← Chapters

စွန့်ပစ်ခံထားရသည့် အချိန်နှင့် အာကာသ

Vol. 125 Ch. 1874

စွန့်ပစ်ခံထားရသည့် အချိန်နှင့် အာကာသ

Vol. 125 Ch. 1874

ရုတ်ချည်းဆိုသလို လင်းရီ မချိမဆန့် ဝေဒနာတစ်ခုအား ခံစားလာခဲ့ရပြီး ရင်ဘက်တင်းကြပ်လာခဲ့ကာ အသက်ရှူမဝ ဖြစ်လာသည်။ ဓာတ်ပုံကို ကောက်ယူလိုက်ပြီး အပေါ်မှ ဖုန်များအား အင်္ကျီလက်ဖြင့် သုတ်ကာ ကျွန်းပေါ်က ထွက်လာခဲ့လိုက်၏။

လင်းရီ ပြန်ရောက်လာသည့် အချိန်၌ ညဆယ်နာရီကျော် ရှိနေချေပြီ။

နင်ချဲ့နှင့် အခြားသူများက ယခုထိ ပြန်ရောက်မလာကြသေးချေ။

လင်းရီ တစ်ယောက်တည်း အခန်းထဲတွင် ထိုင်နေပြီး ဓာတ်ပုံကို ငိုင်တွေတွေနှင့် စိုက်ကြည့်နေခဲ့ကာ သူတစ်ဦးသာ သိနိုင်မည့် အတွေးသံသယရာထဲ၌ နစ်မြောနေခဲ့၏။

နောက်တစ်နေ့ နံနက်ခင်း ၊ ခုနစ်နာရီ အချိန် ဝန်းကျင်လောက်၌ စုန့်ကျင်းမင်ထံမှ ခေါ်ဆိုလာသည့် ဖုန်းကြောင်း လင်းရီ အိပ်ရာနိုးလာခဲ့၏။

“ ပစ္စည်းတွေ သိမ်းပြီး လေဆိပ်ထွက်လာခဲ့ .. အားလုံး အဆင်သင့်ဖြစ်ပြီ .. လေယာဉ်ချိန်က ၁၀ နာရီခွဲပဲ .. နောက်မကျစေနဲ့ ….”

“ ကိုယ်ပိုင်ဂျက်လေယာဉ်ရှိနေတာကို ဘာတွေ အလျင်လိုနေတာ …”

“ ကိုယ်ပိုင်လေယာဉ်နဲ့ ပျံသန်းတာတွေကို တားမြစ်ထားတယ်… စော်ဘွားလေကြောင်းလိုင်းနဲ့ သွားတာက ပိုအဆင်ပြေတယ်…” စုန့်ကျင်းမင် ပြောလိုက်သည်။ “ မဟုတ်ရင်တော့ မင်း လေယာဉ်ဆင်းတာနဲ့ ချက်ချင်း ဓားပြတိုက်ခံရမှာပဲ … လေယာဉ်တောင် ပြန်ပါလာနိုင်ပါ့မလားဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး …”

“ အဲ့လောက်ထိတောင် ….”

“ အေး … ဆိုမားက ဒုစရိုက်နိဗ္ဗာန်ပဲ … တရားဥပဒေ မစိုးမိုးတဲ့ နယ်မြေတစ်ခုကို မင်းမြင်ယောင်ကြည့်စမ်း … ဘယ်လောက် သည်းထိတ်ရင်ဖိုစရာ ကောင်းမလဲ …”

“ တရားဥပဒေ မစိုးမိုးဘူးတဲ့လား…”

လင်းရီ ဆိုမားအကြောင်း များများစားစား သိပ်မသိပေ။ သူသိသည့် အရာဆိုလို့ ဆိုမား ပင်လယ်ဓားပြတို့က အတော်လေး နာမည်ကြီးကြောင်းတော့ နားလည်သည်။

စုန့်ကျင်းမင်၏ စကားက သူ့ကို ဤနေရာအပေါ် ရှုထောင့်အမြင် အသစ်တစ်ခု တိုးပွားသွားစေခဲ့၏။

အတော်လေး သည်းထိတ်ရင်ဖိုဖို့ကောင်းသည့် နေရာတစ်ခုပင်။

“ သိပြီ .. ကျုပ် အသင်းကိုခေါ်ပြီး အခုပဲ ထွက်လာခဲ့မယ်…”

