ရွှေအမြူတေဝါးမြိုခြင်းနှင့် အတိဒုက္ခများကို အရူးအမူးကျော်ဖြတ်ခြင်း
Vol. 17 Ch. 249
တင်း!
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်ဟာ အကြီးစားဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်ကို ရှင်းလင်းပြီးပါပြီ။ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်၏ ဆုလာဘ်အားလုံးကို ရရှိပြီး မြေအောက်စခန်းကို တရားဝင်ပိတ်သိမ်းလိုက်ပါပြီ။”
ချက်ချင်းဆိုသလိုပဲ ချီမင်က နောက်ထပ်အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်က မီးခိုးရောင်သန်းသွားပြီး ဝင်ရောက်၍မရတော့ပေ။
ပစ္စည်း: အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ
ဖော်ပြချက်: အကြီးစားဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်မှ ရရှိသည့် အထူးဆေးတစ်မျိုးဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာစွမ်းအားများ ပါဝင်လျက်ရှိပြီး သုံးစွဲသူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်တိုးပေးနိုင်သည်။ သုံးစွဲပြီးသည့်နောက်တွင် အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်သို့ တိုက်ရိုက်တိုးမြှင့်နိုင်သည်။ ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခကိုလည်း လှုံ့ဆော်ပေးနိုင်၏။
ပစ္စည်း:အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ
ဖော်ပြချက်: အကြီးစားဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်မှ ရရှိသည့် အထူးဆေးတစ်မျိုးဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာစွမ်းအားများ ပါဝင်လျက်ရှိပြီး သုံးစွဲသူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်တိုးပေနိုင်သည်။ သုံးစွဲပြီးသည့်နောက်တွင် အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ တိုက်ရိုက်တိုးမြှင့်နိုင်သည်။ တတိယအဆင့် ကောင်းကင်အတိဒုက္ခကိုလည်း လှုံ့ဆော်ပေးနိုင်သည်။
ကောင်းကင်ကိုးလွှာ အတိဒုက္ခ ရွှေအမြူတေ ကိုးမျိုးရှိသည်။
တစ်ခုစီတိုင်းက အကျိုးသက်ရောက်မှု တူညီကြသည်။
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။” ချီမင် အပျော်လွန်သွားသည်။ “ကောင်းကင်ကိုးလွှာ အတိဒုက္ခ ရွှေအမြူတေတွေနဲ့ဆို ငါ အတိဒုက္ခကျော်လွှားခြင်း အဆင့်ကို ခဏလေးနဲ့ ချိုးဖြတ်လို့ရပြီ။ ငါ တစ်ခါတည်းတောင် အဆင့်ကိုး ကောင်းကင်ကိုးလွှာ အတိဒုက္ခရဲ့ ပထမရှစ်ခုကို ကျော်ဖြတ်လို့ရလောက်တယ်။”
“နောက်ဆုံး ကံတရားအတိဒုက္ခကို ကျော်ဖြတ်ချင်တယ်ဆိုရင် လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်ရမယ်။ လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်ကို ကံကြွေးပြန်ဆပ်ပြီးမှ ကျော်ဖြတ်လို့ရမှာ။ ဒါဆိုရင် ငါ မဟာယနအဆင့်ကို ချိုးဖြတ်လို့ရပြီ။”
