← Chapters

အခန်း (၆၉၅)

Vol. 47 Ch. 695

အခန်း (၆၉၅)

Vol. 47 Ch. 695

မကောင်းဆိုးဝါးအုတ်ဂူထဲတွင် ယုလုံကျိနှင့် တွေ့ခဲ့သည့်အချိန်ကတည်းကစပြီး မုန့်ချီက ကူရှောင်စန်းတစ်ယောက်တည်းကိုသာ တွေ့ခဲ့ရသည်။ ထို့ကြောင့် သူမက စိတ်နှစ်ခွရောဂါကိုကုသရန် နည်းလမ်းတစ်ခုရှာတွေ့သွားပြီဟု ယုံကြည်နေခဲ့၏။

သို့သော် သူမပြောနေသည့်စကားများအရ သူမနှင့်ယုလုံကျိတို့က မတူညီသော လူနှစ်ယောက်အဖြစ် ကွဲပြားနေရန် ဖြစ်နိုင်ချေများသည်။ သူမ၏ ခန္ဓာကိုယ် သို့မဟုတ် စိတ်ဝိညာဉ်ထဲမှနေ၍ ယုလုံကျိဟူသော အကျင့်စရိုက်ကို ဖြတ်တောက်ရန် နည်းလမ်းတခု အမှန်တကယ် တွေ့သွားခြင်းများ ဖြစ်နိုင်မည်လော။ သို့မဟုတ် သူမက ဤနေရာတွင် နောက်ထပ်လှည့်ကွက်တစ်ခု လုပ်ဆောင်နေခြင်းပေလော။

ယခုအချိန်တွင် အရာအားလုံးက ငြိမ်းချမ်းနေပုံရသော်လည်း မုန့်ချီကတော့ ခြေလှမ်းတိုင်းတွင် အန္တရာယ်များ ကပ်ပါနေသလို ခံစားနေရသည်။ သူက တခြားအတွေးများ၊ သံသယများကို ဖယ်ရှားလိုက်ပြီး ကောင်းလန်ကို ရန်မစမိစေရန် ဓမ္မဘုရင်တူရှီကို သတိပေးထားရန်လည်း ကူရှောင်စန်းကို ညွှန်ကြားထားသည်။

သူ၏သွေးသောက်အစ်ကိုကြီးက လက်ရှိချိန်တွင် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်။ သူက မည်သည့်အချိန်တွင် ရုတ်တရက် ရူးသွပ်သွားမည်ဖြစ်ကြောင်း မပြောနိုင်ပေ။ သူက တခဏအတွင်း ပေါက်ကွဲလာနိုင်သလို ကောင်းကင်(၉)သွယ်ထဲမှ ထွက်သွားသည့်အချိန်ထိလည်း လက်ရှိအခြေအနေအတိုင်း ရှိနေနိုင်သည်။

မည်သို့ဖြစ်စေကာမူ သူတို့က အသက်ရှင်ခွင့်ရရန် ဖြစ်နိုင်ချေများ ခက်ခဲနေသေး၏။ ဓမ္မကာရအဆင့် ပညာရှင်များ၏ ပြိုင်ဘက်ကင်းနိုင်ချေက မုန့်ချီ ထွက်သွားရန် အခြေအနေအဖြစ် ပြောင်းလဲလာနိုင်သည်။ မုန့်ချီကတော့ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေပြီး ရင်ထဲရှိ အသံကိုလည်း ကြားနေရသည်။ သူတို့က တတ်နိုင်သမျှ မြန်မြန်ထွက်သွားကြရမည် ဖြစ်၏။

ဓမ္မကာရအဆင့် သူတို့၏အစွမ်းများအရ ကောင်းလန်၊ ဟန်ကွမ်းနှင့် ဓမ္မဘုရင်တူရှီတို့က သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ပြီး ကျောင်းဆောင်၏ပတ်ဝန်းကျင်ကို အေးအေးဆေးဆေး စစ်ဆေးနေခဲ့သည်။

အစောပိုင်းတွင် ကောင်းလန်ကြောင့် ပျက်စီးသွားသော အကာအကွယ် မှော်အစွမ်းများကြောင့် သူတို့၏ အာရုံခံစွမ်းရည်ကို ဖုံးကွယ်ထားနိုင်သော မည်သည့်အရာမျှမရှိတော့ချေ။ ကျောင်းဆောင်၏ တည်ဆောက်ပုံထဲတွင် ပျက်စီးနေသောနံရံ အနည်းငယ်သာ ကျန်နေတော့သည်။

နောက်ပိုင်းတွင် ရှိနေသော အခန်းများက အလုံးစုံပျက်စီးသွားပြီး အပေါ်ဖက်မှ ကျလာသော စွမ်းအားတစ်ခုကို ရင်ဆိုင်ခဲ့ရပုံပေါ်သည်။ နတ်ဘုရားအိုကြီးများ၏ ပစ္စည်းများကလည်း အပျက်အစီးများ၊ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့၏။

သူတို့က အတွင်းပိုင်းထဲကို ဆက်လက်ရှာဖွေနေသည့်အချိန်တွင် ဥယျာဉ်တစ်ခု ဖြစ်ခဲ့ပုံရသော စွန့်ပစ်မြေကွက်တစ်ခုကို တွေ့လိုက်ရသည်။ သို့သော် နေရာတိုင်းတွင် မီးလောင်ရာများ၊ အက်ကွဲကြောင်းများသာ တွေ့နေရပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် မိုးကြိုးမုန်တိုင်းတစ်ခု ကျရောက်ခဲ့သလို ထင်မှတ်ရ၏။ ယခင်တုန်းက ဥယျာဉ်၏အလှတရားများ၊ ဥယျာဉ်မြေသားများကိုပင် လုံးဝမကျန်တော့ပေ။

“ဒီနေရာကို တမင်တကာ ဖျက်စီးထားသလိုမျိုးပဲ .”

