← Chapters

ကြီးမားသည့် ဂိမ်းမြေအောက်စခန်း အသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်

Vol. 17 Ch. 248

ကြီးမားသည့် ဂိမ်းမြေအောက်စခန်း အသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်

Vol. 17 Ch. 248

“သခင် အဲ့ဒါဆို ဘာဖြစ်လို့ပါလဲ”

ကြာပန်းနက်က ကြောင်အသွားသည်။ ချီမင် ဘာဆိုလိုတာလဲဆိုတာကို သူမ နားမလည်လိုက်ပေ။

“နှစ်(၂၀၀၀) ရှိသွားခဲ့ပြီ။”

ချီမင်က အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ ကောင်းကင်ဘုံ ဉာဏ်အလင်း အင်မော်တယ်တောင်သို့ ဝင်ရောက်လာစဉ်က လျှို့ဝှက်နက်နဲ ကမ္ဘာနှင့် ပတ်သက်သည့် သတင်းအချက်အလက် အတော်များများကို အမွေအနှစ်ခန်းမဆီမှ သိခွင့်ရလိုက်သည်။

ထိုအချိန်လောက်က သူ တွက်ချက်လိုက်သေးသည်။

သူ အချိန်ကာလကို တွက်ချက်ထားသည်။ ကောင်းကင်နှင့်မြေကြီး ကပ်ဘေးဒုက္ခ ကျရောက်ရန် နှစ်(၂၀၀၀)လောက်ပင် မလိုတော့ပေ။ ထိုအချိန်က ချီမင်က အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်၌သာ ရှိသေးသည်။

ယခု ချီမင်သည် အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်၌ ရောက်နေပြီဖြစ်၏။

ချီမင် အချိန်ကာလရတနာ: ကမ္ဘာ့တံခါးကိုသုံးပြီး လျှို့ဝှက်နက်နဲ ကမ္ဘာမှ ထွက်လာခဲ့သည့် အချိန်ကနေဆို နှစ်တစ်ထောင်မျှ ကုန်သွားခဲ့ပြီ။ ယခုလည်း အချိန်ကာလရတနာ: ကမ္ဘာ့တံခါးကနေတစ်ဆင့် ကူးပြောင်းလာပြီး ထူးဆန်းကမ္ဘာနှင့် ကျင့်ကြံကမ္ဘာ၌ ကျင့်ကြံနေခဲ့သည်မှာ နောက်ထပ် နှစ်တစ်ထောင် ကုန်သွားသည်။

စုစုပေါင်း နှစ် နှစ်ထောင်မျှ ကုန်ဆုံးသွားခဲ့ပြီ။

လျှို့ဝှက်နက်နဲကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီး ကပ်ဘေးဒုက္ခက စတင်‌လာတော့မည်။ ချီမင်က မဟာအံ့ဖွယ်စွမ်းအားကို သုံးဖို့ ကြိုးစားလိုက်သည်။ ဓမ္မစွမ်းအားကို လျှို့ဝှက်နက်နဲကမ္ဘာအကြောင်း တွက်ချက်ဖို့ သုံးစွဲလိုက်သည်။

သို့ပေမယ့် ချီမင်က ယခုအချိန်တွင် လျှို့ဝှက်နက်နဲကမ္ဘာ၌ မရှိပေ။ သူက ကမ္ဘာခြားပြီး မတွက်ချက်နိုင်သေးပေ။ မဟာအံ့ဖွယ်စွမ်းအားက မတွက်ချက်နိုင်ခြင်း မဟုတ်ဘဲ သူ၏ ကျင့်ကြံခြင်းအဆင့်ကသာ မလုံလောက်သေးခြင်း ဖြစ်သည်။

“အဆင့်ကိုး ကောင်းကင်ကိုးလွှာ အတိဒုက္ခက ကံတရား အတိဒုက္ခပဲ။ ငါ လျှို့ဝှက်နက်နဲ ကမ္ဘာကနေ မထွက်လာခင်က ငါ့ကို မူလအစ အင်မော်တယ်ဘုရင်က သတိထားမိသွားသေးတယ်။ အဲ့ဒီတုန်းက လျှို့ဝှက်နက်နဲ ကမ္ဘာအသိစိတ်က ငါ့ကို ကူညီပေးလိုက်လို့ အသက်ရှင်ဖို့ အခွင့်အရေးရပြီး ကမ္ဘာဖြတ်ကူး လာနိုင်ခဲ့တာ”

