← Chapters

နှစ် (၄၀၀)တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်

Vol. 17 Ch. 242

နှစ် (၄၀၀)တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်

Vol. 17 Ch. 242

ကျင့်ကြံခြင်းကမ္ဘာက လျှို့ဝှက်နက်နဲကမ္ဘာကို ဖိနှိပ်နိုင်သည့် အောက်ကမ္ဘာဆိုသည့် အရည်အချင်းနှင့် ပြည့်စုံသည်။ လူသားကမ္ဘာ မြင့်မြတ်နယ်မြေ ကိုးခုမှ တစ်ခုဖြစ်သည့် ကောင်းကင်တာအိုကျောင်းတော်၏ အခြေခံပင် ချီမင်၏ စိတ်ကူးထားမှုထက် ကျော်လွန်သွား၏။ ၎င်းသည် အထက်ကမ္ဘာနှင့် တကယ်ပင် ဆက်စပ်နေသည်။

တနည်းဆိုရသော်...

ကောင်းကင်တာအိုကျောင်းတော်အပြင် ကျောင်းတော်နှင့်အပြိုင်ဖြစ်သည့် တခြားသော မြင့်မြတ်နယ်မြေ ရှစ်ခုသည်လည်း အတူတူပင် ဖြစ်လောက်သည်။ ၎င်းတို့သည်လည်း အထက်ကမ္ဘာနှင့် ဆက်သွယ်မှု ရှိလောက်သည်။

ချီမင်က ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်ပြီး ဓမ္မစွမ်းအားကို ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်လိုက်သည်။ ခုနလေးတင် ရသွားသည့် ဒဏ်ရာများမှာ ပြန်လည်သက်သာလာပြီး ကောင်းကင်တာအိုကျောင်းတော်၏ အတိတ်သမိုင်းကြောင်းနှင့် အနာဂတ်ကို ဆက်မတွက်တော့ပေ။

သူသာ အထက်ကမ္ဘာမှ ကျွမ်းကျင်သူများကို သတိပေးလိုက်သလို ဖြစ်သွားခဲ့လျှင် ကောင်းသည့်ကိစ္စများ မဖြစ်နိုင်လာပေ။

နေ့တစ်ဝက်လောက်ကြာတော့ အမှောင်မီးလျှံ၊ ဟော့ချန်ချင်း နှင့် ကျန်သည့်သူတွေက အတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ပြန်ရောက်ရှိလာကြသည်။ ထိုအထဲမှ အမှောင်မီးလျှံ နှင့် ကပ်ဘေးလေး က အဆင့်ရှစ် ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ခြင်းဖြစ်သည်။ ဟော့ချန်ချင်း၊ သေမင်း၊ ယင်လေး နှင့် လင်းနို့လေး တို့က အဆင့်ခြောက် ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်ရက်ကြာသွား၏။

အမှောင်မီးလျှံ နှင့် ကပ်ဘေးလေး တို့၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အတိဒုက္ခ‌ကျော်လွှားခြင်း အဋ္ဌမအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားသည်။ ဟော့ချန်ချင်း၊ သေမင်း၊ ယင်လေး နှင့် လင်းနို့လေး တို့က တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖြတ်ကာ အတိဒုက္ခကျော်လွှားခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွား၏။

“မဆိုးဘူး” ချီမင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

အချိန်တွေ ကုန်ဆုံးပြီး နှစ်တစ်ရာက ကုန်ဆုံးသွားပြီ။

ယနေ့ နေ့လည်မှာတော့

ချီမင် အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။

တင်း!

“မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် နှစ်(၄၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ မဟာကပ်ဘေးဒုက္ခနည်းစနစ်အပေါ် နားလည်မှုက တိုးတက်သွားပါပြီ။ သင် လျှို့ဝှက်နက်နဲမှုအမျိုးမျိုးကို နားလည်ခဲ့ပါတယ်။ သင် ကမ္ဘာပျက်ကပ်ဘေးဒုက္ခ၊ မဟာနေမင်းမီးကပ်ဘေးဒုက္ခ၊ နေမင်းနက်လေကပ်ဘေးဒုက္ခ၊ မြေကြီးကပ်ဘေးဒုက္ခ၊ လူသားကပ်ဘေးဒုက္ခ၊ နတ်ဆိုးဘုရားကပ်ဘေးဒုက္ခ၊ သမာဓိကပ်ဘေးဒုက္ခ၊ သဘာဝကပ်ဘေးဒုက္ခ၊ ကမ္မကပ်ဘေးဒုက္ခ၊ ရည်ရွယ်ချက်ကပ်ဘေးဒုက္ခ၊ ဝိညာဉ်ကပ်ဘေးဒုက္ခ နဲ့ ဆင်းရဲကပ်ဘေးဒုက္ခ တို့၏ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သွားပါပြီ။”

