← Chapters

စိတ်နတ်ဆိုးကိုကျော်လွှားခြင်း၊ ကံတရားအတိဒုက္ခ

Vol. 17 Ch. 253

စိတ်နတ်ဆိုးကိုကျော်လွှားခြင်း၊ ကံတရားအတိဒုက္ခ

Vol. 17 Ch. 253

ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုး တည်ဆောက်ထားသည့်လောကထဲတွင် ချီမင်က ရုံးအပြင်ဘက်မှ တံခါးခေါက်သံတစ်ချက်ကြောင့် အတွေးထဲမှ နိုးထလာသည်။

“ဝင်ခဲ့”

“သူဌေး” ရုံးတံခါးသည် ပွင့်ဟလာပြီး ရန်ခွမ်က စိတ်လှုပ်တရှား ပြေးဝင်လာသည်။ “အလိုအလျောက်ကျင့်ကြံခြင်း ဆော့ဖ်ဝဲလ်က ပြီးသွားပြီဆိုတော့ ဘယ်တော့ ဈေးကွက်ထဲ တင်သွင်းမတုန်းဗျ။”

ချီမင်က မတ်တပ်ထရပ်လိုက်သည်။ “အချိန်ဖြုန်းစရာမလိုဘူး။ ဒီနေ့ပဲ လုပ်ကြစို့။ ဈေးကွက်ဌာနကို သွားပြောထား။ ကုမ္ပဏီထဲကလူတိုင်းကို ပြင်ဆင်ခိုင်းထားလိုက်။”

“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ” ရန်ခွန်က အလျင်အမြန်ခေါင်းညိတ်ပြီး အပြင်ဘက်ကို ပြေးထွက်သွားပြန်သည်။

“ဒါဆို”

ချီမင်သည် ပြတင်းပေါက်ဆီသို့သွားလိုက်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်။ လမ်းမက ကားတွေ၊ ဆိုင်ကယ်‌တွေ၊ စက်ဘီးတွေနှင့် ပြည့်နှက်နေသည်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

မြင့်မားသည့်အဆောက်အအုံများက နေရာတိုင်း၌ ရှိသည်။

မြို့ပြလူ့အဖွဲ့အစည်းပင်ဖြစ်သည်။

“ဒါတွေအားလုံးက အိပ်မက်ပဲလား” ချီမင်သည် အတွေးနက်သွားတော့သည်။ ထိုအချိန်၌ လှေကား၌ ရင်းနှီးနေသည့် ပုံရိပ်ကလေးတစ်ခု ရပ်နေပြီး သူ့ကို လက်ဝေ့ယမ်းပြနေသည်။ ထိုသူက ချီမင်၏ချစ်သူကောင်မလေး လင်းရှောင်ကို့ဖြစ်သည်။

လင်းရှောင်ကို့နှင့်ချီမင်သည် သမီးရည်းစားဆက်ဆံရေးကို စတင်ခဲ့သည်မှာ တက္ကသိုလ်ပထနှစ်ကတည်းက ဖြစ်သည်။ သူတို့ ယနေ့ထိတိုင် ချစ်လာခဲ့ကြသည်။

ချီမင်က စီးပွားရေးတစ်ခုကိုစတင်ဖို့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခု တည်ထောင်လိုက်သည်။ သူက အလိုအလျောက်ကျင့်ကြံခြင်းဆော့ဖ်ဝဲလ်ကို ဈေးကွက်ထဲတွင် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားသည်။ ချီမင်သာ အောင်မြင်သရွေ့ အောင်မြင်သည့်လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ချစ်လာကြသည်။

ချီမင်နှင့်လင်းရှောင်ကို့၏ ဆက်ဆံရေးက နက်ရှိုင်းပေသည်။ သူတို့နှစ်ယောက် လက်မထပ်ရသေးပေမယ့် လုပ်သင့်သည့်ကိစ္စအားလုံးကို လုပ်ပြီးသွားပြီ။ လင်းရှောင်ကို့က ချီမင်ကို လက်ထပ်ရန်ဆန္ဒရှိပေမယ့် ချီမင်က သူမကို ပြီးပြည့်စုံသည့်အိမ်ထောင်ရေးတစ်ခု မပေးနိုင်မှာကို ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့်သူမကို လက်ထပ်ခွင့်မတောင်းရသေးပေ။

