← Chapters

ဓားဧကရာဇ်၏ လက်ဆောင်

Vol. 25 Ch. 357

ဓားဧကရာဇ်၏ လက်ဆောင်

Vol. 25 Ch. 357

…

အာရန်သည် ခဏတာမျှ မှင်တက်သွားခဲ့လေသည်။

ထိုလူအား မေးမြန်းလိုသည့် မေးခွန်းများစွာ သူ့တွင်ရှိနေခဲ့သော်လည်း ရုတ်တရက် အိပ်ချင်စိတ်တစ်ခုသည် သူ့အား လွှမ်းမိုးသွားခဲ့သည်။

အာရန်သည် သူ၏မျက်ခွံများ လေးလံလာသည်ဟုခံစားလိုက်ရကာ အာရုံစူးစိုက်မှုများကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာလေ၏။

မမြင်ရသော စွမ်းအားတစ်ခုက သူ့အား နက်ရှိုင်းသော အိပ်စက်ခြင်းတစ်ခုဆီသို့ ဆွဲသွင်းနေ သကဲ့သို့ပင်။

“အဲ့ဒါက အတော်လေးနာကျင်ရလိမ့်မယ် ဒါကြောင့် မင်းအခု အိပ်ပျော်နေတာက ပိုကောင်းလိမ့်မယ်” ဟု ထိုပုဂ္ဂိုလ်မှ ပြောလိုက်ရင်း သူ၏အသံသည် အာရန်၏ နားအတွင်း၌ တစ်စတစ်စပို၍ ဝေးကွာသွားခဲ့သည်။

ထို့နောက် အာရန်၏ မျက်လုံးများသည် ဖြည်းညှင်းစွာ မှေးစက်သွားခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ကမ္ဘာကြီးတစ်ခုလုံးသည် လုံးဝတိတ်ဆိတ်သွားခဲ့သည်။

....

“ခဏနေပါဦး ကျုပ် မေးချင်တာတွေရှိသေးတယ်”

အာရန်သည် ရုတ်တရက် သတိပြန်ဝင်လာသည်နှင့် အော်ဟစ်လိုက်မိသည်။

သူ၏လက်ကို ဆန့်တန်းရင်း ထထိုင်ရန် ကျိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့် သူသည် လေထုကိုသာ ဖမ်းမိခဲ့ပြီး အခြားမည်သည့်အရာကိုမျှ ဖမ်းဆုပ်မမိခဲ့ပေ။

ထို့နောက်အာရန်သည် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ လုံးဝကွဲပြားခြားနားသော နေရာတစ်ခုတွင် ပြန်လည်ရောက်ရှိနေသည်အား တွေ့ရှိလိုက်ရ၏။

အစောပိုင်း ဖုန်းဆိုးမြေတစ်ခုကဲ့သို့ ခြောက်သွေ့အက်ကွဲနေသောကမ္ဘာကြီးသည် မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။

ယင်းအစား သူသည် မူလက အိပ်ပျော်နေဆဲဖြစ်သည်ဟု မှတ်မိထားသော အခန်းထဲတွင် ပြန်လည်‌ရောက်ရှိလာခဲ့သည်။

သူသည် အရှေ့တိုက်မှ အထူးဧည့်သည်တော် သံတမန်တစ်ဦးအနေဖြင့် သန့်စင်ဧကရာဇ်၏ နန်းတော်ထဲတွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ယူလင်းနှင့် ဇီယာတို့သည် သူ့အား စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

“ရှင်အဆင်ပြေရဲ့လား” ဟု ဇီယာက သူ့ကို ထူးဆန်းစွာ ကြည့်ရင်း မေးလိုက်သည်။

အာရန်သည် ပြန်မဖြေခဲ့ပေ။

သူသည် ပြောစရာ စကားလုံးကင်းမဲ့နေပြီး ပို၍ပင် စိတ်ရှုပ်ထွေးနေပုံရသည်။

အစောပိုင်းကခြောက်သွေ့အက်ကွဲနေသောကမ္ဘာကြီးသည် သူ၏ အိပ်မက်သက်သက်ပင်လော...။

“ဒါပေမယ့် တကယ်တွေဖြစ်ပျက်သွားခဲ့တယ်လို့ ဘာလို့ခံစားနေရတာလဲ” ဟု အာရန်သည် တီးတိုးရေရွတ်ရင်း အိပ်ရာမှ ဆင်းကာ နဖူးကို ပြန်လည် ပွတ်သပ်နေမိလိုက်သည်။

