← Chapters

အခန်း (၁၄၄)

Vol. 11 Ch. 144

အခန်း (၁၄၄)

Vol. 11 Ch. 144

"ဆရာ ကျွန်တော့်ကို ကူညီပေးပါဦးလို့ တောင်းဆိုရင် ကိစ္စမရှိဘူးလား"

ဒေမီယန်က တုံ့ဆိုင်းစွာ မေးလိုက်သည်။ သူတစ်ခုခုကို မြင်ချင်ခဲ့သည်။ သို့မဟုတ် သူအခုထိ အားနည်းနေသေးတယ်ဆိုတာကို ပြန်သတိရချင်ခဲ့သည်။

တျန်ယန်က စိတ်ဝင်တစား မျက်ခုံးပင့်လိုက်သည်။

"မင်းမေးမှပဲ သိရမှာပေါ့"

"ဒါဆို ခင်ဗျားရဲ့ အရှိန်အဝါအပြည့်အစုံကို ထုတ်လွှတ်ပေးလို့ရမလား။ ပင်လယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ တကယ့်စွမ်းအားကို ခံစားချင်လို့ပါ"

တျန်ယန်အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ။ ငါ့ရဲ့ အရှိန်အဝါ တစ်ခုလုံးကို ထုတ်လွှတ်လိုက်ရင် မင်းအတွက် ပြင်းထန်တဲ့ ဒဏ်ရာရနိုင်တယ်၊ ဒါမှမဟုတ် သေတောင် သေနိုင်တယ်။ ဒါကြောင့် မင်းခံနိုင်ရည်ရှိမယ်လို့ ငါထင်တဲ့ ပမာဏလောက်ပဲ ထုတ်လွှတ်ပေးမယ်"

ထို့နောက် သူသည် ရွှယ်ယုယွဲ့ဘက်ကိုလှည့်ပြီး သူ့ဆီ လာဖို့ လက်ယပ်ခေါ်လိုက်သည်။

"မင်းလည်း လာခဲ့။ ဒါက သင်ယူဖို့အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံဖြစ်လိမ့်မယ်"

သူမ ဘာကြောင့်ဆိုတာ နားမလည်သော်လည်း ပြောသည့်အတိုင်း လျှောက်လာခဲ့သည်။

သူ့တပည့်နှစ်ဦးလုံး သူ့ရှေ့ရောက်လာသောအခါ တျန်ယန်၏ မျက်နှာက တည်ကြည်သွားတော့သည်။

"မင်းရဲ့ ခန္ဓာကိုယ် မခံနိုင်တော့ဘူးလို့ ခံစားရတဲ့အခါ မင်းရဲ့ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပါ။ အဲဒီအခါကျရင် မင်းရဲ့ အမြင့်ဆုံးအဆင့်ကို ငါ ခန့်မှန်းနိုင်လိမ့်မယ်"

နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ တျန်ယန်က သူ၏ ရှိရှိသမျှ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲလိုက်သည်။ အရင်က ဆရာတစ်ဦးနှင့် အဖိုးအိုတစ်ဦးကဲ့သို့ မဟုတ်တော့ဘဲ အခုတော့ ဧကရာဇ်တစ်ပါးကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အလင်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ဒေမီယန် သို့မဟုတ် ရွှယ်ယုယွဲ့ပင် ဘာဖြစ်နေမှန်း နားမလည်ခင်မှာပဲ သူတို့၏ မျက်စိအမြင်အာရုံ အားလုံး မည်းမှောင်သွားခဲ့သည်။

ညစ်ပတ်သော မှောင်မိုက်မှုသည် အခန်းတစ်ခန်းလုံးကို ပြည့်နှက်နေပြီး ၎င်းသည် တျန်ယန်တစ်ဦးတည်းမှ ထွက်ပေါ်နေပုံရသည်။

သူ့ရဲ့ အရှိန်အဝါကို ပိုမိုထုတ်လွှတ်လေလေ၊ မှောင်မိုက်မှုက ပိုထူလာပြီး သူတို့နှစ်ဦး ခံစားရသည့် ဖိအားက တဖြည်းဖြည်း တိုးလာခဲ့သည်။ သူတို့နှစ်ယောက်လုံး လုံလုံခြုံခြုံ မတ်တပ်ရပ်နိုင်ခြင်း မရှိတော့သည့် အဆင့်အထိ ရောက်သွားခဲ့သည်။

ဒုန်း….

