← Chapters

အမှား ... အမှန်ဆိုတာ မရှိဘူး။

Vol. 30 Ch. 355

အမှား ... အမှန်ဆိုတာ မရှိဘူး။

Vol. 30 Ch. 355

စုရီက ဂရုစိုက်ရန် ပျင်းသွားခဲ့၏။ လက်စားချေရန် ပြန်လာပါက အကောင်းဆုံး ပေပင်။ မဟုတ်သော် လိုက်ရှာနေရပေဦးမည်။

ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦးကို သတ်ပစ်ပြီးနောက် ခံစားချက်များ ပြေလျော့သွားခဲ့သည်။

နှင်းစပါးအုံးမြွေခမျာ တိုက်ပွဲကြောင့် မှင်သပ်နေသည်။ ဤလူငယ်သည် အစွမ်းထက် လွန်းချေ၏။ အတွင်းပိုင်း သန့်စင်မှု အဆင့်ဖြင့် အဘယ့်ကြောင့် ကြောက်စရာကောင်းနေရ သနည်း။

၎င်းအပေါ် ဆန့်ကျင်ရန် နည်းလမ်းကို မရွေးချယ်ခဲ့သည့်အပေါ် ကံကောင်းသွားချေ၏။ မဟုတ်သော် မတွေးဝံ့စရာ အဆုံးသတ်ပေပင်။

“ ဒါ ... နတ်ဆိုးတစ်ကောင်ရဲ့ စွမ်းအားပဲ ... လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တယ် ဒါကို ငါတို့လိုအသိတရားနဲ့ တိုင်းတာလို့ မရဘူး ... ။ ”

လင်းယွင်ဟဲမှ စုရီအပေါ် တိုးညှင်းစွာ မှတ်ချက်ပေးပြီး အဝေးရှိ လူအုပ်ထံ မျှော်ကြည့် လိုက်သည်။

ဤလူများသည် မဟာရှ၌ အထက်တန်းစားများ ဖြစ်၏။ သို့သော် လက်ရှိ အချိန်တွင် အသတ်ခံရန် စောင့်ဆိုင်းနေသော ကြက်များနှင့် တူနေသည်။

“ တာအိုမိတ်ဆွေ ... ရှုံးနိမ့်မှုကိုဝန်ခံပြီး မင်းကို ရတနာတွေပေးဖို့ ဆန္ဒရှိပါတယ် ငါတို့ လက်စားချေဖို့ မကြိုးစားပါဘူး ... ကတိပေးပါတယ်။ ”

“ တာအို မိတ်ဆွေ ... ငါတို့လည်း ဆန္ဒရှိပါတယ်။ ”

စုရီအကြည့်ကို လက်ခံရသည်နှင့် ယန်ကျွယ်ရှန်က ချက်ချင်း ဦးညွှတ်လိုက်သည်။ ယင်းကြောင့် လူတိုင်းလိုက်ပါ ဦးညွှတ်ကုန်၏။

“ မင်းတို့ကို ... သတ်လိုက်ရင် မင်းတို့ပေးလာမယ့် ဒီရတနာတွေက ငါ့လက်ထဲ ရောက်မှာပဲ မဟုတ်လား။ ”

စုရီက ပြုံးကာ ပြောလိုက်သည်။ ယန်ကျွယ်ရှန်းနှင့် လူအုပ်မှာ ချက်ချင်း မျက်နှာ ပြောင်းသွားတော့၏။ သို့သော် စုရီမှ လက်ဝှေ့ရမ်းပြီး၊

“ သွားတော့ ... ။ ”

-ဟု မောင်းထုတ်လာခဲ့သည်။

ဤသည်မှာ ပုရွက်ဆိတ်များကဲ့သို့ မူလနန်းတော်အဆင့် ကျွမ်းကျင်သူများအပေါ် လျစ်လျူရှုခြင်းမည်၏။

သို့သော် ယန်ကျွယ်ရှန်တို့အတွက်မူ ဝမ်းမြောက်ဖွယ်ပေပင်။ လူတိုင်း ဦးညွှတ်လျက်၊

“ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

-ဟု ပြောကြားလိုက်ကြသည်။

ယန်ကျွယ်ရှန်မှ အသက်ပြင်းပြင်းရှူကာ သူ့ခန္ဓာကိုယ်ရှိ ကျောက်စိမ်းဆွဲသီးကို ချွတ်ပြီး မြေပြင်ပေါ်တွင် လေးစားစွာချပေးကာ လှည့်ထွက်သွား၏။

