← Chapters

ရူးခါမတတ် ကြောက်ရွံ့မှု 

Vol. 125 Ch. 1864

ရူးခါမတတ် ကြောက်ရွံ့မှု 

Vol. 125 Ch. 1864

လင်းရီ၏ စကားက လူတိုင်းကို ကြက်သီးဖြန်းသွားစေခဲ့ပြီး မသိစိတ်အလျောက် နောက်သို့ ခပ်ဝေးဝေး ဆုတ်မိလိုက်ကြကာ သူ့အတွက် အလိုအလျောက် လမ်းဖယ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

ရက်စက်လှသည့် ဤလူက သူတို့ လူသာမန်တွေ အပြစ်ပြုနိုင်သည့် လူစားမျိုး မဟုတ်ချေ။ သူ ပြောသည့် အတိုင်း လုပ်ပေးလိုက်သည်က ကောင်း၏။ မည်သို့ပင်ဆိုစေ ထိုလူနှစ်ယောက်ကလည်း သူတို့နှင့် မည်သည့် ပတ်သက်ဆက်နွယ်မှုမျှ ရှိထားခဲ့သည် မဟုတ်ချေ။

လင်းရီသည် နင်ချဲ့ကို သူ့အခန်းထဲသို့ သယ်သွားခဲ့၏။

“ နေဦး နေဦး ခဏလေး … ငါ့ကို အောက်မချပေးသေးနဲ့ဦး … နည်းနည်းကြာကြာ ထပ်ပွေ့ထားပေးဦး … နင်ငါ့ကို ဒါမျိုး မပွေ့တာ ဘယ်လောက်ကြာနေပြီလဲ …”

“ နင် အခြေအနေနဲ့ အချိန်အခါကို နည်းနည်းပါးပါး သတိချပ်ပေးလို့ မရဘူးလား …”

ဘေးကနေပြီး ချိုးယွီလော့ မနေနိုင်စွာ စောဒကတက်လိုက်သည်။

“ ချီး … အသာအယာလေး လုပ်ပါဟ … အရမ်းနာတယ်…”

“ မလှုပ်သေးနဲ့ဦး … မင်း ဒဏ်ရာတွေကို ငါတစ်ချက် စစ်ကြည့်ဦးမယ်….”

လင်းရီ လက်ဆန့်တန်း၍ နင်ချဲ့၏ ကိုယ်ကို ထိတွေ့လိုက်သည်။ အဓိကကတော့ အရိုးများ ထိခိုက်သွားခြင်း ရှိမရှိ စစ်ဆေးကြည့်ရန်ပင်။

သူမ၏ အရိုးများက အဆင်ပြေနေသရွေ့ ကျန်သည်တို့က အပေါ်ယံ ဒဏ်ရာများပင်။ ရက်အနည်းငယ် နားပြီးသည်နှင့် ပြန်လည် ကောင်းမွန်သွားမှာ ဖြစ်၏။

မိနစ် အနည်းငယ်ကြာပြီးနောက် လင်းရီပြောလိုက်သည်။ “ ထွေထူးကြီးကြီးမားမားတော့ မရှိဘူး … ဒီတိုင်း အပေါ်ယံ ထိခိုက်ဒဏ်ရာတွေပါပဲ …”

“ ကံကောင်းတာ နင် အချိန်မီ ရောက်လာခဲ့လို့ပေါ့ …မဟုတ်ရင် ဝေ့ယွီလုံ နေရာမှာတင် ငါ့ကို သေအောင် သတ်ပစ်လောက်ပြီ …”

“ ငါ မင်းတို့ကို ခဏဆို လာမယ် ပြောတာကို ခဏလေးတောင် အချိန်ဆွဲမထားနိုင်ဘူးလားဟ ….”

