← Chapters

ဘဝသစ်

Vol. 25 Ch. 352

ဘဝသစ်

Vol. 25 Ch. 352

...

သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ရှုပ်ထွေးသည့် အတွေးများကို ငြိမ်သက်စေရန် အသက်ကို ခပ်ပြင်းပြင်းလေးတစ်ချက် ရှူထုတ်လိုက်သည်။

သူသည် ဝတ္ထုလောကထဲသို့ အမှန်တကယ်ရောက်ရှိသွားခဲ့ခြင်းဆိုပါက သူလက်ခံထားသည့် ယုတ္တိဗေဒသဘောတရားများသည် ယခုနေရာတွင် အသုံးမဝင်တော့ပေ။

ဤကမ္ဘာတွင် ရှင်သန်နိုင်ရန် အရာရာနှင့် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ရမည် ဖြစ်လေ၏။

သူသည် လက်ရှိဘဝကို သဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် ဘာလုပ်ရမည်ကို လည်း သဘောပေါက်လိုက်သည်။

ဤကမ္ဘာတွင် သူ့အတွက် ဆက်လက် ရှင်သန်နိုင်ရန် နည်းလမ်းတစ်ခုခု ရှာဖွေရမည် ဖြစ်လေသည်။

သူသည် သူ၏ မူလကမ္ဘာသို့ ပြန်သွားနိုင်ရန်အတွက်မူ သူလုံးဝ ဂရုမစိုက်တော့ပေ။

ဤကမ္ဘာတွင် သူလိုချင်သည့်အရာမှန်သမျှ ရရှိနိုင်လေသည်။

ဤနေရာတွင် သူစိမ်းများ၏ စက်ဆုပ်ရွံရှာဖွယ် အကြည့်များကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။

ဤကမ္ဘာတွင် သူသည် အလွန်ချောမောလှပသည့် ရုပ်ရည်ကိုပင် ပိုင်ဆိုင်ထားခဲ့လေသည်။

ထို့ထက် ပို၍အရေးကြီးသည်မှာ ဤကမ္ဘာတွင် သူသည် ဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်ကို ရယူထားနိုင်ခြင်းဖြစ်၏။

သူသည် ချက်ချင်းပင် ယခုရင်ဆိုင်ရမည့် အခြေအနေများအပေါ်တွင် အာရုံပြန်စိုက်လိုက်သည်။

တံခါးအပြင်ဘက်မှ သတိပေးသံအရ အရှေ့တိုက်မှဧည့်သည်တော်သံတမန်များနှင့် ကာဒီနယ်ရဟန်းအမတ်တစ်ဦး ဤနေရာသို့ လာရောက်နေကြောင်း သိရှိလိုက်ရသည်။

သူ၏ ယခုဝတ္ထုထဲတွင် သူကပြရမည့် ဇာတ်ကောင်သည် သန့်စင်ဧကရာဇ်ကိုယ်တိုင်ပင် ဖြစ်ကြောင်း အနည်းငယ် မှတ်မိလိုက်၏။

သို့သော် သူသည် အာဏာအနည်းငယ်သာ ရှိနေသော သာမန်ရုပ်သေးဘုရင်တစ်ပါးသာ ဖြစ်ပြီး မကြာမှီအချိန်တွင် အရေးပါသော ကြိုဆိုပွဲ အခမ်းအနားတစ်ခုလည်း စတင်တော့မည် ဖြစ်သည်။

သူဖတ်ထားမိခဲ့သော ဝတ္ထုထဲမှ ဇာတ်လမ်းအရ ဤ ဧကရာဇ်ဇာတ်ကောင်သည် မကြာမှီအချိန်အတွင်း ကြောက်မက်ဖွယ်ရာ အဆုံးသတ်တစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်၏။

ယခု သူသည် ထိုနေရာကို ရယူထားပြီသား ဖြစ်နေသောကြောင့် သူနှင့်အတူပါလာသည့် ဤဇာတ်လမ်းအား ကြိုတင်သိရှိထားချက်များဖြင့် ထိုကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည်ဟု ယုံကြည်မိလိုက်သည်။

