← Chapters

လင်းချန်၏ အကြံ

Vol. 21 Ch. 259

လင်းချန်၏ အကြံ

Vol. 21 Ch. 259

"ကြီးကြပ်သူယွမ်"

အစိမ်းရောင်ဝတ်ရုံနှင့် ဓားသမားတစ်ယောက်က အမည်ခံ အင်မော်တယ်နန်းတော်အတွင်း အပြေးတစ်ပိုင်း ရောက်ရှိလာကာ နတ်ဆိုးတိုက်ကြီး၏ အဖြစ်အပျက်တိုင်းကို သတင်းပေးခဲ့သည်။ ယွမ်ပေချန်က စစ်မင်းသမီးကို စကားဖြင့် စော်ကားမိ၍ အသတ်ခံလိုက်ရကြောင်း သိသောအခါ ယွမ်ရှင်းဟယ်၏ မျက်လုံးအတွင်း ဓားအလင်းများစွာ ဖြစ်ပေါ်လာ၏။

"သူတို့က သခင်လေးယွမ်ကို သတ်ရုံတင်မဟုတ်ဘဲ တောင်သခင်ပိုင်နဲ့ လူတိုင်းကို သတ်ပစ်ခဲ့ပြီး သတင်းပြန်ပို့ဖို့အတွက် တစ်ယောက်ပဲ ချန်ထားခဲ့တယ်။ ဒါပေမယ့် မိစ္ဆာပါရမီရှင်နှစ်ယောက်ကိုတော့ ပြန်သတ်နိုင်လိုက်ပါတယ်"

သတင်းပို့ဆက်သားက ဒူးထောက်၍ အသေးစိတ် တင်ပြလိုက်၏။

"ပေချန်အကြောင်း ငါသိထားသလောက်ဆိုရင် ရူးရူးမိုက်မိုက် လုပ်မယ့် လူမျိုးမဟုတ်ဘူး"

အနားတွင် သတင်းကို နားစွင့်နေသော ကြီးကြပ်သူ နှစ်ယောက်အနက် ရွှမ်းကျန်းက ပြောလိုက်ခြင်း ဖြစ်သည်။

"ကြည့်ရတာ အဆုံးမဲ့ငရဲပြည်က ညစ်ပတ်တဲ့ လှည့်ကွက်တွေ လုပ်ချင်နေတာပဲ။ ဒီကိစ္စကို အကြောင်းပြပြီး ကောင်းကင်ဘုံမြေကို သိမ်းဖို့ ကြံနေလောက်တယ်"

ဖုန်းပုဟွေက တွက်ချက်ပြလိုက်၏။

"မိစ္ဆာမျိုးနွယ်က ထုံးစံအတိုင်း ကောက်ကျစ်ယုတ်မာနေတုန်းပဲ။ တခြားကြီးကြပ်သူတွေနဲ့ တိုင်ပင်ပြီး ​တရားမျှတမှု ရှာဖွေရမယ်"

ယွမ်ရှင်းဟယ်က အံကြိတ်ရေရွတ်လိုက်ပြီး မျက်နှာတစ်ခုလုံး မည်းနက်နေသည်။

"မျက်နှာဖုံးတွေ ချွတ်လိုက်ပြီဆိုရင် ဟန်ဆောင်နေလည်း အသုံးမဝင်တော့ဘူး။ အမှန်တရားအတိုင်း ဆောင်ရွက်ကြတာပေါ့။ ပြိုင်ပွဲပြီးရင် ငါကိုယ်တိုင် သူမဆီက ဖြေရှင်းချက်တောင်းမယ်"

ထိုအချိန်၌ အမည်ခံနန်းတော်အတွင်းမှ တံခါးများ ပွင့်လာကာ ခရမ်းရောင်ဝတ်ရုံနှင့် လင်းချန် ထွက်ပေါ်လာခဲ့သည်။

"သူတို့က ကောင်းကင်ဘုံမြေကို ရသွားမှာ မစိုးရိမ်ဘူးလား"

"ငရဲကိုးထပ်မှာ ငါတစ်ယောက်တည်းသာ ကောင်းကင်မြေရဲ့ ဗဟိုချက်ကို ရှာနိုင်တယ်"

ယွမ်ရှင်းဟယ်၏ အမေးကို သူက ချက်ချင်း ခေါင်းယမ်းပြသည်။ သူ၏ စကားကြောင့် ကြီးကြပ်သူသုံးယောက် စိတ်အေးသွားကာ ပါရမီထူးချွန်ကြောင်း သိထား၍ ကျင့်ကြံရန် အချိန်သာ လိုအပ်ပေသည်။