ကောင်းလန်က သူ၏တွေ့ရှိမှုကို ပြောလိုက်သည်။

ဟန်ကွမ်းက ရှေ့ကိုတက်လာသည့်အချိန်တွင် အဝတ်အစားများက လှုပ်ရှားသွားခဲ့၏။ သူ၏မျက်နှာဖုံးက အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခုကို သယ်ဆောင်ပေးနိုင်သည်။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။

“ဒါပေမဲ့ သူတို့က ပစ္စုပ္ပန်ခန်းမကို ဘာလို့ချန်ထားခဲ့ရတာလဲ..”

ထိုအရာက ကောင်းလန်၏မသိစိတ်ကို အတည်ပြုရန်ဖြစ်ပြီး အနည်းငယ် သံသယဝင်နေရုံသက်သက်သာ ဖြစ်သည်။

မုန့်ချီက ကျောင်းဆောင်၏ဘေးနှစ်ဖက်ကို ကြည့်လိုက်၏။ အလယ်ပိုင်းမှ ပျက်စီးသွားသည့် အရာများကတော့ တောင်ပံနှစ်ဖက်ဖြစ်သော အတိတ်ခန်းမနှင့် အနာဂတ်ခန်းမတို့ ဖြစ်ကြသည်။ သူတို့ကလည်း မီးလောင်နေသော အမှတ်အသားများနှင့် မည်းတူးနေပုံရ၏။ သို့သော် မီးတောက်များက တောင်ပံနှစ်ဖက်ဆီသို့ ပျံံ့နှံ့သွားနိုင်ပုံ မရချေ။

ထိုမြင်ကွင်းကြောင့် ကောင်းလန်နှင့်ဟန်ကွမ်းတို့နှစ်ယောက်လုံးက သံသယဝင်နေခဲ့ကြ၏။ အမှန်တကယ်လည်း ကျောင်းဆောင်ကြီးက စွမ်းအားတစ်ခု၏ ဖျက်စီးခြင်းကို ခံလိုက်ရပုံပေါ်သည်။ သို့သော် ဘာကြောင့် ပစ္စုပ္ပန်ခန်းမကို ချန်ထားရသနည်း။

“တိုက်ခိုက်ခဲ့တဲ့သူက ပစ္စုပ္ပန်ခန်းမကို သုံးချင်နေသေးတာလည်း ဖြစ်နိုင်တယ်..” ကူရှောင်စန်းကတော့ ကြောက်လန့်မနေဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။

“အဲဒါက ဘာအသုံးဝင်နိုင်လို့လဲ .”

ကောင်းလန်က ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေသော်လည်း မှော်တံဆိပ်များ၊ အတားအဆီးများ ရှိနေသည့်လက္ခဏာကို မတွေ့ရပေ။ ပစ္စုပ္ပန်မှန်ကလွဲလျှင် တန်ဖိုးရှိသည့်အရာတစ်ခုမျှမရှိချေ။ ယူသွား၍ရနိုင်သည်မှာ ရွှေရောင်အုတ်များသာရှိသည်။

မုန့်ချီကတော့ သူ၏နှလုံးခုန်သံ ကျယ်လောင်လာသည်ကို နောက်တစ်ကြိမ် ကြားနေရသည်။ ကောင်းလန်က ဟန်ကွမ်းကြောင့် အချိန်မရွေး စိတ်ပြန်လည်လာမှာကို ကြောက်လန့်နေခဲ့၏။

သူကတော့ ရှုံးနိမ့်သွားလိုခြင်း မရှိသည့်အတွက် ချက်ချင်းပင် အကြံပေးလိုက်သည်။

“ပစ္စုပ္ပန်ခန်းမထဲမှာ ဘာမှမရှိဘူးထင်တယ် အစ်ကိုကြီး၊ ကျွန်တော်တို့က မြန်မြန်ရှာပြီး တခြားနေရာကို သွားရှာကြမယ်လေ၊ ကျွန်တော်တို့က ဒီကနေ ကွေ့ပတ်ပြီး သွားလို့မှမရတာ၊ ပစ္စုပ္ပန်ခန်းမက ဘာလို့ အခုလိုမျိုးရှိနေရလဲဆိုတဲ့ အကြောင်းပြချက်တွေက ရှုပ်ထွေးတယ်လေ….”

“ဟုတ်တယ်၊ အဲဒီအတိုင်းပဲ ထားလိုက်တော့..”

