စိတ်ဖြင့် ထောက်လှမ်းခြင်း
Vol. 7 Ch. 99
မျှော်လင့်မထားသော အခြေအနေပင်။
ပိတ်ထားသော ဓာတ်ခွဲခန်းအတွင်းပိုင်းသည် အလွန်ရှင်းလင်းနေပြီး အပြင်ဘက်ရှိ လူထူထပ်သောနေရာနှင့် လုံးဝကွာခြားနေသည်။
အလယ်ဗဟိုရှိ သလင်းကျောက်ပုံဆောင်ခဲဖန်လုံးကြီးမှာ ဖုန့်လင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။
ထိုသလင်းပုံဆောငခဲဖန်လုံးအတွင်းရှိ ပတ်ဝန်းကျင်သည် လုံးဝပိုးမွှားကင်းစင်သော လေဟာနယ်ဖြစ်ပြီး အတွင်းတွင် အနှစ်ကဲ့သို့ အရာတစ်ခု လွင့်မျောနေသည်ကို တွေ့ရသည်။ သို့သော် ထိုအနှစ်သည် လှပသော အသွင်အပြင်မရှိပေ။ ရွှံ့ကဲ့သို့ပင် နူးညံ့ပျော့ပျောင်းပြီး ခြောက်သွေ့နေသည်။
သို့သော် ဖုန့်လင်း တစ်ချက်ကြည့်ရုံဖြင့် ယခင်သုတေသနမှတ်တမ်းတွင် မြင်ခဲ့ရသော ရှေးဟောင်းနတ်ဆေးဖြစ်ကြောင်း သိလိုက်သည်။
"ဒါက ရှေးဟောင်းနတ်ဆေးပဲ! ဒီမှာ ဆေးဝါးတွေကို စကင်ဖတ်ပြီး ဖွဲ့စည်းပုံနဲ့ ပါဝင်ပစ္စည်းတွေကို ပြနိုင်တဲ့ စက်တစ်ခုရှိတယ်! မင်း သတိထားကိုင်သင့်တယ်၊ မလိုအပ်ဘဲနဲ့ ဘာကိုမှ မထိပါနဲ့! ရှေးဟောင်းနတ်ဆေးကို ပျက်စီးစေခဲ့ရင် မင်းရဲ့ဝိညာဉ်ကို ရောင်းရင်တောင် မတတ်နိုင်ဘူး!" အိုက်မှာ ဓာတ်ခွဲခန်းအတွင်းသို့ မဝင်သော်လည်း ဖုန့်လင်းကို အလေးအနက်သတိပေးလိုက်သည်။
သုတေသနအဖွဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် အိုက် သည် ရှေးဟောင်းနတ်ဆေးနှင့် မစိမ်းပေ။ သူ မကြာခဏမြင်ဖူးသော်လည်း သုတေသနတွင် မည်သည့်ရလဒ်မျှ မရရှိခဲ့သည့်အတွက် ယခုထပ်မြင်ရုံဖြင့်လည်း အကျိုးရှိမည်မဟုတ်ပေ။
ဒီငနဲ ဒီကနေ ဘာတွေ ရှာတွေ့မှာမို့လို့လဲ?
