လျှို့ဝှက်နက်နဲကမ္ဘာသို့ ပြန်ခြင်း နှစ်တစ်ထောင်ကြာပြီးနောက် အခြေအနေ
Vol. 17 Ch. 255
“ကောင်းကင်မျက်လုံး”
ချီမင်၏အကြည့်က အေးစက်သွားသည်။ သူက ဖိအားအချို့ကို ခံစားလိုက်ရသည်။
လျှို့ဝှက်နက်နဲကမ္ဘာတွင်လည်း မူလအစအင်မော်တယ်ဘုရင်က ကောင်းကင်လက်ကို ဖော်ထုတ်ဖူးသည်။ လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်ကလည်း ကောင်းကင်မျက်လုံးကို ဖော်ထုတ်ဖူးသည်။
ထိုအချိန်တုန်းက သူတို့ကြားကနယ်ပယ်ကလည်း အရမ်းကွာခြားသလို ချီမင်၏ဓမ္မစွမ်းအား(၉၉)%ကိုလည်း ကမ္ဘာတံခါးကစုပ်ယူထားသည့်အတွက် မခုခံနိုင်ခဲ့ပေ။
သို့ပေသော်လည်း ယခုအချိန်၌ ကွာခြားသွားပေသည်။
ချီမင်က အတိဒုက္ခကျော်လွှားခြင်းအဆင့်၏အကန့်အသတ်သို့ရောက်နေပြီဖြစ်သလို အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ပထမ ရှစ်ဆင့်ကို ဖြတ်ကျော်ပြီးသွားပြီဖြစ်သည်။ နောက်ဆုံးကံတရားအတိဒုက္ခသာကျန်တော့သည်။
ထို့အပြင် ချီမင်၏လက်ရှိအခြေအနေက အရမ်းကောင်းနေသည်။ ဓမ္မစွမ်းအားမှာ အလွန်အမင်းပြည့်ဝနေသည့်အခြေအနေဖြစ်သည်။ ကောင်းကင်မျက်လုံးထဲမှာ အဖြူအနက်ရောင်ရှိသည့် ထိုက်ချီပုံစံစက်ဝိုင်းတစ်ချပ် ရှိသည်။ ထိုအရာက ချီမင်ကို ပစ်မှတ်ထားလာပြီး အဖြူအနက်ကောင်းကင်အတိဒုက္ခလျှပ်စီးကို ချီမင်ထံသို့တိုက်ရိုက်ပစ်လွှတ်လိုက်သည်။
“ကောင်းကင်လျှို့ဝှက်ချက် အစီအရင်”
ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းပြီး အသေးစားအံ့ဖွယ်စွမ်းအား သုံးခုကို ဖော်ထုတ်လိုက်သည်။ လျှို့ဝှက်နက်နဲတံခါးနိမိတ်ဖတ်ခြင်း၊ ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားနှင့်ဓာတ်ငါးပါးစက်ဝန်းအံ့ဖွယ်စွမ်းအားတို့ဖြစ်ကြသည်။
အသေးစားအံ့ဖွယ်စွမ်းအားသုံးခုမှ ကောင်းကင်လျှို့ဝှက်ချက်အစီအရင်တစ်ခု ဖွဲ့စည်းလာသည်။ ရှစ်ထောင့်ပုံစံ စိန်ပွင့်သဏ္ဍာန်ရှိကာ ကောင်းကင်နှင့်မြေကြီးအဖြစ်ပြောင်းလဲသွားပြီး အဖြူအနက်အတိဒုက္ခလျှပ်စီးကို ပိတ်ဆို့လိုက်သည်။ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာသည်။ ကောင်းကင်လျှို့ဝှက်ချက်အစီအရင်က ပျက်စီးသွားပြီး ကောင်းကင်အတိဒုက္ခလျှပ်စီးကလည်း ပျောက်ကွယ်သွားသည်။
ဝုန်း!