ကောင်းလန်က မုန့်ချီ၏ပုခုံးကို လက်နှင့်ပုတ်ပြီး ပြောလိုက်သည်။ ထိုဓမ္မကာရအဆင့် ပညာရှင်များက ရှာဖွေမှုပြီးဆုံးရန် စက္ကန့်ပိုင်းလေးသာ အချိန်ပေးရ၏။

ဓမ္မဘုရင်တူရှီက အက်ရှရှလေသံနှင့် ပြောလိုက်သည်။

“ဒီမှာ ဘာမှမရှိဘူး...”

ဟန်ကွမ်းကလည်း အတူတူပင်ဖြစ်ကြောင်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ၏မျက်နှာပေါ်တွင် ပြဿနာရှိနေသော အကြည့်တစ်ခု ရှိနေသေး၏။ သူသိထားသော ကောင်းကင်ဧကရာဇ်၏စွမ်းရည်များက သုံးဘဝကျောင်းဆောင်ကို ဦးတည်နေခဲ့သည်။ အကယ်၍ ဦးတည်ချက်က ဤနေရာတွင် မရှိလျှင် အတွင်းပိုင်းထဲ၌ ရှိနေမည်ဟု စဉ်းစားမိနေခဲ့၏။

ထိုအချိန်တွင် ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်သည်။

“အနည်းဆုံးတော့ ဒီနေရာမှာ ပစ္စုပ္ပန်မှန် ရှိနေသေးတယ်လေ..”

လူတိုင်း၏အကြည့်က ပစ္စုပ္ပန်မှန်ပေါ်သို့ ရောက်သွားခဲ့ကြသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် အမြင့်ရှိသောမှန်ဆီမှ အလင်းရောင်တစ်ခု တောက်ပနေခဲ့၏။ သူ၏မျက်နှာပြင်က နေသာသော နေ့တစ်နေ့တွင် ရေကန်မျက်နှာပြင်ကဲ့သို့ ကြည်လင်တောက်ပနေခဲ့သည်။

မုန့်ချီကတော့ မျက်နှာပြင်ကိုကြည့်ပြီး မှန်၏ပတ်ပတ်လည်တွင် လှုပ်ရှားနေသော အနှစ်သာရများကို ဝိုးတဝါး သတိထားမိခဲ့သည်။

“ငါ ဒီမှန်ကို ယူမယ်၊ မင်းတို့တွေက ပစ္စည်းတစ်ခုဆီ မယူရသေးခင် ငါ ဘာမှမယူဘူး”

ကောင်းလန်က ရုတ်တရက် ပြောလိုက်သည်။

‘ဒါပေမဲ့ အစ်ကိုကြီးက ဘာလို့ဒီမှန်ကို လိုချင်နေရတာလဲ၊ သူရဲ့အတိတ်ဒဏ်ရာတွေကို သတိပေးပြီး သူ့ကိုယ်သူ ဒဏ်ရာတွေထဲမှာ နစ်မြုပ်အောင် လုပ်မလို့လား…’

မုန့်ချီက နားမလည်နိုင်စွာ စဉ်းစားနေမိခဲ့သည်။

သို့သော် သူကတော့ တိတ်တိတ်နေရန် ရွေးချယ်ခဲ့ပြီး ဆန့်ကျင်ခဲ့ခြင်း မရှိချေ။ ထိုအရာက ကောင်းလန်၏လက်ရှိအခြေအနေကို ရှည်လျားသွားစေနိုင်၏။ လူသားဧကရာဇ်ဓားကိုကြည့်ပြီး ဟန်ကွမ်းနှင့် ဓမ္မဘုရင်တူရှီတို့နှစ်ယောက်လုံးကလည်း ဆန့်ကျင်ခဲ့ကျခြင်း မရှိချေ။ ထိုမှန်ကလည်း သူတို့အတွက် အသုံးမဝင်ပေ။

ကူရှောင်စန်းကိုယ်တိုင်ကလည်း ထင်မြင်ချက်မပေးဘဲ နောက်ကိုခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည့်အတွက် ကောင်းလန်က ရှေ့ကိုတက်ပြီး ယူလိုက်သည်။ ကောင်းလန်က လက်တစ်ဖက်ကို ရှေ့ထုတ်လိုက်ပြီး မှန်၏အစွန်ကို ဆုပ်ကိုင်လိုက်၏။

သူက စွမ်းအားများကို လှုံ့ဆော်မည့် လက္ခဏာမျိုး မရှိချေ။ သို့သော် မှန်ကတော့ ချက်ချင်း အရွယ်အစားကျုံ့သွားပြီး လက်တစ်ဝါးအရွယ်အစားခန့်သာ ဖြစ်သွားခဲ့၏။

“ကောင်းကင်လက်သီးသိုင်းက တကယ့်ကို နာမည်ကျော်ထိုက်ပါတယ် .”

