← Chapters

မေ့လျော့ခံ ဧကရာဇ်တစ်ပါး၏ ဓား

Vol. 25 Ch. 355

မေ့လျော့ခံ ဧကရာဇ်တစ်ပါး၏ ဓား

Vol. 25 Ch. 355

....

“ယီလန်ရေ”

အာရန်သည် ယီလန်အား အော်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမျှ ပြန်မရခဲ့ပေ။

တအောင့်အကြာတွင်မှ သူ၏ လက်ဖမိုးတွင် ရှိနေခဲ့သော ယီလန်နှင့် ချုပ်ဆိုထားသည့် ဝိညာဉ်စာချုပ်အမှတ်အသားမှာ သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းစွာ ပျောက်ဆုံးနေသည်ကို သတိထားမိလိုက်သည်။

ထို့နောက် ဖီလိုနာနှင့် ချုပ်ဆိုထားသည့် သူ၏ စာချုပ်သည်လည်း ထပ်မံ ပျောက်ကွယ်သွားခဲ့ပုံရလေ၏။

ဆီလက်စ်ကလေးကော...

သူမကိုလည်း မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ....

ထို့နောက်။

“ခွဲခြားသတ်မှတ်ခြင်း”

အာရန်သည် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို ဘေးနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် သုံးကြည့်‌လိုက်သော်လည်း ထိုစွမ်းရည်သည် အသက်ဝင်မလာခဲ့ပေ။

“စနစ်သိုလှောင်ခန်းပွင့်စမ်း”

ထို့နောက်ဆက်လက်၍ အာရန်သည် သူ၏စနစ်သိုလှောင်ခန်းကို ဆင့်ခေါ်လိုက်သော်လည်း ရလဒ်သည် အတူတူပင်ဖြစ်၏။

သူနှင့် အလွန်အမင်းရင်းနှီးကြွမ်းဝင်‌နေပြီးဖြစ်သော စနစ်၏ မျက်နှာပြင်သည်လည်း မည်သည့်နေရာတွင်မှ ပေါ်မလာခဲ့ပေ။

“ပျံသန်းနိုင်စမ်း”

“ခွန်အားတိုးလာစမ်း”

“အမြန်နှုန်းတိုးမြှင့်စမ်း...”

အာရန်သည် သူ၏ နဂါးလျှာအစွမ်းကို ဆက်လက်အသုံးပြုကြည့်လိုက်သော်လည်း ရလဒ်မှာ မပြောင်းလဲခဲ့ချေ။

မည်သည့်စွမ်းရည်ကို အသုံးပြုသည်ဖြစ်စေ ဤနေရာတွင် အသုံးပြ၍မရဖြစ်နေခဲ့လေသည်။

အာရန်သည် ဤခဏမှာပင် သူအမှီသဟဲပြုနေခဲ့ရသည့် စွမ်းအင်အားလုံးကို ဆုံးရှုံးသွားခဲ့သကဲ့သို့ပင် ခံစားလိုက်ရသည်။

“ဒါက သန့်စင်ဘုရားကျောင်းရဲ့ လက်ချက်များလား” ဟု တစ်ချက်တွေးလိုက်မိပြီး သူ၏မျက်နှာအမူအရာသည် မဲမှောင်သွားခဲ့သည်။

သန့်စင်ဘုရားကျောင်းမှ ထောင်ချောက်တစ်ခုဆင်ရန်ကြိုးစားနေသည်ကို သူသိနှင့်ပြီးသားဖြစ်၏။

သို့သော် ၎င်းသည် သူတို့၏လက်ချက်ဖြစ်သည်ဟုပြောရန်မှာမူ အနည်းငယ်လွန်လွန်းနေ၍ လက်တွေ့မကျဖြစ်နေသည်။

ထို့အပြင် သူ့တွင် အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်ဆိုပါက ကာကွယ်ပေးမည့် သို့မဟုတ် အနည်းဆုံး သူ့ကို နိုးထစေမည့် အစောင့်အရှောက်ဝိညာဥ်တစ်ဦးလည်း သူ့နားတွင် အချိန်ပြည့်ရှိနေခဲ့သည်မဟုတ်ပါလား...။

