မဟာယိုယွင်းကမ္ဘာ၌ အတိဒုက္ခကျော်လွှားခြင်း
Vol. 17 Ch. 245
ချီမင်နှင့် ကြာပန်းနက်တို့ မဟာယိုယွင်းကမ္ဘာကို ရောက်ရှိလာကြသည်။ အချိန်ကာလရတနာ:ကမ္ဘာတံခါးမှ သတင်းအချက်အလက်များ ထွက်ပေါ်လာ၏။ မဟာယိုယွင်းကမ္ဘာ၏ အခြေခံအကြောင်းအရာကို ဖော်ပြထား၏။
ထိုသို့ဖြင့် သူက မဟာယိုယွင်းကမ္ဘာ၏ အခြေခံအကြောင်းအရာ အများစုကို နားလည်သွားသည်။ သူက ဒီကမ္ဘာကြီး၏ ဘာသာစကားစနစ်နှင့် ဂိုဏ်းအမျိုးမျိုး၏ အခြေအနေကို နားလည်သွားသည်။
စိတ်ထဲမှ အချက်အလက်များကို ချေဖျက်ပြီးတော့ ချီမင် ပတ်ပတ်လည်ကို စူးစမ်းလိုက်၏။
ပထမဆုံး သူက မဟာယိုယွင်းတောအုပ်တစ်ခုကို ရောက်နေ၏။ သူအနားက သစ်ပင်တွေက မယုံနိုင်လောက်အောင် ကြီးမားသည်။ အပင်တိုင်းက အလွန်အမင်း ရှည်လျားပြီး မီတာတစ်ရာ အနည်းဆုံးရှိသည်။
ထို့အပြင် အပင်အမျိုးမျိုးက မြေပြင်ကို ဖုံးအုပ်လျက်ရှိသောကြောင့် ယိုယွင်းနေသည့် ရှေးဟောင်းတောအုပ်တစ်ခုနှင့် တူသွားစေသည်။
ချီမင်၏ အခြေခံနားလည်ထားမှုအရ မဟာယိုယွင်းကမ္ဘာကို ကောင်းကင်ကိုးလွှာနှင့် မြေကြီးဆယ်ထပ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ထိုနေရာကို သူရဲကောင်းများ ရှင်သန်ပေါက်ဖွားလာသော နေရာဟု ဆိုရပေမည်။ မျိုးနွယ်စုပေါင်းများစွာနှင့် သူတော်စင်များစွာသည် သာလွန်သူဖြစ်ရန် ပြိုင်ဆိုင်လျက်ရှိသည်။ မျိုးနွယ်အသီးသီး၊ ဂိုဏ်းအသီးသီးနှင့် ဘာသာရေးအသီးသီးတို့သည် အဆုံးမရှိ တိုက်ခိုက်နေကြသည်။
မဟာယိုယွင်းကမ္ဘာဆိုသည်ကလည်း ကျင့်ကြံခြင်းကမ္ဘာအောက် မနိမ့်ကျသောကမ္ဘာဟု ဆိုရမည်။
မဟာယိုယွင်းကမ္ဘာ၌ မဟာယနအဆင့်ကို ‘သာလွန်သူ’ ဟုခေါ်ဆိုကြပြီး အောက်ကမ္ဘာ၏ ပြိုင်ဘက်ကင်း အထွတ်အထိပ်ဖြစ်တည်မှုလည်း ဖြစ်သည်။ ဖိအားတစ်ခုတည်းနှင့်ပင် အဆင့်နိမ့်နယ်ပယ်များကို ဦးမမော့ရဲအောင် လုပ်နိုင်၏။
အရေးကြီးဆုံးမှာ မဟာယိုယွင်းကမ္ဘာ၌ ကမ္ဘာ့သိစိတ်က အလွန်အမင်းပြီးပြည့်စုံသည့်အတွက် သာလွန်သူများကို မတက်လှမ်းနိုင်အောင် ဖိနှိပ်ထားသည်။ ထိုမဟာယနအဆင့်နှင့်တူညီသည့် သာလွန်သူများသာ ကမ္ဘာ့သိစိတ်ကို လွန်ဆန်ပြီး အထက်ကမ္ဘာသို့ တက်လှမ်းမည်ဆိုပါက ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်၏။ သေလောက်အောင် ခက်ခဲပြီး မဖြစ်နိုင်လုနီးပါးပင်။
