ထိတ်လန့်သွားကြသည့် သာလွန်သူများ
Vol. 17 Ch. 247
နောက်ထပ်နေ့တစ်ဝက်ကုန်လွန်သွားသည်။ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏လေးခုမြောက်အတိဒုက္ခ စိတ်နတ်ဆိုးအတိဒုက္ခပေါ်လာသည်။
စိတ်နတ်ဆိုးအတိဒုက္ခဆိုသည်က သားရဲနှစ်ကောင်၏စိတ်နတ်ဆိုးမှဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားနှင့်ပေါင်းစပ်သွားသည်။
ဆိုရိုးပင်ရှိသည်။ အတွင်းစိတ်နတ်ဆိုးဆိုသည်က အတွင်းစိတ်မှပေါက်ဖွားလာခြင်းဖြစ်၏။
စိတ်နတ်ဆိုးအတိဒုက္ခကလည်း ပြင်ပအတိဒုက္ခမဟုတ်ပေ။ ကျင့်ကြံသူဆီမှဖြစ်တည်လာခြင်းဖြစ်၏။ ကျင့်ကြံသူက ၎င်းတို့၏ စိတ်နတ်ဆိုးနှင့်ရင်ဆိုင်ရခြင်းဖြစ်သည်။ ထိုစိတ်နတ်ဆိုးကိုချိုးဖြတ်နိုင်မှသာ မိမိကိုယ်ကိုယ် သိမြင်ပြီး တည်ငြိမ်ပြတ်သားမှုကိုရနိုင်သည်။
“ဒါက အထွတ်အထိပ်စိတ်နတ်ဆိုးအတိဒုက္ခပဲ။ အန္တာရာယ်အများဆုံးတွေထဲကလည်းတစ်ခုဖြစ်တယ်။ အတွင်းစိတ်ကနေမွေးဖွားလာတဲ့ စိတ်နတ်ဆိုးက ပြသနာအများဆုံးပဲ။ သူတို့က မင်းမှာရှိတဲ့အားနည်းချက်တိုင်းကိုသိတယ်။”
“အဲ့တာက သာလွန်စိတ်နတ်ဆိုး အတိဒုက္ခကြောင့်ပဲ။ အတိဒုက္ခကျော်ဖြတ်တဲ့သူသာ ကျရှုံးသွားရင် သူ့ရဲ့စိတ်ကလည်း စိတ်နတ်ဆိုးဆီမှာ သိမ်းပိုက်ခံရပြီး သူကိုယ်တိုင်က စိတ်နတ်ဆိုး ဖြစ်လာလိမ့်မယ်။ စိတ်နတ်ဆိုးတွေ မွေးဖွားလာတိုင်း ဒုက္ခတွေနဲ့ကပ်ဘေးတွေပဲဖြစ်စေတယ်။”
“ငါသူတို့နှစ်ယောက် အထွတ်အထိပ်စိတ်နတ်ဆိုးအတိဒုက္ခကနေ အသက်ရှင်ပါစေလို့မျှော်လင့်တယ်။ မဟုတ်ရင် အထွတ်အထိပ်နတ်ဆိုးသားရဲနှစ်ကောင်မွေးဖွားလာတာက ရှေးခေတ်ယိုယွင်းပြည်နယ်တစ်ခုလုံးကို ဖျက်ဆီးခြင်းကပ်ဘေးဒုက္ခတွေယူဆောင်လာလိမ့်မယ်။”
“ငါကတော့ သူတို့ဖြတ်ကျော်နိုင်မယ်လို့ယုံတယ်။ ဘာပဲဖြစ်ဖြစ်သူတို့ကနောက်ဆုံးတော့ အထွတ်အထိပ် စစ်မှန်ဝိညာဉ်အတိဒုက္ခနဲ့ဝိညာဉ်အတိဒုက္ခကို ခုနစ်ရက်ထဲနဲ့ကျော်ဖြတ်ထားတာ”
“ဟုတ်တယ်”
မဟာယိုယွင်းကမ္ဘာ၏သာလွန်သူများကဆွေးနွေးနေကြသည်။
ချီမင်က အမှောင်မီးလျှံနှင့်ကပ်ဘေးဒုက္ခလေးတို့၏ကိုယ်ပေါ်၌ အနက်ရောင်မြူခိုးတွေပေါ်လာခြင်းကိုတွေ့လိုက်သည်။ ထိုအရာက စိတ်နတ်ဆိုးမွေးဖွားလာခြင်းဖြစ်သည်။ နတ်ဆိုးမြူခိုးတွေ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအရိပ်တွေအဖြစ်ပြောင်းလဲသွားတော့သည်။
