← Chapters

ဖီးနစ်နှလုံးသားလှံ

Vol. 4 Ch. 60

ဖီးနစ်နှလုံးသားလှံ

Vol. 4 Ch. 60

ထိုက်ဟုန်ကျွင်းသည် သွေးများ ဆက်တိုက် အန်နေခဲ့ရသည်။ သို့သော် မပြီးသေးချေ။ ထိုမိုးကြိုးကပ်ဘေးမှ မိုးကြိုးသည် နောက်ဆုံးတစ်ကြိမ် ထပ်မံပစ်ချလိုက်သည်။ ဤအကြိမ်တွင် မိုးကြိုး၏ ဖျတ်စီးခြင်းစွမ်းအားသည် ဆယ်ဆပြင်းထန်ပေသည်။ ထိုအပြင် မိုးကြိုး၏ အလင်းတန်းသည် ပိုမိုကြီးမားကျယ်ပြန့်နေသည်။

“ဂျိန်း..”

ထိုက်ဟုန်ကျွင်းသည် ဤတစ်ကြိမ်တွင်တော့ သူ၏ စွမ်းအင်များစွာကို အသုံးပြု၍ လက်ပုံစံတစ်ခုဖော်ထုတ်လိုက်ကာ သူ၏ အထက်တွင် ကြီးမားထူထည်းလှသည့် ရွှေရောင်အကာကွယ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအကာကွယ်သည် နတ်အင်ပါယာတစ်ဦးပင် ဖြိုခွဲရန် အချိန်အနည်းငယ်ယူရမည်ဖြစ်သည်။

“ဝုန်း”

“ခရက်..”

မိုးကြိုးသည် ထိုအကာကွယ် ထုကြီးကို ထိမှန်ပြီးနောက် ထိုအကာကွယ်သည် ချက်ချင်းပင် ပြိုကွဲလာခဲ့သည်။

“လာစမ်း..”

သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုက်ဟုန်ကျွင်းသည် သူ၏ အံကိုတင်းတင်းကြိတ်ပြီး စွမ်းအင်များကို ထိုအကာကွယ်အတွင်းသို့ ဆက်တိုက် ဖြည့်တင်းနေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် မိုးကြိုးစွမ်းအင်သည် အနည်းငယ် အားပျော့လာသော်လည်း ထိုက်ဟုန်ကျွင်း၏ နတ်စွမ်းရည်သည် ကုန်ခမ်းလုနီးပါးဖြစ်လာခဲ့သည်။

“ဝုန်း...” အကာကွယ်သည် ပြိုပျက်သွားပြီးနောက် ထိုမိုးကြိုးသည် ထိုက်ဟုန်ကျွင်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ သူ၏ အကာကွယ်ကြောင့် မိုးကြိုးစွမ်းအင်များသည် အားပျော့သွားသော်လည်း သူ့တွင် နတ်စွမ်းအင်များ မရှိတော့သည်မို့ ပြင်းထန်သည့် ရိုက်တစ်ခုပင် ဖြစ်နေသေးသည်။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းသည် မေ့မျောလုနီးပါး ဖြစ်သွားခဲ့သည်။

ကျင်းဝူတောက်အပါအဝင် ထိုက်ရွှမ်ဂိုဏ်းသားများသည်လည်း စိုးရိမ်ကြီးစွာ စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ထိုက်ဟုန်ကျွင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင် စွမ်းအင်များ ဖြစ်တည်လာခဲ့သည်။ ထိုရွှေရောင်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တွင် နာရီလက်တံအတိုင်း ရစ်ဝဲနေကြသည်။ ထို့နောက် ထိုရွှေရောင်စွမ်းအင်များသည် ထိုက်ဟုန်ကျွင်း၏ နတ်အမြူတေ အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူ၏ ဝိညာဉ်ပင်လယ်သည် နတ်စွမ်းအင်များကို အရူးအမူးစုပ်ယူနေသည်။

“ဝုန်း..”

