← Chapters

ပြဿနာကို မီးမွှေးခြင်း

Vol. 21 Ch. 258

ပြဿနာကို မီးမွှေးခြင်း

Vol. 21 Ch. 258

နတ်ဆိုးတိုက်ကြီးသို့ ရောက်သောအခါ လနတ်သားသည် ခေါင်းပြတ်အလောင်းကို မြေပြင်ပေါ် ပစ်ချ၍ အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသည့် နွံတောတစ်ခုထံ စိုက်ကြည့်လိုက်ရာ ငွေရောင်အလင်းတစ်ချက် ပြေးထွက်သွား၏။ ယောင်ယောင် ခေါ် စစ်မင်းသမီးက နွံတောအတွင်းမှ ထွက်လာ၍ ထာဝရ ဓားအကျဥ်းထောင် ထိပ်တန်းတပည့်တစ်ယောက် ဖြစ်နိုင်သော အလောင်းကို ကြည့်ကာ စပ်စုလိုက်သည်။

"ဒါက ဘာလဲ"

"နည်းနည်းလောက် ကူညီပေး"

လနတ်သားက အနောက်ဆုတ်၍ တစ်လုံးချင်း ပြောလိုက်သည်။

"ဘာကူညီရမှာလဲ"

စစ်မင်းသမီးက တစ်ချက် ရင်ထိတ်သွား၏။

"ဒီအလောင်းကို မိစ္ဆာမျိုးနွယ်က သတ်လိုက်တဲ့ ပုံစံ ပြင်ပေး"

သူမ ရှေ့ရောက်နေသည်မှာ လနတ်သားဖြစ်သော်လည်း ယွမ်ရှောင်၏ ကိုယ်ပွားဟု နားလည်ထားသောကြောင့် ညွှန်ကြားချက်ကို မငြင်းဆန်ရဲချေ။

"ဓားကျင့်ကြံသူတွေနဲ့ ငါတို့ မိစ္ဆာမျိုးနွယ်အကြားမှာ ပြဿနာဖြစ်စေချင်လို့လား"

သူမ၏ မျက်နှာထား အနည်းငယ် တင်းမာလာ၏။

"ဘာကို ငါတို့လဲ။ မှားတယ်။ မင်းရဲ့ သစ္စာတရားက မိစ္ဆာမျိုးနွယ်အပေါ်မှာ မရှိရဘူး။ ငါ တစ်ယောက်တည်းကို သစ္စာစောင့်ရမယ်"

လနတ်သားက အေးစက်စက် သတိပေးလိုက်သည်။

"နားလည်ပါပြီ"

သူမက ခေါင်းငုံ့သွားကာ တစ်သက်လုံး ယွမ်ရှောင်ကို ကလန်ကဆန် လုပ်မရကြောင်း နားလည်သဘောပေါက်ထား၏။ ထို့နောက် တိတ်ဆိတ်စွာဖြင့် ယွမ်ပေချန်၏ အလောင်းကို မိစ္ဆာမျိုးနွယ်မှ သတ်ဖြတ်ထားသကဲ့သို့ ပြုပြင်ပေးပြီး မေးခွန်းထုတ်လိုက်ပြန်သည်။

"ဘာကြောင့် သူတို့ကို ရုတ်တရက် တိုက်ခိုက်ချင်ရတာလဲ"

"ငါက စောင့်ဖို့ အစီအစဥ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကောင်တွေက ငါ့ကို လှုပ်ရှားလာအောင် ဖိအားပေးနေတယ်။ သူတို့နဲ့ ပတ်သက်ရင် မစွန့်စားချင်လို့ သတ်ပစ်လိုက်တာက အရှင်းဆုံးပဲ"

လနတ်သားက ရှင်းပြလိုက်ပြီး ရိုးရှင်းရက်စက်သော နည်းလမ်းကို စစ်မင်းသမီးလည်း ခေါင်းညိတ်ထောက်ခံခဲ့သည်။

"ဒီနယ်ခြားဓားကျင့်ကြံသူတွေနဲ့ ပြဿနာဖြစ်အောင် အလောင်းကို အသုံးချလိုက်။ ငါက မင်းကို ကူညီပြီး အပြတ်ရှင်းပေးမယ်။ ဖန်းယိုကို အဓိကအင်အားစုအဖြစ် တိုက်ခိုက်ခိုင်း"

"နားလည်ပါပြီ"