ချီမင် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည် “အဲ့တာကြောင့် ငါ လျှို့ဝှက်နက်နဲ ကမ္ဘာ့အသိစိတ်ဆီမှာ ကံကြွေးတင်သွားတယ်။ ငါသာ ‌နောက်ဆုံးအတိဒုက္ခ ကံတရားအတိဒုက္ခကိုသာ ဖြတ်ကျော်ချင်ရင် ငါ လျှို့ဝှက်နက်နဲ ကမ္ဘာ့သိစိတ်ကို ကံကြွေးပြန်ပေးဖို့ လိုတယ်။”

“ဒါဆိုရင်” ကြာပန်းနက်က နားမလည်ပေ။

“သခင် အခု ပြန်ဖို့ စီစဉ်တော့မှာလား။”

“မဟုတ်ဘူး” ချီမင် ခေါင်းခါပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည် “အခု ပြန်ဖို့ အချိန်မကျသေးဘူး။ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ကောင်းကင်နဲ့မြေကြီး ကပ်ဘေးဒုက္ခက ပေါ်ပေါက်နေပြီ။ မူလအစ အင်မော်တယ်ဘုရင်ကလည်း လျှို့ဝှက်နက်နဲ ကမ္ဘာ့အသိစိတ်ကို အပြည့်အဝ ဝါးမြိုပြီးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ သူတို့ အခုထိ တိုက်ခိုက်နေတုန်း ရှိသေးမှာ။”

သူ အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့် ချိုးဖြတ်ပြီးသွားတော့ အသိပေးချက် အများကြီး ရလိုက်သည်။ ဂိမ်းမြေအောက်စခန်း အသစ် ပွင့်လာသည့် အကြောင်းလည်းပါသည်။

တင်း!

“လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်း အဆင့်ထိ တိုးတက်လာခဲ့ပါပြီ။ အလိုအလျောက် ကျင့်ကြံခြင်းစနစ်ရဲ့ အမြင့်ဆုံး မြှင့်တင်မှုက သန်းတစ်ထောင်မှ သန်းတစ်သောင်းအထိ တိုးမြင့်သွားပါပြီ။”

တင်း!

“လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်း အဆင့်ထိ တိုးတက်သွားတာကြောင့် အလိုအလျောက် ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံး သုံးစွဲမှု တိုးသွားပါပြီ။ နှစ်ဆ တိုးမြှင့်မှုတိုင်းအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) သို့မဟုတ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး လိုအပ်ပါတယ်။”

တင်း!

“လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်း အဆင့်သို့ တိုးတက်သွားပါပြီ။ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: ဧကရာဇ်တားမြစ်သင်္ချိုင်းမှ ဆုလာဘ်များ လျော့ကျသွားပါပြီ။ သင် အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်း (၁၀၀) ဖြည့်သွင်းပြီး အကြီးစား ဂိမ်းမြေအောက်စခန်းအသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်ကို ဖွင့်နိုင်ပါပြီ။”

“အကြီးစား ဂိမ်းမြေအောက်စခန်းအသစ်” ချီမင် ခဏမျှ စဉ်းစားလိုက်သည်။ “ဘာကို ပြောတာလဲ။ ဂိမ်းမြေအောက်စခန်းက ပြောင်းလဲသွားတာလား။ ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်း (၁၀၀) ဖြည့်သွင်းမယ်။ အကြီးစား ဂိမ်းမြေအောက်စခန်းအသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်ကို အသက်သွင်းပါ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်”

“သင် အကြီးစား ဂိမ်းမြေအောက်စခန်းအသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်သို့ ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

ချီမင် ဂိမ်းမြေအောက်စခန်းအသစ်နှင့် ပတ်သက်သည့် အချက်အလက်တွေကို ရလိုက်ပြီးမှ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။

“ငါ အစက အတိဒုက္ခကျော်လွှားခြင်း အဆင့်က ကိုးဆင့်ရှိတော့ တစ်ဆင့်တိုးသွားတိုင်း ဂိမ်းမြေအောက်စခန်း အသစ်တစ်ခု ပွင့်လာမယ်လို့ ထင်ထားတာ”

ချီမင်က ပြောသည် “အခု ကြည့်ရတာတော့ အဆင့်တိုင်း အဲ့လို မဟုတ်ဘူး ထင်တယ်။ အတိဒုက္ခကျော်လွှားခြင်း အဆင့်မှာ ဂိမ်းမြေအောက်စခန်း တစ်ခုပဲ ရှိတယ်။ အကြီးစား ဂိမ်းမြေအောက်စခန်းအသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်”

“ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်မှာ မတူညီတဲ့ အဆင့် ကိုးဆင့်ရှိတယ်။ ငါ တစ်ဆင့် ရှင်းလင်းလိုက်တိုင်း ဆုလာဘ်တစ်ခု ရှိတယ်။ ပိုပြီး ထူးဆန်းတာက အကြီးစား ဂိမ်းမြေအောက်စခန်းသစ်: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်ကို တစ်ခါပဲ ရှင်းလို့ရတယ်။ တစ်ခါ ရှင်းပြီးသွားရင် ဂိမ်းမြေအောက်စခန်း အသစ်က ပိတ်သွားလိမ့်မယ်။”

“ဒါက အထူး ဂိမ်းမြေအောက်စခန်း တစ်ခုပဲ။”

“ဝင်ရောက်မယ်”

ဂိမ်းမျက်နှာပြင်က ပေါ်လာသည်။

ချီမင် ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က ဆင်းသက်လာသည်။

အနီးကပ် ကြည့်လိုက်လျှင် ဒီတစ်ကြိမ် ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က ချီမင်နှင့် တစ်ထပ်တည်း တူသည်။ သူ့ဝတ်ထားသည့် အဝတ်အစားပင် အတူတူပဲ ဖြစ်သည်။

ချီမင်ရှေ့မှာ တိမ်တိုက်လှေကား တစ်စင်း ပေါ်ပေါက်လာသည်။ ထိုတိမ်တိုက်လှေကားပေါ်သို့ တက်သွားတော့ ‌ဂိမ်းမြေအောက်စခန်း၏ ပထမအဆင့်သို့ ရောက်သွားသည်။ ချီမင်၏ ပထမဆုံး ရန်သူက ပေါ်ပေါက်လာသည်။

ထိုအရာက အစိမ်းရောင်ဝတ်စုံနှင့် ဓားသမားတစ်ယောက် ဖြစ်သည်။

“တိုက်ခိုက်”

အစိမ်းရောင်ဝတ် ဓားသမားက ချီမင်ကို အရင် တိုက်ခိုက်လိုက်သည်။ ကိုယ်ပိုင်ရတနာ သုံးခုဖြစ်သည့် သောင်းပြောင်းကြာပန်စိမ်းဓား သန္ဓေသား၊ ကမ္ဘာဖျက်ဓားနှင့် ဓားတောင်တို့က အလျင်အမြန် ပေါ်လာသည်။

အစိမ်းရောင်ဝတ် ဓားသမားကလည်း သောင်းပြောင်းကြာပန်စိမ်းဓား သိုင်းကျမ်းကို ကျင့်ကြံထားသည်။

“ဒါက...”

ချီမင်၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

ကလန်! ကလန်! ကလန်

ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည့် ဓားမြည်တမ်းသံ တစ်ချက် ထွက်ပေါ်လာသည်။

အစိမ်းရောင်ဝတ် ဓားသမားက ခုတ်ပိုင်းချလိုက်တော့ မရေမတွက်နိုင်သည့် ဓားချီများ ပေါက်ကွဲထွက်လာသည်။ ကြာပန်းစိမ်းဓားတို့ ပွင့်လန်းလာပြီး ချီမင်အပေါ် ဖုံးအုပ်သွားသည်။

ပထမအဆင့်တွင် ချီမင်၏ ဂိမ်းဇာတ်ကောင်က သောင်းပြောင်းကြာပန်စိမ်းဓား သိုင်းကျမ်းကို ထုတ်သုံး၍ တိုက်ခိုက်လိုက်သည်။

ပြင်းထန်လေးနက်သည့် တိုက်ပွဲတစ်ခု နှစ်ဖက်ကြား၌ ဖြစ်ပွားလာသည်။

ဘန်း! ဘန်း! ဘန်း!