ဟန်ကွမ်းက တိုးတိုးလေးရယ်ပြီး မှတ်ချက်ပေးလိုက်သည်။ သူက ထိုအခွင့်အရေးကို အရယူပြီး ကောင်းလန်နှင့် ရင်းနှီးနေသော အရာတစ်ခုကိုသုံး၍ သူ့ကို ပြန်လည်နိုးထလာအောင် လုပ်ဆောင်ချင်ခဲ့သည်။

မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ပစ္စုပ္ပန်မှန်ကို ကောင်းလန်က ယူဆောင်သွားခဲ့သည့်အတွက် ယခု သူတို့က ကျောင်းဆောင်မှ ထွက်သွားနိုင်ပြီ ဖြစ်သည်။ သူနှင့်ကူရှောင်စန်းတို့ကလည်း အဝေးကို ထွက်သွားရန် ဆင်ခြေတစ်ခု ရှာဖွေနိုင်သည်။ သုံးဘဝကျောင်းဆောင်တွင် သူမ ရှာဖွေနေသောပစ္စည်း ရှိပုံမရချေ။ ထို့ကြောင့် ထိုကျောင်းဆောင်ကြီးထဲက လက်ဗလာနှင့်သာ ထွက်သွားရတော့မည် ဖြစ်သည်။

သို့သော် သူက ထွက်ပြေးရန် တွေးနေသည့်အချိန်တွင် ကူရှောင်စန်းဆီမှ အံ့သြနေသော အသံတစ်ခု ထွက်လာခဲ့သည်။ သူမက ရှေ့ကိုခြေနှစ်လှမ်း လျှောက်သွားပြီး သူမ၏စွမ်းအားများကိုသုံး၍ လက်ဟန်ပုံစံများစွာကို ဖန်တီးလိုက်သည်။

အောက်ဖက်တွင် ရှိနေသော စင်မြင့်၏ပတ်ပတ်လည်တွင် ရေကြာပန်းလေးများ ဖြစ်ပေါ်လာခဲ့သည်။ ကျောက်တုံးစင်မြင့်က လေထဲတွင် အလင်းရောင်များ တောက်ပလာခဲ့၏။ ထို့နောက် စင်မြင့်က နှစ်ခြမ်းကွဲသွားပြီး အောက်ဖက်မှနေ၍ လှေကားတစ်စုံ ပေါ်လာခဲ့သည်။

ကူရှောင်စန်းက အံ့သြနေသောအမူရာနှင့် နောက်ဆုတ်သွားပြီး ပြောလိုက်၏။

“ကျွန်မက စင်မြင့်ပေါ်မှာရှိတဲ့ အင်းကွက်တွေကိုကြည့်ပြီး တော်တော်လေး ရင်းနှီးနေတယ်လို့ ခံစားမိခဲ့တယ်၊ ဒါကြောင့် ကျွန်မက ဒီအကာအကွယ်မှော်အစွမ်းရဲ့ တစ်စိတ်တစ်ပိုင်းကို မှတ်မိသွားတာ၊ ဒါကြောင့်လည်း ဒီမှော်အစွမ်းကို ပြန်ဖြေဖို့အတွက် မှော်အစွမ်းတစ်ခုကို သုံးကြည့်လိုက်တာ၊ ဒါက အလုပ်ဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး။ အတွင်းထဲမှာရှိတဲ့ လျှို့ဝှက်လမ်းကြောင်းက ပွင့်သွားပြီ...”

“လိမ်တဲ့နေရာ တော်တော်ကျွမ်းကျင်တာပဲ၊ နင်က ဒါကို တလျှောက်လုံး သိနေခဲ့တယ်..”

မုန့်ချီက တစ်ယောက်တည်း တွေးနေမိ၏။ ကူရှောင်စန်းက လျှို့ဝှက်လမ်းကြောင်းကို ထုတ်ဖော်ပြီး ဘာကြောင့်စွန့်စားလိုကြောင်း သူလည်း နားမလည်ခဲ့ပေ။

“အတွင်းထဲမှာ ရှိနေတဲ့ပစ္စည်းက သူ့အတွက် အရေးကြီးတာများလား၊ ဒီလောက် ကောက်ကျစ်တဲ့နတ်ဆိုးမက ငါတို့နှစ်ယောက်ရဲ့အသက်ကို ကစားနေတယ်….”

ကူရှောင်စန်းက ပေတ်သက်သော လျှို့ဝှက်ချက်များစွာကို သိနေကြောင်း ဟန်ကွမ်းက နားလည်နေသည်။ သို့သော် သူကတော့ သူမကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ ထိုအစား တိုးတိုးလေးရယ်လိုက်ပြီး လက်နောက်ပစ်၍ ပြောလိုက်၏။

“ဒါက ငါတို့အားလုံးအတွက်တော့ တကယ့်ကို ကံကောင်းမှုကြီးပဲ...”

ကောင်းလန်ကလည်း စိတ်ဝင်တစား မေးလိုက်သည်။

“ဒီလမ်းကြောင်းနဲ့မှော်အစွမ်းတွေက သေသေချာချာကို ဖုံးကွယ်ထားတာ၊ သူတို့တွေက ငါတို့ ရှာဖွေမှုကနေတောင် လွတ်သွားတယ်၊ စိတ်ဝင်စားစရာပဲ...။ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် .”

