အခန်း (၇၀၁)
Vol. 47 Ch. 701
“ငါ ခန့်မှန်းကြည့်ရမှာလား .”
သူမကို ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုချင်နေသလို ခံစားလိုက်ရသည်။ သို့သော် သူ၏အသက်ရှင်နိုင်ရေးက နတ်ဆိုးမ၏ လက်ထဲတွင် ရှိနေကြောင်း တွေးမိသွားသည့်အခါ သူလည်း သူမ၏ရည်ရွယ်ချက်ကိုသာ တိတ်တဆိတ် စဉ်းစားနေမိခဲ့သည်။
သူတို့က ကောင်းကင်ခုံရုံး အပျက်အစီးကို ရှာဖွေနေစဉ် အတောအတွင်း ငြိမ်းချမ်းရေး ယူထားမည်ဟု သဘောတူထားခဲ့သော်လည်း နတ်ဆိုးမကတော့ သူ့ကို ထိခိုက်အောင်လုပ်ရန် ကြိုးစားသော ဟန်ကွမ်း၏ ကြိုးစားမှုကို ဂရုမစိုက်ခဲ့သလို သူမကသာ သူ့ကို တစ်ခုခု မကောင်းကြံစည်နေလျှင် သူလည်း ဘာမျှမတတ်နိုင်ပေ။
သို့သော် ပြဿနာများနှင့် အခက်အခဲများအားလုံး ပြီးဆုံးသွားပြီးနောက် သူမက သူ့ကို မကယ်ဘဲ သတ်ပစ်ခဲ့ခြင်းလည်း မရှိပေ။ အကယ်၍ သူမကသာ သူ့ဆီ၌ အမှတ်အသားတစ်ခု သို့မဟုတ် မှော်အစွမ်းတစ်ခု ထားချင်လျှင် သံသရာအရှင်သခင်ဆီ၌ ကံကြမ္မာအမှတ်အပိုပေးလိုက်ရန်သာ လိုအပ်သည်။
သူမက ထိုကဲ့သို့ မသင့်လျော်သောအရာမျိုးကို လုပ်ဆောင်နေရန် မလိုအပ်ပေ။ ထိုအရာက ရလဒ်ကိုမြန်မြန်ဆန်ဆန် ရရှိလာအောင် တိုက်ရိုက်ချဉ်းကပ်သည့် နည်းလမ်းတစ်ခုပေလော။
မုန့်ချီ ပြန်ဖြေသည်ကို စောင့်မနေတော့ဘဲ ကူရှောင်စန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက လေဟာနယ်လက်စွပ်ထဲမှ အဖြူရောင်ပုလင်းလေးတစ်လုံးကို ယူလိုက်ပြီးနောက် သိမ်းထားသော ဘယ်ရီသီးလေးနှစ်ခုကို ပါးစပ်ထဲသို့ထည့်၍ ငုံလိုက်သည်။
ထို့နောက် မုန့်ချီဆီသို့ အနည်းငယ် ကပ်သွားခဲ့၏။ မုန့်ချီကတော့ သူမဆီမှ ချိုသာသော မွှေးရနံ့တစ်ခုကို ခံစားမိလိုက်သည့်အတွက် သူ၏နှလုံးခုန်သံက မြန်လာပြီး သွေးကြောများထဲတွင် စီးဆင်းနေသော သွေးများက ပို၍ မြန်ဆန်လာခဲ့သည်။
သူမက သူ့အနားသို့ ကပ်လာပြီး နှုတ်ခမ်းချင်း နမ်းလိုက်မိသည့်အချိန်တွင် ပန်းရောင်လျှာလေးက သူ၏ပါးစပ်ထဲသို့ တိုးဝင်လာနေသည်ကို ခံစားလိုက်ရသည်။ သူမ၏လျှာလေးက သူ့ပါးစပ်ထဲသို့ ရောက်လာပြီးနောက် ချက်ချင်း ပြန်ထွက်သွားသလို ခံစားလိုက်ရသည်။
ကူရှောင်စန်းက ဘယ်ရီသီးတစ်လုံးကို သူမ၏လျှာနှင့် သူ့ပါးစပ်ထဲသို့ ထည့်ပေးခဲ့ခြင်းဖြစ်သည်။
“ဒါက ဘာလုပ်တာလဲ...”
မုန့်ချီကတော့ ဖြစ်ပျက်နေသည့်အရာများကို မယုံကြည်နိုင်သလို ခံစားနေရသည်။ မုန့်ချီက ပြန်လည်တိုက်ခိုက်ပြီး ပါးစပ်ထဲမှအသီးကို အန်ပစ်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်၏။သူ၏ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရသည်။
ထိုကဲ့သို့ မိန်းမလှလေးတစ်ယောက်က လည်ပင်းကို သိုင်းဖက်ထားပြီး နှုတ်ခမ်းချင်းနမ်း၍ လျှာချင်းထိတွေ့နေရသည့်အချိန်မျိုးတွင် လူအများစုကတော့ သေချာပေါက် ကြည်နူးနှစ်သိမ့်မှုကို ခံစားရမည်သာဖြစ်သည်။ သို့သော် မုန့်ချီကတော့ အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုကိုသာ ခံစားမိနေခဲ့၏။
သူမ ကျွေးခဲ့သော ဘယ်ရီသီးက မည်သည့်အရာပေနည်း။ ကူရှောင်စန်းက ထိုကဲ့သို့ပုံစံမျိုးနှင့် ဘယ်ရီသီးတစ်လုံး မျှဝေပေးနေသည်မှာ လှည့်ကွက်တစ်ခုခု ရှိနေခြင်းပေလော။ ထိုဘယ်ရီသီးက လျင်မြန်စွာအရည်ပျော်ကျပြီး ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက မုန့်ချီ၏ပင်မဝိညာဉ်နှင့်ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
ထိုအချိန်ကျမှသာ ကူရှောင်စန်းက နှုတ်ခမ်းလေးကို လျှာနှင့်သပ်လိုက်ပြီး သူ့ကို လှပစွာ ပြုံးပြလိုက်၏။
“ငါ နင့်ကိုကျွေးလိုက်တဲ့ ဘယ်ရီသီးကဘာလဲ ဆိုတာ မသိချင်ဘူးလား ယောကျာ်း ...”