ထိုတစ်ခဏ၌ ကောင်းကင်မျက်လုံးက အလင်းတန်းတစ်ခုကိုထုတ်လွှတ်လိုက်သည်။ မီးခိုးရောင်အလင်းတစ်ခုထွက်ပေါ်လာပြီး အဖြူအနက်ရောင်မရှိတော့ပေ။ အင်အားကတော့ ပိုပြီးပင်သန်မာသည်။
“ဖရိုဖရဲ မြင့်မြတ်လက်သီး”
ချီမင်က ဟိန်းဟောက်လိုက်ပြီး အကန့်အသတ်မဲ့စွမ်းအားတွေကို စုစည်းလိုက်သည်။ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားက ပေါက်ကွဲထွက်လာသည်။ သူက တစ်ချိန်တည်းမှာ လက်သီးချက်ကို ပစ်လွှတ်လိုက်ပြီးနေရာလွတ်ကိုဖျက်ဆီးလိုက်သည်။
ဘုန်း!
ချီမင်၏လက်သီးချက်က တိုက်ရိုက်ကောင်းကင်မျက်လုံးကို ပြိုကွဲသွားစေသည်။ “တိုက်!”
ချီမင်သည် အော်ဟစ်လိုက်ပြီးကောင်းကင်ပေါ်သို့ခုန်တက်သွားသည်။ သူက မိုးကုပ်စက်ဝိုင်းအပြင်ဘက်ကိုခုန်ထွက်သွားကဲ့သို့ ကောင်းကင်ပေါ်သို့ပျံတက်လိုက်သည်။ လက်တစ်ချက်အဝေ့မှာ မဟာကပ်ဘေးဒုက္ခနည်းစနစ် ကပေါက်ကွဲထွက်လာသည်။ ထိုအရာက ကပ်ဘေးဒုက္ခတွင်းနက်ကြီးအဖြစ်ပြောင်းလဲကာ ကောင်းကင်မျက်လုံးကိုတိုက်ခိုက်လိုက်သည်။
“ရူးလောက်တယ်”
“သူ...သူ”
“သူက ကောင်းကင်မျက်လုံးရဲ့တိုက်ခိုက်မှုကို ကာလိုက်တာပဲမဟုတ်ဘူး။ ပြန်ပြီးတောင် သတ်ချင်နေတာပဲ။”
“ဒါ..ဒါကြီးက”
“ကောင်းကင်ဘုံ”
“အရမ်းကြောက်ဖို့ကောင်းသွားပြီ။”
မဟာယိုယွင်းကမ္ဘာ၏သာလွန်သူများမှာ အလွန်အမင်းထိတ်လန့်သွားကြတော့သည်။
သူတို့အားလုံး ထိတ်လန့်သွားကြသည်။ နောက်တစ်ခဏမှာ မဟာယိုယွင်းကမ္ဘာအသိစိတ်ကဒေါသထွက်သွားသလို အနည်းငယ်လည်းကြောက်ရွံ့သွားသည်။ ကောင်းကင်မျက်လုံးဘေးမှာ မည်းနက်နေသည့် ကောင်းကင်လက်တစ်စုံက အလျင်အမြန်ဆန့်ထွက်လာသည်။
လက်တစ်စုံမှာ အကန့်အသတ်မဲ့ခမ်းနားကြီးကျယ်သည့်စွမ်းအားများပါဝင်နေသည်။ စွမ်းအားမျိုးစုံက ဆင့်ကဲပြောင်းလဲလာပြီး ချီမင်ကိုတိုက်ခိုက်လိုက်သည်။ ထိုလက်တစ်စုံ၌ ကြယ်တာရာများပင်ပျက်စီးသွားစေနိုင်သည့် စွမ်းအားများထွက်ပေါ်လာသည်။
“တိုက်ခိုက်!”