သူက စင်မြင့်၏ ပတ်ပတ်လည်တွင် ကြည့်လိုက်ပြီး လျှို့ဝှက်လမ်းကြောင်းကို ကာကွယ်ထားသော မှော်အစွမ်းများကို လေ့လာနေခဲ့သည်။ ဟန်ကွမ်းနှင့် ဓမ္မဘုရင်တူရှီတို့ကလည်း သူတို့၏မှော်အစွမ်း အနည်းငယ်ကို သုံးကြည့်လိုက်ပြီး အတွင်းထဲတွင် ရှိနေနိုင်သော ထောင်ချောက်များ၊ တခြားမှော်အစွမ်းများကို ဖယ်ရှား၍ ဝင်လာခဲ့ကြသည်။

အချိန်နှင့် ကြိုးစားအားထုတ်မှုပို၍ လိုအပ်နေသည်မှာ ကောင်းလန်ဖြစ်ပြီး သူကတော့ လူသားဧကရာဇ်၏ဓားကိုသုံး၍ တိုက်ရိုက်ဖျက်စီးပစ်ခဲ့သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ မုန့်ချီက နောက်တစ်ကြိမ် ပင့်သက်ရှိုက်လိုက်မိပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစား၍ အခွင့်အရေးရလျှင် လစ်ထွက်ရန် ပြင်ဆင်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ဟန်ကွမ်းက မုန့်ချီကို လှည့်ကြည့်လိုက်၏။ ခံစားချက်ကင်းမဲ့သော ကောင်းကင်ဧကရာဇ်မျက်နှာဖုံး၏ နောက်ကွယ်မှနေ၍ အသံတိုးတိုး ထွက်လာခဲ့သည်။

“အခုလမ်းကြောင်းက လုံခြုံသွားပြီ....ညီလေး၊ မင်းအတွက် အကျိုးမဲ့ခရီးမဖြစ်ရအောင် ငါတို့က ရတနာတွေ သွားရှာကြမယ်…”

သူ ရုတ်တရက် ပြောလိုက်သော စကားလုံးများကြောင့် မုန့်ချီ၏ နောက်ကျောတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်း လက်ဗလာနဲ့ မပြန်သင့်ဘူးလေ...”

ကောင်းလန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

သူက မုန့်ချီကို စိတ်ဝိညာဉ်စွမ်းအားနှင့် တိတ်တဆိတ်ပြောလိုက်၏။

“ဘာမှမကြောက်နဲ့.... ညီလေး၊ အစ်ကိုကြီး ဒီမှာရှိတယ်..”

“အစ်ကိုကြီးက ကျွန်တော်အကြောက်ဆုံးလူပဲ...”

မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင်ရေရွတ်လိုက်မိသည်။

အကယ်၍ သူကသာ ကောင်းလန်၏ စိတ်နှစ်ခွရောဂါကို မကြောက်လျှင် သူ၏နှုတ်ဖျားမှ စကားတစ်ခွန်းမျှ ထွက်လာလိမ့်မည် မဟုတ်ချေ။ သို့သော် မုန့်ချီကတော့ တကိုယ်လုံး တင်းမာနေသော်လည်း တည်ငြိမ်နေသလို ခံစားနေရ၏။ သူက အပြုံးနှင့်ပြောလိုက်သည်။

“ဟုတ်ကဲ့ .”

ထိုစကားကိုပြောလိုက်ပြီးနောက် သူလည်း လှေကားထစ်ပေါ်မှ ဦးဆောင်၍ ဆင်းသွားခဲ့၏။

………..

ဟွေ့အာတောင်ထိပ်ပေါ်တွင် အလွန်ကြီးကျယ်ခမ်းနားသောခန်းမကြီးတစ်ခု ရှိသည်။ ထိုခန်းမကြီး၏အကာအကွယ်တွင် မှော်ရတနာများ၊ အစွမ်းထက်သော ရဲမက်များစွာ ပါဝင်နေခဲ့၏။ အနောက်ဘက်ခန်းမထဲတွင်တော့ လူတစ်ယောက်မျှမရှိဘဲ လောကသုံးပါးကို စောင့်ကြပ်နေသည့်အလား အလွန်မောက်မာတည်ငြိမ်သည့် ကောင်းကင်ဧကရာဇ်ရုပ်ထုတစ်ခုသာ ရှိသည်။

ကောင်းကင်ဧကရာဇ်ရုပ်ထု၏ရှေ့တွင်တော့ အစိမ်းရောင်သေတ္တာတစ်ခု ရှိနေသည်။ ထိုသေတ္တာ၏ အတွင်းထဲတွင်တော့ အလင်းတန်းများအားလုံးကို စုပ်ယူနေပုံရသော ဓားရှည်တစ်လက် ရှိနေခဲ့၏။ ရုတ်တရက်ဆိုသလို ဓားသွားဆီမှ အလင်းရောင်များ တောက်ပလာပြီး သူ၏တောက်ပမှုက လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။ အခန်းတစ်ခုလုံးက သီးခြားနယ်မြေတစ်ခုထဲတွင် ပိတ်မိနေသလို ထင်မှတ်ရသည်။ ခဏကြာပြီးနောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့၏။

…………..