အခန်းသည် ပူမနေသော်လည်း သူ၏တစ်ကိုယ်လုံးသည် ချွေးများဖြင့် ရွှဲနစ်နေသည်ဟု ခံစားမိနေသည်။

ထိုအိပ်မက်ဆိုးကြောင့်များလား ... သူ မသေချာချေ။

စိတ်ရှုပ်ထွေးမှုများကို ပြန်လည် လန်းဆန်းသွားစေရန်နှင့် စိတ်ကိုတည်ငြိမ်စေရန် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။

ထို့နောက် သူ၏ဝတ်ရုံရှည်ကြီးကို ချွတ်လိုက်ပြီး ရေအေးများအတွင်းသို့ ဝင်ရောက်စိမ်နေလိုက်တော့သည်။

“ငါ့ရဲ့ အိပ်မက်တွေကတောင် အခု ပိုပြီးထူးဆန်းလာပြီပဲ”

အာရန်သည် ခေါင်းတစ်ချက်ခါလိုက်ရင်း သူ့ကိုယ်သူ လက်ခံလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

အခြားမည်သည့် ဆင်ခြေမျှ လည်းရှာမတွေ့သောကြောင့်ပင်တည်း...။

ရေအေးများကြားထဲတွင် အချိန်အတော်ကြာသည်အထိစိမ်နေပြီးနောက် အာရန်သည် သူ့ကိုယ်ကို ခြောက်သွေ့စေရန် နဂါးလျှာမှော်အစွမ်းကိုပင် ထပ်မံအသုံးပြုလိုက်သည်။

ယခုအခါတွင် ထိုနဂါးလျှာအစွမ်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သဖြင့် ထိုအရာအား တကယ့်ကို နတ်ဘုရားများ၏ ကောင်းချီးပေးမှုတစ်ခုဟုပင် စတင်၍ ခံစားလိုက်ရသည်။

အာရန်သည် အစောပိုင်းအိမ်မက်ထဲမှကဲ့သို့ သူ၏စွမ်းရည်များကို အသုံးမပြုနိုင်သည့် အခြေအနေသို့ ဘယ်သောအခါမှ ပြန်မရောက်လိုတော့ပေ။

“ဟင်ဒါနဲ့ နေပါဦး ငါ့ရဲ့ အဆိပ်လည်ဆွဲ ဘယ်ရောက်သွားလဲ”

အာရန်သည် သူ၏ စွမ်းရည်များအကြောင်းကို စဉ်းစားမိလိုက်ရင်းဖြင့် သူ့တွင် အရေးကြီးသော ပစ္စည်းတစ်ခု ပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်သည်။

သူ၏ အဆိပ်လည်ဆွဲသည် သူ၏ လည်ပင်းတွင် မရှိတော့ပေ။

သူသည် အိပ်မက်ထဲတွင် ၎င်းကို အသုံးပြုခဲ့မှန်းသေခြာမှတ်မိနေခဲ့သော်လည်း ၎င်းသည် အပြင်ဘက်လက်တွေ့ဘဝကို သက်ရောက်မှု မရှိသင့်ပေ။

သို့မဟုတ် အိပ်မက်ထဲတွင် အသုံးပြုနေစဉ် လက်တွေ့ဘဝတွင် မတော်တဆ‌ အသုံးပြုမိသွားခြင်းများလား။

ထိုသို့ဆိုပါက ဇီယာနှင့် ယူလင်းတို့ကိုပင် သက်ရောက်မှုများ ရှိခဲ့ရမည်မဟုတ်ပါလား..။

သို့သော် ထိုသို့ဖြစ်သွားသည့် အရိပ်အယောင်များ မတွေ့ခဲ့ရသော်လည်း ၎င်းသည် သူ့အတွက် တကယ့်ကို အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ခုဟု သတ်မှတ်၍ ရနေဆဲဖြစ်၏။

