← Chapters

ထူးဆန်းသော ဧကရာဇ်

Vol. 25 Ch. 353

ထူးဆန်းသော ဧကရာဇ်

Vol. 25 Ch. 353

….

“သန့်စင်အင်ပါယာရဲ့ ဧည့်ဝတ်ကျေပွန်မှုအကြောင်း ကျုပ်တို့ အများကြီးကြားဖူးထားပါတယ် ကံမကောင်းစွာနဲ့ ကျွန်တော်တို့ရှေ့က သူတွေကတော့ အဲဒါကို မခံစားခဲ့ရရှာဘူး” ဟု အာရန်သည် အလွန်ရင်းနှီးသည့် အမူအရာမျိုးဖြင့် သန့်စင်ဧကရာဇ်၏ လက်ကိုကိုင်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့် နှုတ်ဆက်ရင်း ပြန်ပြောလိုက်သည်။

သန့်စင်ဧကရာဇ်သည် အာရန်၏ လက်ဆွဲနှုတ်ဆက်မှုကြောင့် အနည်းငယ် တောင့်တင်းသွားခဲ့သည်။

ရည်ရွယ်ချက်ရှိရှိ မဟုတ်သော်လည်း ထိုလက်ဆွဲနှုတ်ဆက်မှုတွင် သန့်စင်ဧကရာဇ်၏ အင်အား အနည်းငယ် ပါဝင်နေသည်မှာ ရှင်းလင်းနေ၏။

အာရန်အတွက်မူ ဤအင်အားပမာဏသည် သူ့ကို ပြင်းထန်စွာ ထိခိုက်စေရန် မလုံလောက်သော်လည်း အနည်းငယ်တော့ မသက်မသာဖြစ်စေခဲ့လေသည်။

အထူးသဖြင့် သန့်စင်ဧကရာဇ်သည် အားနည်းသူ မဟုတ်သောကြောင့်ပင်တည်း။

သူမှတ်မိသလောက်ဆိုလျှင် သန့်စင်ဧကရာဇ်သည် ကာဒီနယ်ရဟန်းအမတ် တစ်ပါးကဲ့သို့ပင် အင်အားကြီးမားသည်ဟု ဆိုကြသည်။

သူ၏ ယခုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုမျိုးဖြင့်ဆိုပါလျှင် ထိုသို့ပြောဆိုခြင်းသည် ချဲ့ကားခြင်းတော့ မဟုတ်တန်ရာပေ။

အာရန်သည် ထိုအကြောင်းကို ထပ်မံ၍ စိတ်ထဲထား မနေတော့ဘဲ ဆက်ပြောလိုက်သည်။

“ဒါပေမယ့် အရေးမကြီးတော့ပါဘူး သူတို့ကို ဒီအခွင့်အရေးတွေ ဆုံးရှုံးစေခဲ့တဲ့ သူတွေလည်း မကြာခင် ပြန်ပေးဆပ်ရတော့မှာပါ”

အာရန်၏ စကားများသည် မည်သူ့ကိုမှ တိတိကျကျ ရည်ရွယ်ခြင်းမရှိသော်လည်း သူဆိုလိုသည့် အဓိပ္ပါယ်မှာ အနာထိသူများက စပ်သွားကြမည် ဖြစ်လေ၏။

ထိုသို့ပြောပြီးသည်နှင့် အာရန်သည် ကာဒီနယ်ရဟန်းအမတ်ကြီး ထရီနီယယ်၏ မျက်နှာအမူအရာကို မသိမသာအကဲခတ်ကြည့်လိုက်သည်။

ထိုအခါ အနည်းငယ်သော အမူအရာပြောင်းလဲမှုအချို့ကို သတိပြုမိလိုက်သော်လည်း သူသည် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

သန့်စင်ဧကရာဇ်သည်လည်း အနည်းငယ် လေးနက်သွားပုံရသည်။

အထူးသဖြင့် အနောက်ပိုင်းတိုက်ကြီး၏ ဇာတ်လမ်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သော မိစ္ဆာဂိုဏ်းအကြောင်းကို သူရုတ်တရက် အတော်လေး ပြန်လည် မှတ်မိလိုက်သောကြောင့်ပင်တည်း။

မိစ္ဆာဂိုဏ်းသည် သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများဖြင့် နာမည်ကျော်ကြားလေသည်။

ထို့ကြောင့် သူ့တွင် ဝတ္ထုအတွင်းမှ အသိပညာများ ရှိနေသော်လည်း မိစ္ဆာဂိုဏ်းမှ သံတမန်များကို ပေါ့ပေါ့တန်တန် မသဘောထားဝံ့ပေ။