“ ငါကရော အဲ့လို မလုပ်ချင်ဘူး ထင်လို့လား …” နင်ချဲ့ မျက်လုံးလှန်ကြည့်လိုက်ပြီး “ အဲ့ စောက်ရူးအကြီးစား ဝေ့ယွီလုံက ငါ့ကို အချိန်ဆွဲဖို့ အခွင့်အရေးတောင် မပေးဘူး … စတာနဲ့ ချက်ချင်းတိုက်တော့တာပဲ … ငါက ဘာတတ်နိုင်မှာ …”

“ အင်း … သူ့စကေးတွေက တကယ်မဆိုးဘူး … ကျူးကျွင်းချီရောဆိုတော့ မင်းတို့နှစ်ယောက် အခွင့်အရေးမရှိတာ သာမန်ပါပဲ …”

“ အခုက ဒီအကြောင်းတွေ ပြောနေရမယ့် အချိန်လား …”

သူတို့နှစ်ယောက်၏ စကားဝိုင်းကို ချိုးယွီလော့ ဖြတ်ပြောလိုက်ပြီး “ နင်က အခု ဝေ့ယွီလုံနဲ့ ကျူးကျွင်းချီရဲ့ ခြေထောက်တွေကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်တယ်… ဒါက ချွမ်ရှန်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေမှာပဲ …”

“ သိတယ်လေ… သူတို့တွေ ငါ့ကို လာရှာမယ့်အချိန်ထိ ထိုင်စောင့်နေလို့မှ မဖြစ်တာ ဟုတ်တယ်မလား ….”

လင်းရီ၏ ဤနေရာသို့ လာရင်းရည်ရွယ်ချက်က ကျိုးမိသားစုကိစ္စများကို စုံစမ်းစစ်ဆေးရန်အပြင် ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ ၏ အားနည်းချက်များအား ရှာဖွေရန်ဖြစ်၏။ သူ အစောပိုင်း တွက်ချက်ထားမှုများအရတော့ အဖမ်းခံထားရသည့် ချိန်ကွမ်းကျဲ့အပြင် အသင်း ၄ ၌ အဖွဲ့ဝင်တို့ ၂၃ ယောက်ကျန်နေသေးသည်။

လုပေချိန်၏ အစီအစဉ်အတိုင်း ဆိုပါက သူတို့ထဲ မည်သူတစ်ဦးတစ်ယောက်ကမျှ သက်ညှာခြင်း ခံရမှာ မဟုတ်ချေ။ အကုန်လုံးက ရာထူးလျှော့ခံရပြီး ပြန်ပို့ခံရလိမ့်မည်။ ဆိုလိုသည်မှာ လုပေချိန်သည် အနှီ မိသားစု ၂၃ စု၏ အမျက်ဒေါသကို ခံယူရမည် ဟူ၍ပင်။

အဆိုပါ မိသားစုများအား တစ်ယောက်တည်း ရင်ဆိုင်သည်က မဖြစ်နိုင်သည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်၏။

အကယ်၍သူသာ မိသားစု အနည်းငယ်ကို ကြိုတင်ပြီး လျှို့ဝှက်ဖယ်ရှားလိုက်နိုင်မည်ဆိုပါက လုပေချိန်ထံသို့ ခုခံနေကြသည့် အင်အားစုအရေအတွက်ကလည်း သိသိသာသာ လျော့နည်းသွားလိမ့်မည်။

ယခု ဝေ့မိသားစုနှင့် ကျူးမိသားစုတို့က သူ့အတွက် ပစ်မှတ်ကောင်းများပင်။

“ ဝေ့မိသားစုနဲ့ ကျူးကျွင်းချီရဲ့ လူတွေက သွားရှုပ်လို့ ကောင်းတဲ့ လူစားမျိုးတွေ မဟုတ်ဘူး … နင် ပေါ့ပေါ့ဆဆ မနေနဲ့ ….” ချိုးယွီလော့ ပြောလိုက်သည်။

“ ငါ သိသလောက်ဆို ဝေ့ယွီလုံရဲ့ အဖေ ဝေ့ရှစ်ဖူနဲ့ ကျူးကျွင်းချီရဲ့ အဖေ ကျူးကျင်းပေါ်က ကျုံးဝေ့တပ်ဖွဲ့ထဲကနေ အနားယူထားတဲ့ အငြိမ်းစား တပ်ဖွဲ့ဝင်တွေပဲ … ပြီးတော့ သူတို့နှစ်ယောက်လုံးက စီ - အဆင့်ကို ရောက်ထားပြီးတဲ့လူတွေ … နင်က သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး … နင် ဒီကိစ္စကို လျှောက်လုပ်လို့ မရဘူး …”

“ ငါသိတယ်….”

