အဆင့်ဆက်တိုက်ချိုးဖြတ်ခြင်း အတိဒုက္ခကျော်လွှားခြင်း အဋ္ဌမအဆင့်
Vol. 17 Ch. 250
အဆင့်သုံးကောင်းကင်အတိဒုက္ခရွှေအမြူတေကတော့ ခြေသည်းကိုးခု ရွှေနဂါးပုံစံသုံးမျိုးဖြစ်သည်။ ဆေးအာနိသင်ကပိုပြီးပြင်းထန်လျှင်အရောင်ကလည်းပိုပြီးတောက်ပလာသည်။
ပစ္စည်း: အဆင့်သုံးကောင်းကင်အတိဒုက္ခရွှေအမြူတေ
ဖော်ပြချက်: အကြီးစားဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်မှ ရရှိသည့် အထူးဆေးတစ်မျိုးဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာစွမ်းအားများ ပါဝင်လျက်ရှိပြီး သုံးစွဲသူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်တိုးပေးနိုင်သည်။ သုံးစွဲပြီးသည့်နောက်တွင် အတိဒုက္ခကျော်လွှားခြင်း တတိယအဆင့်သို့ တိုက်ရိုက်တိုးမြှင့်နိုင်သည်။ စတုတ္ထအဆင့် ကောင်းကင်အတိဒုက္ခကိုလည်း လှုံ့ဆော်ပေးနိုင်သည်။
ချီမင်က နေ့တစ်ဝက်လောက်ကြာပြီးမှ အဆင့်သုံးကောင်းကင်အတိဒုက္ခရွှေအမြူတေကိုသန့်စင်နိုင်သွားသည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း အတိဒုက္ခကျော်လွှားခြင်းတတိယအဆင့်၏အကန့်အသတ်သို့ရောက်ရှိသွားသည်။
ကောင်းကင်နှင့်မြေကြီးက ကြီးမားသည့်အရှိန်အဝါကြောင့် လှုပ်ခါသွားသည်။ အဆင့်သုံးကောင်းကင်အတိဒုက္ခရွှေအမြူတေ၏အာနိသင်ဖြင့်ပေါင်းစပ်လိုက်သည့်အခါ စတုတ္ထအဆင့်ကောင်းကင်အတိဒုက္ခကို သဘာဝအတိုင်း ဆွဲဆောင်နိုင်သွားသည်။ ပတ်ဝန်းကျင်မှာ မရေမတွက်နိုင်သည့် ခရမ်းနက်ရောင်အတိဒုက္ခတိမ်တိုက်များထွက်ပေါ်လာသည်။ ခရမ်းနက်ရောင်အတိဒုက္ခတိမ်တိုက်(၁၂၉,၆၀၀)က ပထမအဆင့်ကောင်းကင်အတိဒုက္ခအဖြစ်သိပ်သည်းသွားသည်။ ထိုကဲ့သို့ကောင်းကင်အတိဒုက္ခမျိုးလေးခုထပ်သွားပြီး စတုတ္ထအဆင့်ကောင်းကင်အတိဒုက္ခပေါ်ပေါက်လာသည်။ မြင်ကွင်းက ခမ်းနားကြီးကျယ်ကာ ကောင်းကင်လေးထပ်ဖြစ်နေသည့်အတိုင်းပင်။
ခရက်!ခရက်!
