← Chapters

ဆယ့်နှစ်လွှာအနက်ရောက်ကြာပန်းအလောင်းဘုရင်

Vol. 17 Ch. 243

ဆယ့်နှစ်လွှာအနက်ရောက်ကြာပန်းအလောင်းဘုရင်

Vol. 17 Ch. 243

ဧကရာဇ်တားမြစ်သင်္ချိုင်း၏ ခြောက်သွေ့နေသည့်ဧကရာဇ်အလောင်းကိုးလောင်းက ပြန်လည်ထမြောက်လာသည်။သူတို့၏တိုက်ခိုက်ရေးစွမ်းအားက အလွန်ပြင်းထန်ပေသည်။ထိုသူတို့ကုန်လုံးက အောက်ကမ္ဘာ၏အထွတ်အထိပ်အဆင့်ကိုရောက်နေကြပြီဖြစ်၏။သို့ပေမယ့် ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က ပိုပြီးတော့ပင် သန်မာသည်။ စစ်မှန်သည့် သက်ရှိအင်မော်တယ်တစ်ပါးအလားပင်ဆိုရမည်။တိုက်ပွဲအလီလီဖြစ်ပေါ်လာပြီး ဧကရာဇ်အလောင်း ကောင်တွေ တစ်လောင်းပြီးတစ်လောင်းရှုံးနိမ့်သွားကြသည်။ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်ထံမှ ဖျက်ဆီးခံလိုက်ရပြီးဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွား၏။

တာအိုပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ဧကရာဇ်တားမြစ်သင်္ချိုင်း၏‌အခြေအနေကသိသာသည်။ချီမင်က တားမြစ်နယ်မြေ၏အနက်ရှိုင်းဆုံးနေရာမှ ဧကရာဇ်အလောင်းကောင်တွေကို ဖျက်ဆီးလိုက်ခြင်းဖြင့်အဆုံးသတ်လို့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်ရက်ကြာသွားသည်။

တင်း!

“သင် ဂိမ်းမြေအောက်စခန်းဧကရာဇ်တားမြစ်သင်္ချိုင်းတွင် တစ်ရက်ကြာအလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် ဧကရာဇ်အဆင့်အရိုးစုတစ်ကောင်နဲ့အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်(၁၀)သန်းရရှိပါတယ်။”

ပစ္စည်း:ဧကရာဇ်အဆင့် အရိုးစု

ဖော်ပြချက်:ဂိမ်းမြေအောက်စခန်းဧကရာဇ်တားမြစ်သင်္ချိုင်းမှ ရရှိသော အထူးပစ္စည်းဖြစ်သည်။မဟာဧကရာဇ်တစ်ပါးသေဆုံးရာမှရရှိသော ရုပ်အလောင်းဖြစ်သည်။‌အလောင်းရုပ်သေးအဖြစ်သန့်စင်နိုင်ပြီး ဆေးလုံး၊လက်နက်ပစ္စည်းနှင့်တခြားသောအရာအမျိုးမျိုးအဖြစ်လည်းသန့်စင်နိုင်ပါသည်။သင်ကရုပ်အလောင်းကို ခန္ဓာကိုယ်ထဲသို့စုပ်ယူပြီး အင်အားကိုတိုးမြှင့်နိုင်ပါသည်။

ချီမင်တစ်ချက်ကြည့်လိုက်သည်”မဆိုးဘူးပဲ။ဧကရာဇ်အဆင့်ခွန်အားနယ်ပယ်နဲ့ဆို့ အောက်ကမ္ဘာရဲ့အထွတ်အထိပ်အင်အားမျိုးရှိနေပြီ။ မဟာယနအဆင့်နဲ့အတူတူသွားကျလောက်တယ်။”

“ဒီလိုဆို ငါအလောင်းရုပ်သေးအဖြစ်ပဲသန့်စင်တော့မယ်”

အတွေးတစ်ချက်ဖြင့် ချီမင်ကပစ္စည်းစာရင်းကိုဖွင့်ပြီး ဧကရာဇ်အဆင့်အရိုးစုကိုရှာလိုက်သည်။သူက ထုတ်လိုက်တော့ သူ့ရှေ့မှာ လဲလျောင်းနေသည့်ဟန်ဖြင့်ပေါ်လာသည်။

