ထိုက်ကျိဓားသိုင်း ဝူကျိတာအိုသိုင်း
Vol. 21 Ch. 261
ယွမ်ရှောင်သည် ဘိုးဘေးဓားသင်္ချိုင်းအတွင်း ခြေလှမ်းဝင်လိုက်သောအခါ အဝေးတွင် ဓားသဏ္ဍာန်အုတ်ဂူနှစ်ခု ထွက်ပေါ်လာသော်လည်း ကျန်အုတ်ဂူများကိုမူ မြူခိုးများခြုံလွှမ်းနေသည်။
"ကွမ်ရှုကျန်း ကွမ်ရှုတောက်"
"နတ်သားလေး ဒီနှစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဓားအပျက်အစီးနယ်မြေရဲ့ အမွှာညီအစ်ကို နှစ်ယောက်ပါ။ သူတို့မှာ စိတ်ထိခိုက်ရလောက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်"
အုတ်ဂူပိုင်ရှင်များ၏ အမည်ကို မြင်သောအခါ မုရှောင်လုံက မျက်လုံးများ မျက်ရည်ဝဲနေ၍ စကားစလိုက်၏။
"ဒါဆိုရင် ပြောပြပါဦး"
ယွမ်ရှောင်က ခေါင်းညိတ်လိုက်သည်။
"အရမ်းစိတ်ထိခိုက်စရာကောင်းတယ်။ သူတို့က အမွှာအဖြစ် မွေးလာပြီး အကြီးမှာ ဓားဝိညာဥ် ပိုင်ဆိုင်ထားပေမယ့် အငယ်မှာ မရှိဘူး။ လူတိုင်းရဲ့အမြင်မှာ အစ်ကိုက ညီလေးကို စွန့်ပစ်ပြီး ကောင်းကင်ကို တက်သွားမယ်လို့ ထင်ပေမယ့် မှားယွင်းသွားခဲ့တယ်။ အစ်ကိုက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့ ညီလေးကို ပြန်ရှာခဲ့ပြီး သူကလည်း အစ်ကိုဖြစ်သူကို ဆွဲမချချင်လို့ တာအိုပညာ လေ့လာခဲ့တယ်။ နောက်ပိုင်းမှာ တစ်ယောက်က ဓားသမား၊ တစ်ယောက်က တာအိုသိုင်းသမား ဖြစ်လာပြီး ထာဝရဓားအကျဥ်းထောင်ရဲ့ ဒဏ္ဍာရီ တစ်ပုဒ်ဖြစ်လာခဲ့တယ်"
"ဒီလောက်လေးနဲ့ မင်းက မျက်ရည်ကျနေပြီလား"
ခံစားချက်ကို ထိန်းချုပ်၍ ပြောပြနေသော မိန်းကလေးငယ်ကြောင့် ယွမ်ရှောင်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်နေသည်။
"ဒါပေမယ့် သူတို့က အခက်အခဲတွေကို အများကြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာလေ"
သူမက တစ်ချက် ရှိုက်လိုက်သည်။
"မင်းမှာ အချိန်ရှိရင် နောက်ထပ်ပုံပြင်တွေ ပြောပြ"
"ဟုတ်ကဲ့"
တစ်ဖက်လူ၏ စကားကြောင့် အတူတူရှိရမည်ဖြစ်သောအခါ မုရှောင်လုံ၏ မျက်နှာလေးက အပျော်ဖြင့် ဝင်းလက်သွားကာ ခုန်ပေါက်နေခဲ့သည်။ ထို့နောက် ယွမ်ရှောင်သည် မျက်စိရှေ့တည့်တည့်မှ အုတ်ဂူနှစ်ခုထံ ချဥ်းကပ်သွားသောအခါ ပုံရိပ်များ ထွက်ပေါ်လာ၏။ ကွမ်ရှုကျန်း၏ အုတ်ဂူအထက်တွင် ယင် ယန် ငါးနှစ်ကောင် ကူးခတ်နေသော ထိုက်ကျိစက်ဝိုင်းတစ်ခု ထင်ဟပ်နေသကဲ့သို့ ကွမ်ရှုတောက်၏ အုတ်ဂူ၌ အဖြူအနက် စွမ်းအားများ ပရမ်းပတာ ရောယှက်နေကြသည်။