အချိန်အနည်းငယ်ကြာပြီးနောက် ထိုက်ဟုန်ကျွင်း၏ ခန္ဓာကိုယ်မှ စွမ်းအင်ပေါက်ကွဲသည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရှိန်အဝါကြောင့် ထိုက်ရွှမ်ဂိုဏ်းသားများပင် ဒူးထောက်လုမတက်ဖြစ်သွားခဲ့ရသည်။

“ဂိုဏ်းချုပ်အောင်မြင်ပြီ..” ဂိုဏ်းသားများသည် သူတို့အပေါ် သက်ရောက်နေသည့် ဖိအားများကို ဂရုမစိုက်နိုင်တော့ပဲ အော်ဟစ်လိုက်ကြသည်။ ထိုက်ဟုန်ကျွင်း၏ နတ်အင်ပါယာ အဆင့်ရောက်သွားသည်အပေါ် အလွန်ပင်ပျော်ရွှင်နေကြသည်။

“ရှောင်ကျွင်း” ကျင်းဝူတောက်သည် တီးတိုးရေရွတ်လိုက်ရင်း သူ၏မျက်နှာထက်တွင် ဂုဏ်ယူမှုများပြည့်နှက်နေတော့သည်။ ယနေ့တွင် ထိုက်ရွှမ်ဂိုဏ်းချုပ် ထိုက်ဟုန်ကျွင်းသည် နတ်အင်ပါယာအဆင့် အစွမ်းထက် ပညာရှင်တစ်ဦးဖြစ်သွားပြီ ဖြစ်သည်။

“ဆရာ ထိုက်ရွှမ်ဂိုဏ်းဘက်က တိမ်မဲကြီးတွေပျောက်ကွယ်သွားပြီ” ယွဲ့ဝူယောင်သည် ထိုက်ရွှမ်ဂိုဏ်းဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ သူတို့သည် အနက်ရောင်တိမ်မဲများ စတင်စုဝေးလာကတည်းကသတိထားမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်တစားကြည့်နေခဲ့ကြသည်။

“အဲ့ဒီကောင်လေး နတ်အင်ပါယာ ဖြစ်သွားပြီ” ဟွမ်းသည် သူ့တပည့်များကြားလောက်သည့် လေသံဖြင့်သာပြောလိုက်၏။

“တပည့်တို့ သုံးလလောက်လေ့ကျင့် လိုက်တာဆိုတော့ မီးစွမ်းအင်ကို ခံနိုင်ရည်ရှိသွားပြီထင်တယ် အပူဒဏ်ကို သိပ်မခံစားရတော့ဘူး” ပိုင်ကျန့်ယွီသည် ဝင်ရောက်ပြောလိုက်၏။

“မဟုတ်ဘူး ရှင်းယန်က ဒီဟော်ရန်တောင်ရဲ့ မီးစွမ်းအင် ဖြစ်တည်မှု အရင်းမြစ်ကို ရသွားခဲ့တာကြောင့်ပဲ” ဟွမ်းသည် တွင်းနက်ထဲသို့ စိုက်ကြည့်ရင်းပြောလိုက်၏။

လွန်ခဲ့သည့် နှစ်လက လုရှင်းယန်သည် ထိုချော်ရည်များ၏ တိုက်စားမှုဒဏ်ကို ခံနိုင်အောင် ကြိုးစားခဲ့ရသည်။ တစ်လကျော် အပြင်းအထန် ကြိုးစားခဲ့ပြီးနောက်မှာ သူသည် ချော်ရည်အတွင်း အချိန်အနည်းငယ် နေနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင် သူသည် တဖြေးဖြေးနှင့် အောက်ခြကို ရောက်အောင် ဆင်းကြည့်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း မီးခဲအလား နီရဲနေပြီး သူ၏ အစိမ်းရောင်သွေးကြောများပင် အနီရောင်ဖုံးလွမ်းနေခဲ့သည်။

လုရှင်းယန်သည် အောက်ခြေသို့ရောက်ရှိခဲ့ပြီးနောက် ပြင်းထန်လွန်းသည့် မီးစွမ်းအင်များ ပေါ်ထွက်နေသည့် လှံရှည်တစ်ချောင်းသည် ကျောက်သားထဲတွင် နစ်မြုတ်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် လုရှင်းယန်သည် ထိုလှံအနီးသို့ချည်းကပ်ကာ ကြည့်လိုက်လေသည်။

ထိုလှံ၏ လက်ကိုင်ရိုးတွင် ဖီးနစ်ငှက်၏ အမွေးအတောင်များကဲ့သို့ လှပသည့် အမွှေးအတောင်များကို ထွင်းထုထားသည်။ အချို့နေရာများတွင် ကြေးနီရောင် မီးလျှံပုံစံများ ရေးထွင်းထားသည်။ လက်ကိုင်နေရာသည် အလွန်ပင်ကျစ်လျစ်မာကျောလှသည်။

လုရှင်းယန်သည် အားရဝမ်းသား ပြေးကိုင်လိုက်ရာ သူလက်ပါ လောင်ကျွမ်းမတက် ခံစားလိုက်ရသည်။