ချီမင်ကလည်း ဟိန်းဟောက်လိုက်ပြီး နည်းနည်းလေးပင် ကြောက်မသွားပေ။ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ထပ်ပြီးအသက်သွင်းလိုက်သည်။ ကပ်ဘေးဒုက္ခတွင်းနက်ကြီးကကျယ်ပြန့်လာပြီး ကောင်းကင်လက်ကိုပါ ဖုံးအုပ်သွားသည်။
ပေါက်ကွဲသံတွေ အဆက်မပြတ်ထွက်ပေါ်လာသည်။ နေရာလွတ်ကပြိုကွဲသွားပြီးကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။ မဟာယိုယွင်းကမ္ဘာတစ်ခုလုံးက အပြင်းအထန်လှုပ်ခါသွားသည်။
တိုက်ပွဲနှင့်နီးစပ်သည့်စီရင်စုနယ်ပယ်များ ပျက်စီးသွားသည်။ သာလွန်သူတွေ အလျင်အမြန်ပူးပေါင်းပြီး ခုခံလိုက်ပေမယ့် ပေါက်ကွဲမှုရဲ့နောက်ဆက်တွဲအရှိန်ကို တားဆီးနိုင်ရုံမျှသာရှိသည်။
ကပ်ဘေးဒုက္ခတွင်းနက်ကြီးကလည်း ပျောက်ကွယ်သွားသည်။ ကောင်းကင်လက်တွေမှာတော့ ချီမင်ကြောင့်ဖျက်ဆီးခံလိုက်ရသည်။
ထိုအချိန်၌ မဟာယိုယွင်းကမ္ဘာသိစိတ်က နောက်ဆုတ်လိုကြောင်းကိုပြသလိုက်သည်။ ဖျက်ဆီးခြင်းနတ်ဘုရားလျှပ်စီးက ပျောက်ကွယ်သွားပြီး ထူးခြားဖြစ်စဉ်မျိုးစုံနှင့် ကပ်ဘေးချီတို့မှာလည်း ပျောက်ကွယ်သွားတော့သည်။ ကောင်းကင်မျက်လုံးမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
ချီမင်၏အင်အားက ပြင်းထန်ပေသည်။ သူက အဆင့်နိမ့်ကမ္ဘာ၏ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပြီဖြစ်သည်။ သို့ပေမယ့် သူ၏အင်အားကတော့ အောက်ကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်သွားသည်။ မဟာယိုယွင်းကမ္ဘာ၏ကမ္ဘာ့သိစိတ်တောင် ချီမင်ကိုမဖမ်းဆီးနိုင်ပေ။ အချိန်ခဏလေးအတွင်းမှာ ကမ္ဘာ့သိစိတ်က ဆုတ်ခွာသွားတော့သည်။ သူက ချီမင်ကိုခက်ခဲအောင်မလုပ်တော့ပေ။ ထိုအစား သူကပင်ချီမင်ကိုပို့ဆောင်ပေးလိုက်သည်။ အချိုးက ၁၈၀ ဒီဂရီပြောင်းလဲသွားသည်။
“ဟင်းဟင်း” ချီမင်က နှာခေါင်းရှုံ့လိုက်သည်။
သူလည်း မဟာယိုယွင်းကမ္ဘာ၏သိစိတ်ကိုပြဿနာမရှာတော့ပေ။ သူသည် သူ့အင်အား၊ ဓမ္မစွမ်းအားနှင့်အံ့ဖွယ်စွမ်းအားအားလုံးကို ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် အချိန်ကာလရတနာကမ္ဘာ့တံခါးကိုယ်ပွား၏စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ဒီတစ်ကြိမ်တော့ လျှို့ဝှက်နက်နဲကမ္ဘာသို့သွားသည့်ဟင်းလင်းပြင်လမ်းကြောင်းကိုတည်ဆောက်တာအောင်မြင်သွားသည်။ ချီမင်၏အရှေ့တွင် သုံးမီတာမြင့်ပြီးတစ်မီတာကျယ်သည့်တံခါးတစ်ချပ်ပေါ်လာသည်။
