← Chapters

နောက်တစ်ကြိမ်ပြောင်းရွှေ့ခြင်း မဟာယိုယွင်းကမ္ဘာ

Vol. 17 Ch. 244

နောက်တစ်ကြိမ်ပြောင်းရွှေ့ခြင်း မဟာယိုယွင်းကမ္ဘာ

Vol. 17 Ch. 244

“ကြာပန်းနက် မင်းသွားလိုက်”

တိမ်စိမ်းဂူစံအိမ်ထဲတွင် ချီမင်ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ကြာပန်းနက်ကပေါ်လာသည်။ သူမက အမှောင်ထုမှထွက်ပေါ်လာဟန်ရှိပြီး ချီမင်ဘေးမှာလာရပ်လိုက်သည်။ သူမက ညင်သာစွာလျှောက်လှမ်းသွားပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ ပျောက်ကွယ်သွားတော့သည်။

မြင်ကွင်းကပြောင်းလဲသွားသည်။

ဟန်ကျုံးလီနှင့်တခြားသူများ၏‌ညွှန်ကြားချက်အောက်တွင် လင်းချင်းကျူက လမ်းပြဖို့ပြင်လိုက်သည်။ သို့ပေသိ သူမခြေတစ်လှမ်းပင် မလှမ်းခင်ရသေးမှာ ကျက်သရေရှိ၍သွယ်လျလှပသောပုံရိပ်တစ်ခုက သူမရှေ့မှာပေါ်ပေါက်လာပြီး တားဆီးလိုက်၏။

“ဒါ....” လင်းချင်းကျူက ကြောင်အသွား၏။

သူမကိုတားဆီးသည့်ပုံရိပ်က ကြာပန်းနက်ဖြစ်၏။

“ထွက်သွားကြ” ကြာပန်းနက်ကပြောသည်။

“ကျွန်မ” လင်းချင်းကျူ ဆက်မသွားရဲတော့ဘဲ ဘေးထွက်ရပ်လိုက်၏။

ကြာပန်းနက်၏အကြည့်က ဟန်ကျုံးလီ၊ ပညာရှိဟုန်ဖူနှင့် ပညာရှိမန်တို့အပေါ်ကျဆင်းလာသည်။ သူမ၏အသံမှာတော့ ခံစားချက်ကင်းမဲ့လျက်ရှိသည်။

“နင်တို့ထွက်သွားလို့ရပြီ။ ငါ့သခင်က နင်တို့ကိုတွေ့ဖို့စိတ်မဝင်စားဘူး။”

“ဟီးဟီး”

ဟန်ကျုံးလီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည် “ငါကတော့ သူကိုတွေ့တာကပိုကောင်းတယ်လို့ထင်တယ်။ နားလည်မှုလွဲတာလေးတွေရှိနေမယ်ထင်တယ်။ ငါတို့ဆွေးနွေးလို့ရပါတယ်။”

“ဟုတ်တယ်” ပညာရှိမန်ကခေါင်းညိတ်လိုက်သည်။

“မင်းရဲ့အထောက်အထားကလည်း မသိရသလို နောက်ခံကလည်း မရိုးရှင်းဘူး။ မင်းတို့က မဟုတ်တာတွေလည်းလုပ်ထားသေးတယ်။ အဲ့ဒါကြောင့် ရှင်းလင်းသွားအောင် သေသေချာချာရှင်းပြရင် ပိုမကောင်းဘူးလား။” ပညာရှိဟုန်ဖူကပြောသည်။

“ငါ့သခင်ပြောတာက” ကြာပန်းနက်ကအေးစက်စွာပြောလိုက်သည် “မလိုအပ်ဘူး”

“ဒါဆိုလည်း မလုပ်ဘူးပေါ့” ဟန်ကျုံးလီက ခေါင်းခါလိုက်သည်။ “ဒါပေမယ့် ငါတို့ဒီရောက်နေမှတော့ သူ့ကိုတွေ့ချင်သေးတယ်”

သူက ရှေ့ကိုတစ်လှမ်း လှမ်းလိုက်သည်။ မတိုက်ခိုက်လိုက်ပေမဲ့ သူ့ပုံရိပ်က မှုန်းဝါးသွားကာ နေရာလွတ်ထဲသို့ဝင်ရောက်ပြီး ကြာပန်းနက်ကိုဖြတ်ကျော်ဖို့ကြိုးစားလိုက်သည်။