မစ်ရှင်၏ အရေးကြီးမှုကို နားလည်သဘောပေါက်သည့်အတွက် လင်းရီ အချိန်ဖြုန်းမနေခဲ့ချေ။ ဖုန်းချပြီးသည်နှင့် ကျန်သူများအား အိပ်ရာထပြီး အဆင်သင့် ပြင်ထားရန် ပြောလိုက်၏။

ကျွန်းပေါ်က ယူလာသည့် ဓာတ်ပုံကိုတော့ လင်းရီ သူ့အိပ်ရာဘေး ဗီရိုပေါ်တွင် တင်ထားသည်။

သူ မစ်ရှင်ပြီး၍ ပြန်လာသည့် အချိန်မှ ပြန်သိမ်းဖို့ ရည်ရွယ်ထားလေသည်။

မျက်နှာသစ် ၊ သွားတိုက်ပြီးနောက် လူဆယ်ယောက်ကျော်မှာ မနက်စာကို ခပ်သွက်သွက် လွေးလိုက်ကြပြီး လေဆိပ်သို့ ထွက်လာခဲ့ကြ၏။

ထိုနေရာကိုရောက်တော့ လူတိုင်း စုန့်ကျင်းမင်အား မြင်တွေ့သွားခဲ့ကြသည်။ ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် လေယာဉ်ပေါ်သို့ အတူတက်လိုက်ကြ၏။

ချိုးယွီလော့နှင့် နင်ချဲ့တို့က စုန့်ကျင်းမင်နှင့် အတော်လေး ရင်းရင်းနှီးနှီးရှိသည်။ သို့သော် အသင်း ၁ ရှိ ကျန်သည့် အသင်းသားတို့ကတော့ သိပ်မသိကြချေ။

ထိုလူက လင်းရီနှင့် ကျိုးလျန်ကို ချီပိုပါကနေ ခေါ်လာခဲ့ပေးသည့်လူဟူ၍သာ သိထားကြလေသည်။

သို့သော် သူတို့၏ အလိုလိုသိစိတ်က ပြောပြနေသည်မှာ ထိုလူက ရိုးရှင်းသည့် လူတစ်ယောက် မဖြစ်နိုင်ဟူ၍ပင်။ မဟုတ်ပါက သူတို့နှင့်အတူ မစ်ရှင်ပြုလုပ်ရန်အတွက် လိုက်ပါလာခဲ့မှာ မဟုတ်ပေ။

လေယာဉ်ပေါ်သို့ တက်ပြီးနောက် လင်းရီနှင့် စုန့်ကျင်းမင်တို့က အနောက်ဘက်ခြမ်း၌ ထိုင်လိုက်ကြသည်။

“ ခင်များပြောတော့ ပြင်ဆင်ထားမယ်ဆို … ဘာလို့ တစ်ယောက်တည်း လာခဲ့တာ … ကျန်တဲ့လူတွေကရော … လူစုခွဲထားတာလား ဟုတ်လား …”

ဤတစ်ကြိမ်တွင် သူတို့က အနက်ရောင်မြွေကို စာရင်းရှင်းရန် ၎င်းတို့၏ အခြေစိုက်စခန်းသို့ သွားနေခြင်း ဖြစ်ပြီး သူ့အသင်းသားများ သီးသန့်တည်းဖြင့် မလုံလောက်သည်ကို ကောင်းစွာ နားလည်သည်။

ခေါင်းဆောင်ကို အရင်ဦးစွာ ဖမ်းဆီးလိုက်သည်က အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှုကို ပေးစွမ်းနိုင်သော်လည်းပဲ အန္တရာယ်သည်လည်း သိသိသာသာ များပြားလာပေလိမ်မည်။ ထိုသို့ဖြစ်လာမှာကို လင်းရီ မမြင်တွေ့လိုပေ။

“ ငါတို့ အဲ့လောက် လူအများကြီး မလိုပါဘူး …” စုန့်ကျင်းမင် ပြောရင်းဖြင် သူ့အိတ်ကပ်ထဲရှိ ဆေးလိပ်ဘူးအား စမ်းလိုက်သည်။ သို့သော်လည်းပဲ သူ့ကိုယ်သူ လေယာဉ်ပေါ်၌ ရှိနေသည်အား ပြန်သတိရသွားခဲ့လေသည်။

