← Chapters

ကြက်နှင့် ခွေးများ ... ။

Vol. 30 Ch. 354

ကြက်နှင့် ခွေးများ ... ။

Vol. 30 Ch. 354

ဤသည်မှာ ယွမ်ယန်တာအိုဂိုဏ်း၏ ဘိုးဘေးရေးထွင်းထားသော လျှို့ဝှက်အဆောင် ငါးပါးအနက်မှ တစ်ခုဖြစ်သည်။

အထွတ်အထိပ် ကြယ်စုစည်းခြင်း ဖြစ်တည်မှု၏ အင်အားအပြည့် တိုက်ခိုက်မှုများ ကိုပင် တားဆီးနိုင်စွမ်းရှိသည်။

ယခုမူ အတွင်းပိုင်းသန့်စင်ခြင်းအဆင့် တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုတစ်ခုကြောင့် ကွဲကြေသွားချေပြီ။

ထို့ကြောင့် ယန်ကျွယ်ရှန်းခမျာ မျက်နှာအမူအရာ ဆိုးရွားလာပြီး နှလုံးသား တဆစ်ဆစ် နာကျင်လာတော့၏။

“ ဟမ့် ... ။ ”

တစ်ဖက်တွင် စုရီသည် ဆေဘာဓား အလင်းထံ ဓားအလင်းနှင့် ပတ်ခတ်ပြီး တာအို တစ်ထောင်လက်သီးထံ လက်သီးဖြင့်ပင် ပြန်လည် ထိုးနှက်လိုက်သည်။

ကောင်းကင်မှ ကျဆင်းလာသော ဆေဘာဓားအလင်းသည် ချက်ချင်းပျက်ပြယ် သွားတော့၏။

“ ဝုန်း ... ။ ”

တာအိုတစ်ထောင် လက်သီးအတွက်မူ ကောင်းကင်မှ ပြုတ်ကျလာသော နတ်တောင် အလား အစွမ်းထက်သော်လည်း ပေါက်ကွဲကာ လှိုင်းများအဖြစ် ပြန့်ကျဲကုန်သည်။

စုရီလက်သီးသည် ကန့်သတ်ချက်ကို ကျော်လွန်နေ၏။ သူ့လမ်းကြောင်း၌ မည်သူမျှ မရပ်တည်နိုင်ချေ။

ထိုအချိန်တွင် စုရီသည် လေထုထဲမှ အတားအဆီးများကို ကျော်ဖြတ်ပြီးနောက် ချွယ်မိုချီထံ ရောက်ရှိသွားပြီဖြစ်သည်။

“ မဟုတ်ဘူး ... ။ ”

ချွယ်မိုချီတစ်ယောက် အကြည့်များ ခါးသီးသွားလေသည်။ သူတို့သည် မဟာရှ မင်းဆက် ‌တောင်ပိုင်းဒေသကြီး၏ ကျွမ်းကျင်သူများ ဖြစ်၏။

နယ်ပယ်တူအတွင်း သူတို့လမ်းကို ပိတ်ဆို့နေသော မည်သူ့မဆို ဖြတ်ကျော် နင်းချေနိုင်သည်။

ထိုအဆင့် ကျွမ်းကျင်သူ သုံးယောက်ပေါင်းစည်းသော်မှ တစ်ဖက်လူကို မတားဆီးနိုင်ခဲ့ချေ။ ရှက်စရာပေပင်။

ယခု သူသည် စုရီ၏ ထိုးနှက်ချက်ကို ရင်ဆိုင်သောအခါ ရှောင်ပြေးရန် မျှော်လင့်ချက် မဲ့သွားသည်။ လက်ဖျားမှ တိုးထွက်လာသော စွမ်းအင်သည် သူ့ခန္ဓာကို ဦးစွာကွဲကြေလျက် ဝိညာဉ်ထိတိုင် ဖျက်ဆီးပစ်၏။

ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။ ကြယ်စုစည်းခြင်း အဆင့်ဟူသည် စုရီလက်၌ ကြက်များ ခွေးများသာ ဖြစ်နေတော့၏။

လင်းယွင်ဟဲပင် ထိတ်လန့်သွားသည်။ ရန်သူများသည် မိန်းကလေးမြောင်ဟွာနှင့် အဆင့်တူသော်လည်း ခွန်အားအရာ၌ သာလွန်‌သော အဆင့်တွင်ရှိသည်။