ထိုအခြေအနေအောက်တွင် မဟာယိုယွင်းကမ္ဘာမှ အမျိုးမျိုးသော သက်ရှည်ပစ္စည်းများ ပေါ်ပေါက်လာသည်။ သာလွန်သူများအနေဖြင့် အထက်ကမ္ဘာသို့ တက်လှမ်းရန် ခက်ခဲသည့်အခါမျိုးတွင် သက်ရှည်ပစ္စည်းများကို မှီဝဲ၍ နှစ်သန်းပေါင်းများစွာ သို့တည်းမဟုတ် ထိုအထက်ပင် ပို၍ရှင်သန်နိုင်၏။ သို့သော်လည်း သက်ရှည်ပစ္စည်းကို ပို၍သုံးစွဲလေ မဟာယိုယွင်းကမ္ဘာကို စွန့်ခွာ၍ တက်လှမ်းရန် ပိုခက်ခဲလေဖြစ်သည်။ နောက်ဆုံးတွင်တော့လည်း သက်တမ်းကုန်ဆုံးမှုမှ မလွတ်မြောက်နိုင်တော့ဘဲ ခန္ဓာကိုယ်၏ ယိုယွင်းခြင်းကို ဦးတည်သွားတော့သည်။
ထို့ကြောင့် သာလွန်သူများသည် မဟာယိုယွင်းကမ္ဘာ၏ သိစိတ်ကို ချိုးဖြတ်ပြီး အထက်ကမ္ဘာသို့ တက်လှမ်းချင်ကြသည်။
“ဒါက....”
ချီမင်က သူ့လက်ချောင်းတွေဖြင့် ခဏတာတွက်ချက်လိုက်သည်။ သူ လိုအပ်နေသည့် အချက်အလက်များကို ရရှိသွားသည်။ “မဟာယိုယွင်းကမ္ဘာရဲ့ ကောင်းကင်ကိုးလွှာနှင့် မြေကြီးဆယ်ထပ်မှာ ရှေးခေတ်ယိုယွင်းပြည်နယ်ဆိုတာက ကောင်းကင်တံဆိပ်နိုင်ငံတော်၊ ရှေးခေတ်ယိုယွင်းသစ်တော နယ်နိမိတ်က ပြည်နယ်သုံးထောင်ထဲက တစ်ခုပဲ။”
သူက ဟိန်းဟောက်သံတစ်ချက် ကြားလိုက်ရပြီး မြေပြင်ကလည်း အနည်းငယ် တုန်ခါလာ၏။
ယိုယွင်းသားရဲတစ်ကောင် ပြေးဝင်လာ၏။ သားရဲမှာ ငါးမီတာအမြင့်လောက်အထိ ကြီးမားပြီး တစ်ကိုယ်လုံးက အဝါရောင်ရှိသည့် ပုတ်သင်တစ်ကောင်ဖြစ်သည်။ မြေနဂါးတစ်ကောင်အလားပင်။ ဤသည်မှာ သာမန်ယိုယွင်းသားရဲ မြေနဂါး ဖြစ်သည်။
ဤမြေနဂါးက ချီမင်ကို သူ့သားကောင်ကဲ့သို့ ပြုမူပြီး အမဲလိုက်ချင်နေတာဖြစ်သည်။
ချီမင် မတိုက်ခိုက်နိုင်မီမှာပဲ ကြာပန်းနက်က တိုက်ခိုက်လိုက်သည်။ မည်းနက်နေသည့် လက် ချောင်းအလင်းတန်းက လေထုကို ထိုးခွဲပြီး ကြီးမားသည့် မြေနဂါးကိုယ်ကို ဖြတ်ပိုင်းသွားသောကြောင့် သားရဲခင်ဗျာ မြေပြင်သို့ လဲကျသွားရသည်။
“မြေနဂါးတစ်ကောင်ကများ သခင့်ကို ခြောက်လှန့်ရဲတယ်” ကြာပန်းနက်က အေးစက်စွာပြောသည်။
သူမက မဟာယနအဆင့်မှ ဆယ့်နှစ်လွှာ ကြာပန်းနက်အလောင်းဘုရင် ဖြစ်သည်။ မဟာယိုယွင်းကမ္ဘာ၌ သာလွန်သူတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ကင်းဖြစ်တည်မှုမျိုး ဖြစ်သည်။
ကြာပန်းနက်သာ သူမ၏စစ်မှန်သည့်အင်အားကို ပြသမည်ဆိုလျှင် ကမ္ဘာကြီးကို လက်ဝါးတစ်ချက်ဖြင့် ဖျက်ဆီးဖို့ လုံလောက်သည်။ ကြယ်တာရာတွေ ပြိုကွဲခြင်း၊ နေရာလွတ်တွေ ပျက်စီးခြင်းနှင့် အချိန်ကာလပင် ဖရိုဖရဲဖြစ်သွားနိုင်သည်။