“ ဘာပဲ ဖြစ်ဖြစ်ပါ … ငါ့ဘက်က အားလုံး ပြင်ဆင်ထားပြီးသား … ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး … မစိုးရိမ်နဲ့ …”

စုန့်ကျင်းမင်က စိတ်ချထားရန် ပြောလာခဲ့သဖြင့် လင်းရီလည်း ထွေထူးလုပ်၍ မေးမြန်းမနေတော့ချေ။

သူ၏ အစွမ်းအစတို့ဖြင့် … အကယ်၍ စုန့်ကျင်းမင်က အဆင်ပြေသည်ဟု ပြောလာခဲ့လျှင် အမှန်တကယ်လည်း အဆင်ပြေနေသောကြောင့်ပင်။

လင်းရီ ထိုင်ခုံနောက်သို့မှီ၍ အနားယူရန် မျက်လုံးမှိတ်လိုက်သည်။

အရှေ့တွင် စောင့်ကြိုနေမည်က ပြင်းထန်သည့် တိုက်ပွဲ တစ်ခု ဖြစ်ပြီး သူ့ဘက်က အကောင်းဆုံး အခြေအနေ၌ ရှိနေဖို့ လိုလေသည်။

မကြာမီ လေယာဉ်က ဖြည်းညင်းစွာဖြင့် ကောင်းကင်ပြာကြီးထက်သို့ ပျံ့သန်းသွားခဲ့၏။

…………

ဒူဘိုင်း ၊ အတ္တလန်တီယန် ဟိုတယ်။

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အခန်း 2408၏ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

ထိုအမျိုးသမီးက ဂါဝန်ရှည်ကို ဝတ်ဆင်ထား၏။ မျက်နှာအထက်၌ အရေးအကြောင်းကင်းစွာဖြင့် သူမ၏ သွင်ပြင်က အသက် ၃၀ အရွယ်ဟုသာ ထင်ရကာ အတော်လေး အရွယ်တင်နေသည်။

ထို့ပြင် အနှီလူပုဂ္ဂိုလ်သည်ကား ချင်ရင်ယွဲ့ပင်။

အခန်း 2408 တွင် ရှိနေသည့် လူကတော့ ကျီချင်းရန်မှလွဲပြီး အခြားလူမဟုတ်ပေ။

လင်းရီကို မြုပ်နှံပြီးနောက် ရက်အနည်းငယ်ကြာအတွင်း သူမ မည်သည့်နေရာသို့မျှ မသွားခဲ့ချေ။ အမှန်အားဖြင့် ကျိုကျုံးဗီလာထဲကပင် ထွက်မလာခဲ့ချေ။

နေ့စဉ်နေ့တိုင်း ခြံဝန်းထဲ၌သာ လွမ်းဆွေးရိပ်သမ်းသည့် မျက်ဝန်းဖြင့် တစ်နေရာသို့သာ ငိုင်တွေတွေဖြင့် ကြည့်နေတတ်လေသည်။ လမ်းလျှောက်သော်လည်း စိတ်ကမပါစွာဖြင့် အခြားတစ်နေရာသို့ ရောက်နေတတ်၏။

လွန်ခဲ့သည့် သုံးရက်ခန့်က သူမမှာ ဒူဘိုင်းသို့ လာချင်သည်ဟု ထူးထူးဆန်းဆန်း ပြောလာသည်။

ထိုစကားကိုကြားတော့ ချင်ရင်ယွဲ့နှင့် ဟော်ယွမ်ယွမ်ကလည်း ရင်ဘက်ကြီးနှင့် ထောက်ခံခဲ့၏။

အိမ်ထဲ၌ တစ်ချိန်လုံး နေသည်ထက် စိတ်ပြေလက်ပျောက် အပြင်ထွက်သည်က ပို၍ကောင်းသည်။ သို့သော် သူမ၏ လာရင်းရည်ရွယ်ချက်က ခရီးထွက်ပြီး စိတ်အပမ်းဖြေဖို့ မဟုတ်ပါဘဲ ထိုအစား လာလည်ရန်အတွက် ဖြစ်၏။