သူ၏ကိုယ်ပိုင်အနာဂတ်အတွက် သန့်စင်ဧကရာဇ်၏ ကံကြမ္မာကို သူကိုယ်တိုင်ပင် ပြောင်းလဲပစ်ရမည်ဖြစ်လေသည်။

မှန်ကန်သော ဦးတည်ချက်သို့လျှောက်လှမ်းရန် ပထမဆုံးခြေလှမ်းမှာ အရှေ့ပိုင်းတိုက်ကြီးမှ ထိုသံတမန်များကို လက်ခံတွေ့ဆုံခြင်းပင်ဖြစ်၏။

ထိုဝတ္ထုအား မှတ်မိထားသလောက်ဆိုလျှင် ထိုအရာသည် ယခင်ဧကရာဇ် ကျရှုံးခြင်း၏ နောက်ကွယ်မှ ပထမဆုံးရွေ့ကွက်တစ်ခုပင် ဖြစ်လေမည်။

သူလုပ်ဆောင်ရမည်မှာ ယခု ထိုထောင်ချောက်အတွင်းသို့ မကျရောက်သွားစေရန်ပင် ဖြစ်သည်။

“ကဲပါလေ ခြေလှမ်းတစ်လှမ်းချင်းစီပဲ လှမ်းကြည့်ရအောင်” ဟု သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ပထမဆုံး ဒီကမ္ဘာက ငါမှတ်မိထားတာနဲ့ တကယ်ပဲ တူညီရဲ့လားဆိုတာ အတည်ပြုဖို့လိုအပ်တယ်”

သူသည် တံခါးဆီသို့ ချဉ်းကပ်သွားလိုက်ပြီး ဆွဲဖွင့်လိုက်ရန် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ထပ်မံရှူထုတ်လိုက်၏။

အပြင်ဘက်တွင် ကောင်းမွန်စွာ ဝတ်ဆင်ထားသော အစေခံတစ်ဦးသည် သူ့ကိုမြင်လိုက်သည်နှင့် ရိုသေစွာ ဦးညွှတ်ပြသည်။

“အရှင်မင်းကြီးခင်ဗျာ အရှေ့ပိုင်းတိုက်က သံတမန်တွေ ပင်မခန်းမဆောင်မှာ စောင့်နေကြပါတယ် ကာဒီနယ်ရဟန်းအမတ်ကြီး ထရီနီယယ်လဲ အတူပါလာပါတယ် ကျွန်တော်မျိုး အရှင်မင်းကြီးကို လိုက်ပို့ပေးပါ့မယ်”

“အေး မင်း ရှေ့ကသွားနှင့်”

စိတ်လှုပ်ရှားမှုများကြားမှပင် သူ့ကိုယ်သူ ပြန်ထိန်းရင်း ထိုအစေခံကို အမိန့် ပေးလိုက်သည်။

သူသည် အစေခံ၏ နောက်မှနေ၍ နန်းတော်၏ စင်္ကြံလမ်းများအတိုင်း လျှောက်သွားနေရင်း အသေးစိတ်အချက်အလက်တိုင်းကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားနေမိခဲ့၏။

ဤ ခမ်းနားထည်ဝါမှု အငွေ့အသက်များ လွှမ်းခြုံနေသည့် စင်္ကြံလမ်းများကို အကြိမ်ပေါင်းများစွာ လျှောက်ဖူးသကဲ့သို့ ထူးဆန်းစွာ ရင်းနှီးနေသည်ဟု ခံစားနေရခြင်းသည် ဝတ္ထုအား သေခြာစွာဖတ်ရှုထားခဲ့ခြင်းကြောင့် ဖြစ်နိုင်မည်ဟု ခန့်မှန်းမိလိုက်သည်။

