← Chapters

အချိန်မီ ရောက်လာခဲ့ခြင်း 

Vol. 125 Ch. 1862

အချိန်မီ ရောက်လာခဲ့ခြင်း 

Vol. 125 Ch. 1862

ကျုံးဝေ့တပ်ဖွဲ့က အဖွဲ့ဝင်များ အချင်းချင်း လက်ရည်စမ်း တိုက်ပွဲတို့အား တိုက်တွန်းအားပေးသော်လည်းပဲ ယခုလို ရန်ငြိုးဖြင့် ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာ ရစေမှုကိုတော့ ခွင့်မပြုထားပေ။ 

နင်ချဲ့ပြောနေသည်က လက်ရှိ သူတို့၏ အခြေအနေ အတိအကျပင်။  

အဘယ်ကြောင့်ဆိုသော် ကျုံးဝေ့တပ်ဖွဲ့က အသင်း ၄ ကို ပြန်လည် နေရာချထားရန် စီစဉ်နေပြီး ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက အသင်း ၄ ကို ဖျက်သိမ်းဖို့ ပြုလုပ်နေသည်။ အစိုးရဘက်က တရားဝင် အတည်ပြု စာလွှာ မထွက်သေးရုံမျှသာ ရှိသေးပြီး သေချာမှုနှုန်းကတော့ ရာနှုန်းပြည့်ပင်။ 

ထို့အတွက်ကြောင့် … သူတို့ကိုယ်သူတို့ ကျုံးဝေ့တပ်ဖွဲ့ဝင်တစ်ယောက် အဖြစ် စိတ်ထဲ မှတ်ယူမထားကြတော့ချေ။ 

“ ဟုတ်တော့ရော ဘာဖြစ်လဲ … မဟုတ်တော့‌ရော ဘာဖြစ်လဲ ….” 

ဝေ့ယွီလုံ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ပြောလိုက်၏။ 

“ ငါ စောနက ပြောသွားတဲ့အတိုင်းပဲ … မင်းတို့ရဲ့ လုပ်ရပ်ကို ရပ်တန်းက မရပ်ဘူးဆိုရင် ငါ့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့ ….” 

“ ဟက် …” နင်ချဲ့ နှာမှုတ်လိုက်ပြီး အထင်တသေးဖြစ်စွာဖြင့် “ နင်တို့ မိသားစုတွေ ဘာစဉ်းစားနေကြလဲဆိုတာ ငါတို့ အကုန်သိပြီးသား … နင်တို့က ဒီအခွင့်အရေးကို အသုံးချပြီး လင်းယွင်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကျိုးမိသားစုကို ဝါးမျိုချင်နေတာမလား … နင်တို့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးလေးတွေ မဖြစ်နိုင်မှာကိုပဲ စိုးတယ်…” 

“ မင်းတို့ ဒီလို လုပ်ရတဲ့ အကြောင်းအရင်းက ကျိုးမိသားစုကို ကာကွယ်ဖို့ မဟုတ်ဘဲ လင်းယွင်အုပ်စုကို ကာကွယ်ဖို့အတွက်ဆိုတာ ငါသိတယ်…” ဝေ့ယွီလုံ ပြောလိုက်ပြီး “ ဒါပေမယ့် လင်းရီက သေပြီ … ပြီးတော့ သူ့မှာ အမွေဆက်ခံသူကလည်း မရှိဘူး … နောက်ဆုံး ဒီကုမ္ပဏီကြီးက သူ့အလိုလို ပြိုကွဲသွားမှာပဲ .. မင်း အခု လုပ်နေတာတွေက အသုံးမဝင်ဘူး … ဘာပဲ ဖြစ်ဖြစ် ငါတို့ချင်းက ရဲဘော်ရဲဘက်တွေပဲလေ… ငါတို့ရဲ့ စည်းလုံးညီညွှတ်မှုကို ဒီလိုမျိုး ထိခိုက်အောင်လုပ်ဖို့ မလိုပါဘူး …” 

ဝေ့ယွီလုံ၏ ခွန်အား လယ်ဗယ်က မြင့်မားသော်လည်း အိုင်ကျူမှာတော့ နိမ့်ပါးရှာသည်။ သူ့ပုံစံကြည့်လိုက်သည်နှင့် smart မဖြစ်ကြောင်း သိသာလှသည်။ 

