← Chapters

လှုပ်ရှားဖို့အသင့်

Vol. 125 Ch. 1872

လှုပ်ရှားဖို့အသင့်

Vol. 125 Ch. 1872

“ အမယ်လေး ကောင်မရယ် … အဲ့တာက နင့်ရဲ့ အကြောင်းပြချက်တဲ့လား …”

ချိုးယွီလော့ အတော်လေး ဆွံ့အသွားခဲ့ရပြီး နင်ချဲ့နဲ့ ပတ်သက်၍ ကူကယ်ရာမဲ့စွာ ခံစားနေရသည်။

သူမကိုယ်သူမ ဤနေရာနှင့် မသက်ဆိုင်သည့် လူတစ်ယောက်ဟုတောင် အနည်းငယ် ခံစားလာခဲ့ရလေသည်။

အကယ်၍ သူမသာ ရှိမနေခဲ့ပါဘူးဆိုပါက သူတို့နှစ်ယောက် တစ်စခန်းသွားပြီးလောက်ပြီး ဖြစ်၏။

“ ငါက ငါ့ရဲ့ သဘောထားအစစ်အမှန်ကို ထုတ်ပြနေတာ .. နင့်လို့ မဟုတ်ဘူး ကုပ်ကမျဉ်းမရဲ့ ….” နင်ချဲ့ ခွန်းတုံ့ပြန်လိုက်၏။

“ ဘာပဲဖြစ်ဖြစ် ငါတော့ နင်နဲ့ လိုက်မှာပဲ … အားနေမယ့် အတူတူ နင့်နောက်လိုက်ပြီး လက်ရည်သွေးလို့ရတာပါ့ …”

ဒေါက် ဒေါက် ဒေါက် …

“ ဝင်ခဲ့ …”

သူတို့ စကားပြောနေစဉ် ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး ချိုးယွီလော့က အသံပြုလိုက်၏။

ချလပ် …

တံခါးသော့ပွင့်လာခဲ့ပြီး ရှောင်ပင်း ၊ ယွီစီယင်နှင့် ကျန်သူများ အထဲသို့ ဝင်ရောက်လာသည်။

“ အစ်မချိုး … အစ်မနင် … အစ်ကို အားးးးးးး “

ရှောင်ပင်း ဆက်တိုက်နှုတ်ဆက်သွားသည့် အချိန်မှာပဲ နင်ချဲ့၏ ဘေးတွင် ထိုင်နေသည့် လင်းရီကို မြင်တွေ့သွားခဲ့တော့ သူမတို့နှစ်ယောက်မှာ ကြောက်လန့်လွန်း၍ ကြမ်းပြင်သို့ ဖင်ထိုင်လျက်သား ပြုတ်ကျသွားခဲ့၏။

အသင်း ၁ ရှိ ကျန်သူများလည်း ထိုနည်းလည်းကောင်းပင်။ သူတို့အားလုံး ကြမ်းပြင်တွင် သစ်ငုတ်တွယ်မိနေသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ဖြစ်နေခဲ့ကြပြီး ကြောက်လန့်လွန်း၍ ရှော့ခ်ရသွားခဲ့ကြဟန်ပင်။

ခြေထောက်များမှာ ထုံကြဉ်သွားခဲ့ပြီး နေရာမှ ရွေ့မရကြတော့ချေ။

“ မင်း … မင်း ဘယ်သူလဲ ….”