သူသည် ထိုဝတ္ထုအား အသေးစိတ်သေခြာစွာ ဖတ်ရှုထားခဲ့ရာ ထိုအထဲမှ စာသားများသည် အပြင်မှာတကယ် အသက်ဝင်လာသည်နှင့်ပင်တူညီနေခဲ့၏။

အရာအားလုံးသည် တစ်ချိန်တည်းမှာပင် အလွန်အံ့သြဖွယ်ကောင်းနေခဲ့ပြီး တကယ့်အစစ်အမှန်တစ်ခုကဲ့သို့ ခံစားနေရသည်။

ခမ်းနားသော မြင်ကွင်းများအတွင်းသို့ ပို၍ စူးစမ်းမိလာလေလေ ဝတ္ထု၏ ဤအပိုင်းများကို သူပို၍ မှတ်မိလာလေလေ ဖြစ်နေခဲ့သည်။

ဤသို့ဖြင့် ပင်မခန်းမဆောင်သို့ ရောက်ရှိသွားသောအခါ သူဖတ်ထားခဲ့မိသည့် အခန်းတစ်ခန်းမှ တိုက်ရိုက် မြင်ကွင်းတစ်ခုဖြင့် ကြိုဆိုခြင်း ခံလိုက်ရသည်။

၎င်းသည် တော်ဝင်နန်းတော်၏ အရေးပါသော ဧကရာဇ်၏ ရာဇပလ္လင်တည်ရှိရာ ပင်မခန်းဆောင်ကြီး တစ်ခုလည်း ဖြစ်လေ၏။

ထိုနေရာတွင် သန့်စင်အင်ပါယာ၏ ဝန်ကြီးများအတွက်လည်း ထိုင်ခုံများ စီစဉ်ထားရှိပြီး အများစုမှာ သန့်စင်ဘုရားကျောင်းကို သစ္စာခံထားကြသူများဖြစ်ပြီး အနည်းငယ်ခန့်သာ ဧကရာဇ်ကို သစ္စာခံထားကြလေသည်။

ပုံမှန်အားဖြင့် ထိုထိုင်ခုံများကို ဝန်ကြီးများက ယူထားကြခြင်းဖြစ်ပြီး စစ်ပိုင်းဆိုင်ရာ ကာကွယ်ရေးဝန်ကြီးသည် ရှေ့ဆုံးထိုင်ခုံတွင် အမြဲတစေ နေရာယူလေ့ရှိသည်။

သို့သော် လက်ရှိတွင်မူ ထိုင်ခုံများပေါ်တွင် မတူညီသော လူများထိုင်နေကြလေသည်။

ရာဇပလ္လင်၏ ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေသောသူသည် သူ၏ မှတ်ဉာဏ်အတွင်း အနည်းငယ် ရင်းနှီးနေပုံရလေသည်။

ထိုသူကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ်သော်လည်း ဧကရာဇ်သည် ထိုသူမှာ သန့်စင်ဘုရားကျောင်း၏ ကာဒီနယ်ရဟန်းအမတ်တစ်ဦးဖြစ်သူ ထရီနီယယ်ဖြစ်ကြောင်း တန်း၍ မှတ်မိလိုက်သည်။

ထိုလူ၏ ရုပ်ရည်သွင်ပြင်သည် ကာဒီနယ်ရဟန်းအမတ်တစ်ပါးပုံစံနှင့် လုံးဝကို ကိုက်ညီနေခဲ့သည်။

ထိုလူသည် အပြင်ပန်းတွင် နှစ်လိုဖွယ်အပြုံးတစ်ခုကို ဖော်ဆောင်ထားကာ တည်ငြိမ်အေးဆေးသူတစ်ဦးဟု ထင်ရသော်လည်း အမှန်တကယ်ထို ထရီနီယယ်ဆိုသူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို သူသည် ကောင်းစွာ သိရှိထားသောကြောင့် စိတ်အတွင်းကြိတ်၍ ရွံ့ရှာကြောက်ရွံ့စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။

