ထူးဆန်းသော မျက်မမြင်အဖိုးအိုနှင့် ကျောက်ခေါင်းတလား။
Vol. 30 Ch. 359
စုရီအဖွဲ့သည် မြို့လယ်ရှိ တိမ်ရနံ့စားသောက်ဆိုင်တွင် အရက်သောက်ပြီး အနားယူနေကြသည်။
“ တာအိုလင်း … ဒီမြို့မှာ ဝိညာဉ်ရေးဆေးဝါးတွေနဲ့ လက်နက်တွေကို ရောင်းဝယ်လို့ရတဲ့ နေရာရှိလား။ ”
စုရီက မေးသည်။ မဟာရှသို့ လာရောက်ရသည့် အကြောင်းရင်းသည် အရင်းမြစ်များအတွက်ဖြစ်၏။
မဟာကျိုး၊ မဟာဝေနှင့် မဟာချင်တို့ ကဲ့သို့သော နိုင်ငံငယ်များတွင် အရင်းအမြစ်များ မလုံလောက်တော့ချေ။ လင်းယွင်ဟဲမှ တဏမျှ စဉ်းစားပြီး၊
“ မြို့ထဲမှာရှိတဲ့ ဆိုင်တွေမှာ ဝိညာဉ်ရေး ဆေးဝါးတွေနဲ့ လက်နက်တွေ ရောင်းပါတယ် မင်းဝယ်ချင်ရင် လင်ချွီဆိုင်ကို သွားလို့ရတယ် ကောင်းကင်ပြည်နယ်မှာ သူတို့က ထိပ်တန်း ကုန်သွယ်ရေး လုပ်ငန်းစုပဲ ...
... ပိုက်ဆံအလုံအလောက်ရှိသရွေ့ ပဉ္စမတန်းအထက် ဝိညာဉ်ရေးဆေးဝါးတွေနဲ့ ဝိညာဉ်ရေးပစ္စည်းတွေကို လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရတယ်။ ”
ထိုစကားကိုကြားပြီးနောက် စုရီမှ ခေါင်းညိတ်လိုက်သည်။ မိန်းကလေးမြောင်ဟွာ၊ ချီချုံးဇီနှင့် အခြားသူများကို သတ်ဖြတ်ခြင်းဖြင့် ရတနာများစွာကို ရရှိထားသည်။
သို့သော် သူ့အတွက် အသုံးပြုနိုင်သည့် အရင်းအမြစ်များသည် အနည်းငယ်မျှသာဖြစ်ပြီး တစ်လအတွင်းကုန်ဆုံးနိုင်ပေမည်။
ထိုအချိန်တွင် လင်းယွင်ဟဲမှ ရုတ်တရက် သတိရသွားကာ၊
“ ပြီးတော့ ကောင်းကင်ပြည်နယ် တစ်ခုလုံးမှာ နာမည်ကြီးတဲ့ တစ္ဆေဈေးဆိုတာ ရှိတယ် အဲဒီတစ္ဆေဈေးမှာ ထူးဆန်းတဲ့ ...
