← Chapters

အခန်း (၆၉၄)

Vol. 47 Ch. 694

အခန်း (၆၉၄)

Vol. 47 Ch. 694

“ရန်လိုဖို့ မလိုအပ်ဘူး....ငါ့ရဲ့အစ်ကို(၂) ဟန်ကွမ်းလား...”

မုန့်ချီက သူ၏သွေးသောက်အစ်ကိုဖြစ်သော ကောင်းလန်၏ တခြားအကျင့်စရိုက်ကို လှုံ့ဆော်ရန် ပြင်ဆင်ထားခဲ့သော်လည်း ထိုစကားလုံးများကိုတော့ မျှော်လင့်ချက် အနည်းငယ်လေးသာ ရှိခဲ့သည်။ သူက စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိနေပြီး အတွေးများကပင် မှန်မှန်ကန်ကန် တွေးတောနိုင်ခဲ့ခြင်း မရှိပေ။

ကောင်းကင်ဧကရာဇ်မျက်နှာဖုံး၏ နောက်ကွယ်တွင် ရှိနေသော ဟန်ကွမ်း၏အမူအရာကို မုန့်ချီ မမြင်ရသော်လည်း သူကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေပုံရသည်။ မုန့်ချီက သုံးဘဝကျောင်းဆောင်၏ အတားအဆီးကို ဖျက်စီးခဲ့သော ဓားချက်ကြောင့် ပေါ်လာသည့် ဝဲကတော့လေးများကို အချိန်စက်လုံးမှတဆင့် တွေ့မြင်နိုင်သည်။

“ဖျောက်...”

လက်ကို လှုပ်ရှားလိုက်ပြီးနောက် ကောင်းလန်က မုန့်ချီနှင့် ကူရှောင်စန်းတို့ကို ထိန်းချုပ်ထားသည့် မှော်အစွမ်းကို ဖယ်ရှားလိုက်သည်။ မှော်အစွမ်း ပျောက်ကွယ်သွားသည့်အတွက် သူတို့နှစ်ယောက်လုံးက မြေပေါ်သို့ ပြုတ်ကျလာကြပြီး အလွန်သိပ်သည်းသော မြူခိုးများ၏ အကာအကွယ် မရှိသည့်အတွက် ထွက်ပြေး၍ မရနိုင်ပေ။

ကောင်းလန်က ဟန်ကွမ်းကို လှည့်ကြည့်လိုက်၏။ မျက်နှာဖုံး နောက်ကွယ်မှနေ၍ ကောင်းလန်က ညှိုးငယ်နေသော အမူအရာနှင့် ပြောလိုက်သည်။

“ငါတို့က ထုံးတမ်းစဉ်လာတွေကို သေချာမလုပ်ခဲ့ဘူးဆိုတာ ငါသိတယ် ။ ဒါပေမဲ့ မင်းပြောသလိုပဲလေ။ မင်းက ကောင်းကင်ဧကရာဇ်၊ ငါက လူသားဧကရာဇ်အဖြစ် ငါတို့နှစ်ယောက်လုံးက လောကသုံးပါးကို အုပ်စိုးဖို့ ဆန္ဒရှိတယ်၊ ဒါကြောင့် ငါတို့ရဲ့ရင်းနှီးမှုကလည်း အစစ်အမှန်ညီအစ်ကိုတွေလိုပဲ၊ လက်ရှိ ငါတို့ရဲ့အစွမ်း၊ ရပ်တည်မှုနဲ့ အောင်မြင်ကျော်ကြားမှုတွေအရ လောကသုံးပါးလုံးမှာ ငါတို့ရဲ့ညီအစ်ကို ဖြစ်တည်မှုထက် ပိုပြီးကြီးမြတ်တဲ့အရာ ရှိသေးလို့လား…”

မုန့်ချီကတော့ မယုံကြည်နိုင်သလို ခံစားရပြီး ထိတ်လန့်နေခဲ့သည်။ သူ၏မျက်လုံးများကလည်း မသေမချာ ခံစားနေရ၏။ သူက စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

‘ကျွန်တော်တို့က စနောက်ရုံသက်သက်လုပ်ခဲ့တာလေ....အစ်ကိုကြီး၊ အစ်ကိုက တရားဝင်ပြောဖို့ မလိုပါဘူး….’