ကောင်းကင်နှင့် မြေကြီးကြား မည်သူမျှ စုရီကို တားနိုင်တော့မည် မထင်ချေ။ ချီချုံးဇီက လီချန်ရှောင်ထံ လှည့်ကြည့်လိုက်၏။ ထို့နောက် ချင်ကျွယ်ထံ ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မူလဇာစ်မြစ် မသိနိုင်သော အလွန်သန်မာသည့် ကျွမ်းကျင်သူ များစွာသည် မိုးပြာတိုက်ကြီးအနှံ့ ထွက်ပေါ် လာနေသည်ကို သူတို့သိထား၏။

မဟာရှတွင်လည်း အနည်းငယ် ရှိသည်။ ဤလူငယ်သည် ၎င်းတို့အနက်မှ တစ်ယောက် ဖြစ်နေချေ၏။ စုရီမှ ၎င်းတို့အတွေးများကို သိရှိနေကာ၊

“ မင်းတို့ ပူးပေါင်းလဲ ... ကြက်နဲ့ခွေးလို လက်ညိုးတစ်ချောင်းတည်းနဲ့ ဖျက်ဆီးခံရမှာပါ ကောင်းကင်နဲ့ မြေကြီးကြား ငါစုရီကို ဘယ်သူမှ မတားနိုင်ဘူး။ ”

-ဟု ကြိမ်းမောင်းလိုက်သည်။

အေးစက်ပြီး မာနကြီးသော ထိုအသွင်အပြင်အပေါ် မည်သူမျှ လှောင်ပြောင် ဝံ့ခြင်းမရှိတော့ချေ။

“ ဟမ့် ... မောက်မာလိုက်တာ ကောင်းပြီ မင်းငါ့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ဘယ်လို ဖျက်ဆီးမယ်ဆိုတာ ငါကြည့်ချင်ပါတယ်။ ”

ချီချုံးဇီက အေးစက်သောလေသံဖြင့် အော်ငေါက်လျက် ‌ရှေ့လှမ်းတက်ကာ ဆောဘာ ဓားနှင့် ခုတ်ချလိုက်သည်။

လျှပ်စီးများ လက်နေသော ဆေဘာဓားအလင်းတစ်လက် အထည်စကဲ့သို့ လွင့်ထွက်လာပြီး ကောင်းကင်ယံကို ဖုံးလွှမ်း သွားတော့၏။

“ အလုံးစုံ လွှမ်းခြုံနိုင်သော မိုးကြိုးဆေဘာ။ ”

ဤသည်မှာ တောင်ပိုင်း ကောင်းကင် ပြည်နယ်တွင် သူ့ကို ပြိုင်ဘက်ကင်းစေသော ဝှက်ဖဲဖြစ်၏။ သေကွင်းသေကွက်များထံ ဦးတည်သော ရှစ်လက်ပေပင်။ အစောပိုင်း မိုးကြိုးဓားထက် ပို၍ ပြင်းထန်သည်။

ဤဓားချက်သည် သက်ရှိများအတွက် ရှောင်လွှဲ၍မရသော ဘေးဥပဒ်ကို ယူဆောင်လာ နိုင်ပုံရ၏။

သို့သော် ဤသည်မှာ ၎င်း၏ အမြင်ဖြစ်သည်။ စုရီက လေထဲသို့ လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါး ထိုးညွှန်လိုက်၏။

လက်ရှိအဆင့်တွင် စုရီအတွက် လှုပ်ရှားမှုတိုင်းသည် တာအိုကျက်သရေများ သယ်ဆောင်ပေးနိုင်သည်။ ဆေဘာဓားသည် ကောင်းကင်မှ ဒေါသဆိုလျှင် သူ့လက်ညိုးသည် ကောင်းကင်ကို ဆန့်ကျင်သော ဓားဖြစ်၏။

ကောင်းကင်နှင့် မြေကြီးကြားရှိ ကြောက်စရာကောင်းသော မူလစွမ်းအင်သည် သူ့လက်ညိုးထိပ်တွင် စုစည်းသွား၏။

ခွန်အားသည် ဧရိယာတစ်ခုလုံးကို ပြည့်နှက်နေပြီး အကန့်အသတ်မရှိ လှိုင်းလုံးကြီး သဖွယ် ထွက်ပေါ်လာသည်။

“ ဒါ ... ။ ”

လူတိုင်း အသက်ရှူကြပ်လာတော့သည်။ ဤသည်မှာ လက်ညိုးတစ်ချောင်း အတွင်းဆီမှ ထွက်ပေါ်လာသော စွမ်းအားပင်လော။

တုန်လှုပ်ဖွယ်ကောင်းလွန်းပြီး ကြီးကျယ်ခမ်းနားချေပြီ။ လက်ညိုးတစ်ချောင်း တည်းဖြင့် ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးကို ထိုးဖောက်နိုင်၏။

