အင်ပါယာထျန်းရှီ၏ စတေးမှု
Vol. 4 Ch. 56
“အရှေ့ပိုင်းနယ်မြေမှာ အဲ့ဒီလူရဲ့ စွမ်းအင်အကြွင်းအကျန်တွေ ကျန်ခဲ့သေးလား”
ဟွမ်းသည် နတ်အင်ပါယာထျန်းရှီ ၏ပြောကြားချက်ကို ကြားပြီးနောက် ထပ်မေးလိုက်၏။
“အဲ့ဒီလူရဲ့ စွမ်းအင်အငွေ့သက်တွေကျန်ခဲ့တယ်၊ ဒါပေမဲ့ အရှိန်အဝါ မရှိတော့ဘူး၊ အဲ့ဒီနောက်ပိုင်းမှာ အရှေ့ပိုင်းနယ်မြေက ကျုပ်တို့ အင်ပါယာတွေတောင် မဝင်ရောက်နိုင်တော့ဘူး၊ နယ်မြေအစပ်မှာတင်ရှိတဲ့ စွမ်းအင်အငွေ့သက်တွေက သာမာန်အအေးဓာတ်နဲ့ မတူတဲ့ အေးစက်မှုကိုခံစားရတယ်၊ ကျုပ်တို့ အင်ပါယာတွေတောင် မခံနိုင်ဘူး” ထျန်းရှီသည် အသေးစိတ်ပြောပြလိုက်၏။ အခြားနတ်အင်ပါယာသုံးပါးပင် ထိုနယ်မြေထဲကိုပင် မဝင်ရောက်နိုင်ချေ။
ဟွမ်းသည် လိုချင်သည့်အဖြေရသည့်အလားပင်ခေါင်းညိတ်လိုက်၏။ လုံးသေချာစေရန် ယွဲ့ဝူယောင်၏ အရှိန်ဝါကို ထုတ်ပြ၍ အတည်ပြုလို့ ရနိုင်ပေသည်။ သို့သော် မလုပ်တော့ချေ။ သူလိုသည့် အဖြေရခဲ့သောကြောင့်ပင်။ အကယ်၍ ယွဲ့ဝူယောင်၏ အရှိန်ဝါကို ထုတ်ပြလိုက်လျှင် ဤဖြစ်ရပ်သည် သူမနှင့် ပတ်သက်နေမှန်း သိရှိသွားကြလိမ့်မယ်။ မလိုလားအပ်သည့် ပြသနာများကို မဖြေရှင်းချင်သောကြောင့်လည်းဖြစ်သည်။ ထို့နောက် အင်ပါယာ ထျန်းရှီကို ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျား အတွက်ရွေးချယ်စရာနှစ်ခုပေးမယ်”
“ဘာလို့လဲ” ထျန်းရှီသည် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ ဤလူငယ်သည် အဘယ်ကြောင့် အရင်းမရှိ အဖျားမရှိပြောရသနည်း။
“စီနီယာ ဆရာကို ကယ်နိုင်တာလား” ထိုက်ဟုန်ကျွင်းသည် သဘောပေါက်သွားပြီးနောက် စိတ်အားထက်သန်စွာ မေးလိုက်၏။
“မကယ်နိုင်ဘူး” ဟွမ်းသည် ခေါင်းခါကာပြောလိုက်၏။ ထိုက်ဟုန်ကျွင်းနှင့် ရှဲ့လန်၏ မျှော်လင့်ချက်များ ပျက်သုန်းသွားခဲ့သည်။ ယခုအခါ ကျင်းဝူတောက်လည်း ရောက်ရှိနေပြီဖြစ်သည်။ သူသည့် ဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းသားသစ်များကို လွဲအပ်ခဲ့ပြီး ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဟွမ်း၏ စကားသံကြောင့် သူသည် ငိုင်ကျသွားခဲ့သည်။ ထိုအခါမှ ထျန်းရှီသည် သဘောပေါက်သွားခဲ့ပြီးမေးလိုက်သည်။
“ရောင်းရင်းပြောတဲ့ ရွေးချယ်စရာကဘာတွေလဲ”