ထိုစိတ်နတ်ဆိုးတွေက အတော်လေးစွမ်းအားကြီးပြီးသောင်းကျန်နိုင်ပေမယ့် အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့၏စိတ်ကို ထိခိုက်နိုင်စွမ်းမရှိပေ။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က ဘာမတော်တဆမှုမှမရှိဘဲ စိတ်နတ်ဆိုးအတိဒုက္ခကိုကျော်လွှားနိုင်သွားကြသည်။
ခုနစ်ရက်ကြာပြီးနောက်မှာ အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ:စိတ်နတ်ဆိုးအတိဒုက္ခကိုအောင်မြင်စွာဖြင့်ကျော်ဖြတ်နိုင်သွားကြသည်။ သူတို့က စစ်မှန်မှုကိုရှာတွေ့ပြီး မိမိကိုယ်ကိုယ်နားလည်ကာ ဝိညာဉ်ရေးရာဉာဏ်အလင်းကိုရရှိသွားကြသည်။
ထို့နောက် အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကနိုးထလာကြသည်။ အရှိန်အဝါတွေက ပိုပြီးတော့ ထူးခြားဆန်းကြယ်လာ၏။
ကြည့်ရသည်မှာ အထက်ကမ္ဘာကိုတက်လှမ်းပြီးအင်မော်တယ်ဖြစ်တော့မည့်အလားပင်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က ချီမင်ကိုဦးညွှတ်လိုက်ကြသည်။ ချီမင်ကခေါင်းအသာညိတ်ပြလိုက်သည် “ကောင်းတယ်။ မင်းတို့အတိဒုက္ခလေးခုကိုကျော်ဖြတ်ပြီးပြီ။ ငါးခုပဲကျန်တော့တယ်။”
“ဟုတ်ကဲ့” အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ပြန်ဖြေလိုက်ကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာ နေ့တစ်ဝက်ကြာသွားတော့သည်။
အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ငါးဆင့်မြောက်:ကမ္မအတိဒုက္ခက သက်ဆင်းလာသည်။
နာမည်အတိုင်းပင် ကမ္မအတိဒုက္ခဆိုသည်က ကျင့်ကြံသူ၏ ကမ္မဝဋ်ကြွေးကြောင့်ဖြစ်ပေါ်လာသည့်အတိဒုက္ခတစ်မျိုးဖြစ်သည်။ အတိဒုက္ခကျော်ဖြတ်သူ၏ အနိမ့်ဆုံးအဆင့်မှအတိဒုက္ခကျော်လွှားခြင်းအဆင့်ထိတက်လှမ်းလာခဲ့သည့်အခြေအနေများအရဖြစ်သည်။ အတွေ့အကြုံအမျိုးမျိုးရင်ဆိုင်ခဲ့ရပြီး ကောင်းသည်ဆိုတာရော ဆိုးသည်ဆိုတာရော အကုန်လုပ်ခဲ့ဖူးပြီး ထိုအရာတို့မှ ကမ္မကိုမွေးဖွားပေးသည်။ ကုသိုလ်သည် ကောင်းမွန်သည့်အလုပ်မှရရှိပြီးဆိုးဝါးသည့်လုပ်ရပ်မျိုးမှတော့ ဝဋ်ကြွေးကိုသာရရှိသည်။
