ကောင်းကင်တာအိုကျောင်းတော်
Vol. 17 Ch. 241
သုံးရက်ကြာပြီးနောက်မှာ နတ်ဆိုးမဟာမိတ်အဖွဲ့နှင့်လူသားမဟာမိတ်အဖွဲ့က အင်အားအပြည့်နှင့်စတင်တိုက်ခိုက်ကြတော့သည်။အစပိုင်းမှာ နှစ်ဖက်အင်အားကညီမျှလျှက်ရှိပြီး တစ်ဖက်မှတစ်ဖက်ကိုမည်သည့်အရာမျှမလုပ်နိုင်ပေ။
နှစ်ရက်ကြာပြီးတော့ နတ်ဆိုးမဟာမိတ်အဖွဲ့က ကမ္ဘာကူးပြောင်းလမ်းကြောင်းကိုတည်ဆောက်ပြီး နတ်ဆိုးကမ္ဘာမှအတိဒုက္ခကျော်လွှားခြင်းအဆင့်ကိုးယောက်ကို လက်ခံရရှိလိုက်သည်။သူတို့ထဲမှတစ်ယောက်ဆိုလျှင် အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ဖြစ်သည်။
ထိုသူက အလွန်စွမ်းအားကြီးသည်။
ထိုအခြေအနေအောက်တွင် လမ်းမှန်မဟာမိတ်၏အမြင့်ပိုင်းတိုက်ပွဲအခြေအနေက ဖိအားပေးခံလာရသည်။စစ်မြေပြင်အခြေအနေက အန္တာရာယ်များလာ၏။ခုခံရေးမျဉ်းက လျော့နည်းလာပြီး အခြေအနေကိုပြောင်းပြန်လှန်ဖို့ ခဲယှဉ်းလာသည်။
“နတ်ဆိုးကမ္ဘာ!သွေးတစ်ထောင်ဂိုဏ်းက တကယ်တော့နတ်ဆိုးကမ္ဘာရဲ့အင်အားစုပဲ။”
“သေစမ်း”
“ချက်ချင်း လူသားကမ္ဘာကိုအကူအညီတောင်းတော့”
“ငါကြောက်တာက ငါတို့အရမ်းနောက်ကျသွားပြီဆိုတာပဲ”
လွင့်မြောဘုရားကျောင်း ဆရာတော်နှင့်မြူခိုးဝေဝေဂိုဏ်း၊လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ယောက်တို့၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး အလွန်အမင်းလေးနက်သွား၏။
အရေးကြီးသည့်အခိုက်အတန့်၌ အမှောင်မီးလျှံ၊ကပ်ဘေးလေး၊ဟော့ချန်ချင်းနှင့်တခြားသူတွေက တိုက်ခိုက်လိုက်ကြသည်။သူတို့က ချီမင်၏ညွှန်ကြားချက်ကိုလိုက်နာပြီး နတ်ဆိုးကမ္ဘာမှ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကိုးယောက်ကိုတိုက်ခိုက်လိုက်ကြသည်။
အမှောင်မီးလျှံက လေဟာနယ်စစ်မှန်နဂါးအဖြစ်ပြောင်းလဲသွားပြီးကပ်ဘေးဒုက္ခအရှင်၏စစ်မှန်ခန္ဓာကပေါ်ပေါက်လာသည်။ဟော့ချန်ချင်း၏ ဓားတာအိုမှ ဓားမြည်ကြွေးသံတစ်ခုထွက်ပေါ်လာပြီး သေမင်းတံစဉ်က အရပ်မျက်နှာတိုင်းကို ထိမှန်သွားသည်။ယင်လေးက ပြင်းထန်ယင်နယ်ပယ်ကိုဖွဲ့စည်းလိုက်ပြီး လင်းနို့လေးက ထိုက်ချီသတ်ဖြတ်ခြင်းဖွဲ့စည်းပုံအဖြစ်ပြောင်းလဲသွားသည်။
ဝိညာဉ်သားရဲခြောက်ကောင်က အံ့ဖွယ်စွမ်းအားမျိုးစုံ နည်းလမ်းမျိုးစုံအသုံးပြုလိုက်ကြသည်။
“ဒါ....ဒါ...”
