နေခဲ့သော ကာဒီနယ်ရဟန်းအမတ်သည် သူရရှိလိုက်သော တာဝန်ကို လက်ခံရယူလိုက်ပြီး ပရောဟိတ်မအား ပြန်လည်တုံ့ပြန်လိုက်၏။

သန့်စင်ပရောဟိတ်မသည် အမှန်တကယ် မည်သို့ပြုမူလိုနေသည်ကို သူသည်ကောင်းစွာ သိရှိထားပြီးသားဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ယခင်သံတမန်များ ပျောက်ဆုံးမှုတွင် သူလည်း ပါဝင်ပတ်သတ်နေခဲ့သောကြောင့်ပင်တည်း။

ဤနေရာတွင် သန့်စင်ပရောဟိတ်မကို အားလုံးထက်ပို၍ နားလည်ထားသူမှာ ထရီနီယယ်ပင် ဖြစ်လေ၏။

“အရာအားလုံးကို အကျွန်ုပ်ကောင်းစွာ ကိုင်တွယ်လိုက်ပါ့မယ်”

သူ၏ စကားများအတွင်း၌ ဝှက်ထားသောအဓိပ္ပာယ်တစ်ခု ရှိနေခဲ့သည်။

“ကျွန်မ ရှင့်ဆီကနေ အကောင်းဆုံးတွေ မျှောင်လင့်နေမယ်”

သန့်စင်ပရောဟိတ်မသည် ခေါင်းတစ်ချက် ငြိမ့်ပြပြီးနောက် အာရန် ဘက်သို့ လှည့်လိုက်သည်။

“ရှင် ဒီကို စုံစမ်းဖို့လာတာဖြစ်လို့ ထရီနီယယ်က ရှင့်ကို အရာရာ လမ်းပြပေးလိမ့်မယ် လိုအပ်တာမှန်သမျှ သူ့ကို ပြောလို့ရပါတယ်”

“ဒါဆို အရှင်မကို ကျွန်တော်တို့ ထပ်မတွေ့ရတော့ဘူးပေ့ါ”

ထိုအရာသည် အာရန် မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်၏။

သို့သော် အာရန်သည် သူ၏ တာဝန်ကို တခြားတစ်ယောက်ဆီ လွှဲပြောင်းပေးပြီး ရှောင်ထွက်သွားရန် ကြိုးစားနေပုံရတဲ့ သန့်စင်ပရောဟိတ်မအား မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်မမှာ တခြားကိစ္စ ကိုင်တွယ်စရာတွေ ရှိနေသေးပါတယ်”

သန့်စင်ပရောဟိတ်မသည် အာရန်၏အမေးကို ပြန်ဖြေလိုက်ကာ တစ်ချက်ပင် လှည့်ပင်မကြည့်တော့ဘဲ သူမပုံရိပ်သည် ရုတ်တရက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

...

သူမသည် မကြာမီမှာပင် နတ်ဘုရားမ၏ ရုပ်ထုတည်ရှိရာ ခန်းမတစ်ခုအတွင်း၌ ပြန်ပေါ်လာခဲ့သည်။

ဤသည်မှာ သူမတစ်ဦးတည်းသာ ဝင်ရောက်နိုင်သည့် သီးသန့်အခန်းတစ်ခု လည်းဖြစ်လေသည်။

သူမသည် မည်သူမျှ ရောက်မလာနိုင်သော ထိုအခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူမ၏ မျက်နှာပေါ်မှ တည်ငြိမ်မှုများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ဤနေရာတွင် သူမသည် သူမ၏ မူလအစစ်အမှန်ပုံစံကို ဟန်ဆောင်စရာမလိုပဲ ထုတ်ဖော်ပြသနိုင်လေ၏။

