မဟာယိုယွင်းကမ္ဘာ၏အသိစိတ်
Vol. 17 Ch. 254
ကံကြွေးက ချီမင်ကိုစွဲကပ်လာသည်။ ထိုအရာမှာ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ နောက်ဆုံးအဆင့်အတိဒုက္ခဖြစ်သည်။ သူ့မျက်လုံးကိုပိတ်ကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ ဓမ္မစွမ်းအားက သူ့တစ်ကိုယ်လုံး၌ လည်ပတ်လာကာ ပြင်းထန်သည့်ကံကြွေးကို ခံစားလိုက်ရသည်။
ကံကြွေးအရှိန်အဝါက မမြင်နိုင်သလို လက်ဆုပ်လက်ကိုင်လည်းပြလို့မရပေမယ့် အစစ်အမှန်တည်ရှိပေသည်။ ထိုအရာက အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား၌ တည်ရှိပြီး ဖယ်ရှားဖျက်ဆီးလို့မရပေ။
ကမ္ဘာကြီးမှ အရာအားလုံး၌ အကြောင်းနှင့်အကျိုးဟူ၍ ရှိသည်။
နိယာမအားလုံးမှာ ကမ္မ၏ စည်းမျဉ်းကြောင့် ဖျက်ဆီးခံရနိုင်သည်။
ချီမင်သာ လျှို့ဝှက်နက်နဲကမ္ဘာ၏သိစိတ်ကို အကြွေးပြန်မပေးပါက ကံကြွေး၏လွှမ်းမိုးမှုအောက်တွင် ပြာဖြစ်သွားသည်အထိ ဖျက်ဆီးခံရပေလိမ့်မည်။
သာမန်ကံတရားသာဖြစ်ပါက ချီမင်က အံ့ဖွယ်စွမ်းအားနှင့် ဓမ္မစွမ်းအားများကိုသုံးပြီး အပြည့်အဝပိတ်ဆို့နိုင်သေးသည်။ သို့ပေသော်လည်း ကမ္ဘာကြီး၏ကံတရားက အရမ်းကြီးမား၏။ ထို့ကြောင့် ကံကြွေး၏စွမ်းအားကို အတင်းအကြပ်မတားဆီးနိုင်ပေ။ ချီမင်သာ ကံတရားအတိဒုက္ခကို ကျော်လွှားချင်ပါက လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်ဖို့လိုအပ်ပေသည်။ မူလအစအင်မော်တယ်ဘုရင်နှင့် တိုက်ခိုက်ကာ လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်ကို ပြန်ပေးဆပ်ရန်လိုသည်။
ထိုမှသာ သူက ကံတရားအတိဒုက္ခကို ကျော်လွှားနိုင်မှာဖြစ်သည်။
ချီမင်၏အရှိန်အဝါက ငြိမ်သက်သွားပြီး အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကလည်း တည်ငြိမ်သွား၏။ သို့ပေသော်လည်း သူက ကံတရားအတိဒုက္ခကို မကျော်ဖြတ်ရသေးပေ။ သူ့နားတွင် ကံကြွေးတွေ ဝိုင်းရံနေသေးသည်။
“သူ အထွတ်အထိပ်ကံတရားအတိဒုက္ခကို မကျော်ဖြတ်တော့ဘူးလား။”
“ဒါက...”
“ဒါဘယ်လိုလို့ဖြစ်နိုင်မှာလဲ။”
“အထွတ်အထိပ်ကံတရားအတိဒုက္ခကို မကျော်လွှားလို့ရတာလား။”
“ဘာတွေဖြစ်ကုန်တာလဲ။”
ပတ်ဝန်းကျင်က သက်ရှိအားလုံးလည်း မသိကြပေ။ သူတို့က ချီမင်ပြသထားသည့် ပြိုင်ဘက်ကင်းစွမ်းအားနှင့် စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများကို နားမလည်နိုင်ကြပေ။ ချီမင်သည် နောက်ဆုံးအတိဒုက္ခဖြစ်သည့် ကံတရားအတိဒုက္ခကို မကျော်ဖြတ်ဘဲ နေနိုင်ခဲ့သည်။ ဘယ်လိုကံကြွေးမျိုးက ချီမင်မကျော်ဖြတ်နိုင်ရတာလဲ။
ထိတ်လန့်ခြင်း၊ မယုံကြည်ခြင်းများ ပြည့်နှက်သွားသည်။
ချီမင်က ခြေရာမဲ့ပျံသန်းခြင်းကိုသုံးပြီး စိမ်းနက်လွင်ပြင်ကနေ ချက်ချင်းထွက်လာလိုက်သည်။ သူ၏ပုံရိပ်က လူတိုင်း၏မြင်ကွင်းကနေ လေဟာနယ်ထဲမှာ ပျောက်ကွယ်သွားသည်။
အမှောင်မီးလျှံ၊ ကပ်ဘေးလေးနှင့် ကြာပန်းနက်က ကပ်လိုက်သွားကြသည်။ သူတို့က စိမ်းနက်လွင်ပြင်ကနေ အလျင်အမြန်ထွက်ခွာသွားသောကြောင့် ကျန်ခဲ့သည့်သူများကို ကြောင်အသွားစေသည်။
“သူတို့ထွက်သွားတာလား။”
“ဒါက...”