“အတိဒုက္ခကျော်လွှားခြင်းအဆင့်ကျွမ်းကျင်သူခြောက်ယောက်!သူတို့ခြောက်ယောက်က အတိဒုက္ခကျော်လွှားခြင်းအဆင့်ကပဲ။”
“ဘယ်သူလဲ...သူတို့ကဘယ်သူလဲ”
“သူတို့တွေက လမင်းတစ်ထောင်ကမ္ဘာမှာ လွန်ခဲ့တဲ့နှစ်ရာပေါင်းအနည်းငယ်လောက်က အတိဒုက္ခကိုခဏခဏခံယူနေကြတဲ့သူတွေဖြစ်နိုင်လား။ကောင်းတယ်။အရမ်းကောင်းတယ်။ငါတို့ကယ်ခံလိုက်ရပြီ။ငါတို့လုံခြုံပြီ။”
“သတ်!”
လမ်းမှန်မဟာမိတ်အဖွဲ့ဝင်တွေက စိတ်လှုပ်ရှားသွားကြ၏။အမှောင်မီးလျှံနှင့်တခြားသူတွေကဝင်ရောက်တိုက်ခိုက်လိုက်သည့်အတွက် အခြေအနေကတည်ငြိမ်လာသည်။သူတို့က နတ်ဆိုးဂိုဏ်းဘက်မှတိုက်ခိုက်မှုတွေကို ခုခံနိုင်သွားသည်။
“ခွေးမသား!”
“မင်းတို့ကသေဖို့တောင်းဆိုနေတာပဲ။”
“တိုက်!”
နတ်ဆိုးကမ္ဘာဘက်မှ စွမ်းအားကြီးပုဂ္ဂိုလ်ကိုးယောက်က ဒေါသထွက်သွားကြသည်။သတ်ဖြတ်လိုစိတ်တွေ မြင့်တက်လာပြီး နတ်ဆိုးချီတွေ လှိုက်တက်လာသည်။ အနက်ရောင်တိမ်တိုက်တွေက မြို့ကိုအုပ်မိုးလာပြီး ဖျက်ဆီးလိုသည့်အလားထွက်ပေါ်လာသည်။ထို့နောက်နတ်ဆိုးကမ္ဘာအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်မျိုးစုံကို ဖော်ထုတ်လိုက်ကြသည်။အမှောင်မီးလျှံနှင့်တခြားသူတွေ၏ကျင့်ကြံခြင်းအဆင့်ကနတ်ဆိုးကမ္ဘာကျွမ်းကျင်သူကိုးယောက်ထက်နိမ့်ကျပေသည်။သို့သော်လည်း သူတို့အင်အားကပြင်းထန်ပြီး အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တွေကို အကန့်အသတ်ထိကျင့်ကြံထားသည်။
ကျင့်ကြံခြင်းအဆင့်ကပို့နိမ့်ပြီး ခြောက်ယောက်ကိုးယောက်ရင်ဆိုင်ရပေမယ့် အမှောင်မီးလျှံတို့မှာ အကျိုးအမြတ်ရနေဆဲဖြစ်သည်။
သုံးရက်ကြာပြီးနောက်မှာ လူသားကမ္ဘာ၏စစ်ကူတွေရောက်ရှိလာကြသည်။
လူသားကမ္ဘာစစ်ကူတွေက မြင့်မြတ်နယ်မြေကိုးခုမှတစ်ခုဖြစ်သည့်ကောင်းကင်တာအိုကျောင်းတော်မှဖြစ်သည်။သူတို့က အတိဒုက္ခကျော်လွှားခြင်းအဆင့်ကိုးမဟာ ကျောင်းတော်သားတွေကို စေလွှတ်ခဲ့ကြသည်။ထိုသူတို့က နတ်ဆိုးကမ္ဘာမှမဟာနတ်ဆိုးတွေကို ဖိနှိပ်နိုင်ကြသည်။
နောက်ဆုံးမှာတော့ နတ်ဆိုးကမ္ဘာက မဟာနတ်ဆိုးကိုးယောက်တွင် ငါးယောက်သေပြီးလေးယောက်ထွက်ပြေးသွားကြသည်။လူသားကမ္ဘာစစ်ကူတွေရောက်ရှိလာပြီးတဲ့နောက်မှာ အမှောင်မီးလျှံတို့အုပ်စုက အခွင့်အရေးတစ်ခုရှာပြီးထွက်သွားကြသည်။