လေဟာနယ်အတွင်း ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ချီချုံးဇီ၏ဓားသည် ခံနိုင်ရည် မရှိချေ။ ချက်ချင်း ပျက်ပြယ်သွားသည်။

“ သေလိုက်တော့ ... ။ ”

အဆုံးတွင် ချီချုံးဇီတစ်ယောက် အမူအရာပြောင်းသွားကာ ကျင့်ကြံမှု၊ သွေးနှင့် စွမ်းအင်ကိုပေါင်းစည်းလျက် အစွမ်းကုန် ထပ်မံ ခုတ်ပိုင်းချလိုက်သည်။

တောက်ပလွန်းသော ဆေဘာဓား အလင်းကြောင့် မူလနန်းတော် ကျွမ်းကျင်သူများ အားလုံး မျက်လုံးမှိတ်ကျသွား၏။

“ ဟမ့် ... ။ ”

ဤတစ်ကြိမ်တွင် စုရီသည်လည်း ကျင့်ကြံမှုနှင့်အတူ ဒြပ်စင်ငါးပါးတာအိုကို ပေါင်းထည့်ထားသည်။

၎င်းသည် အကန့်အသတ်မရှိသော ဓားပင်လယ်ကြီးနှင့်တူသွားသည်။ ချီချုံးဇီခမျာ အမူအရာ ပြောင်းသွားချေပြီ။

လက်ညှိုးတစ်ချောင်းတည်းဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသော ဓားစွမ်းအင်များ ပေါ်လွင်လာစေသည်မှာ အံ့ဖွယ်ကောင်းလှ၏။

“ ချိုးဖြတ် ... ။ ”

ရှောင်တိမ်းလိုသော်လည်း အရမ်း နောက်ကျနေပြီ ဖြစ်သောကြောင့် ထိပ်တိုက် ချိုးဖြတ်ရန်သာ ရွေးချယ်လိုက်ရသည်။

သို့သော် ဆေဘာဓားအလင်းသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအတွင်း ကျဆင်းသွားသော မိုးရေတစ်စက်ကဲ့သို့ ပျက်ပြယ်သွား၏။

“ ခရစ် ... ။ ”

အကျိုးဆက်အနေဖြင့် ဆေဘာဓားသည် ကြီးမားလှသောဓားလှိုင်းဖြင့် ရိုက်ပုတ်ခံလိုက်ရ သကဲ့သို့ ကျိုးကျသွားတော့သည်။

တစ်ဆက်တည်းမှာပင် သွေး၊ အသား၊ အရွတ်များနှင့် အရိုးများသည် တစ်စဆီပဲ့ကြွေ လွင့်ပါးနေသည်ကို ပြတ်ထင်စွာ မြင်လိုက်ရ၏။

အဆုံးတွင် ခန္ဓာကိုယ်မှဖယ်ခွာလျက် ထွက်ပြေးရန် ကြိုးစားခဲ့သော ဝိညာဉ်သည်ပင် မလွတ်မြောက်ခဲ့ချေ။ ဓားရောင်ဝါကြောင့် မျက်စိတစ်မှိတ်အတွင်း ပြန့်ကျဲသွား၏။

၎င်းသည် မဟာရှ၏ တောင်ပိုင်း ကောင်းကင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ ကြီးစိုးခဲ့သော ဆေဘာဘုရင်ဖြစ်သည်။

ယနေ့တွင် လူငယ်တစ်ယောက်၏ သတ်ခြင်းခံလိုက်ရချေပြီ။ အစောပိုင်းစကားများ အတိုင်း ကြက်နှင့်ခွေးများကဲ့သို့ လက်ညိုး တစ်ချောင်းဖြင့် သတ်သွားခြင်းပေပင်။

ယန်ကျွယ်ရှန်နှင့် အခြားသော မူလနန်းတော်အဆင့် ကျင့်ကြံသူများအားလုံး အသက်ရှူ ရပ်ကုန်သည်။ ဤမြင်ကွင်းသည် သူတို့အသိဉာဏ်ထက် ကျော်လွန်နေ၏။

အံ့အားသင့် ထိတ်လန့်ကုန်ကာ ကျောရိုးတစ်လျှောက် အေးစက်သော ခံစားချက် ဝင်ရောက်လာတော့သည်။

တစ်ဖက်လူ၏ စွမ်းအားသည် မည်မျှ တုန်လှုပ်စရာကောင်းသည်ကို စိတ်ကူးကြည့်ရန် မလွယ်ချေ။ လီချန်ရှောင်နှင့် ချင်ကျွယ်မှာ အသက်မဲ့သွားခဲ့သည်။