သို့ပေ‌သော်လည်း ကြာပန်းနက်၏အ‌ကြည့်ကအေးစက်သွားပြီး အရိုးထိတောင်စိမ့်ဝင်နိုင်သည့်အအေးဓာတ်က သူမခန္ဓာကိုယ်ကနေဖြာထွက်လာ၏။ သူမကိုဗဟိုပြုပြီး အနားမှနေရာလွတ်က လုံးဝစည်းခတ်ခံလိုက်ရသည်။ ဟန်ကျုံးလီက ဝင်တိုက်မိသွားပြီး ‌တစ်လှမ်းပြန်ဆုတ်လိုက်ရ၏။

“မင်း” ဟန်ကျုံးလီ၏မျက်လုံးထဲတွင် ထိတ်လန့်မှုတစ်စွန်းတစ်စပေါ်လာသည်။ “မင်းက မဟာယနအဆင့်ကပဲ”

“ဘာ” ပညာရှိမန်လည်းထိတ်လန့်သွားသည် “သူမက မဟာယနအဆင့်မှာလား”

“ဟူး...” ပညာရှိဟုန်ဖူသည် အနည်းငယ်ထိတ်လန့်သွားတော့သည်။ သူမ၏စိတ်က တည်ငြိမ်နေခဲ့သည်မှာကြာခဲ့ပြီဖြစ်ပေမယ့် ထိတ်လန့်သွားသေးသည် “မဟာယနအဆင့်ဆိုတာ အောက်ကမ္ဘာစွမ်းအားအမြင့်ဆုံးနယ်ပယ်ပဲ။ နင်သာ လုံလုံလောက်လောက်သန်မာလာသရွေ့ အထက်ကမ္ဘာကိုတက်လှမ်းပြီး နှစ်ခြင်းမင်္ဂလာကိုရနိုင်တယ်။ နောက်ဆုံးမှာ လုံးဝအသွင်ပြောင်းနိုင်လိမ့်မယ်။”

“မဟာယနအဆင့်တည်ရှိမှုက တကယ်ကြီး တစ်ဖက်သူကို သခင်အဖြစ်လက်ခံထားတာလား”

“ဒါ....ဒါ....”

ထိတ်လန့်ခြင်း!

အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခြင်း!

“မဖြစ်နိုင်ဘူး” တာအိုဆရာစိတ်ဝိညာဉ်လမင်း၏တစ်ကိုယ်လုံးက အနည်းငယ်တုန်ခါသွားသည်။ လေးစားမှုအပြင် စိတ်လှုပ်ရှားမှုကလည်းထွက်ပေါ်လာသည်။ “ဂရန်းမာစတာဦးလေးက တကယ်ကြီး မဟာယနအဆင့်ကျွမ်းကျင်သူကို အစေခံအဖြစ်ခေါ်ထားနိုင်တာလား”

“ဒါ အရမ်းကြောက်ဖို့ကောင်းသွားပြီ”

“အံ့ဩဖို့လည်းကောင်းတယ်”

“ဒါဆို ငါတို့စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ဂရန်းမာစတာဦးလေးက စွမ်းအားကြီးဖြစ်တည်မှုတစ်ခုပေါ့”

“ငါအရင်က သူ့ကိုတံခါးပိတ်ကျင့်ကြံဖို့ပဲသိတဲ့ လူအိုကြီးလို့ထင်ခဲ့တာ”

“ဒါ....ဒါ...”

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကလူတိုင်းသည်ထိတ်လန့်သွားကြပြီး အလွန်အမင်းစိတ်လှုပ်ရှားလာ‌တော့၏။သူတို့သည် အချိန်အတော်ကြာစိတ်မတည်ငြိမ်နိုင်ကြပေ။