ထိုအစောင့်အရှောက်ဝိညာဥ်သည် သူ၏ ကိုယ်ခန္ဓာနှင့်သာမက စိတ်ဝိညာဉ်နှင့်ပင် ချိတ်ဆက်ထားခြင်းဖြစ်၏။

ထို့ကြောင့် သူသည် သန့်စင်ဘုရားကျောင်း၏ ထောင်ချောက်အတွင်းသို့ ထိုမျှလွယ်ကူစွာသက်ဆင်းသွားရန်မှာ မဖြစ်နိုင်သလောက်ပင်....။

အတွေးများထဲတွင် နစ်မြုပ်နေရင်းဖြင့် အာရန်သည် ရှေ့သို့ အနည်းငယ်တိုးလိုက်သည်။

၎င်းသည် မည်သည့်နေရာမျိုးဖြစ်ကြောင်း နားလည်ရန် သူသည် ထိုတွင်းနက်ကြီး၏ နှုတ်ခမ်းပါးမှ အနည်းဆုံး အပြင်သို့ ထွက်ကြည့်ရန် လိုအပ်မည်ဖြစ်၏။

အာရန်၏ ခန္ဓာကိုယ် အရွယ်အစားနှင့်ဆိုပါက ၎င်းသည် ကြီးမားသော လျှိုမြောင်ကြီးတစ်ခုနှင့် တူညီနေလေသည်။

ဤလျှိုမြောင်းကြီးတစ်ခုလုံး၏ နက်ရှိုင်းမှုကို တိုင်းတာရမည်ဆိုလျှင် အနည်းဆုံး မီတာ ရာဂဏန်းကျော်အထိ ရှိနိုင်ကြောင်း အာရန်တစ်ယောက် ခန့်မှန်းလိုက်မိသည်။

ဤတွင်းနက်ကြီး၏ ကြီးမားလှသော အချင်းနှင့် နှိုင်းယှဉ်ပါက ၎င်း၏ အနက်သည် မပြောပလောက်ဟုပင် ဆို၍ရလေသည်။

သူသည် ထိုတွင်းနက်ကြီး၏ နှုတ်ခမ်းဝဆီမှ အပြင်သို့ထွက်ခွာနိုင်ရန်ပင် နာရီပေါင်းများစွာ အချိန်ယူခဲ့ရလေသည်။

အာရန်၏ အဝတ်အစားများမှာ ဖုန်များဖြင့် ဖုံးလွှမ်းနေပြီး သူ၏ကိုယ်ခန္ဓာမှာ လုံးဝပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း တွင်းနက်ကြီးအပြင်ဘက်ရှိ အရာရာကို လှည့်ပတ်ကြည့်ရှုခွင့်ရလိုက်သောအခါ အောင်မြင်မှုတစ်ခု၏ ချိုမြိန်သော ခံစားချက်တစ်ခုကိုမူအနည်းငယ်ခံစားလိုက်ရသေး၏။

ကံမကောင်းစွာဖြင့် သူမြင်တွေ့လိုက်ရသော ထိုကမ္ဘာကြီးသည် သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့လေသည်။

အပြင်ဘက်ရှိ ကမ္ဘာသည် ယခုကဲ့သို့တွင်းနက်ကြီးများစွာဖြင့် ပြည့်နှက်နေသည့် ခြောက်သွေ့အက်ကွဲနေသော ဖုန်းဆိုးမြေ လွင်ပြင်ကျယ်ကြီးတစ်ခုပင် ဖြစ်နေခဲ့တော့၏။

မျက်စိတစ်ဆုံးကြည့်လိုက်မည်ဆိုလျှင် မြေပြင်တစ်ခုလုံး တွင်းနက်ကြီးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရနိုင်လေသည်။

ကောင်းကင်မှ အတိဒုက္ခကပ်ဘေးကြီးတစ်ခု ကျရောက်ခဲ့၍များလားဟုပင် ထင်မှတ်ရ၏။

ဤတွင်းနက်ကြီးအချို့မှာမူ သွေးများဖြင့် ပြည့်နှက်နေခဲ့ပြီး ခြောက်သွေ့အက်ကွဲနေသော ထိုကမ္ဘာကြီး၏ မျက်နှာပြင်တွင် ရေကန်များသဖွယ် ဖြစ်ပေါ်နေလေသည်။