ဖုန့်လင်း ဓာတ်ခွဲခန်းအတွင်းသို့ ဝင်သွားသည်ကို ကြည့်ရင်း အိုက်၏ မျက်နှာမှာ မည်းမှောင်နေခဲ့သည်။
သတ္တုနံရံများသည် အလိုအလျောက် ပြန်ပိတ်သွားပြီး ဖုန့်လင်း တစ်ဦးတည်းသာ လျှို့ဝှက်ဓာတ်ခွဲခန်းအတွင်း၌ ကျန်ရစ်ခဲ့သည်။ အလွန်တိတ်ဆိတ်သော ဤပတ်ဝန်းကျင်သည် စမ်းသပ်မှုပြုလုပ်ရန် သင့်လျော်လှသည်။
ဤမျှအရေးကြီးသော ဓာတ်ခွဲခန်းတွင် ကင်မရာများ တပ်ဆင်ထားမည်ဟု
ဖုန့်လင်း ခန့်မှန်းထားသည်။ မန်နေဂျာ ဖရန့် နှင့် အဖွဲ့ခေါင်းဆောင် အိုက် တို့သည် နောက်ကွယ်မှ သူ့ကိုကြည့်ကောင်း ကြည့်နေကြပေလိမ့်မည်။
သူ ဂရုတစိုက်လေ့လာပြီး ရှေးဟောင်းနတ်ဆေးအပေါ် သုတေသနပြုခြင်းကို စတင်ခဲ့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင်။
ရုံးခန်းအတွင်း၌ သူ၏လှုပ်ရှားမှုတစ်ခုချင်းစီကို သုံးဖက်မြင်ပရိုဂျက်တာဖြင့် စောင့်ကြည့်နေခဲ့သည်။ ဖရန့်နှင့် အိုက်တို့မှာ ကြည့်နေရင်း ဆွေးနွေးနေကြသည်။
"အိုက်၊ သူ ရလဒ်တစ်ခုခုရနိုင်မယ်လို့ မင်းထင်လား" မန်နေဂျာ ဖရန့်မှာ မျက်နှာထက်တွင်အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး" အိုက် ခေါင်းခါရင်း ပြောလိုက်သည်။ "ဒီကလေးက အလားအလာရှိပေမယ့် ရှေးဟောင်းနတ်ဆေးဆိုတာက ဒဏ္ဍာရီလာ နည်းစနစ်တွေရဲ့ ရလဒ်ပဲ။ ဒါကြောင့် လွယ်လွယ်ကူကူ ထိုးဖောက်ပြီး နားလည်ဖို့ မလွယ်ဘူး။ ဒီနေရာမှာ တရားဝင်ဗီဇပညာရှင်တွေအများကြီးရှိပေမယ့် ကျွန်တော်တို့ထဲက တစ်ယောက်မှ မအောင်မြင်သေးဘူးလေ။ အဓိကအကြောင်းရင်းကတော့ နည်းပညာဆိုင်ရာ အခက်အခဲက ကြီးမားလွန်းလို့ပဲ။ ရှေးဟောင်းနတ်ဆေးက အစိုင်အခဲပုံစံ၊ ဆေးရည်တွေကကျ အရည်ပုံစံ။ ပုံစံပြောင်းသွားရုံပဲ ထင်ရပေမယ့်၊ သူ့ရဲ့နဂိုအနှစ်သာရက လုံးဝကွဲပြားနေတယ်"
လက်ရှိအချိန်မှာ ဖုန့်လင်းနဲ့ သူ ဆက်ဆံရေးကောင်းနေပေမယ့်၊ ဖုန့်လင်း၏ရလဒ်များကို သူ ယုံကြည်ချက်နည်းနေဆဲဖြစ်သည်။ သူ ပြောသည့် အကြောင်းပြချက်များမှာလည်း ယုတ္တိရှိသည်။