‘ဒီလှံကြောင့် မီးတောင်ကြီးဖြစ်လာခဲ့တာလား၊ ဖြစ်နိုင်တာက အစက ဟော်ယန်တောင်ရဲ့ ထိပ်မှာ စိုက်နေတာပဲဖြစ်မယ်၊ အချိန်ကြာလာတဲ့နောက် သူ့ရဲ့ အပူရှိန်ကြောင့် ကျောက်သားနဲ့ မြေသားတွေပါ အရည်ပျော်ပြီး ဒီလိုတွင်းနက် ဖြစ်ပေါ်လာတာထင်တယ်၊ ဘယ်လောက်စွမ်းအားကြီးတဲ့ လှံမို့ ဒီလို ဖျတ်စီးအားကောင်းနေရတာလဲ’

လုရှင်းယန်သည် ထိုအတွေးများကို ဖယ်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်ကို ထိုလှံအတွင်း ထည့်သွင်းလိုက်ရာ ချက်ချင်းပင် သွေးအန်ထွက်လာသည်။

“ကြောက်စရာကောင်းလိုက်တာ”

ထို့နောက်လုရှင်းယန်သည် ထိုလှံ၏ စွမ်းအင်နှင့် ရင်းနီးစေရန် ရက်အနည်းငယ်ခန့် ထိုသို့ ပြုလုပ်နေခဲ့သည်။

“မင်းပိုင်ရှင်မဲ့နေတာကြာပြီမလား၊ ဒီနေရာမှာပဲ တစ်သက်လုံးနေသွားမလို့လား” လုရှင်းယန်သည် ထိုလှံကိုကြည့်ကာမေးလိုက်၏။ သို့သော် ထိုလှံသည် မည်သို့မျှ မတုန့်ပြန်ချေ။ ထို့နောက် လုရှင်းယန်သည် နည်းလမ်းမျိုးစုံနှင့် ဆွဲဆောင်နေခဲ့သည်။ ဆွဲဆောင်ရလွန်း၍ သူ၏ပါးစပ်တွင် အမြုပ်များပင် ထွက်နေလေသည်။

“မင်းနဲ့ ငါသဘောတူညီမှု ယူကြမလား၊ မင်းလုပ်ချင်တာရှိရင်ငါကူညီပေးမယ်၊ ငါနဲ့လိုက်ခဲ့ပြီး ပူးပေါင်းပေး” လုရှင်းယန်သည် ထိုသို့ပြောပြီး အချိန်အတော်ကြာပြီးနောက် ထိုလှံမှ ထွက်ပေါ်နေသော ကြောက်စရာကောင်းသည့် အပူစွမ်းအင်သည် လျော့နည်းလာသည်။ ထိုလှံသည် လုရှင်းယန်ပြောတာသဘောတူသည့်အလားပင်။ ထို့နောက် လုရှင်းယန်သည် ထိုလှံကို ကျောက်သား အတွင်းမှ ဆွဲနုတ်လိုက်သည်။ ထိုလှံသည် ခုနှစ်ပေကျော်ရှည်လျားသည်။

လုရှင်းယန်သည် ထိုလှံကို ကိုင်ပြီးနောက်ပြောလိုက်သည်။

“ငါ့ရဲ့ အသက်သွေးကြောရတနာ လုပ်မလား”

“ဝုန်း” လုရှင်းယန်သည် ချက်ချင်းပင် လွင့်စင်သွားခဲ့သည်။ ထိုလှံသည် လက်မခံသည့်အလားပင် သူ၏ ပြင်းထန်သည့် အရှိန်ဝါကို ထုတ်လွှတ်လိုက်သည်။

“ကောင်းပြီ မပြောတော့ဘူး၊ အပေါ်တက်ကြစို့”

သို့သော်သူမပျံနိုင်ပေ။ လုရှင်းယန်သည် အခက်တွေ့သွားလေသည်။

‘ဒီလှံကို စီးလိုက်ရမလား’

“ဝုန်း..” ထပ်မံလွင့်စင်သွားပြန်သည်။

‘ငါတွေးယုံပဲတွေးလိုက်တာပါဟ’

“ဒုတိယ အစ်ကို၊ ဘာတွေလုပ်နေတာတုန်း” လျှိုမင်ယွမ်၏ အသံသည် ထွက်ပေါ်လာခဲ့သည်။

လုရှင်းယန်သည် မျက်ရည်ကျလုမတက် ပျော်ရွှင်သွားခဲ့သည်။ နောက်ဆုံးတော့ သူ့အတွက် အကူညီရောက်လာခဲ့လေပြီ။

