အခန်း (၆၉၉)
Vol. 47 Ch. 699
ရွှေရောင်တောက်ပနေသော ကျောင်းဆောင်အရိပ်ကြီးတစ်ခုက ကျိ၏ကိုယ်ပေါ်တွင် အုပ်မိုးလာခဲ့သည်။ အနက်ရောင်နှင့်အဖြူရောင် အလင်းတန်းများကလည်း အလွန်အဆင့်မြင့်သော ခရမ်းရောင်ကုသိုလ် အငွေ့အသက်များနှင့်အတူ သူ၏အရိပ်ပတ်ပတ်လည်တွင် ရှိနေခဲ့၏။
ဒဏ္ဍာရီထဲမှနတ်ဘုရားတစ်ပါးကဲ့သို့ ကျိက မုန့်ချီနှင့်လျင်မြန်စွာ နီးကပ်လာခဲ့သည်။ သူကတော့ ကောင်းကင်ဘုံမှ အပြစ်ပေးမှု လုပ်ဆောင်လိုက်သည့်အလား သူ့ဆီကို ဒေါသတကြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏လက်သီးက အလွန်ကြောက်စရာကောင်းသော စွမ်းအားများနှင့်အတူ ရောက်ရှိလာပြီး လက်သီးထဲတွင် ရှိနေသော အဖျက်စွမ်းအားများကြောင့် လေဟာနယ်ကပင် လှုပ်ရှားသွားခဲ့သည်။
စကားပြောရန်၊ ဆွေးနွေးရန်မလိုအပ်ကြောင်း ခံစားမိခဲ့သည့်အတွက် ကျိက မုန့်ချီကို ဒေါသတကြီး ရှင်းပစ်ရန်သာ ရွေးချယ်ခဲ့သည်။ အလွန်သိပ်သည်းသော မြူခိုးများက စတင်ပျက်စီးလာပြီး ဓာတ်ကြီး(၅)ပါးစွမ်းအင် အငွေ့အသက်များကလည်း မတည်မငြိမ်ဖြစ်လာပြီး အားနည်းလာခဲ့သည်။
ထိုအခြေအနေကြောင့် သဘာဝတရားကြီး၏အစွမ်းကို အသုံးပြုနေရသော ဝေ့ကျင်းအဆင့် ပညာရှင်အများစုက သူတို့၏စွမ်းအားတစ်ဝက် သို့မဟုတ် အများစုကို ဆုံးရှုံးသွားရနိုင်သည်။ သို့သော် မုန့်ချီကတော့ သိုင်းသခင်တစ်ယောက်၏အစွမ်းမျိုး ရှိနေသော ကျိလို အစွမ်းထက်ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်၌ တွေဝေနေခဲ့ခြင်း မရှိချေ။
ကမ္ဘာမြေဖန်တီးခြင်းအစွမ်းကလွဲလျှင် အကြီးမြတ်ဆုံးကျင့်စဉ်တစ်ခု ဖြစ်သည့် ကောင်းကင်ရွှေကျင့်စဉ် မရှိလျှင်ပင် မုန့်ချီဆီ၌ ထိုကဲ့သို့ အခက်အခဲများကို အကူအညီပေးနိုင်သော အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ် ရှိနေခဲ့သည်။ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစက်ဟူသော သူ၏ နာမည်မှာ အကြောင်းမဲ့တော့ မဟုတ်ခဲ့ပေ။
သူ၏ပတ်ဝန်းကျင်အပေါ် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ရှိမှုကြောင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ဝေ့ကျင်းအဆင့်ကျင့်စဉ်က အသုံးပြုသူကို သဘာဝတရားကြီး၏ ကန့်သတ်ချက်များ ကျော်လွန်နိုင်အောင် ကူညီပေးနိုင်သည်။
မုန့်ချီ အတွက်တော့ တခြားသူများ၏ အကျိုးသက်ရောက်မှုက ရှိလာရန် ခက်ခဲသည်။ သို့သော် မုန့်ချီက အနိုင်ရရန်အခွင့်အရေးကတော့ နည်းပါးနေသေး၏။ သူက အသက်ဆုံးရှုံးသွားနိုင်သည်ဟုပင် သိနေခဲ့၏။