ထိုနေရာက … သူမနှင့် လင်းရီတို့ နှစ်ဦးတည်းသာ သိသည့် နေရာလေးပင်။

သူမတို့နှစ်ဦးတည်းသာ ပိုင်ဆိုင်ထားသည့် အမှတ်တရများအား ထိုနေရာက သိမ်းဆည်းထားပေး၏။

နောက်ဆုံး အခိုက်အတန့်၌ ဤနေရာသို့ တစ်ဖန်ပြန်လာကြည့်ချင်ပြီး သူမ၏ အတိတ်ကို ဤနေရာ၌ မြှုပ်နှံပစ်ချင်သည်။

ထို့နောက် သူမ၏ ဘဝနှင့်သူမ ရှေ့ဆက်တော့မည် ဖြစ်၏။

ချလပ် ….

အခန်းတံခါး ဆွဲပွင့်လာခဲ့ပြီး ကျီချင်းရန်မှာ သူမ၏ အဝတ်အစားများအား လဲပြုထားပြီး ဖြစ်သည်။ သို့သော် မိတ်ကပ်လိမ်းရန်တော့ ကျန်နေသေး၏။

ကျီချင်းရန်က ချီဖွန် ဘလောက် အင်္ကျီနှင့် အနက်ရောင်ဂျင်းကို ဝတ်ထားပြီး သူမ၏ သွင်ပြင်က ရိုးရှင်းကာ သပ်ရပ်နေသည်။

“ မိတ်ကပ်နည်းနည်းပုတ်လိုက်ဦးလေ … နင်နေ့တိုင်း အပြင်ကို မျက်နှာပြောင်ကြီးနဲ့ ထွက်နေလို့ ဘယ်ကောင်းမှာလဲ ….”

ချင်ရင်ယွဲ့ ချော့မော့ပြီး ပြောလိုက်၏။

“ သမီး မိတ်ကပ်မပါခဲ့ဘူးအန်တီ … ထားလိုက်တော့ …” ကျီချင်းရန် သူမ၏ နာရီကို ကြည့်၍ “ ခုနစ်နာရီတောင် ကျော်နေပြီ … အန်တီ တစ်ခုခု သွားစားလေ .. သမီး အဖော်လိုက်ခဲ့ပေးမယ်…”

“ သမီးမစားရင် အန်တီလည်း မစားဘူး …”

ကျီချင်းရန်၏ မျက်လုံးတို့ အနည်းငယ် ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး … ထို့နောက် ခေါင်းညိမ့်လိုက်၏။

“ အဲ့လိုမှပေါ့ … ဘာပဲဖြစ်ဖြစ် လူက အစားတော့ စားပေးရမယ် ဟုတ်တယ်မလား … မဟုတ်ရင် လူက အိပ်ရာထဲ လဲသွားလိမ့်မယ်…”

နှစ်ယောက်မှာ ဟိုတယ်၏ စားသောက်ဆိုင်သို့ ရောက်လာခဲ့ပြီး ကျီချင်းရန်ကို များများစားစေလိုစိတ်ဖြင့် ချင်ရင်ယွဲ့က အစားအသောက် တော်တော်များများကို အော်ဒါမှာလိုက်သည်။

သို့သော် အဆုံး၌ သူမက ဆန်ပြုတ်လေး တစ်ဝက်ပင် ကုန်အောင် မသောက်ခဲ့ဘဲ စားသောက်နေခြင်းကို ရပ်တန့်လိုက်လေသည်။

ချင်ရင်ယွဲ့ မည်မျှပင် ကြိုးစားပြီး ဖြောင်းဖျစေကာမူ အသုံးမဝင်ပေ။ နောက်ထပ် တစ်လုတ်လေးမျှပင် ထပ်မစားတော့ချေ။

ချင်ရင်ယွဲ့ စိတ်အတွင်း၌ ကြိတ်ပြီး သက်ပြင်းချလိုက်၏။ သူမသားကြောင့် မိန်းမလှလေးတစ်ဦး ယခုလို ဖြစ်နေသည်ကို ရင်နာလို့ မဆုံး ဖြစ်မိနေသည်။