“ရှောင်ကို့” အပြုံးတစ်ခုက ချီမင်၏မျက်နှာပေါ်၌ ဖြစ်တည်လာသည်။ “မင်းဘယ်လိုလို့ ဒီရောက်နေတာလဲ။”

“ကျွန်မ ရှင့်အတွက် မနက်စာယူလာပေးတယ်။”

အောက်တိုဘာဆောင်းတွင်းကိုရောက်နေပြီဖြစ်ပေမယ့် အတော်လေးအေးနေသေးသည်။ လင်းရှောင်ကို့က မီးခိုရောင်ကုတ်တစ်ထည်ကိုဝတ်ဆင်ထားပြီး ကျက်သရေရှိကာ တင့်တယ်ပေသည်။ သူမက အပူထိန်းနေ့လည်စာဘူးကို ကိုင်ထားပြီး ချီမင်၏ခုံပေါ်၌ တင်ထားလိုက်သည်။ “မြန်မြန်လုပ်ပြီးစားတော့။ ရှင်က ရှင့်ကိုယ်ရှင်လည်း ဂရုစိုက်ဖို့ မှတ်ထားပါဦး။”

လင်းရှောင်ကို့က သူမ၏ကျောက်စိမ်းလည်တိုင်ကျော့ကျော့ကို အနည်းငယ်မော့လိုက်ပြီး ကြယ်တာရာများတောက်ပ‌လင်းလက်နေသည့်မျက်လုံးများနှင့် ချီမင်ကို့ စိုက်ကြည့်နေသည်။ သူမ၏လည်တိုင်လေးက မီးခိုးရောင်ဆွယ်တာထက်မှ ထွက်ပေါ်နေသည်။ နူးညံ့ပေါ့ပါးသည့်ကတ်ရှ်မီးယားနှင့်တူသည်။ သူမ၏ လှပသည့်ဖြူရောင်အသားအရေကို ဖော်ပြထားသည်မှာ လှပလွန်းလှပေသည်။ ကြွရွသည့်ကြွေထည်ကလေးနှင့်တူကာ အတွေးရိုင်းတွေ ဝင်သွားစေနိုင်သည်။

ချီမင်က ပြုံးလိုက်သည်။ သူက အပူထိန်းနေ့လည်စာဘူးကို ဖွင့်လိုက်သည်။ အထဲမှာ သူကြိုက်သည့်ဝက်သားပေါက်စီကို ဂေါ်ဖီအစာသွပ်ထားတာဖြစ်သည်။ နည်းနည်းလောက်စားကြည့်ပြီးတဲ့နောက်မှာ အရသာဖုလေးတွေပေါ်မှာ ရင်းနှီးနေသည့်အရသာက ပေါ်လာသည်။

သူ၏အမူအရာက အေးခဲသွားသည်။

ပေါက်စီ၏အရသာက တူညီနေသေးသည်။

ဒါမဟုတ်

‌ပေါက်စီ၏အရသာက ချီမင်မြည်းစမ်းခဲ့တာနှင့် တူနေသေးသည်။ နှစ်(၂၀၀၀)လောက်ကြာပြီးနောက်မှာ လင်းရှောင်ကို့လုပ်တဲ့ ‌ပေါက်စီအရသာက တူနေရသေးတာလဲ။

ချီမင့်မှာ ဝေဝါးနေသည့်မှတ်ဉာဏ်တစ်ခုသာရှိသည်။

ပေါက်စီ၏အရသာက အရမ်းကိုဝါးတားတားဖြစ်နေခဲ့ပြီ။

ချက်ချင်းပဲ ချီမင်၏စိတ်ထဲတွင် ကြီးမားသည့်လှိုင်းတစ်ခု ဆောင့်တက်လာသည်။ ပိတ်ဆို့ခံထားရသည့်အရေးကြီးမှတ်ဉာဏ်တွေက ထိုအချိန်၌ ပြန်လည်အသက်ဝင်လာသည်။ အားနည်းချက်ငယ်လေးတစ်ခုသာဖြစ်ပေမယ့် ချီမင်က စိတ်နတ်‌ဆိုးပုံရိပ်‌‌ယောင်လောကကို ဖြတ်ကြည့်ရပေမည်။