အာရန်သည် သူ၏ ခါးပတ်ပတ်လည်တွင် ပဝါတစ်ထည်ကို ယူ၍ပတ်လိုက်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

“ဒါနဲ့မင်းတို့ထဲက ဘယ်သူများ င့ါရဲ့ အစိမ်းရောင်လည်ဆွဲလေးတစ်ခုကို တွေ့မိကြသေးလဲ” ဟု အာရန်သည် သူ၏ ကုတင်တစ်ဝိုက်တွင် လိုက်လံရှာဖွေရင်း မေးခွန်းတစ်ခု မေးလိုက်သည်။

လည်ဆွဲသည် ပြုတ်ကျခြင်းမဖြစ်နိုင် သော်လည်း သူသည် ထိုသို့ ဖြစ်နိုင်ခြေကို လျစ်လျူရှု၍ မထားခဲ့ပေ။

“မတွေ့မိပါဘူး” ဟု ဇီယာက ပြန်ဖြေလိုက်၏။

“ဆရာ့ လည်ပင်းမှာ ညက ရှိနေခဲ့တာမဟုတ်ဘူးလား” ဟု ယူလင်းက ပြန်လည်တုံ့ပြန်လိုက်သည်။

“ဟာကွာ ငါ တကယ်ကြီး အဲ့ဒါကို အိမ်မက်ထဲမှာ သုံးလိုက်မိတာလား” ဟု အာရန်က ရှုပ်ထွေးမှုအပြည့်ဖြင့် တွေးလိုက်မိသည်။

“ဒါနဲ့ ရှင့်ကိုယ်ပေါ်မှာ အရင်က အဲဒီတက်တူးလို အမှတ်အသားတစ်ခု ရှိနေခဲ့လို့လား”

အာရန်တစ်ယောက် အတွေးများထဲတွင် နစ်မြုပ်နေစဉ် ဇီယာ၏ စကားများကို သူကြားလိုက်ရရာ သူ့အား မှင်တက်နေရာမှ လှုပ်နိုးလိုက်သလိုဖြစ်သွားခဲ့သည်။

“ဟင် ဘာပြောလိုက်တယ်”

ဇီယာသည် အာရန်၏ ရှေ့သို့ ရောက်လာခဲ့ပြီး သူ၏ဘယ်ဘက်လက်မောင်းနှင့် ပခုံးနားပတ်လည်အား လက်ညှိုးထိုးပြလိုက်သည်။

သူ၏လက်မောင်းအပေါ်ပိုင်းတွင် ဓားတစ်လက်၏ ပုံသဏ္ဌာန်ဖြစ်နေသော အစိမ်းရောင်တက်တူး အမှတ်အသားတစ်ခု ရှိနေခဲ့သည်။

အာရန်သည် ထိုအမှတ်အသားကို သတိပြုမိလိုက်သောအခါ သူကိုယ်တိုင်ပင် အံ့သြမှင်တက်သွားခဲ့ရသည်။

ယခင်က ထိုအမှတ်အသားသည် ထိုနေရာတွင် ရှိမနေခဲ့ပေ။

သူမှတ်မိသလောက်ဆိုလျှင်လည်း သူ့တွင် ထိုသို့သော အမှတ်အသားမျိုး ရှိစရာအကြောင်းလည်းမရှိချေ။

ထို့အပြင် သူ၏လက်ရှိ သွင်ပြင်သည် နတ်ဆိုးဝါးမြိုသူထံမှ ရရှိခဲ့သည့် လက်စွပ်ကို အသုံးပြု၍ ပြုပြင်ထားခြင်းဖြစ်၏။

ထိုသွင်ပြင်တွင် မည်သည့်အမှတ်အသားမျှ မရှိကြောင်း သူသေချာသိထားခဲ့သည်။

ထို့ကြောင့် ထိုတက်တူးသည် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာခဲ့ရနည်း။