သို့သော်လည်း သူတို့က ချီမင်နောက်ကို မလိုက်ကြပေ။ ချီမင်အတိဒုက္ခကို ကျော်ဖြတ်နေသည့်မြင်ကွင်းကို စဉ်းစားနေကြပြီး လေးစားမှုဖြင့်သာ သက်ပြင်းချနိုင်ကြသည်။
မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။ ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းပြီး အံ့ဖွယ်စွမ်းအားကြယ်ရွှေ့ပြောင်းခြင်းကို သုံးလိုက်သည်။ ကမ္ဘာကြီးတွင် မမြင်နိုင်သည့်အလွှာတစ်ခုပေါ်လာပြီး ချီမင်ကိုရော ကောင်းကင်လျှို့ဝှက်ချက်ကိုပါ အပြည့်အဝဖုံးကွယ်သွားသည်။
ကြာပန်းနက်၊ ကပ်ဘေးလေးနှင့် အမှောင်မီးလျှံတို့က သူ့ဘေးမှာရောက်နေကြပြီ။
ချီမင်က ခေါင်းညိတ်လိုက်သည်။ “ငါတို့ လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်ကြစို့။”
“ဟုတ်ကဲ့။” အမှောင်မီးလျှံတို့က ပြန်ဖြေလိုက်ကြသည်။
အတွေးတစ်ချက်ဖြင့် ချီမင်က အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့ကို ဝိညာဉ်သားရဲကြီးထွားရာနေရာထဲ ထည့်လိုက်သည်။ ကြာပန်းနက်က ဝိညာဉ်သားရဲတစ်ကောင်မဟုတ်ပေ။ သူမက အလောင်းရုပ်သေးတစ်ကောင်ဖြစ်သည့်အတွက် ဝိညာဉ်သားရဲကြီးထွားရာနေရာထဲ ဝင်လို့မရပေ။
“ကမ္ဘာ့တံခါး။”
ချီမင်သည် သူ့ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများကိုလည်ပတ်လိုက်ပြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကိုယ်ပွားထဲသို့ ထည့်လိုက်သည်။ ကမ္ဘာ့တံခါးက လင်းလက်သွားသည်။
ခရက်! ခရက်!
ချီမင်က အချိန်ကာလရတနာကမ္ဘာ့တံခါးကိုယ်ပွားကို အားတစ်ခုက တားဆီးထားသည်ကို ခံစားလိုက်ရသည်။ သူကမျက်မှောင်ကြုတ်ပြီး အံ့ဖွယ်စွမ်းအားသုံးကာ တွက်ချက်လိုက်သည်။ သူကအကြောင်းအရင်းကို အမြန်သိလိုက်ရသည်။
ချီမင်၏အကြည့်က အေးစက်သွားသည်။ “မဟာယိုယွင်းကမ္ဘာရဲ့အသိစိတ်လား။ မင်းကများငါသွားမှာကို တားရဲတယ်ပေါ့။”
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က မဟာယိုယွင်းကမ္ဘာ၌ မဟာယနအဆင့်ကို ချိုးဖြတ်ထားတာဖြစ်သည်။ ချီမင်ကိုယ်တိုင်တောင် မဟာယိုယွင်းကမ္ဘာ၌ အတိဒုက္ခကျော်လွှားထားတာဖြစ်သည်။ ကံတရားအတိဒုက္ခသာ မကျော်လွှားရသေးခြင်းဖြစ်သည်။
မဟာယိုယွင်းကမ္ဘာ၏ ကမ္ဘာ့သိစိတ်က ချီမင်တို့အုပ်စုကို ထွက်သွားခွင့်မပေးပေ။
ထိုကမ္ဘာသိစိတ်က ကောင်းကင်တာအိုကဲ့သို့ အလွန်ပြီးပြည့်စုံနေပြီဖြစ်သည်။ သူက မဟာယိုယွင်းကမ္ဘာ၏ သာလွန်သူတို့ အထက်ကမ္ဘာတက်လှမ်းတာကို တားဆီးနေခြင်းဖြစ်သည်။ ထို့ကြောင့် ချီမင်ကို တားဆီးနေခြင်းဖြစ်သည်။ သူက မည်သည့်သာလွန်သူကိုမဆို လွယ်လွယ်ကူကူထွက်သွားခွင့် ပေးမည်မဟုတ်ပေ။