... ရတနာတွေ အများကြီးတွေ့နိုင်တယ် ရောင်းဝယ်ဖို့ကတော့ ... မင်းရဲ့အမြင်ပေါ်မှာပဲ မူတည်တယ်။ ”
စုရီ ခေါင်းညိတ်လိုက်သည်။ အရိုင်းမြေကိုးပါး၌ နာမည်ကြီးတစ္ဆေစျေးများစွာ တွေ့နိုင်မည်။
ထိုကဲ့သို့သော နေရာများသည် အလင်းနှင့်အမှောင် ရောနှောပြီး ကျင့်ကြံသူများ အကြိုက် ထူးခြားရတနာများကို အချိန်မရွေး ရှာတွေ့နိုင်သည်။
သို့သော် တစ္ဆေဈေးကွက်တွင် အနည်းငယ်မျှသည်သာ ရတနာများ ဖြစ်လျက် အများစုသည် လှည့်စားခြင်းခံရပေမည်။
“ တစ္ဆေစျေးက စိတ်ဝင်စားစရာ ကောင်းတယ် ... ဆရာ နောက်မှ ငါတို့အတူတူ သွားကြည့်ကြမလား။ ”
“ ဒါက တာအိုစုအပေါ် မူတည်တယ်။ ”
လင်းယွင်ဟဲမှ ပြုံးကာ စုရီကို ကြည့်လိုက်သည်။ စုရီက ချက်ချင်း ထရပ်ပြီး၊
“ သွားရအောင် ... ငါ့မှာ ဘာမှ လုပ်စရာ မရှိတော့ဘူး။ ”
-ဟု ပြောကြားလိုက်တော့သည်။
တစ္ဆေမြို့တော်ရှိ တစ္ဆေဈေးသို့ ဝင်ပေါက်သည် စျေးဆိုင်တစ်ဆိုင်နောက်တွင် တည်၏။ ထိုနေရာ၌ မြေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု ရှိသည်။
ဤစျေးဆိုင်ပိုင်ရှင်သည် တစ္ဆေမြို့ငယ်ရှိ မရဏတံခါးဂိုဏ်း လက်အောက်တွင် ရှိနေခဲ့ပြီး လူအနည်းငယ်သာ ၎င်းကိုစော်ကားရဲ၏။
လင်းယွင်ဟဲက လူတစ်ဦးစီအတွက် အဆင့်(၃) ဝိညာဉ်ကျောက်တုံးများ ပေးဆောင် ပြီးနောက် တစ္ဆေစျေးသို့ ချောမွေ့စွာ ပို့ဆောင်ခဲ့သည်။
၎င်းကို တစ္ဆေဈေးဟု ခေါ်သော်လည်း အမှန်တကယ်တွင် စျေးဆိုင်မျိုးစုံရှိနေသော မြေအောက်လမ်းကြီးဖြစ်သည်။
အချို့က ဝိညာဉ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ရောင်းချကြပြီး အချို့သည် ရှားပါးရတနာများကို ရောင်းချကြသည်။
သူတို့ကဲ့သို့သော လူအများစုသည် ဆိုင်များရှေ့တွင် ဥဒဟိုလျှောက်လှမ်းနေကြပြီး အချို့သည် စျေးဆစ်ရန်အတွက် ရတနာများကို ကောက်ယူကာ စဉ်းစားနေ၏။
“ လူတွေ အများကြီးပဲ။ ”
“ ဒီတစ္ဆေဈေးက ကောင်းကင် ပြည်နယ်မှာတော့ အရမ်းနာမည်ကြီးတယ် ဒါကြောင့် အခြားမြို့တွေက ကျင့်ကြံသူတွေ အမြဲလာကြတယ်။ ”
လင်းယွင်ဟဲမှ အပြုံးဖြင့် ရှင်းပြသည်။
“ အိုး၊ ဒီကျောက်စိမ်းဆွဲသီးက အရမ်းလှတယ်။ ”
ချင်းယာက ရပ်လိုက်ပြီး လမ်းဘေးရှိ ဈေးဆိုင်တစ်ဆိုင်မှ နှင်းကျောက်စိမ်းဆွဲသီးထံ ညွှန်ပြလိုက်သည်။
ဆိုင်ပိုင်ရှင်သည် ရိုးသားသော အဘိုးကြီးဖြစ်သည်။ သူက ပြုံးပြီး၊
“ မိန်းကလေး၊ မင်း မျက်စိကောင်းတယ် ဟိုအရင်က တစ္ဆေတောင်ပေါ်မှာ မတော်တဆ ဒီကျောက်စိမ်းဆွဲသီးကို ငါရခဲ့တာ။ ”
-ဟု ဆိုကာ သက်ပြင်းချလျက်၊
“ မျက်စိမှုန်လို့ ဒီကျောက်စိမ်းဆွဲသီးရဲ့ အစွမ်းကို မမြင်ရတာ ငါ့အားနည်းချက်ပါ ငါ့မှာ ငွေသာ အရေးတကြီးမလိုရင် အခုလိုရောင်းမှာ မဟုတ်ဘူး ... ဒီရတနာကို ကြိုက်ရင် ဈေးပေးပါ။ ”
ချင်းယာက ကြည်လင်သော မျက်ဝန်းများမှေးစင်းလျက် လက်တစ်ချောင်း ထောင်ပြကာ၊
“ တတိယတန်း နတ်ကျောက်တစ်လုံး။ ”
-ဟု ပြတ်သားစွာ ပြောကြားလိုက်သည်။
အဘိုးအိုခမျာ မယုံနိုင်လောက်အောင် အံ့အားသင့်သွားပြီး ပြုံးလျက်၊
“ ကောင်မလေး၊ မင်း ငါ့ကို နောက်နေတာလား ဒါ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုပဲ ... ဟိုအရင်တုန်းက ...