အလောင်းမှာအသက်ဝင်နေသည့်အတိုင်းပင်။သေဆုံးနေပြီးဖြစ်သော်လည်း မျက်နှာက သွေးရောင်လွှမ်းလျက်ရှိနေသေးသည်။ကိုယ်ထည်မှာ အိပ်ပျော်လျက်ရှ်ိနေသည့်တိုင် ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးပိုင်ဆိုင်ထားသည့်အလားပင်။

ဧကရာဇ်အဆင့်အရိုးစုက အမျိုးသမီးဖြစ်သည်။

ခမ်းနားသည့် မြစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးမဟာဆန်‌ပေသည်။မျက်နှာအမူအရာအချိုးအစားက ထူးခြားလှပ၏။ချီမင်က သက်ပြင်းရှိုက်လိုက်ပြီး တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။သူလက်တွေက ချိတ်စည်းတွေကို ဖွဲ့တည်ကာ ဓမ္မစွမ်းအားကိုထုတ်လွှတ်လိုက်သည်။ချက်ချင်းပဲ မည်းနက်နေသည့်တာအိုစာလုံး(၁၂၉,၆၀၀)လုံးပေါ်လာသည်။

“အလောင်းဘုရင် အထွတ်အထိပ်နည်းစနစ်”

ချီမင်အော်ဟစ်လိုက်ပြီး အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကိုလည်ပတ်လိုက်သည်။သူ့ပတ်လည်မှာမည်းနက်‌နေသည့်စာလုံးပေါင်း(၁၂၉,၆၀၀)လုံးပေါ်လာပြီး ဧကရာဇ်အဆင့်အရိုးစုထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။အသိဉာဏ်ရှိလာသည့်အလား အလင်းတွေတဖျက်ဖျက်လက်လာသည်။

ချီမင်၏ဓမ္မစွမ်းအားနှင့်တဖြည်းဖြည်းပေါင်းစပ်သွားသည်။သူကအလောင်းဘုရင် အထွတ်အထိပ်နည်းစနစ်ကိုသုံးကာသန့်စင်လိုက်သောကြောင့် ဧကရာဇ်အဆင့်အရိုးစုကို ရှင်သန်ထမြောက်စေပြီးအလောင်းဘုရင်ဖြစ်သွားစေ၏။

သိုပေမယ့် အဆုံးသတ်မဟုတ်သေးပေ။

ချီမင်က ညာဘက်လက်ကိုဝှေ့ယမ်းပြီး ပစ္စည်းစားရင်ထဲက ပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုထုတ်လိုက်သည်။ သူကပစ္စည်းတွေကို သန့်စင်ပြီးဧကရာဇ်အဆင့်အရိုးစုကိုယ်ထည်ထဲသို့ပေါင်းစပ်ကာ အထူးနည်းလမ်းတစ်ခုဖြင့်ဆက်လက်သန့်စင်လိုက်သည်။မျက်စိတမှိတ်အတွင်းမှာတစ်ရက်ကြာသွားသည်။ချီမင်က ဧကရာဇ်အဆင့်အရိုးစုကိုသန့်စင်ပြီးသွားခဲ့သည်။ပစ္စည်းအများကြီးနှင့် ဓမ္မစွမ်းအားအများကြီးသုံးပြီးမှ အလောင်းဘုရင်ကို ပြီးဆုံးသည်အထိသန့်စင်နိုင်လိုက်သည်။

“သိပ်သည်း”

ချီမင်က ညာဘက်လက်ကိုညွှန်ပြပြီး ဓမ္မစွမ်းအားကိုထုတ်လွှတ်ကာ အမှတ်အသားတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်။ အနက်ရောင်အလင်းစီးကြောင်းတစ်ခုသဏ္ဍာန်ထွက်ပေါ်လာပြီး ဧကရာဇ်အဆင့်အရိုးစုပေါ်သို့ကျရောက်သွားသည်။

အလင်းငွေ့ငွေ့ထွက်ပေါ်လာသည်။ဆယ့်နှစ်လွှာအနက်ရောက်ကြာပန်းအမှတ်တစ်ခုအဖြစ်သိပ်သည်းသွား၏။