ဒူးထောက်လဲကျသည့်အသံ ကြားလိုက်ရသည်နှင့်အမျှ အရှိန်အဝါ၏ ဖိနှိပ်မှုသည် ဆက်လက်မြင့်တက်လာသည်။ ဒေမီယန်သည် ဖိအားကို လျှော့ချရန် သူ၏ အရှိန်အဝါကို မသုံးသေးသောကြောင့် သူ့ဒူးများ မခံနိုင်တော့ပေ။

အရှိန်အဝါ၏ ဖိအားကြောင့်သာ နေရာလွတ်က စတင်အက်ကွဲလာတော့သည်။ ယခင်က ဒေမီယန်နှင့် တျန်ယန်တို့ စစ်ထိုးစဉ်ကပင် ပျက်စီးသည့် လက္ခဏာမပြခဲ့သော အိမ်၏ ခိုင်ခံ့သော အတွင်းပိုင်းသည် သံချေးတက်ကာ ဟောင်းနွမ်းနေသည့်အလား အသံများမြည်လာသည်။

ထို့နောက် အရှိန်အဝါက ပိုမိုပြင်းထန်လာသည်။

ဒေမီယန်သည် သူကြာမြင့်စွာ မခံစားခဲ့ရသော အရာတစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်ကို သူလုံးဝမေ့လျော့လုနီးပါးပင်။ ၎င်းက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်၊ သူ့ခန္ဓာကိုယ်ကို အေးခဲစေကာ သူ့စိတ်မှာ ဗလာဖြစ်သွားပြီး ချွေးများ အလွန်အကျွံ ထွက်လာခဲ့သည်။ ၎င်းသည် လူသားတစ်ဦး၏ အခြေခံအကျဆုံး ဗီဇပင်။

၎င်းသည် မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားသောအခါ ဖြစ်ပေါ်လာသော မူလ ကြောက်ရွံ့မှုပင်။

'ဒါဘာလဲ'

ဒေမီယန်သည် သူ့စိတ်ကို ဖြောင့်ဖြောင့် မထားနိုင်တော့ပေ။ ဖိနှိပ်မှုကို တန်ပြန်ရန် သူ၏ အရှိန်အဝါကို အသုံးပြုရမည့် အကြံပင် သူ့စိတ်ထဲသို့ မဝင်ခဲ့ပေ။ သူသည် လုံးဝ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ရွှယ်ယုယွဲ့လည်း ပိုကောင်းမနေပေ။ သူမလည်း မြေပြင်ပေါ်တွင် လဲကျနေပြီး အအေးဆုံး အပူချိန်ထဲသို့ ခန္ဓာကိုယ် နှစ်မြှုပ်ထားသည့်အလား တုန်ယင်နေခဲ့သည်။

ကြီးကျယ်သော မျိုးနွယ်စုကြီး ၄ ခုထဲမှ တစ်ခုဖြစ်သော ရွှယ်မျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သူမသည် အမြဲတမ်း အစွမ်းထက်သူများ ဝန်းရံလျက် ရှိသူဖြစ်သည်။ သူမသည် ဥပဒေချိတ်ဆက်မှုနှင့်ပင်လယ်အဆင့် သတ္တဝါများကို လက်ချိုးရေတွက်လို့ပင် မရနိုင်အောင် မြင်တွေ့ခဲ့ဖူးသည်။

သို့သော်လည်း သူမသည် သူတို့၏ စွမ်းအားအားလုံးကို အသုံးချသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိုသို့ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေနိုင်သည့် ပဋိပက္ခမျိုး တစ်ခါမျှ မရှိခဲ့ပေ။

သူမ ယနေ့မှ နားလည်ခဲ့သော မျိုးနွယ်စုကြီး ၄ ခုမှ ချုပ်ဆိုထားသည့် သဘောတူညီချက်တစ်ခု ရှိခဲ့သည်။ ၎င်းတွင် အချက်တစ်ချက်သာ ပါရှိသည်။

"မျိုးနွယ်စုတစ်ခု မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျှင်မှသာ ပင်လယ်အဆင့် ကျွမ်းကျင်သူများကို မသုံးစွဲရ။ 4th class အဖွဲ့ဝင်များအကြား ပဋိပက္ခသည် လူ့ယဉ်ကျေးမှုနှင့် ဝေးကွာသော နေရာတွင် ဖြစ်ပွားရမည်"

သို့သော် အခုတော့ သူမ နားလည်သွားသည်။ ဤကဲ့သို့ စွမ်းအားမျိုးကို မြို့တစ်မြို့အနီး၌ တိုက်ခိုက်ရန် အသုံးပြုလိုက်ပါက၊ အဆိုပါမြို့က စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးခံရမည် ဖြစ်သည်။

သူ၏တပည့်နှစ်ဦးလုံးကို ကြည့်ရင်း တျန်ယန်က ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။