သူမသည် နတ်ဘုရားမ၏ ရုပ်ထုရှေ့တွင် ထိုင်ချလိုက်ပြီး ရုပ်ထု၏ နဖူးတည့်တည့်တွင် တည်ရှိနေသော ရတနာတစ်ခုဆီမှ ထွက်ပေါ်လာသည့် မြင့်မြတ်သော အလင်းရောင်အောက်မှာပင် သူမဆီမှ မျိုသိပ်ထားသောစကားလုံးအချို့ ပွင့်အန်ထွက်လာခဲ့သည်။

ဝါးမြိုသူနှင့် ဝိညာဥ်လမ်းလျှောက်သူတို့၏ ရုတ်တရက် ပေါ်ထွက်လာခြင်းများက သူမကို အတော်ပင် အံ့အားသင့်စေခဲ့သည်။

သူမသည် အာရန်အား ဝါးမြိုသူဟု အစောပိုင်းက ထင်ခဲ့မိသော်လည်း ယခုမူ သူမ သည် ထိုအရာကို မသေချာတော့ပေ။

အကယ်၍ အာရန်သည်သာ ဝါးမြိုသူအစစ်အမှန်ဆိုလျှင် ဖန်းယုသည် မည်သို့ သတိမပြုမိဘဲ နေမည်နည်း။

သူမသည်လည်း ဝါးမြိုသူအား အသဲအသန်လိုက်ရှာခဲစဥ်က ပါဝင်ခဲ့သူတစ်ဦးပင် မဟုတ်ပါလော...။

အာရန်အပေါ် သူမ၏ သံသယများ လျော့နည်းသွားသော်လည်း ဝိညာဥ်လမ်းလျှောက်သူသည် ဝါးမြိုသူဖြစ်ရမည်ဟုတော့ သူမ လုံးဝယုံကြည်ထားဆဲ ဖြစ်လေသည်။

၎င်းသည် ဝါးမြိုသူလက်ထဲတွင် အတုအယောင် ပရောဟိတ်မနှင့် ပင်လယ်နဂါးဧကရီတို့ နှစ်ဦးစလုံး ရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလော....။

ထို့ထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုမှာ ဝါးမြိုသူကိုယ်တိုင် ယူဆောင်လာသော ဓားမြှောင်ပင်ဖြစ်၏။

သန့်စင်ပရောဟိတ်မသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပွင့်လင်းစွာပင် အရှိအတိုင်း ပြန်လည် ပြောပြနေခဲ့သည်။

သူမသည် မိမိကိုယ်ကိုယ် ပြန်လည် ပြောဆိုနေသည်နှင့်ပင်ပို၍ တူနေသည်။

သို့သော် သူမအားရအောင်ပြောပြီးသွားသောအခါ ရုပ်ထုဘက်သို့ လှည့်ကြည့်လိုက်ကာ “နင် ဘယ်လိုထင်လဲ” ဟု မေးလိုက်၏။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သန့်စင်ပရောဟိတ်မသည် သက်ပြင်းတစ်ချလိုက်မိသည်။

“အဲဒါကို ငါသိနေခဲ့ရင် နင်ကို ဘာလို့မေးနေတော့မှာလဲ ခုကိစ္စတွေကနေ အကြောင်းအကျိုးဆက်စပ်ကြည့်ပြီး ဘာတွေဖြစ်သွားခဲ့လဲဆိုတာ နင် မမြင်နိုင်ဘူးလား”

နောက်ထပ်တစ်ကြိမ် အချိန်အတော်ကြာသည်အထိ ထပ်မံ တိတ်ဆိတ်သွားခဲ့ပြန်၏။

ထိုတိတ်ဆိတ်မှုသည် အချိန်တစ်ခုကြာသောအခါ သန့်စင်ပရောဟိတ်မ၏ ဒေါသကြောင့် ထွက်ပေါ်လာသောအသံတစ်ခုကြောင့် ပျက်စီးသွားခဲ့သည်။

“ဒါက နင်ဘာကိုဆိုလိုတာလဲ ဒီကမ္ဘာမှာ.... ဒီဖြစ်ရပ်တွေရဲ့ အကျိုးဆက်တွေက ဘယ်လောက်တောင် ရှုပ်ထွေးလွန်းနေလို့ နင်တောင် မမြင်နိုင်ရတာလဲ”

.....