“အဲဒါက ဘာလဲ .”
မုန့်ချီက ချက်ချင်း ပြန်မေးလိုက်သည်။
ကူရှောင်စန်းက ပျော်ရွှင်နေသော အမူအရာနှင့် တိုးတိုးလေး ရယ်လိုက်၏။
“သုံးဘဝကျောင်းဆောင်ထဲက သစ်သီးက သုံးဘဝသစ်သီးပဲပေါ့၊ နင်နဲ့ငါက တစ်လုံးဆီ စားခဲ့တယ်ဆိုတော့ ငါတို့ရဲ့ကံကြမ္မာတွေက နောက်ထပ်ဘဝသုံးခုလောက်အထိ အတူတူပေါင်းစပ်နေလိမ့်မယ်၊ ငါတို့က ထာဝရဖူးစာဖက်တွေ ဖြစ်လာလိမ့်မယ် .”
“ဟုတ်လား .”
မုန့်ချီကတော့ အလွန်ကောက်ကျစ်သော နတ်ဆိုးမကူရှောင်စန်း၏စကားကို ယုံကြည်ပေးရန် ခက်ခဲနေသည်။
သူမက ထိုကဲ့သို့ အသေးအဖွဲ အရေးပါမှုလေးအတွက် သစ်သီးများကို အသက်စွန့်ပြီး လာယူလိမ့်မည် မဟုတ်ချေ။ သူမက ချစ်ခြင်းမေတ္တာတရားကိုသာ အလေးထားသော သာမန်မိန်းမပျိုတစ်ယောက်လည်း မဟုတ်ချေ။
ကူရှောင်စန်းက ပြုံးတုံ့တုံ့အမူအရာနှင့် မေးလိုက်၏။
“နင် ဘယ်လိုသဘောရလဲ ယောကျာ်း .”
“သူက အခုချိန်ထိ ငါ့ကို အမှန်တရားတွေ မပြောချင်သေးဘူးပဲ…”
မုန့်ချီကတော့ သူမ၏မှတ်ချက်ကို နားလည်နေခဲ့သည်။ သံသရာအရှင်သခင်က သူ၏ခန္ဓာကိုယ်ထဲမှ ဘယ်ရီသီး၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားပေးနိုင်ခြင်းရှိမရှိ စဉ်းစားနေခဲ့၏။
သို့သော် ကူရှောင်စန်းက သူ့အတွေးများကို ခန့်မှန်းမိပုံရသည်။သူမက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။
“တချို့ကိစ္စတွေက သံသရာအရှင်သခင် မသိတာ အကောင်းဆုံးပဲ ယောကျ်ား၊ တကယ်လို့ သူသာ နင်နဲ့ပတ်သက်ပြီး အရာအားလုံးကို သိသွားမယ်ဆိုရင် သူရဲ့လွှမ်းမိုးမှုကနေ လွတ်မြောက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး...”
“ဟမ် .”
မုန့်ချီက အလွန်အံ့သြသွားခဲ့သည်။
“သံသရာအရှင်သခင်နှင့် ဝေးဝေးနေရမှာလား။ ဒီသစ်သီးရဲ့ အစွမ်းနဲ့ အသုံးဝင်မှုက ဘာလဲ။ ကောက်ကျစ်တဲ့နတ်ဆိုးမက ဒီသစ်သီးရဲ့အကျိုးသက်ရောက်မှုကို သံသရာအရှင်သခင်ရဲ့အစွမ်းနဲ့ မဖယ်ရှားအောင် လှည့်စားပေးနေတာလား..”
ကူရှောင်စန်းက မုန့်ချီ၏ရင်ဘတ်ကို လက်ညှိုးထိုးပြပြီး အသာအယာပုတ်လိုက်သည်။ သူမက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မုန့်ချီဆီတွင် သုံးထားခဲ့သော ချုပ်နှောင်ခြင်းမှော်အစွမ်းကို ဖယ်ရှားလိုက်၏။
တချိန်တည်းတွင် သူမက တည်ငြိမ်စွာ ပြောလိုက်၏။
“ဒီခန်းမကို ရှေးဟောင်းကျင့်ကြံရေးခန်းမလို့ ခေါ်တယ်၊ ဒါက သံသရာအရှင်သခင်ရဲ့ စစ်ဆေးမှုကနေ ငါတို့ကို တားဆီးပေးနိုင်တဲ့အရည်အချင်း ရှိတယ်၊ ငါတို့ ဒီမှာလုပ်နေတဲ့အရာတွေကို သူ ဘာမှမသိနိုင်ဘူး…”
“သံသရာအရှင်သခင်ရဲ့စစ်ဆေးမှုကို ကာကွယ်ပေးနိုင်တာလား...”