“ကြာပန်းနက်” ချီမင်ကပြောလိုက်သည်။ “ငါတို့ သွားကြစို့။”
“ဟုတ်ကဲ့” ကြာပန်းနက်ကပြောသည်။
ဟင်းလင်းပြင်တံခါးက ပွင့်ဟလာသည်။ ချီမင်သည် အထဲကိုမဝင်ရသေးသော်လည်း အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်ဖိအားကိုခံစားနိုင်သေးသည်။ “ဟူး”
ချီမင်က အသက်ပြင်းပြင်းရှုပြီးတည်ငြိမ်အောင်လုပ်လိုက်သည်။ သူ့အရှိန်အဝါနဲ့အင်အားကိုကန့်သတ်ပြီး ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားသုံးကာ အပြည့်အဝဖုံးကွယ်လိုက်သည်။
ထို့နောက်မှာ ချီမင်က ကြာပန်းနက်ကို လက်ကနေကိုင်ပြီး တံခါးထဲသို့ ဖြည်းညှင်းစွာလျှောက်ဝင်သွားသည်။ သူတို့ပုံရိပ်က ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်လမ်းကြောင်းတံခါးကလည်း ပိတ်သွားသည်။
နေရာလွတ်က လှုပ်ခါသွားသည်။
တံခါးကလည်း ပျောက်ကွယ်သွားတော့သည်။
အရာရာတိုင်းကပြန်လည်တည်ငြိမ်သွားပြီး နေရာလွတ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ဘာမှမဖြစ်သွားသည့်အတိုင်းပင်။
တိုက်ပွဲကွင်းပြင်နားမှ ပြည်နယ်များသည်တော့ဖရိုဖရဲဖြစ်နေသည်။ ထိုနေရာမှ သေဆုံးသွားသည့်သူများကတော့ ဒီကိစ္စသည်အမှန်တကယ်ဖြစ်ခဲ့ကြောင်း သက်သေပြနေသည်။
မဟာယိုယွင်းကမ္ဘာမှ သာလွန်သူများမှာတော့ တုန်လှုပ်နေဆဲဖြစ်ပြီး မတည်ငြိမ်နိုင်သေးပေ။
သူတို့အနေနှင့်မဟာယိုယွင်းကမ္ဘာ၏ကောင်းကင်တာအိုသိစိတ်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
“မယုံနိုင်စရာဘဲ။”
“ကောင်းကင်တာအိုအသိစိတ်က တကယ်ကြီးနောက်ဆုတ်သွားရတယ်။”
“ရှုံးများရှုံးသွားတာလား။”
“ဒါဆို...”
“သူဘယ်သူလဲ။ သူ့နောက်ခံက ဘာမို့လို့ဒီလောက်တောင်စွမ်းအားကြီးနေရတာလဲ။ ကောင်းကင်တာအိုအသိစိတ်နောက်ဆုတ်သွားရတာကို ငါပထမဆုံးအကြိမ်မြင်ဖူးတာပဲ။”
သာလွန်သူများက အံ့ဩနေကြသည်။
မဟာယိုယွင်းကမ္ဘာ၌ ချီမင်က ဒဏ္ဍာရီများစွာကို ချန်ထားရစ်ခဲ့သည်။
ချီမင်၏အောင်မြင်မှုများကြောင့် မဟာယိုယွင်းကမ္ဘာ၏ သာလွန်သူများမှာ တိုက်ခိုက်လိုစိတ်များ မြင့်မားလာပြီး ကောင်းကင်တာအိုကိုရင်ဆိုင်ရန် ယုံကြည်မှုများရှိလာကြသည်။
တစ်နည်းဆိုသော် ချီမင် မဟာယိုယွင်းကမ္ဘာမှထွက်လာပြီး နှစ်ပေါင်းများစွာကြာပြီးနောက်တွင် မဟာယိုယွင်းကမ္ဘာ၏အသိစိတ်ကို ခုခံမည့်သာလွန်သူများ ထွက်ပေါ်လာကြသည်။