လနတ်သား၏ ညွှန်ကြားမှုအတိုင်း သူမက လိုက်နာခဲ့ပြီး လက်ရှိပစ်မှတ်မှာ မိစ္ဆာမျိုးနွယ်မဟုတ်သောကြောင့် အပြည့်အဝ ပူးပေါင်းပေးရန် ဆန္ဒရှိနေခဲ့သည်။ မိစ္ဆာမျိုးနွယ် ထိခိုက်ရလျှင်ပင် သခင်ဖြစ်သူ အမိန့်ပေးလာလျှင် ငြင်းဆန်နိုင်မည် မဟုတ်ချေ။ ထို့နောက် သူမက သစ်တောအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကာ ကိုယ်တွင်းရှိ မိစ္ဆာမျိုးစေ့ဖြင့် ညွှန်ကြားချက်များ ဆက်လက်ရရှိနေသည်။

"ထာဝရ ဓားအကျဥ်းထောင်နဲ့ မိစ္ဆာမျိုးနွယ်က ဝင်ပေါက်ကို ချဲ့ထွင်ရာမှာ အခက်တွေ့နေကြတယ်။ သန်မာသူတွေ ရောက်လာဖို့ မလွယ်ဘူး"

ယွမ်ရှောင်၏ စကားသံက သူမ၏ နှလုံးသားအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

"ဒါဆိုရင် နင်က နတ်ဆိုးတိုက်ကြီးဆီ ရောက်လာတဲ့ ဓားကျင့်ကြံသူတိုင်းကို သတ်ပြီး မိစ္ဆာမျိုးနွယ်ကို အပြစ်ပုံချချင်တာလား"

သူမက နူးညံ့စွာ ပြန်လှန်မေးခဲ့သည်။

"မင်းက ဝင်ပေါက်လမ်းကြောင်းကို ပိတ်ဆို့ဖို့ သန်မာနေမှရမယ်။ အဲ့ဒီဓားကျင့်ကြံသူတွေရဲ့ သွေးကို ဝါးမျိုလိုက်"

"တကယ်လို့ ဝင်ပေါက်က ကျယ်လာပြီး အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာရင်ရော ဘယ်လိုလုပ်ရမလဲ"

"ငါတို့က တံတားကို ဖြတ်ပြီးနေပြီ။ နောက်ပြန်လှည့်လို့မရတော့ဘူး"

ယွမ်ရှောင်၏ အသံက မှေးမှိန်ပျောက်ကွယ်သွားကာ စစ်မင်းသမီး ကိုင်တွယ်ရန် ပြဿနာများ ထားရစ်ခဲ့သည်။

နတ်ဆိုးတိုက်ကြီး၏ တစ်နေရာတွင် ကောင်းကင်ဘုံမြေကို စူးစမ်းလေ့လာနေသော ဓားစီရင်သူတစ်ယောက်သည် ခေါင်းပြတ်အလောင်းကို မြင်လိုက်ရပြီး ရင်းနှီးနေသော ဝတ်ရုံကြောင့် ကျောစိမ့်သွားသည်။

"ဟေ့ ဘာတွေဖြစ်နေတာလဲ"

ပိုင်ချန်ဟုန်၏ အသံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။

"ယွမ်ပေချန် သေသွားပြီ"

"ဘာ"

ဓားစီရင်သူက တုန်တုန်ရီရီဖြင့် ရောက်လာပြီး မျက်နှာဖြူဖပ်ဖြူရော်နှင့် ပြောလိုက်သောအခါ အခြားဓားကျင့်ကြံသူများကို လည်ချောင်းများ တစ်ဆို့ဆို့ ဖြစ်သွားစေကာ နှလုံးခုန်လွန်းသဖြင့် အပြင်သို့ ပေါက်ထွက်မတတ် ဖြစ်နေသည်။ သူတို့က အနားသို့ ချက်ချင်းပြေးလာကြပြီး အနီးကပ်စစ်ဆေးလိုက်သောအခါ ကြောက်လန့်တုန်လှုပ်သွားကြ၏။

"ဒါက တကယ့်ကို သခင်လေးယွမ်ပေချန်ပဲ"

လူတိုင်း၏ မျက်နှာက သွေးဆုတ်ဖြူရော်သွားကာ အသက်ပင် ရဲရဲ မရှူနိုင်ကြတော့ပေ။

"ဒီနေရာမှာ သူ သေသွားတာက ကပ်ဘေးတစ်ခု ဖြစ်စေလိမ့်မယ်"