"လက်ရှိမှာ ဝင်ပေါက်က ကျင့်ကြံဆင့်ကို ကန့်သတ်ထားလို့ သခင်လေးလင်းနဲ့ ပါရမီရှင်တွေ ထွက်လာရင် ဆယ်ဆင့် မိစ္ဆာသွေးတောင် တစ်ချက်မှ ခုခံနိုင်မှာမဟုတ်ဘူး"

ရွှမ်းကျန်းက ဖားယားမြှောက်ပင့်နေသည်။

"ဒီစစ်မင်းသမီးက ကိုးဆင့်သွေးကို အသက်ဝင်နိုင်ခဲ့တယ်လို့ ကြားတယ်။ သူမက ကျင့်ကြံရမယ့်အစား နတ်ဆိုးတိုက်ကြီးမှာ အချိန်ဖြုန်းနေတယ်။ မကြာခင် သခင်လေးရဲ့အနောက်မှာ ကျန်ရစ်ခဲ့လိမ့်မယ်"

ဖုန်းပုဟွေက ထပ်မံ မြှောက်ပင့်ပြန်သည်။

"လင်းချန် ဒီမိစ္ဆာတွေက သရုပ်မှန်ပေါ်လာကြပြီ။ ပေချန်ကို သတ်ခဲ့တဲ့အတွက် မင်းက လက်စားချေပေးနိုင်မယ်လို့ ငါတို့ ယုံကြည်တယ်။ ကျေးဇူးပြုပြီး အဆုံးမဲ့ငရဲပြည်ကို အဆတစ်ရာ ပေးဆပ်ခိုင်းပါ"

ယွမ်ရှင်းဟယ်က လေးနက်စွာ တောင်းဆိုလိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်နေရ၏။

"သူတို့ကို ရက်နည်းနည်းလောက် လွှတ်ပေးထားလိုက်မယ်။ လင်းချန်ကိုယ်တိုင် လှုပ်ရှားရင် ဒီနိမ့်ကျတဲ့ မိစ္ဆာတွေ တစ်ချက်တောင် ခုခံနိုင်မှာ မဟုတ်ဘူး"

ထိုအချိန်တွင် လင်းချန်သည် အဝေးရှိ ဓားတောင်များကို ငေးကြည့်ရင်း မိစ္ဆာတစ်ကောင်အလား အကြည့်က နက်ရှိုင်းနေသည်။ လူသားမျိုးနွယ်သည် တာအိုအားလုံးကို ကျင့်ကြံနိုင်ပြီး အခြားမျိုးနွယ်များထက် အပြစ်အနာဆာ ကင်းမဲ့သည်။ သူက ငရဲကိုးထပ်တွင် ပြန်လည်မွေးဖွားလာသောအခါ ဤဓားကျင့်ကြံသူမျိုးနွယ်ကို ဦးဆောင်၍ ကောင်းကင်တာအို၏ထိပ်ဆုံးသို့ ရောက်ရန် ရည်ရွယ်ထားသည်။ မိစ္ဆာမျိုးနွယ်ကို သူ၏ ကျွန်မျိုးနွယ်အဖြစ် သတ်မှတ်ထားသောကြောင့် ကောင်းကင်မြေကို လာရောက်လုယူချင်နေသောအခါ သည်းမခံနိုင်ချေ။

"ကျုပ်တို့က ခင်ဗျားနောက်ကို သေတဲ့အထိ လိုက်ချင်ပါတယ်။ သခင်လေးလင်း"

ကြီးကြပ်သူသုံးယောက်က သတ်ဖြတ်လိုစိတ်ပြင်းထန်စွာ ဒူးထောက် ကြွေးကြော်ခဲ့သည်။

"အဲ့ဒီမိစ္ဆာမက တော်တော်လှတယ်လို့ ကြားထားတယ်"

လင်းချန်က မျက်ခုံးတစ်ချက်ပင့်၍ ရေရွတ်လိုက်သည်။

"ဟုတ်ပါတယ်။ ငရဲကိုးထပ်မှာ အသက်ရှူမှားလောက်စရာ အလှမျိုးပါပဲ"

ဖုန်းပုဟွေက လင်းချန် ကြားလိုသည့်အတိုင်း တသဝေမတိမ်း ဖြေခဲ့သည်။

"ဒီကောင်မက ငါ့အစေခံဖြစ်လာမယ်ဆိုရင် ဘယ်လိုသဘောရလဲ။ နိမ့်ကျတဲ့ မိစ္ဆာမျိုးနွယ်က ဘယ်လိုတုံ့ပြန်လာမယ် ထင်သလဲ"