“ရှောင်ကို့”

ချီမင်က သတိပြန်ဝင်လာပြီး သူ့လက်ထဲကတူကို ဖြည်ဖြည်းချင်း ချလိုက်သည်။ သူက လင်းရှောင့်ကိုရှေ့ကို လျှောက်သွားကာ ရှောင့်ကိုမျက်နှာကို ညင်သာစွာကိုင်လိုက်သည်။ ပြီးမှ နက်နဲသည့်ချစ်ခြင်းအပြည့်ဖြင့် သူမမျက်ဝန်းကိုကြည့်ကာ အနည်းငယ်နာကျင်နေဟန်ဖြင့် တောင်းပန်စကားဆိုလိုက်သည်။

“မင်းကို နောက်တစ်ကြိမ်တွေ့ရပြီ။” ချီမင် အသက်ပြင်းပြင်းရှုလိုက်ပြီး ထူးဆန်းသည့်လေသံနှင့်ပြောလိုက်သည်။ “ကောင်းလိုက်တာ။”

လင်းရှောင်ကို့၏လှပသည့်မျက်နှာလေးမှာ အနည်းငယ်ရှက်သွေးဖြန်းသွားသည်။ “နှစ်ရက်ပဲရှိသေးတာလေ။ ရှင့်ဟာရှင် နေ့တိုင်းအလိုအလျောက်ကျင့်ကြံခြင်းဆော့ဖ်ဝဲလ်နဲ့ အလုပ်ရှုပ်နေတာမဟုတ်ဘူးလား။”

“ဟုတ်တယ်” ချီမင် သူ့လက်ကိုပြန်ချလိုက်သည်။ “အကုန် ကိုယ့်အမှားပါ။ ကိုယ်ဘာလို့များ ဒီဆော့ဖ်ဝဲလ်ကို အထူးတလည်ပြုလုပ်နေခဲ့မိတာလဲ။ ဒီဆော့ဖ်ဝဲလ်ကြောင့် ကိုယ့်ဘဝကြီး လုံးဝပြောင်းလဲသွားပြီ။”

“တောင်းပန်ပါတယ်ရှောင်ကို့”

“မင်းက ရှောင်ကို့အစစ်မဟုတ်ဘူးဆိုတာ ကိုယ်သိတယ်။ ဒါပေမယ့် ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ယောက်ျားကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။ ကိုယ်က ဒီကမ္ဘာကြီးထဲမှာ တာဝန်ယူမှုမရှိတဲ့ အမှိုက်ကောင်တစ်ကောင်ပါ။”

“မင်းက ကိုယ့်ဘေးမှာနှစ်ပေါင်းများစွာနေလာခဲ့တယ်။ မင်းက ဘာကိုမဂရုမစိုက်တာသိသာပေမယ့် ကိုယ်နဲ့တော့ အတူတူရှိချင်တုန်းပဲ။ ဒါပေမယ့် ကိုယ်မင်းရဲ့တကယ့်ခံစားချက်တွေကို နားမလည်ခဲ့ဘူး။”

“ကိုယ်က အောင်မြင်ချင်လာတယ်။ မင်းကိုလက်ထပ်ခွင့်တောင်းပြီး လူတိုင်းကိုမနာလိုဖြစ်စေချင်တယ်။ ဒါပေမယ့် ကိုယ်မင်းရဲ့ခံစားချက်တွေကို ငြင်းပယ်မိခဲ့တယ်။”

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။”

“အလိုအလျောက်ကျင့်ကြံခြင်းဆော့ဖ်ဝဲလ်ကြောင့်သာမဟုတ်ရင် ကိုယ် မူလကမ္ဘာကနေ ထွက်သွားခဲ့ရမှာမဟုတ်ဘူး။ ကိုယ်တို့ ပြန်မတွေ့နိုင်တော့ဘူးထင်တယ်။”