ကိုယ်ပေါ်တွင်ကုသိုလ်သာတင်ကျန်လာရင် ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့အသုံးပြုနိုင်သည်။ အကုသိုလ်ဝဋ်ကြွေးကမ္မများ များပြားလာလျှင်လည်း လောင်းကျွမ်းခံရနိုင်သည်။
ကမ္မအတိဒုက္ခက သက်ဆင်းလာသည်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က ကုသိုလ်လည်းမများသလို ဝဋ်ကြွေးလည်းမများပေ။ သိုပေမယ့် ကမ္မမီးတောက်က တောက်လောင်လာသေးပြီးဖုံးအုပ်သွားသည်။
ထွင်းဖောက်မြင်နိုင်သည့် ဖန်သားတစ်ခုနှင့်တူသည့်ကမ္မမီးတောက်က ပေါ်ပေါက်လာပြီး အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့၏တစ်ကိုယ်လုံးကိုဖုံးအုပ်သွားသည်။ မီးကဆက်လျက်လောင်းကျွမ်းနေပေမယ့် အံ့ဖွယ်စွမ်းအားနှင့်ဓမ္မစွမ်းအားကိုသုံးကာ ခုခံထားနိုင်သည်။
ထိုအခြေအနေအောက်တွင် ကမ္မမီးတောက်သည် ကပ်ဘေးလေးနှင့်အမှောင်မီးလျှံတို့ကို ခုနစ်ရက်တိုင်တိုင်လောင်ကျွမ်းခဲ့ပြီး ခုနစ်ရက်နေ့ညရောက်မှသာပျောက်ကွယ်သွားသည်။ ငါးဆင့်မြောက်အတိဒုက္ခ ကမ္မအတိဒုက္ခကိုဖြတ်ကျော်သွားနိုင်ကာ ထပ်မံတိုးတက်လာကြသည်။
နေ့တစ်ဝက်လောက်ကြာသွားပြီးသည့်နောက်မှာ အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က ခြောက်ခုမြောက်အတိဒုက္ခကို ကြိုဆိုလိုက်ရသည်။
ထိုအတိဒုက္ခက အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့လက်ထဲမှသေဆုံးသွားသည့် သက်ရှိထောင်ချီတို့မှဖြစ်ပေါ်လာသည်။ သေဆုံးသွားသူတို့၏နားကျည်းချက်တွေကစုပုံလာပြီးနောက်မှာ ကျိန်စာတစ်ခုအဖြစ်ဖွဲ့တည်သွားသည်။ အတိဒုက္ခအဖြစ်ပေါက်ကွဲထွက်ကာ ကောင်းကင်နှင့်မြေကြီးကျိန်စာအဖြစ်အသွင်ပြောင်းပြီး အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကိုကျိန်ဆဲလာသည်။
ကျိန်စာစွမ်းအင်အမျိုးမျိုးတို့က ပေါင်းစပ်သွားပြီး ကောင်းကင်နှင့်မြေကြီးအတိဒုက္ခကသက်ရောက်လာသည်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကြောင့်သေဆုံးသွားသည့်သက်ရှိများမှာမများပြားလှသည့်အတွက် ကျိန်စာအတိဒုက္ခမှာလည်း မသန်မာပေ။
ကျိန်ဆဲသံအမျိုးမျိုးကို ဝိုးတဝါးသာကြားနိုင်၏။
“ငါမင်းကို ငရဲကနေမလွတ်မြောက်ပါစေနဲ့လို့ကျိန်စာတိုက်တယ်။”
“ငါမင်းကို ထာဝရငရဲကိုကျပါစေလို့ကျိန်ဆဲတယ်”
“ငါမင်းကို ဘယ်တော့မှပြန်မွေးဖွားလာဖို့ကျိန်ဆဲတယ်”
“ငါကျိန်ဆဲ...”