မဟာယိုယွင်းကမ္ဘာ၏ ကောင်းကင်တာအိုစွမ်းအားပါဝင်သည့် ကောင်းကင်နှင့်မြေကြီး၏အင်အားတစ်ရပ် ကျရောက်လာသည်။ ကမ္ဘာ့သိစိတ်၏စွမ်းအားက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကိုယ်ပွားမှ ကမ္ဘာကူးပြောင်းစွမ်းရည်ကို ပိတ်ဆို့ထားသောကြောင့် ဟင်းလင်းပြင်လမ်းကြောင်းကို တားဆီးထားသည်။
“ကမ္ဘာ့တံခါး။”
ချီမင်က ခပ်တိုးတိုးအော်လိုက်ပြီး ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ သူ့ကိုယ်ထဲက အဆုံးမရှိများပြားသည့် ဓမ္မစွမ်းအားများလည်ပတ်လာပြီး ကမ္ဘာ့တံခါးထဲသို့ စီးဝင်သွားသည်။
ထိုအချိန်၌ပင် မဟာယိုယွင်းကမ္ဘာတစ်ခုလုံးက ပြင်းထန်စွာတုန်ခါသွားသည်။ ကောင်းကင်ကိုးလွှာနှင့် မြေကြီးဆယ်ထပ်မှ ပြည်နယ်သုံးထောင်လုံးကို သက်ရောက်လာသည်။ ကမ္ဘာကြီးတွင် ဝိညာဉ်ချီတွေ တုန်ခါလာသောကြောင့် ထူးခြားဖြစ်စဉ်အမျိုးမျိုးနှင့် မုန်တိုင်းများပေါ်ပေါက်လာသည်။
ထိုအရာမှာ မဟာယိုယွင်းကမ္ဘာ၏သိစိတ်က အရမ်းဒေါသထွက်သွားလို့ဖြစ်သည်။
“ငါ ကောင်းကင်တာအိုဒေါသထွက်နေတာကို ခံစားမိတယ်။”
“ဘာတွေများ ဖြစ်နေတာလဲ။”
“သာလွန်သူတစ်ယောက်ကများ စည်းကိုချိုးဖြတ်ပြီး အထက်ကမ္ဘာတက်လှမ်းချင်လို့များလား။”
“တခြားတစ်ခုကြောင့်လား။”
ပြည်နယ်သုံးထောင်တွင်တော့ သာလွန်သူတစ်ပါးပြီးတစ်ပါးပေါ်လာသည်။ သူတို့က အံ့ဖွယ်စွမ်းအားများကို အသုံးပြုကာ ဖြစ်စဉ်ကို စူးစမ်းလိုက်ကြသည်။
သူတို့ ဘာမှမတွက်ချက်နိုင်သလို ဘာမှလည်းမသိလိုက်ရပေ။ သူတို့ မြူတစ်လွှာကိုသာ တွက်ချက်နိုင်သည်။ တချို့သာလွန်သူများမှာ မယုံကြည်နိုင်သည့်အတွက် အတင်းအဓမ္မတွက်ချက်လာကြသည်။ အဆုံးမှာတော့ တန်ပြန်မှုကိုခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
သာလွန်သူတွေက မဟာယိုယွင်းကမ္ဘာ၏ ကမ္ဘာ့သိစိတ်ဒေါသထွက်နေတာကိုကြည့်ပြီး ရှုပ်ထွေးသွားကြသည်။
ဂျိန်း! ဂျိန်း! ဂျိန်း!
ချီမင်က ဓမ္မစွမ်းအားကို အချိန်ကာလရတနာကမ္ဘာ့တံခါးကိုယ်ပွားထဲသို့ ထုတ်လွှတ်ကာ ကမ္ဘာသိစိတ်ကို ခုခံလိုက်သည်။
ထိုအချိန်တွင် ကြီးမားသည့်တံခါးတစ်ချပ်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးတွင် အဆုံးမဲ့ထူးခြားဖြစ်စဉ်လည်း ပေါ်ပေါက်လာသည်။ ထိုကြီးမားသည့်တံခါးက မဟာယိုယွင်းကမ္ဘာ၏ တစ်ဝက်ကျော်ကို ဖိနှိပ်လိုက်သည်။
သိသာပေသည်။
ထိုတံခါးက မယုံကြည်နိုင်လောက်အောင်ကြီးမားပြီး တန်ခိုးအရှိန်အဝါပြင်းထန်သည့် ထူးခြားဖြစ်စဉ်မှာ တော့အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ အပြင်ပိုင်းသရုပ်သဏ္ဌာန်ပြသခြင်းဖြစ်သည်။
ခရက်! ခရက်!
