ကောင်းကင်နှင့်မြေကြီးမဟာစိတ်နတ်ဆိုး
Vol. 17 Ch. 252
ချီမင်သည် အခြေအနေမှာ တစ်ခုခုက မှားနေသည်ကို ခံစားလိုက်ရသည်။ သန့်စင်ရွှေခန္ဓာသည် ဝိညာဉ်ကပ်ဘေးချီကို ခုခံနိုင်ပြီး သူ၏ဝိညာဉ်ကို ထိခိုက်ဒဏ်ရာမရအောင်လည်း ကာကွယ်ပေးနိုင်သေးသည်။
ကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ဒုတိယအဆင့် ဝိညာဉ်အတိဒုက္ခကို ကျော်ဖြတ်ချင်ပါက ဝိညာဉ်ချီကို ခုခံနိုင်ရုံမျှဖြင့် မလုံလောက်ပေ။ ထိုအစား ဝိညာဉ်ကပ်ဘေးချီကို ခုခံကာ ဝိညာဉ်ကို လေ့ကျင့်ပေးရင်း ပြီးပြည့်စုံအောင် လုပ်ရ၏။
“ဟူး” ချီမင်က သဘောပေါက်သွားကာ အသက်ပြင်းပြင်းရှုလိုက်သည်။ သူက လက်ရှိအခြေအနေတွင် ဝိညာဉ်ဖြစ်နေ၍ အသက်ရှုလို့မရပေ။ စကားအဖြစ်သာ ပြောခြင်းဖြစ်သည်။
ချီမင်သည် သန့်စင်ရွှေခန္ဓာကို ဖယ်ရှားလိုက်သောကြောင့် ရွှေရောင်အလင်းက ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဝိညာဉ်ကပ်ဘေးချီမျှင်တို့မှာ ချီမင်၏ဝိညာဉ်ကို ရစ်ပတ်လာသည်။ ချီကြိုးမျှင်တို့မှာ ချီမင်၏ဝိညာဉ်ကို ချွန်မြသည့်ဓားသွားတစ်လက်အသွင်ဖြင့် အကြိမ်ကြိမ် ပိုင်းဖြတ်လိုက်သည်။
ပြင်းထန်သည့်နာကျင်မှုက ထွက်ပေါ်လာသည်။ ချီမင်က သက်ပြင်းချလိုက်ရသည်။ သေချာတာကတော့ ဝိညာဉ်အခြေအနေ၌ သက်ပြင်းမချနိုင်ပေ။ စကားအဖြစ်သာ ပြောရခြင်းဖြစ်၏။ အဆင့်ကိုး ကောင်းကင်ကိုးလွှားအတိဒုက္ခက တကယ်ကိုထူးဆန်းသည်။ ဒုတိယအဆင့်၌ပင် ခုခံဖို့ မဖြစ်နိုင်သလောက်ပင်။ ဝိညာဉ်ကပ်ဘေးချီကို တိုက်ရိုက်ရင်ဆိုင်မှသာ ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲနိုင်ပြီး လေ့ကျင့်နိုင်ပေသည်။
ထိုအခြေအနေအောက်တွင် ချီမင်သည် သူ၏ဝိညာဉ်ကို ဓားဖြင့်ဖြတ်နေသကဲ့သို့ ပြင်းထန်သည့်ဒဏ်ရာကို သည်းခံနေရသည်။ ထို့အပြင် သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်ပြီး ဝိညာဉ်ကိုစုစည်းကာ တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
ချီမင်၏စိတ်က မတည်ငြိမ်ပါက ဝိညာဉ်ပိုင်းဖြတ်ခံရသည့် နာကျင်မှုကိုလည်း ခုခံနိုင်မည်မဟုတ်ပေ။ သူက ဝိညာဉ်အင်အားကိုပင် တည်ငြိမ်အောင် မလုပ်နိုင်ပေ။
ထိုသို့သာဖြစ်လာပါက သူ၏ဝိညာဉ်က ပျောက်ကွယ်သွားလိမ့်မည်။
ချီမင်သည် ခုခံရုံမျှသာ တတ်နိုင်သည်။ အံ့ဖွယ်စွမ်းအားများနှင့် နည်းလမ်းများက အသုံးမဝင်ပေ။