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က မလှုပ်ရှားသေးပေ။ ဓမ္မစွမ်းအားများနှင့်အံ့ဖွယ်စွမ်းအားများကိုသာလည်ပတ်ထားသည်။ သူတို့၏စိတ်တွေက တည်ငြိမ်နေသေးသည်။ ကျိန်ဆဲမှုအမျိုးမျိုးဖြင့်ရင်ဆိုင်ရတာတောင် မသက်ရောက်ပေ။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေး တို့၏ကိုယ်ကစတင်လှုပ်ခါလာသည်။
ကျိန်စာကပျောက်ကွယ်စပြုလာသည်။
သူတို့နှစ်ယောက်လုံး အတိဒုက္ခကျော်လွှားခြင်းအဆင့်ခြောက်:ကျိန်စာအတိဒုက္ခကို အောင်မြင်စွာဖြင့်ကျော်ဖြတ်နိုင်သွားသည်။ သူတို့ခန္ဓာကိုယ်တွေက ပြီးပြည့်စုံမှုဆီသို့ တစ်လှမ်းချင်းနီးကပ်လာနေသည်။ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခသုံးခုသာကျန်တော့သည်။
“အရမ်းမြန်တယ်”
“ထပ်ပြီးခုနစ်ရက်ပဲအချိန်ယူရတယ်”
“ကျိန်စာအတိဒုက္ခကလည်းအရမ်းလွယ်တာကို”
“သက်ရှိတွေကို ပိုပြီးသတ်ထားခဲ့လေ ကျိန်စာအတိဒုက္ခကပိုပြီးသန်မာလာလေပဲ”
မဟာယိုယွင်းကမ္ဘာ သာလွန်သူများကဆွေးနွေးနေကြသည်။
ချီမင်၏အမူအရာကတော့ တည်ငြိမ်လျက်ရှိသည်။ သူက အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့၏အခြေအနေကို သဘာဝအတိုင်းနားလည်ထား၏။ နောက်ဆုံးမှာတော့ သူတို့ကသူပိုင်သည့်ဝိညာဉ်သားရဲတွေဖြစ်၏။ သူတို့တွေက ဝိညာဉ်သားရဲကြီးထွားသည့်နေရာတွင် အမြဲတစေကျင့်ကြံနေခဲ့ကြပြီး အံ့ဖွယ်စွမ်းအားနှင့်သိုင်းနည်းစနစ်များကိုလည်း အကန့်အသတ်ထိကျင့်ကြံထားသည်။ သူတို့၏အင်အားက မူလကတည်းက ပြင်းထန်သန်မာပေသည်။
ထို့အပြင် အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အလိုအလျောက်ကျင့်ကြံခြင်းနေရာကိုသုံးထားပြီးကြီးထွားလာကြသည့်အတွက် အပြင်ကမ္ဘာနှင့်ထိတွေ့မှုက အလွန်အမင်းရှားပါးလေသည်။ ထို့ကြောင့် ဝဋ်ကြွေးကမ္မလည်းများများစားစားမရှိသည့်အတွက် ကျိန်စာကလည်းမသန်မာပေ။
ထို့နောက်မှာတော့ အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က ခုနစ်ခုမြောက်ကောင်းကင်အတိဒုက္ခ သက်ရှည်အတိဒုက္ခနှင့်ကောင်းကင်နှင့်မြေကြီးအတိဒုက္ခကိုကျော်ဖြတ်ရတော့သည်။
ကျင့်ကြံသူတစ်ယောက်အဆင့်ချိုးဖြတ်ပြီးနောက်မဟာယနအဆင့်သို့တက်လှမ်းကြသည်။ ထိုသို့တက်လှမ်းကြရသည့်က အသက်ရှည်ဖို့အတွက်ဖြစ်၏။ ထို့အရာကပဲ သက်ရှည်အတိဒုက္ခကိုဆွဲဆောင်သလိုဖြစ်သွားသည်။ အတိဒုက္ခကျော်လွှားသူ၏သက်စောင့်စွမ်းအင်ကို သက်ရှည်အတိဒုက္ခက ဝါးမြိုဆွေးမြေ့စေသည်။