ယွီစီယင်သည် သူမ အနောက်ရှိ ကျန်းချောင်၏ ရှပ်အင်္ကျီ ထောင့်စွန်းကိုဆွဲထားရင်း လှမ်းမေးလိုက်၏။

သိသာစွာဖြင့် …

သူမ အတော်လေး ရင်တုန်ပန်းတုန် ဖြစ်နေခဲ့လေသည်။

“ စိတ်အေးအေးထားကြပါ … ငါ မသေပါဘူး …” လင်းရီ ပြောလိုက်ပြီး “ အကြီးအကဲလုက ငါ့အတွက် ဈာပနာ အတု လုပ်ခဲ့ပေးတာ …”

“ ဈာပနာ အတုလား …”

ရင်းနှီးသည့် လင်းရီ၏ အသံကို ကြားတော့ လူတိုင်းမှာ ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

“ အင်း … နောက်ကွယ်ကနေ လျှို့ဝှက်ပြီး လုပ်ဖို့ လိုတဲ့ ကိစ္စတစ်ချို့ ရှိတယ်လေ… ဒါကြောင့်မို့ ဒီလိုမျိုး လုပ်ဖို့ စီစဉ်လိုက်တာပဲ … ဒါကြောင့်မို့ အားလုံး … စိတ်ငြိမ်ငြိမ်ထားကြ .. စကားပြောကြမယ်..”

စွေ့ချန်၏ အကူအညီဖြင့် ရှောင်ပင်း မတ်တပ်ပြန်ထလိုက်ပြီး သူမ တင်ပါးရှိ ဖုန်များအား ခါခပ်လိုက်သည်။ ထို့နောက် ကျန်သူများကဲ့သို့ လင်းရီကို အတွေးများစွာနှင့် စူးစိုက်ကြည့်နေလေသည်။ သူမ၏ အကြည့်တို့က လင်းရီ၏ တစ်ကိုယ်လုံးသို့ ထိုးဖောက်ပစ်ချင်နေဟန် ရသည်။

“ အစ်ကိုရီ … ရှင်မသေသွားတာ သိပ်ကောင်းတာပဲ …”

ရှောင်ပင်း အော်ဟစ်၍ လင်းရီ၏ ကိုယ်ပေါ်သို့ ခုန်တက်လာခဲ့၏။ လည်ပင်းကို သိုင်းဖက်ထားလိုက်ရင်း စတင်ငိုကြွေးတော့လေသည်။

“ အဟင့် အဟင့် အဟင့် … ရှင် ကျွန်မကို သေအောင်ခြောက်လှန့်လိုက်တာပဲ သိလား … ကျွန်မတို့တွေ အစ်ကိုရီကို တကယ်ကြီး သေသွားပြီ ထင်နေခဲ့တာ … “

ကျန်သူများလည်း အပျော်လွန်သွားခဲ့ကြပြီး လင်းရီ၏ အနားသို့ စုပြုံလာကြသည်။

ဖော်ပြ၍ မရနိုင်သည့် ပျော်ရွှင်မှုက သူတို့တွေကို ဘာပြောလို့ ပြောရမှန်း မသိသည်အထိ ဖြစ်သွားစေခဲ့၏။ သူတို့၏ ခံစားချက်ကို မည်သို့သော စကားလုံးများဖြင့် ဖော်ပြရ ကောင်းနိုးနိုး ဖြစ်နေခဲ့ကြသည်။

အကုန်လုံး၏ မျက်နှာထက်၌ ရူးကြောင်ကြောင် အပြုံးကြီးများ ဆင်မြန်းထားပြီး နှုတ်ခမ်းက နားရွက်တက်ချိတ်တော့မည့်ဟန်ပင်။

“ ရပြီ ရပြီ စိတ်ငြိမ်ငြိမ်ထား … ဟိုလို အထွေအထူးလည်း မဟုတ် …”

လင်းရီ အပြုံးလေးဖြင့် သူမအား နှစ်သိမ့်ပေးလိုက်သည်။ သူ့ကိုယ်သူ ယခုလို လက်အောက်ငယ်သားများ ရှိသည့် အုပ်စုတစ်စုအား ဦးဆောင်ရသည်က အသက်ရှင်နေထိုင်ဖို့အတွက် အဓိပ္ပာယ်တစ်မျိုး ရှိသည်ဟု ခံစားလိုက်ရလေသည်။

“ ရှင့်ကြောင့်သာ မဟုတ်ရင် အသင်း ၁ က ပြိုကွဲသွားပြီ …” ရှောင်ပင်း သူမ၏ မျက်ရည်များအာ သုတ်၍ ပြောလိုက်၏။ “ အစ်ကိုရီ မရှိဘူးဆိုရင် ကျွန်မတို့လည်း ဒီမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး ….”