'ထွက်ပြေး.. ငါ ထွက်ပြေးရမယ်'

ဒေမီယန်၏ စိတ်သည် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေရန် ကြိုးစားနေသော်လည်း သူ၏ ဆင်ခြင်တုံတရားက ထိခိုက်နေခဲ့သည်။ သူ၏အရေပြားများ စတင်ကွဲအက်လာပြီး ချွေးပေါက်များမှ သွေးများ စိမ့်ထွက်လာခဲ့သည်။

သူ၏သတိမပါဘဲ သူ၏ အရှိန်အဝါ စတင်ထွက်ပေါ်လာသည်။ သို့သော် ပုံမှန်အရောင် မဟုတ်တော့ဘဲ ပင်လယ်နဂါးနှင့် တိုက်ခိုက်စဉ်ကဲ့သို့ သွေးနီရောင် ဖြစ်နေသည်။

သူ၏မျက်ဝန်းများ ဝဲလည်နေပြီး အထဲမှပါဝင်သည့် အရောင်နှစ်မျိုးမှာ အသာစီးရရန် တိုက်ခိုက်နေကြသည်။ မြင်ကွင်းသည် ကိုယ်ပိုင်အမြီးကို ကိုက်စားနေသည့် မြွေနှင့် တူညီနေသည်။

သို့သော်လည်း အနီရောင်က အနိုင်ရနေသည်။ ၎င်း၏ လက်ဝါးကပ်တိုင်ပုံ မျက်ဆံများသည် ရူးသွပ်စွာ လည်နေရင်း တွားသွားသတ္တဝါကဲ့သို့ အက်ကြောင်းလေးများ ဖြစ်ပေါ်လာပြီး သူ၏မျက်ဝန်းများမှာ လုံးဝသွေးနီရောင် ပြောင်းသွားခဲ့သည်။

သူ၏စိတ်ခံစားမှုများက သူ၏ဦးနှောက်ပေါ် ဖိစီးမှုဒဏ်ကို မခံနိုင်တော့သောကြောင့် သူ၏ စိတ်ထောင်ချောက်ထဲသို့ အလိုအလျောက် တွန်းပို့ခံလိုက်ရသည်။

ဤအတောအတွင်း၌ ဖိအားများက ဆက်တိုက်တိုးနေခဲ့သည်။ ရွှယ်ယုယွဲ့မှာမူ စိတ်ဆုံးရှုံးလုနီးပါးဖြစ်ပြီး အလျှော့ပေးလိုက်ပြီဖြစ်၍ အခန်းထဲမှ ဖိအားအားလုံးကို ဒေမီယန်ဆီသို့ တိကျစွာ ဦးတည်လိုက်သည်။

ရွှယ်ယုယွဲ့က ဘေးမှနေ၍ ကျန်ရစ်နေသည့် ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။ ဖိအားက သူမဆီသို့ ဦးတည်မနေသော်လည်း ၎င်း၏ ကြီးမားသည့်စွမ်းအားကို သူမ ခံစားနိုင်နေဆဲပင်။

ဒေမီယန်သည် သူ၏ကျောပေါ်သို့ စကြဝဠာတစ်ခုလုံး ကျရောက်လာသကဲ့သို့ ခံစားနေရသည်။ ကောင်းကင်ကြီးတစ်ခုလုံးကို သူ ထမ်းပိုးထားရသကဲ့သို့ပင်။ သို့သော် သူ၏စိတ်ခံစားမှုများ ပိတ်လှောင်ခံထားရသောကြောင့် သူ၏ ဆင်ခြင်တုံတရားသည် ယခုမှ ထိန်းချုပ်နိုင်စွမ်း ပြန်ရလာခဲ့သည်။

သို့မဟုတ် အနည်းဆုံးတော့ ရရှိသင့်သည်။ သို့သော် ဒေမီယန်ပတ်လည်ရှိ သွေးနီရောင် အရှိန်အဝါက မတူညီသည့် အရာတစ်ခုကို ပြသနေသည်။

သူ၏သွားများနှင့် လက်သည်းများမှာ အစွယ်နှင့် ခြေသည်းများကဲ့သို့ ရှည်လျားလာသည်။ သူ၏ခြေထောက်ရှိ ကြွက်သားများပင် စွမ်းအားဖြင့် လှုပ်ခတ်နေသည်။ သူ၏ဦးခေါင်းခွံမှ အဖုနှစ်ခု ထွက်ပေါ်လာရန် အစွမ်းကုန် ကြိုးစားနေပြီး သူ၏ကျောတွင်လည်း အတူတူပင်။ ခန္ဓာကိုယ်အောက်တွင် အနက်ရောင်အကြေးခွံများ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