အချိန်သည် ကုန်ဆုံးသွားတော့သည်။
မည်းနက်နေသည့် ကပ်ဘေးဒုက္ခနေရာလွတ်တွင်
သူက အချိန်ကာလကိုပင် မေ့လျော့သွားတော့သည်။
ဝိညာဉ်ကပ်ဘေးချီမျှင်တိုင်းက ချီမင်၏ဝိညာဉ်ကို ဖြတ်ကျော်ကြပြီး ဝိညာဉ်စွမ်းအားကို ဖျက်ဆီးကြသည်။ သို့သော်လည်း ထိုအရာက လေ့ကျင့်ခြင်းတစ်မျိုးပေ။
ကံကောင်းသည်က ချီမင်၏ဝိညာဉ်သည် သန်မာသေးသည်။ ဖရိုဖရဲမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အချက်နှင့် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို ကျင့်ကြံတာကိုပါ ထည့်တွက်လျှင် သူ၏ဝိညာဉ်က ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုမှ အသွင်ပြောင်းခြင်းကို ရရှိနိုင်ပေသည်။
ဝိညာဉ်ဆီမှ နာကျင်မှုက သည်းမခံနိုင်လောက်အောင် ပြင်းထန်သော်လည်း ချီမင်က အံ့ကြိတ်ထားသေးပြီး နာကျင်မှုကို တောင့်ခံနေသည်။ ထိုနာကျင်မှုနှင့် ကြုံတွေ့ပြီးတဲ့နောက်မှာ ချီမင်၏စိတ်ဆန္ဒနှင့် အခြေအနေက ကြီးကြီးမားမား တိုးတက်သွားသည်။
နောက်ဆုံးတော့
ချီမင်၏ဝိညာဉ်သည် လေ့ကျင့်မှုပြီးဆုံးသွားကာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ သူ့ဝိညာဉ်မှာ ရုပ်ခန္ဓာဖြစ်တည်လာသည့်အဆင့်သို့ပင် ရောက်ရှိသွားသည်။
“ကျိုးပြတ်စမ်း” ချီမင်က အော်ဟစ်လိုက်ပြီး ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ကြီးမားသည့်ဝိညာဉ်စွမ်းအားက မုန်တိုင်းတစ်ခုပမာ ကပ်ဘေးဒုက္ခနေရာလွတ်၏ ဝိညာဉ်ကပ်ဘေးချီကို ဖျက်ဆီးလိုက်တော့သည်။
ခရက်!ခရက်!
ကပ်ဘေးဒုက္ခနေရာလွတ်မှာ မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။
ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး ကပ်ဘေးဒုက္ခနေရာလွတ်သည် ဖျက်ဆီးခံလိုက်ရတော့သည်။
ဝိညာဉ်က သူ့ခန္ဓာထဲသို့ ဝင်ရောက်လာသည်။ ချီမင်၏မျက်လုံးများက ပွင့်လာသည်။ သူက သာမန်အခြေအနေသို့ ပြန်ရောက်လာပြီး အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ဒုတိယမြောက်အတိဒုက္ခ ဝိညာဉ်အတိဒုက္ခကို ကျော်ဖြတ်သွားတော့သည်။ သူ့ဝိညာဉ်မှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။
သူ့ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်စွန်းသည် အနည်းငယ်ကွေးတက်သွားသည်။ “ငါ လျှပ်စီးအတိဒုက္ခနဲ့ ဝိညာဉ်အတိဒုက္ခကိုတော့ ကျော်ဖြတ်ပြီးပြီ။ နောက်တစ်ဆင့်က စစ်မှန်ဝိညာဉ်အတိဒုက္ခပဲ။”