မုန့်ချီက လွတ်လပ်စွာ ပြန်လည်လှုပ်ရှား၍ ရသွားသည့်အတွက် သူ၏ခန္ဓာကိုယ်ထဲတွင် မှားယွင်းမှု ရှိမရှိ အာရုံခံကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အမှားအယွင်းမရှိကြောင်း တွေ့လိုက်ရသည့်အချိန်မှသာ ရှေးဟောင်းကျင့်ကြံရေးခန်းမထဲကို လေ့လာကြည့်ခဲ့သည်။
ခန်းမကြီး၏ ပတ်ပတ်လည်တွင် မီးခိုးရောင်ကျောက်တုံးများ ရှိနေခဲ့၏။ အချိန်ကာလ၏ တိုက်စားမှုကြောင့် အက်ကွဲကြောင်းများ၊ ပတ်ပတ်လည်တွင် လှုပ်ရှားနေသော လေဟာနယ်အပျက်အစီးများလည်း ရှိနေခဲ့သည်။ သူတို့က ရှေးခေတ်ကို ပြန်ရောက်သွားသည့်အလား အတိတ်နှင့် အနာဂတ်ကို ပေါင်းစပ်ပေးနေခဲ့၏။
သူ၏အာရုံခံစွမ်းရည်များက သူ့မျက်စိထက် ကျော်လွန်၍ စစ်ဆေးနိုင်ခြင်းမရှိဘဲ သူ၏အနားပတ်လည်တွင် ရှိနေသောအရာများကိုသာ တွေ့နေရသည်။ ဤနေရာတွင် အရာအားလုံးက ဝေဝါးနေခဲ့၏။
မုန့်ချီက ကူရှောင်စန်းနှင့် အနည်းငယ် ခပ်ခွာခွာနေခဲ့သည်။ သူမက မထင်မှတ်ဘဲ နောက်ထပ်တိုက်ခိုက်မှာကို ကြောက်လန့်နေခဲ့၏။ ဘယ်ရီသီးကို အစာချေလိုက်ပြီးနောက် မည်သည့်အရာမျှမခံစားရပေ။ထိုဘယ်ရီသီးက သူနှင့်အတူ ပျောက်ကွယ်သွားသည့်အလား ကျိန်စာသင့်ခြင်းနှင့် အဆိပ်သင့်ခြင်း လက္ခဏာမျိုးလည်း လုံးဝမရှိချေ။
“တော်တော်ထူးဆန်းတဲ့ သစ်သီးပဲ...”
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
ကူရှောင်စန်းကတော့ ခန်းမကြီးထဲကို ပေါ့ပါးစွာ ဝင်ရောက်သွားခဲ့၏။ ခဏကြာ စဉ်းစားနေခဲ့ပြီး မုန့်ချီက သူ့နောက်မှ လိုက်သွားခဲ့သည်။ သူတို့က အချိန်တော်တော်ကြာ လမ်းလျှောက်နေပြီးနောက် အလွန်ရှေးကျသော ကြေးနီရောင်တံခါးကြီးတစ်ချပ်ကို တွေ့လိုက်ရသည်။
ထိုတံခါး၏ဘေးဖက်တွင်တော့ ကျောက်တိုင်တစ်ခု ရှိနေ၏။
“ဒီကျောက်တိုင်က တော်တော်လေးကို ထူးဆန်းနေတယ် ...”
မုန့်ချီက ကျောက်တိုင်ကို ချက်ချင်း သတိထားမိခဲ့သည်။သူကတော့ ကျောက်တိုင်ပေါ်တွင် ရေးထားသော ရှေးဟောင်းစကားလုံးများကြောင့် ချက်ချင်းအံ့သြသွားခဲ့၏။
“ယဲ့မျိုးနွယ်ပဲ ဝင်လို့ရတယ်၊ ယဲ့မျိုးနွယ်ရဲ့ဒဏ္ဍာရီနယ်မြေ .”
ထိုစကားလုံးများ၏လေသံကို မုန့်ချီက မှတ်မိနေသည်။ သူက ကျောက်တိုင်၏ အောက်ခြေထောင့်ကို လှမ်းကြည့်လိုက်ရာ ‘ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်မှ ရန်ကျန်း.’ ဟူသောနာမည်ကို တွေ့လိုက်ရသည်။ ထိုအရာက သူ မျှော်လင့်ထားသော အရာတစ်ခုလည်း ဖြစ်၏။
“သန့်စင်မှော်အရှင်က တကယ်ပဲ ဒီနေရာမှာ ရှိခဲ့တယ်၊ ကောင်းကင်ခုံရုံးမှာ ရှိနေတာပဲ၊ သူက ဘာလို့ ဒီဝင်ပေါက်ကို ပိတ်ထားခဲ့ရတာလဲ၊ သူက တစ်ခုခုကို ချန်ထားခဲ့ချင်တာလား...”
မုန့်ချီက မနေနိုင်တော့ဘဲ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်မိသည်။သို့သော် သူ့ရှေ့တွင် ရှိနေသော ရှေးဟောင်းကြေးနီတံခါးကြီး၏ ပတ်ပတ်လည်တွင် အဆုံးမဲ့လေဟာနယ်ကြီးကလွဲလျှင် မည်သည့်အရာမျှမတွေ့ရပေ။
“သန့်စင်မှော်အရှင် ချန်ထားခဲ့တဲ့ ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ရဲ့ တံဆိပ်ပြားက ဒီချိပ်တံဆိပ်ကို ဖယ်ရှားနိုင်မလား မသိဘူး .”
မုန့်ချီက တစ်ယောက်တည်း တွေဝေစွာ စဉ်းစားနေခဲ့သည်။ သူ့အနားတွင် ကောက်ကျစ်စဉ်းလဲသော နတ်ဆိုးမ ရှိနေပြီး သူကိုယ်တိုင်ကလည်း အစောပိုင်းတွင် သဘာဝချုပ်နှောင်ခြင်းစွမ်းရည်ကြောင့် ဆိုးကျိုးများကို ခံစားနေရသေးသည်။ သူက ကူရှောင်စန်းကို ဖယ်ရှားနိုင်သည့် အခြေအနေမျိုး မရှိချေ။
အကယ်၍ တံဆိပ်ပြားက တံခါးတွင်ရှိနေသော မှော်အစွမ်းများကို ဖယ်ရှားနိုင်မည်ဆိုလျှင်ပင် အတွင်းထဲ၌ ရှိနေသော ရတနာများ၊ လျှို့ဝှက်ချက်များကို သူမကို သိခွင့်ပေးရပါလိမ့်မည်။
အံ့သြစရာကောင်းသည်မှာ ကူရှောင်စန်းက ပြုံးရုံလေးပြုံးလိုက်ပြီး ပျံလွှားမလေး တစ်ကောင်ကဲ့သို့ စကားမပြောဘဲ အဝေးကို ထွက်သွားခဲ့သည်။ သူမက သူ၏အကျိုးအမြတ်အတွက် ရိုးသားကြောင်း ပြသလိုက်ပြီးနောက် သူ၏မြင်ကွင်းထဲမှပင် အဝေးကို ထွက်သွားခဲ့၏။
မုန့်ချီကတော့ သံသယဝင်နေပြီး စဉ်းစားနေမိခဲ့သည်။ နောက်ဆုံးတွင်တော့ သူက တံဆိပ်ပြားကို ထုတ်လိုက်ပြီး ကျောက်တိုင်ဆီသို့ လျှောက်သွားခဲ့၏။ ကျောက်တိုင်ပေါ်တွင် တံဆိပ်ပြားကို တင်ကြည့်လိုက်၏။ မည်သည့်အရာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိချေ။
မုန့်ချီက နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကြေးနီတံခါးကြီးဆီသို့ လျှောက်သွားခဲ့၏။ ယခုတစ်ကြိမ်တော့ သူက အေးစက်သော တံခါးမျက်နှာပြင်ပေါ်ကို တံဆိပ်ပြားနှင့် ရိုက်လိုက်သည်။
“ချွမ် ...”