အမှန်တကယ်ကို သာလွန်သူများစွာစုပေါင်းပြီး အစီအစဉ်များပြုလုပ်ခဲ့ကြသည်။ နှစ်ပေါင်း(၁၂၉,၆၀၀)ကြာပြီးနောက်မှာ စွမ်းအားကြီးသာလွန်သူသုံးယောက်ဖြစ်သည့် မိစ္ဆာအရှင်၊ နတ်ဆိုးအရှင်နှင့် နတ်ဘုရားအရှင်တို့က ဦးဆောင်ပြီး ကောင်းကင်ကိုးလွှာနှင့်မြေကြီးကိုးထပ်မှသာလွန်သူများကို စုစည်းကာ ကောင်းကင်ကိုသတ်ဖြတ်မည့်အစီအစဉ်ကိုစတင်ခဲ့ကြသည်။
နောက်ဆုံးမှာ ကောင်းကင်ကိုသတ်ဖြတ်မည့်အစီအစဉ်က အောင်မြင်သွားခဲ့သည်။
မဟာယိုယွင်းကမ္ဘာကြီးကယိုယွင်းသွားပြီး သာလွန်သူများစွာသေဆုံးခဲ့ကြသည်။ ထိုတိုက်ပွဲအဆုံးတွင် မိစ္ဆာအရှင်၊ နတ်ဆိုးအရှင်နှင့် နတ်ဘုရားအရှင်တို့သေဆုံးခဲ့ကြသည်။
မဟာယိုယွင်းကမ္ဘာ၏ကောင်းကင်တာအိုက လုံးဝဖျက်ဆီးခံလိုက်ရသောကြောင့် ကမ္ဘာ့အသိစိတ်က မွေးဖွားလာခဲ့သည်။ ထိုနောက်မှာ မဟာယိုယွင်းကမ္ဘာက ခေတ်သစ်ကိုကြိုဆိုခဲ့ကြလေသည်။
ထိုအရာများက ချီမင်ထွက်ခွာပြီးနောက်မှာ ဖြစ်လာမည့်အရာများဖြစ်သည်။
ယခုအချိန်တွင်တော့ ချီမင်က ဟင်းလင်းပြင်လမ်းကြောင်းထဲကို ဝင်သွားသည်။ သူက အချိန်နှင့်နေရာလွတ်၏ လျှို့ဝှက်ဆန်းကြယ်မှုအနှစ်သာရများစွာကို နားလည်သွားခဲ့သည်။
သိပ်မကြာခင်မှာပဲ ချီမင်နှင့်ကြာပန်းနက်တို့ ဟင်းလင်းပြင်လမ်းကြောင်းအဆုံးကိုရောက်ရှိလာသည်။ မျက်စိကျိန်းလောက်သည့်အလင်းတွေပေါ်ပေါက်လာပြီး သူတို့၏အမြင်အာရုံကိုပိတ်ဆို့လိုက်သည်။
အဖြူရောင်အလင်းတွေ ပျောက်ကွယ်သွားသည်။
ချီမင်၏မြင်ကွင်းက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက တံခါးအပြင်ဘက်ကိုလျှောက်ထွက်လိုက်သည်။ သူ့နောက်က တံခါးပိတ်သွားပြီး ပျောက်ကွယ်သွားတော့သည်။
နေရာလွတ်က ပုံမှန်ပြန်ဖြစ်သွားသည်။
ချီမင်က ပတ်ဝန်းကျင်က ရင်းနှီးသည့် ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီကို အာရုံခံလိုက်ရသည်။ လျှို့ဝှက်နက်နဲကမ္ဘာကြီးက ချီမင်ကိုကြိုဆိုနေပုံရသည်။
ချီမင်အနားမှာ ဝိညာဉ်ချီတွေဝိုင်းရံလာသည်။
လျှို့ဝှက်နက်နဲကမ္ဘာ၏ကောင်းကင်နှင့်မြေကြီးကပ်ဘေးဒုက္ခက ကျဆင်းလာပြီဖြစ်သည်။ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက သတ်ဖြတ်လိုစိတ်တွေနဲ့အလွန်အမင်းရှုပ်ထွေးနေသည်။ အတိဒုက္ခလေပြင်းတွေ တိုက်ခတ်လျက်ရှိပြီး သွေးချီတွေက ကောင်းကင်ထိတိုင်မြင့်တက်နေကာ ကမ္မက ရှုပ်ထွေးနေသည်။
“ဒါက..”