ချီမင်သည် နေ့တစ်ဝက်သုံးကာ ဝိညာဉ်အတိဒုက္ခကို ကျော်ဖြတ်လိုက်ရသည်။ ထိုအမြန်နှုန်းက အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ထက် များစွာသာလွန်သောကြောင့် သာလွန်သူငါးယောက်ကို အလွန်အမင်း အံ့ဩသွားစေသည်။
သာလွန်သူငါးယောက်သည် ချီမင်ဆောင်ရွက်ထားသည့် မယုံကြည်နိုင်စရာကောင်းသည့်ကိစ္စများကြောင့် အနည်းငယ်ကျင့်သားရနေကြပြီဖြစ်သည်။ သို့သော်လည်း ထိတ်လန့်သွားရပြန်သေးသည်။
နေ့တစ်ဝက်လောက်ကြာတော့ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ တတိယမြောက်အဆင့် စစ်မှန်ဝိညာဉ်အတိဒုက္ခ ကျရောက်လာသည်။
စစ်မှန်ဝိညာဉ်ဆိုသည်က သက်ရှိတစ်ဦး၏ အပြင်းထန်ဆုံးသိစိတ်နှင့် သတိဖြစ်သည်။ စစ်မှန်ဝိညာဉ်အတိဒုက္ခသည် အတိဒုက္ခကျော်လွှားသူ၏ ဝိညာဉ်နှင့်အသိစိတ်ကို ပစ်မှတ်ထားသည်။ ဝိညာဉ်အတိဒုက္ခနှင့်လည်း အလားသဏ္ဍာန်တူသည်။ ကျရောက်လာခြင်းကို မမြင်နိုင်ပေ။ စစ်မှန်ဝိညာဉ်အတိဒုက္ခသည် သက်ဆင်းလာသည်။ ကောင်းကင်နှင့်မြေကြီး၏ မမြင်နိုင်သည့် သဏ္ဍာန်မဲ့အတိဒုက္ခစွမ်းအားက ချီမင်၏အသိစိတ်နှင့် စိတ်အတွင်းကို အနည်းငယ်ဝေဝါးသွားစေ၏။ မြင်ကွင်းသည် ပြောင်းလဲသွားပြီး ချီမင်က သတိပြန်ဝင်လာသည်။
သူက နောက်ထပ်ကပ်ဘေးဒုက္ခနေရာလွတ်ကို ရှာတွေ့သွားသည်။ ကပ်ဘေးဒုက္ခနေရာလွတ်ထဲတွင် နောက်ထပ်စစ်မှန်ဝိညာဉ်ကပ်ဘေးချီဟုခေါ်သည့် ကပ်ဘေးချီတစ်မျိုးလည်း ရှိ၏။ ထိုကပ်ဘေးချီက အတိဒုက္ခကျော်လွှားသူ၏ စစ်မှန်ဝိညာဉ်ကို ဖျက်ဆီးနိုင်သည်။ မခုခံနိုင်ဘူးဆိုလျှင် စစ်မှန်ဝိညာဉ်က ပျက်စီးသွားပြီး သစ်ပင်လူသားဖြစ်သွားပေမည်။ (ကိုမာဖြစ်တာကိုပြောတာ) ထိုသို့ဖြစ်သွားပါက သေတာနှင့်မခြားပေ။
စစ်မှန်ဝိညာဉ်ကပ်ဘေးချီမှာ သန့်စင်ရွှေခန္ဓာသုံးလည်း မပျက်စီးသွားပေ။ သူက စစ်မှန်ဝိညာဉ်ကပ်ဘေးချီကို ထိပ်တိုက်ရင်ဆိုင်ဖို့လိုအပ်ပြီး စစ်မှန်ဝိညာဉ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် လေ့ကျင့်ပေးရမည်။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်သည် စစ်မှန်ဝိညာဉ်အတိဒုက္ခကို အထိအခိုက်မရှိစွာဖြင့် ဖြတ်ကျော်သွားသည်။ သူ၏စစ်မှန်ဝိညာဉ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်သန့်စင်ပြီးသွားသည်။
ချီမင်၏စိတ်နှလုံးနှင့် အသိစိတ်က ပြောင်းလဲသွားတော့သည်။
