← Chapters

ကျုပ်ကို တပည့်အဖြစ်လက်ခံပေးပါ

Vol. 4 Ch. 49

ကျုပ်ကို တပည့်အဖြစ်လက်ခံပေးပါ

Vol. 4 Ch. 49

လဲ့သားအဖတို့ မီးလောင်ကျွမ်းနေချိန်တွင် ထိုက်ဟုန်ကျွင်းတို့သည် တစ်ခုခုဝင်ပြောရန်ကြံရွယ်လိုက်သော်လည်း ဘာမှ ဝင်မပြောရန်သာဆုံးဖြတ်လိုက်၏။ သူတို့ဂိုဏ်းသားတွင် ယုတ်ညံ့သည့်စိတ်ဓာတ်မျိုးရှိသူဆိုရင် ဂိုဏ်းပါနာမည်ပျက်နိုင်ပေသည်။ ထို့ကြောင့်ပြသနာမရှိချေ။ ထို့အပြင် ထိုလူ၏ မီးတောက်သည် လုရှင်းယန်၏ မီးတောက်ကဲ့သို့ အပူရှိန်ကို မခံစားရသော်လည်း ကြောက်စရာကောင်းသည့် ခံစားချက်များပေးစွမ်းနေသည်။

လဲ့သားအဖ သေဆုံးပြီးနောက် ဟွမ်းသည် ထိုက်ဟုန်ကျွင်းတို့ကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်၏။

“ဒါဆို မိန်းကလေးမုန့် ကိုဂိုဏ်းသားအဖြစ်လက်ခံဖို့ ပြသနာမရှိတော့ဘူး၊ မင်းတို့ဂိုဏ်းစည်းမျဉ်းကို ချိုးဖောက်ရာမရောက်တော့ဘူးမလား”

ထိုက်ရွှမ်ဂိုဏ်းညီအစ်ကိုသုံးဦး “...”

‘ကျုပ်တို့ ဂိုဏ်းသားတစ်ဦးကို သတ်လိုက်တာလေဗျာ၊ စည်းမျဉ်း ဆိုတဲ့စကားကို ခင်ဗျားမလို့ ပြောထွက်တယ်’

“ကျေးဇူးတင်ပါတယ် အရှင်”

မုန့်ချန်အာသည် ဦးညွှတ်လိုက်၏။ ဟွမ်းသည် စိတ်ထဲမထားပေ။ ဤမိန်းကလေးသည် တုဟယ်မြို့တွင် ရှိစဉ်က ကောင်းမွန်စွာ ဆက်ဆံခဲ့သည့်အတွက်ကြောင့် ပြန်လည် တုန့်ပြန်ပေးခြင်းပင်။ ထို့အပြင် ဟွမ်းသည် ဤမိန်းကလေးအပေါ်တွင် အမြင်ကောင်းများရှိ၏။

“မင်းရော ဘယ်နည်းလမ်းနဲ့သေချင်လဲ” ဟွမ်းသည် လဲ့ရွှမ်ယန်ကို မေးလိုက်၏။ လဲ့ရွှမ်ယန်သည် တုန်လှုပ်သွားခဲ့သည်။ သူသည် သေရတော့မည်ဖြစ်သည်။ သို့သော် သူ့တွင် ရုန်းကန်နိုင်စွမ်းမရှိချေ။

“ဆရာ..လဲ့မျိုးနွယ်ခေါင်းဆောင်ကို ကို လွှတ်ပေးလိုက်ပါ သူက တပည့်အပေါ် ဘာတစ်မှ ဆိုးတာမလုပ်ခဲ့ပါဘူး”

ယွဲ့ဝူယောင်သည် လဲ့ရွှမ်ယန်ကို မသေစေချင်ပေ။ သူမ သိသလောက်ဆိုလျင် လဲ့ရွှမ်ယန်သည် သူမအပေါ်ကောင်းပေးခဲ့သည်။ အမြဲတမ်း အကာကွယ်မပေးနိုင်ခဲ့လျင်တောင် ဆိုးယုတ်သည့်လုပ်ရပ်များ မလုပ်ခဲ့ပေ။ထို့အပြင် ဆယ်နှစ်ကျော် နေစရာပေး၍ မွေးစားသမီးဟု ကြေညာ၍ စောင့်ရှောက်ပေးထားခြင်းအတွက် ကျေးဇူးတရားများရှိပေသည်။

“ရွှယ်အာ ဟို သုံးယောက်ကို အပြင်ထုတ်လိုက်” ဟွမ်းသည် ထိုက်ဟုန်ကျွင်းတို့ သုံးဦးကို မော့ရွှယ်အာ၏ အစီအရင်အတွင်းမှ ထုတ်ခိုင်းလိုက်၏။

ထိုက်ဟုန်ကျွင်းတို့ညီအစ်ကိုများ “...”