“ဒီကနေ ထွက်သွားတော့” ကြာပန်းနက်ကပြောသည်။

ဟန်ကျုံးလီနှင့်တခြားသူတွေ ခဏမျှစဉ်းစားလိုက်ကြသည်။

“ဒီလိုဆိုတော့ ငါတို့မင်းကိုတိုက်ခိုက်ရုံပဲရှိတော့တယ်” ဟန်ကျုံးလီ၊ ပညာရှိဟုန်ဖူနှင့် ပညာရှိမန်တို့သည် တစ်‌ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာဆိုလိုချင်သည်ကို နားလည်သွား၏။ သူတို့က ကြာပန်းနက်ကို တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။ ကြာပန်းနက်ကလည်း လုံးဝမကြောက်ရွံ့သွားပေ။ သူမမသေခင်ကတည်းက ဧကရာဇ်အဆင့်ဖြစ်တည်မှုဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားက အလွန်အမင်းထိတ်လန့်ဖွယ်ဖြစ်သည်။ ‌‌သေသွားပြီးသည့်နောက်မှာလည်း ချီမင်၏အလောင်းဘုရင်အထွတ်အထိပ်နည်းစနစ်ကြောင့် ပြန်လည်ရှင်သန်လာပြီး အထူးပစ္စည်းတွေကိုသုံးကာသန့်စင်ထားသောကြောင့်အမြင့်ဆုံးအဆင့်ဖြစ်သည့် ဆယ့်နှစ်လွှာကြာပန်းနက်အလောင်းဘုရင်အဆင့်ဖြစ်သွား၏။

ကြာပန်းနက်၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အမင်းပြင်းထန်သန်မာ၏။

ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာသည်။

ကြာပန်းနက်က သုံးယောက်တစ်ယောက်တိုက်ခိုက်နိုင်စွမ်းရှိပြီး ကြာပန်းနက်ကမ္ဘာကိုဖွင့်လှစ်လိုက်သည်။ မရေမတွက်နိုင်သည့် အနက်ရောက်ကြာပန်းတွေ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှာပျံ့နှံ့သွားလျက် ဟန်ကျုံးလီနှင့်တခြားသူတွေကို တားဆီးလိုက်သည်။

ထို့နောက်မှာ ကောင်းကင်ကိုတက်သွား၏။

ချီမင် ညာဘက်လက်ကိုဝှေ့ယမ်းလိုက်သည်။ မမြင်နိုင်သည့်စွမ်းအားတစ်ခုထွက်ပေါ်လာပြီး အလင်းမျက်နှာပြင်တစ်ခုအဖြစ်ပြောင်းလဲကာ ကောင်းကင်ကိုဖုံးအုပ်လိုက်သည်။ ထိုအလင်းမျက်နှာပြင်က ‌ဂိုဏ်းကို ကာကွယ်ပေးလိုက်သည်။

ထိုသို့ဖြင့် ကြာပန်းနက်နှင့်တခြားသူတွေ၏တိုက်ပွဲနောက်ဆက်တွဲအရှိန်သည် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကို မသက်ရောက်တော့ပေ။

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းအပြင်ဘက်တွင် ကြာပန်းနက်နှင့်အခြားသူများ၏ တိုက်ပွဲအရှိန်သည် ပျံ့နှံ့သွားကာ ဟင်းလင်းပြင်ကို ပြိုကျစေပြီး အက်ကွဲစေခဲ့သည်။ မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ် မြေငလျင်တစ်ခု ဖြစ်ပွားလာပြီး အက်ကြောင်းများ ပေါ်ပေါက်လာသည်။ တောင်ထိပ်များ ပြိုကျသွားသည်။

အမျိုးမျိုးသောမြင်ကွင်းများသည် အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး လမင်းတစ်ထောင်ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားတော့၏။

ကမ္ဘာတစ်ခုလုံးသည် ထိုတိုက်ပွဲကြောင့် သက်ရောက်မှုရှိလာသည်။

ဂလု!

“အရမ်း… အရမ်းကြောက်ဖို့ကောင်းတယ်…”

“ဒါ မဟာယနနယ်ပယ်ရဲ့ ဖျက်ဆီးနိုင်စွမ်းလား။ ဆက်တိုက်ခိုက်နေရင် လမင်းတစ်ထောင်ကမ္ဘာတစ်ခုလုံး ပျက်စီးသွားလောက်တယ် မဟုတ်လား။ အရမ်းကြောက်ဖို့ကောင်းတယ်။”

“ငါတို့စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကတော့ သက်ရောက်မှုမရှိဘူး။” “ငါတို့စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကို ကာကွယ်ပေးထားတဲ့ အလင်းမျက်နှာပြင်တစ်ခုရှိတယ်။ ဂရန်းမာစတာဦးလေး လုပ်ပေးထားတာဖြစ်ရမယ်။”

“ဂရန်းမာစတာဦးလေးက အရမ်းသန်မာတာပဲ။”

တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် အခြားသူများက အံ့ဩတကြီးရေရွတ်လိုက်ကြသည်။