ထိုအခိုက် ဟော်ယွမ်ယွမ် ပြောခဲ့သည့် စကားကို အမှတ်ရလိုက်မိသည်။ အစ်မကျီက အားလုံး နားလည်တယ်။ ဘယ်သူမှ သူ့ကို ဖြောင်းဖြလို့ မရဘူး။

သူမဘာသူမ ဖြည်းဖြည်းချင်း ချိန်ညှိရင်း … ခံစားချက်များအား ကျော်လွှားသွားနိုင်သည်နှင့် အရာအားလုံး အဆင်ပြေချောမွေ့ပြီ ဖြစ်၏။

“ အခုချိန် ဒူဘိုင်းက လည်ပတ်လို့ ကောင်းတဲ့ ရာသီပဲ … အန်တီနဲ့ ဟိုဟိုဒီဒီ လျှောက်မသွားချင်ဘူးလား …”

ချင်ရင်ယွဲ့ အစမ်းသဘောမေးမြန်းလိုက်ရင်း ဤနေရာ၌ ရက်အတန်ကြာ အနားယူနိုင်ဖို့ မျှော်လင့်နေမိ၏။

ကျီချင်းရန် သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ သမီးက ဒီလာပြီး လာလည်ချင်ရုံတင်ပဲ … သွားချင်တဲ့နေရာလည်း သွားခဲ့ပြီးပြီဆိုတော့ တခြား ဘယ်နေရာမှ ထပ်သွားဖို့ မလိုတော့ဘူး …”

“ ကောင်းပြီလေ… ဒါဆိုလည်း ကားက အပြင်မှာ အသင့်စောင့်နေပြီ … အန်တီတို့ အခုထွက်ကြတာပေါ့ …”

“ အွန်း …”

နှစ်ယောက်မှာ ကိုယ်စီ ပစ္စည်းများအား သိမ်းဆည်း၍ ဟိုတယ်ထဲကနေ ထွက်လာခဲ့ကြသည်။

အနက်ရောင် Rolls-Roycef Phantom က ဝင်ပေါက်ဝ၌စောင့်ဆိုင်းနေပြီး သူတို့နှစ်ဦးကို လေဆိပ်သို့ ပို့ဆောင်ရန် အသင့်ဖြစ်နေသည်။

ကားက လမ်းမကြီးထက်၌ ဖြည်းဖြည်းနှင့် ငြိမ်ငြိမ် မောင်းနှင်နေရင်း ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများနှင့် အရွယ်အစားအမျိုးမျိုး ရှိသည့် အဆောက်အဦးတို့ကို ကျော်ဖြတ်လာခဲ့ကာ အတိတ်အချိန်တစ်ခုက သူမ၏ မျက်လုံးရှေ့၌ ပေါ်ထွက်လာသည်။

သူမအဖို့ … ဤသည်က ချိတ်ပိတ်သိမ်းဆည်းခံထားရတော့မည့် မှတ်ဉာဏ်များပင်။

လေဆိပ်က ဒူဘိုင်းမြို့လယ်နှင့် အတော်လေး နီးကပ်၏။ မိနစ် ၂၀ အတွင်းမှာပဲ လေဆိပ်သို့ ရောက်လာသည်။

လေဆိပ်ဝန်ထမ်းတို့က သူမတို့နှစ်ယောက်၏ အိတ်များအား လေယာဉ်ပေါ်သို့ ကူသယ်ပေး၏။ ကျီချင်းရန်သည် လှေကား လက်ရန်းကို ကိုင်ရင်း တစ်လှမ်းချင်း တစ်လှမ်း ၊ လေယာဉ်ပေါ်သို့ တက်လှမ်း၍လာသည်။

သို့သော် နောက်ဆုံးခြေလှမ်းကို လှမ်းတော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို သူမ၏ ခြေလှမ်းတို့က ရပ်တန့်သွားခဲ့၏။

ပင်လယ်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း သူမ၏ မျက်လုံးတို့က တွန့်ဆုတ်မှု မျက်ရည်တို့ဖြင့် ပြည်နှက်နေခဲ့သည်။

သူမ မခွဲခွာချင်ခဲ့သလို ခွဲခွာရက်ခြင်းလည်း မရှိခဲ့ချေ……

All Chapters