← Chapters

တောင်ပိုင်း တစ္ဆေမြို့ ... ။

Vol. 30 Ch. 357

တောင်ပိုင်း တစ္ဆေမြို့ ... ။

Vol. 30 Ch. 357

စုရီအကြည့်ကို မျက်နှာမူလျက် ပိုင်ဝမ်ချင်းခမျာ တုန်လှုပ်သွားပြီး ဦးညွှတ်ကာ၊

“ မင်းနောက်ကို လိုက်နိုင်တာဟာ ငါအမြဲမက်ခဲ့တဲ့ ကောင်းချီးပါပဲ သခင်။ ”

-ဟု ပြန်လည် ဖြေကြားလာ၏။

သူမ အသံတွင် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း အရိပ်အမြွက်များ ပါဝင်နေ ခဲ့သည်။ စုရီမှ ခေါင်းညိတ်လိုက်ပြီး၊

“ လမ်းမှာ ... ယွမ်ဟမ်က မင်းကို ငါ့ပတ်ဝန်းကျင်မှာ လုပ်ရမယ့် စည်းကမ်းတွေကို ပြောပြလိမ့်မယ်။ ”

-ဟု မှာကြားလိုက်၏။

စိုးရိမ်ထိတ်လန့်နေသော ယွမ်ဟမ်တဟ်ယောက် သို့မှသာ ပြုံးရွှင်လျက် အလျင်အမြန် ခေါင်းညိတ်ပြလေသည်။

“ သခင် ... စိတ်မပူနဲ့၊ ဒီအသေးအမွှားလေးကို ငါနဲ့ထားလိုက်ပါ။ ”

-ဟု ပြောကြားလိုက်တော့သည်။

များမကြာခင် စုရီဦးဆောင်သော သူတို့အဖွဲ့သည် ချက်ခြင်းပင် တောင်ကြားမှ ထွက်ခွာပြီး မဟာရှ၏ တောင်ပိုင်းနယ်စပ်သို့ ဝင်ရောက်လာခဲ့သည်။ ဤသည်မှာ ကောင်းကင်ပြည်နယ်ဖြစ်၏။

မဟာရှ၏ ပြည်နယ်(၁၃)ခုတွင် ကောင်းကင်ပြည်နယ်သည် တောင်ပိုင်းဒေသ ဖြစ်ပြီး ကျယ်ပြန့်သောနယ်မြေဖြစ်သည်။

ဝိညာဉ်တာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူများပါရှိသော အင်အားစုပေါင်း တစ်ဒါဇင်ကျော်နှင့် နယ်မြေအတွင်း ရာနှင့်ချီသော မြို့များရှိသည်။

ဤကောင်းကင်ပြည်နယ်သည် အစွန်အဖျားဒေသတစ်ခုမျှသာ ဖြစ်သော်လည်း ကြယ်စုစည်းခြင်းအဆင့် ကျွမ်ကျင်သူများ မရှားချေ။

ယွမ်ယန်တာအိုဂိုဏ်း၊ ဓားပျံဂိုဏ်း၊ အစိမ်းရောင် ဆေဘာဓားဂိုဏ်းနဲ့ ဝိညာဉ်မြူ ဘုံကျောင်းတို့သည် ကောင်းကင်ပြည်နယ်မှ အင်အားစုများဖြစ်၏။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် မဟာရှမင်းဆက်၏ အခြေခံအုတ်မြစ်သည် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို တွေးကြည့်နိုင်မည်။

ကျိုး၊ ဝေနှင့် ချင်းတို့ နိုင်ငံသုံးနိုင်ငံ ပေါင်းလျှင်သော်မှ ကောင်းကင်ပြည်နယ်ကိုပင် မမီနိုင်ချေ။

“ တာအိုစုရှေ့မှာ မဟာရှရဲ့ ... တောင်ပိုင်းအစွန်ဆုံးမြို့ဖြစ်တဲ့ တစ္ဆေမြို့ငယ်ဆီ ရောက်ပြီ။ ”

ကောင်း​ကင်ပြည်နယ်တွင် မြို့ပေါင်းရာနှင့်ချီရှိသည့်အနက် ရှန်ရင်မြို့ကို တစ္ဆေမြို့ငယ်ဟု ခေါ်တွင်ကြသည်။