ဟန်ကွမ်းက တိတ်ဆိတ်နေခဲ့သည်။ သူက နားမလည်နိုင်သော စကားလုံးအနည်းငယ်ကို တီးတိုးရွတ်ဆိုနေသော်လည်း ကန့်ကွက်ခဲ့ခြင်း မရှိသလို သဘောတူခြင်းလည်း မရှိချေ။ ယခုချိန်တွင် ကောင်းလန်က ညီအစ်ကို တစ်ယောက်သဖွယ် ပြောဆိုနေခြင်းက ယုံကြည်အောင် လုပ်ဆောင်နေခြင်းသက်သက်ထက် မပိုခဲ့ပေ။

သူတို့က လောကသုံးပါးကို အမှန်တကယ် အုပ်စိုးနိုင်ခြင်းမရှိသေးဘဲ ညီအစ်ကိုဟူသော စကားလုံးကို ပြောရန်လည်း မလိုအပ်ပေ။ ပုံမှန်အားဖြင့် ဉာဏ်နီဉာဏ်နက်များသော ကောင်းလန်က အသေးစိတ် တွက်ချက်ပြီး သူ့အတွက် အကျိုးအမြတ် အများဆုံးရွေးချယ်မှုကိုသာ လုပ်ဆောင်တတ်သည်။ မည်သို့ဖြစ်စေကာမူ သူ့ရှေ့တွင် တိုက်ပွဲတစ်ပွဲပင် ဖြစ်လာနိုင်၏။

ထိုအချိန်ကျလျှင် သူက လူသားဧကရာဇ်၏အစွမ်း တစ်စိတ်တစ်ပိုင်း နှိုးထနိုင်သော ကောင်းလန်ကို ရင်ဆိုင်ရမည့်အပြင် အနီးအနား၌ ပုန်းအောင်နေသော ဓမ္မဘုရင်တူရှီကိုလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဟန်ကွမ်းက သိနေခဲ့သည်။ ထို့ပြင် အဆင့်မြင့်ခရမ်းဝိညာဉ် ကွေချင်းဟယ်ကလည်း သူတို့ဆီကို အချိန်မရွေး ရောက်လာနိုင်၏။

ယခုချိန်တွင် ရန်ငြှိုးများကို ဖော်ထုတ်လိုက်ခြင်းက ဉာဏ်ကောင်းသောလုပ်ရပ်တော့ မဟုတ်ချေ။ ထို့ကြောင့် သူက သည်းခံနေပြီး အစစ်အမှန်ကောင်းလန်ကို ဖော်ထုတ်ရန် အခွင့်အရေး ရှာဖွေရမည်ဖြစ်သည်။

မုန့်ချီက ဟန်ကွမ်းကိုကြည့်ပြီး သူ၏အတွေးများကိုလည်း ဝိုးတဝါး ခံစားမိနေခဲ့သည်။

‘ပြိုင်ဘက်ကင်းအရည်အချင်း၊ သတ္တိ၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ ကောက်ကျစ်စဉ်းလဲမှုတွေ ရှိနေတဲ့ ငါ့ရဲ့နာမည်ကို အကြောက်တရားတွေ၊ လေးစားမှုတွေနဲ့ ခေါ်ကြရလိမ့်မယ်၊ ငါကတော့ ဒီလိုကြောက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့ မဟာမိတ် ဖြစ်နေခဲ့တယ်၊ ပြီးတော့ ရုတ်တရက်ဆိုသလို ဝေ့ကျင်းအဆင့် ပညာရှင်လေးတစ်ယောက်နဲ့ စိတ်ကစဉ့်ကလျားဖြစ်နေတဲ့သူတွေကို သွေးသောက်ညီအစ်ကိုတွေ ရုတ်တရက် ရလာခဲ့တယ် ..’

မုန့်ချီကတော့ သံသယများကို ဘေးဖယ်ထားလိုက်ပြီး သူ၏အစွမ်းများကို သုံး၍ လေထဲသို့ ခုန်လာခဲ့သည်။ ထိုအရာက သူ၏အစ်ကိုနှစ်ယောက်ကို မိတ်ဆက်ပြီး အဆင့်အတန်းကို ထိန်းသိမ်းရန် အခွင့်အရေး ဖြစ်သည်။ ထိုသို့ဆိုလျှင် ဟန်ကွမ်းက နှုတ်ပိတ်သွားနိုင်ပြီး သူတို့အတွက် လက်ရှိအန္တရာယ်များ ပျောက်ကွယ်သွားနိုင်၏။

သို့သော် သူ စကားတစ်ခွန်းမျှမပြောရသေးခင် ကူရှောင်စန်းက လှိုက်လှိုက်လဲှလှဲဝင်ပြောလိုက်သည်။

“ခဲအိုတို့ကို အရိုအသေပေးပါတယ်…”

တဝှီးဝှီး တိုက်ခိုက်နေသော လေလှိုင်းများက တိတ်ဆိတ်မှုကို ဖြိုခွဲသွားပြီး မုန့်ချီနှင့် ဟန်ကွမ်းတို့၏ဝတ်ရုံများက လေထဲတွင် လွင့်မျောသွားခဲ့သည်။

ထိုအရာကြောင့် ကောင်းလန်က အံ့သြသွားခဲ့၏။ သို့သော် သူက သတိပြန်ဝင်လာပြီး အားရပါးရ ရယ်လိုက်သည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ငါ့ရဲ့ညီလေး(၃)ကတော့ တကယ့်ကောင်ပဲ။ နဂိုတုန်းကတော့ သူက မလိုအပ်တဲ့ ခံစားမှုတွေနဲ့ စိတ်ပျက်ဝမ်းနည်းမှုကို ခံစားခဲ့ရတာ၊ အခုတော့ သူ့ဆီမှာ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်တောင် ရှိနေပြီပဲ…”

“ငါ ဘယ်အချိန်တုန်းကများ ဝမ်းနည်းပြီး စိတ်ဓာတ်ကျခဲ့လို့လဲ...”