ဓားချီများမှာ ‌ဒေါသထွက်နေကြသည့်အလား တစ်ဖက်နှင့်တစ်ဖက် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြသည်။ ပိုပြီးသန်မာသည့်သူကို ပြောနိုင်ဖို့ မလွယ်ပေ။ ချီမင်၏ ဂိမ်းဇာတ်ကောင်အပြင် အစိမ်းရောင်ဝတ် ဓားသမားကပါ သောင်းပြောင်းကြာပန်စိမ်းဓား သိုင်းကျမ်းကို အံ့ဩဖို့ကောင်းလောက်သည့် အဆင့်ထိ နားလည်ထားကြသည်။

ချီမင် တိုက်ပွဲကို ခဏတဖြုတ်သာ ကြည့်ပြီး ဂိမ်းမျက်နှာပြင်ကို ပိတ်ကာ အာရုံမစိုက်တော့ပေ။

“ငါ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ထည့်မယ်”

ချီမင် ချက်ချင်းပဲ ပြောလိုက်သည် “ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို ကျင့်ကြံမယ်။”

တင်း!

“ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို အဆသန်းတစ်သောင်း‌ မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ငါ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဖြည့်မယ်”

ချီမင်က ဆက်ပြောသည် “မဟာကပ်ဘေးဒုက္ခ နည်းစနစ်ကို ကျင့်ကြံမယ်။”

တင်း!

“မဟာကပ်ဘေးဒုက္ခ နည်းစနစ်ကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ငါ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဖြည့်မယ်”

ချီမင်က ဆက်ပြီး “ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်ကို ကျင့်ကြံမယ်။”

တင်း!

“ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်ကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”

အသိပေးချက် ပေါ်လာသည်။

“ငါ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဖြည့်မယ်”

ချီမင်က “ဖရိုဖရဲအရောင် ကောင်းကင်နှင့်မြေကြီး မဟာတာအိုစာလုံးကို ဆင်ခြင်သုံးသပ်မယ်။”

တင်း!

“ဖရိုဖရဲအရောင် ကောင်းကင်နှင့်မြေကြီး မဟာတာအိုစာလုံးကို အဆသန်းတစ်သောင်း အောက်တွင် နားလည်ဆင်ခြင်နေပါတယ်။”

ချက်ချင်းဆိုသလိုပဲ ချီမင်က နောက်ထပ် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးသန်း (၄၀၀) ထည့်ပြီး ဟော့ချန်ချင်း၊ ယင်လေး၊ သေမင်းနှင့် ‌လင်းနို့လေးတို့ကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကြီးထွားခိုင်းလိုက်သည်။

အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကိုလည်း ဖယ်ထုတ်မထားပေ။

ချီမင် နောက်ထပ် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးသန်း (၂၀၀) ထည့်လိုက်ပြီး အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကြီးထွားခိုင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်ရက် ရောက်လာသည်။

နေ့လည်ခင်းမှာ

တင်း!

“သာမန်အင်မော်တယ်သားရဲ: လေဟာနယ်စစ်မှန်နဂါးဟာ အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် တစ်ရက်ကြာ ကြီးထွားခဲ့ပါတယ်။ မဟာယနအဆင့်သို့ ချိုးဖြတ်သွားပါပြီ။”

တင်း!

“ရှားပါးဝိညာဉ်သားရဲ: ကပ်ဘေးဒုက္ခအရှင်က အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ မဟာယနအဆင့်သို့ ချိုးဖြတ်သွားပါပြီ။”

အသိပေးချက် အနည်းငယ် ထွက်ပေါ်လာသည်။

“အရမ်းကောင်းတယ်” ချီမင် စိတ်ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

“ထွက်လာဦး” အလင်းနှစ်ချက် လက်သွားသည်။

အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ဝိညာဉ်သားရဲ ကြီးထွားသည့် နေရာထဲကနေ ထွက်လာကြပြီး ချီမင်ရှေ့မှာ ရပ်လိုက်သည်။ သူတို့က ချီမင်ကို ဦးညွှတ်လိုက်ပြီးတာနဲ့ အရှိန်အဝါက ပြောင်းလဲသွားသည်။

ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားဟန်တူသည်။

“မဆိုးဘူး။ မဆိုးဘူး။” ချီမင် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

“အရမ်းကောင်းတယ်”

အမှောင်မီးလျှံက ပြောလိုက်သည် “ကျွန်တော် မဟာယနအဆင့်ကို ချိုးဖြတ်သွားတော့ မဟာယိုယွင်းကမ္ဘာရဲ့ သိစိတ်ကို အာရုံခံလိုက်မိပါတယ်။ အသိစိတ်က မလိုလားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။”

“ဟုတ်တယ်”

