← Chapters

နယ်ရုပ်တစ်ရုပ်အဖြစ်ပိတ်မိခြင်း

Vol. 25 Ch. 359

နယ်ရုပ်တစ်ရုပ်အဖြစ်ပိတ်မိခြင်း

Vol. 25 Ch. 359

...

အာရန်သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် အနည်းငယ် ပို၍ သေသပ်စွာ ဝတ်ဆင်ထားပုံရသည်။

ဇီယာသည် အာရန်၏ လက်မောင်းပေါ်ရှိ အစောပိုင်းမြင်တွေ့ခဲ့ရသော အမှတ်အသားကို ဆက်လက်စူးစမ်းချင်နေဆဲဖြစ်သော်လည်း သူသည် အပေါ်ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီဖြစ်သောကြောင့် ထိုအမှတ်အသားကို မမြင်ရတော့ပေ။

ထိုအမှတ်အသားသည် အာရန်အတွက် အတော်လေးအရေးပါနိုင်သောကြောင့် သူ၏ လက်မောင်းပေါ်တွင် အများမြင်သာအောင် ထင်ရှားစွာ ထားရှိမည်ဟုတော့ သူမ မထင်မိချေ။

ထို့ပြင် ထိုအမှတ်အသားသည် ယမန်နေ့ညကအထိ အာရန်၏ကိုယ်ပေါ်တွင် ရှိမနေခဲ့ကြောင်းကို သူမလုံးဝကိုသေခြာနေခဲ့သည်။

သူမသည် အာရန်အား ထိုအကြောင်းကို မေးမြန်းကြည့်ချင်ခဲ့သော်လည်း သူသည် သူမ၏မေးခွန်းကို တစ်ကြိမ်လျစ်လျူရှုထားပြီးသား ဖြစ်လေ၏။

သူသည် ထိုအကြောင်းကို ပြောပြရန် အဆင်မပြေသေးဟု ယူဆမိသဖြင့် သူမသည် သူ့အား အခက်တွေ့စေရန် မေးခွန်းများထပ်မံမေးမြန်းခြင်းမျိုး မပြုတော့ပေ။

ဇီယာနှင့်မတူဘဲ ယူလင်းမှာမူ အကြောင်းတစ်စုံတစ်ရာကြောင့်ဟု ယူဆရကာ အာရန်၏ ထိုအရာများကို အနည်းငယ်မျှပင် စူးစမ်းလိုစိတ် ရှိမနေခဲ့ချေ။

သူမသည် အာရန်အား တစ်ခါတစ်ရံတွက် မသိမသာကွက်၍ စိုက်ကြည့်နေတတ်ပြီး အာရန်တစ်ယောက် သူမဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် သူမ၏အကြည့်ကို အခြားနေရာသို့ အလိုလိုပင် ပြောင်းလဲပစ်လိုက်လေ့ရှိသည်။

ထိုအချိန်မှစ၍ သူတို့ထဲမှ မည်သူမျှ အာရန်၏ လက်မောင်းပေါ်တွင် ပေါ်လာသည့် အမှတ်အသားအကြောင်းကို စကားမစမိတော့ပေ။

“ငါတို့ အပြင်ထွက်လမ်းလျှောက်ကြမလား သန့်စင်မြို့တော်ဆိုတာမျိုးက ငါတို့လိုအရှေ့တိုက်က လူတွေအနေနဲ့ လွယ်လွယ်ကူကူ ရောက်လာနိုင်တဲ့နေရာမျိုးလဲမဟုတ်ဘူးလေ”

အာရန်က မိန်းကလေးနှစ်ဦးအား ပြောလိုက်ရာ ၎င်းတို့နှစ်ဦးသည် ချက်ချင်းပင် သဘောတူလိုက်ကြသည်။

သူတို့သုံးဦးသည် မကြာမီတွင် အခန်းများ အတွင်းမှ အတူတကွထွက်ခွာလာခဲ့ကြပြီး နောက် အခန်းအပြင်ဘက်တွင် ချထားသည့် အစောင့်များ၏ အရေအတွက်ကို မြင်လိုက်ရသောအခါတွင်မူ ချက်ချင်းပင် အံ့အားသင့်သွားကြရသည်။