ချီမင်ကလည်း တာအိုပေါင်းစည်းခြင်း အကန့်အသတ်၌သာ ရှိပေမယ့် တကယ့်အင်အားမှာ သာမန်မဟာယနအဆင့်ကို ခုခံနိုင်စွမ်းရှိ၏။
ချီမင်က ခဏမျှစဉ်းစားပြီး ပြောလာသည် “သင့်တော်တဲ့နေရာရှာပြီး အရင်အတိဒုက္ခကျော်လွှားရအောင်”
“ဟုတ်ကဲ့” ကြာပန်းနက်ကပြောသည်။
ထို့နောက် ချီမင်ကအံ့ဖွယ်စွမ်းအားကို လည်ပတ်လိုက်ပြီးလက်ချောင်းများဖြင့် တွက်ချက်သည်။ သူသည် သတင်းအချက်အလက်များစွာကို ရရှိလိုက်ပြီး ကောင်းကင်လျှို့ဝှက်ချက်၏ လည်ပတ်မှုအောက်တွင် နေရာကို အတည်ပြုလိုက်သည်။
“သွားမယ်!”
ချီမင်က အံ့ဖွယ်စွမ်းအား ခြေရာမဲ့ပျံသန်းခြင်းကိုသုံးပြီး နေရာလွတ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး အရှိန်မှာ အလွန်အမင်း မြန်ဆန်လာသည်။ နေရာရွှေ့ပြောင်းသွားသကဲ့သို့ ထင်ရပြီး ကြာပန်းနက်ကလည်း လျင်မြန်စွာ လိုက်ပါသွားသည်။
သိပ်မကြာခင်မှာပဲ သူနှင့် ကြာပန်းနက်တို့သည် ရှေးဟောင်းယိုယွင်းသစ်တော၏ နယ်နိမိတ်မှ ထွက်ခွာလာကြသည်။ ရွာများနှင့် မြို့များကို ဖြတ်သန်းပြီးနောက် သူတို့က ကောင်းကင်တံဆိပ်ရှေးဟောင်းနိုင်ငံ၏ အဝါရောင်စီးကြောင်းကန္တာရသို့ ရောက်ရှိလာကြသည်။
“ဒီနေရာပဲ” ချီမင်က ပြောသည် “ကြာပန်းနက်၊ ငါ အတိဒုက္ခကျော်လွှားဖို့ ပြင်ဆင်တော့မယ်။ ငါ့ကို ဘေးကနေကာကွယ်ပေး။ ဘယ်သူမဆို ချဉ်းကပ်လာရင် အကုန်သတ်ပစ်။ ဘယ်သူ့ကိုမှ ငါ့ရဲ့အတိဒုက္ခကို မနှောက်ယှက်စေနဲ့။”
“ဟုတ်ကဲ့” ကြာပန်းနက်က ပြောသည်။
“အမှောင်မီးလျှံ၊ ကပ်ဘေးလေး” အတွေးတစ်ချက်ဖြင့် ပုံရိပ်နှစ်ခုက လေထုထဲနေ သူ့ရှေ့သို့ ထွက်ပေါ်လာသည်။ “မင်းတို့လည်း ထွက်လာခဲ့”
“သခင့်ကို အရိုအသေပြုပါတယ်” အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ချီမင်ကို ဦးညွှတ်လိုက်ကြသည်။
ချီမင်က ခေါင်းအသာညိတ်လိုက်သည် “မင်းတို့နှစ်ယောက်လုံးက အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီ။ ပြီးတော့ မင်းတို့လည်း အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ခံယူလို့ရပြီ။”
“အတိဒုက္ခကို ကျော်လွှားဖို့ ပြင်ဆင်ကြ။”
“ဟုတ်ကဲ့။”
“ဟုတ်ကဲ့။”
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ပြန်ဖြေလိုက်ကြသည်။