အထူးသဖြင့် ၎င်းတို့သည် ဝတ္ထုထဲတွင် လာရောက်ခဲ့သည့် သံတမန်မဟုတ်နေသောကြောင့်လည်း ဖြစ်လေသည်။

ဝတ္ထုထဲတွင် ယခုအချိန် လာရောက်ခဲ့သည့် သံတမန်သည်ပင် သူမ ဒေါသထွက်သောအခါ အလွန်အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

ယခုသူ့ရှေ့ရှိ မဟာအကြီးအကဲရန်၏ ပင်ကိုယ်စရိုက်ကိုမူ သူ သေချာမသိနိုင်သေးပေ။

ကနဦး သူ၏မှတ်ဉာဏ်များအရ မူလက လာရောက်ရမည့် သံတမန်နှင့် နှိုင်းယှဉ်လျှင်မူ ထိုသူသည် အနည်းငယ် ပို၍ ဖော်ရွေပုံရလေသည်။

သို့တိုင် သူ၏ သတိကိုမူ လျှော့ချ၍မရနိုင်ကြောင်းလည်း သဘောပေါက်ထားသည်။

အာရန်သည် ဖြူဖျော့ပြီး အနည်းငယ်အားနည်းနေပုံရသော်လည်း မဟာအကြီးအကဲတစ်ဦး၏ ရာထူးကို ရယူထားသူဖြစ်၏။

ထို့ကြောင့် သူသည် မိစ္ဆာဂိုဏ်းမှ အင်အားကြီးမားသူတစ်ဦး ဖြစ်မည်မှာ မြေးကြီးလက်ခတ်မလွဲ သေခြာနေလေသည်။

အရှေ့ပိုင်းတိုက်မှ အရှင်သခင်မှကိုယ်တိုင် စေလွှတ်လိုက်သောသူ ဖြစ်သောကြောင့်လည်း သူ၏ ရာထူးသည် အခြားမဟာအကြီးအဲများနှင့် နှိုင်းယှဉ်လျှင် မနိမ့်ကျကြောင်း ပြသရန် လုံလောက်၏။

အနည်းဆုံးတော့ သူဖတ်ခဲ့သော ဝတ္ထုထဲက သံတမန်နှင့်မူ အင်အားချင်း တူညီသော အဆင့်တွင်ရှိမည်ဖြစ်သည်။

တွေ့ဆုံပွဲကို ဆက်လက်လုပ်ဆောင်နေစဉ် သန့်စင်ဧကရာဇ်၏ အကြည့်သည် အာရန်ဘေးတွင် ရပ်နေသော မိန်းမငယ်လေးတစ်ဦးဟုထင်ရသော ဇီယာဆီသို့ သိမ်မွေ့စွာ ပြောင်းရွှေ့သွားခဲ့သည်။

သူမ၏ တည်ရှိခြင်းသည် သူလုံးဝမမျှော်လင့်ထားသောအရာ ဖြစ်သော်လည်း သူမသည် ထိုအကြီးအကဲရန်ဆိုသူထက်ပင် ပိုမိုအစွမ်းထက်သည်ဟု ခံစားရစေသော အော်ရာအရှိန်အဝါတစ်ခု ရှိနေသည်။

အာရန်သည် ဖြူဖျော့နေသည့် ကိုယ်ခန္ဓာကြောင့် အနည်းငယ် အားနည်းနေပုံ ရသော်လည်း သူမမှာ အာရန်၏ နောက်တွင် ရပ်နေသောကြောင့် သူမသည် အာရန်ထက်တော့ အားနည်းကြောင်း ဆင်ခြင်မိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာဂိုဏ်းတွင် ဩဇာအာဏာသည် ခွန်အားမှတစ်ဆင့်သာ ရယူနိုင်သောကြောင့်ပင်တည်း။

သန့်စင်ဧကရာဇ်သည် မဟာအကြီးအကဲ ဇီယာနှင့် ပေါ့ပေါ့ပါးပါး စကားများ ဆက်လက်ပြောဆိုနေရင်းဖြင့် သူမ၏နာမည်ကို မေးမြန်းလိုက်သည်။

ထိုအခါမှသာ သူမသည် အမှန်တကယ်လာရောက်ရမည့် အမျိုးသမီးမဟုတ်ကြောင်း သူနောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။

သူမှတ်မိသလောက်ဆိုလျှင် ဝတ္ထုထဲတွင် ရောက်လာသည့် အမျိုးသမီး၏အမည်မှာ ရှုယင်ဟု ခေါ်တွင်လေသည်။