အခြားသူများသည်လည်း သူ့ကဲ့သို့ပင်လိုက်၍ ရှိသမျှရတနာများကို ချန်ထားရစ်ခဲ့ကြသည်။

“ တာအိုစု ... မင်း သူတို့အားလုံးကို သတ်ပစ်မယ်လို့ ထင်ခဲ့တာ။ ”

လင်းယွင်ဟဲမှ ပြုံးလျက်ပြောသည်။

“ လူတိုင်းက အခွင့်အရေးတစ်ခုအတွက် တိုက်ကြတာပဲ ... မှန်တယ် ... မှားတယ်ဆိုတာ မရှိပါဘူး ပြီးတော့ ... ငါက သွေးဆာနေတဲ့ သားသတ်သမား မဟုတ်ဘူး။ ”

စုရီက လက်နှစ်ဖက်နောက်ပို့လျက် ဂူထဲလှည့်ဝင်သွားသည်။ သို့တိုင် သူ့အသံကိုမူ ပဲ့တင်ထပ် ကျန်ရစ်စေခဲ့၏။

“ ယွမ်ဟမ် ... ရှင်းလင်းရေးလုပ်ပါ ငါတာအိုနားလည်မှု ယူလိုက်ဦးမယ်။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

ယွမ်ဟမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ နှင်းစပါးအုံးမြွေကြီးမှ စုရီနောက်ကျောထံ ငေးမောလျက်၊

“ တာအိုလင်း ... တာအိုစုက တကယ်ပဲ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ ကောင်းကင်ဘုံက တန်ခိုးရှင်လား။ ”

-ဟု မေးမြန်းလိုက်၏။ လင်းယွင်ဟဲက ခဏမျှ စဉ်းစားပြီးနောက်၊

“ ကောင်းကင်ဘုံမှာ ... တကယ်ပဲ အင်မော်တယ်တွေရှိတယ်ဆိုရင် တာအိုစုက သူတို့ထဲကတစ်ယောက် ဖြစ်မှာ အမှန်ပါ။ ”

-ဟု ပြန်ဖြေ၏။

ယွမ်ဟမ်မှ ပြုံးသည်။

“ မိန်းကလေးပိုင် မင်းလည်း ... ငါ့သခင်ကိုကူညီပေးခဲ့တာမို့ သဘာဝအတိုင်း သခင်က မင်းကိုဂရုစိုက်မှာပါ ...

... စိတ်မပူပါနဲ့ ... ဒီမှာ မင်းအတွက် အနာကျက်ဆေးတွေ ဒဏ်ရာတွေ ကုသလိုက်ပါ ငါ ... ရှင်းလင်းရေးလုပ်လိုက်ဦးမယ်။ ”

“ ကျေးဇူးတင်ပါတယ် တာအိုယွမ်။ ”

“ ကြိုဆိုပါတယ် မိန်းကလေးပိုင် ... မင်းနဲ့ငါတို့က သားရဲတွေပဲ ... တစ်ယောက်ကို တစ်ယောက် ကူညီရမှာ သဘာဝပါ။ ”

ယွမ်ဟမ်၏ အမူအရာကြောင့် ချင်းယာက မျက်ဝန်းများ တောက်ပလာပြီး၊

“ အစ်ကိုယွမ် ... အစ်မပိုင်ကို မင်းစိတ်ဝင်စားနေတာလား။ ”

-ဟု စူးစမ်းလိုက်တော့သည်။

လင်းယွင်ဟဲမှ မက်မွန်တစ်လုံး အမြန်ထုတ်ယူကာ သူ့တပည့်ကို ကမ်းပေး လိုက်ရသည်။ မဟုတ်သော် ထို့ထက်ပို၍ မေးခွန်းများ ထွက်လာနိုင်ပေမည်။

ယွမ်ဟမ်မှ မျက်နှာနီရဲလျက် မေးခွန်းကို မကြားဟန်ပြုကာ တိုက်ပွဲမြေပြင်ထံ ချက်ချင်း ထွက်ခွာသွားတော့၏။

နှင်းစပါးအုံးမြွေကြီးသည်လည်း တွန့်လိမ်လျက် ဂူအတွင်းဆီသို့ လျောတိုက် ရွေ့လျားသွားတော့သည်။ ၎င်းတို့နှစ်ဦးစလုံး အနည်းငယ် အဆင်မပြေဖြစ်ကာ ရှက်ရွံ့ကုန်သည်ကို မြင်သာ၏။

