← Chapters

ကံကောင်းသောကြယ်

Vol. 25 Ch. 358

ကံကောင်းသောကြယ်

Vol. 25 Ch. 358

....

“ကျုပ်က သူ့ကိုဒီ ခေါ်လိုက်တာ မဟုတ်ဘူးလေ သူ့ဖာ့သာသူ ရောက်လာတာ ဒီကိစ္စက ကျုပ်ကိုတောင် အတော်လေး အံ့အားသင့်စေခဲ့တယ် သူ့ရဲ့တိုးတက်မှုက နည်းနည်း မြန်လွန်းမနေဘူးလား” ဟု ဆံပင်အစိမ်းရောင်ရှိသော လူက ပြန်မေးလိုက်သည်။

သို့သော် သူ၏မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်ဖြစ်၏။

“ဒါပေမဲ့ ခင်ဗျား သူ့ကို တားခဲ့သင့်တယ်လေ အဲ့ဒီအစား သူ့ကို ခင်ဗျားရဲ့ ဓားကို ရယူနိုင်ဖို့တောင် ကူညီပေးလိုက်သေးတယ် ဒါကကော နဲနဲလွန်တယ်လို့ မထင်မိဘူးလား ဓားဧကရာဇ်” ဟု ထီးကောက်ကြီးဆောင်းထားသော လူမှ ပြန်ပြောလိုက်သည်။

အကယ်၍ အာရန်သာ ဤနေရာမှာ ရှိနေခဲ့ပါက ထိုလူကို မြင်လိုက်သည်နှင့် လွန်စွာ အံ့အားသင့်သွားခဲ့မိလိမ့်မယ်ဖြစ်၏။

၎င်းသည် သူကိုယ်တိုင်စာရေးဆရာဟု နာမည်ပေးထားခဲ့သော ပုဂ္ဂိုလ်ပင်မဟုတ်ပါလား...။

“ကျုပ် သူ့ကို တားခဲ့သင့်တယ်ဟုတ်လား ဟား ကျုပ်က သေနေခဲ့တာဖြင့် အတော်ကြာလှပေါ့ အသက်ရှင်နေခဲ့တုန်းကတောင် သူ့ကို တားနိုင်ခဲ့လို့လား ခုလို သေပြီးသား လူတစ်ယောက်ဖြစ်နေတဲ့အချိန်ကျမှ ဘယ်လိုခွန်အားမျိုးနဲ့များ ထပ်ပီး တားနိုင်ဦးမှာတဲ့လဲ” ဟု ဓားဧကရာဇ်က သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေလိုက်သည်။

“ခင်ဗျားက ကျုပ်ပြောတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုတော့ နားလည်မယ်ဆိုတာ သေချာပါတယ်” ဟု ထိုထီးဆောင်းထားသော လူက ထပ်မံပြောလိုက်လေသည်။

“ခင်ဗျားတို့လို အကြီးတန်းပုဂ္ဂိုလ်တွေ ဘာစဉ်းစားနေလဲဆိုတာကိုတော့ ကျုပ်က ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲဗျာ” ဟု ဓားဧကရာဇ်ကလည်း ပြန်လည်တုံ့ပြန်ပြောဆိုလိုက်၏။

“ပြီးတော့ ခင်ဗျားသာ သူ့ကို တကယ်တားချင်ခဲ့တာဆိုရင် အစောပိုင်းကတည်းက ခင်ဗျားကိုယ်တိုင် လုပ်ခဲ့ပြီးရောပေါ့ ဘာလို့ ကျုပ်ကိုလာပြောနေသေးတာလဲ”

ထီးဆောင်းထားသော လူသည် ဓားဧကရာဇ်၏စကားကြောင့် သက်ပြင်းသာ ချလိုက်နိုင်တော့သည်။

ထို့နောက် သူသည် နောက်သို့ ပြန်လှည့်သွားခဲ့ပြီး သူ၏ခြေသံများသည် ဓားဧကရာဇ်ရှိရာနှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။

“ခင်ဗျား ပြန်တော့မလို့လား”

နောက်ဆုံးတွင် ဓားဧကရာဇ်က ထိုသူအား လှမ်း၍မေးလိုက်ပြီး ဝေးကွာနေသော ပုံရိပ်ကို လှည့်ကြည့်လိုက်မိသည်။

“ကျုပ်လဲ ပြန်ပြီး ပြင်ဆင်ထားစရာတွေ ရှိနေပြီလေ...”

...