သူ ယခုပြောသွားခဲ့သည်များက ၎င်းတို့၏ အကြံအစည်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောဆိုသွားခဲ့ခြင်းပင်။ 

ယင်းက သူတို့သုံးဦးသား ထင်ကြေးပေးထားသည့် ခန့်မှန်းချက်တို့နှင့် သိပ်ကွာခြင်း မရှိလှပေ။ သို့သော်လည်းပဲ အဆိုပါ တွေ့ရှိချက်များအား ယခုအချိန်၌ ဖော်ထုတ်လိုက်သည်က သင့်တင့်လျောက်ပတ်မှု မရှိလှပေ။ 

ထိုလူက သတ္တိသာရှိပြီး ဉာဏ်မရှိသည့် လူစားမျိုးပင်။ 

အပြုံးတစ်ခုက နင်ချဲ့၏ နှုတ်ခမ်းထောင့်စွန်း၌ ထွက်ပေါ်လာသည်။ 

လင်းရီရဲ့ အဖေ ပြုလုပ်ပေးသွားခဲ့သည့် သေဆုံးမှုကို အတုဖန်တီးရန် အစီအစဉ်က ရည်ရွယ်ချက်လျှိုထားသည့် လူတော်တော်များများကို လက်သည်းတို့ ထုတ်ပြလာစေလေသည်။ 

ဒဏ္ဍာရီလာ S အဆင့် တစ်ယောက်၏ စကေးတို့ကတော့ လုံးဝကို အံ့မခန်းပင်။ 

“ ငါ နင်တို့နဲ့ ဘာမှ မဆွေးနွေးချင်ဘူး … ဒါပေမယ့် ငါ အရင်က ပြောခဲ့တဲ့အတိုင်းပဲ … နင်တို့တွေ လင်းယွင်အုပ်စုကို လုံးဝ မထိနိုင်စေရဘူး …” 

“ ဒီအခြေအနေရောက်နေတာတောင် ခေါင်းက မာချင်နေသေးတယ်… ငါ မင်းကို သေအောင် ရိုက်သတ်ပစ်လိုက်မှာ မကြောက်ဘူးလား …” ကျူးကျွင်းချီက မခံချိမခံသာ ဖြစ်အောင် ပြောလိုက်သည်။ 

“ ထောက်ချိန်သာ ဒီမှာ ရှိနေရင် နည်းနည်း ခက်ရင် ခက်မယ်… ဒါပေမယ့် သူက ဒီမှာ မရှိဘူးဆိုတော့ မင်းတို့နှစ်ယောက်လုံး အခွင့်အရေး မရှိတော့ဘူး ….” 

ထောက်ချိန်လား … 

အမျိုးသမီး နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်မိသွားခဲ့ကြ၏။ နောက်တစ်စက္ကန့်၌ ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သွားကြလေသည်။ 

သူတို့၏ သတင်းအချက်အလက်က ကျိုးယွမ်ဆီက ရောက်လာခဲ့ကြောင်းကို သူမတို့တွေ သတိပြုမိလိုက်ကြသည်။ 

ထို့ပြင် ကျိုးယွမ်အဖို့ ယခုလို သတင်းအချက်အလက်များ ရရှိရန်အတွက်က ကျိုးမိသားစုအတွင်း၌ သူ့လူတစ်ချို့ ရှိထားရပေမည်။ 

သူတို့က လင်းရီကို ကျိုးလျန်၏ ဈာပနာသို့ ရောက်လာခဲ့သည့် ထောက်ချိန်နှင့် အမှတ်မှားသွားခဲ့ခြင်းပင်။ 

ထိုတစ်ချက်တည်းကပင် အရာအားလုံးကို ရှင်းပြပေးသွားခဲ့သည်။ 

“ အခွင့်အရေး မရှိဘူးဆိုရင်တောင် ငါတို့ လက်မလျှော့နိုင်ဘူး …” နင်ချဲ့၏ နှုတ်ခမ်းတို့က ဖမ်းရခက်သည့် အပြုံးတစ်ခုသို့ တွန့်ကွေးသွားခဲ့၏။ ကောက်ကျစ်စဉ်းလဲသည့် အပြုံးတစ်ခုဟုပင် ပြောနိုင်သည်။ 