... ဖောက်သည် တစ်ယောက်က စတုတ္ထတန်း ဝိညာဉ်ကျောက်တုံး ဆယ်လုံးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငါသဘောမတူဘူး။ ”
“ ဝိုး ... တကယ်လား ... ဒါဆို မဝယ်လိုက်မိတာ သူ ကံကောင်းသွားပါတယ် မဟုတ်ရင် သူ့ကိုယ်သူ လူမိုက်လို့ အကြိမ်တိုင်းခေါ်နေမိမှာ ...
... ဘာလို့လဲဆိုတော့ ဒီကျောက်စိမ်းဆွဲသီးက လှရုံကလွဲပြီး ဘာမှ အသုံးမဝင်ပါဘူး။ ”
“ မင်း … ပြဿနာရှာနေတာလား မဝယ်ချင်ရင် အခုချက်ချင်း ထွက်သွားစမ်း ... ။ ”
“ အဘိုးကြီး၊ ငါ့အမြင်အရတော့ မင်းရဲ့ဆိုင်ထဲက အရာအားလုံးကို ဝယ်ဖို့ တတိယတန်း ဝိညာဉ်ကျောက်တစ်လုံးက လုံလောက်ပါတယ် ... မင်းငါ့ကို မရောင်းချင်တာ သေချာလား။ ”
အဘိုးအို၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်လာပြီး ဒေါသကြောင့် တကိုယ်လုံး တုန်တုန်ယင်ယင်နှင့်၊
“ မင်းငါ့ကို သတ်ရင်တောင် မရောင်းဘူး”
-ဟု ပြန်လည် အော်ဟစ်လိုက်သည်။
လင်းယွင်ဟဲက သူ့တပည့်မကို ဖမ်းကိုင်ကာ ချက်ချင်းထွက်ခွာလာခဲ့သည်။
“ ဆရာ ... ဘာလို့ဆွဲခေါ်လာရတာလဲ။ ”
“ တစ္ဆေဈေးကွက်မှာ ရတနာတွေရဲ့ လျှို့ဝှက်ချက်တွေကို မြင်ရင်တောင် ထုတ်ဖော် ပြောလို့ မရဘူး ... ဒါက ဒီစျေးရဲ့ စည်းကမ်းကို ချိုးဖောက်ရာရောက်လိမ့်မယ်။ ”
“ ဒါဆို ငါကြည့်ရုံပဲ ကြည့်တော့မယ် ဘာမှမပြောတော့ဘူး။ ”
သူမသည် ထူးခြားသောစွမ်းရည်ဖြင့် ထိုရတနာများကို အလွယ်တကူ ခွဲခြားနိုင်သည်။ ထိုကြောင့် လှည့်စားမှုများသည် သူမအမြင်တွင် ရယ်စရာဖြစ်နေ၏။
အဖွဲ့လိုက် လှည့်ပတ်ကြည့်ရှုပြီးနောက် ရှားပါး၍လက်ရာမြောက်သည့် အသုံးအဆောင် ပစ္စည်းအချို့ကို တွေ့ရှိခဲ့သည်။
ကြယ်ဝိညာဉ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဆံညှပ်တစ်ခုကို မြင်ချိန်၌ စုရီက ဝယ်ခဲ့သည်။