ချီမင်က ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကိုသုံးပြီး အမှောင်မီးလျှံနှင့်တခြားသူတွေ၏လမ်းကြောင်းကို ဖုံးကွယ်လိုက်သည်။ထို့ကြောင့် မဟာကျောင်းတော်သားကိုးယောက်က ရှာမတွေ့နိုင်ကြပေ။
လဝက်လောက်ကြာတော့ လမင်းတစ်ထောင်ကမ္ဘာ၏နတ်ဆိုးမဟာမိတ်အဖွဲ့က လုံးဝဖျက်ဆီးခံလိုက်ရသည်။ထို့အပြင် ကောင်းကင်တာအိုကျောင်းကလည်း နတ်ဆိုးကမ္ဘာမှလမင်းတစ်ထောင်ကမ္ဘာကိုပစ်မှတ်ထားရသည့်အကြောင်းအရင်းကိုစုံစမ်းခဲ့ကြသည်။
လမင်းတစ်ထောင်ကမ္ဘာမှာ ကောင်းကင်နဲ့မြေကြီးမြင့်မြတ်ပစ္စည်း မူလအစတာအိုကျောက်တုံးသန္ဓေသားရှိသည်။နတ်ဆိုးကမ္ဘာမှမဟာနတ်ဆိုးတို့အတွက်ဆိုလျှင် ကောင်းကင်နဲ့မြေကြီးမြင့်မြတ်ပစ္စည်းက ကမ္မကိုလျော့ချပေးသည့်အပြင် တန်ပြန်မှုအကျိုးဆက်ကိုလျော့ချပေးသည်။ထိုအရာအပြင် အဆင့်ကိုး ကောင်းကင်အတိဒုက္ခကိုကျော်လွှားနိုင်နှုန်းကိုတိုးမြင့်ပေးပြီးမဟာယနအဆင့်ကိုချိုးဖြတ်နိုင်၏။
ထိုအရာက နတ်ဆိုးကမ္ဘာကျွမ်းကျင်သူအများကြီး၏အာရုံကိုဆွဲဆောင်နိုင်လိုက်သည်။
ဒီလိုနှင့် စစ်ပွဲကစတင်လာတာဖြစ်သည်။
ယခု မူလအစတာအိုကျောက်တုံးသန္ဓေသားက သဘာဝအတိုင်း ကောင်းကင်တာအိုကျောင်းတော်လက်အတွင်းသို့ ကျရောက်သွားပြီဖြစ်သည်။
ချီမင်က မူလအစတာအိုကျောက်တုံးသန္ဓေသား၏တည်နေရာအတိအကျကို တွက်ချက်နိုင်ပေမယ့် မယူလိုက်ပေ။သူသာယူလိုက်မိလျှင် လမင်းတစ်ထောင်ကမ္ဘာနှင့်ကမ္မဖွဲ့တည်ရစ်ပတ်မိပြီးကိစ္စအတွဲလိုက်တွေဖြစ်လာစေလိမ့်မည်။
ကမ္မဆိုသည်က ကောင်းကင်၏လုပ်ဆောင်မှုထက်ပင် ပို၍နားလည်ရခက်သောအရာဖြစ်သည်။
ယခု မူလအစတာအိုကျောက်တုံးသန္ဓေသားကိုကောင်းကင်တာအိုကျောင်းတော်မှယူဆောင်သွားပြီဖြစ်သည်။ကမ္မသာဖွဲ့တည်ခဲ့လျှင် ကောင်းကင်တာအိုကျောင်းတော်နှင့်ပဲမွေးဖွားဖွဲ့တည်လာမည်ဖြစ်သည်။ချီမင်ကို လုံးဝမသက်ရောက်နိုင်ပေ။
ပိုပြီးအရေးကြီးသည်က
မူလအစတာအိုကျောက်တုံးသန္ဓေသားက မဆိုးပေမယ့် ချီမင်အတွက်အရမ်းလည်းအသုံးမဝင်ပေ။ကောင်းကင်အတိဒုက္ခကိုးဆင့်မြောက်က အလွန်စွမ်းအားကြီးပေသည်။သို့သော်လည်း သူ၏နည်းစနစ်တွေဖြင့်ဆိုလျှင် သေချာပေါက် ကျော်ဖြတ်နိုင်စွမ်းရှိပါ၏။
တိုက်ပွဲပြီးသည့်နောက်မှာ လမင်းတစ်ထောင်ကမ္ဘာက သူ၏တည်ငြိမ်မှုကိုပြန်ရသွား၏။အမှောင်မီးလျှံနှင့်တခြားသူတွေက မဟာကျောင်းတော်သားကိုးယောက် ပေါ်လာသည့်နောက်မှာ ထွက်သွားသည်။သူတို့က အရှိန်အဝါကိုထုတ်လွှတ်ပြီး ကောင်းကင်အတိဒုက္ခကို ခံယူလိုက်ကြပြန်သည်။