ကျိက ကုသိုလ်(၅)မျိုး၊ ကောင်းမှု(၅)မျိုးကို အားကိုးနေသော ကြောက်စရာကောင်းသည့် သိုင်းသခင် တစ်ယောက်ဖြစ်သည်။ ကောင်းမှု(၅)မျိုးက သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နေသည့်အတွက် ဓာတ်ကြီး(၅)ပါး စွမ်းအင်(၅)မျိုးက ကျိကို ပြိုင်ဘက်ကင်း အကာအကွယ်တစ်ခု ပေးနိုင်သည်။ ရန်သူများ တိုက်ခိုက်လိုက်သည့် မှော်အစွမ်းများ၊ ကျိန်စာများက သူ့ကို လုံးဝ မထိခိုက်စေနိုင်သလို ကောင်းကင်အပြစ်ပေးမှု အပါအဝင် နတ်ဆိုးများ၊ မကောင်းဆိုးဝါး ဝိညာဉ်များကလည်း သူ့ကို သိမ်းပိုက်နိုင်ခြင်း မရှိသလို ထိခိုက်အောင် လုပ်နိုင်ခြင်းလည်း မရှိချေ။
ကောင်းမှုစွမ်းအင်တစ်မျိုးတည်းကပင် သူ့ကို အလွန်အစွမ်းထက်သော အကာအကွယ်တစ်ခု ပေးနိုင်သည်။ ကျိက ကောင်းမှု(၅)မျိုးကို လေ့ကျင့်ထားသည့်အတွက် ပို၍ကြောက်စရာကောင်း၏။ ထို့ကြောင့် သူက သိုင်းသခင်များထဲတွင် ခုခံရေးစွမ်းရည် အကြီးမားဆုံး ရှိနေရခြင်း ဖြစ်သည်။
သူ လေ့ကျင့်ထားသော စတင်ခြင်း(၅)မျိုး၊ ကိုယ်ကျင့်တရား(၅)မျိုး လက်သီးသိုင်းမှ တဆင့် ကောင်းမှု(၅)မျိုးကို နားလည်ထားမှုများအရ မုန့်ချီ၏ အကာအကွယ်စွမ်းရည်ကလည်း သိုင်းသခင်တစ်ယောက်ထက် ကျော်လွန်နေခဲ့သည်။ မုန့်ချီ၏ အကာအကွယ်စွမ်းရည်များက ကောင်းကင်လှေကားအဆင့် သိုင်းသခင် တစ်ယောက်ထက် ကျော်လွန်နေခဲ့သည်။
ထို့ကြောင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အကွာအကွယ်စွမ်းရည်များက ကောင်းမှု(၅)မျိုး အကာအကွယ်ကို ယှဉ်နိုင်သည်ဟု သတ်မှတ်နိုင်သည်။ ကျိကတော့ သူ့ထက်ပို၍ အဆင့်မြင့်နေသည့်အတွက် သူ၏ခုခံစွမ်းရည်ကလည်း ကြောက်စရာကောင်းစွာ အစွမ်းထက်နိုင်သည်။
နိယာမဖြစ်စဉ်နှင့် ပေါင်းလိုက်မည်ဆိုလျှင်ပင် သူက ကျိ၏အကာအကွယ်ကို ဖျက်စီးရန် ခက်ခဲနိုင်သည်။ ထိုသို့ဆိုရာတွင် နိယာမဖြစ်စဉ်တွင် အချိန်ကန့်သတ်ချက် ရှိနေခဲ့သည်။ အရေးကြီးဆုံးအရာကတော့ ကောင်းမှုကုသိုလ်များက သူ၏ပင်မဝိညာဉ်ကို စိတ်ဝိညာဉ် တိုက်ခိုက်မှုများမှ မခံရစေရန် ကာကွယ်ပေးနိုင်၏။ ထို့ကြောင့် မုန့်ချီ၏နည်းလမ်းများက အချည်းနှီး ဖြစ်နေခဲ့သည်။
တစ်ဖက်တွင်တော့ ကျိဆီတွင် သူ၏ခုခံရေးစွမ်းအားကို ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်များလည်း ရှိနေခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်လိုက်မည်ဆိုလျှင် သူ၏တိုက်ခိုက်မှုက သာမန်ပညာရှင်တစ်ယောက်ကိုပင် ဖုန်မှုန့်များအဖြစ် ပျက်စီးသွားစေနိုင်၏။
အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် နိယာမဖြစ်စဉ် အသုံးပြုထားသော မုန့်ချီကပင် ဒဏ်ရာမရဘဲ အနည်းငယ်လေးသာ ခံနိုင်ရည်ရှိနိုင်သည်။ ထိုအရာကလည်း အစောပိုင်းတွင် ကျိနှင့် တိုက်ခိုက်သည့်အချိန်၌ ကူရှောင်စန်းက ကူညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခုတော့ ထိုကဲ့သို့ အစွမ်းရှိသော ရန်သူတစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရသည့်အတွက် သူ့ဆီ၌ နတ်ဘုရားလက်နက် ပင်မပစ္စည်းတစ်ခု ရှိနေလျှင်ပင် ပစ်မှတ်ကို တိုက်ခိုက်ရန် အကူအညီမပေးနိုင်ပေ။
တခဏအတွင်း မုန့်ချီ၏စိတ်ထဲ၌ ကုသိုလ်(၅)မျိုး၊ ကောင်းမှု(၅)မျိုးနှင့် ပတ်သက်သောအတွေးများ ပေါ်လာခဲ့သည်။ သူက ထွက်ပြေးရမလား၊ တိုက်ခိုက်ရမလား အဖြေတစ်ခုကို အသည်းအသန် စဉ်းစားနေခဲ့၏။
သူက နောက်ဆုံးတစ်ကြိမ် လေဟာနယ်ထိုးဖောက်ခြင်းအဆောင်ကို အသုံးပြုသင့်သလား သို့မဟုတ် ကံကြမ္မာကွင်းဆက်ကျင့်စဉ်ကို အသုံးပြုပြီး တိုက်ခိုက်သင့်သလား။
သို့သော် ကျိကတော့ သူ့ကို စဉ်းစားရန် အချိန်များများမပေးခဲ့ပေ။ သူ၏လက်သီးက တဖြည်းဖြည်း အနားကိုရောက်လာပြီး အလွန်သိပ်သည်းသောမြူခိုးများကို ထိုးခွဲ၍ မုန့်ချီ၏မျက်နှာအနားကို ရောက်လာခဲ့သည်။
မုန့်ချီက ဘေးကို ခြေတစ်လှမ်း လှမ်းလိုက်ပြီး အဝေးမှရောက်လာသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ ခန္ဓာကိုယ်ကလည်း အရွယ်အစား ကြီးမားလာပြီး မုန့်ချီက ခေါင်း(၂)လုံး လက်(၄)ဖက် ရှိနေသော ဧရာမလူသန်ကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူ၏အငွေ့အသက်များကလည်း ကြီးထွားလာပြီး သူ၏ပုံရိပ်ယောင်ခန္ဓာက မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသလို ထင်မှတ်ရသည်။
သူက ကျိကို ငုံ့ကြည့်လိုက်၏။ ကောင်းကင်ပြစ်ဒဏ်ဓားက သူ့လက်ထဲတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားမောက်က လေဟာနယ်ကို ထိုးဖောက်၍ အချုပ်အနှောင်မှ လွတ်သွားသော နဂါးတစ်ကောင်ကဲ့သို့ ကျိကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။ ထိုဓားက ယင်နှင့်ယန်ကို ခွဲခြမ်းပြီး ကုသိုလ်(၅)မျိုးကိုလည်း ဖျက်စီးခဲ့သည်။
ကျိ၏ အေးတိအေးစက် မျက်လုံးများက ဒေါသကြောင့် နီရဲနေခဲ့၏။ သူ့ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ် လှုပ်ရှားလိုက်ပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ သူ့ကို ရင်ဆိုင်လိုက်သည်။
“ချွမ်...”