ချီမင် မတုန့်ဆိုင်းတော့ပေ။ သူက လေဟာနယ်ခရီးသွား စားသောက်ဆိုင်ကနေ ထွက်လာလိုက်သည်။လက်ချောင်းတွေဖြင့် တွက်ချက်လိုက်ပြီး အတိဒုက္ခကျော်လွှားမည့် နေရာကို အတည်ပြုနိုင်လိုက်သည်။
ကြာပန်းနက်က နောက်ကနေ ကပ်လိုက်သွားသည်။
နာရီဝက်လောက်ကြာတော့ ကောင်းကင်နက်နဲပြည်နယ်၏ ကုန်းတွင်းပိုင်းသို့ ရောက်ရှိလာသည်။ ထိုနေရာ၌ စိမ်းနက်လွင်ပြင်ဟုခေါ်သည့် ကြီးမားသည့်လွင်ပြင်တစ်ခုရှိသည်။ ချီမင်က စိမ်းနက်လွင်ပြင်တွင် အတိဒုက္ခကျော်လွှားဖို့ ပြင်ဆင်လိုက်သည်။
“ဒီနေရာပဲ။”
ချီမင်က ရပ်တန့်လိုက်သည်။ သူက လေဟာနယ်ထဲတွင် ရပ်လိုက်ပြီး ကြီးမားသည့် စိမ်းနက်လွင်ပြင်ကို ငုံကြည့်လိုက်သည်။ ခေါင်းညိတ်လိုက်ပြီး အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကို ထုတ်လိုက်သည်။
“ကြာပန်းနက်၊ အမှောင်မီးလျှံ၊ ကပ်ဘေးလေး” ချီမင်က ညွှန်ကြားလိုက်သည်။ “ငါ အတိဒုက္ခကျော်လွှားပြီး ဒီနေရာမှာပဲ ကျင့်ကြံနေမယ်။ မင်းတို့သုံးယောက်က ဒီပတ်ဝန်းကျင်ကို စောင့်ရှောက်ထား။ ဘယ်သူမှ အနားမကပ်စေနဲ့။”
“ဟုတ်”
“ဟုတ်”
“သခင် စိတ်မပူပါနဲ့”
ကြာပန်းနက်တို့က တစ်ပြိုင်နက် ပြောလိုက်ပြီး လှုပ်ရှားလိုက်သည်။
ပုံရိပ်တွေက ပျောက်ကွယ်သွားပြီး မတူညီသည့် အရပ်သုံးမျက်နှာ၌ စောင့်ကြပ်နေလိုက်ကြသည်။
“လုံလောက်ပြီ။”
အတွေးတစ်ချက်ဖြင့် ချီမင်က အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို ထုတ်ယူလိုက်သည်။ အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေက လက်သန်းအရွယ်အစားလောက်သာရှိသည်။ ရွှေရောင်သန်းနေသည့် အမြူတေက လက်ဖဝါးထက်၌ ပေါ်လာသည်။ ခြေသည်းကိုးခု ရွှေနဂါးတစ်ကောင်၏ ပုံစံမျိုး ရေးဆွဲထားသည်။
ဂလု!
ချီမင် အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို မျိုချလိုက်သည်။ ဖရိုဖရဲမဟာတာအိုကျမ်းက လည်ပတ်လာပြီး အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို ခဏလေးအတွင်း သန့်စင်လိုက်သည်။
ချီမင်၏ ခန္ဓာကိုယ်ထဲတွင် ဆေးအားနိသင်တွေက ပျော်ဝင်သွားပြီး လိမ့်တက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်သွားသည်။ ကျင့်ကြံခြင်းနည်းစနစ်က လည်ပတ်လာပြီး ဆေးအာနိသင်ကို မြန်မြန်စုပ်ယူလိုက်သည်။ သူ၏ ဓမ္မစွမ်းအားက မြင့်တက်လာသည်။ နာရီဝက်လောက်ကြာတော့ ချီမင်က အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို စုပ်ယူပြီးသွားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်၏ အကန့်အသတ်ကို ရောက်ရှိသွားသည်။
သူ့တစ်ကိုယ်လုံးက လှုပ်ခါလာပြီး အရှိန်အဝါနှင့် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အဆင့်တစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၏ အာနိသင်နှင့် ပေါင်းစပ်လိုက်တော့ ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်နိုင်လိုက်သည်။