ယခင်ကနှင့်မတူဘဲ ဤတစ်ကြိမ်တွင် အစောင့်အရေအတွက်သည် အတော်လေးကို များပြားလွန်းနေခဲ့သည်။

ရုတ်တရက် အာရန်သည် ၎င်းတို့အား ဖမ်းဆီးရန် ရောက်ရှိလာခြင်းများလားဟုပင် တွေးမိလိုက်သော်လည်း ၎င်းတို့ဆီမှ ရန်လိုသည့်အငွေ့အသက်များကို မတွေ့ခဲ့ရပေ။

၎င်းတို့သည် သည်အတိုင်း စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်၏။

ထို့နောက် အနည်းငယ် အသက်အရွယ်ကြီးရင့်ဟန်ရသော လူအိုကြီးတစ်ဦးမှ ရှေ့သို့ ထွက်လာခဲ့သည်။

“အရှေ့ဘက်တိုင်းက သံတမန်တော်ကြီးတွေကို နှုတ်ဆက်ပါတယ် ကျွန်ုပ်တို့ အရင်က မတွေ့ဖူးသေးဘူးလို့ ထင်ပါတယ် ကျွန်ုပ်နာမည်က ယန်းပါ သန့်စင်အင်ပါယာရဲ့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးပါ”

“ကျွန်တော်တို့ကလဲ ခုလိုတွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ” ဟု အာရန်က တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက်ဆက်လက်၍ -

“ဟိုလေ ဘာလို့ အစောင့်တွေ အများကြီး ဒီနေရာမှာ စုနေရတာလဲဆိုတာ မေးလို့ရမလားဗျ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ကျွန်တော်တို့နဲ့ စစ်ခင်းဖို့ စီစဉ်နေတာတော့မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်” ဟု ပြန်မေးလိုက်သည်။

“ကျုပ်တော့ အဲဒီလိုအခွင့်အရေး ဘယ်တော့မှ ရလိမ့်မှာမဟုတ်ဘူးလို့ ထင်ပါတယ်ဗျာ” ဟု ကာကွယ်ရေးဝန်ကြီးသည် အာရန်၏ စကားများကို ငြင်းပယ်ရမည့်အစား သူသည် အမှန်တကယ်စိတ်ပျက်နေသကဲ့သို့ တည့်တိုးပင် ပြန်ဖြေလိုက်သည်။

ကာကွယ်ရေးဝန်ကြီးသည်နောက်ထပ် အခြားဘာမျှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

အခြားအစောင့်များကမူ အာရန်တို့အတွက် လမ်းရှင်းပေးလိုက်သည်။

သူသည် အာရန်အား သူ၏နောက်လိုက်ရန် မပြောသော်လည်း ထိုအပြုအမူများအရ အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။

ထို့ကြောင့် အာရန်သည်လည်း မိန်းကလေးနှစ်ဦးနှင့်အတူ ထိုလူအိုကြီး၏နောက်သို့ လိုက်သွားသည်။

“ကျုပ်တို့အတွက် အရေးကြီးတဲ့အရာတစ်ခု ညက အခိုးခံလိုက်ရပါတယ် အခိုးခံရတဲ့ပစ္စည်းက သန့်စင်အင်ပါယာအတွက် အတော့်ကိုအရေးပါပါတယ် သင်တို့ ဒီအကြောင်းကို ဘာများ ကြားသိမိတာမျိုး ရှိသေးလဲ” ဟု ကာကွယ်ရေးဝန်ကြီးက အာရန်ဘက်သို့ လှည့်ကြည့်ဘဲ မေးလိုက်သည်။

“အရေးပါတဲ့ အရာတစ်ခု အခိုးခံရတယ်ဟုတ်လား”