“ရှောင်ကို့ ကိုယ့်ကိုခွင့်လွှတ်ပေးပါ။”

ချီမင်သည် မျက်လုံးများကိုအနည်းငယ်ပိတ်လိုက်သည်။ စိတ်အနက်ထဲမှာတော့ ကမ္ဘာမြေကြီး၏မှတ်ဉာဏ်များ ပေါ်ပေါက်လာသည်။ သူ အမြဲတမ်းမေ့လျော့ထားခဲ့ပေမယ့် မှတ်ဉာဏ်တို့က သူ့စိတ်၏အနက်ရှိုင်းဆုံးနေရာ၌ ရှိနေသေးသည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးကြောင့် သူ၏စိတ်ထဲမှ စိတ်နတ်ဆိုးနှင့်ရင်ဆိုင်လိုက်ရတာဖြစ်သည်။

ချီမင်၏မျက်စိထောင့်ကနေ မျက်ရည်တစ်စက်လိမ့်ဆင်းလာသည်။

ခရက်!ခရက်!

နောက်တစ်ခဏမှာ ချီမင်၏အနားမှနေရာလွတ်မှာ အက်လာပြီး နေရာလွတ်က တဖြည်းဖြည်းမှုန်ဝါးလာသည်။ နေရာလွတ်က တဖြည်းဖြည်းပြိုကျလာပြီး စိတ်နတ်ဆိုးက ပျောက်ကွယ်သွားတော့သည်။

“ရှောင်ကို့”

ချီမင်က မျက်လုံးများကိုဖွင့်လိုက်ပြီးကြည့်လိုက်တော့ လင်းရှောင့်ကို့၏ပုံရိပ်က တဖြည်းဖြည်းပျောက်ကွယ်လာနေသည်။ သူမက ပြုံးလိုက်ပြီး လက်ဝေ့ယမ်းကာနှုတ်ဆက်လိုက်သည်။ တစ်ချိန်တည်းမှာ ချီမင်၏ရှေ့မှာ သူ၏မိဘများ၊ သူငယ်ချင်းများနှင့် ရင်းနှီးသည့်သူတို့မှာ ပြုံးပြီးနှုတ်ဆက်သွားကြသည်။

သူတို့အားလုံးမှာ ပျောက်ကွယ်သွားတော့သည်။

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

စိတ်နတ်ဆိုးလောကက ပြိုကွဲပျက်စီးသွားတော့သည်။

ပတ်ဝန်းကျင်မှာ ချီမင်တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ နေရာလွတ်ထဲမှာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးက ပေါ်ပေါက်လာသည်။ စိတ်နတ်ဆိုးက ချီမင်၏ရှေ့တွင်ပေါ်လာသည်။ သူက နက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး နတ်ဆိုးချီများထွက် ပေါ်လျက်ရှိသည်။ သူက ချီမင်နှင့်တစ်ထပ်တည်းတူပေသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးက ချီမင်ကိုစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ “သေလိုက်တော့။”

“ဆူလွန်းတယ်။”

ချီမင်က ညာဘက်လက်ကိုမြှောက်လိုက်သည်။ လက်ဖဝါးထဲမှာ ဓမ္မစွမ်းအားများစုစည်းလာပြီး အံ့ဖွယ်စွမ်းအား လျှပ်စီးငါးဖြာထိန်းချုပ်ခြင်းကို သုံးလိုက်သည်။ လျှပ်စီးတွေ လင်းလက်လာပြီး ကြောက်မက်‌ဖွယ်ကောင်းသည့်မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးကို တိုက်ရိုက်ပစ်လွှတ်လိုက်သည်။

အသံကျယ်ကြီးထွက်ပေါ်လာ၏။ မိုးကြိုးငါးချက်ပစ်ခြင်းအောက်မှာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးက ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားသည်။ ထိုအထဲတွင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများပါဝင်နေသောကြောင့် ချီမင်က နားလည်ဆင်ခြင်ကာ စုပ်ယူလိုက်တော့သည်။