“ကပ်ဘေးဒုက္ခအမျိုးမျိုးနဲ့ အတိဒုက္ခအမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ သင် ‌ကောင်းကင်နဲ့မြေကြီး သေခြင်းနဲ့ရှင်ခြင်းရဲ့ လျှို့ဝှက်နက်နဲမှုကို နားလည်ခဲ့ပါတယ်။”

“သင် မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အကြီးစားအောင်မြင်မှုအဆင့်မှ အကြီးစားအောင်မြင်မှု အကန့်အသတ်အဆင့်ထိ ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

ချီမင် တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။ သူက အလွန်အမင်းလျှို့ဝှက်နက်နဲမှု အခြေအနေထဲသို့ ဝင်ရောက်သွားသည်။ သူက ထူးဆန်းသည့် ကမ္ဘာကြီးတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ ထိုကမ္ဘာဝယ် သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို နေ့ရောညပါ နားလည်ဆင်ခြင်နေခဲ့သည်။

နောက်ဆုံးမှာတော့ သူ တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ မဟာကပ်ဘေးဒုက္ခနည်းစနစ်၏ လျှို့ဝှက်ချက်တွေက သူ့စိတ်ထဲကို စီးဝင်လာသည်။ ထို့နောက်မှာ အကြီးစားအောင်မြင်မှုအဆင့်မှ အကြီးစားအောင်မြင်မှု အကန့်အသတ်အဆင့်ထိ တိုးတက်သွားသည်။

ထိုသို့ဖြင့် မဟာကပ်ဘေးဒုက္ခနည်းစနစ်စွမ်းအားက သဘာဝအတိုင်း အကြီးအကျယ် တိုးတက်သွားသည်။

နာရီဝက်လောက်ကြာတော့ ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်စွမ်းအားကို ရင်းနှီးအောင် လုပ်လိုက်သည်။

“မဆိုးဘူး။ မဆိုးဘူး” ချီမင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် “မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတယ်။ ငါ နောက်ဆုံးမှာတော့ အကြီးစားအောင်မြင်မှုအဆင့်ရဲ့ အကန့်အသတ်ထိ ရောက်သွားပြီ။ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က မတိုးတက်သေးဘူး။ ငါ ပြီးပြည့်စုံခြင်းအဆင့်ထိရောက်ဖို့ နှာတစ်ဖျားလောက် လိုသေးတယ်”

“ငါ့ရဲ့ကျင့်ကြံခြင်းသာ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို ရောက်မှ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က ပြီးပြည့်စုံခြင်းအဆင့်ရောက်မှာလားမသိဘူး။”

ချက်ချင်းဆိုသလိုပဲ ချီမင် နောက်ထပ် အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။

ဝိညာဉ်သားရဲခြောက်ကောင်ကလည်း နှစ်တစ်ရာကြာ ကျင့်ကြံပြီး ကျင့်ကြံခြင်းအဆင့် အကန့်အသတ်ကို ရောက်ရှိသွားကြပြန်သည်။ သူတို့က ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်လိုက်၏။

ချီမင် အမှောင်မီးလျှံ၊ ဟော့ချန်ချင်း နှင့် တခြားသူတွေကို အပြင်ထုတ်လိုက်သည်။ အရင်တစ်ကြိမ်နှင့် အတူတူပင်ဖြစ်သည်။ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှ ထွက်ကာ တိတ်ဆိတ်သည့်‌နေရာရှာပြီး အတိဒုက္ခကို ဖြတ်ကျော်ခိုင်းလိုက်သည်။

ကောင်းကင်အတိဒုက္ခက ထိတ်လန့်ဖွယ် ထွက်ပေါ်လာပြီး လမင်းတစ်ထောင်ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။