မုန့်ချီကတော့ စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

သူနှင့်ဟန်ကွမ်းတို့ဆီတွင် တူညီသော ခံစားချက်များပင် ပေါ်လာခဲ့၏။

ကူရှောင်စန်းက ပြုံးလိုက်ပြီး မုန့်ချီကိုကြည့်၍ ဆက်ပြောလိုက်သည်။

“ကျွန်မတို့က အချင်းချင်း တိုက်ခိုက်မိတော့မလို ဖြစ်သွားတာ တော်တော်လေးကို ကံဆိုးတာပဲ၊ ဒါပေမဲ့ နားလည်မှုလွဲတာတွေအားလုံး ပျောက်သွားပြီဆိုတော့ ကျွန်မတို့ အတူတူပူးပေါင်းပြီး ကောင်းကင်ခုံရုံးရဲ့ ရတနာတွေကို ရှာဖွေကြမယ်၊ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုကို တခြားသူတွေ လုယူသွားခွင့်ပေးလို့မရဘူးလေ….”

“ပြောတာတော့ကောင်းတယ်….”

ကောင်းလန်က လက်ခုပ်တီး၍ ထောက်ခံလိုက်သည်။

ထိုအချိန်တွင် ဘေးဘက်၌ ရပ်နေသော ဟန်ကွမ်းနှင့် မုန့်ချီတို့ကတော့ စကားတခွန်းမျှ ဝင်မပြောခဲ့ကြပေ။ ကောင်းလန်က မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ ကျိုးတို့ကျဲတဲ ပေါက်နေသော မုတ်ဆိတ်မွှေး အနည်းငယ်နှင့် ရှင်းလင်းနေသော မျက်နှာကို မြင်လိုက်ရသည်။

သို့သော် မုန့်ချီကတော့ အလွန်အေးစက်သော သူ၏မျက်လုံးများထဲတွင် နွေးထွေးကြင်နာမှု အနည်းငယ်ကို ခံစားမိနေသေး၏။ သူက အပြုံးနှင့်ပြောလိုက်သည်။

“ငါတို့က သွေးသောက်ညီအစ်ကိုတွေအဖြစ် သစ္စာဆိုထားမှတော့ မင်းက အစ်ကို(၂)အတွက်လဲ နေရာတစ်ခု ပေးရမှာပဲလေ၊ ကြည့်လိုက်..... မင်းရဲ့မိန်းမကမှ တော်တော်လေး သဘောကောင်းပြီး အခြေအနေကို နားလည်သေးတယ်….”

သူက လေဟာနယ်ထဲကို လှည့်ကြည့်ပြီး သိမ်မွေ့စွာ ရယ်လိုက်သည်။

“မင်းလည်း ဒီနေ့အကျိုးမရှိဘဲ နောက်ယောင်ခံလိုက်တာ တော်လောက်ပြီ၊ တကယ်လို့ ဒီမှာရှိနေတဲ့ ခယ်မလေးကြောင့်သာ မဟုတ်ရင် မလွယ်ဘူး၊ ခုချက်ချင်း ထွက်လာခဲ့တော့..။ ငါတို့က ရှာတွေ့တဲ့ အကျိုးအမြတ်တွေကို အတူတူမျှဝေကြမယ်..”

လေဟာနယ်က လှုပ်ရှားသွားခဲ့သည်။ ထိုလေဟာနယ်ထဲမှနေ၍ ကြည်လင်တောက်ပနေသော လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ဧကရာဇ်ဓားက အလင်းရောင်များ ထွက်ပေါ်လာသည့်အတွက် သူ့အသံက တိတ်ဆိတ်သွားခဲ့သည်။

မူလတုန်းကတော့ ကောင်းလန်နှင့် ဟန်ကွမ်းတို့နှစ်ယောက်ဆီတွင် အစီအစဉ်တစ်ခု ရှိခဲ့သည်။ ကောင်းလန်က ကျောင်းဆောင်ထဲသို့ ရောက်လာသည့်အချိန်တွင် ဓမ္မဘုရင်တူရှီကို ထိန်းချုပ်ထားရမည်ဖြစ်ပြီး ဟန်ကွမ်းကတော့ မုန့်ချီနှင့် ကူရှောင်စန်းတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။

လက်ရှိအခြေအနေကတော့ သူတို့မမျှော်လင့်ထားသောအရာမျိုး ဖြစ်နေခဲ့၏။ သို့သော် သူ့ကိုယ်သူ အလွန်ယုံကြည်ချက်ရှိပြီး ခေါင်းမာသော ကောင်းလန်ကတော့ ဓမ္မဘုရင်တူရှီ၏ တီးတိုးရေရွတ်သံကို အလေးမထားခဲ့ပေ။

သူက ဟန်ကွမ်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။

“မင်း ထပ်ပြောစရာရှိသေးလား.... ညီလေး(၂)၊ မင်းက တစ်ခုခု ပြောချင်သေးလား..”