ထိုသို့ဖြင့် ချီမင်က မဟာယနအဆင့်နားသို့ တစ်လှမ်းတိုးသွားပြန်သည်။
“မဆိုးဘူး။” ချီမင်က သူ့ခန္ဓာကိုယ်၏ပြောင်းလဲမှုကို ခံစားလိုက်ရပြီး အရမ်းကျေနပ်သွားသည်။
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ခုနစ်ရက်ကြာ စစ်မှန်ဝိညာဉ်အတိဒုက္ခကို ကျော်လွှားခဲ့ခြင်းဖြစ်သည်။ ချီမင်သည်တော့ တစ်ရက်မျှသာ ကြာသည်။ ကွာခြားချက်က အရမ်းသိသာ၏။
နေ့တစ်ဝက်လောက်ကြာတော့ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ စတုတ္ထမြောက်အဆင့် စိတ်နတ်ဆိုးအတိဒုက္ခ ကျဆင်းလာသည်။
“စိတ်နတ်ဆိုးအတိဒုက္ခ”
ချီမင် ခဏမျှ စဉ်းစားလိုက်သည်။ သူ၏မြင်ကွင်းက မှုန်ဝါးသွားပြီး အာရုံနှင့်မြင်ကွင်းက ရောယှက်သွားသည်။ ထိုကဲ့သို့တိတ်ဆိတ်နေသည့် အခြေအနေအောက်တွင် ချီမင်၏ စိတ်နတ်ဆိုးအတိဒုက္ခ ပေါ်လာသည်။
သူက တိုက်ရိုက်ကို ပုံရိပ်ယောင်နယ်ပယ်ထဲသို့ ကျရောက်သွားသည်။
စိတ်နတ်ဆိုးဆိုသည်က အတွင်းစိတ်နှလုံးမှ မွေးဖွားလာခြင်းဖြစ်သည်။
အဆင့်လေးအတိဒုက္ခက ချီမင်၏စိတ်နတ်ဆိုးမှ မွေးဖွားလာခြင်းဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးအတိဒုက္ခ၏ စွမ်းအားနှင့်ပေါင်းစပ်လိုက်တော့ အပြည့်အဝ ပေါက်ကွဲထွက်လာသည်။
“ဒါ...ဒါက”
ချီမင်က သတိပြန်ဝင်လာပြီး အနည်းငယ် ကြောင်အသွားသည်။ အနားပတ်ဝန်းကျင်က မြင်ကွင်းက သူ့ကို ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဖြစ်စေသော သူ၏ ရုံးခန်းဖြစ်သည်။
ချီမင်၏လက်ရှိမှတ်ဉာဏ်ထဲတွင် သူသည် ရုံးမှာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
သူက မနေ့ညက အလိုအလျောက်ကျင့်ကြံခြင်းဆော့ဖ်ဝဲလ်ကို ပြီးစီးအောင်လုပ်ထားခဲ့သည်။ အရင်ရက်တွေတုန်းက တောက်လျောက်အလုပ်လုပ်နေရသည့်အတွက် မအိပ်ရသေးပေ။ ထို့ကြောင့် သူက အလုပ်ပြီးစီးသွားသည်နှင့် အိပ်ပျော်သွားတော့သည်။
“ဒါဆို.....” ချီမင်က ခါးသက်သက်ပြုံးလိုက်သည်။ “ဒါဆို လျှို့ဝှက်နက်နဲကမ္ဘာကျင့်ကြံခြင်းခရီးစဉ်က ငါ့ရဲ့အိပ်မက်ကြီးလား။ ဒါဆို ခုမှနိုးလာတာထင်တယ်။”
“ဒါကြီးက တကယ်အိပ်မက်ပဲ။ အိပ်မက်ထဲက အကုန်လုံးက အရမ်းလက်တွေ့ဆန်လွန်းတယ်။”
ချီမင်သည် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခစတုတ္ထအဆင့် စိတ်နတ်ဆိုးအတိဒုက္ခကို ကျော်ဖြတ်နေခြင်းကို မေ့လျော့သွားတော့သည်။ သူက စိတ်နတ်ဆိုးပုံရိပ်ယောင်လောကထဲကို ကျရောက်နေပြီး အရေးကြီးသည့်မှတ်ဉာဏ်များမှာ စည်းခတ်ခံထားရသည်။