ကွေချင်းဟယ်တို့အဖွဲ့က သူတို့၏ရှေ့တွင် ရှိနေသော လမ်းအတိုင်း လိုက်လာခဲ့ကြသည်။ သူတို့က ကောင်းကင်ခုံရုံး၏အလွှာများကို ဖြတ်သန်းသွားလာနေရင်း တန်ဖိုးရှိသည့်အရာများကို ရှာဖွေနေကြသည်။ သူတို့ရှာဖွေနေစဉ် အတောတွင်း သူတို့၏ရှေ့တွင် တခြားသူများရောက်နေသည့် ခြေရာလက်ရာများကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူတို့က စိုးရိမ်သွားကြပြီး အရှိန်မြန်လာကြသည်။ သို့သော် အစောပိုင်းတွင် အချိန်နှောင့်နှေးသွားခြင်းက ခဏကြာပြီးနောက် လိုက်မှီလာကြပြီး သူတို့က တတိယအလွှာတွင် ရှိနေသော ဝဲကတော့၏ရှေ့ကို ရောက်လာခဲ့သည်။

………….

လှေကားမှ အောက်ကို ဆင်းသွားပြီးနောက် မုန့်ချီက ပတ်ပတ်လည်ကို သေချာစစ်ဆေးကြည့်နေပြီး အန္တရာယ်တွေ့နိုင်သောအရာများ၊ ထူးခြားမှုများ၊ သင်္ကေတများအားလုံးကို မျက်စိရှင်ရှင်ထား၍ ကြည့်နေခဲ့သည်။

လှေကား(၉)ထစ် ဆင်းသွားပြီးနောက် သူက ဖုန်များပြည့်နေသော အခန်းတစ်ခုထဲကို ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူတို့၏ပတ်ပတ်လည်တွင်တော့ မည်သည့်အရာမျှမရှိချေ။

အခန်းအလယ်တည့်တည့်တွင် အလွန်ကြီးမားပြီး ရှည်လျားသော သစ်ပင်ကြီးတစ်ပင်၏ ပင်စည်သာ ရှိသည်။ ထိုသစ်ပင်ကြီးတွင် သစ်ရွက်များ သစ်ကိုင်းများ ရှိနေပြီး သူ၏သစ်မြစ်က မျက်နှာကျက်မှနေ၍ မြေကြီးထဲထိအောင် နစ်ဝင်နေခဲ့၏။ ထိုသစ်ပင်ကြီးက ဤကမ္ဘာကြီး၏ အလွှာတိုင်းကို ထိုးဖောက်ထားသလို ထင်ရသည်။

ဧရာမသစ်ပင်ကြီးကိုကြည့်ပြီး သူ၏လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်က ပြင်းပြင်းထန်ထန် လှုပ်ရှားလာကြောင်း မုန့်ချီက ခံစားမိခဲ့သည်။

“နောက်ထပ်သစ်ပင်တစ်ပင်လား .”

ပထမတော့ မုန့်ချီက ကျေနပ်သွားခဲ့၏။ သို့သော် ကောင်းလန်၊ ဟန်ကွမ်းနှင့် တခြားသူများ ဝင်လာကြသည့်အတွက် သူလည်း မလှုပ်ရှားနိုင်ခဲ့ပေ။ တခြားအတွေးများကို ဘေးဖယ်ထားလိုက်ပြီး သူက အခန်းထဲသို့ လှေကားအတိုင်း ဆက်ဆင်းသွားခဲ့သည်။

အခန်း၏မျက်နှာချင်းဆိုင်တွင်တော့ နောက်ထပ်လမ်းကြောင်းတစ်ခု ရှိနေခဲ့၏။ ညာဘက်ထောင့်တွင်တော့ သူက ပစ္စည်းတစ်ခု၏ အလင်းရောင်ကို သတိထားမိခဲ့သည်။ ထိုအရာက လူသားတစ်ယောက်၏ လက်ဖဝါး အရွယ်အစားခန့်သာရှိသော ကျောက်စိမ်းပြားလေးတစ်ပြားဖြစ်ပြီး ထိုကျောက်စိမ်းပြားပေါ်တွင် ရှေးဟောင်းပုံရိပ်များ၊ ပုံစံကွက်များ ပြည့်နေခဲ့သည်။

ညာဘက်ခြမ်းတွင်တော့ ဖုန်များကြားထဲတွင် ထူးဆန်းသောသစ်ပင်လေးတစ်ပင် ရှိသည်။ ထိုသစ်ပင်တွင် သစ်ကိုင်း(၃)ကိုင်းနှင့် သစ်ရွက်တစ်ရွက်သာရှိ၏။ ထိုသစ်ပင်လေးက သေးသေးလေးနှင့် သေဆုံးနေသော အပင်တစ်ပင်ကဲ့သို့ ဖြစ်နေသည်။

ထိုသစ်ပင်၏ပင်စည်အပေါ်ဖက်တွင် ကိုင်းနှစ်ခွရှိနေခဲ့၏။ အလယ်တွင်တော့ လက်မအရွယ်အစားခန့်ရှိသော အစိမ်းရောင်ဘယ်ရီသီးလေးနှစ်လုံး ရှိနေခဲ့သည်။ ထိုအသီးများဆီမှ အလွန်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ထွက်နေခဲ့၏။

သစ်ပင်နှင့် ပတ်သက်သောအရာများကတော့ သူတို့မွေးဖွားသည့်အချိန်ကတည်းကစပြီး ရှိနေပြီး နောက်ပိုင်းတွင်လည်း အတူတူသာ ဖြစ်နိုင်သည်။

“ဒါပေမဲ့ အနားမှာရှိတဲ့ အာဟာရတွေအားလုံးကို ဧရာမသစ်ပင်ကြီးက ပြည့်ပြည့်၀၀ စုပ်ယူသွားသင့်တာလေ၊ ဒီဘယ်ရီသီးတွေက တော်တော်လေးကိုထူးဆန်းတယ်..”