သူ ယခင်တုန်းက စီ - အဆင့် ရှိသည့် စွန်းမန်လုံကို အနိုင်ယူနိုင်ခဲ့သည်က တစ်ဖက်သူမှာ စီ အဆင့်သို့ တက်ရောက်ခါစ ဖြစ်ပြီး အုတ်မြစ်ကလည်း မခိုင်မာသေးသောကြောင့်ပင်။

သို့တိုင် သူ့ဘက်က အလျှော့မပေးဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး၌ အနိုင်ယူနိုင်တယ် ဆိုရုံလေးမျှသာ ဖြစ်ခဲ့သည်။ အကယ်၍ ကျုံးဝေ့တပ်ဖွဲ့ထဲ နေခဲ့ဖူးသည့် တစ်စုံတစ်ယောက်ဆိုပါက ၎င်းကို သူ အနိုင်ယူနိုင်မည်လော ကိုယ့်ကိုယ်ကို မသေချာပေ။

သို့ပေမယ့်လည်း သူ့ဘက်က စုန့်ကျင်းမင်ကို ခေါ်လာခဲ့သည်ဖြစ်ရာ အဆိုပါ မွန်းစတားအိုကြီးများအား ဂရုစိုက်နေစရာ အကြောင်းမရှိချေ။

“ စကားမစပ် ငါ နင့်ကို ပြောဦးမယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါတို့အရင် ခန့်မှန်းထားတာတွေ အကုန် အတည်ပြုပြီးသွားပြီ … ကျိုးယွမ်က သူ့ သူလျှိုတွေကို ကျိုးမိသားစုထဲမှာ မွေးမြူထားတယ်… အဲ့တာကြောင့် ငါတို့တွေ ဖော်ထုတ်ခံလိုက်ရတာပဲ ….”

လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိမ့်လိုက်၏။ “ မင်းတို့နှစ်ယောက်က ကျိုးမိသားစုကို ကိုင်တွယ်လိုက် … ငါက ဝေ့နဲ့ ကျူးမိသားစုကို ဂရုစိုက်လိုက်မယ်…”

“ နင် ဖြေရှင်းနည်းလမ်းကို စဉ်းစားပြီးပြီပေါ့ …” ချိုးယွီလော့ မေးမြန်းလာခဲ့သည်။ “နင်က သူတို့နှစ်ယောက်ကို ဒုက္ခိဖြစ်အောင် လုပ်ထားတာနော်… မကြာခင် မိသားစု နှစ်ခုက သတင်းရသွားတော့မှာ … သူတို့ ရောက်လာဖို့ ဘယ်လောက်မှ ကြာမှာ မဟုတ်ဘူး …”

“ ငါ သဘောပေါက်တယ်… မင်းစိုးရိမ်ဖို့မလိုဘူး .. ငါ ဘာလုပ်နေလဲ ငါသိတယ် ….. ဒေါက် ဒေါက် ဒေါက် ….”

သူတို့သုံးယောက်သား စကားပြောဆိုနေစဉ်မှာပဲ တံခါးခေါက်သံက ကြားဖြတ်နှောင့်ယှက်လာသည်။ ထို့ပြင် ခေါက်သံက အတော်လေးလည်း ကျယ်လောင်လှ၏။

ကြည့်ရသည်မှာ ကောင်းသောရည်ရွယ်ချက်နှင့် ရောက်လာသူများတော့ မဖြစ်နိုင်ပေ။ အပြုအမူတို့က အတော်လေး ရိုင်းစိုင်းလှ၏။

“ ဒီလောက် အမြန်ကြီးတော့ ရောက်မလာနိုင်ဘူးမလား …”

နင်ချဲ့ အံ့အားသင့်သွားခဲ့သည်။

“ ငါ တစ်ချက် သွားကြည့်လိုက်မယ်…”

လင်းရီ တံခါးသွားဖွင့်ပေးလိုက်တော့ အပြင်ဘက်၌ ရဲအရာရှိ ဆယ်ယောက်ကျော်က မတ်တပ်ရပ်လျက်သား ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ တံခါးပွင့်လာသည်နှင့် ချက်ချင်းဆိုသလို သူတို့၏ သေနတ်များက လင်းရီထံသို့ ချိန်ရွယ်လိုက်ကြ၏။

“ မလှုပ်နဲ့ …”