ချီမင်က လက်ချောင်းတွေနဲ့အံ့ဖွယ်စွမ်းအားကိုလည်ပတ်ကာ တွက်ချက်လိုက်သည်။ သူ့စိတ်ထဲမှာ လျှို့ဝှက်နက်နဲကမ္ဘာတွင် လွန်ခဲ့သည့်နှစ်တစ်ထောင်ကဖြစ်ပျက်ခဲ့သည်များပေါ်လာသည်။
သူက လက်ရှိမြောက်ပိုင်းဒေသတွင်ရောက်ရှိနေသည်။
“လွန်ခဲ့တဲ့နှစ်(၉၀၀)က လျှို့ဝှက်နက်နဲကမ္ဘာမှာ ကောင်းကင်အရှင်ယင်းက စစ်မှန်နဂါးတစ်ကောင်ဖြစ်လာခဲ့တယ်။ သူ့အင်အားနဲ့ကျင့်ကြံခြင်းအဆင့်က အောက်ကမ္ဘာရဲ့အကန့်အသတ်ထိရောက်သွားပြီ။ ဒါ့အပြင် သူကနှစ်တစ်ရာအတွင်း ဒေသလေးခုကနတ်ဆိုးတွေကို စုစည်းပြီး ရှေးခေတ်နတ်ဆိုးနန်းတော်ကို ပြန်တည်ဆောက်ခဲ့တယ်။”
ချီမင်က ခဏမျှစဉ်းစားလိုက်သည်။ “ကောင်းကင်အရှင်ယင်းက စိတ်ကူးကောင်းသားပဲ။”
“လွန်ခဲ့တဲ့နှစ်(၇၀၀)က မိစ္ဆာမျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု ဝေ့ဝူရှန်က ပြန်ရှင်သန်လာပြီးသူ့ရဲ့မှတ်ဉာဏ်တွေအကုန်ပြန်ရခဲ့တယ်။ သူကနှစ်တစ်ရာလောက် အထွတ်အထိပ်နတ်ဆိုးကျမ်းကို တံခါးပိတ်ကျင့်ကြံခဲ့တယ်။ သူကလည်း နှစ်တစ်ရာအတွင်းမိစ္ဆာဂိုဏ်းတွေနဲ့ ဒေသလေးခုကမိစ္ဆာမျိုးနွယ် အကုန်စုစည်းခဲ့တယ်။ ဒါ့အပြင် သူကကမ္ဘာခြားနတ်ဆိုးအရှင် လန်တျန်းယို့နဲ့လက်ထပ်ပြီး အထွတ်အထိပ်မိစ္ဆာခန်းမကိုတည်ဆောက်ထားတယ်။”
“လွန်ခဲ့တဲ့နှစ်(၅၀၀)မှာတော့ နတ်ဘုရားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု ရှဲ့လင်ကပြန်ရှင်လာတယ်။ သူကလည်း မှတ်ဉာဏ်တွေအကုန်နိုးထလာပြီးအထွတ်အထိပ်နတ်ဘုရားတာအိုကျမ်းကိုကျင့်ကြံခဲ့တယ်။ သူမက လျှို့ဝှက်နက်နဲကမ္ဘာရဲ့စစ်မှန်နတ်ဘုရားဖြစ်လာပြီး ဒေသလေးခုက နတ်ဘုရားတွေကိုစုစည်းခဲ့တယ်။ အဲ့ဒီအပြင် သူမကကောင်းကင်ကိုးလွှာကိုဝင်ရောက်ပြီး ကောင်းကင်နိုင်ငံတော်ကိုတည်ထောင်ခဲ့တယ်။”