မုန့်ချီ၏ ဓားမောက် တိုက်ခိုက်မှုကို ရွှေရောင်ကျောင်းဆောင်အရိပ်ကြီးက တားဆီးထားလိုက်သည်။
ကျိကတော့ တိုက်ခိုက်မှုကို လျစ်လျူရှုလိုက်ပြီး ရှေ့ကိုဒေါသတကြီး ပြေးထွက်လာခဲ့၏။ “ခွပ် .”
အရိပ်ကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော အဖြူရောင်နှင့်အနက်ရောင် အလင်းတန်းများက ဖြာထွက်သွားခဲ့သည်။ သို့သော် မုန့်ချီ၏ဓားက ကျိကို တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပေ။ အဓိက အရေးကြီးသောနေရာများကို မထိဘဲ ပုခုံးကို ထိရုံလေးသာ ထိခဲ့သည်။
ကောင်းမှု(၅)မျိုး၏ အကာအကွယ် ရှိနေသည့်အတွက် ကျိက တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီး သူ၏အခွင့်အရေးကို အရယူနိုင်ခဲ့သည်။ သူက ညာဖက်လက်သီးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပြန်၏။ သူက မုန့်ချီကို သူ့ကိုယ်သူ ခုခံကာကွယ်ရန် အခွင့်အရေး လုံးဝမပေးခဲ့ချေ။
မုန့်ချီက သူ၏စွမ်းရည်များကို အသုံးပြုထားပြီး ဦးခေါင်းနှင့်ခြေလက်အပိုများ ရှိနေသည်မှာ ကံကောင်းသွား၏။ သူက ဆန်းကြယ်လိပ်ဓားကို လေထဲသို့ မြှောက်လိုက်သည့်အချိန်တွင် လိပ်ခွံတစ်ခုကဲ့သို့ နံရံတစ်ခု တောက်ပစွာ ပေါ်လာပြီး ကျိ၏ လက်သီးတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
“ခလွပ် .. ခလွပ်… ခလွပ် ...”
အလွန်ပြင်းထန်သော ကျိ၏တိုက်ခိုက်မှုကြောင့် နံရံက ပေါက်ကွဲပျက်စီးသွားခဲ့၏။ အကယ်၍ ဆန်းကြယ်လိပ်ဓားကသာ အဆင့်မြင့်လက်နက်တစ်ခု မဟုတ်လျှင် ထိုစွမ်းအား၏ ထိခိုက်မှုတစ်ခုတည်းနှင့် အသုံးမဝင် ဖြစ်သွားနိုင်သည်။
ပေါက်ကွဲမှုကြောင့် နောက်ပြန်လွင့်သွားသော မုန့်ချီက ရန်သူကို စိတ်ဝိညာဉ်စွမ်းအားနှင့် လှမ်းပြောလိုက်သည်။
“ငါက နေနတ်ဘုရားရဲ့ရုပ်အလောင်းနဲ့ သူ့ရဲ့ကျင့်စဉ်တွေကို လုံးဝစိတ်မဝင်စားဘူး၊ ငါတို့က ငြိမ်းချမ်းရေး ယူလို့ရမလား...”