ချက်ချင်းပဲ အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ယောက်ကြားမှာ အပြန်အလှန်နားလည်မှုတွေ ရှိနေကြသည်။ သူတို့ပုံရိပ်တွေက လင်းလက်သွားပြီး နေရာကနေ ထွက်ခွာသွားကြသည်။ သူတို့ကအလွန်ဝေးကွာသော အဝါရောင်စီးကြောင်းကန္တာရရှိ နေရာနှစ်ခုတွင် ရပ်လိုက်ကြသည်။
ထို့နောက် သူတို့၏အရှိန်အဝါများကို စတင်ထုတ်လွှတ်ကြသည်။ အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ မဟာယိုယွင်းကမ္ဘာတွင် အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်က အထွတ်အထိပ်ပုဂ္ဂိုလ်များကို နဝမအစွန်းဆုံဟု ခေါ်ကြသည်။ ကိုးသည် အကန့်အသတ်ဖြစ်သည်။ နဝမအစွန်းဆုံဆိုသည်မှာ အကန့်အသတ်၏ အကန့်အသတ်ကို ဆိုလိုသည်။ ၎င်းသည် လုံးဝအကန့်အသတ်ပင် ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးတို့က တုံ့ပြန်လာကာအတိဒုက္ခတိမ်တိုက်များ စုဝေးလာကြသည်။ ကောင်းကင်နဲ့မြေကြီး စွမ်းအင်များ ထွက်ပေါ်လာသည်။ အလွန်တိုတောင်းသော အချိန်ကာလအတွင်းမှာပင် အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့၏ အနားတွင် ခရမ်းနက်ရောင် အတိဒုက္ခတိမ်တိုက်များ ပေါ်ထွက်လာသည်။ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခတွင် စုစုပေါင်း အတိဒုက္ခကိုးခုရှိသည်။
ပထမဆုံး အတိဒုက္ခကို မိုးကြိုးအတိဒုက္ခဖြစ်သည်။
နာမည်အတိုင်းပင် ၎င်းသည် ပထမအဆင့်ကောင်းကင်အတိဒုက္ခမှ နဝမအဆင့် ကောင်းကင်အတိဒုက္ခကဲ့သို့ ဖြစ်သည်။ ၎င်းကို မိုးကြိုးအတိဒုက္ခတိမ်တိုက်များဖြင့် ဖွဲ့စည်းထားသည်။ အားအပြင်းဆုံး နဝမအဆင့် ကောင်းကင်အတိဒုက္ခတိမ်တိုက်စုစုပေါင်း ကိုးခုဖြင့် ဖွဲ့စည်းထားသည်။
ယခု၊ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ပထမဆုံးအတိဒုက္ခဖြစ်သော လျှပ်စီးအတိဒုက္ခကျ ရောက်လာသည်။စုစုပေါင်း အတိဒုက္ခတိမ်တိုက် ၈၁ ခုပါဝင်သည်။ တိမ်တိုက်တွေက တစ်ခုပေါ်တစ်ခုထပ်နေကြပြီး အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခမြင်ကွင်းကို ဖွဲ့စည်းထားသည်။
ထို့အပြင် အဆင့်တိုင်း၏ အတိဒုက္ခတိမ်တိုက်များကို ခရမ်းနက်ရောင် အတိဒုက္ခတိမ်တိုက်ပေါင်း (၁၂၉,၆၀၀) ဖြင့် ဖွဲ့စည်းထားသည်။
ဤအချက်မှပင် ထင်ရှားနေသည်။
အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခ၏ စွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။
ပထမဆုံးအတိဒုက္ခဖြစ်သော လျှပ်စီးအတိဒုက္ခ၏ ပြင်းထန်မှုတစ်ခုတည်းကပင် အတိဒုက္ခကိုးခုထက် များစွာသာလွန်နေပြီဖြစ်သည်။ ပထမဆုံး မိုးကြိုးအတိဒုက္ခပြီးလျှင် နောက်ထပ် အတိဒုက္ခရှစ်ခု ကျန်သေးသည်။