ထိုစကားကို ကြားသောအခါ အာရန်သည်လည်း အခြားသူများကဲ့သို့ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ဘာမျှ မခိုးခဲ့ပေ။

သန့်စင်မြို့တော်တွင် သန့်စင်အင်ပါယာပင်ကို ဤမျှအထိ ဒုက္ခပေးနိုင်သူ အခြားတစ်စုံတစ်ယောက်များ ဤနေရာသို့ ရောက်ရှိနေခဲ့ခြင်းများလား....။

အာရန်သည် ထိုအခိုးခံရသောပစ္စည်းအကြောင်းကို အတော်လေးသိချင်နေမိသည်။ သန့်စင်အင်ပါယာကိုယ်တိုင်ပင် ဤသို့တုံ့ပြန်ပါက ခိုးယူခံရသောပစ္စည်း၏ အရေးပါမှုကို သူစိတ်ကူး၍ပင်ကြည့်နိုင်လေသည်။

“သင်တို့အုပ်စုက သန့်စင်မြို့တော်ကို မနေ့ကမှဝင်လာတဲ့ တစ်ဖွဲ့တည်းသော ပြင်ပအုပ်စုပဲ ပြီးတော့ တိုက်ဆိုင်စွာနဲ့ပဲ ဒီလိုကိစ္စမျိုးတွေ ဖြစ်ပျက်ခဲ့တယ် ဒါကတကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ဆိုင်မှုမျိုးပဲ မဟုတ်ဘူးလား”

ကာကွယ်ရေးဝန်ကြီးသည် အာရန်အား ထိုသို့ ထပ်မံ မေးလိုက်ပြီးနောက် သူ၏တည်ရှိမှုသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ပိုမိုမှေးမှိန်လာခဲ့ကာ အာရန်သည်ပင် ထိုသူ၏ခြေသံကို တဖြည်းဖြည်း မကြားရတော့ပေ။

“ကျွန်တော့်တို့ကို သံသယရှိနေတာလားဗျ” ဟု အာရန်သည် စိတ်ပျက်စွာဖြင့် နဖူးကို ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။

အစောပိုင်းကာလများတွင် သူကိုယ်တိုင် လှုပ်ရှားမှုများများစွာ ပြုလုပ်ခဲ့သော်လည်း သူ၏ ဟန်ဆောင်ကောင်းမှုများကြောင့် မည်သူမျှ သူ့အား သံသယမဝင်ခဲ့ကြချေ။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် ဘာမျှ မလုပ်ရပါပဲ သံသယရှိသည့် မျက်လုံးများသည် သူ့အပေါ်သို့ အလိုလို ကျရောက်နေပြီဖြစ်၏။

ယခုမှသာ ပင်လယ်နဂါးဧကရီသည် သူ၏ လုပ်ရပ်များအတွက် ဘုမသိဘမသိဖြင့် ဘုရားကြောင်း၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည့် အဖြစ်အား သူကိုယ်တိုင် ကိုယ်ချင်းစာနိုင်တော့သည်။

“ကျုပ်က တိုက်ဆိုင်တယ်လို့ပဲ ပြောလိုက်တာပါ ဘာလို့ ကျုပ်တို့က သင်တို့ကို သံသယရှိတယ်လို့ ထင်နေရတာပါလဲ ဒါမှမဟုတ် သင်တို့ကလည်း အဲဒီလိုစွတ်စွဲချက်မျိုကို အဓိပ္ပာယ်ရှိတယ်လို့ ယူဆမိလိုက်လို့လား” ဟု ကာကွယ်ရေးဝန်ကြီးက ပြန်ပြောလိုက်ပြီး သူ၏စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်အချို့ပါဝင်နေခဲ့လေ၏။

ပထမဆုံးအကြိမ်အဖြစ် အာရန်သည် လူသတ်လိုသည့် အငွေ့အသက်အချို့ကို စတင် ခံစားလိုက်ရသည်။

၎င်းသည် လူတစ်ဦးထဲထံမှ ထွက်ပေါ်လာခြင်းမျိုးမဟုတ်ပေ။

သူတို့၏ ပတ်ဝန်းကျင်တွင် ကြိုတင် ပုန်းအောင်းနေခဲ့သည့် လူအတော်လေးများများ ရှိနေသည်ဟု အာရန်တစ်ယောက်သတိထားမိလိုက်သည်။