သူတို့အပေါ် သေခြင်းတရား ချဥ်းကပ်လာသည်ဟု ခံစားနေရ၏။

"သူက သေသွားပေမယ့် ငါတို့က အပြစ်ပေးခံရလိမ့်မယ်။ အကြီးအကဲတွေက ပါရမီရှင်တွေကို အလေးထားတယ်။ သူ့ကို မကာကွယ်ပေးနိုင်တဲ့အတွက် အပြစ်ဒဏ်က မျိုးနွယ်တစ်ခုလုံး သေပေးရလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ယွမ်ပေချန် သေတာက တစ်ကိုယ်တော် လှုပ်ရှားလို့ပဲ။ ငါတို့က အပြစ်တင်မခံနိုင််ဘူး။ တကယ့်ပြဿနာက ဘယ်သူ သတ်သွားလဲဆိုတာ သက်သေ မရှိဘူး"

ယွမ်ပေချန်ကို မကာကွယ်ပေးနိုင်သောကြောင့် သူတို့ အားလုံး အပြစ်ခံရနိုင်သဖြင့် ပိုင်ချန်ဟုန်က သက်ပြင်းချလိုက်မိ၏။

"အဘိုးပိုင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

သူတို့က စိုးရိမ်တကြီး အကြံတောင်းလိုက်ကြ၏။

"လူသတ်သမားကို ရှာဖွေပြီး ဓားအပျက်အစီးနယ်မြေကို ပို့ပေးရမယ်။ ဒါဆိုရင် ကြီးကြပ်သူယွမ်က ငါတို့ကို ခွင့်လွှတ်ပေးနိုင်တယ်"

သူက လေးနက်စွာ သုံးသပ်ပြခဲ့သည်။

"ဒီလို စွမ်းအားပြင်းထန်တဲ့ သွေးနံ့တွေအရ လူသတ်သမားက...."

ဓားစီရင်သူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"သိသာပါတယ်။ သူ့ကို သတ်နိုင်တာက ဒီနေရာမှာ မိစ္ဆာမျိုးနွယ်ပဲ ရှိတယ်"

"ဒီကောင်တွေက ဒီလောက်မောက်မာနေကြတာလား။ သေသင့်တယ်။ ဒါပေမယ့် ဘာလို့ ယွမ်ပေချန်ကို သတ်ပြီး အလောင်းကို ထားပစ်ခဲ့တာလဲ။ ဘာကြောင့် သက်သေချန်ထားရတာလဲ"

"ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်။ တစ်ယောက်ယောက်က သူတို့အပေါ် အပြစ်ပုံချပြီး ငါတို့နဲ့ တိုက်ခိုက်စေတာပဲ။ နောက်ထပ်ဖြစ်နိုင်ချေအရ မိစ္ဆာမျိုးနွယ်က မောက်မာပြီး ငါတို့ကို ရန်စလိုက်တာပဲ"

ပိုင်ချန်ဟုန်က ခေါင်းပြတ်အလောင်းကို စစ်ဆေးရင်း စကားဆိုခဲ့သည်။

"ဘယ်ဟာက ပိုဖြစ်နိုင်လဲ"

"ဒုတိယ ဖြစ်နိုင်ချေပေါ့။ မိစ္ဆာမျိုးနွယ်က ရက်စက်ပြီး မောက်မာတယ်။ ပြီးတော့ ဘယ်သူက သူတို့ကို အပြစ်ပုံချမှာလဲ"

"ပြောဖို့ ခက်တယ်ကွ။ ဒါပေမယ့် သူတို့ကို မေးလိုက်ရင် အဖြေသိနိုင်တယ်."

သူတို့က မိစ္ဆာမျိုးနွယ်ဝင်များ၏ တည်နေရာကို သိထားသောကြောင့် ထွက်ခွာလာကြရာ မကြာမီ အချိန်အတွင်း ဆံပင်ဖြူ မိစ္ဆာ ဖုန်းယိုနှင့် မင်သက်လောက်အောင် လှပသော စစ်မင်းသမီးကို တွေ့ခဲ့ကြသည်။

"ဘာကိစ္စလဲ"

ဖုန်းယိုက နက်မှောင်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်လာ၏။

"ငါတို့ရဲ့ ထိပ်တန်းတပည့် ယွမ်ပေချန်က သစ်တောထဲမှာ အသတ်ခံလိုက်ရတယ်။ အလောင်းပေါ်မှာ သွေးပညာရပ် သဲလွန်စတွေကို တွေ့ထားတယ်"

ပိုင်ချန်ဟုန်က သူ့ကို တရားခံအဖြစ် သံသယဝင်နေသောကြောင့် သတိထား စောင့်ကြည့်နေသည်။ ထိုအချိန်၌ တစ်ဖက်လူသည် မိစ္ဆာမျိုးနွယ်ဝင် ပါရမီရှင်များကို ဦးဆောင်၍ ရှေ့တက်လာကြသည်။