မန်နေဂျာ ဖရန့်လည်း သိပ်မအံ့သြခဲ့ပေ။ "သူ အောင်မြင်ဖို့ အလားအလာက နည်းပေမယ့်၊ ဒီကလေး ထိုးဖောက်နိုင်မယ်လို့ ကျုပ် မျှော်လင့်နေတုန်းပဲ။ ဒီရှေးဟောင်းနတ်ဆေးကို ဒဏ္ဍာရီအပျက်အယွင်းတစ်ခုကနေ တွေ့ခဲ့တာဆိုတော့၊ ဖုန့်လင်းကို ကျုပ်က ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်တွေအကြောင်း သိတဲ့အတွက် ငှားထားတာပဲ။ သူ့အသိပညာကို အသုံးချပြီး ရှေးဟောင်းနတ်ဆေးရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်နိုင်မလားလို့ပဲ။ ဌာနချုပ်က အဖြေတစ်ခုရဖို့ ကျုပ်တို့ကို လောဆော်နေတယ်ဆိုတာ မင်း သိပါတယ်။ သူတို့က အစီအစဉ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ချင်နေကြတယ်။ ဒါ့အပြင် မားစ်ဂြိုဟ် တော်လှန်ရေးတပ်ကလည်း မကြာသေးခင်က ပိုလှုပ်ရှားလာတယ်။ သူတို့ တစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိနေသလိုပဲ။ အခုအခြေအနေက တဖြည်းဖြည်းနဲ့ မတည်မငြိမ်ဖြစ်လာနေပြီ"
"အဲဒီလိုဖြစ်ပါစေလို့ ကျွန်တော်လည်း မျှော်လင့်ပါတယ်"
နှစ်ဦးသား၏စကားသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သေချာတာပေါ့ ရုံးခန်းအတွင်း ဘာတွေဖြစ်နေမှန်း ဖုန့်လင်း လုံးဝမသိခဲ့ပါဘူး။ သူ ရှေးဟောင်းနတ်ဆေးကို ဂရုတစိုက် လေ့လာနေခဲ့သည်။
သူကိုယ်တိုင်မြင်လိုက်မှပဲ ဒီရှေးဟောင်းနတ်ဆေးက ဘယ်လောက် ဆန်းကြယ်လဲဆိုသည်ကို နားလည်ခဲ့သည်။
ဒီရှေးဟောင်းနတ်ဆေးက အစိုင်အခဲပုံစံဖြစ်ပြီး သာမန်ဗီဇဆေးရည်တွေနဲ့ လုံးဝမတူပါဘူး။
ဗီဇဆေးရည်တွေက အရည်ပုံစံဖြစ်ရခြင်းရဲ့ အကြောင်းရင်းက ဆေးအာနိသင်ကို မြန်မြန်စုပ်ယူနိုင်စေဖို့ပါ။
ဒီအစိုင်အခဲဆေးက ဘယ်လိုအလုပ်လုပ်တာလဲဟ? သာမန်လူတွေရဲ့ ခန္ဓာကိုယ်ပေါက်ကွဲမသွားဘဲ ဒဏ္ဍာရီလာ ဗီဇတွေကို ဘယ်လိုနိုးထစေနိုင်တာလဲ?
ဤမေးခွန်းများအားလုံးကို ဖုန့်လင်း ရင်ထဲတွင် စဥ်းစားနေခဲ့သည်။
သူ ရှေးဟောင်းနတ်ဆေးကို ကိရိယာဖြင့် စတင်၍ စကင်ဖတ်သည်။ ဆေးပေါ်တွင် အလင်းတန်းတစ်ခု လင်းလာကာ အချက်အလက်များကို ပြသလိုက်သည်။
"ကာဗွန် - ၂၇.၂၃%၊ အောက်ဆီဂျင် - ၂၁.၅၄%၊ မာကျူရီ - ၁၈.၂၅%၊ ကြေးနီ - ၁၀.၂% ... ..."
ဖုန့်လင်း စကင်ဖတ်၍ရလာသည့် ရလဒ်များကို ကြည့်လိုက်ပြီး ဖန်သားပြင်ပေါ်တွင် ဒြပ်စင်အမျိုးမျိုး ပြထားသည်ကို သူတွေ့လိုက်ရသည်။
စကင်ဖတ်ရာမှရသည့် ရလဒ်များကို သူ မကျေနပ်ခဲ့ပေ။
နဂါးငွေ့တန်းတစ်ခုလုံးက ဒြပ်စင်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒီအချက်တွေသိရုံနဲ့ ဘာအကျိုးရှိမှာလဲ?