“အောင်မြင်တယ်”

ချီမင် အပျော်လွန်သွားသည်”ဆယ့်နှစ်လွှာအနက်ရောက်ကြာပန်း၊ အလောင်းဘုရင် အထွတ်အထိပ်နည်းစနစ်ရဲ့အမြင့်ဆုံးအဆင့်ပဲ။မဟာယနအဆင့်နဲ့တောင်ယှဉ်လို့ရပြီး အလောင်ဘုရင်အဆင့်ရဲ့အကန့်အသတ်ကိုရောက်သွားပြီ။”

“မဆိုးဘူး။မဆိုးဘူး။”

ချီမင် အရမ်းကျေနပ်သွား၏။

ပြီးတဲ့နောက်မှာ သူက ညာဘက်လက်နဲ့ဓားဆွဲထုတ်ပြီး ဘယ်လက်ညိုးကို ခြစ်လိုက်သည်။ဒဏ်ရာတစ်ခုပေါ်လာပြီးသွေးတွေစိမ့်ထွက်လာသည်။သူက ဧကရာဇ်အဆင့်အရိုးစု၏မျက်ခုံးအလယ်နှင့်သွေးကိုပေါင်းစပ်လိုက်သည်။

ထိုသို့ဖြင့် ချီမင်က ဆယ့်နှစ်လွှာအနက်ရောက်ကြာပန်း အလောင်းဘုရင်ကိုထိန်းချုပ်နိုင်သွားသည်။ချီမင် လက်ချိတ်စည်းတွေဖွဲ့စည်းလိုက်ပြီးဧကရာဇ်အဆင့်အရိုးစုကို အပြည့်အဝအသက်သွင်းလိုက်တော့သည်။

ထူးဆန်းသည့်လှုပ်ခါမှုတစ်ခုပျံ့နှံ့လာသည်။

ကြည့်ရသည်မှာ တားမြစ်‌ဇုံ၏ အသက်စွမ်းအင်ကို သွားပြီး ထိတွေ့လိုက်မိသည့်အလားပင်။

ဧကရာဇ်အဆင့်အရိုးစုကိုယ်ထည်ပေါ်မှာ အလွန်အမင်းသန့်စင်သည့် အနက်ရောင်တာအိုပုံစံတွေပေါ်လာသည်။တာအိုပုံစံက မျက်ခုံးကြားကဆယ့်နှစ်လွှာအနက်ရောက်ကြာပန်းနှင့်ရောပြီး ပျံ့နှံ့သွားသည်။

ဧကရာဇ်အဆင့်အရိုးစုကမျက်လုံးပွင့်လာပြီး ထထိုင်လိုက်သည်။ မျက်လုံးက မှေးကျဉ်းသွားပြီးခေါင်းကတောင့်တောင့်တင်းတင်းလှုပ်ရှားသွားသည်။

ကြည့်ရသည်မှာ လက်ရှိကိုယ်ထည်ကို လိုက်လျောညီထွေဖြစ်ရန် ချိန်ညှိနေပုံပင်။

သိပ်မကြာခင်မှာပဲ ဧကရာဇ်အဆင့်အရိုးစု ပေါ်မှမည်းနက်နေသည့်တာအိုပုံစံတွေက ပျောက်ကွယ်သွားသည်။မျက်ခုံးကြားမှ ဆယ့်နှစ်လွှာအနက်ရောက်ကြာပန်းအမှတ်အသားတစ်ခုသာ ကျန်ခဲ့ပေသည်။

သူမက အပြည့်အဝနိုးထလာပြီး ချီမင်ရှေ့မှာဒူးထောက်လိုက်၏။အရိုအသေပြုလိုက်ပြီး အလွန်အမင်းလေးစားသည့်အသံနှင့်ပြောလာ၏” ဘဝအသစ်ကိုပေးအပ်တဲ့ အတွက်သခင့်ကျေးဇူးတင်ပါတယ်”

“အရမ်းကောင်းတယ်”ချီမင် အရမ်းကျေနပ်သွားသည်”အခုကစပြီး မင်းကို ကြာပန်းနက်လို့ပဲခေါ်မယ်”