သူမသည် ဝတ္ထု၏ အစဦးပိုင်းတွင်ပင် ‌ပေါ်လာခဲ့ခြင်းဖြစ်သော်လည်း စာရေးသူက ထိုအမျိုးသမီး၏ အလှအပကို များစွာ ချီးကျူးခန်းဖွင့်ခဲ့လေသည်။

သူမသည် သူ့အပေါ်တွင်ပင် ယခုအချိန်ထိပင် လေးနက်သည့် သက်ရောက်မှုမျိုး ရှိနေဆဲဖြစ်သောကြောင့် ကောင်းစွာ မှတ်မိနေခြင်းလည်းဖြစ်၏။

ထိုအမျိုးသမီး နောက်ပိုင်းတွင် ပြုမူခဲ့သည့် အရာများကြောင့်လည်း ပိုပင် မှတ်မိနေခြင်းဖြစ်ကြောင်း ပြော၍ရလေသည်။

ထို့နောက် ဧကရာဇ်သည် ထိုနေရာတွင် ပုံမှန်အဆန်ဆုံးဖြစ်ကာ သူ့အတွက် ခြိမ်းခြောက်မှုမရှိနိုင်ဟု ယူဆရသည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည် ယူလင်းနှင့် စကားများ ဆက်လက်ပြောဆိုခဲ့သည်။

ထိုမိန်းကလေးသည် ငယ်ရွယ်ရုံသာမက သူမ၏ ဖြစ်တည်ခြင်းသည်ပင် သိမ်မွေ့နူးညံ့လွန်းနေပြီး ဤကမ္ဘာတွင် သူမ၏ ဒဏ္ဏာရီဇာတ်လမ်းများကို အစပျိုးခါနီး ဖြစ်နေသူတစ်ဦးကဲ့သို့ပင် ထင်မှတ်ရလေသည်။

ယူလင်းသည် သူမကိုယ်သူမ မိတ်ဆက်ပြီးမှသာ သန့်စင်ဧကရာဇ်မှာ သူမသည် မဟာအကြီးအကဲရန်ဆိုသူ၏ တပည့်မလေးဖြစ်ကြောင်း သိလိုက်ရလေသည်။

သူသည် အာရန်ကို နောက်တစ်ကြိမ် ထပ်မံကြည့်လိုက်မိသည်။ သူက မည်သို့သော လူစားမျိုးနည်း။

သူသည် အဘယ်ကြောင့် ဤမျှအန္တရာယ်များသော ခရီးစဥ်တွင် သူ၏ တပည့်မလေးကို ခေါ်ဆောင်လာခဲ့ရသနည်း။

သူ့လူများ ပျောက်ဆုံးမှုကို စုံစမ်းသည့် ဤနေရာသို့ အဘယ်ကြောင့် ခေါ်လာခဲ့ရသနည်း။

သူက ထိုအရာသည် သန့်စင်အင်ပါယာ ပါဝင်ပတ်သက်နိုင်သည်ဆိုခြင်းကို ထည့်မတွက်မိခဲ့သောကြောင့်များလား...။

ထိုသို့မဟုတ်ပါက အခြားမည်သည့်အကြောင်းများကြောင့်များ သူ့တပည့်မကို ခေါ်လာနိုင်လောက်အောင်အထိ စိတ်အေးလက်အေး ရှိနေနိုင်ရသနည်း။

ထိုအရာသာ အမှန်ဆိုရင်လျှင် ဧကရာဇ်သည် သက်ပြင်းချရုံသာ ချနိုင်တော့သည်။

အဘယ်ကြောင့်ဆိုသော် ဤအင်ပါယာ၏ လက်ရှိဖုံးကွယ်ထားသည့် အမှန်တရားအချို့ကို တတ္ထုဖတ်ထားသော သူတစ်ယောက်တည်းသာ ကောင်းစွာသိနေသောကြောင့် ပင်တည်း။

ဧကရာဇ်သည် အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူသည် သူ၏ ရာဇပလ္လင်ရှိရာဆီသို့ ပြန်လည် လျှောက်သွားလိုက်သည်။

ထို့‌နောက် သူသည် ရာဇပလ္လင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ တရားဝင်နေရာကို ရယူလိုက်လေသည်။

အစစ်အမှန် ဧကရာဇ်သည် ဤရာဇပလ္လင်ပေါ်တွင် အကြိမ်ပေါင်းများစွာ ထိုင်ခဲ့ဖူး၏။

သူ့အတွက်မူ ထိုအရာသည် ကြီးမားသော ပင်မခန်းမဆောင်ကြီးတစ်ခုလုံးကို ဆီး၍ မြင်နေရသည့် ဧကရာဇ်၏ ရာဇပလ္လင်ပေါ်တွင် ပထမဆုံးအကြိမ် ထိုင်ဖူးခြင်းမျိုး ဖြစ်နေသည်။