နောက်ဆုံးတွင် တိုက်ပွဲပြီးဆုံးသွားသည်။

ကြာပန်းနက်သည် အလွန်အင်အားကြီးမားပြီး သူမ၏တိုက်ခိုက်ရေးစွမ်းအားမှာ ဟန်ကျုံးလီနှင့် အခြားသူများထက် ပိုမိုအားကောင်းသည်။သို့သော်လည်း သူတို့သုံးဦးပေါင်းစည်းလိုက်သောအခါ ကြာပန်းနက်ကို ခုခံဖို့ လုံလောက်သည်။

အရေးကြီးဆုံးမှာ…

သူတို့ ဆက်လက်တိုက်ခိုက်နေပါက လမင်းတစ်ထောင်ကမ္ဘာသည် တိုက်ပွဲကို ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ ရပ်တန့်လိုက်ရုံသာရှိသည်။

ဟန်ကျုံးလီနှင့် အခြားသူများက ဆက်လက်ဆုတ်ခွာသွားကြပြီး ကြာပန်းနက်နှင့် အကွာအဝေးကို ခြားလိုက်သည်။ သူတို့၏အကြည့်များသည် နက်ရှိုင်းသွားပြီး မျက်နှာများသည် အနည်းငယ်အေးစက်သွား၏။ထို့အတူ လေးစားမှုများဖြင့်လည်း ပြည့်နှက်သွား၏ “ငါတို့သုံးယောက်ပေါင်းပြီးတော့မှ မင်းနဲ့တန်းတူတိုက်နိုင်တယ်။”

ပညာရှိမန်က ပြောသည် “မင်းလို ကျွမ်းကျင်သူတစ်ယောက်က အစေခံတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတာကိုကြည့်ရင် မင်းရဲ့သခင်က ပြိုင်ဘက်ကင်းလောက်အောင်စွမ်းအားကြီးပြီး ထူးခြားတဲ့ နောက်ခံရှိတာ သေချာတယ်။ ဒီတစ်ခါတော့ ငါတို့ တကယ်ပဲ မင်းကို စော်ကားမိသွားပြီ။”

ပညာရှိဟုန်ဖူကပြောသည် “ကျွန်မတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ ကျွန်မတို့က ရှင့်ရဲ့သခင်နဲ့ သိကျွမ်းချင်ရုံသက်သက်ပါ။ ကျွန်မတို့ ကောင်းကင်တာအိုကျောင်းတော်က ရည်ရွယ်ချက်ကောင်းနဲ့ လာခဲ့တာပါ။”

“မလိုအပ်ဘူး။” ကြာပန်းနက်က ပြောသည်“သခင်က ဘယ်သူနဲ့မှ မတွေ့ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ သူ့က နင်တို့ လာနှောင့်ယှက်တာကိုလည်း မလိုလားဘူး။ နားလည်ရဲ့လား။”

“ဒါကတော့…”

“ထားလိုက်တော့၊ ထားလိုက်တော့။”

“နှုတ်ဆက်ပါတယ်။”

ဟန်ကျုံးလီနှင့် အခြားသူများက သက်ပြင်းချလိုက်ကြသည်။ ဤအပေါ်တွင် အတော်လေး နှမြောတသဖြစ်သွားကြသည်။ထိုအခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် ကြာပန်းနက်ကို ဦးညွှတ်ပြီး ထွက်ခွာသွားရုံသာရှိတော့၏။

ထို့နောက် ကြာပန်းနက်က သူတို့အဝေးသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။ ထို့နောက်မှသာ သူမက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ချီမင်၏ဘေးသို့ အလျင်အမြန် ပြန်လာသည်။

“သခင်၊ တာဝန်ပြီးဆုံးပါပြီ။” ကြာပန်းနက်က ဦးညွှတ်လိုက်သည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်။”

“အချိန်ကို ကြည့်ရတာတော့၊” ချီမင်က ထရပ်လိုက်ပြီး တိမ်စိမ်းဂူစံအိမ်ထဲမှ ထွက်လာလိုက်သည်။ သူက ရင်းနှီးနေသော ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး သက်ပြင်းချလိုက်သည်။ “ငါဒီမှာနေတာ နှစ်ပေါင်း (၈၀၀) ကျော်ပြီ။”

“သွားရတော့မယ်။”

ချီမင်၏ အထောက်အထားနှင့် တည်နေရာကဖော်ထုတ်ခံလိုက်ရသည်။ သူက ကြီးမားသည့်အင်အားကိုလည်း ပြသမိလိုက်ပြီး ကောင်းကင်တာအိုကျောင်းတော်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်သည်။ သူက ဆက်လက်ပြီး ငြိမ်ချမ်းစွာ ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။