တွေးကြည့်ရုံမျှဖြင့်ပင် ကြောက်ဖို့ကောင်းသည်။
“အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခ။”
ချီမင်က လှမ်းကြည့်ရင်း အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့၏ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်သည်။ သူ သက်ပြင်းချလိုက်သည် “ပြောရမယ်ဆိုရင် ကြာပန်းနက်က ဆယ့်နှစ်လွှာ ကြာပန်းနက်အလောင်းဘုရင်မလို့ မဟာယနအဆင့်နဲ့ ယှဉ်နိုင်ပေမဲ့ သူက အတိဒုက္ခကို မကျော်လွှားခဲ့ရသလို ကျော်လွှားဖို့လည်းမလိုဘူး။”
“ကြာပန်းနက်ကို ငါကသန့်စင်ထားလို့လည်းပါတယ်။ သူ့ရဲ့ မဟာယနအဆင့် တိုက်ခိုက်ရေးစွမ်းရည်က သူကိုယ်တိုင်ကျင့်ကြံထားတာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ကြာပန်းနက်ရဲ့ အစွမ်းက အခြေခံအားဖြင့် တိုးတက်လာတော့မှာမဟုတ်ဘူး။ ပုံသေဖြစ်သွားပြီ။”
“အလောင်းဘုရင်က နောက်ဆုံးမှာတော့ အလောင်းတစ်ခုသက်သက်ပဲ။ သူတို့က တကယ့်သက်ရှိမဟုတ်ဘူးလေ”
နောက်အကြောင်းရင်းတစ်ခုရှိသေးသည်။ ကြာပန်းနက်သည် မူလက ဧကရာဇ်အဆင့် အရိုးစုတစ်ခုဖြစ်၏။ ဧကရာဇ်အဆင့်ဖြစ်တည်မှုတစ်ခုသည် အတိဒုက္ခကို ကျော်လွှားပြီးသားဖြစ်သောကြောင့် အလောင်းဘုရင်အဖြစ် သန့်စင်ပြီးသည့်နောက်တွင် အတိဒုက္ခကို ကျော်လွှားရန်မလိုအပ်တော့ပေ။
“ငါ့အလှည့်ပဲ။”
ချီမင်သည် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းပြီး စိတ်ကို စုစည်းလိုက်သည်။ သူ့ပုံရိပ်က ကောင်းကင်သို့ ပျံတက်သွားပြီး လေထဲတွင် ရပ်လိုက်သည်။ သူကဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို လည်ပတ်ကာ သူ၏အရှိန်အဝါနှင့် ဖိအားကို ထုတ်လွှတ်လိုက်သည်။
ထိုအချိန်၌ ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ အနားမှ နေရာလွတ်က တုန်ခါလာပြီး ကောင်းကင်နဲ့မြေကြီးမဟာတာအိုက ပဲ့တင်ထပ်လာသည်။ ထူးခြားဖြစ်စဉ်အမျိုးမျိုး ပေါ်ပေါက်လာပြီး ကောင်းကင်ဘုံပန်းများ ကျဆင်းလာသည်။ ရွှေရောင်ကြာပန်းများသည် မြေပြင်ထက်၌ ပွင့်လန်းလာပြီး အခြေခံကျဆုံးထူးခြားဖြစ်စဉ်ကို ဖန်တီးလိုက်သည်။
ထိုမြင်ကွင်းသည် လွှမ်းမိုးနိုင်လွန်းလှသည်။
အဆုံးမရှိ ခမ်းနားထည်ဝါလှသည်။
အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသည်။
ခရက်! ခရက်!