လျှပ်စီးတွေ ယှက်နွယ်သွားသည်။ မိုးကြိုးလျှပ်စီးတို့က စပါးကြီးမြွေသဖွယ် ရေလွှမ်းနဂါးသဖွယ် အသက်ဝင်လာကြသည်။ စတုတ္ထအဆင့်ကောင်းကင်အတိဒုက္ခက ချီမင့်အပေါ်သို့သက်ဆင်းလာသည်။
“စတုထ္ထအဆင့် ကောင်းကင်အတိဒုက္ခ”
“ဒါ....ဒါကြီးက”
“သူ....သူနောက်တစ်ကြိမ် အတိဒုက္ခကျော်လွှားဖို့လား”
“မယုံနိုင်စရာကြီးဟ။”
“သူ့အထောက်အထားက ဘာများလဲ။ ဘယ်လိုနောက်ခံများရှိတုန်း။ ခဏလေးပဲရှိသေးတာကို ဒုတိယအဆင့်ကောင်းကင်အတိဒုက္ခကနေ နောက်ထပ် ကျော်လွှားမလို့လုပ်နေတယ်။”
“ငါအရင်က ဒီလိုကိစ္စကို မြင်လည်းမမြင်ဖူးသလို ကြားလည်းမကြားဖူးဘူ။”
“သူ အတိဒုက္ခမကျော်လွှားခင် အရင်ကျင့်ကြံဖို့မလိုတော့ဘူးလား။”
“အရမ်း အံ့ဩဖို့ကောင်းတယ်။”
“မင်းတို့သိထားရမှာက ကောင်းကင်အတိဒုက္ခကျော်လွှားတိုင်း ကောင်းကင်နှင့်မြေကြီးရဲ့နှစ်ခြင်းကိုခံယူပြီးမှ အဆင့်ချိုးဖြတ်ရတာ။ ဒါပေမယ့် နောက်ထပ်ကောင်းကင်အတိဒုက္ခကို ဆွဲယူပြီးအတိဒုက္ခကိုခံယူဖို့ဆိုရင် လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ အကန့်အသတ်ထိကျင့်ကြံရတယ်။”
“ဒါပေမယ့် သူကတော့ အတိဒုက္ခကို ဆက်တိုက်ဆိုသလိုကြီး ကျော်လွှားနေပါလား။”
“သူက တစ်ဆင့်ကျော်လွှားပြီးတိုင်း အကန့်အသတ်ကိုတန်းရောက်သွားတာများလား။”
စိမ်းနက်လွင်ပြင်ပတ်လည်မှာ အဖွဲ့အစည်းများနှင့်ဂိုဏ်းများ၏ ကျွမ်းကျင်သူများရောက်ရှိလာကြတာကြာနေပြီဖြစ်သည်။ သူတို့အားလုံးမှာ ချီမင်အဆင့်ချိုးဖြတ်မှုကြောင့်ဖြစ်ပေါ်လာသည့်လှုပ်ရှားမှုကြောင့် ထိတ်လန့်လျက်ရှိပြီးသူတို့၏အသံမှာများမှာတော့ တုန်လှုပ်အံ့ဩမှုများဖြင့်ပြည့်နှက် နေသည်။
“မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ချီမင်က ညာဘက်လက်ကိုဝှေ့ယမ်းပြီး မဟာအံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်ပြန်သည်။ မဟာအံ့ဖွယ်စွမ်းအားကြောင့် စတုတ္ထအဆင့်ကောင်းကင်အတိဒုက္ခကို အလွယ်တကူဖြေရှင်းလိုက်သည်။ ပြီးမှ မမြင်နိုင်သည့် ကပ်ဘေးချီအဖြစ်ပြောင်းလဲကာ နည်းစနစ်ထဲသို့ ပေါင်းထည့်လိုက်သည်။
အတိဒုက္ခကျော်လွှားပြီးသည်နှင့် နောက်ထပ်ကောင်းကင်နှင့်မြေကြီးနှစ်ခြင်းက ကျရောက်လာသည်။ ကောင်းကင်းနှင့်မြေကြီး၏စွမ်းအင်နှင့်တာအိုစာလုံးက လိမ့်တက်ထွက်ပေါ်လာပြီး ချီမင်၏တစ်ကိုယ်လုံးပေါ်သို့ဖုံးအုပ်သွားသည်။ သူက ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်ပြီး တာအိုစာလုံးနှင့်စွမ်းအင်များကို သန့်စင်ကာ စုပ်ယူလိုက်တော့သည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်၊တာအိုစာလုံးနှင့်နှစ်ခြင်းက ချီမင်အဆင့်ချိုးဖြတ်ခြင်းအတွက် မလုံလောက်ပေ။ သူက ပစ္စည်းစာရင်းထဲကနေ အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူကာသန့်စင်လိုက်ရပြန်သည်။