မုန့်ချီက လက်တွေ့ကျကျ အရှုံးပေးလိုက်သည်။
သို့သော် ရက်စက်ကြမ်းကြုတ်သော ကျိ၏မျက်လုံးထဲတွင် ဒေါသများ ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။ သူက တုံ့ပြန်မှုမရှိဘဲ မုန့်ချီကို လက်ဝါးနှင့် တိုက်ခိုက်လိုက်ပြန်၏။
ထိုလက်ဝါးက လက်သီးအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ လက်ညှိုးအဖြစ် ရောက်လာခဲ့၏။ သူက သူ၏စွမ်းအားများအားလုံးကို လက်ညှိုးထဲတွင် စုစည်းထားခဲ့သည်။ ထိုအရာက ပကတိလက်ညှိုးကျင့်စဉ်နှင့် အတော်လေးကို တူညီနေခဲ့၏။
မုန့်ချီက ရေလှိုင်းမီးတောက်ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ ဓား၏မီးတောက်များဆီမှ ထွက်ပေါ်လာသော အငွေ့အသက်က ကျိ၏တိုက်ခိုက်မှုကို ချုပ်နှောင်ထားသော ပိုက်ကွန်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
တချိန်တည်းတွင် ကောင်းကင်ပြစ်ဒဏ်ဓားက အပေါ်ဘက်မှ ခုတ်ချလိုက်၏။ တိုက်ခိုက်မှု၏ အငွေ့အသက်များက ကျိ၏လည်ပင်းဆီကို စွမ်းအင်အစိတ်အပိုင်းများစွာအဖြစ် ခွဲထွက်သွားခဲ့သည်။ သူက ဓားမောက်ကို အသုံးပြုပြီး ဓားတစ်ချောင်းကဲ့သို့ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ကျိကတော့ တုန်လှုပ်သွားသည့် လက္ခဏာမျိုး မရှိချေ။ သူ့နောက်တွင် ရှိနေသော ခရမ်းရောင်အငွေ့အသက်များက သူ၏နောက်ဘက်တွင် အတောင်ပံများ ပုံသဏ္ဍာန် ပေါ်လာပြီး သူက လေထဲသို့ မြောက်တက်လာခဲ့သည်။
သူက အကြောက်အလန့် မရှိသော စစ်ရထားတစ်စီးကဲ့သို့ ပတ်ပတ်လည်တွင် ကုသိုလ်စွမ်းအားများနှင့်အတူ မုန့်ချီဆီကို တည့်တည့်ပျံသန်းလာခဲ့သည်။ သူက ဇာမဏီတစ်ကောင်၏ပုံသဏ္ဍာန် ပြောင်းလဲသွားခဲ့၏။
“ချွမ် ချွမ် ချွမ် .”
ထိုအချိန်တွင် ငွေရောင်ဓားမောက် တိုက်ခိုက်မှုများက ကျိ၏လည်ပင်းတစ်နေရာတည်းကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။
ရွှေရောင်ကျောင်းဆောင်ကြီး၏အရိပ်က ပျက်စီးသွားပြီး ချက်ချင်း ပုံစံပြန်ပေါ်လာခဲ့သည်။ တိုက်ခိုက်မှုကို ဆက်တိုက် ရင်ဆိုင်လိုက်ရသည့်အချိန်၌ နောက်တစ်ကြိမ် ပျက်စီးသွားခဲ့၏။ ကုသိုလ်(၅)မျိုး၏ အကာအကွယ်က လှုပ်ရှားနေသည့်အချိန်တွင် ဇာမဏီပုံစံကလည်း တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ခုခံနေခဲ့သည်။
“ဖျောက် ...”
ကျိ၏ ကိုယ်ပျောက်ဝိညာဉ်လက်ညှိုးက မုန့်ချီ၏ အကာအကွယ်ပိုက်ကွန်ကို ထိုးဖောက်လာခဲ့ပြီး သူ၏ပုခုံးကို ထိုးလိုက်မိသည့်အတွက် သူ၏အသားစ အနည်းငယ် လွင့်ထွက်သွားခဲ့သည်။
လည်ပင်းတွင် ရထားသော ဒဏ်ရာမှနေ၍လည်း သွေးများ ဖြည်းညင်းစွာ စီးကျလာနေခဲ့၏။ မုန့်ချီက ကိုယ်ပျောက်ဝိညာဉ်လက်ညှိုး၏အစွမ်းကြောင့် နောက်ကို ဒယိမ်းဒယိုင် ပြန်ဆုတ်သွားခဲ့ရသည်။ တိုက်ခိုက်မှု၏ပြင်းအားကြောင့် ပင်မဝိညာဉ်ကလည်း ပြန်ကောင်းလာခဲ့၏။
သူက ရန်သူကို စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် နောက်တကြိမ် လျင်မြန်စွာ ပြောလိုက်၏။
“တကယ်လို့ ငါက ဒီအကြောင်းနဲ့ ပတ်သတ်ပြီး တစ်ခုခုပြောလိုက်မှာ စိုးရိမ်နေတယ်ဆိုရင်လည်း ငါက သစ္စာဆိုနိုင်တယ်..”