“ ကဲပါ … မင်းတို့တွေ အနားယူဖို့ ပြင်နေတယ်ကြားတယ်… အခု သွားပြီ ပြန်ဖျက်သိမ်းလိုက်တော့ … ငါ မသေဘူးဆိုတော့ ဒီမှာဆက်ပြီး ကြိုးစားကြတာပေါ့ …”

“ ဟုတ် ….”

“ အားလုံးပဲ … ငါ စားပွဲတစ်ဝိုင်း ဘွတ်ကင်တင်လိုက်မယ်… မမူးမချင်းသောက်ကြမယ် မကောင်းဘူးလား …” လော့ချီ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် လူတိုင်းအား ကြည့်ပြီး ပြောလိုက်သည်။

လင်းရီနှင့် ကျန်နှစ်ယောက်မှာ ဘာအလုပ်မှ မရှိသည့်အတွက် သဘောတူလိုက်ကြ၏။

သို့သော် လင်းရီ ထိုနေရာသို့ ချက်ချင်းကြီး မသွားသေးပေ။ ထိုအစား ဆေးရုံသို့ အရင် ဦးတည်လိုက်၏။

ယခင် ချွမ်ရှန်း၌ ရှိသည့် နေ့ရက်များ၌ လီချူးဟန်၏ အခြေအနေကို ကိုယ့်လက်ဖမိုးကဲ့သို့ ကောင်းစွာသိရှိနေသော်လည်းပဲ သူ သွားပြီး စစ်ဆေးကြည့်ခဲ့စဲပင်။

သူ ဆေးရုံကို ရောက်တော့ လီချူးဟန်၏ လူနာခန်းမှာ လူအုပ်ကြီး တစ်အုပ်စု၏ ဝိုင်းရံခြင်း ခံထားရသည်ကို မြင်တွေ့လိုက်ရလေသည်။ အသက်ကြီးပိုင်းတို့က လေးဆယ်ကျော် ငါးဆယ်များ ဖြစ်ကြပြီး ငယ်ရွယ်သူတို့ကတော့ အသက် ၃၀ ကျော် အရွယ်များ ဖြစ်ကြသည်။ သူတို့ အကုန်လုံးက လီချူးဟန် အနားတွင် ဝိုင်းရံနေကြ၏။

လင်းရီ မူလက တွေးထင်လိုက်သည်မှာ ဆရာဝန်များက သူမ၏ အခြေအနေကို သေချာလေး ကြပ်ကြပ်မတ်မတ် စစ်ဆေးပေးနေကြသည်ဟူ၍ပင်။ သို့သော် အနားရောက်လာတော့မှ ဆေးပညာ အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

လင်းရီ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူမ ကြည့်ရသည်မှာ အတော်လေး သက်သာလာခဲ့ဟန်ရ၏။ မဟုတ်ပါက ယခုလိုမျိုး ဆွေးနွေးရန် ခွန်အားရှိနေမှာ မဟုတ်ချေ။

တစ်စုံတစ်ရာကို ခံစားမိတော့ လီချူးဟန် ခေါင်းလှည့်လာခဲ့ပြီး တစ်ချက်ကြည့်လိုက်ရာ လူအုပ်၏ နောက်ကွယ်တွင် ရှိနေသည့် လင်းရီ၏ မျက်နှာကို မြင်တွေ့သွားခဲ့၏။ မရည်ရွယ်ပါဘဲနှင့် သူမ၏ မျက်နှာထက်၍ အားရဝမ်းသာဖြစ်မှုတို့ ပေါ်ထွက်လာလေသည်။