နေ့တစ်ဝက်ကုန်လွန်ပြီးနောက် ရေကန်အထက်တွင် မလှုပ်မယှက် ထိုင်နေသော စုရီ၏ မျက်လုံးများပွင့်လာသည်။

“ ဝှစ် ... ။ ”

လက်ကိုမြှောက်လိုက်ရာ အမှောင်နှင့် အလင်းများ ဆိတ်သုဉ်းလျက် လေဟာနယ်တွင် အေးစက်သောအပြာလဲ့လဲ့အသွင် ဖြစ်ပေါ် လာတော့၏။

ယင်ဝိညဉ်စွမ်းအင်သည် မမြင်နိုင်သော ရေကဲ့သို့ ဖြူစင်အေးစက်ကာ လက်ရွေ့လျားရာ တစ်လျှောက် လိုက်ပါလာခဲ့သည်။

ကံမကောင်းစွာဖြင့် သူ့တွင် ယန်တာအို မရှိသေးချေ။ ယင်နှင့်ယန်သည် ပေါင်းစပ်တာအို ဖြစ်သည်။ ဤသည်မှာ ယင်တာအို၏ ကနဦး ကျွမ်းကျင်မှုဖြစ်၏။

အတိတ်ဘဝအတွေ့အကြုံနှင့် အသိပညာကိုအခြေခံကာ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပြီးပြည့်စုံသော အဆင့်သို့ တက်လှမ်းရန် အချိန်တစ်ခုသာလိုပေမည်။

“ အစ်ကိုစု၊ ယင်တာအိုကို နားလည်သွားပြီလား။ ”

ချင်းယာမှ စိတ်ဝင်တစားမေးလေသည်။ စုရီက ခေါင်းညိတ်ပြ၏။ ထို့ကြောင့်ချက်ချင်းပင် အံ့အားသင့်သွားပြီး၊

“ ဒါက အံ့သြစရာ ကောင်းလွန်းတယ် ... ဂိုဏ်းရဲ့လူတိုင်းက ငါ့အပေါ် တာအိုပါရမီရှင်လို့ သတ်မှတ်ကြတယ် ဒါပေမယ့် ...

... အဲဒီ တိမ်ယံကောင်းကင်တာအိုကို နားလည်ဖို့အတွက် ... ငါ့မှာ ခုနစ်ရက်လောက် အချိန်ပေးခဲ့ရတယ်။ ”

-ဟု ပြောကြားလာ၏။

ယွမ်ဟမ်တစ်ယောက် မျက်ခုံးပင့်မိသည်။ ဤမိန်းကလေး၏ တာအိုဉာဏ်အလင်းသည် မနာလိုဖွယ် ပေပင်။

“ တိမ်ယံကောင်းကင် တာအိုလား။ ”

စုရီပင် အံ့သြမှင်သပ်သွားသည်။ မူလတာအိုနယ်ပယ်တွင် တာအိုကို သုံးဆင့် ခွဲခြားထားသည်။ သို့သော် ထိုအဆင့်များသည် သာမန် မဟာတာအိုများအပေါ်သာ သက်ရောက်မှုရှိသည်။

“တကယ်မလွယ်ဘူး။ ”

တိမ်ယံကောင်းကင်တာအိုသည် ပြိုင်ဘက်ကင်းတာအိုဖြစ်၏။ အလွန်ရှားချေပြီ။ ထို့ကြောင့် စုရီမှ မှတ်ချက်ပေးလိုက်သည်။

ဤကောင်မလေးသည် ထူးခြားသော ပင်ကိုယ်စွမ်းရည်များ ပိုင်ဆိုင်ထားကြောင်းကို မြင်စတည်းကပင် သတိပြုမိသည်။

သည့်ပြင် ထူးထူးခြားခြား နားလည် နိုင်စွမ်းမျိုးရှိကာ သဘာဝတရားကြီးအတွင်း နက်နဲမှုများအပေါ် နားလည်နိုင်၏။

ဤကဲ့သို့သော နားလည်မှုဖြင့် အရိုင်းမြေကိုးပါးတွင် ဘီလူးတစ်ကောင်အဖြစ် ထိပ်တန်းဂိုဏ်းကြီးများ၏ သိမ်းသွင်းခြင်း ခံရပေမည်။