လင်းချန်က ဟက်ဟက်ပက်ပက် ရယ်မော၍ ကျေနပ်စွာ အော်ဟစ်လိုက်သည်။

"မိစ္ဆာမျိုးနွယ်က အရှက်ကွဲရင်တောင် ဒူးထောက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး။ ငရဲကိုးထပ်လုံးက သခင်လေးလင်း ပိုင်ဆိုင်သင့်ပါတယ်။ စစ်မင်းသမီးတစ်ယောက်တည်းမဟုတ်ဘဲ အကုန်လုံးက အစေခံ ဖြစ်လာပါလိမ့်မယ်"

ယွမ်ရှင်းဟယ်က လင်းချန်စိတ်တိုင်းကျ မြှောက်ပင့်ပေးနေသည်။

"ငါက နောက်နေတာပါ။ အဲ့လောက်ကြီး ယုံကြည်မှုရှိမနေနဲ့။ တစ်ကြိမ်မှာ တစ်ခါပဲ ကိုက်ရမယ်။ လောဘကြီးလို့ မရဘူး"

လင်းချန်က လက်ကာပြ၍ ပြောလိုက်သောအခါ ကြီးကြပ်သူသုံးယောက်မှာ လက်မထောင်ပြလိုက်၏။

ထိုအချိန်၌ ယွမ်ရှောင်သည် ဓားအပျက်အစီးနယ်မြေ၏ တောင်တန်းများအထက်တွင် ရှိနေပြီး လေတဖြူးဖြူး တိုက်ခတ်နေသောကြောင့် ဆံပင်များ လွင့်ပျံနေသည်။ အဝေးသို့ ကြည့်လိုက်လျှင် မရေမတွက်နိုင်သော တိမ်များအောက်တွင် ဓားတောင်များနှင့် မိုးကုပ်စက်ဝိုင်းကို မြင်နိုင်၏။ အသူရာဓားဂိုဏ်းမှ အတိတ်နေ့ရက်များကို သူက ပြန်လည်သတိရနေပြီး ဓားပင်လယ်မှာ လူရှုပ်လွန်းသောကြောင့် ငြိမ်းချမ်းမှု မရှိချေ။ နှိုင်းယှဥ်ရလျှင် ကျယ်ဝန်း လွတ်လပ်သော နယ်မြေများကို သူက သဘောကျပြီး ဓားတောင်ထိပ် ကိုးရာကျော်ကို ကြည့်နေရင်း တိုက်ခိုက်စိတ် ဖြစ်ပေါ်လာသည်။ လနတ်သားနှင့် မိစ္ဆာမက နတ်ဆိုးတိုက်ကြီးတွင် အလုပ်ရှုပ်နေသော်လည်း အရာရာကို ဝါးမျိုလိုသော သူ၏စိတ်ကို မရပ်တန့်နိုင်ပေ။

"သခင်လေးယွမ်"

ထိုအချိန်၌ ခေါ်သံ တစ်ခု ကြားလိုက်ရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရွှေရောင်ဝတ်ရုံဖြင့် မိန်းကလေး မုတလုံ ရောက်နေကြောင်း သိခဲ့ရသည်။

"ဘာကိစ္စများလဲ"

"ငါက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမယ့် သခင်လေးယွမ်လို အချင်းရောအဆင်းပါပြည့်စုံတဲ့ လူသားတစ်ယောက်ကို မမြင်ဖူးဘူး။ ငါ့စကားတွေက ပွင့်လင်းလွန်းရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပညတယ်"

မုတလုံက အနည်းငယ် ဦးညွှတ်၍ ချီးကျူးလိုက်သည်။

"ဂိုဏ်းတူအစ်မရဲ့ ချီးကျူးစကားက မြှောက်ပင့်လွန်းနေပါပြီ။ ဓားသမားတစ်ယောက်အတွက် ရုပ်ရည်ထက် ဓားကသာ အလှတရား အစစ်ပါ"

ယွမ်ရှောင်က ခေါင်းယမ်း၍ တစ်လုံးချင်း ပြောလိုက်ရာ သူမသည် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း အလွန်တရာ ချောမောသူများမှာ အခွင့်အရေးအချို့ ရတတ်ပေသည်။