‘မလိုအပ်တော့ ပစ်ပယ်ခံရပြီပေါ့’

“မလုပ်ခဲ့တာ မဟုတ်ဘူး၊ မလုပ်ရဲတာ၊ ဒါပေမဲ့ မင်းအပေါ် ကောင်းကောင်းမစောင့်ရှောက်နိုင်ဘူး၊ ထားပါလေ သူ့ကို မသတ်ချင်တာ သေချာပြီလား” ဟွမ်းသည် မေးလိုက်၏။

“ဟုတ်” ယွဲ့ဝူယောင်သည် ခေါင်းညိတ်ကာဖြေလိုက်၏။

ဟွမ်းသည် ယွဲ့ဝူယောင်၏ နဖူးကို လက်ဖြင့် ထိလိုက်၏။ ယွဲ့ဝူယောင်၏ စိတ်ဝင်ညာဉ်အတွင်းမှ လဲ့ရွှမ်ယန်၏ စိတ်ဝိညာဉ်အပိုင်းစတစ်ခုထွက်လာခဲ့သည်။

“ဒါက..” ယွဲ့ဝူယောင်သည် အံ့ဩသွားသည်။ လဲ့ရွှမ်ယန်၏ စိတ်ဝိညာဉ်အပိုင်းစ သူမထံရှိ မှန်းသတိတောင်မထားခဲ့ချေ။ သူမသည် ခေါင်းထဲ အတွေးများနှင့်ပြည့်နှက်လာသည်။

‘လဲ့မျိုးနွယ်ခေါင်းဆောင်ရဲ့စိတ်ဝိညာဉ်အပိုင်းစက ဘာလို့ ငါ့ဆီရောက်နေတာလဲ ၊ ပြီးတော့ ဆရာကငါ့အကြောင်းတွေသိနေတာလား’

“ဒါက ယောင်အာက ပေးတဲ့ သနားကြင်နာမှုပဲ၊ မင်းတာဝန် မကျေခဲ့တာအတွက် မင်းအသက်ရှင်နေတာကိုက မင်းရဲ့ကောင်းချီးဖြစ်သွားပြီ” ဟွမ်းသည် လဲ့ရွှမ်ယန်၏ စိတ်ဝိညာဉ်ကို ပြန်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ်” လဲ့ရွှမ်ယန်သည် တုန်တုန်ယင်ယင်နှင့် သူ၏ စိတ်ဝိညာဉ်အပိုင်းစကို ယူလိုက်၏။ ဆယ်ငါးနှစ်ကျော် ခံခဲ့ရသည့်ဒုက္ခ လွှတ်မြောက်သွားပြီးနောက် စိတ်အေးသွားခဲ့သည်။

“ဝူယောင်၊ ဒီစိတ်ဝိညာဉ်အပိုင်းစကြောင့် မင်းကို မွေးစားခဲ့ရပေမဲ့၊ မင်းကို ဂရုစိုက်ခဲ့တာ စိတ်ရင်းအမှန်ပါ၊ မင်းကိုလာခေါ်တဲ့သူပေါ်လာပြီဆိုတော့၊ ငါစိတ်အေးသွားပါပြီ”

လဲ့ရွှမ်ယန်သည် အမှန်တိုင်းပင်ပြောလိုက်၏။ ဆယ်နှစ်ကျော်စောင့်ရှောက်ပေးခဲ့ရသောကြောင့် သူမအပေါ် သံယောဇဉ်ရှိတာတော့ အမှန်ပင်။

“မျိုးနွယ်ခေါင်းဆောင် ဘာကိုပြောချင်တာလဲ” ယွဲ့ဝူယောင်သည် ဘာမှနားမလည်သည့်အလားမေးလိုက်၏။