ဧရာမတံခါးကြီးက တိုးတိုးလေး လှုပ်ရှားသွားခဲ့ပြီး ရှေးခေတ်မှ တည်ငြိမ်သော လူတစ်ယောက်၏အသံကို မုန့်ချီ၏နားထဲတွင် ကြားလိုက်ရသည်။
“မင်း ရှာနေတဲ့အရာတွေအားလုံးက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ထဲမှာ မင်းကို စောင့်နေတယ် ...”
ထိုအသံက လျင်မြန်စွာ ပျောက်ကွယ်သွားသည်မှာ လုံးဝပေါ်မလာခဲ့သော အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
“အရာအားလုံးက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ထဲမှာ ရှိနေတာလား..”
သူက ထိုစကားလုံးကို တစ်ယောက်တည်း ပြန်လည်ရေရွတ်ကြည့်နေခဲ့၏။
“ငါ ဘာကိုရှာနေတယ်ဆိုတာ ရန်အာလန်က သိနေတာလား၊ ဒါမှမဟုတ် ငါ့အစား ဒီတံဆိပ်ပြားကို လက်ခံရတဲ့သူကိုပဲ ရည်ရွယ်ချင်တာလား..”
ကြေးနီတံခါးကြီးရှိနေသာ နယ်မြေထဲတွင် တိတ်ဆိတ်ငြိမ်းချမ်းမှုကသာ အစားထိုး ဝင်ရောက်လာခဲ့သည်။ မူလတုန်းကကဲ့သို့ ပွင့်တော့မည့် လက္ခဏာမျိုး လုံးဝမရှိချေ။
မုန့်ချီက အချိန်တော်တော်ကြာစဉ်းစားနေသည့်အချိန်တွင် ကူရှောင်စန်းက ပြန်ရောက်လာခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် အရောင်အနည်းငယ်ပြန်ပေါ်လာပြီ ဖြစ်သည်။
မူလတုန်းကဲ့သို့ ဖြူဖပ်ဖြူရော်အမူအရာမျိုး မဟုတ်တော့ဘဲ သူမက မုန့်ချီကို ဝမ်းသာအားရ ပြောလိုက်၏။
“ငါသိသလောက် ပြောရမယ်ဆိုရင် ကောင်းကင်(၉)သွယ်ရဲ့အမြင့်ဆုံးအဆင့်က ဒီတံခါးရဲ့နောက်မှာရှိတယ်.”
“ကောင်းကင်ဧကရာဇ်ရဲ့ထိုင်ခုံ၊ အမြင့်ဆုံးအဆင့်လ ပြောလိုက်တာလား၊ နောက်တစ်ဆင့်မဟုတ်ဘူးလား ...”
ထိုတံခါးက အင်မော်တယ်နယ်မြေ၏နောက်တစ်ဆင့်ကို ဦးတည်နေနိုင်သည်ဟု မုန့်ချီက တွေးမိခဲ့သည်။ ထိုတံခါးက အဆင့်များကို ကျော်ပြီး ထိပ်ဆုံးကိုတိုက်ရိုက် ဦးတည်နေမည်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။
“နာကိုရေကန်ရဲ့ ဝင်ပေါက်က တခြားနေရာမှာ ရှိနိုင်တယ်၊ အဲဒီမှာ တခြားမှော်တံဆိပ်တွေလည်း ရှိနေနိုင်တယ်၊ ရန်ကျန်းက အမြင့်ဆုံးအလွှာကို ဒီနေရာဆီ ရွေ့လိုက်တာပဲ ဖြစ်မယ် ...”
ကူရှောင်စန်းကတော့ ကောင်းကင်ခုံရုံး၏အခြေအနေများကို အတော်လေး ရင်းနှီးနေပုံရသည်။ ထို့ကြောင့် မုန့်ချီက ရှုပ်ထွေးသွားခဲ့၏။သို့သော် ရန်ကျန်း၏ အဆင့်မြင့်စွမ်းအားကြောင့် ပို၍အံ့သြသွားမိခဲ့သည်။
“သူက အင်မော်တယ်နယ်မြေရဲ့ အလွှာတစ်ခုလုံးကို ပြန်လည်နေရာချပေးနိုင်တယ်၊ ပြီးတော့ ဒါက အရေးကြီးဆုံးနယ်မြေလည်း ဖြစ်နေသေးတယ်...”
“ကြည့်ရတာ ဒီမှာအသုံးဝင်တဲ့အရာ ဘာမှမရှိတော့ဘူး...ယောကျာ်း၊ ငါတို့ ထွက်သွားကြတော့မလား...”
ကူရှောင်စန်းက အကြံပေးလိုက်သည်။
“ထွက်သွားမှာလား ...”
မုန့်ချီကတော့ ထိုအကြံပေးချက်ကို လက်ခံခဲ့သည်။
သို့သော် အလွန်ကောက်ကျစ်သော နတ်ဆိုးမ၏ အကြံပေးချက်ကြောင့် သူလည်း သံသယဝင်နေခဲ့၏။
“သူက ဒီအဆင့်မှာရှိနေတဲ့ အင်မော်တယ်တွေရဲ့ခန်းမတွေ၊ စံအိမ်တွေကိုရှာဖွေဖို့ ဘာလို့စိတ်မဝင်စားတော့တာလဲ..”