နေ့တစ်ဝက်လောက်ကြာမှ ချီမင်အဆင့်ချိုးဖြတ်ပြီးသွား၏။ သူ၏ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်းအဆင့်သို့ ထပ်မံရောက်ရှိသွားသည်။ သူက ကျင့်ကြံခြင်းအဆင့်တည်ငြိမ်ရန် အချိန်အနည်းငယ်သုံးလိုက်၏။
“သူ...သူ အဆင့်တက်သွားပြန်ပြီ။”
“ထပ်ပြီးတော့”
“သူ စတုတ္ထအဆင့် ကောင်းကင်အတိဒုက္ခကို အဲ့ဒီလိုကြီးကျော်လွှားလိုက်တာလား။”
“ဒါကြီးက...ဒါ”
“သူ့လက်ထဲမှာ ကောင်းကင်အတိဒုက္ခက ကလေးကစားစရာကြနေတာပဲ။ သူက လွယ်လွယ်ကူကူလေးကျော်ဖြတ်နိုင်တာပဲ။ ကောင်းကင်အတိဒုက္ခဆိုတာကြီးက သူ့ကိုလုံးဝကိုမခြိမ်းခြောက်နိုင်ဘူးလားမသိဘူး။”
“အရမ်းသန်မာတာပဲ။”
“ငါ့ရဲ့နားလည်နိုင်စွမ်းထက်ကျော်သွားပြီ။”
လူတိုင်းက ထပ်မံအံ့ဩသွားကြသည်။
“ဆက်လုပ်မယ်”
ချီမင်က အဆင့်လေးကောင်းကင်အတိဒုက္ခရွှေအမြူတေကို ထုတ်ယူလိုက်သည်။ အမြူတေကလုံးဝန်းပြီး ရွှေရောင်အလင်းတောက်ပနေသည်။ ခြေသည်းကိုးခုရွှေနဂါးတစ်ကောင်၏ပုံစံလေးမျိုးကို ရေးထွင်းထားသည်။
ပစ္စည်း: အဆင့်လေးကောင်းကင်အတိဒုက္ခရွှေအမြူတေ
ဖော်ပြချက်: အကြီးစားဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်မှ ရရှိသည့် အထူးဆေးတစ်မျိုးဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာစွမ်းအားများ ပါဝင်လျက်ရှိပြီး သုံးစွဲသူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်တိုးပေနိုင်သည်။ သုံးစွဲပြီးသည့်နောက်တွင် အတိဒုက္ခကျော်လွှားခြင်း စတုတ္ထအဆင့်သို့ တိုက်ရိုက်တိုးမြှင့်နိုင်သည်။ ပဉ္စမအဆင့် ကောင်းကင်အတိဒုက္ခကိုလည်း လှုံ့ဆော်ပေးနိုင်သည်။
ချီမင်က အဆင့်လေးကောင်းကင်အတိဒုက္ခရွှေအမြူတေကို စားသုံးလိုက်သည်။ ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကိုလည်ပတ်ကာ ဆေးအာနိသင်များကိုစုပ်ယူပြီး ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်လိုက်၏။
…
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နေ့တစ်ဝက်ကြာသွားသည်။
ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။ ကျင့်ကြံခြင်းအဆင့်က သဘာဝအတိုင်း အတိဒုက္ခကျော်လွှားခြင်း စတုတ္ထအဆင့်၏အကန့်အသတ်ထိရောက်သွားသည်။
သူက အဆင့်လေးကောင်းကင်အတိဒုက္ခရွှေအမြူတေ၏အာနိသင်ကိုအသုံးပြုကာ ပဉ္စမအဆင့်ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကစုစည်းလာသည်။ ကောင်းကင်ယံမှာ ခရမ်းနက်ရောင်လျှပ်စီးအတိဒုက္ခများပေါ်လာသည်။ ပဉ္စမအဆင့်ကောင်းကင်အတိဒုက္ခက ဆင်းသက်လာ၏။
ထူးခြားဖြစ်စဉ်နှင့်အင်အားက ပိုပြီးပင်ကြီးမားလာသည်။
“ပဉ္စမ....ပဉ္စမအဆင့်ကောင်းကင်အတိဒုက္ခ...”