သူသည် တတ်နိုင်သမျှ မိမိကိုယ်မိမိ ပုံမှန်ဖြစ်အောင် ကြိုးစားနေခဲ့သော်လည်း အနည်းငယ် ပုံမှန်နှင့် ကွဲပြားမှုတော့ ရှိနေဆဲဖြစ်၏။

ထိုခြားနားမှုများအား ဧကရာဇ်ကို ပထမဆုံးအကြိမ်အဖြစ် မြင်နေရသော အာရန်တစ်ယောက်အတွက်မူ သတိထားမိရန်မဖြစ်နိုင်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ဧကရာဇ်အား ပုံမှန်အလုပ်အကျွေးပြုသော နန်းတွင်းအစေခံများနှင့် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်တို့မှာမူ ပို၍ ရှင်းလင်းစွာ သတိထားမိခဲ့ကြသည်။

ဧကရာဇ်ထံမှ ထူးဆန်းသော အပြုအမူအချိူ့ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသော်လည်း သူတို့သည် ထိုအရာကို သိပ်တော့ စဉ်းစားမနေခဲ့ကြပေ။

ဧကရာဇ်သည် ဧည့်သည်သုံးဦးနှင့် စကားလက်ဆုံအနည်းငယ်ကျပြီးနောက် ဧည့်သည်များအား အနားယူရန် စီစဉ်ထားသော အခန်းများသို့ ခေါ်ဆောင်သွားရန် အစေခံတစ်ဦးအား ပြောလိုက်သည်။

ထို့နောက် ဧကရာဇ်သည် အာရန်တို့အား ကြိုဆိုရန် မကြာမှီတွင် ကျင်းပမည့် ကြိုဆိုပွဲအခန်းအနား အကြောင်းကိုလည်း အနည်းငယ် အသိပေး ပြောကြားလိုက်သေးသည်။

အာရန်သည် ဧကရာဇ်၏ ကမ်းလှမ်းမှုအပေါ် ထူးခြားသည့် တုံ့ပြန်မှုမျိုး မပြသခဲ့ပေ။

ဖြစ်နိုင်လျှင် သူကိုယ်တိုင်သည်လည်း ထိုဧကရာဇ်ဆိုသူနှင့် ထပ်မံစကားပြောဆိုရန် စိတ်ဝင်စားမှုမရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် အလွန်အမင်း အိပ်ငိုက်နေပြီဖြစ်ကာ သူ၏ ခန္ဓာကိုယ်ကို အနားပေးချင်နေသောကြောင့်ပင်တည်း။

သူ၏ စိတ်သည်လည်း အတော်လေး ထိုင်းမှုင်းကာ လေးလံနေခဲ့၏။

သို့သော်လည်း သူသည် ထွက်ခွာရန် ထရပ်ခြင်းမပြုမီအချိန်လေးတွင်ပင် ထိုဧကရာဇ်အပေါ် ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုရန်ကိုမူ မမေ့လျော့ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အာရန်သည် စိတ်အခြေအနေ မကောင်းမွန်နေသော်လည်း သန့်စင်ဧကရာဇ်နှင့်ပတ်သက်၍မူ တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ခံစားမိခဲ့သောကြောင့်ပင် ဖြစ်၏။

အာရန်သည် စနစ်၏ အချက်အလက်ပြမျက်နှာပြင်ကို ဖတ်ကြည့်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်များသည် ချက်ချင်းပြန်လည် နိုးကြားလာခဲ့သည်။

သူ၏ မျက်လုံးများသည်ပင် ခဏတာ ပြူးကျယ်သွားခဲ့ပြီး ခဏကြာမှသာ သူ၏ မျက်နှာအမူအရာများ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့၏။

ထို့နောက် ပြုံးပြကာ ဧကရာဇ်အား နှုတ်ဆက်လိုက်ပြီးနောက် အခြားသူများနှင့်အတူ ထွက်ခွာသွားလိုက်သည်။

ကာဒီနယ်ရဟန်းအမတ်မှာမူ နောက်ကျန်နေခဲ့ပြီး ဧကရာဇ်နှင့် စကားပြောချင်ဟန်ရသော်လည်း သန့်စင်ဧကရာဇ်သည်လည်း ခေါင်းကိုက်နေသဖြင့် အနားယူရန် လိုသည်ဟု အကြောင်းပြကာ ခန်းမထဲမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့လေသည်။

#Catfoot

All Chapters