အဓိကအချက်က သူ့ရဲ့ဖွဲ့စည်းပုံကို သိဖို့ပါပဲ။
ဒါပေမယ့် ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စကင်ဖတ်ထားသောပုံတွင် ထူးဆန်းသောအရိပ်များစွာ ပါနေခဲ့သည်။ ဖုန့်လင်း ပြောနိုင်သည်မှာ ဤနေရာတွင် မရေမတွက်နိုင်သော စက်ဝိုင်းပုံစံဖွဲ့စည်းတည်ဆောက်ပုံများ ချိတ်ဆက်နေသည်ကိုပင်။သို့သော် သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
ဖုန့်လင်းမှာ ဓာတ်ခွဲခန်းအတွင်းရှိ ကိရိယာအမျိုးမျိုးကို အသုံးပြုကာ ဆက်လက်လေ့လာခဲ့သည်။ ရလဒ်များမှာ အချည်းနှီးဖြစ်နေခဲ့သည်။
"သူ ဆေးရဲ့ဖွဲ့စည်းပုံကို စကင်ဖတ်နေတယ်!"
"သိပ်အသုံးမဝင်ဘူး! ရှေးဟောင်းနတ်ဆေးမှာ ထူးခြားတဲ့လက္ခဏာရပ်တွေ ရှိတယ်။ စကင်ဖတ်တဲ့ကိရိယာတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဝိဉာဉ်အမှုန်တွေလည်း အများကြီးပါနေတယ်!"
ဖရန့်နှင့် အိုက်မှာ ဖုန့်လင်း၏လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရင်း မှတ်ချက်ပေးနေကြသည်။
ထိုအချိန်တွင် ဖုန့်လင်း အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ကိရိယာ၏ပုံရိပ်ပေါ်တွင် ရောထွေးနေသော အက္ခရာများ ပေါ်လာခဲ့သည်။ ၎င်းမှာ ဝိဉာဉ်အမှုန်များ ရွေ့လျားမှုမမှန်ခြင်း၏ ရလဒ်ဖြစ်သည်။
ရှေးဟောင်းနတ်ဆေးအတွင်းရှိ ဝိဉာဉ်အမှုန်များမှာ စံချိန်များ ကျော်လွန်နေခဲ့ပြီး စကင်ဖတ်ရာတွင် အသုံးပြုသော အလင်းတန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထိုအနှောင့်အယှက်ကြောင့် ပုံရိပ်တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဆူညံသံများဖြင့် ရောထွေးနေသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။ လူများအနေဖြင့် အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲလှသည်။
ဤသို့ဖြစ်ခြင်းမှာ သူတစ်ဦးတည်းမဟုတ်ပေ၊ သူ့မတိုင်မီက သုတေသီများ၏ မှတ်တမ်းများတွင်လည်း ထိုပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း
ဖုန့်လင်း တွေ့ထားခဲ့သည်။ သူတို့အနေဖြင့် ဆေး၏အာနိသင်ကို ရှာဖွေရန်အတွက် ရိုးရာနည်းလမ်းများကိုသာ အသုံးပြုနိုင်ခဲ့ကြသည်။
သူတို့အနေဖြင့် ရှေးဟောင်းနတ်ဆေး၏ နမူနာအနည်းငယ်ကို ယူကာ စမ်းသပ်ခံများအား အတင်းအကျပ်ကျွေးခဲ့ကြသည်။ စမ်းသပ်ခံတို့၏ တုံ့ပြန်မှုများကို လေ့လာခြင်းဖြင့် သုတေသီများသည် ရှေးဟောင်းနတ်ဆေး၏ အာနိသင်ကို ခန့်မှန်းခဲ့ကြသည်။