ဤကြယ်ဝိညာဉ် ကျောက်စိမ်းသည် အမျိုးသမီးတစ်ဦးအတွက် စိတ်ဝိညာဉ်အပေါ် အာဟာရ ဖြစ်စေနိုင်ပြီး ဝိညာဉ်ရေး လက်နက်အဖြစ် ယူဆနိုင်သည်။
ချာကျင်အတွက် လက်ဆောင်ဖြစ်၏။ ထို့နောက် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းတို့အတွက် အရင်းအမြစ်အချို့ ဝယ်ယူပေးခဲ့သည်။
“ ဒီမျက်မမြင်အဘိုးကြီးမှာ ... ကျောက်ခေါင်းတလား တစ္ဆေမီးအိမ်ငါးလုံး ရှိတယ် မီးအိမ်တစ်ခုစီကို ရတနာတွေနဲ့ ဘယ်သူမဆို လဲလှယ်နိုင်ပါတယ်။ ”
ပြတ်သားသော ခပ်တင်းတင်း လေသံကြောင့် စုရီမှ လှည့်ကြည့်လိုက်သည်။ မဝေးလှသော အရပ်တွင် ထူးဆန်းသော ဈေးဆိုင်တစ်ဆိုင်ကို မြင်လိုက်ရ၏။
ဆိုင်ပိုင်ရှင်သည် ပိန်ပိန်ပါးပါး အဘိုးကြီးဖြစ်သည်။ ၎င်းသည် သူတောင်းစား တစ်ယောက်ကဲ့သို့ ပျင်းရိစွာထိုင်နေခဲ့ပြီး မျက်လုံးများ မပါရှိချေ။ အမှန်ပင် မျက်ကန်းတစ်ဦးပေပင်။
သူ့ရှေ့တွင် မီးအိမ်ငါးလုံးတိတိ ချိတ်ဆွဲထားသည်။ မီးအိမ်များကို အနက်ရောင် အကွက်ပုံစံများဖြင့် ပုံဖော်ထားပြီး အတွင်း၌ သွေးဖယောင်းတိုင်ကို ထွန်းညှိထား၏။
သူ့ဆိုင်ရှေ့တွင် လူအများအပြား စုဝေးနေကြပြီး၊
“ မျက်မမြင်အဘိုးကြီး ... ဒီကို ပြန်ရောက်လာပြန်ပြီ ... ပြီးခဲ့တဲ့နှစ် သူပေါ်လာ တုန်းကလည်း ... သူ့မှာ တစ္ဆေမီးအိမ် ငါးလုံးပဲ ကျန်တော့တယ်လို့ ပြောခဲ့သေးတယ်။ ”
အနားရှိ ဆိုင်ပိုင်ရှင်က တိုးညှင်းသော လေသံဖြင့် လှောင်ပြောင် လိုက်လေသည်။
“ ဘာပဲဖြစ်ဖြစ်၊ မျက်မမြင်အဘိုးကြီးရဲ့ တစ္ဆေမီးအိမ်တွေက အရမ်းဆွဲဆောင်မှု ရှိတယ် ကျောက်ခေါင်းတလားတွေကနေ ကြီးကျယ်တဲ့ ကံကြမ္မာတွေရကုန်တယ် ကြားဖူးတယ်။”
ဤအဖိုးကြီး၏ ဇာစ်မြစ်ကို မည်သူမျှ မသိချေ။ ၎င်းမျက်မမြင်အဘိုးအို ပေါ်လာတိုင်း တစ္ဆေမီးအိမ်ငါးလုံးကို ယူဆောင်လာပြီး ထူးဆန်းသော စည်းမျဉ်းများဖြင့် ရောင်းချတတ်သည်။
ထိုအစည်းမျဉ်းများသည် လှဲလှယ်သူ၏ ရတနာသည် မည်မျှပင် အဖိုးတန်ရှားပါးသော အရာမျိုးဖြစ်ပါစေ သူကျေနပ်မှု ရှိရန်လိုသည်။