သူက ကျင့်ကြံခြင်းကမ္ဘာမှ ထွက်ခွာသွားရုံသာရှိ တော့သည်။

တခြားကမ္ဘာတွင် အတိဒုက္ခကျော်လွှားရန် ပြင်ဆင်လိုက်သည်။ သူက ကျင့်ကြံခြင်းကမ္ဘာတွင် အတိဒုက္ခကျော်လွှားရန် မစီစဉ်ထားပေ။

“သွားရမယ့်အချိန်တန်ပြီ။”

ချီမင်၏ ပုံရိပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ရွှေရောင်အလင်းစီးခြင်း နည်းစနစ်ကို အသုံးပြုလိုက်၏။ သူက နေရာမှာတင် ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှ ထွက်သွားလိုက်သည်။ ကြာပန်းနက်က ချီမင်နောက်သို့ ကပ်ပါသွားသည်။

မကြာမီတွင် တာအိုဆရာစိတ်ဝိညာဉ်လမင်းနှင့် အခြားသူများ အပြေးအလွှား ရောက်လာကြသည်။ သူတို့အတွက် ကျန်ခဲ့သည်မှာ တိမ်စိမ်းဂူစံအိမ်တစ်ခုသာ ဖြစ်သည်။ သူတို့က ချီမင်ကို ရှာမတွေ့တော့ဘဲ သူချန်ထားခဲ့သည် တိမ်စိမ်းဂူစံအိမ်ထဲတွင် မှတ်တမ်းမြင်ကွင်းကိုသာရလိုက်သည်။

“ငါနဲ့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းရဲ့ ဆက်နွယ်မှုက ပြီးဆုံးသွားပြီ။စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကို တိမ်စိမ်းဂူစံအိမ် ပေးခဲ့မယ်။ ဂူစံအိမ်ထဲမှာ ပစ္စည်းတချို့နဲ့ ဝိညာဉ်ကျောက်တုံးတွေ ကျန်သေးတယ်။ ဒါက ငါတို့ရဲ့ ကံမ္မရေစက်ကို လုံးဝဖြေရှင်းလိုက်ပြီး‌ ကောင်းကောင်းမွန်မွန် အဆုံးသတ်လိုက်တာလို့ မှတ်ယူနိုင်တယ်။”

ချီမင် ချန်ထားခဲ့သော မှတ်တမ်းက ရှင်းပြထားသည်။

“နှုတ်ဆက်ပါတယ် ဂရန်းမာစတာဦးလေး!”

ဒုန်း! ဒုန်း!

ပတ်ဝန်းကျင်တွင် တာအိုဆရာစိတ်ဝိညာဉ်လမင်း၊ မဟာအကြီးအကဲသုံးဦး၊ လင်းချင်းကျူနှင့် တခြားအကြီးအကဲများအားလုံး ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှ မိုင် (၅၀,၀၀၀) အကွာရှိ ဝေးလံခေါင်သီသော ဒေသတစ်ခုသို့ ရောက်ရှိနေပြီဖြစ်၏။

ချီမင် ရပ်လိုက်သည်။ “ဒီမှာပဲ လုပ်ကြရအောင်။”

အတွေးတစ်ချက်ဖြင့် ချီမင်က အချိန်ကာလရတနာ: ကမ္ဘာ့တံခါး၏ ကိုယ်ပွားကို အာရုံခံလိုက်သည်။ ထို့နောက် သူက ဓမ္မစွမ်းအားများကို လည်ပတ်ကာ ၎င်းထဲသို့ ထည့်သွင်းပြီး ကမ္ဘာ့တံခါးကိုယ်ပွား၏ စွမ်းရည်ကို လှုံ့ဆော်လိုက်သည်။ အချိန်ကာလရတနာ: ကမ္ဘာ့တံခါး၏ ကမ္ဘာ့သင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ၎င်းတို့က ကမ္ဘာများစွာကို ကိုယ်စားပြုသည်။

“ကျင့်ကြံခြင်းကမ္ဘာနဲ့ အနီးဆုံးကမ္ဘာကို သွားမယ်။”

အလင်းတစ်ချက် လင်းလက်သွားသည်။

ကမ္ဘာ့သင်္ကေတတစ်ခုသာ ကျန်တော့သည်။ ချီမင်က တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ကို နားလည်သွားသည်။ ၎င်းသည် မဟာယိုယွင်းကမ္ဘာကို ကိုယ်စားပြု၏။