“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ညီလေး...။ တကယ်လို့ မင်းကသာ ကောင်းကင်ဧကရာဇ်ဖြစ်ဖို့ အစစ်အမှန်လမ်းကြောင်းကနေ သွေဖယ်သွားမယ်ဆိုရင် မင်းက အစစ်အမှန် ကောင်းကင်ဧကရာဇ်အစား နတ်ဆိုးသခင်တစ်ယောက် ဖြစ်သွားမှာ စိုးရတယ်၊ မင်းက နတ်ဆိုးမျိုးနွယ်စုတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ပေါင်းသင်းဆက်ဆံတာကို ငါ မတားချင်ဘူး၊ ဒါပေမဲ့ ကောင်းကင်ဧကရာဇ် တစ်ယောက်ဖြစ်တဲ့အတွက် မင်းက လောကသုံးပါးကို အုပ်စိုးရလိမ့်မယ်၊ နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေဆိုတာ မင်းရဲ့လက်အောက်ငယ်သားတွေပဲ၊ မင်းက သူတို့နဲ့ ဆက်ဆံတဲ့နေရာမှာ ကန့်သတ်ချက်တစ်ခု ရှိသင့်တယ်..”

ရုတ်တရက်ဆိုသလို ကောင်းလန် ဆက်မပြောခင် ဟန်ကွမ်းက ဝင်ပြောလိုက်သည်။

“နားလည်ပါပြီ၊ အဲဒီအတိုင်း လုပ်လိုက်ပါ့မယ်..”

သူ၏ခံစားချက်များ ပြောင်းလဲမှု မရှိသော်လည်း မုန့်ချီကတော့ အရူးတစ်ယောက်၏ ဦးဆောင်မှုကို ခံနေရသည့်အလား သူ၏ခံစားချက်များကို သိနေခဲ့သည်။

“ကန့်ကွက်စရာ မရှိဘူးဆိုရင် ကောင်းကင်(၉)သွယ်ကို အတူတူဆက်ပြီး ရှာဖွေကြတာပေါ့၊ ငါတို့က ဒီမှာကျင့်စဉ်တွေ၊ ရတနာတွေကို အတူတူရှာကြမယ်...”

ကောင်းလန်က ဝမ်းသာအားရ ပြောလိုက်သည်။

ကူရှောင်စန်းက ချက်ချင်း ဝင်ပြောလိုက်၏။

“အစ်ကိုကြီးရဲ့ အချက်အလက်တွေအရဆိုရင် ခဲအိုက မူလကောင်းကင်ဧကရာဇ်ရဲ့ အရေးပေးမှုကိုရပြီး လောကသုံးပါးမှာရှိတဲ့ သက်ရှိတွေအားလုံးကို အုပ်စိုးနိုင်တယ်၊ ဒါကြောင့် သုံးဘဝကျောင်းဆောင်ဆိုတာက ဒီအဆင့်မှာ ကောင်းကင်ဧကရာဇ်ရဲ့ လျှို့ဝှက်အခန်းတစ်ခုပဲ၊ ဒီနေရာက ဒီအဆင့်မှာရှိတဲ့ ရတနာတိုင်းအတွက် အဓိကနယ်မြေတစ်ခုလို့ သတ်မှတ်နိုင်တယ်၊ ကျွန်မတို့က ဒီနေရာရဲ့ပတ်ပတ်လည်မှာ အရင်ဆုံး ရှာဖွေသင့်တယ်…”

“အရမ်းကောင်းတယ်...”

ခဏကြာ စဉ်းစားလိုက်ပြီးနောက် ဟန်ကွမ်းက မျက်နှာဖုံးနောက်ကွယ်မှ ပြောလိုက်သည်။

ကူရှောင်စန်း၏ မှတ်ချက်ကို ကြားမှသာ သုံးဘဝကျောင်းဆောင်၏ အရေးပါမှုကို သူလည်း သိလာခဲ့သည်။ ဘေးဘက်မှနေ၍ မုန့်ချီတို့ကတော့ ကောင်းကင်ခုံရုံး ရှာဖွေမည့် အကြောင်းအရာနှင့် ပတ်သတ်ပြီး သူတို့၏ဆွေးနွေးမှုကို နားထောင်နေခဲ့သည်။