တျန်ယန်သည် လွန်ခဲ့သောအချိန်ကတည်းက သူ၏ အရှိန်အဝါ ထုတ်လွှတ်ခြင်းကို ရပ်တန့်ရန် စဉ်းစားနေခဲ့သော်လည်း ဒေမီယန်အတွင်း၌ ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို မြင်သောအခါ ဆက်လက်ဖိအားပေးနေခဲ့သည်။ ၎င်းက မည်သည့်နေရာသို့ ဦးတည်သည်ကို သူသိလိုခဲ့ခြင်းပင်။

သို့သော် ကံကြမ္မာတွင် အခြားအစီအစဉ်များ ရှိနေခဲ့သည်။

"အားးးး"

ဒေမီယန်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများမှ သွေးများစတင်စီးကျလာပြီး ခန္ဓာကိုယ်အတွင်းရှိ အခြားပြောင်းလဲမှုများနှင့်အတူ သူသည် နတ်ဆိုးသတ္တဝါတစ်ကောင်နှင့် တူနေသည်။

သူ၏ခန္ဓာကိုယ်သည် ပြောင်းလဲရန် ဆက်လက်ကြိုးစားနေသော်လည်း တစ်စုံတစ်ရာက သူ့ကို တားဆီးထားသည်။ ဒေမီယန်သာ စိတ်အခြေအနေမှန်ပါက ၎င်းက ဘာလဲဆိုသည်ကို ချက်ချင်းသိလိမ့်မည်ပင်။ သူ၏ သွေးကြောမှာ လုံးဝပြီးပြည့်စုံခြင်း မရှိသေးပေ။

'စိတ်ဝင်စားစရာပဲ' ဟု တျန်ယန်က သူ့ဘာသာသူ တွေးလိုက်သည်။

'ဗွိုက်နှလုံးသား ကျမ်းစာတွေတောင် မထိန်းချုပ်နိုင်တဲ့ သားရဲတစ်ကောင်။ ကောင်လေးက ဒါကို သူ့စိတ်ထဲမှာ အချိန်တိုင်း မွေးမြူနေတာပဲ'

လုံလောက်ပြီဟု ခံစားရသောအခါ တျန်ယန်က သူထုတ်လွှတ်ထားသော ဖိအားကို လျှော့ချလိုက်သည်။ ၎င်းက သားရဲဆန်နေသော ဒေမီယန်အား ဒေါသထွက်ရန် အခွင့်အရေးပေးလိုက်သည်။

"ဝေါင်းးး"

လည်ချောင်းသံဖြင့် ဟိန်းဟောက်ရင်း သူသည် တျန်ယန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ဒြပ်စင်များ သို့မဟုတ် နည်းစနစ်များ အသုံးပြုခြင်းမရှိ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားစစ်စစ်သာ ဖြစ်သည်။

သို့သော် ဤမျှဖြင့်ပင် သူ့အောက်ရှိ မြေပြင်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ဖြစ်ပေါ်စေရန် လုံလောက်ခဲ့သည်။

သူ၏အမြန်နှုန်းသည် တယ်လီပို့တ်နှင့်ပင် ယှဉ်နိုင်လုနီးပါး အသစ်အဆန်း အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး တစ်ချက်အတွင်း သူ့ပြိုင်ဘက်ရှေ့သို့ ပေါ်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ၏ပြိုင်ဘက်မှာ သူ စနောက်နိုင်သူ မဟုတ်ပေ။

"အိပ်တော့"

တျန်ယန်၏ လက်သည် အနည်းငယ်သာ လှုပ်ရှားလိုက်ပုံရသော်လည်း နောက်တစ်ခဏတွင် ဒေမီယန်က ကြမ်းပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။

ထိုလှုပ်ရှားမှုမှာ ရုတ်တရက်ဖြစ်လွန်းသောကြောင့် သူ၏အရှိန်ကြောင့် ဖြစ်ပေါ်လာသော အားသည် သူ၏လဲကျမှု၏ ခွန်အားကို အထောက်အကူပြုကာ အိမ်၏ ခိုင်ခံ့သော ကြမ်းပြင်များကို ဖောက်ထွင်းပြီး သူ သတိလစ်သွားခဲ့သည်။

အိပ်ပျော်သွားသောကြောင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာသော ဒေမီယန်၏ ပုံရိပ်ကို ကြည့်ရင်း တျန်ယန်က အနည်းငယ် ရယ်မောလိုက်သည်။

"ဒီကောင်လေး ဘယ်လိုလျှို့ဝှက်ချက်တွေ ထပ်ဖွက်ထားသေးလဲ မသိဘူး"

All Chapters