“ခင်ဗျား နောင်တရစရာ တစ်ခုခု မလုပ်မိပါစေနဲ့လို့တော့ မျှော်လင့်ပါတယ် အချို့ကိစ္စတွေက အကျိုးဆက်တွေ အများကြီးရှိတတ်တယ်နော်” ဟု အာရန်သည်လည်း အဓိပ္ပါယ်ပါပါ စကားလုံးအချို့ကို ဂရုစိုက်၍ ပြန်ပြောလိုက်လေသည်။

ထို့နောက်ရုတ်တရက် အာရန်သည် ဇီယာအား ယူလင်းကို ကာကွယ်ပေးထားရန် အချက်ပြလိုက်ပြီး ၎င်းတို့သည် သန့်စင်အင်ပါယာ၏ ရန်သူများ ဖြစ်လာနိုင်သည့် အခြေအနေတွင် ကျရောက်နေပြီဖြစ်ကြောင်း စိတ်ခြင်းဆက်သွယ်၍ သတိပေးလိုက်၏။

“ကံမကောင်းစွာနဲ့ ကျုပ်ကလည်း အကျိုးဆက်တွေကို ကောင်းကောင်းကြီးသိထားပါတယ် အဲဒါကြောင့် ခုတော့ ခင်ဗျား သေလိုက်တော့”

ကာကွယ်ရေးဝန်ကြီးသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏အသံသည် မကြားရလောက်အောင်ပင် တိုးညှင်းသွားခဲ့သည်။

ထို့နောက်ရုတ်တရက် သူ၏လက်ထဲတွင် တောက်ပစွာ လင်းလက်နေသော ဓားတစ်ချောင်း ပေါ်လာခဲ့သည်။

ထိုဓားသည် မာနာစွမ်းအင်များကို အသုံးပြုရသည့်ဓားတစ်လက်ဖြစ်နေသည်ကို ထောက်ချင့်ပါက မြောက်ပိုင်းတိုက်မှ ရတနာတစ်ခုဖြစ်သည်ဟု ယူဆနိုင်လေသည်။

ထိုအထဲတွင် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များ သက်ရောက်ခံထားသည့် အရိပ်အယောင်အနည်းငယ်မျှပင် ရှိမနေခဲ့ပေ။

“ကျွန်တော်တို့က မြို့ကိုပတ်ကြည့်ဖို့ပဲ စိတ်အားထက်သန်နေတာပါ...”

အာရန်သည် သူ၏ဦးကိုတစ်ချက် ပြန်ကုတ်လိုက်ရင်း သူသည်လည်း ဓားတစ်ချောင်း ပြန်လည် ထုတ်ယူလိုက်သည်။

အာရန်သည် သန့်စင်ဧကရာဇ်နှင့် ပုရောဟိတ်မတို့ကြားရှိ ဂိမ်းကစားပွဲတစ်ခုတွင် အသုံးချခံနယ်ရုပ်တစ်ရုပ် ဖြစ်လာလိုစိတ်ရှိမနေခဲ့သော်လည်း ယခုတွင်မူ ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်၍ သူ့တွင်ရွေးချယ်စရာမရှိတော့ချေ။

သူသည် သန့်စင်ပုရောဟိတ်မမှ ဧကရာဇ်အား စွပ်ချက်တစ်ခုရယူနိုင်ရန် တစ်စုံတစ်ရာ ပြုလုပ်တော့မည်ဟုတော့ မျှော်လင့်ထားခဲ့ပြီးဖြစ်သော်လည်း ဤမျှအထိ ပိရိစွာ ရည်ရွယ်ချက်ရှိရှိ လုပ်လာလိမ့်မည်ဟုတော့ မမျှော်လင့်မိခဲ့ပေ။