နေ့တစ်ဝက်လောက်ကြာတော့ အမှောင်မီးလျှံ၊ ဟော့ချန်ချင်း နှင့် တခြားသူတွေက အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်လိုက်ကြသည်။ ဟော့ချန်ချင်း၊ သေမင်း၊ ယင်လေးနှင့် လင်းနို့လေး တို့အတွက်က အဆင့်ခုနစ် ကောင်းကင်အတိဒုက္ခဖြစ်သည်။

ညနေခင်းမှာတော့ သူတို့က ချီမင် ဘေးဆီသို့ ပြန်လာကြပြီး ဝိညာဉ်သားရဲကြီးထွားရာနေရာထဲသို့ ပြန်ထည့်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်နေ့ရောက်လာသည်။

ချီမင် အသိပေးချက်အသီးသီးကို ရရှိလိုက်သည်။ အမှောင်မီးလျှံ၊ ဟော့ချန်ချင်း နှင့် တခြားသူတွေက အဆင့်ချိုးဖြတ်ပြီး နောက်တစ်ခါ တိုးတက်သွားကြပြန်သည်။ ကပ်ဘေးလေး နှင့် အမှောင်မီးလျှံတို့က ကောင်းကင်အတိဒုက္ခ နဝမအဆင့်သို့ ရောက်ရှိသွားသည်။ သေမင်း၊ ယင်လေး၊ ဟော့ချန်ချင်း နှင့် နှင်းလေး တို့က အတိဒုက္ခကျော်လွှားခြင်း သတ္တမအဆင့်သို့ ရောက်ရှိသွားသည်။

“သူတို့က အခု အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ကို ရောက်သွားပြီပဲ”

ချီမင် ခဏမျှ စဉ်းစားလိုက်၏ “နောက်တစ်ဆင့်ဆို အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က နောက်ဆုံးအဆင့် အဆင့်ကိုး‌ကောင်းကင်ကိုးလွှာအတိဒုက္ခတစ်ခုပဲ ဖြတ်ကျော်ဖို့လိုတော့တယ်။ သူတို့သာ အောင်မြင်ရင် မဟာယာနအဆင့်ကို ရောက်ပြီ။”

“သေမင်းလေး၊ ဟော့ချန်ချင်း၊ ယင်လေး နဲ့ ‌လင်းနို့လေးတို့က အတိဒုက္ခကျော်လွှားခြင်း သတ္တမအဆင့်မှာပဲ။ သူတို့က နဝမအဆင့်နဲ့ နှစ်ဆင့်ပဲ ကွာတော့တယ်။ သူတို့က အလွန်ဆုံး နှစ်နှစ်ရာလောက်ဆို ရောက်ပြီ။”

ကျင့်ကြံသူတို့အတွက် အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခက နောက်ဆုံးကောင်းကင်အတိဒုက္ခ ဖြစ်၏။ ထို့ပြင် ကြောက်ဖို့အကောင်းဆုံး၊ စွမ်းအားအကြီးဆုံးနှင့် သေဆုံးနှုန်း အမြင့်ဆုံးလည်းဖြစ်သည်။ လူအနည်းသာ ဖြတ်ကျော်နိုင်ပြီး စုစုပေါင်းအောင်မြင်နှုန်းမှာ (၁၀)% သာရှိသည်။ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကိုး ကျင့်ကြံသူဆယ်ယောက်တွင် တစ်ယောက်သာ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခကို ဖြတ်ကျော်နိုင်သည်။ ကျန်ကိုးယောက်က သေတာများသည်။

အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခမှာ ခဏလေးအတွင်း ထွက်‌ပေါ်တတ်သည့် ကပ်ဘေးဒုက္ခမျိုးစုံ ပါဝင်သည်။ မကောင်းသည့် ကမ္မဝဋ်ကြွေးမျိုးစုံက ကျော်ဖြတ်သူ၏ကိုယ်ကို ရစ်ပတ်ပြီး ‌ခန္ဓာကိုယ်ကို လောင်ကျွမ်းတတ်သည်။ ကပ်ဘေးဒုက္ခကိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လျှပ်စီးမိုးကြိုးအတိဒုက္ခက ထိုအထဲမှ တစ်ခုဖြစ်သည်။ အဆင့်ကိုး ကောင်းကင်ကိုးလွှာအတိဒုက္ခက ကျော်လွှားဖို့ အခက်ခဲဆုံးဖြစ်သည်။

သုံးရက်ကြာပြီးနောက်

တင်း!