နှစ်ယောက် - နှစ်ယောက် အခြေအနေ၌ သူမနှင့် ချိုးယွီလော့က ထိုနှစ်ယောက်၏ ပြိုင်ဘက်များ မဖြစ်နိုင်ပေ။ ယခု သူမတို့ လုပ်ဖို့ လိုအပ်သည်က အချိန်ဆွဲထားဖို့ပင်။ လင်းရီ ပြန်ရောက်လာသည်နှင့် အရာအားလုံး အဆင်ပြေပြီ ဖြစ်၏။ 

“ မင်း အပျက်မ …. တို့စ်လုပ်ပေးနေတာကို မသောက်ချင်ဘဲ အတင်းအကြပ် သောက်ခိုင်းရအောင် လုပ်နေတယ်…” 

ဝေ့ယွီလုံ ပြောပြီးနောက် အချိန်ဆက်လက် ဖြုန်းတီးမနေတော့ဘဲ နင်ချဲ့ထံ ထပ်မံ ပြေးဝင်လာခဲ့၏။ 

ကျူးကျွင်းချီသည်လည်း တည်ငြိမ်စွာ ထိုင်မနေခဲ့ချေ။ ဝေ့ယွီလုံနှင့်အတူ ပူးပေါင်းတိုက်ခိုက်၏။

သူ၏ စကေးများက နင်ချဲ့တို့ နှစ်ဦးထက် သာလွန်သော်လည်းပဲ အကယ်၍ တစ်ဖက်ကသာ နှစ်ယောက် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့မည်ဆိုပါက သူ့ဘက်က အလေးမသာသည့် အခြေအနေမျိုးသို့ ကျရောက်သွားနိုင်သည်။ 

ထို့ကြောင့် သူလည်း ဝင်ပါပြီး နင်ချဲ့တို့နှစ်ယောက်ကို မည်သည့် အခွင့်အရေးမျှ ရရှိစေမှာ မဟုတ်ချေ။ 

ချိုးယွီလော့က ဝေ့ယွီလုံနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ကျူးကျွင်းချီကတော့ နင်ချဲ့ကို တိုက်ခိုက်လိုက်သည်။ 

ကျူးကျွင်းချီနှင့် နင်ချဲ့တို့က လက်ရည်ညီနေပြီး တစ်ယောက်ကိုယ်တစ်ယောက် ခွန်အားအပြည့်သုံး၍ ကြမ်းတမ်းစွာ တိုက်ခိုက်နေခဲ့ကြသည်။ 

သို့ပေမယ့်လည်း ချိုးယွီလော့အတွက်ကတော့ အခြေအနေ ကောင်းမနေချေ။ 

အကွက်ရေ ဒါဇင်ချီမျှ ဖလှယ်ပြီးနောက် သူမဘက်က စတင် အရေးနိမ့်လာခဲ့ပြီး ခုခံကာကွယ်သည့် အနေအထားသို့ တွန်းပို့ခံလိုက်ရ၏။ 

သူမ၏ နှုတ်ခမ်းထောင့်စွန်းများပင် သွေးတို့ ယိုစီးကျလာနေသည်။ 

“ သူ့ကို ငါနဲ့ လွှဲထားလိုက် … ငါ နင်ချဲ့ကို ကြည့်ရှင်းလိုက်မယ်…” 

ဝေ့ယွီလုံ အော်ဟစ်လိုက်ပြီး ကျူးကျွင်းချီနှင့် နေရာချင်းလဲရန် အချက်ပြလိုက်သည်။ 

ဤသည်က နင်ချဲ့နှင့် ချိုးယွီလော့တို့ နှစ်ယောက်လုံးကို ထောင့်ကပ် အနေအထားသို့ ကျရောက်သွားစေခဲ့ပြီး အခြေအနေက သူမတို့အတွက် ပိုပြီး အန္တရာယ်များလာသည်။ 

ဝှစ် … 

ဝေ့ယွီလုံသည် နင်ချဲ့ကို နံရံသို့ ပိတ်ကန်လိုက်သည်။ သူမကို ပြန်လည် တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ လက်ဆန့်တန်း၍ လည်ပင်းကို တင်းကြပ်စွာ ညှစ်ထားလိုက်၏။ 

“ မင်းတို့ ဆက်ပြီး တိုက်ချင်သေးလား … မင်း သူ့ကို ဒီမှာ သေစေချင်လား …” 