“ဟူး”
“သူ...သူ ကောင်းကင်အတိဒုက္ခကိုးခုလုံးကို တပြိုင်တည်းများ ကျော်ဖြတ်ပြီး နဝမအဆုံးစွန်အဆင့်ကိုများ တက်လှမ်းမလို့လား။”
“ဒါဆိုရင်တော့”
“အရမ်းကြောက်ဖို့ကောင်းသွားပြီ။”
လူတိုင်း ထိတ်လန့်အံ့ဩသွားကြသည်။
ဒါပေမယ့် သူတို့တွေးထားတာ မှန်ပေသည်။
ချီမင်က ရွှေအမြူတေတွေကိုစားပြီး ကောင်းကင်အတိဒုက္ခကိုဆက်တိုက်ကျော်လွှားဖို့စီစဉ်ထားတာဖြစ်သည်။ သူက အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ရောက်သည့်အထိ ကျော်လွှားမှာဖြစ်၏။
“မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ချီမင်က မဟာအံ့ဖွယ်စွမ်းအားကိုလည်ပတ်လျက်ဘကောင်းကင်အတိဒုက္ခ၏စွမ်းအားကိုဖြေရှင်းလိုက်သည်။ သူက လွယ်လွယ်ကူကူနှင့်ပဲ ပဉ္စမမြောက်အတိဒုက္ခကိုဖြတ်ကျော်သွားပြီး ကောင်းကင်နှင့်မြေကြီး၏နှစ်ခြင်းကို ခံယူလိုက်သည်။
ဒီတစ်ကြိမ်၌လည်း ပစ္စည်းစာရင်းကိုဖွင့်ပြီး အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူလိုက်ရသည်။ သူက ဖရိုဖရိုမဟာတာအိုကျမ်း ပထမတွဲကို လည်ပတ်ပြီး အင်မော်တယ်သလင်းကျောက်များကိုစုပ်ယူလိုက်ကာ အဆင့်ချိုးဖြတ်လိုက်သည်။ နေ့တစ်ဝက်လောက်ကြာတော့ ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။ သူ့အရှိန်အဝါက ကြီးကြီးမားမားတိုးမြင့်လာပြီး အောင်မြင်စွာဖြင့်အဆင့်ချိုးဖြတ်သွားသည်။ အတိဒုက္ခကျော်လွှားခြင်းပဉ္စမအဆင့်သို့ရောက်ရှိသွားသောကြောင့် သူ့အင်အားကလည်းသဘာဝအတိုင်း ထပ်ပြီးတိုးတက်သွားသည်။
နာရီဝက်လောက်ကြာမှ ချီမင်လည်း ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင်လုပ်ပြီးသွားသည်။
“အရမ်းကောင်းတယ်။”
ချီမင် အရမ်းကျေနပ်သွားသည်။
အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာပေါ်လာပြီး အဆင့်ငါး ကောင်းကင်အတိဒုက္ခရွှေအမြူတေကို ထုတ်ယူလိုက်သည်။ ချောမွေ့ပြီးလုံးဝန်းသည့်ဆေးလုံးပေါ်၌ ခြေသည်းကိုးခုရွှေနဂါးတစ်ကောင်၏ ပုံစံငါးမျိုးရေးဆွဲထားသည်။
“ဆက်လုပ်မယ်။”
ပစ္စည်း: အဆင့်ငါးကောင်းကင်အတိဒုက္ခရွှေအမြူတေ
ဖော်ပြချက်: အကြီးစားဂိမ်းမြေအောက်စခန်း: ကောင်းကင်ကိုးလွှာ အတိဒုက္ခနယ်ပယ်မှ ရရှိသည့် အထူးဆေးတစ်မျိုးဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာစွမ်းအားများ ပါဝင်လျက်ရှိပြီး သုံးစွဲသူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်တိုးပေနိုင်သည်။ သုံးစွဲပြီးသည့်နောက်တွင် အတိဒုက္ခကျော်လွှားခြင်း ပဉ္စမအဆင့်သို့ တိုက်ရိုက်တိုးမြှင့်နိုင်သည်။ ဆဋ္ဌမအဆင့် ကောင်းကင်အတိဒုက္ခကိုလည်း လှုံ့ဆော်ပေးနိုင်သည်။
အချိန်တွေ ကုန်ဆုံးသွား၏။