မြို့တွင်းရှိ ကျင့်ကြံသူအများစုသည် တစ္ဆေကျင့်ကြံသူများဖြစ်၏။ အချို့သော လူများ သည်ပင် ထိုအယူအဆများကိုပင် လက်ခံ ကျင့်သုံးလာကြသည်။

မြို့တွင်း၌ ခေါင်းတလားဆိုင်များရှိကာ ငရဲကမ္ဘာက တစ္ဆေမြွေနတ်ဘုရား ရုပ်တုကို ကိုးကွယ်သည်။

အသန်မာဆုံးအင်အားစုသည် မရဏတံခါးဟုခေါ်သော တစ္ဆေကျင့်ကြံဂိုဏ်း ဖြစ်သည်။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်ကာ မဟာရှအနှံ့ ဂိုဏ်းခွဲများစွာ ဖြန့်ကျက်ထား၏။

ဝိညာဉ်ပင်လယ်တွင် တန်ခိုးရှင် ဓားမျှော်စင်၏ အပျက်အစီးမြေ၌ မဟာချင်နိုင်ငံ မရဏတံခါးဂိုဏ်းချုပ်ကို စုရီသတ်ပစ်ဖူးသည်။

မူလက မရဏတံခါးဂိုဏ်းသည် သုံးနိုင်ငံအတွင်းသာ ဖြန့်ကျက်ထားနိုင်သော အင်အားစုတစ်ခုအဖြစ် ထင်ခဲ့၏။ ယခုမူ မဟာရှ၌ပင် ပြောင်ပြောင်တင်းတင်းပင် အခြေစိုက်ထားချေပြီ။

“ မရဏတံခါးဂိုဏ်းက မဟာရှအပြင် မဟာချီမှာလည်း သြဇာလွှမ်းမိုးမှုရှိတယ် မိုးပြာ တိုက်ကြီးတစ်ခုလုံးရဲ့ တစ္ဆေကျင့်ကြံသူ အားလုံး နီးပါးက သူတို့ဂိုဏ်းကို ဝင်ရောက်ကြပြီး ...

... တစ္ဆေမြွေနတ်ဘုရားကို ကိုးကွယ်ကြပါတယ် ... သူတို့ကိုယ်သူတို့ တစ္ဆေ မြွေနတ်ဘုရား အမျိုးအနွယ်အဖြစ် ယူဆကြတယ်။ ”

သို့သော် ၎င်းတို့သည် နိုင်ငံတိုင်း ဖြန့်ကျက်ထား သော်လည်း ဆက်နွယ်မှုများ မရှိချေ။ ကိုယ့်အလုပ် ကိုယ်လုပ်ကြ၏။

လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းခန့်က မဟာရှတွင် မရဏငရဲနန်းတော်-ဟု ခေါ်သော အင်အားစုတစ်ခုရှိသည်။

၎င်းသည် အလွန်ခိုင်မာသော အခြေခံအုတ်မြစ်ကြောင့် မိုးပြာတိုက်ကြီး၌ နံပါတ်တစ် တစ္ဆေဂိုဏ်းဖြစ်လာ၏။

၎င်း၏ကွပ်ကဲမှုအောက်တွင် မရဏတံခါးဂိုဏ်းကဲ့သို့ တစ္ဆေဂိုဏ်းများစွာ ရှိသည်။

မရဏငရဲနန်းတော်သည် တစ္ဆေသရဲဂိုဏ်းများအတွက် ထာဝရ မြင့်မြတ်မြေလည်းဖြစ်၏။

ငရဲနန်းတော်၏ ဘိုးဘေးမှာ ငရဲအသူရာဧကရာဇ် အဖြစ် လူသိများသည်။ ထိုအကြောင်းအရာအရောက်တွင် စုရီမှာ မျက်ခုံးပင့်လိုက်၏။

သူသည် ငရဲကမ္ဘာသို့ သွားရောက်ကာ ပြန်လည်မွေးဖွားရန် ကြိုးစားစဉ် ထိုအမည်ကို မကြားဖူးခဲ့ချေ။

ဆိုလိုသည်မှာ ဤငရဲအသူရာ ဧကရာဇ်ဆိုသူသည် မိုးပြာတိုက်ကြီး၌ ဉာဏ်အလင်းရရှိသော ဧကရာဇ် ဖြစ်နိုင်၏။