“ဒီကမ္ဘာပဲ။”

ချီမင်ကပြောလိုက်သည် “ကမ္ဘာဖြတ်ကူးလမ်းကြောင်းကို ဖွင့်ပြီး မဟာယိုယွင်းကမ္ဘာကို သွားမယ်။”

အချိန်ကာလရတနာ: ကမ္ဘာ့တံခါး၏ ကိုယ်ပွားက ဓမ္မစွမ်းအား၏ သုံးပုံတစ်ပုံကို တိုက်ရိုက်ထုတ်ယူပြီး အချိန်တိုအတွင်း မဟာယိုယွင်းကမ္ဘာသို့ ရွှေ့ပြောင်းခြင်းလမ်းကြောင်းကို အောင်မြင်စွာ တည်ဆောက်နိုင်လိုက်သည်။

အလင်းတွေ တဖျပ်ဖျပ်လက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချီမင်၏ရှေ့တွင် ကြီးမားသော ဟင်းလင်းပြင်ဝဲဂယက်တစ်ခု ပေါ်လာသည်။ ဟင်းလင်းပြင်ဝဲဂယက်က လျင်မြန်စွာ တည်ငြိမ်သွားပြီး ပွင့်နေသော တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လမ်းကြောင်းကို အောင်မြင်စွာ တည်ဆောက်နိုင်သွားသည်။

ချီမင်က ခေါင်းအသာငြိမ့်လိုက်သည်။ “ကြာပန်းနက်၊ ထွက်ခွာဖို့ ပြင်ဆင်တော့။ ငါ့နောက်ကိုကပ် လိုက်ခဲ့။”

“ဟုတ်ကဲ့။” ကြာပန်းနက်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။

“သွား!”

ချီမင်က လက်ဆန့်ထုတ်ပြီး ကြာပန်းနက်၏ ဖြူဖွေးသော ညာဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ရှေ့မှ တံခါးထဲသို့ အလျင်အမြန် လျှောက်ဝင်သွားပြီး ကြာပန်းနက်က သူ့နောက်မှ ကပ်၍လိုက်ပါလာသည်။

သူတို့နှစ်ဦးက တံခါးထဲသို့ ဝင်ရောက်သွားပြီးနောက် ပုံရိပ်များလည်း ပျောက်ကွယ်သွားသည်။

ထို့နောက် တံခါးတစ်ခုလုံး ပျောက်ကွယ်သွားသည်။

ဟင်းလင်းပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ချီမင်နှင့် ကြာပန်းနက်တို့သည် လမ်းကြောင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားကြသည်။ လမ်းကြောင်းကို ဖြတ်သန်းသွားသည့် မြင်ကွင်းကယခင်နှစ်ကြိမ်နှင့် တထေရာတည်း တူညီ၏။ များစွာကွာခြားမှုမရှိပေ။ ၎င်းက အမျိုးမျိုးသော ထူးဆန်းပြီး တောက်ပသည့် မြင်ကွင်းများနှင့် နေရာလွတ်နှင့် အချိန်၏ အနှစ်သာရလျှို့ဝှက်ဆန်းကြယ်မှုများ ဖြစ်သည်။

သူ အခုတော့ နည်းနည်း နားလည်နိုင်လာပြီ။

မကြာမီတွင် ချီမင်နှင့် ကြာပန်းနက်တို့သည် လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိလာကြ၏။

အလေးချိန်မဲ့သွားသည့် ခံစားချက်က ပေါ်ပေါက်လာပြီး မျက်စိကျိန်းလောက်သည့် အလင်းရောင်က သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားသည်။

သူ၏အကြည့်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့ မြေပြင်ပေါ်တွင် ခြေချနေပြီဖြစ်သည်။

သူက ရွှေ့ပြောင်းခြင်းလမ်းကြောင်းကို အောင်မြင်စွာ ဖြတ်သန်းပြီး မဟာယိုယွင်းကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူ့နားတွင် ယိုယွင်းခြင်း၏ အရှိန်အဝါလှိုင်းများ ရှိနေသည်။ ကောင်းကင်နဲ့မြေကြီး၏ ဝိညာဉ်စွမ်းအင်တွင် ပြင်းထန်သည့်ယိုယွင်းခြင်း၏ အရှိန်အဝါကို သယ်ဆောင်ထားသည်။

All Chapters