လက်တွေ့ကမ္ဘာမှာ ချီမင်က လေထုအလယ်၌ ရပ်နေသည်။ သူက မလှုပ်ရှားသေးဘဲ မျက်စိကိုမှိတ်ထားဆဲပင်။ ကြောက်မက်ဖွယ်ကောင်းသည့်ကပ်ဘေးချီက သူ့ကိုယ်ကနေ ပျံ့နှံ့ထွက်လာသည်။
နက်မှောင်မည်းနက်သည့် စိတ်နတ်ဆိုးချီများ မြင့်တက်လာသောကြောင့် ကောင်းကင်ယံ၌ အနက်ရောင်တိမ်တိုက်များ အဆက်မပြတ်ကျယ်ပြန့်လာသည်။
အချိန်ခဏလေးအတွင်းမှာ စိတ်နတ်ဆိုးအတိဒုက္ခမှဖြစ်တည်လာသည့် နတ်ဆိုးတိမ်တိုက်တို့မှာ စိမ်းနက်လွင်ပြင်တစ်ခုလုံးကို ဖုံးအုပ်သွား၏။ ထို့အပြင် ဆက်လက်ကျယ်ပြန့်နေပြီး မရပ်တန့်သေးပေ။
နတ်ဆိုးတိမ်တိုက်တွေထဲမှာ ကျောချမ်းဖွယ်နတ်ဆိုးအရိပ်တွေ ထွက်ပေါ်လာသည်။
ပိုပြီးကြောက်ဖို့ကောင်းသည်က
ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးက စိတ်နတ်ဆိုးအတိဒုက္ခနှင့် ပေါင်းစပ်သွားသည်။
ချီမင်၏စိတ်နတ်ဆိုးက သုံးခုကနေ ပေါင်းစပ်လာခြင်းဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုး မွေးဖွားလာခဲ့သည်။
ထိုအရာက ချီမင်၏စိတ်နတ်ဆိုးနှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှ မွေးဖွားလာခြင်းဖြစ်သည်။ စိတ်နတ်ဆိုးက ဘယ်စိတ်နတ်ဆိုးအတိဒုက္ခကိုမဆို ဖိနှိပ်နိုင်သည်။
ချီမင်က အန္တရာယ်ကြီးကြီးမားမားထဲ ကျရောက်သွားသည်။
ဒီအတိဒုက္ခက ကျော်လွှားဖို့ အခက်အခဲဆုံးဖြစ်နိုင်သည်။
ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးကို ကိုယ့်ကိုယ်ကိုယ်သာ မှီခိုအားထားပြီး ကျော်ဖြတ်ရတော့မည်ဖြစ်သည်။ သူက အစစ်အမှန်ကိုသက်သေပြပြီး သူ၏စိတ်အခြေအနေကို ပြန်ပြုပြင်ရပေမည်။
ချီမင်၏အကြီးမားဆုံးသော စိတ်နတ်ဆိုးက ဘာများပါလဲ။
သူက မူလတုန်းက ကမ္ဘာမြေကြီးပေါ်က သာမန်လူသားတစ်ဦးဖြစ်သည်။ ကျင့်ကြံခြင်း၊ အင်မော်တယ်တက်လှမ်းခြင်းကဲ့သို့သော အရာမျိုးက ဒဏ္ဍာရီများသာဖြစ်သည်။ သူတို့အကုန်က အစစ်အမှန်မဟုတ်ကြပေ။ ချီမင်၏နှလုံးသားအနက်ရှိုင်းဆုံးတွင်တော့ လျှို့ဝှက်နက်နဲကမ္ဘာကို ကူးပြောင်းလာခြင်းနှင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးကာ အလျင်အမြန်အဆင့်တက်လာခြင်းက သံသယဝင်စရာကောင်းသည်။ သူက ကူးပြောင်းလာခြင်းက မဖြစ်နိုင်ဟု ခံစားနေရသည်။ အကုန်လုံးက အတုအယောင်များလား။