ချီမင်က ဆဋ္ဌမအဆင့်ကောင်းကင်အတိဒုက္ခကို လွယ်လွယ်ကူကူကျော်ဖြတ်သွားပြီး ကောင်းကင်နှင့်မြေကြီး၏နှစ်ခြင်းကိုခံယူလိုက်ပြန်သည်။ အင်မော်တယ်သလင်းကျောက်များကို စုပ်ယူလိုက်ကာ အတိဒုက္ခကျော်လွှားခြင်း ဆဋ္ဌမအဆင့်သို့ချိုးဖြတ်လိုက်သည်။
ချီမင်၏အတိဒုက္ခကျော်လွှားခြင်းက စိမ်းနက်လွင်ပြင်၌ အတော်လေးကြီးမားသည့်လှုပ်ရှားမှုတစ်ခုဖြစ်သွားစေသည်။
ထိုကဲ့သို့ တိုးတက်နှုန်းက အလွန်တရာကို ချဲ့ကားလွန်းရာကြ၏။
ယုံကြည်ဖို့တောင်မကောင်းပေ။ ကောင်းကင်နက်နဲပြည်နယ်၏ဂိုဏ်းအဖွဲ့အစည်းများမှ သာလွန်သူများပင် သတိထားမိကုန်ကြသည်။
စုစုပေါင်း သာလွန်သူငါးယောက်ရောက်ရှိလာကြသည်။
သူတို့က လေဟာနယ်ကိုဖြတ်ကျော်လာပြီး စိမ်းနက်လွင်ပြင်သို့ ဆင်းသက်လာသည်။
”အာ... အဲ့ဒါသူပဲ။”
“တကယ့်ကို အဲ့ဒီလူပဲ။”
သာလွန်သူငါးယောက်မှ ချီမင်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် ထိတ်လန့်သည့် မျက်နှာဖြစ်သွားကြသည်။ ထို့နောက်မှသာ တည်ငြိမ်သွား၏။ သာလွန်သူငါးယောက်က ချီမင်ကို မှတ်မိသွားကြသည်။
ပိုပြီးအရေးကြီးသည်က
ချီမင် အဝါရောင်စီးကြောင်းကန္တာရ၌ အတိဒုက္ခကျော်လွှားစဉ်က သူ့ကျင့်ကြံခြင်းအဆင့်က တာအိုပေါင်းစည်းခြင်းအဆင့်မှ အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်သို့ချိုးဖြတ်ခြင်းဖြစ်သည်။ ဖရိုဖရဲစစ်မှန်ခန္ဓာကြောင့်ဖြစ်ပေါ်လာသည့်ထူးခြားဖြစ်စဉ်က မဟာယိုယွင်းကမ္ဘာ၏ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်မှ ပြည်နယ်သုံးထောင်လုံးကိုအကျိုးသက်ရောက်ခဲ့သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး၏သာလွန်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။
ချီမင်မှ ကောင်းကင်လျှို့ဝှက်ချက်ကို စည်းမခတ်နိုင်ခင်မှာပဲ သာလွန်သူစုစုပေါင်း(၂၈)ယောက်သာ အဝါရောင်စီးကြောင်း ကန္တာရသို့ ရောက်လာနိုင်ခဲ့သည်။ ထို(၂၈)ယောက်ထဲမှ ငါးယောက်မှာ ကောင်းကင်နက်နဲပြည်နယ်မှဖြစ်၏။
“ဒီတော့ သူဖြစ်နေတာကိုး”
“မအံ့ဩတော့ပါဘူး။”
“ပြန်တွေးကြည့်ရင် အရင်တစ်ခေါက်ကလည်း သူကြောင့်ခမ်းနားတဲ့ထူးခြားဖြစ်စဉ်တစ်ခုပေါ်လာပြီးတစ်ကမ္ဘာလုံးကိုဖိနှိပ်လိုက်သေးတာပဲ။ သူ့လိုလူမှပဲ ဒီလိုမျိုးမယုံနိုင်စရာကောင်းတဲ့အရာမျိုးကိုလုပ်နိုင်တာ။”
“ဟုတ်တယ်”
“ဒီခုနစ်ရက်အတွင်း သူအတိဒုက္ခကျော်လွှားခြင်းပထမအဆင့်ကနေ ဆဋ္ဌမအဆင့်ထိရောက်လာပြီးပြီ။”
“အရမ်းကြောက်ဖို့ကောင်းနေပြီ။”
သာလွန်သူငါးယောက်ကအကြိမ်ကြိမ်အံ့အားသင့်သွားကြသည်။
နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ ချီမင်က အဆင့်ခြောက်နှင့် အဆင့်ခုနစ် ကောင်းကင်အတိဒုက္ခရွှေအမြူတေကိုစားသုံးပြီး ကျင့်ကြံခဲ့သည်။