အာရန်သည် သူ၏လက်မောင်းအပေါ်ပိုင်းရှိ ထိုတက်တူးအမှတ်အသားအား ဆက်လက်စစ်ဆေးနေခဲ့သည်။

၎င်း၏အရေးပါမှုနှင့်ပတ်သတ်၍ သူသည် အစပိုင်းတွင် အိပ်မက်သက်သက်ဟုသာ ထင်မှတ်ခဲ့သောကြောင့် ထိုစဥ်ကဖြစ်ရပ်များကို သိပ်ပြီးခေါင်းထဲမထည့်မိခဲ့‌ပေ။

အာရန်သည် ထိုအမှတ်အသားကို ဆက်လက်စမ်းသပ်နေခဲ့ကာ အဆိပ်လည်ဆွဲ၏ အစွမ်းများကို ၎င်းဆီတွင် ဆက်လက်အသုံးပြုနိုင်မလားဟု စူးစမ်းကြည့်ချင်စိတ်များပင် ပြင်းပြနေသော်လည်း ယခုရောက်ရှိနေသည့် သန့်စင်မြို့တော်ကဲ့သို့သော နေရာမျိုးတွင် ထိုအရာကို စမ်းသပ်ကြည့်၍ မဖြစ်နိုင်ကြောင်းလည်း သူသိနေခဲ့၏။

မဟုတ်ရင် သူ့ကိုယ်သူ ဖော်ထုတ်မိလိုက်သလို ဖြစ်သွားနိုင်လေသည်။

“ခွဲခြားသတ်မှတ်ခြင်း”

သူသည် ထိုမသိသေးသော အမှတ်အသားပေါ်တွင် ခွဲခြားသတ်မှတ်ခြင်း အစွမ်းကို အသုံးပြု၍ အချက်အလက်များ ပိုမိုရယူလိုခဲ့သည်။

သို့သော် စနစ်၏ မျက်နှာပြင်သည် သူ၏ တည်ရှိမှုတစ်ခုလုံးကို ထည့်သွင်းစဉ်းစားခဲ့သည်။

ထိုတတ်တူး အမှတ်အသား ၏ အချက်အလက်များကိုသာ ဦးစားပေးရမည့်အစား သူ၏ အချက်အလက်အားလုံးကို ပြန်လည် ပြသခဲ့သည်။

..................

[အမည်- အာရန် (ရန်နစ်ခရိုလိုင်း)]

[အဆင့်- ၃၆]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

[အဆင့်မြင့်သွေးမျိုးဆက်များ : အမည်မသိ (၂၅%) ၊ ဝါးမြိုသူ ၊ ကောင်းကင်နဂါး (မပြည့်စုံ)၊]

[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]

[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]

[အသက်- ၂၁]

[စရိုက်လက္ခဏာများ- ရည်မှန်းချက်ကြီးသူ၊ ???]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား- ၉၉၅]

[လျင်မြန်မှု- ၁၃၁၀]

[ခံနိုင်ရည်- ၁၁၉၈]

[ဉာဏ်ရည်- ၈၇]

[မာနာ- ၄၄၄၈]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်- SSS]

[နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၅%)]

[သေမင်းတမန်- ၁ ရာခိုင်နှုန်း]

[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၃ပုံ ချိတ်ပိတ်ခံထားရ)၊ ကောင်းကင်နဂါးနှလုံးသား၏တည်နေရာမြေပုံ၊ ကံကြမ္မာဓား/ဓားဧကရာဇ်၏ဓား]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊အာရံခံစားမှုတိုးမြှင့်ခြင်း၊သွေးထိမ်းချုပ်ခြင်း]

..................

အာရန်သည် သူ၏ အချက်အလက်များကို ဖွင့်ကြည့်ရန် မကြိုးစားခဲ့သည်မှာ အတော်လေးကြာပြီဖြစ်၏။

ယခုမူ သူ၏ ရင်ဘတ်ရှိ တက်တူးအမှတ်အသားကို စိတ်ဝင်စားမိခဲ့၍သာ ထုတ်ဖော်မိလိုက်ခြင်း ဖြစ်လေသည်။

သို့သော် ယခု သူ၏ အချက်အလက်မျက်နှာပြင် ပေါ်လာသောအခါတွင်မူ သူ၏ ကိုယ်ပိုင်တိုးတက်လာမှုများကို စစ်ဆေးကြည့်ရန်အတွက် အနည်းငယ် စိတ်လှုပ်ရှားမိလိုက်သည်။

သူ၏ကျင့်စဥ်အဆင့် တိုးတက်မှုမှာမူ ထူးခြားမှုသိပ်မရှိလှပေ။

နောက်ထပ်ကြီးမားသော အတားအဆီးတစ်ခုကို မချိုးဖျက်နိုင်သေးသမျှ ကာလပတ်လုံးတွင် ထိုနယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိနိုင်ဦးမည် မဟုတ်သေးကြောင်း သူသည် မျှော်လင့်ထားပြီးဖြစ်သောကြောင့် သိပ်တော့ မအံ့သြခဲ့ပေ။