"ငါတို့က ပြဿနာ မဖြစ်ချင်ပေမယ့် စစ်မင်းသမီးရဲ့ ဖြေရှင်းချက်တစ်ခု လိုချင်ပါတယ်"

သူက ခိုင်ခိုင်မာမာ ရပ်တည်၍ လေးနက်စွာ တောင်းဆိုခဲ့၏။

"ဖြေရှင်းချက် ဟုတ်လား။ ငါ့ ခြေထောက်ကို လာလျှက်လိုက်ပါလား။ ထာဝရဓားအကျဥ်းထောင်က ကိုယ့်တပည့်ကို သတ်ပြီး ငါတို့ကို အပြစ်တင်ချင်နေတာမလား။ ထွက်သွားစမ်း ဒီအမှိုက်ရဲ့ အလောင်းကို မမြင်ချင်ဘူး။ ငါတို့ကို ဆက်ပြီး စွပ်စွဲနေရင် မင်းတို့တစ်အုပ်လုံး အလောင်းတွေ ဖြစ်ကုန်မယ်"

ဖုန်းယိုက နှာခေါင်းရှုံ့၍ အေးစက်စက် ခြိမ်းခြောက်လိုက်သောအခါ အဆုံးမဲ့ငရဲပြည်၏ ရက်စက်မှုအကြောင်း သိထားသော ဓားကျင့်ကြံသူများ ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။

"ဖုန်းယို၊ ငါ သတ်လိုက်တာ"

စစ်မင်းသမီးက နောက်လိုက်များကို ရုတ်တရက် စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ ဓားကျင့်ကြံသူများ၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ ဝန်ခံလာသော တရားခံကြောင့် နားမလည်နိုင် ဖြစ်နေ၏။

"ဘာကြောင့် သူ့ကို သတ်လိုက်ရတာလဲ"

ပိုင်ချန်ဟုန်က မျက်မှောင်ကြုတ်၍ အကျိုးအကြောင်း မေးမြန်းသည်။

"ဒီကောင်က သူ့ရဲ့ စည်းမစောင့်တဲ့ ပါးစပ်နဲ့ ငါ့ကို စော်ကားမော်ကား ပြောခဲ့လို့"

စစ်မင်းသမီး၏ စကားကြောင့် မိစ္ဆာများ ဒေါသတကြီးဖြစ်သွားကာ ဤမိန်းကလေးသည် အဆုံးမဲ့ ငရဲပြည်ရှိ မိစ္ဆာအထီးများ၏ အိပ်မက်တစ်ပါးဖြစ်သောကြောင့် မျိုးနွယ်ခြားက သူမကို စော်ကားခြင်းသည် ရန်စခြင်းပင်။

"ဒီလိုအမှိုက်က ငါတို့မင်းသမီးကို စော်ကားရဲတယ်ပေါ့"

"ဟား၊ ဟား။ ဒီလိုကောင်မျိုး သေသင့်တယ်"

အဆုံးမဲ့ငရဲပြည်၏ ပါရမီရှင်များ လှောင်ပြောင်ရယ်မောနေစဥ် စစ်မင်းသမီးက ထပ်ပြောလိုက်၏။

"ငါ သူ့ကို သတ်ပြီး သင်ခန်းစာတစ်ခုအဖြစ် အလောင်းချန်ခဲ့တာပဲ။ နောက်တစ်ကြိမ်ကျရင် ပါးစပ်ကို စည်းစောင့်ကြ"

"သွားကြစို့"

လူသတ်သမားက ဝန်ခံလိုက်သောကြောင့် အဖြေရှင်းသွားသော်လည်း ပိုင်ချန်ဟုန်၏ ဦးဆောင်မှုဖြင့် ဓားကျင့်ကြံသူများ နောက်ဆုတ်သွားကြ၏။

"မင်းတို့က ပြန်သွားပြီး လက်စားချေဖို့ အကူအညီ သွားတောင်းမလို့လား။ ဒီကောင်တွေက ပြဿနာ စရှာထားတယ်ဆိုတော့ တစ်ယောက်တည်းကို သတ်ရုံနဲ့ မလုံလောက်တော့ဘူး။ အကုန်သတ်ပစ်လိုက်၊ အကျိုးဆက်ကို ငါ တာဝန်ယူမယ်"