“မင်း ဘယ်လိုလုပ်ရောက်လာတာလဲ၊ ပြီးတော့ မင်းမီးစွမ်းအင်ဒဏ်ပါခံနိုင်နေပြီလား” လုရှင်းယန်သည် အံ့ဩစွာမေးလိုက်၏။

“ပန်းဝိညာဉ်နဲ့ ဆင်းလာတာလေ၊ အကိုကြီး ပတ်ဝန်းကျင်လဲကြည့်ပါဦး မီးစွမ်းအင်တွေ မရှိတော့ဘူး ချော်ရည်တွေလဲ ခဲစပြုနေပြီ” လျှိုမင်ယွမ်ပြောမှ သာ လုရှင်းယန်သည် ပတ်ဝန်းကျင်ကို အကဲခက်ကြည့်လိုက်မိသည်။

အပူအငွေ့သက်များ ကျန်နေသေးသော်လည်း အဆင့်နိမ့်ကျင့်ကြံသူပင် ခံနိုင်ရည် ရှိမည် အပူဒဏ်လောက်သာရှိတော့သည်။ လုရှင်းယန် နားလည်သွားလေသည်။ ထိုလှံသည် သူ၏ အရှိန်ဝါများကို ရုပ်သိမ်းလိုက်သောကြောင့် မီးစွမ်းအင်များ ပျောက်ကွယ်ခဲ့ရပြီဖြစ်သည်။ သူသည် အမြုပ်ထွက်ရကျိုးနပ်သည်ဟုခံစားလိုက်ရသည်။

အားလုံးသည် တွင်းနက်၏ အောက်ခြေသို့ရောက်နေကြပြီဖြစ်သည်။ သူတို့သည် မီးစွမ်းအင်များ လျော့နည်းသွားသောကြောင့် ဆင်းလာခဲ့ကြခြင်းဖြစ်သည်။ ဟွမ်းသည် ထိုလှံကို ကိုင်ကြည့်နေသည်။ တပည့်များလည်း စိတ်ဝင်တစားကြည့်နေကြသည်။

ထိုလှံ၏ အဓိက အစိတ်အပိုင်းဖြစ်သော ဓားသွားသည် တောက်ပသော မီးဖီးနစ်ကျောက်ဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ၎င်း၏ အရောင်သည် နီရဲတောက်ပနေသည်။ ဓားသွား၏ ပုံစံသည် သာမန်လှံဓားသွားများထက် ပိုမိုရှည်လျားပြီး၊ ဘေးနှစ်ဖက်စလုံးတွင် ဖီးနစ်ငှက်၏ အတောင်ပံများကဲ့သို့ ခုံးထွက်နေသည့် အနားသတ် ပုံစံလုပ်ထားသည်။

ထိုအနားသတ်များသည် အလွန်ထက်ရှပြီး၊ သတ္တုများကိုပင် တိကနဲ ဖြတ်တောက်နိုင်စွမ်းရှိသည်။

“ဖီးနစ်နှလုံးသားလှံ၊ ဒီလှံက ဖီးနစ်မျိုးနွယ်က လူတစ်ယောက်ကိုင်ဖူးခဲ့တဲ့လှံပဲ၊ ရှင်းယန် မင်းအပြည့်ဝထိန်းချုပ်နိုင်သွားရင်တော့၊ သူစွမ်းအားက တိမ်လွှာဓားထက် အောက်ကျမှာမဟုတ်ဘူး” ဟွမ်းသည် အားလုံးကိုရှင်းပြလိုက်သည်။ ဖီးနစ်နှလုံးသားလှံသည် တိမ်လွှာဓားကဲ့ လက်နက်ဝိညာဉ်မဖြစ်ပေါ်သေးချေ။

“မင်းအတွက် သင့်လျော်တယ်၊ အသက်သွေးကြောလက်နက်လုပ်လိုက်” ဟွမ်းသည် ဖီးနစ်နှလုံးသားလှံကို ကိုင်ရင်းပြောလိုက်သည်။ သို့သော် ထိုလှံသည် ဆန့်ကျင်သည့်အလား အရှိန်ဝါဖော်ထုတ်လိုက်၏။

“ဝုန်း..”

ဟွမ်းသည် ဖီးနစ်နှလုံးသားလှံကို အပေါ်မှ အောက်သို့ လွှဲရိုက်လိုက်သည်။ ထိုလှံ၏ထိပ်အသွားသည် ကျောက်သားအတွင်းတွင် ထပ်မံနစ်မြုတ်သွားပြန်သည်။

အားလုံး “...”

All Chapters