ဟိုတယ်က ရဲကို ဖုန်းဆက်တုန်းက အခြေအနေကိုပါ တစ်ခါတည်း ရှင်းပြထားပြီး ဖြစ်သည်။ ပြောနေစရာ မလိုလောက်အောင်ကိုပင် လင်းရီက တစ်ဖက်သူ၏ ခြေထောက်များကို နင်းချိုးပစ်ခဲ့ခြင်းဖြစ်၏။ ယခုလို လူတစ်ယောက်က လူ့အသိုင်းအဝိုင်းထဲ၌ အန္တရာယ် အလွန်များကြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရမည့် လူစားမျိုးပင်။

သို့သော်လည်းပဲ ရဲများဖြစ်နေသည်ကိုမြင်တော့ နင်ချဲ့နှင့် ချိုးယွီလော့တို့၏ အမူအရာမှာ သိသိသာသာ ပြေလျော့သွားခဲ့ကြလေသည်။

ရဲတွေလား …

ဒါဆို ပါမွှားပြဿနာလေးပဲ …

“ ခင်များတို့တွေ ဘာလုပ်နေကြတာ … ဒီလောက်ထိ ချဲ့ကားစရာ လိုလို့လား …” လင်းရီ အပြုံးလေးဖြင့် ဖော်ရွေစွာ ပြောဆိုလိုက်၏။

“ ပြောင်စပ်စပ် လာမလုပ်နဲ့ … လက်တွေ လေပေါ်မြှောက်ထားစမ်း …”

လင်းရီ ပြုံးလိုက်ပြီး နာခံစွာဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

“ သူ့ကို လက်ထိပ်ခတ်လိုက် …”

ဦးဆောင်လာသည့် သက်လတ်ပိုင်း ရဲအရာရှိက ဆော်ဩလိုက်သည်။ တစ်ချိန်တည်းတွင် ရဲသားနှစ်ဦးက လက်ထိပ်များနှင့် ရှေ့ထွက်လာပြီး လင်းရီကို လက်ထိပ်ခတ်ဖို့ ဟန်ပြင်သည်။

“ နင်တို့ သေနတ်တွေကို အောက်ချထားလိုက် … ငါတို့အားလုံးက ကိုယ့်အချင်းချင်းတွေပဲ …”

ထိုသို့ပြောပြီးနောက် ချိုးယွီလော့က သူမ၏ အိုင်ဒီကို ဦးဆောင်လာသည့် ရဲအရာရှိ ပစ်ပေးလိုက်သည်။

ရဲအရာရှိလည်း ချိုးယွီလော့၏ အိုင်ဒီကို ကမန်းကတမ်းဖမ်းယူပြီး ဖွင့်ကြည့်လိုက်ရာ စစ်တပ်သုံး အနီရောင် အိုင်ဒီဖြစ်နေကြောင်းကို မြင်တွေ့လိုက်ရလေသည်။

ရာထူးအဆင့်ကို မြင်တော့ သူ့ခမျာ ပိုပြီး အံ့ဩဘနန်း ဖြစ်မိသွားခဲ့သည်။

“ ဗိုလ် … ဗိုလ်မှူး …..”

ချိုးယွီလော့ မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရပြီးနောက် ကျန်သူများလည်း အံ့အားသင့်သွားခဲ့ကြသည်။

ဘယ်လိုတောင် နတ်ဘုရားဆန်လိုက်တဲ့ အထောက်အထားကြီးလဲ …

“ သေနတ်တွေ အောက်ချ …”

အမိန့်ပေးပြီးသည်နှင့် အခန်းထဲရှိ လေထုမှာ ပြင်းထန်မှုတို့ သိသိသာသာလျော့ကျသွားခဲ့၏။

“ ဆာတို့ … ဒီကို မစ်ရှင်ကိစ္စနဲ့ ရောက်လာခဲ့တာလား …” သက်လတ်ပိုင်း ရဲအရာရှိက မေးလိုက်သည်။

“ အင်း …” ချိုးယွီလော့ ခေါင်းညိမ့်လိုက်၏။ “ သူတို့နှစ်ယောက်ကလည်း ငါ့ရဲ့ ရဲဘော်ရဲဘက်တွေပဲ … ငါနဲ့ ရာထူးတူတယ်… ဒီကိစ္စမှာ ဝင်မပါနဲ့ … ငါတို့ဘာငါတို့ ကိုင်တွယ်လိုက်မယ်…”

“ ရာထူးအဆင့်တွေ အတူတူပဲ ……..”