ကူရှောင်စန်းက သူ့ကို စနောက်၍ ပြောလိုက်သည်။
“ငါတို့ရဲ့လက်ရှိအစွမ်းနဲ့ ကျင့်စဉ်အရ အဲဒီနေရာတွေကို သွားဖို့မလွယ်ဘူး. ယောကျာ်း၊ ငါတို့လုံခြုံဖို့နဲ့ အသက်ရှင်ဖို့က အရေးကြီးတယ်၊ နင်က အဲဒီနေရာကို ဆက်ပြီးတော့ ရှာဖွေချင်သေးလို့လား...”
ထိုအရာက အမှန်သာဖြစ်သည်။ မုန့်ချီက သဘာဝချုပ်နှောင်ခြင်းကျင့်စဉ်ကို သုံးခဲ့သည့်အပြင် သူ့ကို ကုသပေးရန် သံသရာအရှင်သခင် မရှိသည့်အတွက် ဆိုးကျိုးများကို ခံစားနေရသည်။ဘေသဇ္ဇဂုရုကုသဆေးက သူ၏ဒဏ်ရာများကို ကုသပေးရုံသာ ကူညီပေးနိုင်ပြီး ဆိုးကျိုးများကို ဖယ်ရှားပေးရန်တော့ မဖြစ်နိုင်ပေ။
အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏အကူအညီနှင့် သူက မတ်တပ်ရပ်နိုင်ပြီး လိုအပ်သော ရှားပါးတွင်းထွက်ပစ္စည်းများကြောင့် သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ကို အသုံးပြုနိုင်သေးသည်။ အကယ်၍ သူက ပြဿနာတက်သွားပြီး ကောင်းကင်(၉)သွယ် ကမ္ဘာကြီးထဲ၌ ပိတ်မိနေမည်ဆိုလျှင် ပြန်လည်ကုစားရန် လုံးဝမဖြစ်နိုင်တော့သလို တစ်နှစ်အတွင်း လွတ်မြောက်ရန်လည်း လုံးဝမဖြစ်နိုင်တော့ပေ။ ကူရှောင်စန်းကတော့ သူမ၏အခြေအနေက အလွန်ဆုံး(၁၀)ရက်၊ (၁၅)ရက်နေလျှင် ပြည့်ပြည့်၀၀ ပြန်ကောင်းနိုင်သည်။
“ပြီးတော့ ဒီအဆင့်မှာ အဖိုးတန်ဆုံးပစ္စည်းနှစ်ခုပဲ ရှိတယ်၊ ပထမတစ်ခုကတော့ ငါတို့နှစ်ယောက် စားလိုက်တဲ့ ဘယ်ရီသီးပဲ၊ နောက်တစ်ခုကလည်း ငါတို့ပဲ ရသွားတဲ့ ဧရာမသစ်ပင်ကြီးပဲ၊ အဲဒီလို အကျိုးအမြတ်တွေရှိနေမှတော့ ဘာလို့ဒီနေရာမှာ ဆက်ပြီးနေရဦးမှာလဲ၊ လောဘက ပျက်စီးခြင်းကိုပဲ ဖြစ်စေနိုင်တယ် ယောကျာ်း...” ကူရှောင်စန်းက မုန့်ချီ၏မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။
“ဧရာမသစ်ပင်ကြီးရဲ့ အဖြစ်အပျက်က ငါ လုပ်တယ်ဆိုတာကို သူသိနေတာလား..”
မုန့်ချီက အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ တချိန်တည်းတွင် ဘယ်ရီသီးနှစ်လုံးထဲ၌ သေချာပေါက် လျှို့ဝှက်ချက်များ ရှိနေသည်ဟူသော သူ၏သံသယအားလုံးက ပျောက်ကွယ်သွားခဲ့၏။
“ငါက ကိုယ့်ဘာသာပဲ ထွက်သွားချင်တယ်၊ ဒါပေမဲ့ ဘယ်လိုထွက်ရမလ..”
မုန့်ချီက ကူရှောင်စန်းကို စိုက်ကြည့်လိုက်သည်။
သူမ၏အစီအစဉ်များ ပြီးဆုံးသွားပြီဖြစ်သည့်အတွက် နတ်ဆိုးမက ထွက်သွားရန် နည်းလမ်းတစ်ခု သေချာပေါက် သိနေနိုင်သည်။ ကူရှောင်စန်းက ဝမ်းနည်းစွာ သက်ပြင်းချလိုက်၏။
“ငါ့မှာ ထွက်သွားဖို့ နည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမဲ့ ငါ့ရဲ့စွမ်းအားတွေက တော်တော်လေးကို အားနည်းနေတယ်၊ ငါက (၁၀)ရက်၊ (၁၅)ရက်လောက် မကုသဘဲ ထွက်သွားလို့မရနိုင်ဘူး၊ ဒါပေမဲ့ အဲဒီအချိန်မှာ နင့်ရဲ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က ဒီအလွှာကို ရှာဖွေနေတာ ပြီးဆုံးသွားပြီး ဒီနေရာကို ပြန်လာလိမ့်မယ်၊ ပြီးတော့ ကြေးနီတံခါးကြီးကိုဖွင့်ဖို့ ကြိုးစားလိမ့်မယ်…”
“အဲဒါတော့ အမှန်ပဲ ...”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး တခြားနည်းလမ်းများကို စတင်စဉ်းစားနေခဲ့သည်။
“ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး မြန်မြန်ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်….”
သူမ၏မျက်နှာပေါ်တွင် ဟန်ဆောင်ထားသောအမူအရာများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ခုသာ ပေါ်လာခဲ့သည်။
“ပြီးတော့ ငါတို့ပြန်ကောင်းသွားတာနဲ့ ဒီနေရာကနေ ပြန်ပို့ပေးနိုင်တဲ့ လျှို့ဝှက်ရတနာကို အသက်သွင်းလို့ရတယ်...”