အာရန်သည် မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း တစ်ခုခုကို စဉ်းစားမိပြီးနောက် ရေချိုးခန်းထဲသို့ အလျင်အမြန် ပြန်လည် ပြေးဝင်သွားခဲ့သည်။

ထို့နောက် သူသည် လက်စွပ်ကို အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး မူလသွင်ပြင်ဖြစ်သည့် ရန်နစ်ခရိုလိုင်းအဖြစ် ပြန်ပြောင်းကြည့်လိုက်သော်လည်း ထိုအမှတ်အသားသည် ထပ်မံရှိနေဆဲပင်ဖြစ်၏။

ထိုအရာနှင့်အတူ ထိုတက်တူးအမှတ်အသားသည် သူ၏အစစ်အမှန်ခန္ဓာကိုယ်ပေါ်တွင် ထာဝရ တည်ရှိနေမည့်ဟန်ရပြီး သူ၏ ဟန်ဆောင်ထားသည့် မည်သည့်သွင်ပြင် တွင်မဆို ထိုအရာကို ဖုံးကွယ်၍မရနိုင်ပဲ အမြဲတမ်း မြင်တွေ့နေရမည်ဖြစ်ကြောင်း သူအတည်ပြုနိုင်ခဲ့သည်။

“ဟာမဟုတ်သေးဘူးလေကွာ...”

အာရန်သည် စိုးထိတ်စွာဖြင့် ငြီးတွားလိုက်မိပြီး အခြားပုံစံများကို ပြောင်းလဲရန် သူ၏ သွေးမျိုးဆက်စွမ်းအင်များကို အသုံးပြုလိုက်သော်လည်း ထိုအမှတ်အသားသည် ဆက်လက်ရှိနေဆဲပင်ဖြစ်၏။

သွေးမျိုးဆက်စွမ်းရည်များဖြင့်ပင် ထိုအမှတ်အသားကို မဖုံးကွယ်နိုင်ခဲ့ပေ။

ထို့ကြောင့် ထိုအရာသည် သူ့အား လွယ်ကူစွာ ခွဲခြားသိမြင်နိုင်စေမည့် သူ၏ ဟန်ဆောင်မှုများတွင် ကြီးမားသော ချို့ယွင်းချက်ကြီးတစ်ခုကို ဖန်တီးမိလိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့လေပြီဖြစ်သည်။

ကံကောင်းစွာဖြင့် ၎င်းသည် သူ၏လက်မောင်းအပေါ်ပိုင်းတွင် ရှိနေခဲ့ခြင်းဖြစ်၏။

ဆိုလိုသည်မှာ သင့်တော်သော အဝတ်အစားများဖြင့် ထိုတတ်တူးအမှတ်အသားကို ဖုံးကွယ်ထားနိုင်သော်လည်း ၎င်းသည် သူ၏ ချို့ယွင်းချက်တစ်ခုအဖြစ် ထပ်မံ ရှိနေဆဲပင်ဖြစ်သည်။

၎င်းသည် သူ၏ ဓားဧကရာဇ် အော်ရာနှင့် တူညီမှုများရှိနေလေသည်။

သူသည် အခြားသူများအား ထိုအော်ရာကို အသုံးပြုခဲ့ပါက သူတို့သည် သူ၏ ယခု အမှတ်အသားကိုမြင်လိုက်သည်နှ့် သူမှန်း အလွယ်တကူ ဆက်စပ်မိသွားနိုင်လေသည်။

“ခဏနေဦး ဓားဧကရာဇ်ရဲ့ အော်ရာ...ပြီးတော့ အဲဒီအိပ်မက်... ဒီဓားအမှတ်အသား...”

အာရန်သည် တစ်ခုခုကို စဉ်းစားမိလိုက်သည်နှင့် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

ထိုကြုံတွေ့ခဲ့ရသောအရာများက အိပ်မက်သက်သက် မဟုတ်ခဲ့ရင်ကော.....။

ထို့ပြင် ဤအမှတ်အသားသည် ရိုးရိုးသာမန်အမှတ်အသားတစ်ခု မဟုတ်ခဲ့ရင်ကော...။

...