“ယောင်အာ အိမ်တော်ရောက်မှ ရှင်းပြပေးမယ်” ဟွမ်းသည် ယွဲ့ဝူယောင်ကို ပြောလိုက်၏။

ဟွမ်း “ရွှယ်အာ အစီအရင်သိမ်းလိုက်တော့”

“ကောင်းပြီ” မော့ရွှယ်အာသည် အစီရင်ကို သိမ်းဆည်းလိုက်ပြီးနောက် ပရိတ်သတ်များ၏ ရှေ့တွင် ပြန်လည်ပေါ်လာခဲ့ပြီဖြစ်သည်။ သူတို့သည်လည်း အတွင်းတွင် ဘာတွေဖြစ်ခဲ့သလဲ စပ်စုချင်နေကြသည်။

“မင်းသွားလို့ရပြီ၊ ဒီအကြောင်းကို တစ်သက်လုံး စိတ်ထဲမှာပဲသိမ်းထား”

ဟွမ်းသည် လဲ့ရွှမ်ယန်ကို သတိပေးလိုက်ကာ ထွက်သွားစေသည်။ လဲ့ရွှမ်ယန်သည် ယွဲ့ဝူယောင်ကို တစ်ချက်ကြည့်လိုက်ကာ ရှေးနဂါးရင်ပြင်၏ ထွက်ပေါက်ကို ဦးတည်သွားသည်။

“ပြန်ကြစို့..” ဟွမ်းသည် အိမ်တော်သို့ပြန်ရန် တပည့်များကို ပြောလိုက်သည်။ ထိုအချိန်တွင် လူငယ်တစ်ဦးရောက်လာပြီး ဟွမ်းကိုကြည့်၍ ပြောလိုက်သည်။

“အကြီးအကဲ ကျုပ်ကို တပည့်အဖြစ်လက်ခံပေးပါ”

ထိုလူငယ်မှာ ထျန်းလုံဖြစ်ပြီး ဟွမ်းရောက်လာသည့် အချိန်ကတည်းက သူ၏ စိတ်ထဲတွင် တပည့်အဖြစ်တောင်းဆိုမည်ဟုသာ တွေးနေခဲ့သည်။ ထို့ကြောင့် ဟွမ်း အစီအရင်ထဲက ထွက်လာသည့် အချိန်တွင် ချက်ချင်းပြေးလာကာ ပြောလိုက်ခြင်းဖြစ်သည်။

“မင်းကထိုက်ရွှမ်ဂိုဏ်းထဲ ဝင်ပြီးပြီမဟုတ်လား” ဟွမ်းသည် အေးစက်စက် အသံနှင့်သာ ပြောလိုက်၏။

“ကျုပ်က ဂိုဏ်းထဲ ဝင်ပြီးပေမဲ့ ဆရာ မတင်ရသေးဘူးလေ၊ လိုအပ်ရင် ထိုက်ရွှမ်ဂိုဏ်းထဲက ထွက်လိုက်ပါ့မယ်” ထျန်းလုံသည် ပြတ်သားသည့်လေသံဖြင့်ပြောလိုက်၏။ ဟွမ်း တပည့်များ၏ စွမ်းရည်များကို သူကိုယ်တိုင် မြင်တွေ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် ထိုက်ရွှမ်ဂိုဏ်းက ထွက်လိုက်ရလျှင်လဲ ပြသနာ မရှိချေ။ ထိုက်ဟုန်ကျွင်းသည် မျက်မှောင်ကြုတ်သွားခဲ့၏။

“ကောင်းပြီ၊ ထွက်လိုက်” ဟွမ်းသည် ပြောလိုက်၏။

“ဂိုဏ်းချုပ် ကျုပ်က ထိုက်ရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းသားသစ် အခမ်းအနားကို မတက်ရောက်ရသေးတာမလို့ ကျုပ်က ထိုက်ရွှမ်ဂိုဏ်းရဲ့ တရားဝင်ဂိုဏ်းသားမဖြစ်သေးပါဘူး၊ ဒါကြောင့် ထိုက်ရွှမ်ဂိုဏ်းထဲ ဝင်ဖို့ လက်လျော့လိုက်ပါပြီ၊ ဂိုဏ်းချုပ် ခွင့်ပြုပေးပါ” ထျန်းလုံသည် ထိုက်ဟုန်ကျွင်းကို ကြည့်ကာ မတက်သာသည့်ပုံစံဖြင့် တောင်းဆိုလိုက်၏။