မုန့်ချီက သံသယဝင်စွာ မေးလိုက်သည်။
“အဲဒါက ဘယ်လိုနည်းလမ်းမျိုးလဲ...”
သူမ၏ပန်းဆီရောင်မျက်နှာလေးက အနည်းငယ်နီရဲသွားခဲ့၏။ သူမ၏အလှတရားက မုန့်ချီ၏ရင်ထဲတွင် နောက်တကြိမ် လှုပ်ရှားသွားစေခဲ့သည်။
“နင်က အဲဒီနည်းလမ်းနဲ့ မစိမ်းပါဘူး...ယောကျာ်း၊ ရှန့်မြစ်နတ်သမီးရဲ့ နှစ်မွှာကျင့်ကြံရေးနည်းလမ်းပဲ၊ ငါတို့နှစ်ယောက်လုံးက သန့်စင်တယ်လေ၊ ပြီးတော့ ပထမကောင်းကင်လှေကားအစွမ်းတွေ ရှိနေတယ်၊ ငါ့ရဲ့ယင်စွမ်းအားတွေနဲ့ နင့်ရဲ့ယန်စွမ်းအားတွေ ပေါင်းစပ်လိုက်မယ်ဆိုရင် ငါတို့က ကုသနိုင်တဲ့အပြင် ငါတို့ရဲ့အစွမ်းတွေလည်း မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်လိမ့်မယ်၊ ဆိုးကျိုးသက်ရောက်မှုကိုလည်း ဖယ်ရှားနိုင်လိမ့်မယ်၊ ငါတို့က နောက်တစ်ဆင့်ကိုတောင် တက်သွားနိုင်သေးတယ်...”
မုန့်ချီက ရှန့်မြစ်နတ်သမီး၏ နည်းလမ်းများကို ပြန်လည်စဉ်းစားကြည့်လိုက်ရာ နှုတ်ခမ်းများပင် လှုပ်ရှားသွားခဲ့သည်။ သူက ထိုအရာကို လုံးဝမတွေးမိခဲ့ချေ။
ကူရှောင်စန်းက သူ့ကို စူးစူးနစ်နစ် စိုက်ကြည့်နေပြီး သူမ၏မျက်လုံးလေးများကတော့ ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းလာသည်။ သူမက တိုးတိုးလေးရယ်ပြီးပြောလိုက်၏။
“သူတို့ ပြန်လာတဲ့အချိန် ငါ့အတွက် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှိနေသေးတယ်၊ အနားမှာ ဓမ္မဘုရင် ရှိနေသေးတယ်လေ၊ ဒါပေမဲ့ နင်ကရော ယောကျာ်း၊ နင့်ရဲ့အစ်ကိုကြီးက ဆက်ပြီးတော့ ရူးသွပ်နေဦးမယ်လို့ မျှော်လင့်လို့ပဲ ရလိမ့်မယ်၊ ငါတို့နှစ်ယောက်လုံး လုံလုံခြုံခြုံ ထွက်သွားဖို့ နည်းလမ်းတစ်ခုရှိပါရက်နဲ့ ဘာလို့နင်က အန္တရာယ်နဲ့ ဆော့ကစားဦးမှာလဲ၊ ပြီးတော့ နှစ်မွှာကျင့်စဉ်ရဲ့ အကျိုးသက်ရောက်မှုတွေက ငါတို့နှစ်ယောက်လုံး အတူတူရမှာပဲလေ၊ ငါ့မှာ နင့်အပေါ် ဘာမှမကောင်းကြံတဲ့စိတ်မျိုး မရှိဘူး၊ တကယ်လို့ ငါက နင့်ကို အန္တရာယ်ရှိအောင် တစ်ခုခုလုပ်မိမယ်ဆိုရင် ငါကိုယ်တိုင်လည်း အန္တရာယ်ကြုံရမှာပဲလေ၊ ပြီးတော့ ငါတို့နှစ်ယောက်လုံးက ဇနီးမောင်နှံတွေပဲ၊ ဒီတော့ ဒီလိုသုခမျိုးကို အတူတူခံစားမှပဲ မှန်ကန်မှာပေါ့ .”
သူမက နှုတ်ခမ်းကို လက်တစ်ဖက်နဲ့ ကာလိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။
“နင်က ရှက်နေတာလား.... ယောကျာ်း၊ နင်က ဒါကို လုံးဝမစဉ်းစားဖူးဘူးလား၊ ဒါမှမဟုတ် မွေးကတည်းက ဘုန်းတော်ကြီးတစ်ပါးရဲ့နှလုံးသားမျိုး ရှိနေတာလား…”
မုန့်ချီက မတင်မကျ ပြန်ဖြေလိုက်သည်။
“ငါက ဘာများရှက်စရာလိုလို့လဲ၊ ယောကျာ်းလေးတစ်ယောက်ဆိုတာ မိန်းကလေး တစ်ယောက်လို ဒီကိစ္စရဲ့နောက်စပ်တွဲရလဒ်ကို ဘာမှစိုးရိမ်နေဖို့မလိုဘူး...”
`ဒီနတ်ဆိုးမက တကယ်ကြီး အလေးအနက်ပြောနေတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ ချစ်သူလည်း မရှိဘူး၊ ကူရှောင်စန်းကလည်း သူ့သဘောနဲ့သူ ဒါကိုလုပ်ဖို့ ရွေးချယ်ခဲ့တာ၊ ရှန့်မြစ်နတ်သမီးရဲ့နည်းလမ်းတွေထဲမှာ အန္တရာယ်တွေ၊ ဆိုးကျိုးတွေလည်း မရှိဘူး၊ ငါ့ရဲ့စွမ်းအားတွေသာ မြန်မြန်ပြန်ကောင်းမယ်ဆိုရင် ဒီအန္တရာယ်နေရာကနေ မြန်မြန်ထွက်သွားနိုင်လိမ့်မယ်.”