သူကတော့ နောက်တကြိမ် တောင်းပန်လိုက်ပြန်သည်။
ကျောက်တုံးနှလုံးသားကဲ့သို့ ဖြစ်နေသော ကျိက ဇာမဏီတစ်ကောင်ကဲ့သို့ သူ၏အတောင်ပံများကိုခတ်ပြီး နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်သည်။ သူ၏လက်သီးချက်များက အလွန်ကြောက်စရာကောင်းသော အဖျက်စွမ်းအားများ ရှိနေသလိုဖြစ်နေပြီး သူက အလုံးစုံခုခံမှုနှင့် တိုက်ခိုက်မှုကို ပြည့်ပြည့်၀၀ အသုံးချနေခဲ့သည်။
မုန့်ချီ၏မျက်နှာပေါ်တွင် အရောင်မရှိတော့ပေ။ ရေလှိုင်းမီးတောက်ဓား၊ ကောင်းကင်ပြစ်ဒဏ်ဓား၊ ဆန်းကြယ်လိပ်ဓားနှင့် ခရမ်းမိုးကြိုးဓားတို့ကို တပြိုင်နက်တည်း အသုံးပြုလိုက်၏။
ဓားအလင်းတန်းများက နေလုံးကြီးကဲ့သို့ တောက်ပလာပြီး မုန့်ချီက ဝေ့ကျင်းအဆင့် အတွင်းအပြင်စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက စွမ်းအားများအားလုံးကို တနေရာထဲတွင် စုစည်းလိုက်၏။ လက်နက်(၄)ခုကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။
အလွန်ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အလင်းတန်းတစ်ခု ပေါက်ကွဲလာခဲ့သည်။ အရာအားလုံးကလည်း အဖြူရောင်အလင်းတန်းလှိုင်းလုံးကြီးတစ်ခု၏ ဝါးမြိုသွားခြင်းကို ခံလိုက်ရသည်။ မုန့်ချီက သူ၏ဓားရှည်နှင့်ဓားမောက်များကို သုံးပြီး ကြယ်ဖျက်စီးရေးကျင့်စဉ်ကို အသုံးပြုခဲ့သည်။
မုန့်ချီက အကောင်းဆုံးကြိုးစားလိုက်ပြီး ရှေးဟောင်းလေဟာနယ် ထိုးဖောက်ရေးအဆောင်ကို သုံး၍ ထွက်ပြေးရန်အခွင့်အရေးတစ်ခု ရှာဖွေလိုက်ခြင်း ဖြစ်သည်။
“ဗုန်း .”
အလင်းရောင်များ အကြီးအကျယ် ပေါက်ကွဲသွားသည့်နေရာမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင်အငွေ့အသက်များ၊ အဖြူအနက် အလင်းရောင်များနှင့် ငါးရောင်ခြယ်ဇာမဏီတစ်ကောင်က လေထဲသို့ ပျံသန်းလာခဲ့သည်။
ကျိက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော အသံများကို ကြားနေရပြီး သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဒဏ်ရာအသေးလေးများစွာ ရှိနေသည်။ သူက ကြယ်ဖျက်စီးရေးအလွှာနှစ်ခုကို အတင်းအကြပ် ချိုးဖောက်လာခဲ့၏။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက် သူက မုန့်ချီ၏ခြေထောက်ကို တိုက်ခိုက်လိုက်သည်။
“ဗုန်း...”