အခြားကာဒီနယ်ရဟန်းအမတ်များပင် ထရီနီယယ်၏ အစစ်အမှန် ရာထူးအဆင့်အတန်းကို သိမထားကြပေ။

သူတို့သည် ထိုထရီနီယယ်ဆိုသူအား သန့်စင်ပရောဟိတ်မ၏ ယုံကြည်မှုများကို ပိုမို ရရှိထားသော သာမန်ကာဒီနယ်ရဟန်းအမတ်တစ်ဦးသာ ဖြစ်သည်ဟု ထင်မှတ်ကြသည်။

အနည်းဆုံးတော့ ဝတ္ထုတွင်း၌လည်း အစပိုင်းတွင် ထိုသူအား ထိုသို့ဖြစ်အောင် ပင် ဖန်တီးထားခဲ့သည်။

ဝတ္ထု၏ နောက်ပိုင်းအခန်းများတွင်မှ ထိုထရီနီယယ်ဆိုသူ၏ အရေးပါမှုအား တဖြည်းဖြည်းချင်း ပိုမို၍ တစ်စတစ်စ ဖော်ပြလာခဲ့ခြင်းဖြစ်၏။

ကာဒီနယ်ရဟန်းအမတ်များကြားတွင်ပင် ထရီနီယယ်သည် အရက်စက်ဆုံး နှင့် အကောက်ကျစ်ဆုံးသူဟု ခေါ်ဆိုနိုင်လေသည်။

သူ၏ တည်ငြိမ်အေးဆေးပြီး အပြစ်ကင်းစင်သော အပြင်ပန်းသွင်ပြင်၏ နောက်ကွယ်တွင် တကယ့်ကို သွေးဆာ၍ ကြမ်းကြုတ်‌သောပုံစံအစစ်အမှန်တစ်ခု ကို ဖုံးကွယ်ထားခဲ့သည်။

‘ဟေ့ နေပါဦး ဒါက နည်းနည်း ကွဲပြားမနေဘူးလား..’

သန့်စင်ဧကရာဇ်သည် ထရီနီယယ်ဘေးတွင်ထိုင်နေသော အရှေ့ဘက်တိုက်ကြီး၏ ဝတ်စုံများ ဝတ်ဆင်ထားသော လူများကို ငုံ့ကြည့်လိုက်သည်။

သူမှတ်မိသလောက်ဆိုပါက ယခုအချိန်တွင် မိစ္ဆာဂိုဏ်းမှ သံတမန်တစ်ဦးသာ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

ယခုမူ အဘယ်ကြောင့် သုံးယောက်တောင် ဖြစ်သွားခဲ့ရသနည်း။

ထို့အပြင် ထိုသုံးဦးအနက် နှစ်ဦးသည်သာ မိစ္ဆာဂိုဏ်း၏ မဟာအကြီးအဲများကို ကိုယ်စားပြုသော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။

အာရန်သည် ယောက်ျားတစ်ဦး ဖြစ်သောကြောင့် ဧကရာဇ်သည် သူဖတ်ထားခဲ့သော ဝတ္ထုအတွင်းမှ ကိုယ်စားလှယ်မဟုတ်ဟု ချက်ချင်းတန်း သိလိုက်သည်။

အမှန်တကယ်ရောက်လာရမည့် ကိုယ်စားလှယ်သည် အမျိုးသမီးတစ်ဦး ဖြစ်သင့်လေသည်။

သူသည် အခြားမဟာအကြီးအကဲတစ်ဦးဆီသို့ အာရုံပြောင်းလိုက်ရာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။

‘လာရောက်တဲ့ ကိုယ်စားလှယ်က မျက်နှာဖုံးပဝါပါးလေးတပ်ဆင်ထားတဲ့ အလွန်လှပတဲ့ အမျိုးသမီးတစ်ဦး မဟုတ်ဘူးလား သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုတောင် ဝတ္ထုထဲမှာ အသေးစိတ် ဖော်ပြထားခဲ့သေးတာ သေချာပါတယ်’