“ပထမတစ်ခုကတော့ ခင်ဗျားရဲ့ ကျိုးပဲ့နေတဲ့ နတ်အမြူတေကို ဖယ်ရှားပစ်ပြီး သာမန်လူဘဝနဲ့ နှစ်တစ်ရာကျော်လောက် ရှင်သန်နိုင်အောင်လုပ်ပေးနိုင်တယ်” ဟွမ်းအတွက် ထိုသို့လုပ်ရန် မခက်ခဲပေ။ နတ်အင်ပါယာ ထျန်းရှီ၏ အမြူတေ ကျိုးပဲခြင်းသည် ယွဲ့ဝူယောင်၏ ဒန်တျန် ကွဲအက်မှုနှင့် မတူညီပေ။ ယွဲ့ဝူယောင်သည် စွမ်းအင်များ အလွန်ကျွံသုံးစွဲမှုကြောင့် သူမ၏ဒန်တျန်သည် တဖြေးဖြေး ကွဲအက်လာပြီး ချီစွမ်းအင်များ ယိုစိမ့်သွားခဲ့ခြင်းဖြစ်သည်။ သူမပြန် ပြန်လည်စုစည်းနိုင်ချင်းမရှိခဲ့ချေ။ သို့သော် ဟွမ်းသည် သူမဒျန်တျန်၏ အက်ကြောင်းများကို သူ၏ စွမ်းအင်နှင့် ပြန်လည်ဖာတေးခြင်းလုပ်ပေးနိုင်ခဲ့သည်။
သို့သော် ထျန်းရှီသည် မတူညီချေ။ ပြင်ပစွမ်းအင် ရိုက်ခက်မှုကြောင့် သူ၏ နတ်အမြူတေသည် ကျိုးပဲ့သွားခဲ့ရသည်။ ထို့အပြင် သူသည် ထိုကျိုးပဲ့နေသည့် နတ်အမြူတေကို အသက်စွမ်းအင်များသုံး၍ တားစီးထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အသက်စွမ်းအင်သည်လည်း များစွာလျော့ကျနေပြီဖြစ်သည်။ သူ့သည် သေဆုံးဖို့ နှစ်အနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် ဟွမ်းသည် ထျန်းရှီ၏ နတ်အမြူတေနှင့် အသက်စွမ်းအင် ချိတ်ဆက်ထားမှုကို ဖြတ်တောက်ပြီး အသက်အန္တရာယ်မရှိတော့အောင် လုပ်ဆောင်ပေးနိုင်သည်။ သာမန်လူအဖြစ် နေရမည်ဖြစ်သော်လည်း နှစ်ရာချီနေနိုင်ဦးမည်ဖြစ်သည်။
ထိုက်ဟုန်ကျွင်းတို့သည် သူဆရာကို မကယ်နိုင်သော်လည်း နှစ်ရာချီအတူနေနိုင်လျင်ပင် သူတို့အတွက် ကောင်းသည့်အရာဖြစ်သည်။ သူတို့ဆရာသည် သာမန်လူသာဖြစ်သွားမည်ဆိုသော်လည်း နှစ်အနည်းသာ ရှင်သန်ရမည်ထက်စာလျှင် အရေးမကြီးတော့ပေ။
“ဒုတိယ တစ်ခုကရော” ထျန်းရှီသည် ဆက်မေးလိုက်၏။ သူ့အတွက်တော့ ရှင်သန်မှုက အရေးမကြီးတော့ချေ။ နှစ်အနည်းငယ်ပဲ နေရသည်ဖြစ်စေ၊ နှစ်အကြာကြီး နေရဦးမည်ဖြစ်စေ အသုံးမဝင်သည့် လူတစ်ဦးအဖြစ်သာနေရတော့မည်ဖြစ်သည်။
“အခုချက်ချင်းသေရမယ်” ဟွမ်းသည် တုံးတိဖြေလိုက်၏။
အားလုံး “...”
“အကျိုးရလာဒ်ကရော” ထျန်းရှီသည် ဆက်မေးလိုက်၏။ သူသည် ညာဏ်ကောင်းသည့် လူအိုကြီးပင်။ အကြောင်းရင်းမရှိပဲ ထိုလူငယ်သည် ထိုကဲ့သို့ ပြောမည်မဟုတ်ပေ။ ထို့ကြောင့် အကြောင်းရင်းကိုမေးလိုက်၏။
“ဒီကောင်လေး နတ်အင်ပါယာအဆင့်ရောက်လိမ့်မယ်”
ဟွမ်းသည် ထိုက်ဟုန်ကျွင်းကို ညွှန်ပြကာပြောလိုက်၏။ သူ၏ ဆိုလိုရင်းကတော့ ရှင်းပေသည်။ သာမန်လူအဖြစ် နှစ်တစ်ရာနေသွားမလား၊ တပည့်ကို အသက်ပေးပြီး နတ်အင်ပါအဆင့် ရောက်အောင် လုပ်ပေးမလားပင်။ သူသည် ရွေးချယ်စရာပေးပြီးခဲ့ပြီဖြစ်သည်။ ရွေးချယ်မှုကတော့ သူတို့ ဘာသာဆုံးဖြတ်ပေလိမ့်မယ်။