“ဟုတ်ကဲ့ပါ သခင်” ကြာပန်းနက်ကပြန်ဖြေလိုက်သည်။

နောက်ပိုင်းအချိန်များတွင် ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို ဆက်လက်ကျင့်ကြံနေခဲ့သည်။ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအတွင်း ချီမင်က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ နယ်နိမိတ်မှ တစ်ခါမှ ထွက်ခွာခဲ့ခြင်းမရှိပေ။

ယခင်အတိုင်း တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းနှစ်ရာ ကြာသွားခဲ့သည်။

ယနေ့မှာတော့ ချီမင်၏ ဝိညာဉ်သားရဲလေးကောင်ဖြစ်သည့် ဟော့ချန်ချင်း၊ သေမင်း၊ ယင်‌လေးနှင့် လင်းနို့လေးတို့က အတိဒုက္ခကျော်လွှားဖို့ နှစ်ကြိမ်ထွက်သွားကြသည်။ သို့သော် ဒုတိယအကြိမ် ပြန်အလာတွင် ကောင်းကင်တာအိုကျောင်းတော်က သူတို့ကို ရှာတွေ့သွားပြီး ချီမင်၏ တည်နေရာကို ဖော်ထုတ်နိုင်သွားသည်။

ယခင်က ချီမင်သည် ကောင်းကင်တာအိုကျောင်းတော်၏ အတိတ်သမိုင်းနှင့် အနာဂတ်ကို တွက်ချက်ရန် မဟာအံ့ဖွယ်စွမ်းအားကို အသုံးပြုဖူးသည်။ ၎င်းက ကောင်းကင်တာအိုကျောင်းတော်ကို အမှန်တကယ်ပင် သတိပေးလိုက်သလို ဖြစ်သွားသည်။ သူတို့က စစ်မှန်သည့်အင်မော်တယ်ပစ္စည်းတစ်ခုကို အသုံးပြုပြီး ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကို ဖျက်ဆီးလိုက်ရသည်။ထို့သို့မှ ဟော့ချန်ချင်းနှင့် အခြားသူများအကြောင်းကို တန်ဖိုးကြီးကြီးမားမားပေးဆပ်ပြီး သဲလွန်စအချို့ကို ရှာတွေ့ခဲ့ကြသည်။

တစ်ရက်ကြာသွားပြီးသည့်နောက်မှာ သူတို့လေး ယောက်လုံးအဆင့်ချိုးဖြတ်သွားကြသည်။ သူတို့အားလုံးက အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်သို့ ရောက်ရှိသွားကြသည်။

တင်း!

“သင် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို အဆသန်းတစ်ထောင် မြှင့်တင်မှုဖြင့် နှစ်(၂၀၀) ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ သင် ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“အရမ်းကောင်းတယ်။” အတွေးတစ်ချက်ဖြင့် ချီမင်က လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူ၏ ဖရိုဖရဲမဟာတာအိုကျမ်းကို နားလည်သဘောပေါက်မှုက တဖြည်းဖြည်း နက်ရှိုင်းလာပြီး တာအိုပေါင်းစည်းခြင်း အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။

ထိုအခြေအနေမျိုးတွင် ချီမင်သာ ဆန္ဒရှိလျှင်အရှိန်အဝါကို ထုတ်လွှတ်ပြီး ကောင်းကင်နဲ့မြေကြီးကို ခံစားနိုင်သည်။ သူ၏ ပထမဆုံးသော ကောင်းကင်အတိဒုက္ခကိုလည်း ခံယူနိုင်သည်။

ချီမင်က ထိုသို့မလုပ်ပေ။

တင်း!

“သာမန်အင်မော်တယ် ဝိညာဉ်သားရဲ: ဟင်းလင်းပြင်စစ်မှန်နဂါးက အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ခံစားနိုင်ပါပြီ။ သာမန်အင်မော်တယ် ဝိညာဉ်သားရဲ: ဟင်းလင်းပြင်စစ်မှန် နဂါးကို အတိဒုက္ခ ကျော်လွှားဖို့ လွှတ်ပေးချင်ပါသလား။”

တင်း!

“ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးဒုက္ခအရှင်က အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ခံစားနိုင်ပါပြီ။ ရှားပါးဝိညာဉ် သားရဲ:ကပ်ဘေးဒုက္ခအရှင်ကို အတိဒုက္ခကျော်လွှားဖို့ လွှတ် ပေးချင်ပါလား။”

ချက်ချင်းပင် ချီမင်က နောက်ထပ် အသိပေးချက်နှစ်ခုကို ရလိုက်သည်။

နှစ်ပေါင်း (၂၀၀)အတွင်း အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က သူတို့၏ ကျင့်ကြံခြင်းအကန့်အသတ်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။ သူတို့တွင် အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခကို ကျော်လွှားနိုင်သည့် စွမ်းရည်ရှိနေပြီဖြစ်သည်။ ချီမင်က သူတို့ကို အတိဒုက္ခ ကျော်လွှားဖို့လွှတ်ပေးနိုင်ပြီ။

ဖြေရှင်းရမည့်ကိစ္စလေးတွေကျန်နေသေးသည့် အတွက် သူက ထိုသို့မလုပ်ပေ။

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ တောင်တံခါးရှေ့တွင် ပုံရိပ်သုံးခု ဆင်းသက်လာသည်။ သူတို့သည်ယောက်ျားနှစ်ဦးနှင့် မိန်းမတစ်ဦးဖြစ်ပြီး ကောင်းကင်တာအိုကျောင်းတော်မှ ဖြစ်သည်။ အချိန်အတော်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ပစ်မှတ်ကတတိယတန်းစားဂိုဏ်းဖြစ်သည့် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းတွင် ရှိနေနိုင်ခြေများကြောင်းအတည်ပြုနိုင်ခဲ့သည်။

ယင်းအပြင် ထိုသူတို့ထဲမှတစ်ဦးမှာ ဆံဖြူ နေပြီဖြစ်သည့် အဘိုးအိုတစ်ဦးဖြစ်၏။ အစိမ်းနက်ရောင် နဂါးခေါင်းပုံ တောင်ဝှေးကို ကိုင်ဆောင်ထားကာ ခါးအနည်းငယ် ကိုင်းနေ၏။ မသိကြသူများဆိုလျှင် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့်အဘိုးကြီးဟုထင်သွားနိုင်၏။

ဆံဖြူအဘိုးအိုမှာ မဟာယနအဆင့်သို့ ရောက်ရှိနေသည့် ကောင်းကင်တာအိုကျောင်းတော်၏ ယခင်ကျောင်းအုပ်ကြီး ဟန်ကျုံးလီ ဖြစ်၏။ သူ့ကို မကြာမီ ပင် အထက်ကမ္ဘာသို့ တက်လှမ်းနိုင်တော့မည်ဟု ခန့်မှန်းထားကြသည်။

အခြားတစ်ယောက်မှာ ကျောင်းတော်သားတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားပြီး အလွန်အမင်းငယ်ရွယ်ပုံရသည်။ သူသည် ရုပ်ရည်ချောမောပြီး ပညာတတ်ဆန်၏။ သူ၏ နှုတ်ခမ်းတွင်လည်း ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိသည်။

ထိုကျောင်းတော်သားမှာ အနည်းဆုံး အသက်တစ်သောင်းရှိပြီဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း မဟာယနအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ကောင်းကင်တာအိုကျောင်းတော်တွင် သူသည် ကျောင်းတော်၏ စာပေပညာရှိကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး သူတော်စင်မန်ဟု ခေါ်သည်။

ကျန်သည့်အမျိုးသမီးမှာမူ လှပသည့်အနီရောင်ဝတ်ရုံလက်ရှည်မျိုးကို ဝတ်ဆင်ထား၏။ သူမ၏ အလှအပက တိုင်းပြည်ပင် ပျက်‌စီး‌စေလောက်သည်အဓိလှပသည်ဟုဆိုနိုင်သည်။ သူမသည်လည်း ကောင်းကင်တာအိုကျောင်းတော်၏ စာပေပညာရှိကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး တစ်ဦးတည်းသော အမျိုးသမီးစာပေပညာရှိဖြစ်ကာ သူတော်စင်ဟုန်ဖူဟု ခေါ်သည်။

“စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တာအိုဆရာစိတ်ဝိညာဉ်လမင်းက ပညာရှိသုံးပါးကို ဂါရဝပြုပါတယ်!”