ဒီတစ်ကြိမ်တော့ ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခဖြစ်သည့်အတွက် ကောင်းကင်အတိဒုက္ခ နှစ်လွှာပေါ်ပေါက်လာသည်။
ကောင်းကင်အတိဒုက္ခ၏ စွမ်းအားက ကြီးမားပေသည်။
ခရမ်းနက်ရောင် အတိဒုက္ခတိမ်တိုက်တွေက ဆူနာမီမုန်တိုင်းတစ်ခုပမာ ကောင်းကင်အပြည့် တလိမ့်လိမ့်တက်လာသည်။
လျှပ်စီးတွေ မိုးကြိုးတွေက စပါးကြီးမြွေများ၊ ရေလွှမ်းနဂါးများ အသွင်ဖြင့် အတိဒုက္ခတိမ်တိုက်များကြား၌ စုန်ချီဆန့်ချီ ပေါ်ပေါက်နေသည်။ လျှပ်စီးကြောင်းက ကောင်းကင်ယံမှာ ပြည့်နှက်သွားပြီး ချီမင်ထံသို့ ပစ်ချလိုက်သည်။
“မဟာကပ်ဘေး ဒုက္ခနည်းစနစ်”
ချီမင်က ဓမ္မစွမ်းအားကို လည်ပတ်ပြီး မဟာအံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်သည်။ ဒုတိယအဆင့် အတိဒုက္ခ၏စွမ်းအားက တခြားအတိဒုက္ခကျော်လွှားသူများ၏ အမြင်တွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပေသည်။ သို့သော်လည်း ချီမင်၏အမြင်၌ လေတိုက်ရုံလောက်ဖြင့် လဲသွားနိုင်သည့် အရုပ်တစ်ခုပမာ ဖြစ်နေသည်။
ချီမင်၏ လက်ဖဝါးပြင်၌ ကပ်ဘေးချီက မည်းနက်နေသည့် ဝဲဂယက်တစ်ခုအသွင် ဖြစ်တည်လာသည်။ အံ့ဖွယ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး အတိဒုက္ခတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
ချက်ချင်းဆိုသလိုပဲ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကြောင့် ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။ အတိဒုက္ခတိမ်တိုက်တွေက ပျောက်ကွယ်သွားပြီး မမြင်န်ိုင်သည့် ကပ်ဘေးချီအဖြစ် ပြောင်းလဲကာ မဟာကပ်ဘေးဒုက္ခနည်းစနစ်ထဲသို့ ပေါင်းစပ်သွားသည်။
လွယ်ကူလွန်း၏။
သူက အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။
နောက်တစ်ခဏမှာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီ၊ စွမ်းအင်နှင့် လက်ဆောင်တို့က ပေါ်ပေါက်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ တာအိုစာလုံးတွေ ထွက်ပေါ်လာသည်။ ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လျက် ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်ကာ ကောင်းကင်နှင့်မြေကြီး၏ နှစ်ခြင်းကို လက်ခံလိုက်သည်။ သူက တာအိုစာလုံး၏ စွမ်းအင်ကို အကုန်အစင် စုပ်ယူလိုက်၏။
သို့ပေမယ့် ကောင်းကင်နှင့်မြေကြီး၏ လက်ဆောင်နှင့် နှစ်ခြင်းလောက်ဖြင့်တော့ အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်သို့ အပြည့်အဝမရောက်နိုင်ပေ။ အဓိကအကြောင်းပြချက်မှာ သူ့ခွန်အားက အလွန်အမင်းသန်မာသောကြောင့်ဖြစ်သည်။ တွေးတောနိုင်မှုထက်ကို ကျော်လွန်၏။ ကောင်းကင်နှင့်မြေကြီး၏ နှစ်ခြင်းမျှနှင့်တော့ အဆင့်မတတ်နိုင်သေးပေ။ ပစ္စည်းစာရင်းမှ အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူလိုက်ရသည်။ ထို့နောက် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို လည်ပတ်ပြီး အင်မော်တယ်သလင်းကျောက်များကို သန့်စင်တော့သည်။