မုန့်ချီက နောက်ပြန်လွင့်သွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အရွယ်အစားက ပုံမှန်ပြန်ဖြစ်သွားခဲ့၏။ သူက နိယာမဖြစ်စဉ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့သည့်အတွက် ခြေလက်အပိုများ မရှိတော့ပေ။
ရွှေရောင်အလင်းတန်းတစ်ခု တောက်ပနေသော သူက သွေးအန်လိုက်ရ၏။ သူ၏လက်ရှိခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေခဲ့သည်။ အနည်းငယ် အသားကျသွားပြီးနောက် ကျိက မုန့်ချီကို တိုက်ခိုက်ရန် နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်သည်။
ထိုအချိန်တွင် မုန့်ချီ၏ အခြေအနေက အတော်လေးကို ဆိုးရွားနေခဲ့၏။ သူ၏ပင်မဝိညာဉ်က လှုပ်ရှားနေပြီး အရာတည်လေးသာ ရှိတော့သည်။
“ငါက မင်းကို အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့တယ်၊ တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ရှောင်တိမ်းခဲ့တယ်၊ ဒါပေမဲ့ မင်းကတော့ ရန်လိုနေတာကို မရပ်နိုင်သေးဘူး၊ ဒါက မင်း လိုက်နာတဲ့ ကိုယ်ကျင့်တရားလား၊ ငါက ကျူးကျော်လာခဲ့မိပေမဲ့ ပြေလည်ဖို့ ဆန္ဒပြုခဲ့တယ်၊ ဒါပေမဲ့ မင်းကတော့ ဒေါသတွေ၊ သွေးဆာမှုတွေနဲ့ပဲ ငါ့ကိုပြင်းပြင်းထန်ထန် တုံ့ပြန်နေတယ်၊ ဒါက မင်းလိုက်နာတဲ့ ကုသိုလ်တရားလား...”
မုန့်ချီ၏အသံက ကျိ၏နားထဲတွင် မိုးခြိမ်းသံပမာ ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး ကျောင်းဆောင်နှင့် ကုသိုလ်အကာအကွယ် ပုံသဏ္ဍာန်က လှုပ်ရှားလာခဲ့ရ၏။
မုန့်ချီက အလွန်တည်ငြိမ်သောအမူအရာနှင့် ကောင်းကင်ပြစ်ဒဏ်ဓားကို လွှဲယမ်းလိုက်သည်။ သူက ရောက်လာသော တိုက်ခိုက်မှုကို ခုခံလိုက်သည့်အချိန်တွင် ကျိ၏အကာအကွယ် ရွှေကျောင်းဆောင်နှင့် ကောင်းမှုအကာအကွယ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ရင်ထဲတွင် အပြစ်ရှိသလို ခံစားလာရသည့်အတွက် သူက ကောင်းမှုကုသိုလ်များမှ ရရှိထားသော အကာအကွယ်ကို ဆုံးရှုံးလိုက်ရသည်။
စလာကတည်းက မုန့်ချီက ထွက်ပြေးရန် လုံးဝစဉ်းစားနေခြင်း မရှိသလို အမှန်တကယ် တောင်းပန်ရန်ဆန္ဒလည်း မရှိချေ။ ထိုအရာက သူ၏ဓားကိုသုံးပြီး ရန်သူကို ဇာတ်လမ်းတစ်ပုဒ် ပြောပြရန် လှည့်စားနေခြင်းသာ ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားနှင့် ဆက်သွယ်နေပြီး သူ၏အမွေအနှစ်များ ရှိနေသည့်အပြင် သူ၏လူဝင်စားတစ်ယောက် ဖြစ်နိုင်သည့်အတွက် ကျိကလည်း သူ့စိတ်နှင့် ပင်မဝိညာဉ်ထဲတွင် သူနှင့် သက်ဆိုင်သော ကံကြမ္မာဝန်ထုပ်ဝန်ပိုးများကို ခံစားရနိုင်သည်။ ကုသိုလ်ကောင်းမှုစွမ်းအင်များ၏ အကာအကွယ်ကြောင့် ကျိ၏ပင်မဝိညာဉ်ကို မုန့်ချီက သူ့ကို စိတ်ဝိညာဉ် တိုက်ခိုက်မှုမလုပ်နိုင်ခဲ့ပေ။