အတွေးများဖြင့် အဝေးရှိ မြို့ငယ်၏ ကောက်ကြောင်းကို ပြတ်ထင်စွာ မြင်လာသည်။ မြို့အထက်လေထုတွင် ညစ်ညမ်းသော ရောင်ဝါနှင့် မြေမှုများ ရောယှက် လွင့်မျောနေ၏။

“ ဒီနေရာဟာ သရဲတစ္ဆေတွေနဲ့ ... နတ်ဆိုးတွေ ရှင်သန်ရာ အရပ်ပဲ ... မဟုတ်ရင် ဒီလောက်သိပ်သည်းတဲ့ မကောင်းဆိုးဝါး ရောင်ဝါတွေ ထွက်ပေါ်နေမှာ မဟုတ်ဘူး ... မြို့ထဲသွားကြည့်ရအောင်။ ”

စုရီမှ စိတ်ဝင်စားသွားသည်။ မြို့အနီးသို့ချဉ်းကပ်သောအခါ အလွန်ခမ်းနား ထည်ဝါသည်ကို သတိထားမိလာ၏။

မြို့ရိုးသည် ပေရာနှင့်ချီမြင့်မားလျက် အနက်ရောင်သံမဏိဖြင့် သွန်းလုပ်ထားသည်။ မြို့ရိုးပေါ်တွင် တပ်စွဲထားသော တပ်သားများ၌ သံချပ်ကာနှင့် လက်နက်များ တပ်ဆင်ပေးထား၏။

သူတို့အားလုံးသည် မဟာသခင်အဆင့် ကျွမ်းကျင်သူများဖြစ်ပြီး သတ်ဖြတ်ခြင်း ရောင်ဝါများ ဖြာထွက်နေသည်။

မြို့အတွင်း၌ စည်ကားသိုက်မြိုက်ကာ လမ်းမများသည် ရထားလုံး(၁၀)စီးခန့် ယှဉ်ပြီး သွားနိုင်၏။ လမ်းဘေးဝဲယာရှိ အိမ်များသည် ရှေးကျဆန်းကြယ်သည်။

အခြားသော မြို့များနှင့်မတူဘဲ လမ်းတစ်လျှောက်တွင် ဓားကိုင်ထားသော စစ်သည်တော်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။

ကောင်းကင်တွင်း အလင်းတန်းများ လင်းလက်လျက် ပျံသန်းရေး ကိရိယာများဖြင့် ပျံသန်းနေသော မူလနန်းတော်အဆင့် ကျွမ်းကျင်သူအချို့လည်း ရှိနေသည်။

“ တစ်နေ့ ... ငါမူလတာအိုနယ်ပယ် ​ရောက်ရင် လွတ်လွတ်လပ်လပ် ပျံသန်းပြီး ငါ့ကို လျှော့တွက်ခဲ့တဲ့ သူတွေကို ကြည့်ခွင့်ပေးမယ်။ ”

“ မင်း အိပ်မက်မက်နေတာလား ... မူလတာအိုနယ်ပယ်ကို လွယ်လွယ်ရောက်မယ် ထင်နေလား။ ”

“ ဟမ့် ... နှစ်အနည်းငယ်အတွင်း တောက်ပတဲ့ခေတ်တစ်ခု ရောက်လာတော့မယ် ဒါဆိုကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေဖြစ်လာပြီး မရေမတွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ကံကြမ္မာတွေထွက်ပေါ်လာလိမ့်မယ်၊ ...

... အခွင့်အရေးကို ဆုပ်ကိုင်နိုင်သရွေ့ မူလတာအိုနယ်ပယ်ကို ... မရောက်နိုင်စရာ အကြောင်းမရှိပါဘူး။ ”

သာမန်ကျင့်ကြံသူအချို့သည် ကောင်းကင်ပေါ်မော့ကြည့်ကာ တောင့်တနေ ကြသည်။ စုရီက ပတ်ဝန်းကျင်မှ စကားများကို နားထောင်လျက် ပျင်းရိလာ၏။ ဤသည်မှာ မူလတာအိုနယ်ပယ်မျှသာ ဖြစ်သည်။

“ တာအိုစု၊ ငါတို့ ခဏလောက် အနားယူဖို့ စားသောက်ဆိုင် ဘာလို့ မရှာရတာလဲ။ ”

လင်းယွင်ဟဲမှ အကြံပြုသည်။

“ ကောင်းပြီ ... ။ ”