အဆင့်ခြောက် ကောင်းကင်အတိဒုက္ခရွှေအမြူတေ၌ ခြေသည်းကိုးခု နဂါးတစ်ကောင်၏ပုံစံခြောက်မျိုးပါဝင်သည်။ ထိုဆေးက အတိဒုက္ခကျော်လွှားခြင်းအဆင့်၏အကန့်အသတ်ထိတိုးမြှင့်ပေးပြီး သတ္တမအဆင့်ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်နိုင်သည်။ သတ္တမအဆင့်ကောင်းကင်အတိဒုက္ခကိုဖြတ်ကျော်ပြီးတဲ့နောက်မှာ ကောင်းကင်နှင့်မြေကြီး၏နှစ်ခြင်းကိုခံယူကာ အင်မော်တယ်သလင်းကျောက်တို့ကို စုပ်ယူလိုက်ပြန်သည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်း သတ္တမအဆင့်သို့ချိုးဖြတ်သွားသည်။
အဆင့်ခုနစ်ကောင်းကင်အတိဒုက္ခရွှေအမြူတေတွင်တော့ ခြေသည်းကိုးခုရွှေနဂါးတစ်ကောင်၏ပုံစံခုနစ်မျိုးပါဝင်သည်။ ထုံးစံအတိုင်းပင် ဆေးအာနိသင်ကိုစုပ်ယူပြီးတဲ့နောက်မှာ အတိဒုက္ခကျော်လွှားခြင်းသတ္တမအဆင့်၏အကန့်အသတ်သို့ရောက်ရှိသွားသည်။
သူကဆေးအာနိသင်ကိုသုံးလိုက်ပြီး အဋ္ဌမအဆင့်ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်လိုက်သည်။ သူသည် မဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုအသုံးပြု၍ ကောင်းကင်အတိဒုက္ခကိုကျော်လွှားလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ရှစ်ကြိမ်မြောက် နှစ်ခြင်းကကျရောက်လာပြီး အင်မော်တယ်သလင်းကျောက်ကိုလည်း စုပ်ယူလိုက်ရသည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်က အတိဒုက္ခကျော်လွှားခြင်းအဋ္ဌမအဆင့်သို့အောင်အောင်မြင်မြင် ရောက်ရှိသွားတော့သည်။
ဘာအတားအဆီး ဘာတစ်ဆို့မှုမှ မကြုံလိုက်ရပေ။ ကြောက်မက်ကောင်းဖွယ်သည့်အတိဒုက္ခဆိုတာကြီးက ချီမင်၏မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်ပေ။
သူက သာသာယာယာကျော်ဖြတ်နိုင်သည်။
“ကိုးရက်ရှိသွားပြီ။ သူ စိမ်းနက်လွင်ပြင်မှာ အတိဒုက္ခခုနစ်ခုအထိ ကျော်လွှားပြီးပြီ။ ဒီရက်တွေထဲမှာ သူအတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်ကနေ အဋ္ဌမအဆင့်ထိရောက်သွားပြီ။”
“ငါကတော့ ကြီးမြတ်တဲ့ဖြစ်တည်မှုတစ်ခု မွေးဖွားလာတာကို မျက်မြင်ကိုယ်တွေ့လိုက်ရပြီ။”
“ဟုတ်တယ်”
“ငါတို့ အံ့ဖွယ်တစ်ခုမွေးဖွားလာတာကို မျက်မြင်ကိုယ်တွေ ကြုံခဲ့ရပြီ။”
“ဒီကိစ္စက သေချာပေါက် မဟာယိုယွင်းကမ္ဘာမှာ သမိုင်းတစ်ခုအဖြစ်ကျန်ခဲ့တော့မှာ။”
“မရေမတွက်နိုင်လောက်တဲ့နှစ်ပေါင်းများစွာအထိ မှတ်မိနေကြလိမ့်မယ်။”
“ဘယ်သူမှလည်း မလုပ်နိုင်ခဲ့ဖူးတဲ့အရာတစ်ခုအဖြစ်မှတ်တမ်းတင်ကျန်ခဲ့လိမ့်မယ်။”
ပတ်ဝန်းကျင်မှာ လူတွေအားလုံးက မနေနိုင်တော့ဘဲအံ့ဩသွားကြရ၏။ သာလွန်သူငါးယောက်ပင် အံ့ဩနေရသည်။ သူတို့အကြည့်တွေက ချီမင်ကိုလေးစားမှုများဖုံးလွှမ်းလျက်ရှိသည်။
“ဆက်လုပ်မယ်။”
ချီမင်က မလှုပ်ရှားသေးပေ။ သူက အဆင့်ချိုးဖြတ်ဖို့လုပ်လိုက်သည်။
အဆင့်ရှစ်ကောင်းကင်အတိဒုက္ခရွှေအမြူတေကိုစားသုံးလိုက်သည်။ သူကနေ့တစ်ဝက်လောက်ဖြင့် စုပ်ယူသန့်စင်လိုက်သောကြောင့် အတိဒုက္ခကျော်လွှားခြင်း အဋ္ဌမအဆင့်၏အကန့်အသတ်သို့ရောက်ရှိသွားတော့သည်။