မုန့်ချီက အံကြိတ်ပြီး တစ်ယောက်တည်းစဉ်းစားနေခဲ့သည်။
ထိုနည်းလမ်းက သူ၏ကိုယ်ကျင့်တရားကို ဆန့်ကျင်နေသောအရာတစ်ခု မဟုတ်ချေ။ သို့သော် ဉာဏ်များသော နတ်ဆိုးမက သူ့ကို နောက်ထပ်အရှက်ခွဲချင်နေပုံရသည်။
“ကောင်းပြီလေ…”
“တကယ်လား ...”
ကူရှောင်စန်း၏မျက်လုံးလေးများက ရေကန်တစ်ခုကဲ့သို့ ကြည်လင်နေပြီး ယောကျာ်းလေးအများစု၏နှလုံးသားကို ဝါးမြိုနိုင်သလို ထင်ရသည်။
သူမက ဖိနပ်လေးတစ်ဖက်ကို ချွတ်လိုက်၏။ ထိုအခါ နူးညံ့ပြီး ဖြူဖွေးနေသော သူမ၏ခြေထောက်လေးများ ပေါ်လာခဲ့၏။ သို့သော် ခြေချောင်းလေးများကိုတော့ ခြေအိတ်စွပ်ထားသည့်အတွက် ဝိုးတဝါးသာ မြင်နေရသည်။ ကူရှောင်စန်းက နောက်ထပ် ဖိနပ်တစ်ဖက်ကို ညင်သာစွာ ချွတ်လိုက်ပြန်သည်။ ထို့နောက် သူမ၏ခါးစည်းကို ဖြေချလိုက်ရာ အဖြူရောင်ဂါဝန်လေးက ခြေထောက်အောက်တွင် လှပစွာ ပုံကျသွားခဲ့၏။
သူမ၏လှုပ်ရှားမှုများက အလွန်နူးညံ့သိမ်မွေ့နေပြီး စည်းချက်ကျကျ လှုပ်ရှားကခုန်နေသလို ဖြစ်နေခဲ့သည်။ မုန့်ချီကတော့ မျက်လုံးပင် မခွာနိုင်ဘဲ အသက်ရှုသံက ပြင်းထန်လာခဲ့၏။ နှစ်ယောက်သား ပျော်ပါးနေသည့်အချိန်တွင် အလွန်သိမ်မွေ့ညင်သာပြီး ကြည်နူးဆွတ်ပျံ့ဖွယ် ခံစားမှုတစ်ခုသာ ဝင်လိုက်ထွက်လိုက် ဖြစ်နေခဲ့သည်။ မုန့်ချီက အဆုံးစွန်သော ကျေနပ်မှုကို ဖိနှိပ်ရန် အကောင်းဆုံးကြိုးစားပြီး စွမ်းအင်များကို ထိန်းချုပ်နေခဲ့၏။
သူက သူ၏သွေးကြောများထဲတွင် လှုပ်ရှားနေသော ယင်စွမ်းအားနှင့် ယန်စွမ်းအားများကို ခံစားမိနေခဲ့၏။ ထိုစွမ်းအားနှစ်ခု ပေါင်းစပ်လိုက်သည့်အချိန်တွင် သူ၏ဒဏ်ရာများက ပြန်ကောင်းလာပြီး သူ၏ပုံရိပ်ယောင်ခန္ဓာကို ပြန်လည်ကုစားနိုင်ခဲ့သည်။ နည်းနည်းချင်းဆိုသလို သူ၏အငွေ့အသက်များက မြင့်တက်လာပြီး အထွဋ်အထိပ်ကို ရောက်လာခဲ့၏။
သို့သော် ဆက်၍တိုးတက်လာနေသေးသည်။ သူ့နောက်တွင် အင်မော်တယ်ဘိုးဘေးခန္ဓာ ပေါ်လာပြီး ထိုအရာက အစက်တစ်ခုအဖြစ် ပေါင်းစပ်၍ ဝဲကတော့တစ်ခုကဲ့သို့ လည်ပတ်သွားခဲ့သည်။
`ပုံသဏ္ဍာန်မရှိမှုနဲ့ပုံသဏ္ဍာန်ကင်းမဲ့မှု´
ထိုအရာက တာအိုသခင်တစ်ယောက်၏ပုံရိပ်ကို ဖြည်းဖြည်းချင်း ဖန်တီးနေခဲ့သည်။ တဖြည်းဖြည်းနှင့် ထိုပုံရိပ်က ပို၍ထင်ရှားလာပြီး မုန့်ချီ၏ပုံသဏ္ဍာန် ပေါ်လာခဲ့၏။
မုန့်ချီက ကောင်းကင်(၅)သွယ်အတားအဆီးကို ချိုးဖောက်သွားနိုင်ခဲ့သည်။ လေထဲတွင် အဖြူရောင်ကြာပန်းပွင့်ချပ်လေးများနှင့် မွှေးရနံ့များ ပျံ့လွင့်လာသည့်အတွက် ကူရှောင်စန်းကလည်း အတားအဆီးကို ဖြတ်ကျော်သွားကြောင်း သိသာနေခဲ့သည်။
မုန့်ချီက မိန်းမောနေသော အခြေအနေမှ ပြန်လည်နိုးထလာခဲ့သည်။ သူ၏ရင်ခွင်ထဲတွင် မှီနေသော နူးညံပျော့ပျောင်းသည့် မိန်းကလေးတစ်ယောက်၏ အထိအတွေ့၊ သူမ၏အရေပြားချောမွတ်မှု၊ ဆွဲဆောင်မှုရှိသောရနံ့နှင့် သူ့လက်နှင့် ကိုင်ထားသော ခါးကျဉ်ကျဉ်လေးကို ထိတွေ့ခံစားမိရာမှ သတိပြန်ဝင်လာခဲ့သည်။
ကူရှောင်စန်းက မုန့်ချီ၏ရင်ခွင်ထဲတွင် ပျင်းရိစွာ လဲလျောင်းနေပြီး သူ၏ရင်ဘတ်ပေါ်တွင် မေးတင်၍ အနားယူနေခဲ့သည်။ သူမက သူ့ကို စနောက်၍ ပြောလိုက်၏။
“နင်လည်း ဒါကို သဘောကျတာပဲမဟုတ်လား.... ယောကျာ်း၊ နင်က စောနတုန်းကလို မဟုတ်တော့ပါဘူး.”