သို့တိုင် သူ့ကို အံ့အားသင့်စေခဲ့သည့် အခြားအပြောင်းအလဲအချို့မှာမူ ရှိနေခဲ့လေသည်။

သူသတိပြုမိသော ပထမဆုံးအပြောင်းအလဲမှာ သူ၏ သွေးမျိုးဆက်ကဏ္ဍတွင်ဖြစ်ပြီး ဖြစ်သည်။

ထိုကဏ္ဍတွင်အစောပိုင်းကာလက သွေးမျိုးဆက်များအားလုံးကို ဖော်ပြထားခဲ့သော်လည်း ယခုမူ အဆင့်မြင့်သွေးမျိုးဆက်များကိုသာ ဖော်ပြထားတော့သည်။

ထို့ပြင် သူ၏ ပင်လယ်နဂါးသွေးကြောသည်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် အသွင်ပြောင်းလဲသွားပုံရလေ၏။

အတိတ်က အသန့်စင်ဆုံး တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက် ဟုဖော်ပြထားခဲ့ရာမှ ယခုအခါတွင် အဘယ်ကြောင့်မှန်းမသိပဲ ကောင်းကင်နဂါးသွေးမျိုးဆက်အဖြစ် အလိုအလျှောက် ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။

အသန့်စင်ဆုံး တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက် နှင့် မတူဘဲ ယခုအခါ မပြည့်စုံသေးသော ကောင်းကင်နဂါးသွေးမျိုးဆက် ဖြစ်သွားပြီဖြစ်လေသည်။ အစကအာရန်သည် ကောင်းကင်နဂါး၏ နှလုံးသားကို ဝါးမြိုပြီးသောအခါမှသာ ထိုသို့သော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းထားခဲ့လေသည်။

သို့သော် ထိုပြောင်းလဲမှုသည် ယခုကတည်းက စတင်ဖြစ်ပွားပြီးသားဖြစ်နေသည်။

ဤပြောင်းလဲမှုကို မည်သည့်အရာက ဖြစ်စေခဲ့သည်ဆိုသည်ကိုသူကိုယ်တိုင်ပင် အတော်လေး သိချင်နေခဲ့သည်။

သူလုပ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ပင်လယ်နဂါးဧကရီကို ကယ်တင်ခဲ့ခြင်းသာဖြစ်၏။

သို့တိုင် သူသည် ထိုကောင်းကင်နဂါးသွေးမျိုးဆက်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရမည်မှန်းတော့ သိထားလေသည်။

ယခု သူ၏ပင်လယ်နဂါးသွေးမျိုးဆက်သည် တစ်ဆင့်တက်ကာ ကောင်းကင်နဂါးသွေးမျိုးဆက် ဖြစ်လာပြီဖြစ်သောကြောင့် သူ့တွင် အဆင့်မြင့် သွေးမျိုးဆက်သုံးခုအထိ ရှိသွားခဲ့ပြီဟု ဆိုနိုင်လေသည်။

၎င်းနှင့်အတူ ထိုအဆင့်မြင့်သွေးမျိုးဆက်များကို သူ၏ စနစ်မျက်နှာပြင်တွင် သီးခြားဖော်ပြထားခဲ့သည်။

သူ၏ နောက်ထပ်အပြောင်းအလဲတစ်ခုမှာ နတ်ဘုရားမ၏ ကာကွယ်မှုပင်ဖြစ်သည်။ ယခင်က တစ်ရာခိုင်နှုန်းသာရှိနေခဲ့ရာမှ ယခုအခါတွင် ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အခြားပြောင်းလဲမှုများမှာမူ သူ့အတွက် အမှန်တကယ် ရှုပ်ထွေးစေခဲ့သည့် အရာများဖြစ်သည်။

အထူးခြားဆုံးပြောင်းလဲမှုမှာ ကဏ္ဍအသစ်တစ်ခု ပေါ်ပေါက်လာခြင်းပင်ဖြစ်လေ၏။

၎င်းကို သေမင်းတမန်ဟု အမည်ပေးထားသည်။

၎င်းက ဘာကိုဆိုလိုသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်သေးသော်လည်း ၎င်း၏ရှေ့တွင် ရာခိုင်နှုန်းတစ်ခုကို ပြသထားလေသည်။

အခြားကဏ္ဍများနှင့်မတူဘဲ ဤတစ်ခုပေါ်လာခြင်းသည် သူ့အတွက် မည်သည့်အဓိပ္ပာယ်မျှ ရှိမနေခဲ့ချေ။