သန့်စင်ဧကရာဇ်၏ အဆင့်အမြင့်ဆုံး လက်အောက်ခံတစ်ဦးက အရှေ့တိုင်းမှ သံတမန်များကို မာနာလက်နက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါက ၎င်းက သန့်စင်ဧကရာဇ်အား မြောက်ပိုင်းတိုက်ကြီးနှင့် အဆက်အသွယ်ရှိနေကြောင်း စွပ်စွဲနိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေလေသည်။

အရှေ့ဘက်တိုင်းမှ သံတမန်များ ပျောက်ဆုံးမှုတွင် မသင်္ကာစရာတစ်ခုမှာ ရှိနှင့်ပြီးသားဖြစ်၏။

မြောက်ပိုင်းတိုက်မှ ပုဂ္ဂိုလ်များသည် ၎င်းတို့မည်သည့်နေရာသို့ သွားမည်နှင့် မည်သည့်အချိန်တွင် ဝင်ရောက်မည်ကို မည်သို့သိရှိနိုင်မည်နည်း။

၎င်းသတင်းကို အတိအကျ သိရှိထားသူများမှာ ဖိတ်စာပို့ခဲ့သော သန့်စင်ဘုရားကျောင်းနှင့် လက်ခံရရှိသော မိစ္ဆာဂိုဏ်းနှစ်ဖက်တည်းသာ ဖြစ်နိုင်လေသည်။

ထိုအရာသည် သန့်စင်ဘုရားကျောင်းကို ဤပျောက်ဆုံးမှုနှင့် ဆက်စပ်၍ သံသယဝင်သွားသည့် တစ်ခုတည်းသော အကြောင်းရင်းလည်း ဖြစ်လေ၏။

သို့သော် သန့်စင်ဧကရာဇ်သည်သာ သစ္စာဖောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါက ထိုသတင်းအချက်အလက်ပေါက်ကြားမှုကို ဖြေရှင်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ၎င်းသည် သန့်စင်ဧကရာဇ်၏ အစီအစဉ်ဖြစ်သည်ဟု ယူဆနိုင်ရန်မှာ လွန်စွာ စဥ့်စားစရာများပြည့်နေခဲ့သည်။

သူသည် ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်လေသည်။ ထိုလူသည် ဝတ္ထုကို ဖတ်ပြီးမှ ရောက်လာခဲ့ခြင်းဖြစ်ပါက ကာကွယ်ရေးဝန်ကြီးသည် မဟာအကြီးအဲနှစ်ဦးကို သတ်နိုင်မည်ဟု ထင်ရလောက်သည်အထိ မိုက်မဲလိမ့်မည်မဟုတ်ပေ။

ထိုသို့ဆိုပါက ဖြစ်နိုင်သည်မှာ သူသည် ဤကမ္ဘာသို့ မကြာသေးမှီအချိန်ကမှ ကူးပြောင်းလာခဲ့ခြင်း ဖြစ်ဖို့များလေသည်။

သူသည် ထိုလုပ်ကြံမှုကို ထိမ်းချုပ်ကွက်ကဲရန်ပင် မည်သည့်အစီအစဥ်မှ မချမှတ်ရသေးဟန် တူ၏။

ထို့ပြင် ယခုကာကွယ်ရေးဝန်ကြီး၏ အပြုအမူသည် အစွန်းရောက်ဘာသာရေး ဂိုဏ်းသားတစ်ဦးမှ မိမိကိုယ်ကို အသေခံ၍ ထမ်းဆောင်ရသည့် တာဝန်တစ်ခုနှင့်ပင် ပို၍တူညီနေခဲ့သောကြောင့်ပင်တည်း။

ထို့နောက် အာရန်အနေဖြင့် ဘာသာရေးအစွန်းရောက် နောက်လိုက်များအကြောင်း စဉ်းစားမိတိုင်းတွင် လူတစ်ဦးတည်းကိုသာ ပြေး၍မြင်မိလိုက်သည်။

#Catfoot

All Chapters