အရာအားလုံးက သူ့အတွက်တော့ ရဟတ်စီးသလို ခံစားနေခဲ့ရ၏။ အစောပိုင်းတွင် အကြောက်တရားများကြောင့် ထွက်ပေါ်လာသော ချွေးသီးချွေးပေါက်များနေရာတွင် အဖွဲ့အသစ်၏ နွေးထွေးဖော်ရွေသော ခံစားမှုများ အစားထိုး ဝင်ရောက်လာခဲ့၏။

အကယ်၍ သူနှင့် ကူရှောင်စန်းတို့ကသာ ခရမ်းမိုးကြိုး စာချန်ထားသည့်နည်းလမ်းနှင့် ပစ္စုပ္ပန်မှန်တို့ကို အသုံးပြုခဲ့ပြီး ကောင်းလန်၏တခြားအကျင့်စရိုက်ကို လှုံ့ဆော်ခဲ့ခြင်း မရှိလျှင် ထိုသို့မဖြစ်နိုင်ကြောင်း သိနေခဲ့သည်။ ထို့ပြင် ဟန်ကွမ်းက ထိုကဲ့သို့ တိတ်တဆိတ် ထိုင်နေလိမ့်မည် မဟုတ်ချေ။

သူက ကောင်းလန်၏ တခြားအကျင့်စရိုက်ကို ပြန်ဖော်ထုတ်ရန် နည်းလမ်းပေါင်းစုံ စဉ်းစားနေနိုင်သည်။ ဟန်ကွမ်း၊ ကောင်းလန်တို့နှင့် အချိန်ကြာကြာ ဆက်နေသည်နှင့်အမျှ သူတို့၏အန္တရာယ်များက တဖြည်းဖြည်း တိုးမြင့်လာပါလိမ့်မည်။

သူတို့က သွေးသောက်ညီအစ်ကိုဟူသော ဆက်သွယ်မှုကို မသုံးနိုင်တော့သည့် အချိန်တွင် ထွက်ပြေးရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့က ဆရာကြီးလု၏ နာမည်ကိုပြော၍ မရနိုင်ပေ။ သို့သော် ဟန်ကွမ်းကတော့ ပြောင်းလဲမှု ဖြစ်လာသည့်အချိန်တွင် စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့် ထိုအရာကို လှုံ့ဆော်ရန် ကြိုးစားနိုင်သည်။

အခြေအနေက ခိုင်မာသွားသော်လည်း မုန့်ချီကတော့ စိတ်အေးအေးထားရန် ခက်ခဲနေသည်။ သူက ကောင်းလန်ကို ရုတ်တရက် ပြောလိုက်၏။

“အစ်ကိုကြီး ....

ကျွန်တော်က သုံးဘဝကျောင်းဆောင်ကို ရှာဖွေပြီးသွားရင် ဒီနေရာကနေ ထွက်သွားဖို့ စဉ်းစားထားတယ်၊ ကျွန်တော်က အပြင်ဘက်မှာ အစ်ကိုကြီး ပြန်လာတဲ့အချိန်ကိုစောင့်ပြီး စားသောက်ပွဲတစ်ခု စီစဉ်ထားလိုက်မယ်လေ...”

“ဘာလဲ ၊ မင်းက ငါ့ကိုမယုံဘူးလား...”

ကောင်းလန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

သို့သော် မုန့်ချီကတော့ သင့်တော်သောဆင်ခြေတစ်ခုကို တွေးထားပြီးသားဖြစ်သည်။

“ဒီကမ္ဘာကြီးထဲမှာ အန္တရာယ်များတဲ့နေရာတွေ အများကြီးရှိတယ်၊ ပြီးတော့ နောက်မှာ လိုက်လာသူတွေလည်း ရှိနေသေးတယ်၊ ကျွန်တော့်ရဲ့စွမ်းအားတွေက အစ်ကိုကြီးကို ဒုက္ခပေးသလိုပဲ ဖြစ်လိမ့်မယ်၊ ကျွန်တော်က မြန်မြန်ထွက်သွားပြီး အစ်ကိုကြီးကို စောင့်နေတာ ပိုကောင်းပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို လာခဲ့တာကလည်း သုံးဘဝကျောင်းဆောင်ထဲမှာ သူ့ရဲ့ရှာဖွေမှုတွေကို ကူညီပေးရုံပါပဲ...”