ဝေ့ယွီလုံမှာ အမူအရာ ကင်းမဲ့နေပြီး အသံသည်လည်း အေးစက်နေသည်။ 

ချိုးယွီလော့ အာရုံပျံ့လွင့်သွားခဲ့၏။ ကျူးကျွင်းချီက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ သူမကို အဝေးသို့ ကန်ကျောက်လိုက်ကာ ကော်ဖီစားပွဲအား ကျိုးပျက်သွားစေခဲ့သည်။ 

“ သူ့ကို လွှတ်လိုက် …” 

ချိုးယွီလော့ မျက်လုံးပြူးမတတ် အော်ဟစ်လိုက်၏။ 

“ လွှတ်ပေးရမှာလား ….” 

ဝေ့ယွီလုံ အေးစက်စက် နှာမှုတ်၍ “ မင်းတို့ပဲ ခေါင်းမာနေကြတာ မဟုတ်ဘူးလား … လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို မင်းတို့ နားမလည်ကြဘူးလား ….” 

“ ဖီး …” 

နင်ချဲ့ ဝေ့ယွီလုံကို တံတွေးထွေးလိုက်၏။ “ နင့်ရဲ့ နေ့ရက်ကောင်းတွေက အဆုံးသတ်တော့မှာ … နင်ကများ ငါတို့ကို အရှုံးပေးစေချင်တယ်ပေါ့ … လုံးဝ မဖြစ်နိုင်ဘူး …” 

ဝေ့ယွီလုံ၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့ကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ 

သူ့တွင် လင်းရီကဲ့သို့ စကေးမရှိပေ။ သူမတို့နှစ်ယောက်ကိုလည်း တိုက်ခိုက်ရုံသာ တိုက်ခိုက်ဝံ့ပြီး သတ်ဖြတ်ဖို့တော့ ဝန်လေးနေမိ၏။ 

သူ့ရင်ထဲရှိ ဒေါသတို့က ပေါက်ကွဲခါနီး မီးတောင်ကဲ့သို့ ထိန်းချုပ်ရ ခက်ခဲလာသည်။ 

“ ငါ-ိုးပဲ … မင်းကို တကယ်ကြီး မသတ်ရဲဘူးလို့ ထင်နေတာလား …” 

ဝေ့ယွီလုံ ဖျစ်ညှစ်ထားသည့် သူ့လက်ကို ပို၍ တင်းကြပ်လိုက်ပြီး နင်ချဲ့မှာ နံရံအထက်သို့ ဖြည်းဖြည်းချင်း မြှောက်တက်လာသည်။ 

“ အဟွတ် အဟွတ် အဟွတ် ….” 

နင်ချဲ့၏ မျက်နှာမှာ နီမြန်းလာခဲ့ပြီး အသက်ရှူရ ခက်ခဲလာခဲ့၏။ သို့သော်လည်းပဲ သူမ လုံးဝ အောက်ကျို့ခံခြင်း မရှိပေ။ 

“ သပပဲ …” 

ချိုးယွီလော့ ကျိန်ဆဲလိုက်ပြီး သူမ၏ ရှိသမျှခွန်အားများကို ဖျစ်ညှစ်ကာ ဝေ့ယွီလုံထံသို့ ပြေးဝင်လာသည်။ သို့သော်လည်းပဲ ကျူးကျွင်းချီက သူမကို အောင်မြင်ခွင့် မပေးပေ။ အနောက်မှ နီးကပ်စွာ လိုက်ပါလာပြီး ဘေးသို့ ကန်ကျောက်လိုက်၏။ 

ချိုးယွီလော့ သူမ၏ ရင်ဘက်ကို တင်းကြပ်စွာ ဖိနှိပ်ထားမိသည်။ သူမ မည်မျှပင် ကြိုးစားစေကာမူ ပြန်မထနိုင်ဘဲ ဖြစ်နေသည်။ တိုက်ခိုက်နိုင်စွမ်း အားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ 

အခြားတစ်ဖက်တွင်တော့ နင်ချဲ့မှာ သေလုမြောပါး အခြေအနေသို့တိုင် ကျရောက်နေလျက် ရှိသည်။ 

နဖူးသွေးကြောကြီးများက ထောင်ထနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်။ 

ဝေ့ယွီလုံ သူမကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ “ အရှုံးမပေးသေးဘူးပေါ့ …” 