“ခွင့်ပြုတယ်၊ မင်းက နောက်ထပ် ထိုက်ရွှမ်ဂိုဏ်းထဲ ဝင်ဖို့ အခွင့်ရေးမရှိတော့ဘူး” ထိုက်ဟုန်ကျွင်း၏ လေသံသည် အေးစက်နေသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ထျန်းလုံ၏ လေသံသည် အနည်းငယ် ဝမ်းနည်းနေသည့်ပုံပေါက်နေသည်။

“အကြီးအကဲ ကျုပ် ထိုက်ရွှမ်ဂိုဏ်းက ထွက်ပြီးပါပြီ၊ တပည့်အဖြစ်လက်ခံပေးပါ” ထျန်းလုံသည် ထပ်မံတောင်းဆိုလိုက်၏။

“ကောင်းပြီ၊ ငါ့စမ်းသပ်ချက်ကို အောင်မြင်ရင် လက်ခံမယ်၊ စမ်းသပ်ချက်က လွယ်ပါတယ်၊ သူမရဲ့ အရှိန်ဝါကို တစ်မိနစ် တောင့်ခံယုံပဲ” ဟွမ်းသည် မော့ရွှယ်အာကို ညွှန်ပြကာ ပြောလိုက်၏။

“ဟုတ်ကဲ့ ကျုပ်အောင်မြင်အောင်ကြိုးစားပါ့မယ်”

ထျန်းလုံသည် မော့ရွှယ်အာကို ကြည့်လိုက်ရာ အလွန်ပင်စွဲမက်ဖွယ်ကောင်းသည်ဟုထင်လိုက်မိသည်။ သူမသည် နတ်အဆင့် တစ်ယောက်ဖြစ်မှာသေချာပေသည်။ သို့သော် နတ်အဆင့်၏ ဖိအားမဟုတ်ပဲ အရှိန်ဝါကို တောင့်ခံရမည်ဖြစ်သည်။ သူ့အနေနဲ့ နတ်အဆင့်တွေရဲ့ ဖိအားကို တောင့်ခံရန်မှာ မည်သို့မျှမဖြစ်နိုင်ပေ။ သို့သော် အရှိန်ဝါကို တောင်ခံရန်မှာ ပြသနာမရှိပေ။ အရှိန်ဝါသည် ဖိအားနှင့်မတူပဲ လူတစ်ဦး၏ ကိုယ်ရောင်ကိုယ်ဝါမျှသာဖြစ်သည်။ အရှိန်အဝါကြီးလေ အဆင့်မြင့်လေပင်။ ထို့အပြင် ဖိအားကဲ့သို့ မပြင်းထန်ပေ။ ထိုအကြောင်းကို တွေးမိရင်း ထျန်းလုံ၏ မျက်လုံးများ သည် အရောင်များစွာလက်လာလေသည်။

‘တစ်မိနစ်ဆိုတာ ဘာမှမဟုတ်တဲ့အချိန်လေးပဲ၊ စမ်းသပ်ချက်ဆိုတာ ငါ့ကို တပည့်အဖြစ်လက်ခံဖို့ ဆင်ခြေအနေနဲ့သုံးတာထင်တယ်’

မော့ရွှယ်အာသည် သူမ၏ နတ်ဆိုး အရှိန်ဝါကို ထျန်းလုံထံ ဦးတည်၍ ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် လေထုသည် ချက်ချင်းလေးလံ ထိုင်းမှိုင်းလာခဲ့သည်။ သူမ၏ အရှိန်ဝါကြောင့် ရင်ပြင်တစ်ခုလုံးရှိ လူများသည် ခံစားချက်များ မသက်မသာဖြစ်လာခဲ့သည်။ ထျန်းလုံကိုသာ ဦးတည်ထားသောကြောင့် ထိုအရှိန်ဝါသည် သူတို့အပေါ် မပြင်းထန်သော်လည်း မသက်သာခဲ့ချေ။ ယွဲ့ဝူယောင်တို့ တပည့်များသည် ခံစားချက်များ မကောင်းတော့ချေ။ သို့သော် ထျန်းလုံသည်တော့ သတိလစ်နေပြီဖြစ်သည်။ ထိုက်ဟုန်ကျွင်းလည်း မျက်မှောက်ကြုတ်သွားခဲ့ရသည်။