ကူရှောင်စန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက မုန့်ချီ၏စကားလုံးကို ထောက်ခံလိုက်ခြင်းလည်း ဖြစ်၏။ မုန့်ချီနှင့် ကောင်းလန်၏စကားကို ကြားသည့်အခါ အလွန်ဉာဏ်နီဉာဏ်နက်များသော သူမကလည်း မုန့်ချီ၏စိုးရိမ်မှုကို ချက်ချင်း နားလည်ခဲ့သည်။

သူတို့ အောင်မြင်သွားသည့်အချိန်တွင် ဟန်ကွမ်းက ကောင်းလန်၏ မူလစိတ်အခြေအနေကို ပြောင်းလဲသွားအောင် လှုံ့ဆော်နိုင်မည်ဖြစ်ကြောင်း သိနေခဲ့၏။ အကယ်၍ အခြေအနေကသာ ဆိုးရွားသွားမည်ဆိုလျှင် သူတို့က လက်ရှိ ရှိနေသော လမ်းကြောင်းများကို အသုံးပြုရပါလိမ့်မည်။

ထိုအချိန်ရောက်လျှင် ဓမ္မကာရအဆင့် ပညာရှင်နှစ်ယောက်၏ အစွမ်းကို ဓမ္မဘုရင်တူရှီကပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော အခြေအနေတွင် သူတို့က အသက်ရှင်နေရန် လုံးဝမဖြစ်နိုင်ပေ။

သူတို့ စကားပြောနေသည့် အချိန်တွင် မုန့်ချီနှင့် ကူရှောင်စန်းတို့ကတော့ အလွန်ကောက်ကျစ်သော ဟန်ကွမ်း၏အပြုံးကို သတိထားမိခဲ့သည်။ သူတို့က ကျောရိုးထဲတွင် အေးစိမ့်သွားသလို ခံစားလိုက်ရ၏။မကောင်းဆိုးဝါးသခင်၏ သတ်ဖြတ်ချင်စိတ်များက အလွန်သိသာနေခဲ့သည်။ ကောင်းလန်က

ကောင်းလန်က မုန့်ချီ၏တောင်းဆိုမှုနှင့် ကောင်းကင်ခုံရုံးထဲတွင် ပုန်းအောင်းနေသော အန္တရာယ်များကို စဉ်းစားနေခဲ့ပြီး သူတို့၏နောက်မှနေ၍ ကျင်းအင်ပါယာမှ ကွေချင်းဟယ်တို့ လိုက်လာကြောင်း တွေးမိခဲ့သည်။ ထို့ကြောင့် သူကပြောလိုက်၏။

“မင်းပြောတာလည်း မှန်ပါတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်မှ မဟုတ်တော့တာ...”

ဟန်ကွမ်းကတော့ သူ့ကို စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့် ဆက်တိုက်ပြောဆိုနေပြီး အလွန်ကြီးကျယ်ခမ်းနားသော သူတို့၏အစီအစဉ်များကို ဆက်တိုက ်ပြောနေခဲ့သည်။

ကောင်းလန်၏စကားကြောင့် မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ နောက်ဆုံးတွင်တော့ သူက ကျောင်းဆောင်ထဲကို စိတ်အေးလက်အေးနှင့် ဆက်လက်ရှာဖွေနိုင်ပါလိမ့်မည်။

သုံးဘဝကျောင်းဆောင်သို့ ခရီးလမ်းတလျှောက်တွင် မုန့်ချီနှင့် ကူရှောင်စန်းတို့က ထွက်ပေါ်လာသော လမ်းကြောင်းများကို ထူးဆန်းစွာ ချန်ထားခဲ့ကြသည်။ သူတို့က ကျောင်းဆောင်ထဲသို့ ရောက်လာသည့်အချိန်တွင် ပစ္စုပ္ပန်မှန်ကို အသုံးချပြီး သူတို့၏အစီအစဉ်များကို စတင်ဆွေးနွေးခဲ့သည်။ ဓမ္မဘုရင်တူရှီ ရောက်လာသည့်အချိန်တွင် ဟန်ကွမ်းနှင့် အမည်မသိ ဓမ္မကာရအဆင့်ပညာရှင်က နောက်မှ ကပ်ပါလာကြောင်း သူတို့လည်း သိနေကြ၏။

သူတို့က ပြဿနာအတွက် ပြင်ဆင်နေသည့်အချိန်တွင် ကျောင်းဆောင်၏အတွင်းထဲကို သေချာစစ်ဆေးနိုင်ခြင်း မရှိခဲ့ချေ။ သုံးဘဝကျောင်းဆောင်၏ ဘေးနှစ်ဖက်တွင် ရှိနေသော အတိတ်ခန်းမနှင့် အနာဂတ်ခန်းမတို့ကတော့ ပျက်စီးနေကြောင်း တွေ့လိုက်ရသည်။ ပစ္စုပ္ပန်ခန်းမနှင့် ဆက်သွယ်နေသော တည်ဆောက်ပုံ အနည်းငယ်လေးသာ ကျန်နေခဲ့သည်။

ထိုကျောင်းဆောင်၏ပျက်စီးမှုက အလွန်ကြီးမားလွန်းလှသည့်အတွက် ကျောင်းဆောင်၏ အုတ်မြစ်ဖြစ်သော တိမ်တိုက်များကပင် ကျဲပါးနေခဲ့သည်။ ထို့ကြောင့် အလွန်သိပ်သည်းသော မြူခိုးများ၏အောက်ဖက်တွင် အဆုံးမရှိသော တွင်းနက်ကြီးများ ရှိနေ၏။