ချက်ချင်းပဲ ချီမင်၏ ကောင်းကင်အတိဒုက္ခ ပေါ်ပေါက်လာသည်။ အရပ်မျက်နှာပေါင်းစုံမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ စုစည်းလာပြီး မိုးကြိုးအတိဒုက္ခတိမ်တိုက်များကို ဖွဲ့စည်းလိုက်သည်။လုံးဝကိုခရမ်းနက်ရောင်ဖြစ်ပြီး လျှပ်စစ်များ အဆက်မပြတ်လင်းလက်နေသည်။ သူက အရမ်းစွမ်းအားကြီးနေပြီဖြစ်ပေမယ့် သူကျော်လွှားနေသည့်ကောင်းကင်အတိဒုက္ခမှာ ပထမအဆင့် ကောင်းကင်အတိဒုက္ခသာ ဖြစ်နေသေးသည်။ အနက်ရောင်အတိဒုက္ခတိမ်တိုက် (၁၂၉,၆၀၀) ဖြင့် ဖွဲ့စည်းထားသော ပထမအဆင့် ကောင်းကင်အတိဒုက္ခတိမ်တိုက်တစ်ခုသာ ဖြစ်သည်။
တိုတောင်းသည့်အချိန်အတွင်းမှာပဲ ပထမအဆင့် ကောင်းကင်အတိဒုက္ခ ဖွဲ့စည်းလာသည်။
လျှပ်စီးများ လက်သွားသည်။
မိုးကြိုးလျှပ်စီးများသည် ရေလွှမ်းနဂါးများအလား အတိဒုက္ခတိမ်တိုက်ထဲ၌ ကူးခတ်မြူးတူးနေကြသည်။
မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော မိုးကြိုးများက ချီမင်ကို ပစ်ချလိုက်သည်။
“ ဘောင်မဝင်သေးဘူး။”
ချီမင်ခေါင်းခါလိုက်ပြီး ညာဘက်လက်ကိုမြှောက်လိုက်သည်။ ဓမ္မစွမ်းအားကို လည်ပတ်လိုက်ပြီး အံ့ဖွယ်စွမ်းအားတစ်ခုကို အသုံးပြုလိုက်သည်။ “မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ချီမင်၏လက်ဖဝါးထဲတွင် မမြင်နိုင်သည့် ကပ်ဘေးချီတွေ ပြောင်းလဲလာသောကြောင့် ဝဲဂယက်တစ်ခု ဖွဲ့စည်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် စုပ်ယူအားတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်အတိဒုက္ခတိမ်တိုက်ကို စုပ်ယူလိုက်သည်။
ချက်ချင်းဆိုသလိုပင်၊ ပစ်ခတ်လာသည့်မရေမတွက်နိုင်သော မိုးကြိုးများအားလုံးကို ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ဖြင့် ဖြေရှင်းလိုက်သည်။ ထို့အပြင်၊ ပထမအဆင့်ကောင်းကင်အတိဒုက္ခ၏ အတိဒုက္ခတိမ်တိုက်တစ်ခုလုံးကို ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ဖြင့် ဝါးမျိုလိုက်သည်။ ၎င်းက ကပ်ဘေးချီအဖြစ် ပျော်ဝင်သွားပြီး မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ပြန်လည်ဖြည့်တင်းကာ နည်းစနစ်၏စွမ်းအားကို ဖြည့်တင်းပေးလိုက်သည်။
“ဒါ...” ကြာပန်းနက် အံ့အားသင့်သွားသည်။ သူမက သေရာမှပြန်ရှင်လာသော်လည်း၊ သူမတွင် သာမန်အသိတရားအချို့ ရှိနေသေးသည်၊ “သခင်... သခင်... သခင်ကက ပထမအဆင့် ကောင်းကင်အတိဒုက္ခတိမ်တိုက်တစ်ခုလုံးကို တိုက်ရိုက်မျိုချလိုက်တယ်။”