မုန့်ချီက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့မှုကြောင့် မျက်နှာက နီရဲသွားခဲ့သည်။ ကူရှောင်စန်းကလည်း အစောပိုင်းတွင် ခံစားခဲ့ရသော ကြည်နူးမှုများကို အမှတ်ရသွားပုံပေါ်ပြီး သူမ၏မျက်နှာလေးက နီရဲသွားခဲ့၏။ သူမက မုန့်ချီကို မနာကျင်အောင် ဖွဖွလေး ကိုက်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် သူမ၏အဝတ်အစားများကို ပြန်ဝတ်လိုက်ရာ မုန့်ချီက အသက်ရှူမှားသလို ခံစားလိုက်ရပြန်သည်။
“ငါတို့သွားရတော့မယ်….”
ကူရှောင်စန်းက လှပသောအပြုံးနှင့် ပြောလိုက်သည်။
မုန့်ချီက သက်ပြင်းချလိုက်ပြီး ရင်ထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာသော ခံစားချက်များကို ဖိနှိပ်ထားလိုက်၏။
သူက လေဟာနယ်လက်စွပ်ထဲမှ ဝတ်စုံအပိုကို ယူလိုက်သည်။ လက်ရှိတွင် သူဝတ်ထားသော ချင်းယွမ်တာအိုသခင်ဝတ်စုံက ရှေးဟောင်းနတ်ဘုရားနှင့် တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည်။
ကူရှောင်စန်းက မုန့်ချီ၏ ဘယ်ဖက်လက်ကို ဆွဲထူလိုက်၏။ ထိုအချိန်တွင် သူမရပ်နေသောနေရာမှ သစ်ပင်ကြီးတစ်ပင်၏ သစ်ရွက်များ၊သစ်ကိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အစောပိုင်းတွင် ရူးသွပ်နေခဲ့သော အထွဋ်အမြတ်ဉာဏ်ပညာသစ်ပင်နှင့် အတော်လေးကို တူညီနေခဲ့၏။ ထိုသစ်ပင်၏သစ်ကိုင်းများက သူတို့ကို လွှမ်းခြုံသွားခဲ့ပြီး အင်မော်တယ်နယ်မြေထဲမှ ပို့ဆောင်ပေးခဲ့သည်။
နောက်ဆုံးတွင်တော့ မုန့်ချီနှင့်ကူရှောင်စန်းတို့က ရွှေမြစ်ကမ်းဘေးတွင် ရှိနေသော လမ်းမတစ်ခုပေါ်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူက အနည်းငယ် သံသယဝင်စွာ မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“နင်က ငါတို့ပြန်ဖို့အတွက် စွမ်းအားအများကြီးမသုံးရသလိုပဲ...”
“ငါတို့အင်မော်တယ်နယ်မြေထဲကနေ ပြန်ထွက်ဖို့နည်းလမ်းက ငါ့ရဲ့စွမ်းအားတွေ နည်းနည်းပဲကုန်တာလေ...”
ကူရှောင်စန်းက ဖုံးကွယ်နေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် စောနတုန်းက ဘာလို့အဲဒီလိုပြောခဲ့ရတာလဲ .”
မုန့်ချီက ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ငါက လိမ်ပြောလိုက်တာလေ...”
ကူရှောင်စန်းက မြေခွေးမတစ်ကောင်ကဲ့သို့ အပြုံးနှင့်ပြောလိုက်၏။
မုန့်ချီကတော့ မယုံကြည်နိုင်သလို ခံစားနေရသည်။
“ဘာလို့ သူမက အစောပိုင်းတွင် သူနှင့်အတူ နှစ်မွှာကျင့်ကြံမှုကို လုပ်ဆောင်ခဲ့ရသနည်း..”
သူကတော့ အလိမ်ခံရသလို ရုတ်တရက် ခံစားလိုက်ရသည်။
ကူရှောင်စန်းက လှပစွာပြုံးလိုက်၏။
“နင်က သေချာဂရုမစိုက်ဘူး....ယောကျာ်း၊ နင့်ရဲ့လက်ထဲမှာ သံသရာတံဆိပ်လည်း ကိုင်မထားဘူး၊ တကယ်လို့ ငါသာ ဆန္ဒရှိတယ်ဆိုရင် နင့်ရဲ့အသက်ကို သတ်ပစ်ဖို့ ယုံကြည်ချက် အလုံအလောက် ရှိတယ်..”
“ဟမ်...”
သူမ၏စကားကြောင့် သူလည်း မှင်တက်မိသွားခဲ့သည်။ သူကတော့ သူမနှင့်အတူနေခဲ့သည့်အချိန်တွင် ထိုအရာကို သတိမထားမိခဲ့ချေ။
သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ပျော်ရွှင်ရဖို့အတွက် အပြစ်မဲ့တဲ့လူတွေကိုတောင် သတ်ပစ်နိုင်တဲ့ နတ်ဆိုးမတစ်ယောက်လေ။ ဂရုစိုက်ပါ နောက်တစ်ကြိမ်တွေ့ရင်တော့ ငါက သဘောကောင်းနေမှာမဟုတ်ဘူး…..”
သူမက လှည့်ထွက်သွားခဲ့သည်။ လေထဲတွင်လည်း ပန်းပွင့်လေးများ ထွက်ပေါ်လာပြီး သူမက ထိုလမ်းကြောင်း၏အဆုံးတွင် ပျောက်ကွယ်သွားခဲ့၏။
မုန့်ချီက ထွက်ခွာသွားသော သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိခဲ့သည်။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သော်လည်း သူ့ရင်ထဲတွင်တော့ သူမ၏စကားသံကို ကြားနေရသေး၏။
“ဒါက နှလုံးသားမဲ့တယ်လို့ ပြောရမှာလား..”
Translated by Hein Htet.