ကောင်းလန်က ကျောင်းဆောင်၏ အကာအကွယ်မှော်အစွမ်းကို ဖျက်စီးလိုက်ပြီး ပစ္စုပ္ပန်ခန်းမကြီးတစ်ခုလုံးကို ထက်ပိုင်းခုတ်လိုက်သည့် အချိန်တွင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုကြောင့် နောက်တွင် ရှိနေသော ခန်းမများထဲတွင် အလွန်နက်ရှိုင်းသော ဓားရာတစ်ခု ပေါ်လာခဲ့သည်။

ကျဆင်းလာသောအပျက်အစီးများ၊ ဖုန်မှုန့်များ၊ ရွှေရောင်အုတ်ချပ်များကလည်း မြေပေါ်တွင် ပြန့်ကျဲနေခဲ့၏။အပျက်အစီးများက မြေပေါ်သို့ပြုတ်ကျနေသော်လည်း ရေညှိများ၊ ပေါင်းပင်များ ကပ်ညှိနေခြင်း မရှိချေ။ ပစ္စုပ္ပန်ခန်းမထဲတွင် လူတစ်ယောက်၏ အတိတ်အတွေ့အကြုံများကို ပြသပေးနိုင်သော ပစ္စုပ္ပန်မှန်ကို ချိတ်ထားခဲ့သည်။

ရုတ်တရက်ဆိုသလို မုန့်ချီက သူ့စိတ်ထဲတွင် ကောင်းလန်၏အသံကို ကြားလိုက်ရ၏။

“ငါက မင်းအတွက် နည်းနည်းစိုးရိမ်မိတယ်...ညီလေး။ မင်းရဲ့မိန်းမက လှည့်ကွက်တွေ၊ အစီအစဉ်တွေနဲ့ ဉာဏ်နီဉာဏ်နက်အများဆုံး မိန်းမတစ်ယောက်ပဲ ၊ သူက မင်းထက် အဆပေါင်းများစွာ ပိုသာတယ် .”

သူက စိုးရိမ်နေသော အမူအရာနှင့် မုန့်ချီကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

“မစိုးရိမ်ပါနဲ့ အစ်ကိုကြီး၊ ကျွန်တော် သူ့ကိုစောင့်ကြည့်နေပါတယ်...”

မုန့်ချီက ထိုအရာများအားလုံးကို ဆွေးနွေးနေသည့်အလား အနည်းငယ် ရှက်ရွံ့နေသည့် အမူအရာနှင့် ပြန်ဖြေလိုက်သည်။

ကောင်းလန်က စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး နောက်တစ်ကြိမ် သူ့ကို ပြောလိုက်သည်။

“ဟန်ကွမ်းကတော့ မကျေမနပ် အဖြစ်ဆုံးနေမယ်..”

“ဟမ် .”

မုန့်ချီက ဇဝေဇဝါ ဖြစ်သွားခဲ့၏။

“မင်းက ငါ့ကိုအရူးတစ်ယောက်လို့ ထင်နေတာလား၊ ငါက ဒီအခြေအနေကနေ အမှန်တရားကို နားမလည်နိုင်ဘူးလို့ ထင်နေတာလား၊ ငါက ရူးချင်ယောင်ဆောင်နေတယ်ဆိုတာ ဟန်ကွမ်း ရန်လိုတာကို တားဆီးဖို့သက်သက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဖျက်စီးရေးဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်နေပြီး မင်းရဲ့မိန်းမကတော့ လော်အဖွဲ့အစည်းရဲ့နတ်ဘုရားမ ဖြစ်နေတယ်၊ သူတို့တွေဆီမှာ လှည့်ကွက်တွေ၊ ထောင်ချောက်တွေ အများကြီးရှိတယ်၊ တကယ်လို့ ငါတို့က တခုခုကို ကြုံတဲ့အချိန်ကျရင် သူတို့က ပူးပေါင်းပြီး ငါတို့ကို မတိုက်ခိုက်ဘူးဆိုတာ သေချာပါ့မလား၊ ငါ့ရဲ့လက်ထဲမှာ လူသားဧကရာဇ်ဓား ရှိချင်ရှိလိမ့်မယ်၊ ဒါပေမဲ့ ငါက သူ့ရဲ့အစွမ်းကို ပြည့်ပြည့်၀၀ မသုံးနိုင်သေးဘူး။ပြီးတော့ ငါက သူတို့နှစ်ယောက်လုံးကို ရင်ဆိုင်မယ်ဆိုရင် ကန့်သတ်ချက်တခုရှိတယ်၊ အထူးသဖြင့် သူတို့နှစ်ယောက်လုံးဆီမှာ သူတို့ဂိုဏ်းက အကြီးအကဲတွေရဲ့ အမွေအနှစ်တွေလည်း ရှိနေသေးတယ်၊ သူတို့ရဲ့လက်ထဲမှာ ဝှက်ဖဲတွေ၊ အန္တရာယ်ရှိတဲ့ပစ္စည်းတွေလည်း ရှိနေနိုင်တယ်၊ ဒီတော့ အခုအခြေအနေမှာ ငါတို့က ဘာပြဿနာမှမဖြစ်ဘဲ ငါတို့ရဲ့အကျိုးအမြတ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ခွဲဝေလို့ရနိုင်တယ်လေ .”