ဤနည်းလမ်း၏ ထိရောက်မှုမှာ အလွန်နိမ့်ကျသည်။
အဖြေမှန်ကို ပထမဦးဆုံးရရန် လိုအပ်ကြောင်း ဖုန့်လင်း သိထားသည်။ ထို့ကြောင့် သူ ဤနည်းလမ်းကို အသုံးမပြုနိုင်ပေ။ တစ်ဆင့်ပြီးတစ်ဆင့် စူးစမ်းခြင်းမှာ အလွန်နှေးကွေးလွန်းသည်။ ရှေးဟောင်းနတ်ဆေး၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်းကသာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။
အခြေခံအားဖြင့် သူ ရှေးဟောင်းနတ်ဆေးကို နက်နက်နဲနဲ လေ့လာရမည်ဖြစ်သည်။
ကံမကောင်းစွာပင်၊ ဤသိပ္ပံနည်းကျကိရိယာများသည် အလုပ်မဖြစ်ခဲ့ပေ။ ဖုန့်လင်းမှာ ထိုအချိန်တွင် မည်သည့်ကောင်းမွန်သော ဖြေရှင်းနည်းကိုမျှ
မတွေ့ခဲ့ပေ။
သူ အတွေးနက်နေစဉ်၊ သူ၏စိတ်စွမ်းအင်သည် မသိလိုက်ဘဲ သူ့နဖူးကြားမှ စိမ့်ထွက်လာခဲ့သည်။
ရုတ်တရက်၊ သူ အတွေးတစ်ခု ရလိုက်သည်။ စိတ်စွမ်းအင်က အရာအားလုံးကို အာရုံခံနိုင်တယ်ဆိုရင် ရှေးဟောင်းနတ်ဆေးရဲ့ ဖွဲ့စည်းပုံကို အာရုံခံနိုင်ဖို့ ဘာလို့ မသုံးနိုင်ရမှာလဲ?
သူ ဤအကြံကို ရလိုက်သည်နှင့်တစ်ပြိုင်နက် လက်တွေ့အကောင်အထည်ဖော်ခဲ့သည်။
သို့သော် စိတ်ဗီနိုးထထားသည့် လျှို့ဝှက်ချက်ကို မဖော်ထုတ်မိစေရန်
ဖုန့်လင်းမှာ ကိရိယာပေါ်ရှိ အချက်အလက်များကို ကြည့်နေဟန်ဆောင်ကာ စိတ်စွမ်းအင်ကို လျှို့ဝှက်စွာ ထုတ်လွှတ်ကာ ရှေးဟောင်းနတ်ဆေးအတွင်းသို့ ထိုးဖောက်ခဲ့လိုက်သည်။
ချက်ချင်းပင် သူ ကွာခြားမှုကို ခံစားမိလိုပ်သည်။
စိတ်ဝိဉာဉ်အမှုန်များနှင့် စိတ်စွမ်းအင်သည် အံ့သြဖွယ်ကောင်းသော သဟဇာတဖြစ်မှုရှိပုံရပြီး စိတ်ဖြင့်
စကင်ဖတ်ရာတွင် အနှောင့်အယှက်မရှိခဲ့ပေ။
ရှေးဟောင်းနတ်ဆေး၏ ဖွဲ့စည်းပုံများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ဖုန့်လင်းမှာ အံသြသွားသည်မှာ နတ်ဆေးအတွင်းပိုင်းသည်
မက်ခရို(ကြီးမားသော)မော်လီကျူးများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ထို့အစား ပေါင်းစပ်ထားသော ပုံဆောင်ခဲနှင့်တူသည့် အရာများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိခဲ့သည်။
ပုံဆောင်ခဲတစ်ခုစီသည် တစ်ခုနှင့်တစ်ခု သီးခြားစီဖြစ်သော်လည်း အကုန်လုံးကို တစ်ခုတည်းအဖြစ် ကျစ်လစ်စွာ စုစည်းထားသည်။