မျက်စိရှေ့မှ တိုက်ပွဲသည် သူတို့၏ တိုက်ပွဲဝင်ဆန္ဒများကို ဆိုးရွားစွာ ထိုးနှက်ချက် ဖြစ်လာသည်။ သုံးယောက် ပူးပေါင်းခြင်းဖြင့် ဤနတ်ဆိုးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ခဲ့၏။

ယခုမူ သူတို့သည် ပြိုင်ဘက်၏ လက်ညိုးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြောင်း နားလည်လိုက်ကြသည်။

“ ပြေး ... ။ ”

“ မြန်မြန် ... ။ ”

ချက်ချင်းပင် လျင်မြန်သော အဟုန်ဖြင့် လှည့်ပြေးလိုက်ကြသည်။ ကြိုတင်ဆွေးနွေးစရာ မလိုခဲ့ချေ။ တူညီသော ဆုံးဖြတ်ချက် ချက်ချင်း ချနိုင်ခဲ့ကြသည်။

လီချန်ရှောင်က ယန်ကျွယ်ရှန်နှင့် ကျန်သူများအပေါ် လျစ်လျူရှုကာ အလင်းတန်း အသွင် ပြောင်းလဲထွက်ပြေးတော့၏။

“ ခရစ် ... ။ ”

ချင်ကျွယ်သည်လည်း လျှို့ဝှက်အဆောင်ကို ချေမွှလိုက်ရာ သွေးနီရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းသွားပြီး လေဟာနယ်အက်ကွဲလျက် ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။

ဤအခြေအနေတွင် တူညီသောနယ်ပယ်ရှိ သန်မာသူများသည်ပင် ၎င်းတို့အား တားဆီးရန် ခက်ခဲပေလိမ့်မည်။ သို့သော် စုရီသည် ပြင်ဆင်ထား၏။

“ မင်းတို့ လွတ်မြောက်မယ် ထင်လား။ ”

သူတို့နှစ်ဦး ထွက်ပြေးသောအခါ လေဟာနယ်အတွင်း လက်ချောင်းများကို လှုပ်ခါလိုက်သည်။

“ ရွှပ် ... ။ ”

ဓားအလင်း နှစ်လက် လေထဲတိုးဝင်ကာ လီချန်ရှောင်နှင့် ချင်းကျွယ်တို့ထံ အသီးသီး ပျံသန်းသွားသည်။

“ ဖွဲ့စည်း ... ။ ”

ပေရာနှင့်ချီအကွာရှိ လီချန်ရှောင်သည် ယင်းကို သတိပြုမိသွားပြီး ကျယ်လောင်သော အော်ငေါက်သံ ပြုကာ တံဆိပ်များ ဖန်တီးတော့၏။

သူ့အနားတဝိုက် လေဟာနယ်သည် ထူးဆန်းပြီး ပုံပျက်နေသော အလင်းဒိုင်းအဖြစ် ပေါ်လွင်လာသည်။

“ ဘန်း ... ။ ”

သို့တိုင် ဓားအလင်းသည် အလင်းဒိုင်းကို ဖြတ်တောက်လျက် အကာအကွယ် ရတနာများ အားလုံးပေါက်ကွဲစေကာ ဦးခေါင်းကြီး ပျံတက်သွားစေခဲ့သည်။

ကျွမ်းကျင်သူများအတွက် တိုက်ပွဲဝင် ဆန္ဒများ ပျက်စီးသွားသောအခါ အသတ်ခံမည့် သိုးတစ်ကောင်နှင့် အခြားချေ။ ရုတ်​တရက်​ စုရီက မျက်​​မှောင်​ကြုတ်​​သည်​။

ချင်ကျွယ်ထံ ရည်ရွယ်သော ဓားသည် ပိတ်ဆို့ခံလိုက်ရ၏။ ယင်းသည် ကြေးဆံညှပ် တစ်ချောင်း ဖြစ်ချေပြီ။ အရောင်မှုန်မှိုင်းကာ သံချေးများဖြင့် ဖုံးလွှမ်းနေ၏။

၎င်းက သူ့ဓားအလင်းကို ပိတ်ဆို့ပြီး စွမ်းအင်များ စုပ်ယူသွားခဲ့လေသည်။ အမည်ခံ ဝိညာဉ်တာအိုလက်နက်အဆင့် ဖြစ်၏။

“ ဒီနေ့ အရှက်တရားအတွက် ... မင်းရဲ့ခေါင်းကို တစ်နေ့ ငါလာယူမယ်။ ”

ထိုအခွင့်အရေးကို အသုံးချကာ ချင်ကျွယ်တစ်ယောက် မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝိုင်းသို့ တိုးဝင်ပျောက်ကွယ် သွားခဲ့သည်။

***

All Chapters