သိပ်မကြာခင်မှာပဲ မဟာယိုယွင်းကမ္ဘာသိစိတ်က သူ့အရှိန်အဝါကို နောက်တစ်ကြိမ်ဖော်ထုတ်လိုက်သည်။ မဟာယိုယွင်းကမ္ဘာ၏စွမ်းအားက စုစည်းဖြစ်ပေါ်လာပြီး နတ်ဘုရားဖျက်ဆီးခြင်းလျှပ်စီးတွေ ပစ်ခတ်လာသည်။ ခရမ်းရွှေရောင်လျှပ်စီးတွေက ကြီးမားသည့်တံခါးကြီးပေါ်သို့ ပေါက်ကွဲကျလာသည်။
“မျက်ခွက်လာပြောင်နေတာလား။”
ချီမင်၏အကြည့်ကအေးစက်သွားသည်။ သူက မြင့်မြတ်ခမ်းနားသည့် အသိစိတ်တစ်ခုက သူ့ကိုစိုက်ကြည့်နေတာကို ခံစားလိုက်ရသည်။ သိသိသာသာကြီးတော့မဟုတ်ပေ။ “မဟာယိုယွင်းကမ္ဘာရဲ့သိစိတ်၊ မင်းကများငါ့ကိုဖမ်းနိုင်မယ်ထင်နေတာလား။”
“အိမ်မက်သာဆက်မက်နေလိုက်။”
ဝေါင်း! ဝေါင်း!
နောက်တစ်ခဏမှာ အဆုံးမဲ့မိုးကုပ်စက်ဝိုင်းအောက်တွင် နတ်ဘုရားဖျက်ဆီးခြင်းလျှပ်စီးတွေ စုဝေးလာသည်။ တာအိုစာလုံးတွေလည်ပတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ခရမ်းရွှေရောင်လူသားပုံလျှပ်စီးအဖြစ် ပြောင်းလဲသွားသည်။ ထိုလူသားပုံစံလျှပ်စီးတန်းက မဟာယိုယွင်းကမ္ဘာ၏သိစိတ်က ဖွဲ့တည်လာတာဖြစ်သည်။ သူက ကမ္ဘာကြီး၏စွမ်းအားကို အထွတ်အထိပ်ချိတ်စည်းနှင့်တွဲသုံးလိုက်သည်။
ခရမ်းရွှေရောင်လူသားပုံစံလျှပ်စီးတစ်ချက်စီတိုင်းက သာလွန်သူတစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်ထားသည်။
“လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း။”
ဂျိန်း!
ချီမင်၏အကြည့်ကအေးစက်သွားသည်။ သူက ကောင်းကင်ပေါ်ကိုခုန်တက်သွားပြီး လျှပ်စီးတန်းတွေကို တိုက်ခိုက်လိုက်သည်။
“တိုက်ခိုက်!”
ဘန်း! ဘန်း! ဘန်း!
ချီမင်၏လက်ဖဝါးက ကျဆင်းလာပြီး လျှပ်စီးမိုးကြိုးငါးချက်အဖြစ် ပြောင်းလဲသွားသည်။ သူက မိုးကြိုးငါးချက်ပစ်ခြင်းကိုသုံးပြီး နတ်ဘုရားဖျက်ဆီးခြင်းလျှပ်စီးကို ခုခံလိုက်သည်။ ခရမ်းရွှေရောင်လူသားပုံစံလျှပ်စီးမိုးကြိုးတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
“ဆက်လုပ်မယ်။”
ချီမင်၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်က မြင့်တက်လာသည်။ သူက လုံးဝကိုမကြောက်ရွံ့သွားပေ။ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားက ပေါက်ကွဲထွက်လာသည်။ ဖရိုဖရဲမြူခိုးတွေ ဝန်းရံလာပြီး လက်သီးချက်တွေတစ်ချက်ပြီးတစ်ချက် ပစ်လွှတ်လိုက်သည်။ လက်သီးချက်တိုင်းက လျှပ်စီးကြောင်းတွေကို ဖျက်ဆီးနိုင်သည်။
လူသားပုံစံခရမ်းရွှေရောင်လျှပ်စီးတွေက သာလွန်သူတစ်ဦးစီ၏အင်အားကို ပိုင်ဆိုင်ထားပေမယ့် ချီမင်၏လက်သီးတစ်ချက်ကြောင့် ဖျက်ဆီးခံရတဲ့အထိ အားနည်းပေသည်။
“မဟာယိုယွင်းကမ္ဘာသိစိတ်!”