“အရှင်တို့ကို ဂါရဝပြုပါတယ်!”

ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှ ဂိုဏ်းဝင်အားလုံးနီးပါး ရှိနေကြပြီး ဟန်ကျုံးလီနှင့် အခြားသူများကို ကြိုဆိုရန် ရောက်ရှိနေကြသည်။ တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် အခြားသူများက ခေါင်းကိုငုံ့ထားကြပြီး အလွန်အမင်းနှိမ့်ချ နေသည်။

တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် အခြားသူများရှေ့မှ လူသုံးဦးထဲတွင် နှစ်ဦးမှာ ကောင်းကင်တာအိုကျောင်းတော်မှ စာပေပညာရှိများဖြစ်ပြီး အခြားတစ်ဦးမှာ ယခင်ကျောင်းအုပ်ကြီး ဖြစ်သည်။

သူတို့အားလုံးသည် တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် အခြားသူများ မော့ကြည့်ရမည့် ပုဂ္ဂိုလ်များဖြစ်၏။

ယခင်ကဆိုလျှင် တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် အခြားသူများအနေဖြင့် ဟန်ကျုံးလီနှင့် အခြားသူများကို တွေ့ခွင့်ပင်ရနိုင်မည်မဟုတ်ချေ။

ဟန်ကျုံးလီက ခေါင်းအသာငြိမ့်ပြလိုက်သည်။ သူ့အကြည့်က ပတ်ဝန်းကျင်ရှိ လူအားလုံးအပေါ်ကျရောက်သွားပြီး မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးသွားသည်။ သူက မည်သည့် ပုံမှန်မဟုတ်သည့်အရာကိုမျှ မတွေ့ပေ။ “မင်းတို့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းက လူတွေအားလုံး ဒီမှာ ရှိနေတာလား။”

“ဟုတ်... ဟုတ်ကဲ့၊ အားလုံး ဒီမှာပါပဲ။” တာအိုဆရာစိတ်ဝိညာဉ်လမင်းက ပြန်ဖြေလိုက်သည်။ “အားလုံး ဒီမှာ ရှိနေတာ သေချာသလား။” ဟန်ကျုံးလီက ထပ်မေးလိုက်သည်။

“အကြီးအကဲ ဂရန်းမာစတာဦးလေးလည်း ရှိပါသေးတယ်။”

ထိုအချိန်တွင် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲဖြစ်နေပြီဖြစ်သော လင်းချင်းကျူကပြော၏ “ပညာရှိသုံးပါးကို အစီရင်ခံပါတယ်။ ဂရန်းမာစတာဦးလေး မလာသေးပါဘူး။ သူက တကယ်ကို အိမ်တွင်းပုန်းတစ်ယောက်ပါ။ ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကနေ ထွက်တာ တစ်ခါမှ မမြင်ဖူးပါဘူး။”

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လမင်းတစ်ထောင်ကမ္ဘာကို နတ်ဆိုးကမ္ဘာက ကျူးကျော်တိုက်ခိုက်ခဲ့တုန်းကတောင် ဂရန်းမာစတာဦးလေးက သူ့ဂူစံအိမ်ကနေ ထွက်မလာခဲ့ပါဘူး။”

ဟန်ကျုံးလီက မျက်ခုံးပင့်လိုက်၏ “မင်းတို့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ ဂရန်းမာစတာဦးလေးလား။ ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ သွားပြီး သတင်းပို့လိုက်။ သူ့ကို ငါနဲ့တွေ့ဖို့ လာခိုင်းလိုက်။”

“ဒါကတော့...” လင်းချင်းကျူက ခဏမျှ တုံ့ဆိုင်းသွားသည်။

“ထားလိုက်တော့။”

ဟန်ကျုံးလီက လက်ဝှေ့ယမ်းလိုက်သည်။ သူ၊ သူတော်စင်မန်နှင့် သူတော်စင်ဟုန်ဖူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည် “သတင်းပို့စရာ မလိုတော့ဘူး။ လမ်းပဲပြလိုက်တော့။ ငါတို့ကိုယ်တိုင် သွားတွေ့မယ်။”

All Chapters