ဥပမာအားဖြင့် သာမန်လူများသည် ရှုခင်းတစ်ခုမြင်သောအခါ မျက်စိပသာဒရှိသည် ဟုသာ ခံစားရမည်။

ကျင့်ကြံသူများမှာမူ တောင်နှင့်မြစ်၏ စွမ်းအားကို မြင်ပြီး ထိုထက်ပို၍ အစွမ်းထက် သူများသည် ၎င်းတို့မူလကို မြင်နိုင်၏။

ချင်းယာအတွက်မူ တောင်နှင့်မြစ်ဟူ၍ မရှိတော့ဘဲ ဤရှုခင်းတွင်ပါရှိသော သဘာဝ တာအိုကို ဖမ်းယူနိုင်သည်။

ယင်းသည် ရှားပါးထူးခြားသော နားလည်မှုမျိုးဖြစ်ကာ သဘာဝနှင့်နီးစပ်ခြင်းဟု ခေါ်ဆိုနိုင်၏။

တစ်စုံတစ်ဦးသည် ဓာတ်ပုံမှတ်ဉာဏ် သို့မဟုတ် အရာများစွာကို ချက်ချင်း နားလည် နိုင်သူ ဖြစ်သော်မှ ထိုသို့သဘာဝတရားအပေါ် နားလည်ရန် မလွယ်ချေ။

ခရီးအတူတူ ထွက်လာပြီးနောက် သူ၏အမြစ်အရိုးသည် အလွန်သန့်စင်ပြီး ရှားပါး ကြောင်းကိုလည်း ထပ်သိလာရသည်။

အရိုင်းမြေကိုးပါး၏ အကဲဖြတ်မှု စံနှုန်းများအရ ထိုအမြစ်အရိုးပိုင်ရှင်များသည် တစ်သောင်းလျှင် တစ်ယောက်သာ ထွက်ပေါ်လာတတ်၏။

ထို့ကြောင့် ချင်းယာနှင့် ယှဉ်နိုင်သော တစ်စုံတစ်ယောက်ကို ပြရမည်ဆိုသော် ငှက်မွှေး ဘုရင် ယွီရှစ်ချန် တစ်ယောက်သာရှိသည်။

“ အစ်ကိုစု ... မင်းလည်း တိမ်ယံကောင်းကင်တာအိုကို နားလည်နိုင်လား။ ”

ချင်းယာမှ စိတ်ဝင်တစား မေးသည်။ တစ်ချိန်က စုရီတွင် သူမ အရည်အချင်းမျိုးနှင့် တူညီသောတပည့်မတစ်ဦး ရှိခဲ့ကြောင်းကို မသိသေးချေ။

“ မှန်တယ် ... ငါအချိန်ရရင် မင်းကို လမ်းညွှန်ပေးမယ်။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြောကြား လိုက်လေသည်။ သို့သော် ချင်းယာအနေဖြင့် များစွာ စိတ်ဝင်စားလာတော့၏။

“ ဒါဆို အစ်ကိုစုကို ကြိုပြီး ကျေးဇူးတင်ရမှာဘဲ ... အခုကစပြီး မင်းကို မက်မွန်သီးတွေ အများကြီးပေးပါ့မယ်။ ”

“ အဟမ်း ... ။ ”

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လင်းယွင်ဟဲတစ်ယောက် သည်းမခံနိုင်တော့ သဖြင့် ချောင်းခြောက်ဆိုးကာ၊

“ တာအိုစု ... မူလယင်ဝိညာဉ် သွေးပြန်ကြောကို ဘာလုပ်ဖို့ စဉ်းစားထားလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

စုရီသည် သူ့ကောင်းကင်ဓားခန်းမ၏ ပုလဲရတနာဖြစ်သော ချင်းယာကို သိမ်းယူသွား မည်ကို သူ စိုးရိမ်၏။ ထို့ကြောင့် စကားလမ်း ပြောင်းလိုက်ရခြင်းဖြစ်လေသည်။

စုရီက ပြုံးသည်။ ဤချင်းယာသည် ချင်းတန်နှင့် တူညီလွန်းသဖြင့် တပည့်အဖြစ် ခေါ်ယူရန် စိတ်မဝင်စားချေ။

ထို့ကြောင့် လင်းယွင်ဟဲ မေးခွန်းကို ပြန်မဖြေမီ နှင်းစပါးအုံးထံ လှမ်းကြည့်လိုက် တော့၏။

***

All Chapters