ဖုန့်လင်း လျှို့ဝှက်စွာဖြင့် အံ့အားသင့်ခဲ့သည်။ ဒီလောက်ထိ ယုတ္တိရှိပြီး သိပ္ပံနည်းကျတဲ့ ဖွဲ့စည်းပုံကို ဘယ်လို ဖန်တီးနိုင်ခဲ့တာပါလိမ့်? ဤသည်မှာ အနုပညာလက်ရာတစ်ခုပင်။
လက်ရှိဗီဇဆေးရည်နည်းစနစ်ဖြင့် ဤသို့သော အရာကို ဖန်တီးရန် မဖြစ်နိုင်ပေ။ လုံးဝအသစ်ဖြစ်သော တွေ့ရှိမှုတစ်ခုပင်။
ဖုန့်လင်း အကူအညီမဲ့နေသော်လည်း ဤကဲ့သို့သော အံ့သြဖွယ်ကောင်းသည့် ဆေးဝါးကို အနုစိတ်အဆင့်အထိ မည်သည့်နည်းစနစ်ဖြင့် ဖန်တီးနိုင်လိမ့်မည်ကို မတွေးဘဲမနေနိုင်ခဲ့ပေ။
ဘယ်လိုတောင် နတ်ဘုရားဆန်တဲ့ နည်းစနစ်လဲ။
သူ၏လက်ရှိစွမ်းရည်များဖြင့် ဤအရာကို နားလည်ရန် လုံးဝမဖြစ်နိုင်ပေ။
ဤတိကျသော အကြောင်းရင်းကြောင့် ဖုန့်လင်းမှာ ယခင်သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန၏ လမ်းကြောင်းမှာ မှားယွင်းနေခဲ့သည်ဟု ခံစားမိလိုက်သည်။ ဤထူးဆန်းသောနည်းစနစ်ကို နားမလည်ပါက နတ်ဆေး၏အာနိသင်ကို ပြန်လည်ဖန်တီးရန် မဖြစ်နိုင်ပေ။ မျက်ကန်းစမ်းသပ်ခြင်းသည် အကျိုးမရှိပေ။
ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်ကဲ့သို့ပင်။ မည်မျှပင် ဉာဏ်ကောင်းပြီး ဖန်တီးနိုင်စွမ်းရှိသည်ဖြစ်စေအစစ်အမှန် ကောင်းကင်ကို မသိနိုင်ပေ။
ဖုန့်လင်းမှာ သူ၏စိတ်စွမ်းအင်ကို အသုံးပြုပြီး သူ့အာရုံကိုစုစည်းလိုက်သည်။
သူ ပိုမိုအာရုံစိုက်လေလေ၊ သူ၏အာရုံခံစားမှုများ ပိုမိုတိကျလာလေဖြစ်သည်။
ပုံဆောင်ခဲများသည် ပြည့်စုံသော ဗဟုဂံပုံစံများဖြစ်နေသည်ကို တွေ့ရပြီး အစွန်းများလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းမရှိဘဲ သင်္ချာဆိုင်ရာ အလှတရားများဖြင့် ပြည့်နှက်နေသည်။
ဒုံး ဒုံး ဒုံး!
ရုတ်တရက်၊ အနည်းငယ်တုန်ခါသွားသည်ကို သူ ခံစားခဲ့ရပြီး အလွန်သိမ်မွေ့သော်လည်း ရှင်းလင်းနေခဲ့သည်။
ဖုန့်လင်းမှာ သူ့မျက်နှာအမူအရာကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ သူ့မျက်လုံးများကို ကျယ်ကျယ်ထားခဲ့သည်။ ပုံဆောင်ခဲများသည် အသက်ရှိသကဲ့သို့ အနည်းငယ်တုန်နေသည်ကို သူ ခံစားနိုင်ခဲ့ပြီး ထို့အပြင် ၎င်းတို့သည် အလွန်သေးငယ်သော ပိုးမွှားများကဲ့သို့ ဖြည်းညင်းစွာ ရွေ့လျားနေသည်။
ဤသည်မှာ ပုံရိပ်ယောင်တစ်ခုမဟုတ်ပေ!
ပုံဆောင်ခဲပစ္စည်းတွေမှာ... ဇီဝသံလိုက်စက်ကွင်း ရှိနေတာလား?
ဒါက ဘာလဲ?
ဖုန့်လင်း လုံးဝ ရှော့ရသွားခဲ့သည်။
ဒါက အသက်မွမ်းမံခြင်း ဆေးဝါးလား?