ထိုက်ဟုန်ကျွင်းသည် အလွန်ပင် တုန်လှုပ်သွားခဲ့၏။ သူ့ဆရာ၏ အသက်ကို ရင်း၍ နတ်ဘုရင်အဆင့်မရောက်ချင်ပေ။ ဒုတိယရွေးချယ်စရာကြောင့် ကျင်းဝူတောက်နှင့် ရှဲ့လန်တို့သည်လည်း ဘာပြောရမှန်းမသိတော့ချေ။
“ကျုပ်ဒုတိယတစ်ခုကို ရွေးချယ်မယ်” ထျန်းရှီသည် ပြတ်သားစွာရွေးချယ်လိုက်သည်။
“မဖြစ်ဘူးဆရာ၊ ကျုပ်လက်မခံဘူး၊ ကျုပ်မလိုချင်ဘူး” ထိုက်ဟုန်ကျွင်းသည် အသည်းသန်ငြင်းလိုက်လေသည်။ နတ်ဘုရင်အဆင့်လူတစ်ယောက်သည် ကလေးငယ်အတိုင်းပြုမူနေခဲ့သည်။
“မင်းတို့ နှစ်ဦးရော ကန့်ကွက်လား” ထျန်းရှီသည် ကျင်းဝူတောက်နှင့် ရှဲ့လန်ကို ကြည့်ကာမေးလိုက်၏။
“ဆရာအသက်ရင်းပြီး ရှောင်ကျွင်းနတ်အင်ပါယာဖြစ်မဲ့ကိစ္စကို ဆရာနဲ့ ရှောင်ကျွင်းပဲ ဆုံးဖြတ်ပါ၊ ကျုပ်တို့က မကန့်ကွက်ဘူးဆိုပေမဲ့ ဆရာသေဆုံးမှာကိုလည်း မလိုလားပါဘူး”
ကျင်းဝူတောက်သည် ပြောလိုက်၏။ ရှဲ့လန်သည်လည်း ကျင်းဝူတောက်ပြောတဲ့အတိုင်း ခေါင်းညိတ်လိုက်၏။ သူတို့အတွက် ရွေးချယ်ရခက်ပေသည်။ အနာဂတ်အတွက်ဆိုရင်တော့ ထိုက်ဟုန်ကျွင်း နတ်အင်ပါယာဖြစ်သွားလျှင် တစ်ခြားနယ်မြေများက ဖိနှိပ်နိုင်မည် မဟုတ်တော့ချေ။ ထိုအတွက်ပေးဆပ်ရမည်က သူတို့ဆရာ၏ အသက်ပင်။
“မင်းတို့က ဘာတွေ တွေဝေနေတာတုန်း၊ ဒီလူအိုကြီးက ဘယ်လိုပဲ ဖြစ်ဖြစ်သေရမှာပဲလေ၊ ဒီလူအိုကြီးသေတာနဲ့ နယ်မြေသုံးခုက ဖိပ်နိပ်မှာပဲလေ၊ ဘယ်လောက်ပဲ မဟာမိတ်ဖြစ်နေတယ်လို့ဆိုဆို အပေါ်ယံ အယောင်ပြအတွက်ပဲလေ၊ ရှောင်ကျွင်း နတ်အင်ပါယာဖြစ်လာရင်၊ ဘယ်နယ်မြေကအကန်းလို မျက်လုံးမှိတ်ပြီး ဖိနှိပ်ရဲမလဲ၊ ဖိနှိပ်ချင်ရင်တောင် နတ်အင်ပါယာတစ်ပါးရှိတယ်ဆိုတာနဲ့တင် ပြန်စဉ်းစားဖို့လုံလောက်နေပြီ၊ ဒီအတွက် ဒီလူအိုကြီး အသက်ရင်းရတာတန်နေပြီ”
ထျန်းရှီသည် ဆက်တိုက်ပြောဆိုလိုက်၏။ ကျင်းဝူတောက်တို့သည့်လည်း သက်ပြင်းသာချလိုက်ရသည်။ သူတို့ဆရာပြောသည်မှာ အမှန်ပင်။ သို့သော် ထိုက်ဟုန်ကျွင်း သည် လက်မခံနိုင်ချေ။
“ကျုပ်မလုပ်နိုင်ဘူးဆရာ” ထိုက်ဟုန်ကျွင်းသည် တည်ငြိမ်သွားပြီး မျက်နှာသေနှင့်ပြောလိုက်၏။
“ဒါဆို ငါ့တပည့်အဖြစ်ကနေ စွန့်လွှတ်လိုက်ရမလား” ထျန်းရှီသည် ခြိမ်းချောက်လိုက်၏။
“ကျုပ်..” ထိုက်ဟုန်ကျွင်းသည် ပြောစရာစကားမဲ့သွားခဲ့သည်။
“ရှောင်ကျွင်း၊ ငါကလမ်းဆုံးနေပြီ၊ ငါတည်ထောင်ခဲ့တဲ့ဂိုဏ်းကို အနာဂတ်မှာလဲ တောက်ပနေအောင် လုပ်ဖို့ မင်းပခုံးပေါ်မှာ တာဝန်ရှိတယ်၊ မင်း အသင့်ဖြစ်ရင် စရအောင်” ထျန်းရှီသည် ညင်သာသည့် အသံနှင့် တစ်လုံးချင်းပြောလိုက်၏။