“ဒီကိစ္စက တကယ်ကို ရှုပ်ထွေးလွန်းတယ် သေခြာတွေးကြည့်ရအောင် နစ်ခရိုမန်ဆာမျှော်စင်ကသာ ဒီလိုမျိုး အမှန်တကယ် လုပ်ခဲ့တာဆိုရင် သူတို့က တကယ်ကို ဆင်ခြင်တုံတရားအားလုံးကို ဆုံးရှုံးသွားကြလို့ပဲဖြစ်ရမယ်”

ထရီနီယယ်သည် အာရန်အား သန့်စင်ဘုရားကျောင်းအတွင်း တစ်နေရာသို့ ခေါ်ဆောင်သွားရင်း သံတမန်များ ပျောက်ဆုံးမှုအကြောင်း ပြောနေခဲ့သည်။

“ဒီလိုမျိုးသာ ဖြစ်မယ်မှန်း သိခဲ့ရင် သံတမန်တွေကို သွားရောက်ခေါ်ဆောင်ဖို့ ကျွန်ုပ်တို့ရဲ့ လူတွေကို ကြိမ်းသေလွှတ်ပေးခဲ့မိမှာပါ ကျွန်ုပ်တို့ဘက်က ပေါ့ဆသလိုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို နောင်တရမိပါတယ်” ဟု စိတ်မကောင်းဟန်ဖြင့် ဆက်လက်ပြောပြနေခဲ့၏။

အာရန်သည် ထိုကာဒီနယ်ရဟန်းအမတ်၏ စကားများကို နားထောင်နေရုံသာဖြစ်ပြီး အနည်းငယ်မျှပင် စိတ်ဝင်စားမှု မရှိခဲ့ပေ။

ဖြစ်နိုင်လျှင် ယခုအချိန်တွင် သူ၏ ခေါင်းတစ်ခြမ်းလုံးသည် လွန်စွာ ကိုက်ခဲနေသောကြောင့် တိတ်တဆိတ် တစ်ယောက်တည်းနေခွင့်လေး ရရန်ကိုသာ တစ်ချိန်လုံး တောင်းတနေခဲ့ မိလေသည်။

အနာကျက်ဆေးဝါးအချို့သောက်သုံးပြီးနောက် အာရန်သည် အလွန်အမင်း အိပ်ချင်နေခဲ့ပြီး ထိုအရာ၏သက်ရောက်မှုအနေဖြင့် နာကျင်မှုအချို့ကိုမူ တောင့်ခံနိုင်ခဲ့၏။

“သံတမန်တွေလိုက်ပါလာတဲ့ သင်္ဘော အကြွင်းအကျန်တွေ နောက်ဆုံးတွေ့ရှိခဲ့တဲ့ နေရာကို ခေါ်သွားပေးရမလား အဲဒါက မြောက်ပိုင်းတိုက်ကြီးရဲ့ နယ်မြေနဲ့ အရမ်းနီးစပ်တဲ့အတွက် ကျွန်တော်တို့ အထူးသတိထားပြီး မြန်မြန်ဆောင်ရွက်ဖို့တော့ လိုအပ်ပါလိမ့်မယ်”

ထရီနီယယ်က အာရန်အား ထိုသံတမန်များနောက်ဆုံး တွေ့ရှိခဲ့ရာ နေရာသို့ သွားချင်မလားဟု မေးမြန်းလိုက်သည်။

“အလျင်လိုစရာမလိုပါဘူး ဒါနဲ့ ကျုပ်တို့အခန်းတွေက ဘယ်မှာလဲ ဖြစ်နိုင်ရင်တော့ အခုလောလောဆယ် ခဏ‌လောက် အနားယူချင်သေးတယ်”