ကောင်းကင်အတိဒုက္ခက ဟိန်းဟောက်လိုက်သည်။ကောင်းကင်နဲ့မြေကြီးက လှုပ်ခါသွား၏။
ကောင်းကင်အတိဒုက္ခက နောက်တစ်ကြိမ်သက်ဆင်းလာသည်။
ကြီးမားသည့်ပွက်လောရိုက်မှုတစ်ခုဖြစ်လာသည်။
ဒီတစ်ချိန်တော့ လမင်းတစ်ထောင်ကမ္ဘာကျင့်ကြံသူထောင်ချီက ကြည့်လိုက်ကြပြန်သည်။သူတို့မျက်လုံးတွေက လေးစားအားကျမှုတွေ ပြည့်လျှံနေပြီး မတူညီသည့်အရပ်ခြောက်မျက်နှာကိုကြည့်ကာ သက်ပြင်းအကြိမ်ကြိမ်ချလိုက်ကြသည်။
နေ့တစ်ဝက်လောက်ကြာတော့
ဟော့ချန်ချင်း၊အမှောင်မီးလျှံနှင့်တခြားသူတွေက ကောင်းကင်အတိဒုက္ခကိုအောင်အောင်မြင်မြင်ဖြတ်ကျော်ပြီး ကောင်းကင်နဲ့မြေကြီးလက်ဆောင်ကိုရရှိလိုက်ကြသည်။ကောင်းကင်နဲ့မြေကြီးနှစ်ခြင်းကိုရရှိပြီးသည့်နောက်မှာ ချီမင်၏ဘေးကိုပြန်လာကြသည်။
“တာဝန်က ပြီးသွားပြီ။”
“ ကျွန်တော်တို့ ကောင်းကင်အတိဒုက္ခကိုဖြတ်ကျော်ပြီးပါပြီ။”
အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်တခြားသူတွေက ချီမင်ကိုတင်ပြလိုက်ကြသည်။
ချီမင် ခေါင်းအနည်းငယ်ညိတ်လိုက်သည်”မင်းတို့ကောင်းကောင်းလုပ်ခဲ့တယ်။ပြီးပြီဆိုတော့ ဝိညာဉ်သားရဲကြီးထွားတဲ့နေရာထဲပြန်သွားတော့။”
“ဟုတ်ကဲ့”အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်တခြားသူတွေက တလေးတစားပြန်ဖြေလိုက်ကြသည်။
အတွေးတစ်ချက်နှင့် အမှောင်မီးလျှံနှင့်တခြားသူတွေက အလင်းစီးကြောင်းခြောက်ကြောင်းအဖြစ်ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။သူတို့ ဝိညာဉ်သားရဲကြီးထွားသည့်နေရာထဲကို ဝင်ရောက်သွားကြသည်။
ချီမင်က ဒီတစ်ကြိမ်ကိုယ်တိုင်မတိုက်ခိုက်ခဲ့ပေ။သူက လမင်းတစ်ထောင်ကမ္ဘာ၏ပြသနာကိုဖြေရှင်းဖို့ ဝိညာဉ်သားရဲခြောက်ကောင်ပို့လိုက်ပြီး စစ်ပွဲ၏ဦးတည်ရာကိုပြောင်းလဲကာ အနာဂတ်ကိုသက်ရောက်စေလိုက်သည်။
သူ့ကို ကျွမ်းကျင်သူဟုခေါ်ဆိုနိုင်ပြီဖြစ်သည်။သူကအားနည်သူတစ်ယောက်မဟုတ်တော့ပေ။တခြားသောသူတွေ၏ကံတရားကိုပြောင်းလဲပြီးလွှမ်းမိုးနိုင်သည့်ကျွမ်းကျင်သူဖြစ်လာသည်။တစ်ရက်ကြာပြီးနောက်မှာ ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်က အောင်အောင်မြင်မြင် အဆင့်ချိုးဖြတ်သွား၏။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အတိဒုက္ခကျော်လွှားခြင်းဆဋ္ဌမအဆင့်ကိုရောက်ရှိသွားသည်။ဟော့ချန်ချင်း၊ယင်လေး၊လင်းနို့လေးတို့၏ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်းစတုတ္ထအဆင့်ကိုရောက်ရှိသွားသည်။