ကံမကောင်းစွာဖြင့် မည်သူမျှ ထိုရေကန်များမှ ရေကို မသောက်နိုင်ကြပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် မည်သည့်ရေမျှ မပါဝင်သောကြောင့်ပင်တည်း။

ထိုတွင်းနက်ကြီးများစွာ၏ အလယ်ပိုင်း‌လောက်ရှိနေရာတစ်ခုမှာမူ အာရန်၏ မျက်စိအာရုံကို အထူးဆွဲဆောင်နေခဲ့သည်။

အနက်ရှိုင်းဆုံးဟု ထင်ရသော တွင်းနက်ကြီးတစ်ခု၏ ရှေ့ဘက် အလယ်ဗဟိုတည့်တည့်တွင် ထူးခြားသည့် ဓားတစ်ချောင်းသည် မြေပြင်ပေါ်တွင် စိုက်လျက်ရှိနေခဲ့ပြီး ၎င်း၏ ဓားသွားသည် ဤကမ္ဘာ၏ မှေးမှိန်နေသောအလင်းရောင်အောက်တွင်ပင် တောက်ပလျက်ရှိနေခဲ့၏။

“ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ”

အာရန်သည် တီးတိုးရေရွတ်ရင်း အံ့အားသင့်စွာ မေးခွန်းထုတ်လိုက်မိသည်။

သူသည် ထိုဓားတည်ရှိနေသည့် တွင်းနက်ကြီးထဲသို့ ခုန်ဆင်းသွားလိုက်သည်။

အာရန်သည် တောင်စောင်းများအတိုင်း လျှောဆင်းသွားခဲ့ပြီး သူ့ကို ပိုမိုနက်ရှိုင်းသော နေရာတစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်ကာ အောက်ခြေနေရာတစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။

သူသည် တွင်းနက်ကြီး၏ နက်ရှိုင်းသောနေရာတစ်ခုသို့ ဆင်းသက်လိုက်သည်နှင့် ထိုဓားဆီမှ သူ့အား ဆွဲဆောင်နေဟန်ရသော ဆွဲငင်အားတစ်ခုကို ခံစားမိလိုက်လေသည်။

ထိုဓားကိုယ်တိုင်ကပင် သူ့အား ဖိတ်ခေါ်နေသကဲ့သို့ပင်။

ထို့နောက် အာရန်သည် ထိုထူးဆန်းသည့် ဓား ရှိရာဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဓား၏ အရောင်များ ပြောင်းလဲနေသည်ကိုပါ သတိထားမိလိုက်သည်။

တစ်ချိန်က ၎င်းသည် မှိန်ညစ်ညစ် မီးခိုးရောင်ဖြစ်ခဲ့ရာမှ သူ၏ အဆိပ်လည်ဆွဲနှင့် ဆင်တူသည့် အစိမ်းရောင်ရင့်ရင့်အဖြစ်သို့ တဖြည်းဖြည်းခြင်း အသွင်ပြောင်းလဲသွားခဲ့၏။

အာရန်သည် ထိုဓား၏ အနီးသို့ ခြေချလိုက်သည်နှင့် သူ၏ ကိုယ်ခန္ဓာအတွင်းမှ မရှင်းပြနိုင်သော စွမ်းအားတစ်ခု ပေါ်ထွက်လာလေသည်။

ထို့နောက်သူ၏ ဓားဧကရာဇ် အော်ရာသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာကာ ထိုဓားဆီသို့ ပစ်ဝင်သွားတော့သည်။

အာရန်သည် ဤထူးဆန်းသည့် ကမ္ဘာတွင် စွမ်းရည်တစ်ခုမျှ အသုံးမပြုနိုင်ခဲ့သော်လည်း ဓားဧကရာဇ်၏ အော်ရာမှာမူ ထိုသို့ အလိုအလျှောက် ပေါ်ထွက်လာခဲ့ခြင်းအတွက် သူ့အား အတော်လေး အံ့အားသင့်စေခဲ့သည်။