အရေးကြီးဆုံးမှာ ခေါင်းတလားများကို အလုံပိတ်ထားကာ ချွေးချယ်ပြီးချိန်၌ ပြန်လည် လဲလှယ်ပေးခြင်း မရှိချေ။
နောက်ဆုံးအချက်သည် အမျိုးသမီးများထံ မရောင်းချေ။ သို့တိုင် ဤတစ္ဆေမီးအိမ်များတွင် အံ့သြဖွယ်ရတနာအချို့ ရှိနေဆဲဖြစ်သဖြင့် အလွန်အမင်း ရေပမ်းစားဆဲဖြစ်သည်။
အခြားသော မြို့များမှ ကျင့်ကြံသူများ လာရောက်သည့် အကြောင်းရင်းသည် ဤမျက်မမြင် အဘိုးအို၏ တစ္ဆေမီးအိမ်ငါးလုံးကို ကြည့်ရှုရန်ဖြစ်၏။
မျက်မမြင်အဘိုးအို၏ ဇစ်မြစ်နှင့် နောက်ခံအပေါ်ရှာဖွေရန် အစွမ်းထက်သော ကျင့်ကြံသူများက ကြိုးစားကြသော်လည်း ခြွင်းချက်မရှိ မအောင်မြင်ချေ။
မျက်မမြင်အဘိုးအိုသည် တစ္ဆေဈေးသို့ မည်သို့ရောက်လာပြီး မည်သို့ထွက်သွားသည်ကို မည်သူမျှ မသိနိုင်သည်မှာ ယနေ့အထိပေပင်။
“ ဒါက လုပ်ငန်းတစ်ခု ဖြစ်နေတာတောင် အမျိုးသမီးတွေကို ဘာလို့ ပါဝင်ခွင့်မပေးတာလဲ ဒီမျက်မမြင်အဘိုးကြီးက အရမ်းမုန်းစရာ ကောင်းလွန်းတယ်။ ”
ချင်းယာမှ မကျေမနပ် ရေရွတ်လိုက်သည်။
“ ဒီကမ္ဘာကြီးမှာ ထူးဆန်းတဲ့ လူတွေအများကြီးရှိတယ် သူ ဒီစည်းမျဉ်းကို ချမှတ်တည်းက အကြောင်းပြချက် ရှိမှာပါ။ ”
လင်းယွင်ဟဲမှ ပြောသည်။
“ အကြောင်းပြချက်လား။ ”
စုရီက ပြုံးပြီး၊
“ ဒီစည်းမျဉ်းသုံးခုကို အဲဒီမျက်မမြင် အဘိုးကြီးကနေ သတ်မှတ်တာခဲ့ မဟုတ်ပါဘူး ပြီးတော့ အမျိုးသမီးတွေ ဘာကြောင့် ပါဝင်ခွင့် မပြုရတာလဲဆိုတာ ဒီနေရာက ထွက်သွားပြီးရင် ငါပြောပြမယ်။ ”
-ဟု ပြောကြားလိုက်သည်။
လူတိုင်း အံ့အားသင့်သွားကြပြီး စုရီထံလှည့်ကြည့်လိုက်သည်။ တစ်စုံတစ်ရာကို ဤလူငယ်မှ မြင်လိုက်ပုံရချေပြီ။
“ လာ ... သွားကြည့်ရအောင် ... ။ ”
စုရီမှ ရှေ့သို့ လျှောက်လှမ်းသွားစဉ် ဤမျက်မမြင်အဘိုးအိုသည် မည်သူဖြစ်မည်ကို အတွေးဖြင့် မှန်းဆနေခဲ့တော့သည်။
***