စုရီက ခေါင်းညိတ်လိုက်၏။ သို့သော် ထိုအခိုက်တွင် အဝေးမှ တေးဂီတသံများ ပျံ့လွင့် လာသောကြောင့် ရပ်ကြည့်လိုက်မိသည်။

ဤသည်မှာ ရှေးဟောင်းဘုံကျောင်း တစ်ကျောင်းဖြစ်သည်။ ဧကတစ်ရာမျှ ကျယ်ပြီး ဂီတသံများမှာ ထိုအရပ်မှလာခြင်းဖြစ်၏။

“ မရဏတံခါးဂိုဏ်းက သန့်ရှင်းသောသားတော်ကို မကြာသေးမီကမှ ရွေးချယ်လိုက်တယ်လို့ ကြားတယ်။ ”

“ ဒီသန့်ရှင်းသော သားတော်က ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ရှိပြီး ထောင်စုနှစ် တစ်ခုမှာ တစ်ကြိမ်သာ တွေ့ခွင့်ရတဲ့ ပါရမီရှင်မျိုးပဲ ... ဒီနေ့ဝတ်ပြုတေးသွားက သူနဲ့သက်ဆိုင်ပါတယ်။ ”

“ အိုး ... မင်းသန့်ရှင်းသောသားတော် အမည်နဲ့ ဇာစ်မြစ်ကို သိလား။ ”

“ မသိဘူး ... သူ့မူလက မရှင်းမလင်းမို့ ဂိုဏ်းရဲ့အကြီးအကဲတွေက အဲဒီဆန်းကြယ်တဲ့ ဘီလူးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြတယ်။ ”

“ ဘယ်သူသိမှာလဲ ... ဒါဖြစ်နိုင်တယ်ဆိုတာ ... ။ ”

လမ်းသွားလမ်းလာများ၏ စကားကြောင့် စုရီက ‘သွားကြည့်ရအောင်’-ဟု ပြောကြားလိုက် လေသည်။

“ တာအိုစု ... နိဗ္ဗာန်သားတော်ကို ကြည့်ချင်တာလား။ ”

စုရီသည် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးအပေါ် စိတ်ဝင်စားမှု ပြသသဖြင့် လင်းယွင်ဟဲမှ သိချင်သွားသည်။ သို့သော် စုရီမှ ခေါင်းယမ်းလိုက်၏။

“ မဟုတ်ဘူး၊ ဒီလူကို ငါ စိတ်မဝင်စားဘူး တစ္ဆေမြွေနတ်ဘုရားရုပ်တုကို ကြည့်ချင်လို့ သွားတာပါ။ ”

စကားဆုံးသည်နှင့် သူ့လက်များကို နောက်ပို့လျက် ပေါ့ပေါ့ပါးပါးအသွင်ဖြင့် လျှောက်လှမ်းသွားလေသည်။

ဘုံကျောင်းတွင် အမွှေးတိုင်များ ထိန်းညှိနေသော ယုံကြည်ကိုးကွယ်သူများနှင့် အလွန်တက်ကြွ ဆူညံနေ၏။

စျေးသည် အချို့သည် အော်ဟစ်ပြီး လမ်းသွားလမ်းလာများအပေါ် လှမ်းဆွဲသည်။ ထိုနေရာသည် ဆူညံသံများဖြင့် ပြည့်နှက်နေပြီး လေထုသည် သက်ဝင်လွန်းနေ၏။

တံခါး၏ တစ်ဖက်တစ်ချက်စီတွင် ဝါကျအချို့ရေးထွင်းထားသော်လည်း စုရီက တစ်ချက်သာကြည့်ပြီး ဘုံကျောင်းအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။

သေမျိုးလောကရှိ ဒသနများသည် သူ့အတွက် ပျင်းစရာကောင်းလွန်းပေသည်။

“ ဘဝမှာ ကောင်းမှုတွေ လုပ်မလား ... ၊ မကောင်းမှုတွေလုပ်မလား ... ဒါ မင်းအပေါ် မူတည်တယ်။ ”

“ အချိန်ကာလဆိုတဲ့ ဒီယန္တရားကြီး စတင်တည်းက ... ငရဲကမ္ဘာက ဘယ်သူ့ကိုမှ တံခါးပိတ်မထားဘူး။ ”

***

All Chapters