ချီမင်က အော်ဟစ်လိုက်သည်။ “ဒါက မင်းရဲ့စွမ်းအားလား။”
ထိုအချိန်၌ ချီမင်၏ မဟာယိုယွင်းကမ္ဘာကို တိုက်ခိုက်ပြီး ကြိမ်းမောင်းနေသည့်မြင်ကွင်းက ကောင်းကင်ကိုးလွှာနှင့် မြေကြီးဆယ်ထပ်မှ သာလွန်သူများ၏မျက်စိ၌ ထင်ဟပ်လာသည်။
“သူ... သူ ကမ္ဘာ့သိစိတ်ကို တိုက်ခိုက်နေတာလား။”
“အရမ်း... အရမ်း စွမ်းအားကြီးတာပဲ။”
“နတ်ဘုရားဖျက်ဆီးခြင်းစွမ်းအားက သာလွန်သူတစ်ယောက်ကို သတ်ဖို့လုံလောက်တယ်။ အဲ့ဒီလူသားပုံစံခရမ်းရွှေရောင်လျှပ်စီးတွေကတောင် သာလွန်သူတစ်ယောက်ရဲ့အင်အားမျိုးရှိတယ်။”
“ဒါတောင် နတ်ဘုရားဖျက်ဆီးခြင်းလျှပ်စီးက သူ့ကိုမထိခိုက်နိုင်ဘူး။ ခရမ်းရွှေရောင်လျှပ်စီးက သူ့လက်သီးကိုမတားနိုင်ဘူး။”
“ဟူး...”
“သူက တကယ့်ကိုပြိုင်ဘက်ကင်းပဲ။”
“သူပဲဟ။ သူပဲထပ်ဖြစ်ပြန်ပြီ။”
“သူက ဒီတစ်လျှောက်လုံး မဟာယိုယွင်းကမ္ဘာရဲ့ထူးခြားဖြစ်စဉ် ရင်းမြစ်ပဲ။”
“သူတကယ်ကြီး မဟာယိုယွင်းကမ္ဘာသိစိတ်ကို ခုခံနေတာလား။”
သာလွန်သူတွေ ထိတ်လန့်သွားကြသည်။
“ပဲစေ့စစ်သားများ။”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းပြီး ပဲစေ့တွေကို တာအိုစစ်သား(၁၂၉,၆၀၀)ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ တာအိုစစ်သားတစ်ယောက်ချင်းစီက ချီမင်နှင့်အဆင့်ချင်းတူသည်။
“တိုက်ခိုက်။” ချီမင်က အော်ဟစ်လိုက်သည်။
တာအိုစစ်သားစစ်တပ်က စုစည်းပြီး လူသားပုံစံခရမ်းရွှေရောင်လျှပ်စီးတွေကို တိုက်ခိုက်လိုက်သည်။
ထိုအချိန်၌ ခံစားချက်ကင်းမဲ့နေသည့်မျက်လုံးတစ်လုံးက ကောင်းကင်ယံ၌ပေါ်လာသည်။ ထိုမျက်လုံးက ချီမင်ကို အဆုံးမဲ့ဖိအားတွေ ပေးကာစိုက်ကြည့်လာသည်။
ရွှေရောင်အလင်းတစ်ခုက ချီမင်၏ခန္ဓာကိုယ်က လည်ပတ်လာသည်။ သန့်စင်ရွှေခန္ဓာ၏စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကမ္ဘာ့ဖိအားကိုတားဆီးလိုက်သောကြောင့် သူ့ကိုမသက်ရောက်တော့ပေ။
“ဒါက ကောင်းကင်မျက်လုံးပဲ။ ကောင်းကင်တာအိုမျက်လုံးလို့လည်းခေါ်ကြတယ်။”
“ကောင်းကင်တာအိုအသိစိတ်ရဲ့ သရုပ်သဏ္ဌာန်တစ်ခုလို့လည်းခေါ်တယ်။”
“သူ အန္တရာယ်ထဲကျနေပြီ။”
“မဟာယိုယွင်းကမ္ဘာရဲ့ကောင်းကင်တာအိုအသိစိတ်က အလေးအနက်ထားလာပြီ။”
သာလွန်သူတွေက မထိန်းနိုင်တော့ဘဲ အသက်အောင့်လိုက်မိကြသည်။