သူသည် အချက်အလက်များ ပိုမိုသိုရှိနိုင်ရန်အတွက် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကိုကို ကဏ္ဍတွင် ဆက်လက် အသုံးပြုချင်ခဲ့သော်လည်း ဤတစ်ခုအတွက်မူ အလုပ်မဖြစ်ခဲ့ပေ။

နောက်ဆုံးပြောင်းလဲမှုမှာမူ သူပိုင်ဆိုင်သောပစ္စည်းများနေရာတွင် ထပ်မံပေါ်ပေါက်လာသည့် ကံကြမ္မာဓား ဖြစ်လေသည်။

၎င်းသည် ဓားဧကရာဇ်၏ ဓားဟုလည်း ခေါ်တွင်လေသည်။

ထိုဓားဧကရာဇ်၏ ဓားသည် သူ့အား ဓားဧကရာဇ်အော်ရာနှင့် အဆိပ်လည်ဆွဲတို့ ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုကို ပြန်ပြောင်းသတိရစေခဲ့၏။

ထို့နောက် အာရန်သည် သူ၏ ထိုအဆိပ်လည်ဆွဲနှင့် ဓားဧကရာဇ်အော်ရာကို ပြီးပြည့်စုံစွာ ပေါင်းစပ်၍ ဓားတစ်လက်ကို နှုတ်ယူနိုင်ခဲ့သည့် မကြာသေးမီက အိပ်မက်အကြောင်းကိုလည်း ဆက်စပ်တွေးမိလိုက်သည်။

“ဒါက အဲဒီဓားများလား”

အာရန်သည် သူ၏ ထင်မြင်ယူဆချက် မှန်ကန်သည်ဟု မသေချာနေသေးသော်လည်း ထိုသို့သာဆိုပါက ထိုဓားသည် မည်မျှအစွမ်းထက်ကြောင်း သူကိုယ်တိုင် မြင်ခဲ့ရသောကြောင့် သူ၏ကံကောင်းခြင်းကြယ်ပွင့်လေးကိုသာ ကျေးဇူးတင်ရတော့မည် ဖြစ်လေသည်။

အရာအားလုံးထဲတွင် အပျော်ရွှင်ဆုံးအပိုင်းမှာ ဤဓားဧကရာဇ်၏ ဓားကို ရရှိရန် အတွက် မည်သည့်စိတ်အနှောင့်အယှက်ဖြစ်စရာ စနစ်တာဝန်များကိုမျှ ပြီးမြောက်ရန် မလိုအပ်ခဲ့ခြင်းပင်တည်း။

မကြာသေးမှီအချိန်တစ်ခုမှစ၍ သူ၏ကံကောင်းခြင်းများသည် ယခင်ကနှင့်ယှဥ်ပါက အတော်လေး ကွဲပြားခြားနားလာခဲ့သည်ကို သူသတိပြုမိခဲ့သည်။

ထိုအရာက အရှေ့တိုင်းတိုက်ကြီး၏ ဇာတ်လိုက်ဖြစ်သူ ရဲ့လန် ကို အနိုင်ယူခဲ့ပြီး နောက်ပိုင်းတွင်ဖြစ်လေသည်။

အာရန်သည် သေခြာမနေခဲ့သော်လည်း ဤကံကြမ္မာပြောင်းလဲမှုများကို ဆက်လက်ထိမ်းထားနိုင်ရန် အမှန်တကယ်ပင် မျှော်လင့်မိခဲ့သည်။

သူသည် ထိုဓားမှာ သူ၏အိပ်မက်ထဲတွင် မြင်ခဲ့ရသည့် ဓားနှင့် တကယ်တမ်း အတူတူပင်လောဆိုသည်အား သိရှိနိုင်ရန် သူ၏စနစ်သိုလှောင်ခန်းကို ဖွင့်၍ စစ်ဆေးကြည့်လိုက်သည်။

သို့သော်....

“ဟင် ဒါက ဒီမှာ ရှိမနေဘူးလား”

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကို ပိုမို၍ သေခြာစွာအသေးစိတ် ထပ်မံစစ်ဆေးကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ဓားအသစ်တစ်လက်မှ ထပ်မံ ရောက်ရှိ မလာခဲ့သောကြောင့်ပင်တည်း။

၎င်းတွင် သူစုဆောင်းခဲ့သော ပစ္စည်းအဟောင်းများသာ ရှိနေခဲ့သည်။

ထိုဓားများသည် အစွမ်းထက်သည်မှာမှန်သော်လည်း မပြည့်စုံသေးသည့်် အရှင်သခင်သတ်ဓား (ဒဏ္ဍာရီအဆင့်) ၏ အရည်အသွေးနီးပါးရှိသည့်အရာပင် တစ်ခုတလေမျှ ရှိမနေခဲ့ပေ။

#Catfoot

All Chapters