ထိုအတိဒုက္ခကိုအောင်အောင်မြင်မြင်ကျော်လွှားနိုင်ပါက ဘာမှမဖြစ်ပေ။ မအောင်မြင်လိုက်ပါက အသက်စွမ်းအားကို လုံးဝဝါးမြိုသွားပြီး ကျင့်ကြံထားသမျှက ကမ္ဘာကြီးထံသို့ပြန်ရောက်သွားကာ သေဆုံးရပေ၏။
အတိဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူက ခန္ဓာကိုယ်ကိုဆင့်ကဲပြောင်းလဲရန်နှင့်တက်လှမ်းရန်ကျင့်ကြံပြီး အဆင့်ချိုးဖြတ်ကြပေသည်။ ကျင့်ကြံခြင်းဆိုသည်က ကောင်းကင်ကိုလွန်ဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြင့်ကောင်းကင်နှင့်မြေကြီးအတိဒုက္ခဖြစ်ပေါ်လာရ၏။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို သုံးစွဲထားသူမှန်သမျှက သဘာဝအတိုင်း ကောင်းကင်နှင့်မြေကြီးအတိဒုက္ခကိုဆွဲဆောင်နိုင်သည်။
ကောင်းကင်နှင့်မြေကြီးအတိဒုက္ခပေါက်ကွဲထွက်လာပြီး အဆုံးမဲ့ကောင်းကင်နှင့်မြေကြီးချီက အတိဒုက္ခကျော်လွှားနေသည့်လူကို ဖျက်ဆီးလာတော့သည်။
ကောင်းကင်နှင့်မြေကြီးအတိဒုက္ခကို ကမ္ဘာမြေကြီး၏ လက်စားချေခြင်းနှင့်ဒဏ်ခတ်ခြင်းဟုလည်း သမုတ်နိုင်သည်။
“မဆိုးဘူး”
ချီမင် အရမ်းကျေနပ်သွားသည်။ “အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခရဲ့ အတိဒုက္ခရှစ်ခုကိုတော့ကျော်ဖြတ်ပြီးပြီ။ နောက်ဆုံးတစ်ခုပဲကျန်တော့တယ်။”
အဆင့်ကိုးအတိဒုက္ခကိုတော့ ကံတရားအတိဒုက္ခဟုခေါ်သည်။
အတိဒုက္ခကျော်လွှားသည့်ပုဂ္ဂိုလ်က ကံတရားအကြွေးအားလုံးကို ပြန်ပေးဆပ်ဖို့လိုအပ်သည်။ ကံအကြွေးကိုသာ ပြန်ပေးဆပ်နိုင်သရွေ့ အဆင့်ကိုးကံတရားအတိဒုက္ခကို ကျော်ဖြတ်နိုင်သည်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့မှာရှိသည့် အကြီးမားဆုံး ကံတရားအကြွေးက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ဖြစ်သည်။ သူတို့လက်ရှိအင်အားအတိုင်းအတာအထိကြီးထွားနိုင်ဖို့ ကျင့်ကြံလာသမျှကထိုစနစ်ကဖြစ်သည်။
သူတို့ပြန်ပေးဖို့လိုအပ်သည့်က ထိုအကြွေးတစ်ခုသာဖြစ်သည်။
သို့ပေမယ့် အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အလိုအလျောက်စနစ်ဆီမှာ ချုပ်နှောင်ခြင်းခံထားရသည်။ ချီမင်က လည်းစနစ်၏လက်ခံသူဖြစ်ပြီး အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကချီမင်ထံတွင်ဝိညာဉ်သားရဲအဖြစ်အမှုထမ်းလျက်ရှိရာ ကံကြွေးကိုပြန်ပေးပြီးသားဖြစ်သွား၏။
ထို့ကြောင့်
အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏နောက်ဆုံးအဆင့် ကံတရားအတိဒုက္ခက ကျော်လွှားဖို့အလွယ်ကူဆုံးဖြစ်သည်။ အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အချိန်တစ်ရက်သာယူလိုက်ရပြီး ခန္ဓာကိုယ်ပေါ်က ကံတရားအရှိန်အဝါကို ရှင်းထုတ်လိုက်သည်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ထိုနည်းဖြင့်သာ ကျော်လွှားသွားကြသည်။ သူတို့ခန္ဓာကိုယ်တွေကလည်း ပြီးပြည့်စုံသွားကြပြီး လျှို့ဝှက်ဆန်းကြယ်အခြေအနေတစ်ခုသို့ဝင်ရောက်သွားကြသည်။
ကမ္ဘာကြီးထဲမှာ အဆုံးမဲ့စွမ်းအင်တွေ ထွက်ပေါ်လာသည်။
အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့က ကျင့်ကြံမှုထဲသို့ နစ်မြှုပ်ဝင်ရောက်သွားတော့သည်။
“အောင်သွားပြီ။ သူတို့ အထွတ်အထိပ်အတိဒုက္ခကိုးခုကိုကျော်ဖြတ်နိုင်သွားပြီ။”
“ဒါ..ဒါကြီးက..”
“အစကနေ အဆုံးထိ သူတို့အထွတ်အထိပ်အတိဒုက္ခအကုန်လုံးကို အဆုံးသတ်ဖို့ရက်(၇၀)တောင်မကြာလိုက်ဘူး။”
“အရမ်းထိတ်လန့်ဖို့ကောင်းတယ်”
“အရမ်းမြန်လွန်းတယ်”
“အရင်ကဆို အထွတ်အထိပ်အတိဒုက္ခအကုန်လုံးကိုကျော်လွှားဖို့ ငါ နှစ်တစ်ရာလုံးလုံးသုံးလိုက်ရတယ်။ ပြီးမှ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကနေ သာလွန်သူအဆင့်ကိုရောက်သွားတာ”
“သူတို့သုံးလိုက်ရတာ ရက်(၇၀)လောက်တောင်မကြာဘူးလား”
“ရူးလောက်တယ်ဟ” မဟာယိုယွင်းကမ္ဘာ၏သာလွန်သူတွေ ထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းမှာပဲ ချီမင်၏အထောက်အထားနှင့်နောက်ခံကြောင့်ပိုပြီးတော့တောင် ထိတ်လန့်သွားကြသည်။ “သူက ပါရမီရှင်အဆင့်ကိုတောင် အစေခံအဖြစ်ခေါ်ထားနိုင်တယ်။ သူဘယ်လောက်တောင်ကြောက်ဖို့ကောင်းမလဲဆိုတာ တွေးကြည့်ဖို့တောင် မလွယ်ဘူး။”
မဟာယိုယွင်းကမ္ဘာတွင် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို အထွတ်အထိပ်အတိဒုက္ခကိုးပါးလို့လည်းခေါ်ကြသည်။ အခေါ်အဝေါ်ကကွာခြားပေမယ့် အဓိပ္ပာယ်ကတော့ အတူတူပင်ဖြစ်သည်။
“အမှောင်မီးလျှံ၊ ကပ်ဘေးလေး မင်းတို့နှစ်ယောက် ဝိညာဉ်သားရဲနေရာထဲဝင်ပြီးအဆင့်တက်လိုက်ကြတော့”
အတွေးတစ်ချက်ဖြင့် အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့၏ခန္ဓာကိုယ်က လင်းလက်သွားသည်။ နှစ်ယောက်လုံးကဝိညာဉ်သားရဲနေရာထဲသို့ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ချီမင်က ဝိညာဉ်ကျောက်တုံးဖြည့်သွင်းလိုက်သည်။
တင်း!