“သင် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို အဆသန်းတစ်ထောင်အောက်တွင် နှစ်(၄၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲရဲ့ လျှို့ဝှက်နက်နဲမှုများနဲ့ ကောင်းကင်နဲ့မြေကြီးမဟာတာအိုတို့ကို နားလည်သဘောပေါက်သွားပါပြီ။ကျင့်ကြံခြင်းအဆင့် တိုးတက်သွားပါတယ်။ သင် တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ကောင်းတယ်။”

ချီမင် အပျော်လွန်သွားသည်။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာပြီးတောက်ပသွားသည်။ သူတည်ငြိမ်အောင် လုပ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည် “ငါ နှစ် (၄၀၀) ကြာ ကျင့်ကြံခဲ့တယ်။ ဒါ့အပြင် အဆ သန်းတစ်ထောင် မြှင့်တင်မှုအောက်မှာ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ကို ရောက်နေပြီ။ ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲက နောက်ဆုံးတော့ ပြန်ပြီး အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီ။”

နောက်တစ်ခဏမှာ ချီမင်၏ စိတ်အနက်ပိုင်းထဲသို့ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် နားလည်သဘောပေါက်မှုအမျိုးမျိုးတို့ စီးဝင်လာသည်။ သူက ကောင်းကင်နဲ့မြေကြီးမဟာတာအိုကို ပိုမိုပြည့်စုံစွာ နားလည်လာပြီး ဖရိုဖရဲမဟာတာအိုကျမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုအမျိုးမျိုးကိုလည်း နားလည်သဘောပေါက်သွားသည်။

ချီမင်၏ ကောင်းကင်နဲ့မြေကြီးမဟာတာအိုအပေါ် နားလည်မှု တိုးလာသည်နှင့်အမျှ သူ့ကျင့်ကြံခြင်းအဆင့်သည်လည်း သဘာဝအတိုင်း တိုးတက်လာသည်။ ကောင်းကင်နဲ့မြေကြီးမဟာတာအိုက အရောင်စုံဖရိုဖရဲအလင်းလှိုင်းများအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။ တာအိုပေါင်းစည်းခြင်း ပြီးပြည့်စုံသည့်အဆင့်သို့ ထပ်မံရောက်ရှိသွားသည်။

သူ့ဒန်တျန်းထဲတွင် ဖရိုဖရဲစစ်မှန်ခန္ဓာက ပိုမိုခမ်းနားပြီး စွမ်းအားကြီးမားလာသည်။ ခမ်းနားထည်ဝါမှုမှာ ရှေးခေတ်နတ်ဆိုးဘုရားတစ်ပါးအလားပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မဟာတာအိုစစ်မှန် အမှတ်အသားများ ထူထပ်စွာ ဖုံးလွှမ်းနေသည်။

အတွေးတစ်ခုဖြင့် ချီမင်က ပစ္စည်းစာရင်းကိုဖွင့်ကာ အင်မော်တယ်သလင်းကျောက်အများအပြားကို ထုတ်ယူလိုက်သည်။ သူက အင်မော်တယ်သလင်းကျောက်အများကြီးကို လျင်မြန်စွာ စုပ်ယူသန့်စင်ပြီး ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။

မကြာခင်မှာပင် သူက လုံလောက်သော အင်မော်တယ်သလင်းကျောက်များကို စုပ်ယူနိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများ ပြည့်ဝလာသည်။ကျင့်ကြံခြင်းအဆင့်နှင့် ခွန်အား တိုးတက်လာမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သွားသည်။စိတ်အခြေအနေမှာလည်း အလွန်ကောင်းမွန်သွားသည်။

နာရီဝက်လောက်ကြာတော့ ချီမင် အဆင့်ချိုးဖြတ်ပြီးကျင့်ကြံခြင်းကို ခိုင်မာအောင် လုပ်လိုက်သည်။

ဤသို့ဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် တာအိုပေါင်းစည်းခြင်း အလယ်ပိုင်းအဆင့်မှ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။

ချီမင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် တိုးတက်လာပြီးစိတ်ခံစားချက်လည်း သဘာဝအတိုင်း အလွန်ကောင်းမွန်နေသည် “ငါ့ကျင့်ကြံခြင်းအဆင့်က တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီ။ နောက်တစ်ခုက ကောင်းကင်အတိဒုက္ခကို အာရုံခံဖို့ပဲ။ ကောင်းကင်အတိဒုက္ခတစ်ခုကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ရင် အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်ကို ရောက်နိုင်ပြီ။”

“ ကောင်းကင်အတိဒုက္ခကို အာရုံမခံခင် ငါ တာအိုပေါင်းစည်းခြင်းအဆင့်ကို ပြီးပြည့်စုံတဲ့အဆင့်ထိ အပြည့်အဝ ကျင့်ကြံဖို့ လိုသေးတယ်။”

တင်း!