“ကျွန်မ အရင်ဆုံးရွေးလို့ရမလား.... ခဲအိုတို့ …”

ကူရှောင်စန်းက အပြုံးနှင့် အရင်ဆုံးမေးလိုက်သည်။

ကောင်းလန်က မုန့်ချီကို လှည့်ကြည့်လိုက်၏။ သူ့သွေးသောက်ညီအစ်ကိုက သူ့ဇနီးကို ထိန်းချုပ်ရန် ပြသလိုက်ခြင်းလည်း ဖြစ်သည်။ သို့သော် သူက အပြုံးနှင့်လက်ခံလိုက်၏။

“ရွေးပါ .”

ထိုအစား ဟန်ကွမ်းက ရှေ့ကို ခြေတစ်လှမ်းလျှောက်လာရာ မုန့်ချီကို ကျော်ပြီး အခန်း၏ ညာဖက်ကို လျှောက်သွားခဲ့သည်။ သူက ကူရှောင်စန်းကို လှည့်ကြည့်ပြီး အပြုံးနှင့် မေးလိုက်၏။

“မင်းက ဘယ်ပစ္စည်းကို လိုချင်နေတာလဲ .”

သူ၏အမူအရာကိုကြည့်ပြီး သူက မည်သည့်အရာကို လိုချင်နေကြောင်း ကူရှောင်စန်းက သိနေသည်။ သူမက အပြုံးနှင့် မှတ်ချက်ပေးလိုက်၏။

“ကျွန်မက ခဲအို လိုချင်နေတဲ့ သုံးဘဝကျောက်စိမ်းပြားကို လုမယူပါဘူး…”

“သုံးဘဝကျောက်စိမ်းပြားလား…”

ထိုအချိန်ကျမှသာ ထိုကျောက်စိမ်းပြားလေးက မည်သည့်အရာဖြစ်ကြောင်း မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်က အင်မော်တယ်အများစုပင် ကျရှုံးခဲ့သော အကာအကွယ် ထိုးဖောက်နိုင်သည့် အင်မော်တယ် အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။ သူအောင်မြင်သွားသည့်အချိန်တွင် ကောင်းကင်အင်ပါယာကျင့်စဉ်ဟုခေါ်သော သိုင်းကျမ်းတစ်အုပ်ကို ရေးသားခဲ့ပြီး သူ၏သင်ကြားမှုများအားလုံးက သူ၏တပည့်များအတွက် အခြေခံသင်ကြားမှုများအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် သူက ကြီးကျယ်ခမ်းနားမှု ရှိမလာခင် သုံးဘဝကျောက်စိမ်းပြားဟုခေါ်သော ပစ္စည်းတစ်ခုပေါ်တွင် တရားထိုင်ခဲ့သည်။

“ဒါက တချို့တာဝန်တွေ ပြီးဆုံးဖို့လိုအပ်တဲ့ ကျင့်စဉ်တစ်ခုပဲ...”

မုန့်ချီက အတော်လေး ဝမ်းသာသွားခဲ့သည်။ သူလည်း ထိုကျောက်စိမ်းပြားကို လိုချင်စိတ်ရှိနေခဲ့၏။ သို့သော် ကောင်းလန်နှင့် ဓမ္မဘုရင်တူရှီတို့က သူ၏ရွေးချယ်မှုကို ဆန့်ကျင်လျှင်ပင် ဟန်ကွမ်းကတော့ အလွန်ဆန္ဒပြင်းပြနေကြောင်း ပြသနေသည်။

ဟန်ကွမ်းက ဟန်ဆောင်နေခြင်း မရှိတော့ဘဲ လက်နောက်ပစ်၍ ရှေ့ကို လျှောက်သွားခဲ့၏။ သူက အသံတိုးတိုးနှင့်ပြောလိုက်သည်။

“ငါက ဒီသုံးဘဝကျောက်စိမ်းပြားကို ယူမယ်၊ တကယ်လို့ ငါတို့က တခြားတစ်ခုခုတွေ့မယ်ဆိုရင် မင်းက အရင်ဆုံး ယူလို့ရတယ်...”

ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုလည်း ကျွန်မက ဒီဘယ်ရီသီးနှစ်လုံးကိုပဲ ယူတော့မယ်...”