သို့သော် လီချူးဟန် များများစားစား မဆိုခဲ့ချေ။ လင်းရီအား ရွှင်ပြစွာ ပြုံးပြပြီးနောက် ပြည်ထောင်စု ဆေးရုံရှိ ဆရာဝန်များနှင့် နှလုံးခွဲစိတ်မှုများအကြောင်း ဆက်လက် ဆွေးနွေးနေလိုက်သည်။

ဤသည်အား နှစ်ဖက် အတွေ့အကြုံ ဖလှယ်သည်ဟု ပြော၍ ရလေသည်။

မသိလိုက်မသိစွာဖြင့် … လီချူးဟန် ပြောဆိုနေသည့် အကြောင်းအရာကို အရှိန်မြင့်တင်လိုက်ပြီး ယခုဆွေးနွေးမှုကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင်နေသည်။

နာရီဝက်ကြာပြီးနောက် လူတိုင်း ပြန်ထွက်သွားခဲ့ကြပြီး လင်းရီ သူမအနားသို့ ရောက်ရှိလာခဲ့၏။

“ အစ်ကိုရီ … ရှင်ပြန်လာပြီပဲ …”

လင်းရီကိုမြင်တော့ ချောင်ရှင်းက သူ့အား ကြိုဆိုလိုက်သည်။

“ ဘယ်လိုနေသေးလဲ … ဒီရက်ပိုင်း တော်တော်လေး တိုးတက်လာတယ်မလား …”

“ အကုန်အဆင်ပြေတယ်… နင့်ကိုစောင့်နေလို့သာ မဟုတ်ရင် အခုလောက်ဆို ဆေးရုံကနေတောင် ဆင်းလို့နေရပြီ …”

“ ဒါဆိုလည်း ဆေးရုံ အမြန်ဆင်းကြတာပေါ့ … ဆေးရုံက ဘယ်လောက်ပဲကောင်းကောင်း ဆေးရုံက ဆေးရုံ ဖြစ်နေတုန်းပဲလေ…”

“ ညီမတို့တွေ ကျိုးဟိုင်ကို ပြန်ကြမယ်မလား…” ချောင်ရှင်း မေးမြန်းလာခဲ့၏။

“ စောင့်ဦး … ငါ့မှာ တခြားလုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ အဲ့တာတွေ ပြီးမှပဲ ပြန်ဖြစ်တော့မှာ …” လင်းရီ ပြောလိုက်ပြီး “ ဟိုတယ်မှာ ရက်နည်းနည်းလောက် နေလိုက် .. အားတဲ့တခိုက် ရန်ကျင်းကို နှံ့စပ်အောင် လည်သွားကြပေါ့ …”

“ ကောင်းပြီလေ… နင် ပြောတဲ့အတိုင်းပဲပေါ့ …”

လင်းရီ အနားတွင် ရှိနေသရွေ့ များသောအားဖြင့် လီချူးဟန်တွင် စောဒက တက်စရာ များများစားစား မရှိချေ။ သူ ပြောသမျှကို သူမ နားထောင်လိုက်မည်။

လီချူးဟန်နှင့် ဆေးရုံတွင် ခေတ္တစကားပြောပြီးနောက် လင်းရီ စားသောက်ဆိုင်သို့ ရောက်လာခဲ့ပြီး အသင်း ၁ က လူများနှင့် ဆုံသည်။

သူတို့ စားသောက်နေသည့် စားသောက်ဆိုင်က ချန်တူး စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပြီး အကြီးစား အခန်း တစ်ခန်းကို ဘွတ်ကင်ယူ၍ အမူးသောက်ရန် ဟန်ပြင်လိုက်ကြသည်။

ဆယ်ယောက်ကျော်က ဟင်းပွဲ နှစ်ဆယ်ကျော် အမြည်းမှာလိုက်ကာ ဤသို့သော အပြုအမူမျိုးက အတော်လေးကို ချဲ့ကားလှ၏။ သို့သော်လည်း ဤသည်က ဟွာရှလူမျိုးတို့၏ ဖော်ရွေသည့် စိတ်သဘောထားပင် ဖြစ်လေသည်။