“သခင်က တကယ့်ကို အရမ်းသန်မာလွန်းတယ်။”
အမှောင်မီးလျှံက ထိုမြင်ကွင်းကို ကြည့်ကာ လေးစားမှုဖြင့် သက်ပြင်းချလိုက်သည်။ “ငါလည်း ကောင်းကင်အတိဒုက္ခကို မကြောက်မရွံ့ ဝါးမြိုနိုင်ပေမယ့် တိုက်ရိုက်ကြီးတော့ မဖြေရှင်းနိုင်ဘူး။ မမြင်နိုင်တဲ့ ကပ်ဘေးချီအဖြစ် ပြောင်းလဲပြီးမှ ငါ့ခွန်အားအဖြစ်တိုးတက်ပြောင်းလဲနိုင်တာ။”
“ဟုတ်တယ်” ကပ်ဘေးလေးက ခေါင်းညိတ်လိုက်သည်။ သူမကလည်း သဘောတူပေသည် “ပိုပြီးကြောက်ဖို့ကောင်းတာက ကောင်းကင်နှင့်မြေကြီးနှစ်ခြင်းကတောင် သခင်အဆင့်ချိုးဖြတ်တာကို မထောက်ပံ့ပေးနိုင်ဘူး။ သခင်က အဆင့်ချိုးဖြတ်ဖို့ အင်မော်တယ်သလင်းကျောက်တွေကို စုပ်ယူဖို့လိုသေးတယ်။”
“သခင်ကတော့ ပြိုင်ဘက်ကင်းပဲ” ကြာပန်းနက်က ပြောလိုက်သည်။
ချီမင်၏ အတိဒုက္ခက သဘာဝအတိုင်း ကြီးမားသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာစေသည်။ စိမ်းနက်လွင်ပြင်မှ ဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာကို သတိထားမိသွားစေသည်။
ထိုဂိုဏ်းနှင့် အဖွဲ့အစည်းများက သတိထားမိသွားကြသည်။
သူတို့က ကောင်းကင်အတိဒုက္ခကို ကြည့်နေကြသည်။
သို့သော်လည်း
ကောင်းကင်အတိဒုက္ခက ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် သူတို့ကို ထိတ်လန့်သွားစေပြန်သည်။
“ဘာဖြစ်နေတာလဲ။”
“ကျွမ်းကျင်သူတစ်ယောက်က အတိဒုက္ခကျော်လွှားနေတာ မဟုတ်ဘူးလား။ ဘာလို့ အတိဒုက္ခက စက္ကန့်(၃၀)တောင် မပြည့်ဘဲ ပျောက်ကွယ်သွားတာလဲ။”
“ဘာဖြစ်သွားတာလဲ။”
စိမ်းနက်လွင်ပြင်၏ အဖွဲ့အစည်းနှင့် ဂိုဏ်းများက အတိဒုက္ခပျောက်ကွယ်သွားသည်ဟု ထင်နေကြတာဖြစ်သည်။ အမှန်တကယ်က ချီမင် ဖြေရှင်းလိုက်လို့သာဖြစ်၏။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။ သူသည် အင်မော်တယ်သလင်းကျောက်ကို စုပ်ယူခြင်းက လုံလောက်သွား၍ အောင်အောင်မြင်မြင် အဆင့်ချိုးဖြတ်သွားသည်။ သူသည် အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်ကို အောင်မြင်စွာရောက်သွားသောကြောင့် နောက်ထပ် အသွင်ပြောင်းလဲသွားပြီး တိုးတက်လာပြန်သည်။
ချက်ချင်းပဲ ချီမင်က နာရီဝက်သုံးပြီး ကျင့်ကြံခြင်းကို အခြေခိုင်အောင်လုပ်လိုက်သည်။
“ဆက်လုပ်မယ်”
ချီမင်က အဆင့်နှစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို ထုတ်ယူလိုက်သည်။ ဆေးလုံးပေါ်မှာ ခြေသည်းကိုးခု နဂါးနှစ်ကောင်၏ ပုံရိပ်ကို ရေးဆွဲထားသည်။