“ မ … ဖြစ် .. နိုင် .. ဘူး … နင် လည်း သက် ဆိုး ရှည် မှာ မ ဟုတ် ဘူး …” နင်ချဲ့ ပြတ်တောင်းပြတ်တောင်း ဖြစ်စွာ တစ်လုံးချင်း ပြောဆိုလိုက်သည်။ 

“ သက်ဆိုးမရှည်ဘူးတဲ့လား …” ဝေ့ယွီလုံ နှာမှုတ်လိုက်၏။ 

“ ငါ မင်းကို ဘာမှလည်း မလုပ်ဘူး … ဒီတိုင်း သာမန် လက်ရည်ဖလှယ်ရုံပဲ … မင်းရဲ့ မလုံလောက်တဲ့ အရည်အချင်းကပဲ ဒီခုလို အခြေအနေမျိုးရောက်အောင် ဖြစ်သွားစေတာ … ကျုံးဝေ့တပ်ဖွဲ့က ငါ့ကို အပြစ်တင်လို့ မရဘူး …” 

“ အတိအကျပဲ …” ကျူးကျွင်းချီ ပြောလိုက်ပြီး သဘောတူစွာဖြင့် စီးကရက် မီးညှိလိုက်၏။ 

“ မင်းတို့ရဲ့ မိသားစုက ငါတို့ မိသားစုတွေထက် နည်းနည်းလေး အင်အားကြီးမားနေတယ်ဆိုရင်တောင် အဲ့တာက အကန့်အသတ်နဲ့ပဲ … ငါတို့ကို စီးပွားရေး ပိတ်ဆို့ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး … မင်းငါ့ကို ဘာအားကိုးနဲ့ ဒါတွေ လာပြောနေလဲ ငါ မသိဘူး … ထောက်ချိန်အားကိုးနဲ့လား …” 

“ ထောက်ချိန် … အဲ့ဒီ စောက်သုံးမကျတဲ့ကောင် … ငါ သူ့ကို သေချာသိတာပေါ့ … သူကဖြင့် မင်းတို့နှစ်ယောက်လောက်တောင် စကေးမရှိဘဲနဲ့ …” ဝေ့ယွီလုံ အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။ 

“ တကယ်လို့ မင်းတို့သုံးယောက်သာ အတူ ပူးပေါင်းပြီး တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့နှစ်ယောက်အတွက်က နည်းနည်းလေး အခက်တွေ့ရင် တွေ့နိုင်တယ်… ဒါပေမယ့် အခုတော့ … မင်းတို့နှစ်ယောက်က ဒီလို အနေအထားမျိုး ရောက်နေပြီ … သူ ရောက်ခဲ့ရင်တောင် အဲ့ကောင်က ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့ … အဲ့ကောင်လောက်ကတော့ ငါ့လက်တစ်ဖက်ပဲပေးတယ်… “ 

ဒုန်း … 

ဝေ့ယွီလုံ စကားပြောနေစဉ်မှာပဲ အခန်းတံခါးမှာ ကန်ကျောက်ပြီး ဖွင့်ခံလိုက်ရ၏။ 

ရုတ်ချည်း ဖြစ်ပေါ်လာသည့် အသံကြောင့် ဝေ့ယွီလုံနှင့် ကျူးကျွင်းချီတို့ အံ့အားသင့်သွားခဲ့ကြပြီး သူတို့နှစ်ဦးလုံး ခေါင်းလှည့်ကြည့်လိုက်ကြလေသည်။ 

အပြင်ဘက်တွင် မာ့စ်နှင့် ဦးထုပ်ဆောင်းထားသည့် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို မြင်တော့ နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။ 

လင်းရီကို မြင်တော့ ကျူးကျွင်းချီ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။ 

တစ်ဖက်လူက အဝတ်အစားများ လဲထားသော်လည်းပဲ တံခါးအပြင်ဘက်တွင် ရပ်နေသည့်လူကို တစ်ချက်ကြည့်လိုက်သည်နှင့် ထိုလူက သူ့အား ပြည်ထောင်စု ဆေးရုံ၌ အနိုင်ယူသွားခဲ့သည့်လူဆိုတာကို သူ မှတ်မိခဲ့စဲပင်။ 

“ မင်းပဲ …” 

All Chapters