အတိတ်မှာ ချီမင်က ထုတ်မပြောဖူးသလို ထုတ်လည်းမပြဖူးပေ။ သို့သော်လည်း နှလုံးသားအနက်ရှိုင်းဆုံးအပိုင်းတွင်တော့ ပုန်းကွယ်နေသည့် အကြီးမားဆုံး စိတ်နတ်ဆိုးက ရှိနေသည်။
အခု စိတ်နတ်ဆိုးအတိဒုက္ခက ဆင်းသက်လာသည်။
ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးက ချီမင်၏စစ်မှန်သည့်စိတ်နတ်ဆိုးကြောင့် ပေါ်ပေါက်လာတာဖြစ်သည်။ ထို့အပြင် သူက လောကအစစ်တစ်ခုကို တည်ဆောက်နိုင်သောကြောင့် ချီမင်ကို စိတ်နတ်ဆိုးပုံရိပ်ယောင်လောကထဲသို့ ကျရောက်သွားစေသည်။
ချီမင်က စိတ်နတ်ဆိုးပုံရိပ်ယောင် လောကကို မချိုးဖြတ်နိုင်သေးပေ။ သူ့အသိစိတ်က လောကထဲတွင် နစ်မြှုပ်နေသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးက ချီမင်၏ဝိညာဉ်နှင့်ခန္ဓာကို တဖြည်းဖြည်းအပိုင်စီးလာသည်။
ထိုသို့သာဖြစ်လာလျှင် ချီမင်က ဒီကမ္ဘာတွင်ကြောက်မက်ဖွယ်အကောင်းဆုံး ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုး ဖြစ်လာပေမည်။ ဒါက လေဟာနယ်စကြဝဠာပင်လယ်တစ်ခုလုံးကိုပင် သက်ရောက်လာနိုင်သည့် ကြောက်မက်ဖွယ် ကပ်ဘေးဒုက္ခတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
“ဘယ်လို ...ဘယ်လို..စိတ်နတ်ဆိုးအတိဒုက္ခကြီးလဲ။”
“ဟူး”
“စိတ်နတ်ဆိုးကောင်းကင်အတိဒုက္ခကို ကျော်လွှားပြီးပြီလား။”
“ဒါက ဘယ်လိုစိတ်နတ်ဆိုးမျိုးလဲ ။”
“ဘယ်လိုလို့ ဒီလောက်ကြောက်ဖို့ ကောင်းတဲ့စိတ်နတ်ဆိုးအတိဒုက္ခက ပေါ်လာတာလဲ။”
“ငါ ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအားကို ခံစားမိလိုက်တယ်။”
“ဘုရား ဘုရား..”
ပတ်ဝန်းကျင်က မရေမတွက်နိုင်သည့်သက်ရှိများ ထိတ်လန့်သွားကြသည်။ ကျင့်ကြံခြင်းအဆင့်မလုံလောက်သည့် ကျင့်ကြံသူများနှင့် စိတ်အခြေအနေအားနည်းသည့်သူများက ကောင်းကင်ယံမှနတ်ဆိုးတိမ်တိုက်များကို ကြည့်လိုက်သည့်အခါ မခုခံနိုင်တော့ဘဲ ပုံရိပ်ယောင်အမျိုးမျိုးထဲသို့ ကျရောက်သွားသည်။ သူတို့က မျက်လုံးများကို ချက်ချင်းပိတ်လိုက်ရသည်။ သူတို့နှလုံးခုန်နှုန်းက ဒရမ်တီးသကဲ့သို့ မြန်နေကာ ဆက်မကြည့်ရဲတော့ပေ။
တကယ်တော့
သာလွန်သူငါးယောက်တောင် စိတ်နတ်ဆိုး၏စွမ်းအား ကြောင့် သက်ရောက်ခံလိုက်ရပြီး စိတ်နတ်ဆိုးပုံရိပ် ယောင် လောကထဲသို့ ကျဆင်းလုနီးပါး ဖြစ်သွားသည်။ ကျင့်ကြံခြင်းအဆင့်ပိုမြင့်လေ သက်ရောက်မှုပိုကြီးလေ ဖြစ်သည်။