သူက အဆင့်နှစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို စားသုံးပြီး ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို လည်ပတ်လိုက်သည်။ သူ တဖြည်းဖြည်းဖြင့် ဆေးအာနိသင်ကို စုပ်ယူသန့်စင်လိုက်သည်။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်က အဆင့်နှစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို စုပ်ယူသန့်စင်ပြီးသွား၏။ ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်း ဒုတိယအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိသွားပြန်သည်။
အဆင့်နှစ် ကောင်းကင်အတိဒုက္ခ ရွှေအမြူတေ၏ အာနိသင်နှင့် ပေါင်းစပ်လိုက်တော့ တတိယအဆင့် ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်နိုင်လိုက်ပြန်သည်။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက စုစည်းလာသည်။
အချိန်တိုအတွင်းမှာ မရေမတွက်နိုင်သည့် ခရမ်းနက်ရောင် အတိဒုက္ခက ပေါ်ပေါ်လာသည်။ များပြားလွန်းသည့် တိမ်တိုက်တို့်မှာ ကောင်းကင်ကို ဖုံးအုပ်လာပြန်သည်။ ခရမ်းနက်ရောင် အတိဒုက္ခတိမ်တိုက်ပေါင်း (၁၂၉,၆၀၀)က တတိယအဆင့်ကောင်းကင် အတိဒုက္ခတိမ်တိုက်အဖြစ် ဖွဲ့စည်းသွားသည်။
တတိယအဆင့် ကောင်းကင်အတိဒုက္ခတိမ်တိုက်ဖြစ်သည့်အတွက် သုံးလွှာထပ်လျက်ရှိသည်။ သုံးလွှာလုံးက ကြီးမားပြီး တစ်လွှာချင်းစီက ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခထက် ပိုပြီးသန်မာသည်။
“ကောင်းကင်အတိဒုက္ခ! နောက်ထပ် ကောင်းကင်အတိဒုက္ခပဲ။”
“ဒါကြီးက တတိယအဆင့် ကောင်းကင်အတိဒုက္ခပဲ။”
“ဒါ....ဒါ..”
“စိမ်းနက်လွင်ပြင်မှာ တစ်ယောက်ယောက်က အတိဒုက္ခကျော်လွှားနေတာပဲ။”
စိမ်းနက်လွင်ပြင်မှ ဂိုဏ်းများနှင့် အဖွဲ့အစည်းများက သတိထားမိသွားကြသည်။ သို့ပေမယ့် သူတို့အနားမရောက်နိုင်ခင်မှာပဲ အမှောင်မီးလျှံတို့က တိုက်ခိုက်လိုက်ကြသည်။
“ထွက်သွားစမ်း”
“ကျူးကျော်သူတွေ သေရမယ်။”
“ဒီနေရာကနေ ထွက်သွားကြ။”
ဘုန်း! ဘုန်း! ဘုန်း!
အမှောင်မီးလျှံ၊ ကပ်ဘေးလေးနှင့် ကြာပန်းနက်တို့က မဟာယနအဆင့်၏ အင်အားနှင့်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ မဟာယိုယွင်းကမ္ဘာတွင် အထွတ်အထိပ်တည်ရှိမှုများ ပေါ်လာသည်။
“သာလွန်သူ.....သာလွန်သူတွေပဲ။”
“ဟူး...”
“အဲ့ဒီနေရာကို သာလွန်သူတွေ စောင့်ကြပ်နေကြတယ်။”
“သာလွန်သူက သုံးယောက်တောင် ရှိတယ်။”
“ဒါ...ဒါ...”
ထိတ်လန့်ခြင်း
အလွန်အမင်းကို ထိတ်လန့်ဖို့ကောင်း၏။
ဂိုဏ်းအဖွဲ့အစည်းများက ထိတ်လန့်သွားကြသည်။
သာလွန်သူသုံးယောက်နှင့် ရင်ဆိုင်လိုက်ရတော့ ဘာမှထပ်မလုပ်ရဲကြတော့ပေ။ သူတို့က အရမ်းနာခံသွားကြပြီး ချီမင်၏ အတိဒုက္ခနယ်နိမိတ်ထဲမှ လျင်မြန်စွာဖြင့် ထွက်ခွာသွားကြသည်။ သူတို့ အနားမကပ်ရဲတော့ဘဲ အဝေးကနေ စောင့်ကြည့်နေကြသည်။
“မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ချီမင်က ညာဘက်လက်ကို ဝေ့ယှမ်းပြီး မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်ကို ထပ်မံအသုံးပြုလိုက်သည်။ နည်းစနစ်က ကောင်းကင်သုံးလွှာ အတိဒုက္ခကို ဖုံးလွှမ်းသွားတော့သည်။ ကောင်းကင်အတိဒုက္ခတစ်ခုလုံးက မမြင်နိုင်သည့် ကပ်ဘေးချီအဖြစ် ပြောင်းလဲသွားပြီး အံ့ဖွယ်စွမ်းအားထဲသို့ ပေါင်းစပ်သွားတော့သည်။
“ဘာ”
“သူ...သူ ကောင်းကင်အတိဒုက္ခကို အဲ့ဒီလိုကြီး ကျော်လွှားလိုက်တာလား။”
“ဘာနည်းစနစ်လဲ။”
“ဘုရားရေ”
“သူ တတိယအဆင့် ကောင်းကင်အတိဒုက္ခကို အဲ့ဒီလိုပုံစံနဲ့ ကျော်လွှားလိုက်တာလား။”
“ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ။”
သူတို့ ကြောင်အသွားကြသည်။
ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ သက်ရှိများက ကြောင်အသွားကြ၏။ ထိုသူတို့၏ အမူအရာများမှာ မှင်တက် တောင့်တင်းသွားကြသည်။
မယုံနိုင်စရာကောင်း၏။
သူတို့ မယုံနိုင်ကြပေ။
ကောင်းကင်အတိဒုက္ခကို ထိုသို့သောနည်းလမ်းဖြင့် ကျော်ဖြတ်လို့ရသည်ဆိုတာကို မကြားဖူးပေ။ အခြေအနေက မယုံနိုင်စရာကောင်းလျက် အသစ်အဆန်းဖြစ်နေကြပေသည်။
မယုံနိုင်လောက်သည့် ဖြစ်ရပ်တစ်ခုက အမှန်တကယ်ကို ဖြစ်သွားခဲ့သည်။
ချီမင်က တတိယအဆင့် ကောင်းကင်အတိဒုက္ခကို လွယ်လွယ်ကူကူဖြတ်ကျော်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ နှစ်ခြင်းကို ခံယူလိုက်သည်။ ဒီတစ်ကြိမ်၌လည်း နှစ်ခြင်းကနေ အဆင့်ချိုးဖြတ်ခြင်းက မပြည့်စုံပေ။
သူ မျက်လုံးကိုဖွင့်လိုက်ပြီး အင်မော်တယ်သလင်းကျောက် တော်တော်များများကို ထုတ်ယူလိုက်သည်။ ဖရိုဖရဲမဟာတာအိုကျမ်းကို လည်ပတ်လိုက်ပြီး အင်မော်တယ်သလင်းကျောက်များကို အဆင့်ချိုးဖြတ်ရန်နှင့် အင်အားတိုးတက်ရန် သန့်စင်လိုက်သည်။
ကံကောင်းစွာဖြင့် ချီမင်က ဂိမ်းမြေအောက်စခန်း အတော်များများကို ရှင်းလင်းထားသည်။ သူ့ပစ္စည်းစာရင်းထဲတွင် မတူညီသည့် ပစ္စည်းအမျိုးမျိုးနှင့် မရေမတွက်နိုင်သည့် အင်မော်တယ်သလင်းကျောက်များရှိသည်။
တခြားတစ်ယောက်သာဖြစ်နေပါက အဆင့်ချိုးဖြတ်ဖို့ အင်မော်တယ်သလင်းကျောက်ပင် လုံလောက်မည်မဟုတ်ပေ။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်၏ အဆင့်ချိုးဖြတ်ခြင်းက နောက်တစ်ကြိမ်ပြီးဆုံးသွားပြန်သည်။ သူ့အရှိန်အဝါက အလွန်အမင်းမြင့်တက်လာပြီး အင်အားကလည်း သိသိသာသာတိုးတက်သွားသည်။ အတိဒုက္ခကျော်လွှားခြင်း တတိယအဆင့်သို့ အောင်မြင်စွာဖြင့် ရောက်ရှိသွားတော့သည်။
“ဆက်လုပ်မယ်။”
ချီမင်က ကျင့်ကြံခြင်းကို အခြေခိုင်အောင်လုပ်လိုက်ပြီး အဆင့်သုံး ကောင်းကင်အတိဒုက္ခ ရွှေအမြူတေကို ထုတ်ယူလိုက်သည်။ သူ ရွှေအမြူတေဆေးကို မျိုချလိုက်ပြီး ဆေးအာနိသင်တွေကို စတင် စုပ်ယူသန့်စင်တော့သည်။