‘သူမက ခုလက်ရှိမှာကျ ဘာလို့ ကလေးတစ်ယောက်လို ဖြစ်နေရတာလဲ ငါဖတ်ခဲ့တာနဲ့ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ ဒါမှမဟုတ် ငါပဲ ဖတ်ထားတဲ့ ဝတ္ထုတွေ ရောသွားတာများလား’

ဧကရာဇ်သည် ခပ်တန်တန်ဖြစ်နေပုံရပြီး စကားတစ်ခွန်းမျှပင် မဆိုဘဲ သူ၏ ရာဇပလ္လင်ရှိရာဆီသို့သာ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားရင်း သူ၏ အကြည့်မှာ အာရန်နှင့် ဇီယာနှစ်ယောက်ကြားတွင် ဟိုပြောင်း ဒီပြောင်းဖြစ်နေခဲ့၏။

ကာဒီနယ်ရဟန်းအမတ်တစ်ဦးဖြစ်သူ ထရီနီယယ်သည် မနေသာတော့ပဲ ထရပ်၍ ဧကရာဇ်အား အရိုအသေပေးကာ စတင်နှုတ်ဆက်လိုက်လေသည်။

“အရှင်မင်းကြီးခင်ဗျာ ကျန်းမာတော်မူပါစ”

သူသည် အနည်းငယ် ဦးညွှတ်ရင်း နှုတ်ဆက်လိုက်သည်။

“သံတမန်တွေကို အရှင် အလိုရှိတဲ့အတိုင်း ကျွန်ုပ် ဒီကို ခေါ်ဆောင်လာခဲ့ပါပြီ အရှင့်ဘက်ကလဲ လိုအပ်တဲ့ စီစဉ်မှုတွေအားလုံး ပြုလုပ်ပြီးပြီလို့ မျှော်လင့်ပါတယ်”

‘ငါအလိုရှိတဲ့ အတိုင်းပဲဟုတ်လား ဟမ့် မင်းကတကယ့်မြွေပွေးလို ကောက်ကျစ်တဲ့ကောင်ပဲ မင်းက ငါနဲ့ ကစားချင်နေမှတော့လည်း ငါက ပြန်ပြီး ကစားပေးရတာပေ့ါ ငါတို့ ကမ္ဘာမြေက သာမန် စစ်သားတစ်ယောက်က မင်းရဲ့ အစီအစဉ်တွေကို ဘယ်လိုဖျက်ဆီးပစ်ပြမလဲဆိုတာ စောင့်ကြည့်နေလိုက် ဒီကမ္ဘာမှာ ငါ့ဘဝကို ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုနိုင်ဘူး သန့်စင်ဘုရားကျောင်းကိုတောင်မှ မရဘူး’

ဧကရာဇ်သည် တည်ငြိမ်စွာဖြင် ပြန်လည်ခေါင်းငြိမ့်ပြရင်း အပြင်ပန်းသွင်ပြင်ကို ထိန်းသိမ်းထားခဲ့သော်လည်း စိတ်ထဲတွင်မူကြိတ်၍ သံန္နိဠာန်တစ်ခု ချမှတ်လိုက်သည်။

“ကျေးဇူးပါပဲ ကာဒီနယ်ရဟန်းအမတ်ကြီး ထရီနီယယ်ရေ”

ထို့နောက် သူသည် ဤအဖွဲ့ကို ဦးဆောင်လာပုံရသော အာရန်ဆီသို့ လှည့်ကြည့်လိုက်ရင်း ....

“သင်တို့က မိစ္ဆာဂိုဏ်းက ဧည့်သည်တော်တွေပဲ ဖြစ်မယ်ထင်တယ် သင်တို့တွေ အဝေးကြီးကနေ ဒီကိုလာခဲ့ကြရတာပဲ ကျွန်ုပ်တို့ရဲ့ ဧည့်ဝတ်ပြုမှုတွေက သင်တို့ကို စိတ်ပျက်မသွားစေဖို့တော့ မျှော်လင့်မိပါတယ်”

#Catfoot

All Chapters