ဟင်းတို့ အလျှံပယ် မှာထားသော်လည်း မည်သူကမျှ ဟုတ်တိပတ်တိ စားသောက်ခြင်း မရှိကြချေ။ ဘီယာပုလင်းများကိုသာ တစ်လုံးပြီး တစ်လုံး ကိုင်နေကြပြီး နောက်တွင် အရက်ဖြူလေးက ပါးပါးလေး လိုက်ပါလာသည်။

ဤသည်က သူတို့၏ ပျော်ရွှင်ဝမ်းမြှောက်မှုကို ဖော်ပြသည့် နည်းလမ်းပင်။

နာရီ အနည်းငယ် ကြာပြီးနောက် ဘီယာ ပုလင်း တစ်ရာကျော်က အသီးသီး၏ ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားခဲ့ပြီး မောက်ထိုင် လေးပုလင်းကျော်ကုန်တော့ အကုန်လုံးမှာ ရီဝေဝေ ဖြစ်လာခဲ့ကြသည်။ သီးသန့်ခန်းထဲရှိ လေထုမှာလည်း ဆူညံနေခြင်း မရှိတော့ချေ။

အလုပ်ကိစ္စများ ပြောလို့ဆိုလို့ ကောင်းသည့် အချိန်ဖြစ်၏။

“ အစ်ကိုကြီးလင်း … ကျုပ်တို့ ကျိုးလျန်အတွက် ဘယ်တော့ လက်စားချေမှာ …” စွေ့ချန် အသံနိမ့်ပြီး မေးမြန်းလိုက်သည်။

သူတို့၏ မျက်လုံးထဲ၌ ကျိုးလျန်၏ သေဆုံးမှုက အနက်ရောင်မြွေကြောင့် ဖြစ်ပြီး ဝမ်မိသားစု နောက်ကွယ်၌ ရှိနေခဲ့သည်ဟူသော အချက်ကို မသိရှိကြချေ။

ထို့ကြောင့် အချိန်အတော်ကြာအောင် သူတို့ရင်ဘက်ထဲရှိ ကမ္ဘာမကျေရန်သူက အနက်ရောင်မြွေ ဖြစ်နေခဲ့သည်။

လင်းရီ သူ့ဖန်ခွက်ကို ကိုင်ထားပြီး တစ်ငုံသောက်လိုက်သည်။

“ ငါ အဲ့ကိစ္စ ပြင်ဆင်နေပြီ… နောက်ရက်နည်းနည်းကြာရင် လှုပ်ရှားတော့မှာ …”

ဤသည်ကို ကြားတော့ လူတိုင်းမှာ မျက်လုံးအရောင် လက်ခနဲ ဖြစ်လာခဲ့ကြသည်။

“ ကျုပ်တို့လည်း လိုက်မယ်…” ကျောက်ယွင်ယူ ပြောလိုက်ပြီး “ ကျုပ်တို့ ကျိန်းသေပေါက် လက်စားချေပေးရမယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဘာမျှမဆိုချေ။

အဘယ်ကြောင့်ဆိုသော် သူ့တွင် ငြင်းပယ်စရာ အကြောင်းမရှိသောကြောင့် ဖြစ်၏။

သူတို့အားလုံးက အသင်း ၁ အဖွဲ့ဝင်များ ဖြစ်ကြပြီး အသင်း ၁ အဖွဲ့ဝင်တစ်ယောက်အတွက် လက်စားချေသည်မှာ ဖြစ်သင့်သည့် ကိစ္စရပ်ပင်။

“ လူတိုင်းပဲ … အသင့်ပြင်ထားကြ … ငါတို့ အချိန်မရွေး ထွက်ရင် ထွက်နိုင်တယ်…”

“ ဟုတ်ကဲ့ …”