ဤအချိန်တွင်တော့ လူတိုင်းမှာ လင်းရီကို မတူကွဲပြားသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်မိကြသည်။

ဒါမှမဟုတ် … သူတို့၏ အမူအရာများက သဘာဝမကျ ဖြစ်လာသည်ဟု ပြောလျှင် ပိုမှန်မည်။

ယခုလို အသက်ငယ်ငယ်လေးဖြင့် ဤမျှ မြင့်မားသည့် ရာထူးအဆင့်အတန်းသို့ ရောက်ရှိနေရန်က ….

ဒီလူတွေရဲ့ တကယ့်အထောက်အထား အစစ်အမှန်က ဘာများ ဖြစ်နေမလဲ …

“ ဒီတိုင်း အလုပ်သဘောအရပါဆာ … ဆာတို့နှစ်ယောက်ရဲ့ အိုင်ဒီကိုရော တစ်ချက် စစ်ကြည့်လို့ရမလား …”

“ ဒါပေါ့ …”

ချိုးယွီလော့က နင်ချဲ့၏ အိုင်ဒီကို ထုတ်ပေးလိုက်ပြီး လင်းရီကလည်း သူ့အိုင်ဒီကို ကမ်းပေးလိုက်သည်။

ပြဿနာ မရှိကြောင်း စစ်ဆေးအတည်ပြုပြီးနောက် ရဲသားဆယ်ယောက်ကျော်မှာ တစ်ပြိုင်နက် အလေးပြုလိုက်ကြ၏။

“ ကျုပ်တို့ တကယ့်ကို တောင်းပန်ပါတယ်.. ဒီကိစ္စက နားလည်မှုလွဲသွားတာပါ … ကျုပ်တို့အခုပဲ ထွက်သွားပေးပါ့မယ်…”

“ အဆင်ပြေတယ်… ခင်များတို့လည်း တမင်တကာ ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ … တာဝန်အရပဲကို …”

“ ဟို အခန်းထဲက လူနှစ်ယောက်ကိုရော ဘယ်လိုလုပ်လိုက်ရမလဲ မသိဘူး …” သတ်လတ်ပိုင်း ရဲအရာရှိက စကားအစ်ကြည့်လိုက်၏။

“ သူတို့တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြတာ .. အခုချက်ချင်း ဆေးကုသမှု မခံယူဘူးဆိုရင် တစ်သက်လုံး သုံးစားမရ ဖြစ်သွားလိမ့်မယ်…”

“ အဆင်ပြေတယ်… ဒီကိစ္စ စိတ်မပူနဲ့ … ငါတို့က မစ်ရှင်လုပ်နေတာ … ဒီတိုင်းလေးပဲ ထွက်သွားလိုက် …”

ရှိနေကြသည့် လူအားလုံး ကျောများ ချမ်းစိမ့်သွားခဲ့ကြသည်။

သူတို့က သူများရဲ့ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ချိုးပစ်ခဲ့ကြသေးတယ်… ဒါတောင် သူတို့ကို ဒီတိုင်းလေးပဲ ထွက်သွားလိုက်တဲ့လား …

ဒါ သာမန်လူတွေ လုပ်မယ့်ကိစ္စမျိုး မဟုတ်ဘူး …”

“ ဒါဆိုလည်း … ခွင့်ပြုပါဦး … တကယ်လို့ တစ်ခုခုလိုအပ်တာရှိရင် ဖုန်းဆက်လိုက်လို့ရပါတယ်… ကျုပ်တို့ဘက်က အပြည့်အဝ ပူးပေါင်းပေးပါ့မယ်…”

“ နေဦး …”

သူတို့တွေ ထွက်သွားတော့မည့် အချိန်မှာပဲ လင်းရီ ဟန့်တားလိုက်၏။ “ ကျုပ် ခင်များတို့ကို တစ်ခုလုပ်ပေးဖို့ အကူအညီတောင်းချင်တယ်…”

“ ရတယ်လေ… ပြောပါ ..”

“ ဟိုတယ်ကို သွားပြီး ဒီ အလွှာက လူတွေအကုန်လုံးကို တခြားအလွှာ ပြောင်းပေးဖို့ ပြောပေးနိုင်မလား … တစ်လွှာလုံးကို ဗလာကျင်းပစ်နိုင်ရင် အကောင်းဆုံးပဲ ..”

All Chapters