ဓားဧကရာဇ်၏ အော်ရာသည် ထိုဓားအား ထိတွေ့လိုက်သည်နှင့်တပြိုင်နက် ဓားသည် တုန်ယင်လာလေသည်။

ဓားသည် မိမိကိုယ်ကို လွတ်မြောက်စေရန် အမည်မသိသော စွမ်းအားတစ်ခု၏ ချုပ်နှောင်ထားမှုဆီမှ ရုန်းကန်နေသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် ရွှေရောင်သံကြိုး ထောင်ပေါင်းများစွာသည် ထို အစိမ်းရောင်ဓားကြီး၏ ပတ်ပတ်လည်တွင် ပေါ်လာခဲ့ကာ ထိုဓားအား ရစ်ပတ် ချုပ်နှောင်ထားလိုက်သည်ကို တွေ့လိုက်ရ၏။

ဓားသည် ပိုမို၍ တုန်ယင်လာခဲ့သော်လည်း သူ့အား ချုပ်နှောင်မှုများကို မဖြတ်ကျော်နိုင်ခဲ့ပေ။

အာရန်က အဘယ်ကြောင့်မှန်း မသိသော်လည်း ထိုဓား ရုန်းကန်နေသည်ကို ကြည့်ရင်း သူသည်ပင် ထပ်တူကျသည့် ဝမ်းနည်းမှုတစ်စုံတစ်ရာကို ခံစားလိုက်ရသည်။

ထိုအရာက ဓားသည် သူ့အား အကူအညီတောင်းခံနေသကဲ့သို့ပင်...။

ထို့နောက် အာရန်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ဓားရှိရာဆီသို့ ပိုမိုချဥ်းကပ်သွားခဲ့ပြီး ၎င်းတို့ကြား အကွာအဝေးမှာ မီတာဝက်ခန့်သာ ကွာတော့၏။

အာရန်သည် သူ၏လက်ကို ဆန့်ထုတ်ကာ ထိုဓားကို ဆွဲနှုတ်ကြည့်ရန် ကျိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့် ထိုဓားကို ဆွဲထုတ်ရန်အတွက် သူ့တွင် ခွန်အားများ မလုံလောက်ခဲ့ပေ။

အာရန်သည် သူ၏ကြွက်သားများ ဖောင်းကြွလာသည်အထိ အပြင်းအထန်ကျိုးစား၍ ဆွဲနှုတ်ကြည့်ခဲ့သော်လည်း ဓားသည် မြေပြင်မှ တစ်လက်မမျှပင် ထွက်မလာခဲ့ချေ။

ထိုအခိုက်အတန့်တွင် လက်လျော့လိုက်ခြင်းသည် ပို၍ပင် သင့်တော်ဟန်ပေါက်နေခဲ့သည်။

ဤပုံအတိုင်းဆိုပါက ထိုဓားကို ဆွဲထုတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

အထူးသဖြင့် သူ၏ နဂိုစွမ်းရည်များ အသုံးမပြုနိုင်သောကြောင့်ပို၍ ဆိုးဝါးသွားလေသည်။

သို့တိုင် အာရန်သည် လက်မလျော့လိုခဲ့ပေ။

အာရန်သည် သူ၏ ဓားဧကရာဇ် အော်ရာကို အသုံးပြုနိုင်နေသည်ဆိုခြင်းမှာ ဤကမ္ဘာသည် သူထင်သလောက် ကန့်သတ်မထားသောကြောင်းဟု ဆိုလိုနေသည်မဟုတ်ပါလော...။

“ဘာပဲဖြစ်ဖြစ် မင်းကို ဒီနေ့ ငါရအောင် ဆွဲထုတ်မယ်” ဟု အာရန်သည် ကြွေးကြော်လိုက်ပြီးနောက် သူ၏ဓားဧကရာဇ် အော်ရာကို ပို၍ပင် ထုတ်လွှတ်လိုက်သည်။

ဤနေရာသည် သူ့အတွက် တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိကြောင်း သေချာနားလည်ထားသည်။

သို့သော် သူသည် ယခုအချိန်တွင်သာ ဤဓားကို လက်လျော့လိုက်ပါက နောက်တစ်ချိန်ချိန်တွင် နောင်တများစွာ ရလိမ့်မည်ဟူသော နှလုံးသားထဲမှအလိုလို ခံစားမိနေသည့် ထူးဆန်းသော ခံစားချက်တစ်ခုလည်း ရှိနေခဲ့၏။