‘ဒီအရှိန်ဝါက မိစ္ဆာအင်ပါယာထက်တောင် ပြင်းထန်ပြီး ကြောက်စရာကောင်းနေတယ်’

မော့ရွှယ်အာ၏ နတ်ဆိုးအရှိန်ဝါ စထုတ်လိုက်တဲ့ အချိန် စက္ကန့်ပိုင်းမှာတင် ထျန်းလုံသည် သတိလစ်သွားခဲ့ရခြင်းဖြစ်သည်။ သူ၏ ပါးစပ်မှလဲ အမြုပ်များစွာ ထွက်နေခဲ့သည်။ နတ်ဆိုး အရှိန်ဝါသည် သူ့လို လူမျိုး ခံနိုင်သည့်အရာမဟုတ်ချေ။ မော့ရွယ်အာသာ ပုံမှန်အရှိန်ဝါနှင့် အချိန်ကြာအောင် ခံစားစေလိုက်ပါက ထျန်းလုံသည် ရူးသွပ်သွားနိုင်ချေရှိသည်။ သို့သော် သူမသည် အရှိန်ဝါကို ခပ်ကြမ်းကြမ်း ထုတ်လိုက်သောကြောင့်သာ သတိလစ်သွားခဲ့ရခြင်းဖြစ်သည်။ ထိုအရာသည် သက်ညှာပေးခြင်းသာဖြစ်သည်။

“ရပြီ ရွှယ်အာ၊ အရှိန်ဝါကို သိမ်းလိုက်တော့၊ ဒီကုန်းမြေကလူတွေက မင်းရဲ့အရှိန်အဝါကို အချိန်အကြာပြီး မခံနိုင်ကြဘူး” ဟွမ်းသည် သူတပည့်များ၏ အမူယာများကို သတိထားမိပြီး ပြောလိုက်သည်။ သူသည်အစကတည်းက ထျန်းလုံကို တပည့်အဖြစ်လက်ခံဖို့ စိတ်ကူးမရှိချေ။ ထျန်းလုံဘယ်လောက်ပင် ပါရမီကောင်းကောင်း တပည့်အဖြစ်လက်ခံမှာမဟုတ်ချေ။ နောက်ထပ်တပည့်လည်း ထပ်ပြီးလက်ခံမည့်မဟုတ်တော့ပေ။ သူ့တွင်ရှိသည့် တပည့်လေးယောက်ကိုပင် သလင်းကျောက်နပ်မှန်အောင် မထောက်ပံ့ပေးနိုင်ပေ။ ထို့ကြောင့် နောက်တစ်ယောက်သာ ထပ်ရှိလာပါက သူသည် အလုပ်နှင့်လက် မပြတ်အောင် လုပ်နေရမည်ဖြစ်သည်။

“ဒီလိုအမှိုက်က ဒါလေးတောင် မခံနိုင်ပဲ ဟွမ်းရဲ့တပည့်ဖြစ်ချင်နေသေးတယ်” မော့ရွှယ်အာသည် ကြမ်းကြမ်းတမ်းတမ်းပြောဆိုကာ သူမ၏ အရှိန်ဝါကို ရုတ်သိမ်းလိုက်၏။

“မင်း အဲ့စကား(အမှိုက်)ကို ဘယ်ကတက်လာတာလဲ” တည်ငြိမ်လှသည့် ဟွမ်းသည် သူ၏ မျက်လုံးများ ဆက်တိုက် လှုပ်ရှားနေကာ မေးလိုက်သည်။

“ဟွမ်းဆီကလေ” မော့ရွှယ်အာ၏ အနီရောင် မျက်လုံးလေးများသည် အပြစ်ကင်းသည့် အလားပင်။ သူမသည် ကလေးဘဝကတည်းက နှစ်ပေါင်း သုံးရာထိ သူ့အစ်ကိုနှစ်ဦး နှင့်သာ အတူနေခဲ့ရသည်။ ပြင်ပလောကတွင် သူမသည် အဖြူထည်သက်သက်လေးပင်။ ထို့အပြင် သူမ အသိဉာဏ်သည် ကလေးငယ်တစ်ဦးသာသာပင်ရှိ၏။

ဟွမ်း “...”

သူသည် အကြီးအကဲချုပ် ကျင်းဝူတောက်ကို ထိုသို့ ခေါ်ဝေါ်ခဲ့တာကို အမှတ်ရသွား၏။

All Chapters