အာရန်သည် သူ၏လက်မောင်းရှိ ထိုအမှတ်အသားနှင့်ပတ်သက်၍ စိုးရိမ်မိနေစဉ်တွင် အခြားတစ်ဖက်တွင်လည်း အာရန်နည်းတူ ထိတ်လန့်နေကြသူများ ရှိနေခဲ့သည်။

ထိုသူများမှာ ဓားဧကရာဇ်၏ ဓားကို စောင့်ကြည့်ရန် တာဝန်ရှိသူများဖြစ်ကြကာ သူတို့၏တာဝန်အရ ဓားကို လာရောက်စစ်ဆေးသောအချိန်တွင်ဖြစ်၏။

ကံမကောင်းစွာဖြင့် ဓားသည် ရုတ်တရက် မည်သည့်နေရာတွင်မျှ အစအန ရှာမရ‌အောင် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုဓား၏ ပတ်လည်ရှိ သံကြိုးများအားလုံး ကျိုးပဲ့နေသည်ကိုသာ တွေ့ရှိခဲ့ရသည်။ ထိုဓားအားထိမ်းသိမ်းထားရာ ခန်းမပတ်လည်ရှိ အတားအဆီးများမှာ နဂို ပုံမှန်အတိုင်းသာ ရှိနေသေးသော်လည်း ဓားကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။

အစောင့်များသည် သန့်စင်ဧကရာဇ်နှင့် သန့်စင်ဘုရားကျောင်းကို တစ်ချိန်တည်းတွင် သတင်းပို့ရန် အလျင်အမြန် ပြေးထွက်သွားကြသည်။

သန့်စင်အင်ပါယာ၏ သမိုင်းတွင် ကြောက်မက်ဖွယ်အကောင်းဆုံးလက်နက်သည် ရုတ်တရက် လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

၎င်းကို ပြန်လည်မရရှိနိုင်ပါက သူတို့၏ ကံကြမ္မာများသည် စိတ်ကူး၍ပင် ရနိုင်မည်မဟုတ်ပေ။

.....

အမည်မသိရသော ခြောက်သွေ့တိတ်ဆိပ်နေသည့် ထူးဆန်းသော ကမ္ဘာကြီး တစ်ခုတွင် လူတစ်ဦးသည် တွင်းနက်ကြီးတစ်ခု၏ ဘေးနားတစ်နေရာတွင် ထိုင်လျက်ရှိနေခဲ့ပြီး ကြည်လင်လျက်ရှိနေသော ကောင်းကင်ပြင်ကြီးကို ‌ငေးကြည့်နေခဲ့သည်။

ထိုကမ္ဘာ၏ ပတ်လည်ရှိ ကြက်သွေးနီရောင်သန်းနေမှုများ အတော်လေး လျော့နည်းသွားပြီ ဖြစ်သော်လည်း ဤကမ္ဘာသည် နဂိုအတိုင်း အသက်ကင်းမဲ့ကာ ဖုန်းဆိုးမြေတစ်ခုအလား ဆက်လက်တည်ရှိနေဆဲပင် ဖြစ်၏။

“ကျုပ်အစောပိုင်းက ဝင်ရောက်စွက်ဖက်ခဲ့မိတဲ့အတွက် ခင်ဗျားက ကျုပ်ကို ဆူငေါက်ဖို့ ဒီကိုရောက်လာတယ်ဆိုပါတော့” ဟု ထိုလူက နောက်သို့လှည့်မကြည့်ပဲ မေးလိုက်သည်။

သူစကားပြောလိုက်ပြီးနောက် မကြာခင်မှာပင် သူ၏နောက်မှ ခြေသံများ ပေါ်ထွက်လာခဲ့သည်။

ထီးကောက်ကြီးတစ်ချောင်းကို ဆောင်းထားသော ထူးဆန်းသည့် လူတစ်ဦးသည် အစိမ်းရောင်ဆံပင်များ ရှိနေသည့် လူထံသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ပြီး ခြေလှမ်းတစ်လှမ်းစာ အကွာတွင် ရပ်လိုက်သည်။

#Catfoot

All Chapters