ကပ်ဘေးလေးကလည်း ခေါင်းညိတ်ပြီး လေးနက်သည့်အသံဖြင့် ပြော၏ “မဟာယိုယွင်းကမ္ဘာရဲ့ ကမ္ဘာ့သိစိတ်က ကျွန်မတို့ကို ပစ်မှတ်ထားပြီး ဖိနှိပ်နေတယ်။ ကြည့်ရတာ ကျွန်မတို့ကို အထက်ကမ္ဘာကို မတက်လှမ်းစေချင်တဲ့ ပုံပါပဲ။”

ချီမင်က ပြောလိုက်သည် “နားလည်လို့ ရပါတယ်။”

အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က မဟာယိုယွင်းကမ္ဘာ၏ သက်ရှိ မဟုတ်သော်လည်း ဒီကမ္ဘာ၌ မဟာယနအဆင့်ကို တက်လှမ်းထားတာ ဖြစ်သည်။ ထိုအရာက မဟာယိုယွင်း ကမ္ဘာသိစိတ်၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်လိုက်သည်။

ထို့အပြင် မဟာယိုယွင်းကမ္ဘာဆိုသည်က အလွန်မြင့်သည့် အဆင့်မြင့် ကမ္ဘာမျိုးဖြစ်သည်။ ကမ္ဘာ့အသိစိတ်ကလည်း ပြီးပြည့်စုံခြင်း အဆင့်ထိ တိုးတက်ပြီးသွားပြီ။ သူက မဟာယနအဆင့်ကနေ အထက်ကမ္ဘာကို တက်လှမ်းခြင်းကို တားဆီးနိုင်ပေသည်။ အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကို ပစ်မှတ်ထားကာ ဖိနှိပ်ခြင်းက အရမ်းကို သာမန်ဖြစ်ပေသည်။

“အဆင်ပြေတယ်” ချီမင်က ပြောသည် “ငါတို့ကလည်း မဟာယိုယွင်းကမ္ဘာမှာ ကြာကြာ မနေပါဘူး။”

“ဟုတ်ကဲ့” အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ပြန်ဖြေလိုက်ကြသည်။

အချိန် ကုန်ဆုံးသွားသည်။

နောက်ပိုင်း အချိန်ကာလများတွင် ချီမင်က ဆည်းဆာမြို့တွင်ပဲ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။

အကြီးစား ဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်က အထူးမြေအောက်စခန်းတစ်ခု အမှန်ပင်ဖြစ်ထိုက်သည်။ အခုထိ ရက်ပေါင်းများစွာ အလိုအလျောက် ကျင့်ကြံခြင်းကပင် မပြီးမြောက်သေးပေ။

တစ်လကြာပြီးနောက်

ယနေ့ နေ့လည်မှာတော့

တင်း!

“သင် အကြီးစား ဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်ကို (၃၃) ရက်ကြာ အလိုအလျောက် ကျင့်ကြံခဲ့ပါတယ်။ သင် အကြီးစား ဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်၏ အဆင့် ကိုးဆင့်ကို ရှင်းလင်းခဲ့ပါတယ်။ သင် အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၊ အဆင့်နှစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၊ အဆင့်သုံး ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၊ အဆင့်လေး ကောင်းကင်အတိဒုက္ခ ရွှေအမြူတေနှင့် အဆင့်ငါး ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၊ အဆင့်ခုနစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၊ အဆင့်ရှစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၊ အဆင့်ကိုး ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ နှင့် အလယ်အလတ်အဆင့် အင်မော်တယ်သလင်း ကျောက်သန်း တစ်သောင်းတို့ကို ရရှိပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ငါ အကြီးစား ဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်ကို (၃၃) ရက်လောက် ရှင်းလင်းလိုက်ရတယ်။ ရတဲ့ဆုက နည်းနည်းတော့ မမျှော်လင့်ထားဘူး။”

ချီမင်က ခဏတာမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏ “အဲ့တာတွေ အကုန်လုံးက ဆေးလုံးတွေပဲ။”

ချက်ချင်းဆိုသလိုပင် သူက ရွှေအမြူတေတွေရဲ့ အခြေခံအချက်အလက်ကို စစ်ဆေးလိုက်သည်။

“ကောင်းလိုက်တာ”

ချီမင်သည် စစ်ဆေးပြီးသွားတော့ ပြင်းထန်သည့် ပျော်ရွှင်မှုက မျက်နှာပေါ်မှာ ဖုံးမရ ဖိမရ ပေါ်လာတော့သည်။

All Chapters