“လွန်ခဲ့တဲ့နှစ်(၃၀၀)က သရဲမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု လင်းချူးယောင်ကပြန်ရှင်သန်လာတယ်။ သူကလည်း မှတ်ဉာဏ်တွေအားလုံးပြန်ရလာပြီး အထွတ်အထိပ်ငရဲကိုးထပ်ကျမ်းကိုကျင့်ကြံခဲ့တယ်။ သူက ငရဲကိုးထပ်ကိုထိန်းချုပ်နိုင်သွားပြီး ငရဲအရှင်ဖြစ်လာခဲ့တယ်။ ဒီကမ္ဘာကသရဲတစ္ဆေတွေအားလုံးကို သူထိန်းချုပ်နိုင်သွားတယ်။”
“လွန်ခဲ့တဲ့နှစ်တစ်ရာမှာတော့ လူသားမျိုးနွယ်ရဲ့ဂိုဏ်းအသီးသီးက ပူးပေါင်းခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုကိုမတွေ့သေးဘူး။ သူကလည်း ပြန်မရှင်လာသေးသလိုဖြစ်နေတာကြောင့် လူသားမျိုးနွယ်က အခြေအနေမကောင်းဖြစ် နေတယ်။ တစ်ခြားမျိုးနွယ်တွေနဲ့ရင်ဆိုင်ရရင် လူသားမျိုးနွယ်က ဖိနှိပ်ခံနေရပြီး ခေါင်းမထောင်နိုင်ကြဘူး။”
“ပိုပြီးအရေးကြီးတာက မဟာကပ်ဘေးကရောက်လာပြီ။ ကပ်ဘေးချီရဲ့လွှမ်းမိုးမှုအောက်မှာ မျိုးနွယ်အသီးသီးကြားမှာ မဆုံးနိုင်တဲ့ပဋိပက္ခတွေ ရှိလာကြတယ်။ ဒါပေမယ့် အင်မော်တယ်အရှင်ယင်းကြောင့် တခြားသူတွေကလည်း အင်မော်တယ်မျိုးနွယ်ရဲ့အစီအစဉ်ကိုသိနေကြပြီ။ ဒါကြောင့်သူတို့က ပူးပေါင်းထားလို့ မျိုးနွယ်ငါးခုကြားမှာတော့ ပဋိပက္ခသိပ်မရှိသေးဘူး။”
“လွန်ခဲ့တဲ့ဆယ်နှစ်လောက်မှာ အင်မော်တယ်မျိုးနွယ်က တရားဝင်တိုက်ခိုက်လာတယ်။ အဓိက ကောင်းကင်တံခါးလေးခုကိုဖွင့်ပြီးဒေသလေးခုကိုသတ်ဖြတ်ဖို့ အင်မော်တယ်စစ်တပ်တွေစေလွှတ်ခဲ့ကြတယ်။ မျိုးနွယ်ငါးခုက ပူးပေါင်းထားပေမယ့်လူသားတွေက အားနည်းနေကြသေးတယ်။ သူတို့က အခုတိုက်ပွဲထဲမှာ ပြုသမျှနုနေရတယ်။”
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း”
ချီမင်၏မျက်နှာက အနည်းငယ်အေးစက်သွားသည်။ သူကခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး အဝေးကိုပျံသန်းသွားသည်။ သူ့ပုံရိပ်ကပျောက်ကွယ်သွားပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဘက်ကို ဦးတည်လိုက်သည်။ သူ့နောက်မှာ ကြာပန်းနက်က ကပ်လိုက်လာသည်။