အတိဒုက္ခကျော်လွှားခြင်းသည် မူလကတည်းက အန္တာရာယ်များနှင့် ပြည့်နှက်နေသော အရာဖြစ်သည်။ထိုအရာက ကောင်းကင်နှင့်မြေကြီး၏ စမ်းသပ်မှုဖြစ်ပြီး၊ ကောင်းကင်နှင့်မြေကြီးမှ ဆင့်ကဲပြောင်းလဲလာသော ကပ်ဘေးတစ်ခုလည်း ဖြစ်သောကြောင့်ဖြစ်သည်။
အများအားဖြင့် အလွန်အန္တရာယ်များပေသည်။
ချီမင်က မဟာအံ့ဖွယ်စွမ်းအားကို အသုံးပြု၍ လက်တစ်ဖက်ယမ်းရုံဖြင့် ကောင်းကင်အတိဒုက္ခတစ်ခုလုံးကို ဖြေရှင်းလိုက်ပြီး ကောင်းကင်အတိဒုက္ခ၏ စွမ်းအားကိုပင် မိမိကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ထိုကဲ့သို့သော နည်းလမ်းများသည် ထိတ်လန့်ဖို့ကောင်းသည်။
အလွန်မယုံနိုင်စရာကောင်းသည်။
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ပင် ၎င်းကို မလုပ်နိုင်ကြပေ။
ခြိမ်း! ခြိမ်း! ခြိမ်း!
ထို့နောက်တွင် ချက်ချင်းဆိုသလို ချီမင်က ဝိညာဉ်စွမ်းအင်၊ ကောင်းကင်နဲ့မြေကြီးစွမ်းအင်၊ ကောင်းကင်နဲ့မြေကြီးမဟာတာအို၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ကောင်းကင်နှင့်မြေကြီးမှ ဆင်းသက်လာသော လက်ဆောင်အမျိုးမျိုးနှင့် နှစ်ခြင်းမင်္ဂလာများကို ခံစားလိုက်ရသည်။
“ဖရိုဖရဲမဟာတာအိုကျမ်း!”
ချီမင်က တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ကျင့်ကြံခြင်းနည်းစနစ်ကို ချက်ချင်းလည်ပတ်လိုက်သည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ လက်ဆောင်များနှင့် နှစ်ခြင်းမင်္ဂလာစွမ်းအင်အမျိုးမျိုးကို စုပ်ယူပြီးကျင့်ကြံလိုက်သည်။
တဖြည်းဖြည်းနှင့် သူ၏တစ်ကိုယ်လုံး ခန္ဓာကိုယ်မှ ဝိညာဉ်အထိ အသွင်ပြောင်းလဲမှုတစ်ခုကို ကြိုဆိုလိုက်ရသည်။
မလုံလောက်ဘူး! လုံးဝမလုံလောက်ဘူး!
ပထမအဆင့် ကောင်းကင်အတိဒုက္ခကို ကျော်လွှားပြီးတော့ ရရှိသည့် ကောင်းကင်နှင့်မြေကြီး၏ နှစ်ခြင်းက ချီမင်၏ အဆင့်ချိုးဖြတ်မှုကို ပြီးမြောက်စေရန် မလုံလောက်ပေ။ သူက ပစ္စည်းစာရင်းကိုဖွင့်ပြီး အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူလိုက်သည်။
ထို့နောက်မှာ သူ အင်မော်တယ်သလင်းကျောက်တော်တော်များများကို သန့်စင်လိုက်ရသည်။ အင်မော်တယ်သလင်းကျောက်စွမ်းအင်၏ အကူအညီဖြင့် သူက ဆင့်ကဲပြောင်းလဲမှုကို အဆက်မပြတ်ပြီးမြောက်စေလိုက်ပြီး ကျင့်ကြံခြင်းထဲသို့ နက်ရှိုင်းစွာဝင်ရောက်သွားသည်။