သူ၏အကြံကို ခန့်မှန်းနိုင်လိုက်သော စစ်မင်းသမီး၏ အမြော်အမြင်ကြီးမှုကြောင့် ပိုင်ချန်ဟုန်၏ ဦးရေပြား ကျိန်းစပ်သွားခဲ့သည်။ သူမက ဖုန်းယိုကို အမိန့်ပေးလိုက်သောအခါ ယွမ်ပေချန်၏ အလောင်းအကြောင်း မစုံစမ်းရသေးသောကြောင့် စဥ်းစားရခက်နေသော်လည်း အဆင့်အတန်း ကွာခြားမှုကြောင့် ကလန်ကဆန်မလုပ်ရဲချေ။

"အဆုံးမဲ့ငရဲပြည်ရဲ့ မင်းသမီးကို စော်ကားရဲတယ်။ ညီအစ်ကိုတို့ တိုက်ခိုက်ကြ။ အကုန်သတ်စမ်း"

ဖုန်းယိုက အေးစက်စက် အချက်ပြလိုက်သောအခါ ပိုင်ချန်ဟုန် ရင်ထိတ်သွားရ၏။ ယွမ်ပေချန်က တဏှာကြီးသူ တစ်ယောက်ဖြစ်သောကြောင့် စစ်မင်းသမီး၏လက်ချက်ဖြင့် သေသွားကြောင်း သိလိုက်ရသောအခါ သူတို့ကို သတ်၍ အမှန်တရားကို ဖုံးကွယ်ပေလိမ့်မည်။

"ပြေးကြ"

ရန်လိုမှုနှင့် ရင်ဆိုင်ရသောအခါ သူက ပြဿနာဖြစ်ရန် မလိုလားသောကြောင့် ဆုတ်ခွာချင်ခဲ့သည်။

"အကုန်အဆုံးသတ်ပေးလိုက်"

စစ်မင်းသမီးက ဖုန်းယိုနှင့် အကြည့်ချင်းဆုံကာ အမိန့်ပေးလိုက်သောအခါ ပါရမီရှင် မိစ္ဆာလူငယ်များ အကြမ်းပတမ်း ပြေးထွက်သွားကာ ဓားကျင့်ကြံသူများကို ပစ်မှတ်ထားလိုက်ကြ၏။ ဖုန်းယိုသည် ပိုင်ချန်ဟုန်ကို လမ်းပိတ်ရပ်လိုက်သောကြောင့် ဓားဝိညာဥ် ဆင့်ခေါ်ပြီး သူသေကိုယ်သေတိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"တစ်ယောက်ချင်း တိုက်ခိုက်ချင်တာလား"

စစ်မင်းသမီးက ဖုန်းယိုအနားတွင် ထွက်ပေါ်လာကာ သူ၏ပခုံးကို ပုတ်၍ ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

"အရှင်မ"

သူမ၏ လုပ်ရပ်က ဖုန်းယိုကို နွေးထွေးသွားစေကာ စစ်မင်းသမီးနှင့် ပခုံးချင်းယှဥ် တိုက်ခိုက်ရမည်ဖြစ်သောကြောင့် နွေးထွေးသွားခဲ့ပြီး သံသယများ ပျောက်ကွယ်ကုန်သည်။ သို့ရာတွင် သူမ၏ လက်ဖဝါးမှ နာကျင်မှုတစ်ခု ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်နေစဥ် နှလုံးသားအတွင်းမှ စကားသံကို ကြားလိုက်ရ၏။

"မင်းက တခြားယောက်ျားတွေကို ထိခွင့် မရှိဘူး"

"သဝန်တိုနေတာလား"

"သတ်စရာရှိတာ သတ်စမ်းပါ"

ယွမ်ရှောင်၏ အမိန့်ကြောင့် သူမက နှုတ်ခမ်းကိုက်၍ ဖုန်းယိုအား ခြိမ်းခြောက်လိုက်သည်။

"ဒီအဘိုးကြီးကို နင် မသတ်နိုင်ရင် အဆုံးမဲ့ငရဲပြည်ကို ပြန်ရောက်တာနဲ့ ငါ့ကို ကူညီဖို့ နောက်တစ်ယောက် ရှာလိုက်မယ်"

"ဟုတ်ကဲ့"

ဖုန်းယိုက အော်ဟစ်ကြုံးဝါး၍ မိစ္ဆာချီကို အသက်သွင်းကာ ပိုင်ချန်ဟုန်ထံ ခုန်ဝင်သွားခဲ့ပြီး နတ်ဆိုးတိုက်ကြီးတွင် ပြင်းထန်ရက်စက်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။ အနားရှိ တောင်ထိပ်ပေါ်တွင် အမြှီးလေးချောင်း နတ်ဆိုးမြေခွေးတစ်ကောင် ရှိနေပြီး အရာရာတိုင်းကို စောင့်ကြည့်နေခဲ့လေသည်။

All Chapters