သူသည် သိသိသာသာကို တိုးတက်သွားသည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုစိတ်နတ်ဆိုးကို နိုင်သွားသည့်အတွက် သူ့ကိုယ်သူနားလည်သွားသည်။ သူက ပိုပြီးပေါ့ပါးသွားကာ စိတ်အခြေအနေမှအားနည်းချက်များကို ပြင်ဆင်နိုင်လိုက်သည်။

ချီမင်၏အသိစိတ်ပြန်ဝင်လာသည်။ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ဘေးနားက နတ်ဆိုးချီများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ စိမ်းနက်လွင်ပြင်တစ်ခုလုံးကိုဖုံးအုပ်နေသည့်နတ်ဆိုးတိမ်တိုက်များမှာ ချက်ချင်းပျောက်ကွယ်သွားပြီး နတ်ဆိုးအရိပ်များမှာလည်း ပျောက်ကွယ်သွားတော့သည်။

ချီမင်၏စိတ်က တည်ငြိမ်သွားပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိသွားသည်။ သူက စဉ်းစားလိုက်သည်။ “စိတ်နတ်ဆိုးအတိဒုက္ခကနေ ကောင်းကင်နှင့်မြေကြီးရဲ့မဟာတာအိုစိတ်နတ်ဆိုးမွေးဖွားလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ငါကလည်း သာမန်ပေါက်စီလေးတွေကြောင့် စိတ်နတ်ဆိုးလောကရဲ့အားနည်းချက်ကို မြင်သွားမယ်လို့မထင်ထားဘူး။”

“ရှောင်ကို့ နှစ်နှစ်ထောင်ကြာသွားပြီ။ မင်းတကယ်များ...”

သေမျိုးလူသားတို့သည် နှစ်တစ်ရာမျှသာ အသက်ရှင်နိုင်သည်။

နှစ်နှစ်ထောင်ကြာပြီးနောက်မှာ သူမက သေဆုံးသွားလောက်လေပြီ။

သက်ပြင်းသာချလိုက်သည်။

ချီမင်က တည်ငြိမ်သွားသည်။

“သူ စိတ်နတ်ဆိုးအတိဒုက္ခကို ကျော်လွှားပြီးသွားပြီပဲ။”

“နတ်ဆိုးတိမ်တိုက်တွေရော၊ နတ်ဆိုးအရိပ်တွေရော၊ နတ်ဆိုးချီတွေရော ပျောက်ကွယ်သွားပြီ။ သူတကယ်ကြီး စိတ်နတ်ဆိုးအတိဒုက္ခကို ကျော်လွှားနိုင်ခဲ့ပြီ။”

“ငါအစက သူ့ကိုစိတ်နတ်ဆိုးအတိဒုက္ခက ဒီလောက်တောင်ကြောက်စရာကောင်းနေတော့ မကျော်လွှားနိုင်တော့ဘူး ထင်သွားတာ။ သူသာမအောင်မြင်ရင် အထွတ်အထိပ်နတ်ဆိုးတစ်ကောင်ဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ကပ်ဘေးဒုက္ခတွေ ပေါ်လာလိမ့်မယ်။”

“အရမ်းကို ကြောက်ဖို့ကောင်းတယ်။”

ကောင်းကင်နက်နဲပြည်နယ်၏သာလွန်သူများမှာ သက်ပြင်းချနိုင်သွားသည်။

နေ့တစ်ဝက်လောက်ကြာတော့ ငါးခုမြောက်အတိဒုက္ခ: ကမ္မအတိဒုက္ခ ဆင်းသက်လာသည်။

ချီမင်၏ အကုသိုလ်နှင့်ကမ္မဝဋ်ကြွေးက သူ့ကိုသက်ရောက်လာသောကြောင့် ဖန်သားသဖွယ်ငရဲမီးလျှံက သက်ဆင်းလာပြီး တစ်ကိုယ်လုံးကို လောင်ကျွမ်းလာသည်။