“မဆိုးဘူး”ချီမင်ခေါင်းညိတ်လိုက်သည်။
အချိန်တွေ ကုန်ဆုံးသွားသည်။
မျက်စိတမှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာကုန်ဆုံးသွားပြန်သည်။
ယနေ့နေ့လည်မှာတော့
ချီမင်ကအသိပေးချက်ခြောက်ခုကိုလက်ခံရလိုက်သည်။ဝိညာဉ်သားရဲခြောက်ကောင်က ကျင့်ကြံခြင်းအဆင့်၏အကန့်အသတ်ကိုထပ်မံရောက်ရှိလာကြပြန်သည်။ကောင်းကင်အတိဒုက္ခကိုအာရုံခံနိုင်သွားပြီးနောက်တစ်ကြိမ်ဖြတ်ကျော်လိုက်ကြသည်။
ချီမင်က ထုံးစံအတိုင်း အမှောင်မီးလျှံနှင့်တခြားသူတွေကို ဝိညာဉ်သားရဲကြီးထွားရာနေရာထဲကနေ ထုတ်လိုက်ပြီး ကောင်းကင်အတိဒုက္ခရင်ဆိုင်ရန် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းနယ်နိမိတ်မှ ထွက်သွားခိုင်းလိုက်သည်။
သိပ်မကြာခင်မှာပဲ ချီမင်ကောင်းကင်အတိဒုက္ခမြည်ကြွေးသံကို ကြားလိုက်ရသည်။
ကောင်းကင်အတိဒုက္ခကနောက်တစ်ကြိမ်သက်ဆင်းလာ၏။
လမင်းတစ်ထောင်ကမ္ဘာတွင် ပွက်လောရိုက်မှုတစ်ခုနောက်တစ်ကြိမ်ဖြစ်ပေါ်လာပြီး သက်ရှိထောင်ချီ၏အာရုံကိုဆွဲဆောင်နိုင်လိုက်ပြန်သည်။ဂိုဏ်းအမျိုးမျိုးနှင့်အဖွဲ့အစည်းအသီးသီးကတက်ကြွစွာဆွေးနွေးကြပြန်သည်။
နေ့တစ်ဝက်လောက်ကြာတော့ အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်တခြားသူတွေပြန်ရောက်လာကြသည်။အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အတိဒုက္ခကျော်လွှားခြင်းသတ္တမအဆင့်ကိုဖြတ်ကျော်သွားပြီး ကျန်သည့်သူတွေက အတိဒုက္ခကျော်လွှားခြင်း ပဉ္စမအဆင့်ကိုရောက်ရှိသွားသည်။ကောင်းကင်နဲ့မြေကြီးနှစ်ခြင်းကိုခံယူလိုက်ပြီး အဆင့်ချိုးဖြတ်သွားကြသည်။
ချီမင် ခေါင်းညိတ်ပြီး ဝိညာဉ်သားရဲခြောက်ကောင်ကိုနေရာထဲသို့ပြန်ထည့်လိုက်သည်။
တစ်ရက်ကြာတော့ သူအသိပေးချက်တွေရလိုက်ပြန်သည်။ ဝိညာဉ်သားရဲခြောက်ကောင်က တစ်ရက်ကြာကြီးထွားခဲ့ပြီး သူတို့၏အဆင့်ချိုးဖြတ်ခြင်းကပြီးဆုံးသွားကြသည်။ကျင့်ကြံခြင်းအဆင့်တွေတိုးတက်လာကြပြန်သည်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အတိဒုက္ခကျော်လွှားခြင်းသတ္တမအဆင့်ကိုချိုးဖြတ်သွားပြီး ကျန်သည့်သူတွေက အတိဒုက္ခကျော်လွှားခြင်း ပဉ္စမအဆင့်ကိုချိုးဖြတ်သွားသည်။
သူတို့အင်အားတွေ သိသိသာသာသန်မာလာကြသည်။
“မဆိုးပါဘူး”ချီမင်စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