ထိုက်ဟုန်ကျွင်းသည် ငြိမ်ကျသွားလေသည်။ ခဏကြာပြီးနောက် ဟွမ်းကိုကြည့်၍ ပြတ်သားသည့်လေသံဖြင့် ပြောလိုက်၏။
“ကျုပ်လုပ်မယ်”
“ကောင်းပြီ၊ ရွှယ်အာ.. ဒီလူဝိညာဉ်ပင်လယ်ထဲကိုဝင်ပြီး သွေးစတေးခြင်းနည်းစနစ်ကို သုံးလိုက်ပါ” ဟွမ်းသည် မော့ရွှယ်အာကိုကြည့်ကာပြောလိုက်၏။ ဤနည်းစနည်သည် မော့ယီနှင့် မော့ရှဲ့ အသုံးပြုခဲ့သည့် နည်းစနစ်ဖြစ်ပေသည်။ ထိုနည်းစနစ်သည် နတ်ဆိုးမျိုးနွယ်တိုင်း တက်မြောက်ကြသည့် နည်းစနစ်ဖြစ်ပေသည်။
“ဟွမ်း၊ ကျွန်မ တစ်ခြားသူကိုထိန်းချုပ်ပြီး သေချာမသုံးတက်ဘူး၊ ကျွန်မ စိတ်ဝိညာဉ်က မတည်ငြိမ်ဘူး” မော့ရွှယ်အာသည် ဤနည်းစနစ်ကို ကိုယ်တိုင် အသုံးပြုနိုင်သော်လည်း တစ်ခြားသူကို ထိန်းချုပ်ပြီး အသုံးပြုရန်ခက်ခဲနေ၏။ အမှားယွင်း တစ်ခုခုဖြစ်သွားလျှင် သူမကိုယ်တိုင်ရော ထျန်းရှီရော ပေါက်ကွဲ သွားနိုင်ပေသည်။
“ပြသနာမရှိဘူး၊ မင်း စိတ်စွမ်းအင်ကို ထိန်းပေးထားပြီး ချိန်ညှိပေးမယ်” ဟွမ်း၏ စကားကို နားထောင်ပြီးနောက် တင်ပလ္လင်ခွေထိုက်ချလိုက်ပြီး မောရွှယ်အာသည် သူမ၏ စိတ်ဝိညာဉ်ကို ထျန်းရှီ ဆီသို့ ပို့လွှတ်ရင်းပြောလိုက်၏။
“အဘိုးကြီး၊ အသုံးမဝင်တဲ့ ဟိတ်ဟန်တွေ ထုတ်မနေနဲ့၊ ခင်ဗျားကသေတော့မှာ”
အားလုံး “...”
တည်ငြိမ်လှသည်ဟွမ်းသည် သူ့ပါးစပ်ပင် သူပြန်ရိုက်ချင်စိတ်ပေါက်သွား၏။ အားလုံး၏ အမူယာသည်လည်း တစ်မျိုးတစ်မည်ဖြစ်သွားခဲ့သည်။
မော့ရွှယ်အာ၏ စိတ်ဝိညာဉ်သည် ထျန်းရှီ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ထျန်းရှီသည် သူ၏ ခန္ဓာကိုယ်ကို မောရွှယ်အာထိန်းချုပ်စေလိုက်သည်။ ဟွမ်းသည် မော့ရွှယ်အာ အမှားအယွင်းမဖြစ်စေရန် သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပင်လယ်ကို စောင့်ကြည့်နေသည်။
ထို့အချိန်တွင် မော့ရွှယ်အာ ထိန်းချုပ်ထားသည့် ထျန်းရှီသည် လက်ပုံစံတစ်ခုပြုလိုက်သည်။ ထိုလက်ပုံစံသည် မော့ယီနှင့် မော့ရှဲ့ ပြုလုပ်ခဲ့သည်ပုံစံနှင့်အတူတူပေ။ ထို့နောက် အင်ပါယာထျန်းရှီ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ အစိမ်းရောင် အလင်းများ ပေါ်ထွက်လာသည်။ ထို့အလင်းများသည် ထိုက်ဟုန်းကျွင်းရှေ့ စုဝေးလာပြီးနောက် ချက်ချင်းပင် မော့ရွှယ်အာသည် ထျန်းရှီ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ထွက်လာခဲ့သည်။