ထိုညနေခင်းတွင် ညစာစားပြီးနောက် လင်းရီ ဆေးရုံသို့ ပြန်လာခဲ့သည်။ လီချူးဟန်နှင့် တစ်ညလုံး အတူနေပေးပြီး ၊ နောက်တစ်နေ့တွင် ဆေးရုံဆင်းရန် ကိစ္စများအား ပြုလုပ်ကာ ဟိုတယ်၌ နေဖို့ထိုင်ဖို့ စီစဉ်ပေးလိုက်၏။

နောက်တစ်နေ့ နေ့လည်ခင်း၌ လင်းရီသည် စုန့်ကျင်းမင်နှင့် ဆုံနေကြနေရာဖြစ်သည့် ရွှေကော်ထန်ချွမ်၌ တွေ့ဆုံသည်။

စုန့်ကျင်းမင်ကမူ ထုံးစံအတိုင်း စုတ်တီးစုတ်ပြတ်နှင့်ပင်။ လင်းရီ ရောက်လာသည့် အချိန်၌ အခန်းတစ်ခုလုံးမှာ ဆေးလိပ်ငွေ့တို့ဖြင့် ပြည့်နှက်နေလေသည်။

“ ခင်များဘက်က အသင့်ဖြစ်ပြီလား …”

စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်၏။ “ အနက်ရောင်မြွေကို နှစ်အုပ်စု ခွဲထားတယ်… တစ်အုပ်စုက မင်းတို့ ချီပိုပါမှာ တွေ့ခဲ့တဲ့ အုပ်စုပဲ … သူတို့က ပြည်ပ စစ်ဆင်ရေးတွေကို အဓိက လှဒပ်ရှားတယ်… ဓားပြတိုက်တာတို့ … တခြား ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ အုပ်စုပေါ့ … ကျန်တဲ့ အုပ်စုက ကျွန်းပေါ်မှာ … မင်းသူတို့ကို ဂရုစိုက်နေစရာ မလိုဘူး … ဘာလို့ဆို သူတို့ရဲ့ စစ်ဆင်ရေးတွေ အများစုက သီးခြားဖြစ်နေလို့ပဲ … ဒါပေမယ့် မင်းက သူတို့ တစ်ယောက်ကိုမှ အလွှတ်မပေးချင်ဘူးဆိုရင်တော့ ငါ ကျွန်းကို ပြန်ရောက်တာနဲ့ ကိုင်တွယ်ပေးလို့ရတယ် … ထွေထူးကြီးကြီးမားမား မဟုတ်ဘူး ..”

လင်းရီ တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး “ သူတို့ရဲ့ အခြေစိုက်စခန်းက ဘယ်နေရာမှာလဲ …”

“ ဘာရာဝီ … ဆိုမားက မြို့ငယ်လေး တစ်မြို့ပဲ …” စုန့်ကျင်းမင် ပြန်ဖြေလိုက်၏။

“ ဒါပေမယ့် ကျိုးဟိုင်ကနေ တိုက်ရိုက်လေယာဉ်တော့ မရှိဘူး … မင်း ဒူဘိုင်းကို အရင်သွားရမှာ … ပြီးမှ မောဂက်ရှ်နဲ့ ချိတ်ဆက်ထားတဲ့ လေယာဉ်စီးပြီး အဲ့ကနေမှတဆင့် ဘာရာဝီကို ကားနဲ့ မောင်းသွားရမယ်… အဲ့ကိုရောက်အောင် ငါတို့ အဲ့လို သွားတာပဲ …”

“ ကောင်းပြီလေ … ကျုပ် ပြင်ဆင်ပြီး မကြာခင် ထွက်မယ်…”

“ မင်း အဲ့လောက် အလျင်လိုနေတာလား …”

“ ခင်များက တခြား လုပ်စရာ ရှိသေးလို့လား …”

“ ငါ နောက်သုံးနာရီ ပိုယူထားတာ ဒီဆက်ရှင်က သုံးနာရီဝန်းကျင်လောက်မှ ပြီးမှာမို့လေ…”

“ လခွီးပဲ ….”

All Chapters