မျက်စိတမှိတ်အတွင်းမှာနောက်ထပ်နှစ်တစ်ရာကုန်ဆုံးသွားသည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်ကအများကြီးမတိုးတက်သွားပေ။ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကလည်း အကြီးစားအောင်မြင်မှုအဆင့်၏ အကန့်အသတ်၌သာရှိသေး၏။ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ရှိဖို့အတိုင်းအတာတစ်ခုအထိလိုသေးသည်။
မဟာကပ်ဘေးဒုက္ခနည်းစနစ်က အကြီးစားအောင်မြင်မှုအဆင့်၌သာ ရှိသေးသည်။အကြီးစားအောင်မြင်မှုအဆင့်၏အကန့်အသတ်ထိမရောက်သေးပေ။
မဟာအံ့ဖွယ်စွမ်းအား၏တိုးတက်မှုက အမှန်တကယ်နှေးကွေးသည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်နှင့်လည်းသက်ဆိုင်သေးသည်။
ချီမင်၏ရုပ်ခန္ဓာမှာ တိုက်ပွဲမြင့်မြတ်ခန္ဓာကနေ ဖရိုဖရဲမြင့်မြတ်ခန္ဓာအထိတိုးတက်သွားခဲ့ပြီးပြီ။
ဖရိုဖရဲမြင့်မြတ်ခန္ဓာက ရွှေခန္ဓာ နှောင်းပိုင်းအဆင့်မှာရှိပြီး အကြီးစားအောင်မြင်မှုအဆင့်ရောက်ရှိရန် ခြေတစ်လှမ်းသာလိုတော့သည်။
ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်က တည်တည်ငြိမ်ငြိမ်တိုးတက်နေသည်။အခြေခံအားဖြင့်နှစ်တစ်ရာကြာသည့်အခါတိုင်း ကောင်းကင်အတိဒုက္ခကိုကြုံတွေ့ပြီး အဆင့်ချိုးဖြတ်ကြသည်။
ဒီတစ်ကြိမ်လည်းတူညီသည်။
နေ့လည်မှာတော့ ချီမင်အသိပေးချက်ခြောက်ခုလက်ခံရလိုက်သည်။သူက အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်တခြားသောသူတွေကို စိတ်ဝိဉာဉ်တိမ်တိုက်ဂိုဏ်းအဝေးတွင် အတိဒုက္ခကျော်လွှားရန်လွှတ်ပေးလိုက်သည်။
တူညီစွာဖြင့်ပဲ ထိုအတိဒုက္ခ ကျော်လွှားခြင်းကလမင်းတစ်ထောင်ကမ္ဘာတစ်ခုလုံးကိုဆွဲဆောင်လိုက်ပြန်သည်။
အမှန်တကယ်တော့
လူသားကမ္ဘာကောင်းကင်တာအိုကျောင်းတော်က အတိဒုက္ခကျော်လွှားခြင်းနဝမအဆင့် မဟာကျောင်းတော်သားကိုအထူးတလည်စေလွှတ်ထားသည်။
အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်တခြားသူတွေပြသထားသည့်ပုံစံအရ နှစ်တစ်ရာနီးပါးကြာတိုင်း အတိဒုက္ခကျော်လွှာပြီး လွယ်လွယ်ကူကူဖြတ်ကျော်ကြသည်။
ထိုကဲ့သို့ အမြန်နှုန်းနှင့်သန်မာမှုက ကောင်းကင်တာအိုကျောင်းတော်၏အာရုံစိုက်မှုအချို့ကို ဆွဲဆောင်ဖို့လုံလောက်သည်။
ချီမင်က အစောကြီးကတည်းကတွက်ချက်ထားပြီးသည့်အတွက် အံ့ဖွယ်စွမ်းအားကြယ်ရွှေ့ပြောင်းခြင်းကိုသုံးကာ အရာအားလုံးကိုဖုံးကွယ်ထားလိုက်သည်။ကောင်းကင်တာအိုကျောင်းတော်မှ မဟာကျောင်းတော်သားကို အမှောင်မီးလျှံနှင့်တခြားသူတွေ၏ကံကြမ္မာနှင့်အချက်အလက်ကိုတွက်ချက်လို့မရအောင် လုပ်ထားသည်။
လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းတွင်
ကောင်းကင်တာအိုကျောင်းတော်မှ မဟာကျောင်းတော်သား လင်တျန်းကျန့်က မျက်မှောင်ကြုံ့လိုက်၏။သူကအသက်ပြင်းပြင်းရှုလိုက်ပြီး မျက်နှာကဖြူဖျော့သွားသည်။သက်စောင့်ချီတွေအတော်များများကုန်ခမ်းသွား၏”မဟုတ်ဘူး။တွက်ချက်လို့ကိုမရဘူး။အချက်အလက်တွေအားလုံးက ဖျောက်ခံထားရပြီးဖုံးကွယ်ခံထားရတယ်။ငါသာအတင်းအကြပ်တွက်ချက်ရင် သေချာပေါက်တန်ပြန်မှုကိုခံစားရမှာပဲ။”
“တခြားတစ်ဖက်ရဲ့နောက်ခံက သေချာပေါက်မရိုးရှင်းဘူး။”
“ကောင်းကင်တာအိုကျောင်း”ချီမင်မျက်မှောင်ကြုတ်လိုက်သည်။သူက သဘာဝအတိုင်းအာရုံခံမိသွားဖြစ်ပြီအနည်းငယ်မပျော်မရွှင်ဖြစ်သွား၏”လူသားကမ္ဘာမြင့်မြတ်နယ်မြေကိုးခုထဲကတစ်ခု။မင်းတို့အကြောင်းပြချက်မရှိဘဲ ငါ့ကိုဘာလို့ပြသနာလာရှာနေကြတာလဲ။”
အတွေးတစ်ချက်ဖြင့် ချီမင်က မဟာအံ့ဖွယ်စွမ်းအား၊အသေးစားအံ့ဖွယ်စွမ်းအားသုံးခု၊အနာဂတ်အာရုံ၊ကောင်းကင်စူးစမ်းခြင်း၊ကောင်းကင်လျှို့ဝှက်ချက်စာအုပ်၊ကောင်းကင်လျှို့ဝှက်ချက်စုတ်တံတို့ကိုသုံးလိုက်သည်။
ထိုအချိန်မှာ ချီမင်က သန့်စင်ရွှေခန္ဓာကိုလည်ပတ်ပြီး ဓမ္မစွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။
သူကကောင်းကင်တာအိုကျောင်းတော်နှင့်ပတ်သက်သည့်အရာအားလုံးကိုတွက်ချက်လိုက်သည်။
နောက်တစ်ခဏမှာ ချီမင်ကအချိန်မြစ်ထဲကကောင်းကင်တာအိုကျောင်း၏ သမိုင်းနှင့်သတင်းအချက်အလက်ကိုမြင်လိုက်ရသည်။သို့သော်လည်းသိပ်မကြာခင်မှာ မြူတစ်လွှာက သူ့ကိုဖုံးအုပ်လာသည်။
“အရိုင်းအစိုင်း”
ချီမင်အချိန်မြစ်ထဲကနေအော်သံတစ်ခုကို ဝိုးတဝါးကြားလိုက်ရသည်။ပြင်းထန်သည့်ဖိအားကစောင့်တက်လာပြီး တန်ပြန်သက်ရောက်မှုကိုခံစားလိုက်ရသည်။
ခရက်!ခရက်!
ချီမင်က သန့်စင်ရွှေခန္ဓာကို အကန့်အသတ်ထိလည်ပတ်လိုက်သည်။ရွှေရောင်အလင်းကလင်းလက်လာသည်။သို့သော်လည်းအက်ကြောင်းတွေလည်းပေါ်လာသည်။ချက်ချင်းနီးပါး ချီမင်၏သန့်စင်ရွှေခန္ဓာက ကျိုးပျက်သွားသည်။
“အဟွတ်...အဟွတ်”
သူက ချောင်းဆိုးလိုက်ပြီးနှုတ်ခမ်းထောင့်မှသွေးတွေစီးကျလာသည်။သူ့မျက်လုံးတွေကထိတ်လန့်မှုကိုဖော်ပြလာပြီးထိတ်လန့်တကြားရေရွတ်လိုက်သည်”ကောင်းကင်တာအိုကျောင်းကတကယ်တော့ အထက်ကမ္ဘာနဲ့ဆက်စပ်နေတာပဲ။”