“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားကြောင်း စစ်ဆေးမိပါတယ်။ တာအိုပေါင်းစည်းခြင်း အလယ်ပိုင်း အဆင့်ဂိမ်းမြေအောက်စခန်း ကပ်ဘေးဒုက္ခခေတ် အနားသတ်မှ ရရှိမည့် ဆုလာဘ်များ ကြီးမားစွာ လျော့နည်းသွားပါတယ်။အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်(၁၀၀,၀၀၀) ဖြည့်၍ ဂိမ်း မြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် (၁၀၀,၀၀၀) ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်မယ်။”

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“ဂိမ်း မြေအောက်စခန်းအသစ် အောင်မြင်စွာ ဖွင့်နိုင်ပါပြီ။”

“သင် တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ဂိမ်း မြေအောက်စခန်း ဧကရာဇ် တားမြစ်သင်္ချိုင်းထဲသို့ ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ဧကရာဇ်တားမြစ် သင်္ချိုင်းလား” ချီမင် ခဏမျှ စဉ်းစားလိုက်ပြီး ပြောသည် “ငါ တိုက်ပွဲမြင့်မြတ်ခန္ဓာကို ရတုန်းက အခြေတည်ဝိညာဉ် အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ ဧကရာဇ်တားမြစ် သင်္ချိုင်းရဲ့အစွန်အဖျားကို ဝင်ဖူးတယ်။”

“အဲဒီနှစ်ခု ဆက်စပ်နေတာလား”

“ဝင်မယ်။”

ချီမင်ရှေ့တွင် ဂိမ်းမြေအောက်စခန်း၏ မြင်ကွင်းကပေါ်လာသည်။ မြင်ကွင်းက အသက်ဝင်နေသကဲ့သိုဖြစ်ပြီး သူကိုယ်တိုင် ထိုနေရာတွင် ရှိနေသကဲ့သို့ ဂိမ်းကမ္ဘာထဲသို့ တကယ်ပင် ဝင်ရောက်သွားသည်။

ချီမင် ခန့်မှန်းထားသည့်အတိုင်း အခြေတည်ဝိညာဉ်အဆင့်ဂိမ်း မြေအောက်စခန်းဖြစ်သည့် ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့အစွန်အဖျားက တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ဂိမ်း မြေအောက်စခန်းဖြစ်သည့် ဧကရာဇ်တားမြစ်သင်္ချိုင်းနှင့် တကယ်ပင် ဆက်စပ်နေသည်။

ထိုနှစ်ခုသည် နေရာတူပင် ဖြစ်နိုင်သည်။

အခြေတည်ဝိညာဉ်အဆင့်ဂိမ်းမြေအောက်စခန်းက ဧကရာဇ်တားမြစ်သင်္ချိုင်း၏အစွန်အဖျားတွင်သာ ရှိသော်လည်း တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းဖြစ်သည့် ဧကရာဇ်တားမြစ် သင်္ချိုင်းက တားမြစ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဂိမ်းမျက်နှာပြင်တွင် မြူခိုးများ ပျံ့နှံ့နေသည်။

မြူခိုးတွေက မီးခိုးရောင်ဖြစ်သည်။

မည်းနက်လုနီးပါးအရောင်မျိုးဖြစ်သည်။

ကြည့်လိုက်လျှင် မီးခိုးရောင် မြူခိုးအလွှာများက တားမြစ်နယ်မြေတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ပျက်စီးယိုယွင်းခြင်းနှင့်ဆုတ်ယုတ်မှု အရှိန်အဝါ များ ပြည့်နှက်နေသော တားမြစ်နယ်မြေတစ်ခုလည်းဖြစ်သည်။ ၎င်းသည် သက်ရှိများအတွက် တားမြစ်ထားသော ဇုန်တစ်ခုလည်း ဖြစ်သည်။ ထိုတားမြစ်နယ်မြေထဲသို့ ဝင်ရောက်သူတိုင်း၏ အသက်ကို ပြာဖြစ်သွားသည်အထိ စုပ်ယူတတ်သည်။