"အစ်မမုရဲ့ အလှကလည်း အင်မော်တယ်လမ်းကြောင်းမှာ ပန်းပွင့်လေးလိုပါပဲ။ ကျုပ်က ဒီဘဝမှာ မြင်ခွင့်ရတာ ကံကောင်းလွန်းလို့ပါ"

"မင်းက တော်တော်စကားတတ်တာပဲ။ တကယ်တော့ ငါက မိခင်တစ်ယောက်ဖြစ်နေပြီမို့ မပြောပါနဲ့။ ဒါပေမယ့် သခင်လေးယွမ်ရဲ့ ချီးကျူးစကားကြောင့် ကျေနပ်မိပါတယ်"

မုတလုံ၏ စကားကြောင့် သူက ခေါင်းညိတ်၍ စကားမဆိုတော့ချေ။ ထို့နောက် သူမသည် ချီစွမ်းအင်များ သိပ်သည်းစွာ တည်ရှိနေသော တောင်ကြားတစ်ခုကို ညွှန်ပြ၍ ပန်းပင်လယ်နှင့် သစ်တောများ ရှိနေသောကြောင့် ပုန်းကွယ်နေသည့် သုခဘုံတစ်ခုအလား ထင်မှတ်ရသည်။

"ဒီတောင်ကြားက ဘယ်လိုနေရာလဲ"

"ဒါက အပျက်အစီးတောင်ကြားလို့ခေါ်ပြီး မြင့်မြတ်နယ်မြေ တစ်ခုပဲ။ ဓားအစောင့်အရှောက် ကျင့်ကြံဖို့ ကောင်းချီးနယ်မြေ ဖြစ်ပြီး ချီစွမ်းအင် အသိပ်သည်းဆုံး ဖြစ်ပေမယ့် အဖေက အလုပ်ရှုပ်လွန်းလို့ ငါနဲ့ သမီးလေးကို နေခွင့်ပေးထားတယ်။ လူနည်းတဲ့အတွက် သခင်လေးယွမ် အေးအေးဆေးဆေး ကျင့်ကြံနိုင်ပြီး နန်းတော် မပြီးခင်အထိ နေထိုင်လို့ရပါတယ်"

ယွမ်ရှောင်၏ မေးခွန်းကို သူမက နူးညံ့သိမ်မွေ့စွာ ရှင်းပြလိုက်၏။

"နန်းတော်အသစ်တစ်ခု တည်ဆောက်စရာ မလိုပါဘူး။ ကျုပ်က ဒီတောင်ကြားကို သဘောကျတယ်"

လနီက ယွမ်ရှောင်၏ အသံတု လုပ်ကာ ပြောလိုက်သဖြင့် သူမကို အံ့သြသွားစေသည်။ ထိုသားရဲလေးမှာ သူမ၏ ယုန်နှစ်ကောင်အကြောင်း စကားဆက်ချင်သော်လည်း ယွမ်ရှောင်က ကပျာကယာ ပါးစပ်ပိတ်လိုက်ရ၏။

"ကျုပ်ရဲ့ အိမ်မွေးသားရဲလေးက လျှောက်စနေတာပါ။ စိတ်ထဲ မထားပါနဲ့ ဂိုဏ်းတူအစ်မ"

"နားလည်ပါပြီ"

ထို့နောက် သူတို့သည် အပျက်အစီးတောင်ကြားထံ ခရီးဆက်ခဲ့ကြပြီး မြူခိုးများအကြားတွင် လှပသော သီးသန့်ခြံဝန်းတစ်ခု ရှိနေသည်။

"အရင်ဆုံး ဒီနေရာနဲ့ အသားကျအောင် ကျင့်ကြံလိုက်ဦးမယ်။ နောက်ပိုင်းကျရင် ဘိုးဘေးဓားသင်္ချိုင်းကို လိုက်ပို့ပေးဖို့ အကူအညီတောင်းချင်ပါတယ်"

ယွမ်ရှောင်က ယဥ်ကျေးစွာ တောင်းဆိုလိုက်သည်။

"ဟုတ်ကဲ့"

မုတလုံက ကျက်သရေရှိစွာ ခေါင်းညိတ်၍ ခြံဝန်းလေးထံ ဦးတည်ကာ ညှင်သာစွာ အသိပေးလိုက်လေသည်။

"ရှောင်လုံ ထတော့။ အပြင်ထွက်ပြီး အမည်ခံ ဓားအင်မော်တယ် သခင်လေးယွမ်ကို လာတွေ့ရမယ်"

All Chapters