သူမက သစ်ပင်မှနေ၍ ထိုဘယ်ရီသီးနှစ်လုံးကို အလျင်စလို ခူးယူခဲ့ခြင်းမရှိချေ။ ထိုအစား သူမက ရှေ့ကို ဖြည်းညင်းစွာ လျှောက်သွားပြီး ထူးဆန်းသော ကျောက်စိမ်းပုလင်းလေးတစ်ခုကို ထုတ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူမက အသီးများကို ကျောက်စိမ်းပုလင်း၏အဝနှင့်ကပ်ပြီး ခူးပြီးသွားသည့်အချိန်တွင် ပုလင်းကို ချက်ချင်းပိတ်လိုက်သည်။

“ဒါက ကောက်ကျစ်တဲ့ နတ်ဆိုးမရဲ့ပစ်မှတ်ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ အဲဒီဘယ်ရီသီးနှစ်လုံးက ဘာတွေလဲ...”

မုန့်ချီက သက်ပြင်းချလိုက်မိသည်။နောက်ဆုံးတွင်တော့ သူတို့က ထွက်သွားရန် အခွင့်အရေး ရလာပြီဖြစ်ပြီး အချင်းချင်း သံသယဝင်စရာ မလိုတော့ပေ။

“ဒါပေမဲ့ အခုတော့ ကိစ္စတွေက တော်တော်လေးခက်တယ်၊ ငါတို့က တတ်နိုင်သမျှ မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ၊ ဧရာမသစ်ပင်ကြီးကိုတော့ ယူဖို့ခက်မှာစိုးရတယ်...”

“မင်းက အဲဒါကို လိုချင်လား.... ညီလေး.”

ကောင်းလန်က သူ၏သွေးသောက်ညီငယ်လေး မုန့်ချီကို မေးလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်က ပစ္စည်းတစ်ခုပဲ လိုချင်တယ်၊ အဲဒါကတော့ စုပ်ယူဖို့ပဲ၊ တကယ်လို့ ကျွန်တော်သာ အဲဒါကို စုပ်ယူလိုက်မယ်ဆိုရင် ဒီသစ်ပင်က အသုံးမဝင်နိုင်တော့ဘူး….”

မုန့်ချီက စိတ်ထဲတွင် ပြောလိုက်ပြီး ဧရာမသစ်ပင်ကြီး၏သစ်ကိုင်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူက ထိုဧရာမသစ်ပင်ကြီးကို စုပ်ယူရန် အထွဋ်အမြတ်ဉာဏ်ပညာ သစ်ပင်ကို အသုံးပြုချင်ခဲ့၏။

အကယ်၍ သူကသာ အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်ကို ထုတ်ပြလိုက်မည်ဆိုလျှင် ဟန်ကွမ်းနှင့် ဓမ္မဘုရင်တူရှီတို့က လောဘတက်မလာနိုင်ဟု အာမခံနိုင်ခြင်း မရှိချေ။ ထိုအခြေအနေရောက်လျှင်တော့ သူ့သွေးသောက်အစ်ကိုကြီးကောင်းလန်က ပုံမှန်အတိုင်းပြန်ဖြစ်နေလျှင်ပင် အခြေအနေက ဆိုးရွားသွားနိုင်သည်။

မုန့်ချီက မစွန့်စားလိုသည့်အတွက် ထွက်သွားရန်သာ ပြောလိုက်၏။

“အဆင်ပြေတယ်.... အစ်ကိုကြီး၊ ရှောင်စန်းက အသီးတွေကို ရသွားပြီ၊ ဒီတော့ အသီးတစ်လုံးက ကျွန်တော့်အတွက် ဖြစ်မှာပေါ့၊ ဒါဆိုရင် ကျွန်တော်တို့အတွက် လုံလောက်ပါပြီ၊ နောက်မှာ အန္တရာယ်တွေရှိနေသေးတော့ ကျွန်တော်က မြန်မြန်ပဲ ထွက်သွားချင်တယ် .”

ကောင်းလန်ကစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုလည်း ကောင်းပြီလေ .”

မုန့်ချီက နောက်ထပ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူ၏ခန္ဓာကိုယ်ကလည်း အနည်းငယ်ပေါ့ပါးသွက်လက်လာခဲ့၏။ ကူရှောင်စန်း၏ မျက်နှာကို ကြည့်ပြီး သူက အနည်းငယ်ဝမ်းသာနေခဲ့သည်။

ဟန်ကွမ်းကတော့ ကျေနပ်နေသောအမူအရာနှင့် ကျောက်စိမ်းပြားကို သိမ်းလိုက်၏။ သူက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။

“ဒီအမွေအနှစ်ရဲ့ အကူအညီနဲ့ဆိုရင် ငါက လုတာ့နှင့် တာအိုသခင်ချုံဟယ်တို့ကို အမီလိုက်နိုင်သွားပြီ…”

“ဆရာကြီးလု၊ တာအိုသခင်ချုံဟယ် .”

မုန့်ချီ၏နှလုံးခုန်သံက တဒိန်းဒိန်းဖြစ်လာခဲ့သည်။ သူ၏ အကြီးမားဆုံး အကြောက်တရားက လက်ရှိအချိန်တွင် စစ်မှန်လာခဲ့ပြီ ဖြစ်၏။

Translated by Hein Htet.

All Chapters