ဒဏ္ဍာရီများအရ ဧကရာဇ်များက ထိုနေရာတွင် သေဆုံးခဲ့ကြသည်။ ဧကရာဇ်များ သေဆုံးရာမှ ထွက်ပေါ်လာသည့် သေဆုံးခြင်းအရှိန်အဝါကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျက်စီးယိုယွင်းသွားစေပြီး အသက်ကို စုပ်ယူနိုင်သည့် တားမြစ်ဇုန်တစ်ခု ဖြစ်လာခဲ့သည်။

မဟာဧကရာဇ်များ တကယ်ပင် သေဆုံးခဲ့ကြသည်နေရာဖြစ်သည်။ ထို့ပြင် တစ်ပါးတည်း မဟုတ်ဘဲ စုစုပေါင်း မဟာဧကရာဇ် ကိုးပါးဖြစ်သည်။ ၎င်းတို့အားလုံးကို ဤ ဧကရာဇ်တားမြစ်သင်္ချိုင်းတွင် မြှုပ်နှံထားသည်။

မဟာဧကရာဇ်ကိုးပါး၏ ခန္ဓာကိုယ်များက ခြောက်သွေ့နေသော ရုပ်အလောင်းများအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ၎င်းတို့သည် ဤ ဧကရာဇ်တားမြစ်သင်္ချိုင်း၏ အနက်ပိုင်းတွင် အမြဲတမ်း အိပ်စက်နေခဲ့ပြီး တစ်ခါမျှ နိုးထလာခြင်းမရှိသေးပေ။

မဟုတ်ပါက ဧကရာဇ်အဆင့်ရှိ ရုပ်အလောင်းကိုးခု နိုးထလာပါက ဖျက်ဆီးခြင်းကပ်ဘေးဒုက္ခတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။ သက်ရှိမည်မျှနှင့် ဂ်ြိုလ်မည်မျှ ပျက်စီးသွားမည်ကို မသိနိုင်ပေ။

ယခုတော့ ချီမင် ရောက်ရှိလာသည်။ သူပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က ဆင်းသက်လာသည်။ သူက အင်မော်တယ်တစ်ပါးအလားပင်။ သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့် ပြိုင်ဘက်ကင်းအင်မော်တယ်တစ်ပါးအလားပင်။

“ကပ်ဘေးတွေကို ဖြစ်ပေါ်မလာခင်ကတည်းက သတ်ပစ်ရမယ်။”

ချီမင် ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်ကဖရိုဖရဲစစ်မှန်ခန္ဓာအဖြစ် တိုက်ရိုက်ပြောင်းလဲကာ ဧကရာဇ်တားမြစ်သင်္ချိုင်း၏ အနက်ပိုင်းသို့ ဝင်ရောက်သွားသည်။ သူက အလွန်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို အသုံးပြု၍ ဧကရာဇ်အဆင့်ရှိ ရုပ်အလောင်းကိုးခုကို တိုက်ရိုက်နှိုးလိုက်သည်။

ဝေါင်းး! ဝေါင်းး! ဝေါင်း!

အော်ဟစ်သံများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ကောင်းကင်ပြိုကျသွားသကဲ့သို့ ဖြစ်နေပြီး နေရာလွတ်ပင် ပြိုကျသွားမည့်အလား ဖြစ်နေသည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အလွန်အားကောင်းသည်။ အလွန်အမင်း စွမ်းအားကြီးသည်။

“တိုက်ခိုက်!”

ချီမင် ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်ကအော်ဟစ်လိုက်သည်။ သူက ဧကရာဇ်အဆင့်ရှိ ခြောက်သွေ့နေသည့် ရုပ်အလောင်းကိုးခုကို ရင်ဆိုင်လိုက်ပြီး မည်သည့်ကြောက်ရွံ့မှုမှမရှိပေ။သူတို့ကို တစ်ဦးတည်းအားဖြင့် ဖိနှိပ်လိုက်သည်။

All Chapters