သူသည် တင်ပျဉ်ခွေချိတ်ထိုင်လိုက်ပြီး အံ့ဖွယ်စွမ်းအားကိုသုံးကာ ကမ္မမီးလျှံကို ခုခံလိုက်သည်။ ကမ္မမီးလျှံ၏လောင်ကျွမ်းမှုကြောင့် သူ့စိတ်ကပိုပြီးသန့်စင်လာကာ ကမ္မစွမ်းအင်အားလုံး ပျောက်ကွယ်သွားသည်။

နေ့တစ်ဝက်လောက်ကြာတော့ ကမ္မမီးလျှံမှာ ပျောက်ကွယ်သွားသည်။

ချီမင်သည် မျက်လုံးများကိုဖွင့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက ‌အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ငါးဆင့်မြောက်အတိဒုက္ခ: ကမ္မအတိဒုက္ခကို ကျော်လွှားပြီးသွားသည်။

ကမ္မအတိဒုက္ခက ကျော်လွှားဖို့အလွယ်ကူဆုံးဖြစ်သည်။

နောက်ထပ်နေ့တစ်ဝက်ကုန်‌ဆုံးသွားသည်။

အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ခြောက်ဆင့်မြောက်အတိဒုက္ခ: ကျိန်စာအတိဒုက္ခ ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သည့် ကျိန်စာစွမ်းအင်များပေါ်ထွက်လာသောကြောင့် ကြောက်မက်ဖွယ်ကောင်းသည့်ကျိန်စာတစ်ခု ဖြစ်တည်လာသည်။ ကျိန်ဆဲသံအမျိုးမျိုးကို ချီမင်၏နားထဲ၌ကြားလိုက်ရသည်။ ကျိန်စာစွမ်းအားက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

“လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်”

အတွေးတစ်ချက်ဖြင့် ချီမင်က လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်ကိုထုတ်ယူပြီး ရတနာစွမ်းအားကိုထုတ်ကာ ကျိန်စာကိုစုပ်ယူလိုက်သည်။

လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်က နောက်တစ်ဆင့်တက်သွားသည်။

ပြောရမည်ဆိုလျှင်

ချီမင်သည် ဓမ္မရတနာကိုသန့်စင်ထားသော်လည်း သုံးဖို့အခွင့်အရေးမရသေးပေ။

ထိုသို့ဖြင့် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ခြောက်ဆင့်မြောက်အတိဒုက္ခ: ကျိန်စာအတိဒုက္ခကို ကျော်လွှားနိုင်လိုက်သည်။

နောက်တော့ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ ခုနစ်ဆင့်မြောက်အတိဒုက္ခ: သက်ရှည်အတိဒုက္ခနှင့် ရှစ်ဆင့်မြောက်အတိဒုက္ခ: ကောင်းကင်နှင့်မြေကြီးအတိဒုက္ခ ကျဆင်းလာသည်။ အတိဒုက္ခနှစ်မျိုး၏စွမ်းအားနှင့် လှုပ်လှုပ်ရှားရှားဖြစ်မှုက ကြီးမားပေမယ့် ချီမင်ကို အများကြီးမခြိမ်းခြောက်နိုင်ပေ။

ချီမင်က ထိုအတိဒုက္ခနှစ်မျိုးကို လွယ်လွယ်ကူကူဖြတ်ကျော်သွားသည်။ ထိုသို့ဖြင့်ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။ သူက ကောင်းကင်ကိုးလွှာအတိဒုက္ခ၌ ရှစ်ခုကျော်ဖြတ်ပြီး နောက်ဆုံးတစ်ခုသာ ကျန်တော့သည်။

တစ်နည်းဆို‌သော် ကိုးဆင့်မြောက်အတိဒုက္ခ ကံတရားအတိဒုက္ခသာကျန်တော့သည်။

အချိန်တွေ ကုန်ဆုံးသွားသည်။

ကံတရားအရှိန်အဝါက လေးလံသိပ်သည်းသွားသည်။

ချီမင်၏ ပြန်ပေးဆပ်ရမည့်ကံတရားကြွေးက ကမ္ဘာတစ်ခုစာဖြစ်သည်။

All Chapters