ထရီနီယယ်သည် သူ၏ လေလုံးထွားနေခြင်းအား တော်တော်နှင့် ရပ်တန့်မည့်ပုံ မရသောကြောင့် အာရန်တစ်ယောက် သည်းမခံနိုင်တော့ပဲ နောက်ဆုံးတွင် စကားဖြတ်ပြောလိုက်မိလေသည်။

“ဪ ခင်ဗျားတို့အခန်းတွေကို နန်းတော်အတွင်းမှာ စီစဉ်ပေးထားပါတယ် ခင်ဗျားတို့က ကျွန်ုပ်တို့ရဲ့ ဧည့်သည်တွေဖြစ်ပေမယ့် ဘုရားကျောင်းမှာလည်း သူ့စည်းမျဉ်းနဲ့သူ ရှိပါတယ် ပြင်ပလူတွေကို ဒီမှာ တည်းခိုခွင့်ပြုလို့ မရလို့ပါ”

ထရီနီယယ်က ပြတင်းပေါက်နားတွင် ခဏရပ်ရင်း အာရန်အား ပြန်လည် ရှင်းပြလိုက်သည်။

ပြတင်းပေါက်မှနေ၍ အပြင်ဘက်ရှိ အလွန်ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို တစ်ပိုင်းတစ်စခန့် မြင်တွေ့နိုင်လေသည်။

ထောင်နှင့်ချီသော လူအုပ်ကြီးသည် ဖရေယာနတ်ဘုရားမ၏ ဘုရားကျောင်းရှေ့တွင် စုဝေးရောက်ရှိနေကြပြီး သူတို့ထဲမှ အတော်များများသည် သူတို့၏ မွေးကင်းစ ကလေးငယ်များကို နတ်ဘုရားမဆီမှ ပထမဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိနိုင်စေရန် ခေါ်ဆောင်လာခဲ့ကြသည်။

ကလေးများကို ၎င်းတို့၏ မိခင်များကပင် ပွေ့ချီခွင့်မရသေးမီ မိသားစုဝင်များက ဤနေရာသို့ ဦးစွာခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်၏။

ထို့ထက်ပို၍ အခြားများစွာသော လူများပြည့်နှက်နေသည့် လူအုပ်ကြီးမှာမူ သန့်စင်ပရောဟိတ်မအား တစ်ကြိမ်မျှ မြင်တွေ့လိုရုံ သက်သက်ဖြင့် လာ‌ရောက်ကြခြင်းဖြစ်ကာ ၎င်းတို့၏ နတ်ဘုရားမအပေါ် ရိုသေကိုင်းရှိုင်းမှုသည် မည်မျှ ပြင်းထန်သည်ဆိုကြောင်း ထိုအရာကပင် သက်သေပြလျက်ရှိသည်။

ဤမြင်ကွင်းများကို ကြည့်ရင်း အာရန်သည် သန့်စင်မြို့တော်၏ လည်ပတ်ပုံနှင့် ပတ်သက်၍ ပိုမိုနားလည်လာခဲ့သည်။

၎င်းသည် တောက်ပသော အလင်းအောက်တွင် တည်ရှိနေပုံရသော်လည်း အမှန်တွင်မူ မှောင်မိုက်မှုများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုလည်း ဖြစ်လေ၏။

“ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အထူးဧည့်သည်တော်တွေဖြစ်တဲ့ ခင်ဗျားတို့အတွက် နန်းတော်အတွင်းမှာတော့ အထူးပြင်ဆင်မှုတွေ အားလုံးကို လုပ်ထားပြီးပါပြီ” ဟု ထရီနီယယ်က ထပ်လောင်းပြောဆိုလိုက်သည်။

“ဝေးကွာတဲ့အရပ်ကနေ တကူးတကလာရောက်ခဲ့ကြတဲ့ ဒီက မိတ်ဆွေတော်ကြီးတွေကို ကြိုဆိုဖို့အတွက် သန့်စင်ဧကရာဇ်ကိုယ်တိုင် စီစဉ်ပေးထားသော ကြိုဆိုပွဲတစ်ခုလည်း ရှိနေပါတယ်”

#Catfoot

All Chapters