“သာမန်အင်မော်တယ်သားရဲ:လေဟာနယ်စစ်မှန်နဂါးက အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် အဆင့်ချိုးဖြတ်နေပါတယ်။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ:ကပ်ဘေးဒုက္ခအရှင်က အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် အဆင့်ချိုးဖြတ်နေပါတယ်”
အသိပေးချက်နှစ်ခုပေါ်ပေါက်လာသည်။
“ခြေရာမဲ့ပျံသန်းခြင်း”
ချီမင် သူလုပ်နေတာပြီးသွားသည်နှင့် ကြာပန်းနက်ကိုသယ်ဆောင်ပြီး အံ့ဖွယ်စွမ်းအားကိုအသုံးပြုလိုက်သည်။ သူ့ပုံရိပ်ကပျောက်ကွယ်သွားပြီး လေဟာနယ်ထဲသို့ဝင်ရောက်ကာထွက်ခွာသွားတော့သည်။
“ဆရာ ကျေးဇူးပြုပြီး ခဏနေပါဦး။”
“ဆရာ”
သာလွန်သူ(၂၈)ယောက်က ကြောင်သွားကြသည်။ သူတို့အားလုံးက ချီမင်နှင့်ဆက်သွယ်ချင်ပေမယ့် သူကပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့နောက်ကို လိုက်ချင်ပေမယ့် သဲလွန်စကပျောက်ကွယ်သွား၏။
ချီမင်၏နေရာကိုတွက်ချက်ဖို့ကြိုးစားလိုက်ပေမယ့် ဘယ်အရာကိုမှမတွက်ချက်နိုင်ပေ။ သူတို့က အုပ်ဆိုင်းနေသည့်မြူလွှာကိုပဲမြင်နိုင်ပြီး ဘာမှမမြင်ရပေ။ “ဒါ..”
“ငါ ဘာမှတွက်လို့မရဘူး”
“သူက တကယ်ပဲဘယ်သူလဲ။ သူ့နောက်ခံက ဘာများလဲ”
“ငါတကယ်မတွေးတတ်တော့ဘူး။”
“ဘာလို့သူက မဟာယိုယွင်းကမ္ဘာမှာ ဖြတ်သွားဖြတ်လာတစ်ယောက်သက်သက်လို့ပြောတာလဲ။”
သာလွန်သူ(၂၈)ယောက်က မေးခွန်းများဖြင့်ပြည့်နှက်သွားသည်။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်က ရှေးခေတ်ယိုယွင်းပြည်နယ်ကနေထွက်လာခဲ့ပြီး တခြားပြည်နယ်သုံးထောင်ထဲမှတစ်ခုဖြစ်သည့်ကောင်းကင်နက်နဲပြည်နယ်သို့ရောက်နေပြီဖြစ်သည်။ သူက ကောင်းကင်နက်နဲပြည်နယ် နက်နဲရှေးခေတ်နိုင်ငံတော်တွင် ရောက်ရှိနေပြီး ရှေးခေတ်မြို့တော်ဆည်းဆာမြို့သို ဝင်လိုက်သည်။ သူကယခုနေရာ၌ ခဏတည်းရန်ဆုံးဖြတ်ထားသည်။
လေဟာနယ်ခရီးသွားစားသောက်ဆိုင် အပေါ်ထပ်
ကြာပန်းနက်ကပြောသည် “ကျွန်မတို့ပုန်းဖို့မလိုအပ်ဘူးမလား။ သူတို့က သာလွန်သူ(၂၈)ယောက်ပဲရှိတာလေ။ သူတို့ကိုကြောက်နေဖို့မလိုပါဘူး။”
“ငါတို့က သူတို့ကိုကြောက်လို့မဟုတ်ဘူး။”
ချီမင်ကပြောသည် “ငါက ဒီတိုင်းပဲသူတို့နဲ့ အများကြီးမဆက်ဆံချင်လို့ပဲ။”
သူအကြည့်ကလေးနက်နေပြီး အသံနိမ့်နိမ့်နဲ့ပြောလိုက်၏ “ထွက်ခွာဖို့ အချိန်သိပ်မကျန်တော့ဘူး။”