ရှေးဟောင်းနတ်ဘုရားနှင့် ဆက်သွယ်နေပြီး သူ၏အမွေအနှစ်များ ရှိနေသည့်အပြင် သူ၏လူဝင်စားတစ်ယောက် ဖြစ်နိုင်သည့်အတွက် ကျိကလည်း သူ့စိတ်နှင့် ပင်မဝိညာဉ်ထဲတွင် သူနှင့် သက်ဆိုင်သော ကံကြမ္မာ ဝန်ထုပ်ဝန်ပိုးများကို ခံစားရနိုင်သည်။ ကျိ၏ပင်မဝိညာဉ်ကို ကုသိုလ်ကောင်းမှုစွမ်းအင်များနှင့် ကာကွယ်ထားသည့်အတွက်ကြောင့် မုန့်ချီက သူ့ကို စိတ်ဝိညာဉ် တိုက်ခိုက်မှု မလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် သူက ကံကြမ္မာကွင်းဆက် ကျင့်စဉ်တစ်ခုတည်းကိုသာ အသုံးပြုနိုင်သည်။ သို့သော် ကောင်းမှုအကာအကွယ်ကြောင့် ကျိက သူ၏ကံကြမ္မာသက်ရောက်မှုကို တစ်ကြိမ်ကာကွယ်နိုင်သည်။ ကံကြမ္မာကွင်းဆက်နည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ခြင်းရှိမရှိ မုန့်ချီလည်း သေချာမပြောနိုင်ပေ။
ပုံမှန်အခြေအနေများတွင်တော့ ကောင်းမှုစွမ်းအင်များကို လေ့ကျင့်ထားသူ တစ်ယောက်က တိုက်ပွဲထဲတွင် ဒေါသတကြီး တိုက်ခိုက်နိုင်သည်။ မကောင်းဆိုးဝါးများကို ရှင်းလင်းသုတ်သင်ခြင်းကလည်း ကောင်းမှုကုသိုလ် စုစည်းသည့် နည်းလမ်းတစ်ခု ဖြစ်၏။
မုန့်ချီကတော့ ပုံမှန်နည်းလမ်းနှင့် သူ၏အကာအကွယ်နှစ်ခုလုံးကို ထိုးဖောက်ရန် ခက်ခဲသည်။ သို့သော် သူ၏တောင်းပန်မှုနှင့် တိုက်ခိုက်မှုကို ရှောင်တိမ်းမှုက ကျိကို ထောင်ချောက်ဆင်လိုက်ခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းထဲမှနေ၍ သူ၏စွမ်းအင်များကို ဖျက်စီးလိုက်ခြင်း ဖြစ်သည်။
ထိုအရာက ကျိ၏အစွမ်းများကို လုံးဝဖျက်စီးနိုင်ခြင်း မရှိသော်လည်း သူ၏အကာအကွယ်များကို လျော့ကျသွားစေရန် လုံလောက်သည်။ မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး ဗုဒ္ဓလက်ဝါးကျင့်စဉ်ကို အသုံးပြုလိုက်၏။
“ငါ ဘယ်သူလဲ၊ ဘယ်သူက ငါလဲ….”
ကျိက ရုတ်တရက် တွေဝေသွားခဲ့ပြီး ယာယီမှင်သက်မိသွားခဲ့သည်။
သူ၏အသာစီးရမှုကို ဆုံးရှုံးမခံဘဲ မုန့်ချီက ရေလှိုင်းမီးတောက်ဓားကို ဓားအိမ်ထဲသို့ထည့်၍ ရေခဲစွမ်းအင်များ ပြည့်နှက်နေသည့် ရေခဲမျက်လုံးသလင်းကျောက်ကို လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူ၏ပတ်ပတ်လည်တွင်လည်း ရေခဲအငွေ့များ လွင့်မျောနေခဲ့၏။
သူက ကျိကိုကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်…”
Translated by Hein Htet.