ကောင်းလန်က ဂုဏ်ယူစွာ ပြောလိုက်၏။

သူကတော့ သူ၏အကြံအစည်အပေါ် အလွန်ဂုဏ်ယူနေပုံရသည်။

“နဂိုတုန်းကတော့ ခင်ဗျားက တကယ်ရူးသွားတယ်လို့ ထင်နေမိတာ .”

မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိသည်။

ရူးသွပ်နေသည့် အခြေအနေရှိနေသော်လည်း ကောင်းလန်က ယနေ့ထိ အန္တရာယ်များသော သိုင်းလောကတွင် အသက်ရှင်နိုင်ခဲ့သည်။ ထို့ကြောင့် သူက အစစ်အမှန် အရူးတစ်ယောက်ဟုပြောရန် အတော်လေးခက်ခဲ၏။

ကောင်းလန်က အပြုံးနှင့် ဆက်ပြောလိုက်သည်။

“ဟန်ကွမ်းက လူသားဧကရာဇ်ရဲ့ဓားကို နှိုးထတဲ့နေရာမှာ သိသိသာသာ ကူညီပေးနိုင်တဲ့ ကောင်းကင်ဧကရာဇ်ရဲ့ကျင့်စဉ်ထဲက သိုင်းကွက်အနည်းငယ် သင်ပေးခဲ့တယ်၊ ကြောက်စရာကောင်းတဲ့အစွမ်း ၊ ခွန်အားနဲ့ အရည်အချင်းတွေ ရှိနေသောလူက ငါ့ရဲ့သွေးသောက်ညီလေး၊ မင်းရဲ့အစ်ကို(၂) ဖြစ်နိုင်တယ်လေ .”

သူပြောနေသည့်အချိန်တွင် သူ၏မျက်လုံးများကတော့ သူတို့၏ညီအစ်ကို ပတ်သတ်မှုကြောင့် ပျော်ရွှင်နေကြောင်း မုန့်ချီက သတိထားမိခဲ့သည်။

မုန့်ချီက ပြောစရာစကားလုံး မရှိတော့သလို ဖြစ်သွားသည်။ ထို့နောက် သူက သူတို့၏စကားကို ခိုးနားထောင်၍ မရစေရန် ကောင်းလန်ကို အကူအညီ တောင်းလိုက်ပြီး ကူရှောင်စန်းကို တီးတိုးပြောလိုက်သည်။

“ဆရာကြီးလုရဲ့နာမည်ကို လုံးဝမပြောမိပါစေနဲ့၊ ပြီးတော့ တာအိုသခင်ချုံဟယ်ရဲ့ နာမည်လဲ အတူတူပဲ ..”

ပိုင်ကယ်ရေကန်ထဲတွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း တာအို(၃)သွယ်ကျင့်စဉ်ကို ကျွမ်းကျင်စွာ ပြသခဲ့သည့်အချိန်ကတည်းကစပြီး တာအိုသခင်ချုံဟယ်က အလွန်နာမည်ကြီးလာခဲ့သည်။

ကူရှောင်စန်းက အပြုံးနှင့်ပြန်ဖြေလိုက်၏။

“နားလည်ပါပြီ ယောကျာ်း။ အခုချိန်ထိ အရူးမင်းသားက အမှန်တကယ် ရူးသွပ်သွားတယ်ဆိုတဲ့ သတင်းတွေကို ငါက မယုံကြည်နိုင်သေးဘူး…”

“နင်ကိုယ်တိုင်လည်း စိတ်နှစ်ခွရောဂါ ဖြစ်နေတာ မဟုတ်လား၊ နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ယုလုံကျိ ရှိနေသေးတယ်လေ...”

မုန့်ချီက စဉ်းစားမနေဘဲ ပြန်ပြောလိုက်သည်။

ကူရှောင်စန်းက သေချာစဉ်းစားပြီး သူမ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပနေခဲ့၏။

“တကယ်လို့ နင်က ကံကောင်းပြီး သူ့ကို နောက်တစ်ကြိမ် တွေ့ခဲ့ရမယ်ဆိုရင် ကျေးဇူးပြုပြီး ယုလုံကျိကို သတ်လိုက်ပါ….”

“ဟမ် .”

မုန့်ချီကတော့ သူမကိုကြည့်ပြီး နားမလည်သလို ခံစားနေရလေ၏။

Translated by Hein Htet.

All Chapters