သူ့တွင် အဆိပ်လည်ဆွဲကို တစ်ကြိမ်အသုံးပြုခွင့် ကျန်ရှိနေသေးသည်။

သူ၏လည်ပင်းတွင် အဆိပ်လည်ဆွဲကိုပင် မမြင်ရသည့်အတွက် ဤကမ္ဘာတွင် ၎င်းကို အသုံးပြုနိုင်ပ့ါမလားဆိုသည်ကိုတော့ အာရန်တစ်ယောက်မသေခြာနေခဲ့ပေ။

သူသည် ပင်လယ်နဂါးမင်းသားကို သတ်ရန် အသုံးပြုခဲ့စဥ် တုံးကကဲ့သို့ပင် အဆိပ်လည်ဆွဲနှင့် ချိတ်ဆက်ရန် ကြိုးစားကြည့်လိုက်သည်။

အံ့အားသင့်စရာကောင်းစွာပင် သူ၏ ဆန္ဒများကို ကြားလိုက်သကဲ့သို့ လည်ဆွဲတစ်ခုသည် သူ၏ လည်ပင်းပတ်လည်တွင် ပြန်လည် ပုံဖော်လာခဲ့သည်။

အဆိပ်လည်ဆွဲသည် ထိုဓား၏ အရောင်နှင့်တူညီသော အရောင်တစ်ခုကို ထုတ်လွှင့်ကာ စတင်ဤ လင်းလက်လာခဲ့သည်။

ပိုအရေးကြီးသည့်အချက်မှာ အာရန်သည် သူ၏ဓားဧကရာဇ် အော်ရာကို တိုးမြှင့်စေလိုက်ပြီး အဆိပ်အော်ရာနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ဓားဧကရာဇ် အော်ရာ၏ စစ်မှန်သော စွမ်းအားများကို ဖော်ထုတ်နိုင်ခဲ့ခြင်းပင်ဖြစ်၏။

သူ၏ အော်ရာသည် လုံးဝအဆိပ်များဖြင့်ရောနှောသွားပြီဖြစ်သည်။

ထို့နောက် အာရန်သည် ထိုဓားကို သူ၏ခွန်အား အားလုံးစုံကို အသုံးပြု၍ ဆွဲထုတ်လိုက်သည်နှင့် သူ၏အဆိပ်အော်ရာသည် ဓားပတ်လည်ရှိ သံကြိုးများကို ဆွေးမြေ့စေလိုက်သည်။

ဓားဆီမှ တုန်ခါမှုသည် ပိုမိုပြင်းထန်လာခဲ့ပြီး သံကြိုးများမှာ တစ်ချောင်းပြီးတစ်ခု စတင် ပျက်စီးသွားခဲ့ကြ၏။

နောက်ဆုံးသံကြိုး ပျက်စီးသွားသည်နှင့် ဓားသည် အရှိန်အဟုန်ဖြင့် အပေါ်သို့လွင့်ထွက်သွားခဲ့ကာ အာရန်သည် နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ယိမ်းယိုင်သွားပြီး နောက်ပြန်လန်ကျသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ထိုဓားဆီမှ တောက်ပသော အစိမ်းရောင်အလင်းတန်းကြီးတစ်ခု သည် ကောင်းကင်သို့တိုင် တည့်တည့်မက်မက်ကြီး တက်သွားသည်ကို သတိပြုမိလိုက်သည်။

ဓားသည် ကောင်းကင်အား ကိုယ်တိုင်ပစ်မှတ်ထားနေသကဲ့သို့ပင်တည်း။

အာရန်၏ ကိုယ်ခန္ဓာသည် ကောင်းကင်၌ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ခဏတာခန့် တောင့်တင်းသွားခဲ့သည်။

ထိုဓားသည် အာကာသဟင်းလင်းပြင်ကြီးတစ်ခုလုံးကိုပင် နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက် သကဲ့သို့ထင်မှတ်လိုက်ရလေသည်။

#Catfoot

All Chapters