"ထိုက်ကျိဓားသိုင်း ဝူကျိတာအိုသိုင်း။ တစ်ခုကို တစ်ခုကို အားဖြည့်ပေးနိုင်တယ်။ အတော်လှပတဲ့ အတွဲအစပ်တစ်ခုပဲ။ ဒီညီအစ်ကိုနှစ်ယောက်က အတူတူ တောက်ပခဲ့တာ ဖြစ်ရမယ်"
ယွမ်ရှောင်က ရေရွတ်နေစဥ် ကြယ်ပြာမှ စကားဆိုလိုက်၏။
"နှမြောစရာကောင်းတာက မင်းမှာ ညီအစ်ကို မရှိဘူး"
"ရှိပါတယ်"
"ဘယ်မှာလဲ"
"ငါ့အင်္ကျီရင်ဘတ်ထဲမှာလေ"
"အရမ်းပျော်လွန်းလို့ ငိုချင်သွားပြီ"
သူတို့၏ စကားဝိုင်းကို လနီက ဖြတ်ပြောလိုက်ပြီး မျက်လုံးများ တောက်ပလာကာ အမှန်တကယ်တွင်လည်း ဤသုံးယောက်သည် ညီအစ်ကိုများပမာ တပူးတွဲတွဲ ရှင်သန်နေရသည် မဟုတ်ပါလော။
"ဒီသိုင်းပညာနှစ်ခုအကြောင်း ဘယ်လိုသိတာလဲ။ ညီမလေးလည်း မပြောမိပါဘူး"
မုရှောင်လုံက တအံ့တသြ မေးလိုက်မိသည်။
"သူတို့က ငါ့ကို အိပ်မက်ထဲမှာ ပြောသွားတာ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ အမွှေးတိုင်များ ထွန်းညှိကာ ကွမ်ရှုညီအစ်ကိုအား ပူဇော်လိုက်သည်။ အချိန်ခဏအကြာတွင် သူက ထွက်ခွာလာခဲ့သောကြောင့် သူမကို ပဟေဠိဖြစ်သွားစေသည်။
"ဒီသိုင်းပညာတွေကို မသင်တော့ဘူးလား"
"သင်ပြီးပြီ"
"လာနောက်နေတာပဲ"
ယွမ်ရှောင်၏ စကားကြောင့် သူမက နှုတ်ခမ်းဆူလိုက်ပြီး ထိုသိုင်းပညာများ၏ အစွမ်းထက်ပုံကို သေချာသိထား၏။ ကြီးကြပ်သူများပင် နှစ်ခုလုံးကို လေ့လာရန် တစ်သက်လုံး အချိန်ကုန်နိုင်ပြီး အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း သင်ယူရန် မဖြစ်နိုင်ချေ။
"သူကလည်း သခင်လေးလင်းလိုပဲလား။ ငါတို့ဘိုးဘေးတွေရဲ့ သိုင်းပညာကို အထင်သေးတာလား"
သူမက အတွေးနက်နေပြီး ဖြစ်နိုင်ချေရှိသော်လည်း စိတ်ထဲ၌ မျိုသိပ်ထားခဲ့သည်။ သူတို့က ဆက်လက်ရှေ့တိုးလာသော်လည်း အစီအရင်ဖြင့် လမ်းပိတ်ထသောကြောင့် မုရှောင်လုံမှာ မျက်မှောင်ကြုတ်၍ ကောက်ရိုးတဲထံ လှည့်ကြည့်လိုက်မိသည်။
"ဘာလုပ်ချင်နေကြတာလဲ"
"သူတို့က ငါ့ကို အုတ်ဂူနှစ်ခုထက် ပိုပြီး ခွင့်မပြုဘူးထင်တယ်"
ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်၍ ပြောလိုက်သည်။
"ဒီသောက်အဘိုးကြီးကတော့ လှည့်ကွက်တွေ လာလုပ်နေတယ်။ ခွေးအိုကြီး စစ်ခုံးက ပြောသလိုဆိုရင် လင်းချန်အတွက်ကျ သင်္ချိုင်း တစ်ခုလုံးကို ဖွင့်ပေးခဲ့တယ်။ အစ်ကိုကြီးအတွက်ကျ နှစ်ခုတည်းလား။ အစ်ကိုကြီးကလည်း အမည်ခံ ဓားအင်မော်တယ် ဖြစ်နေတာကို အထင်သေးရဲတယ်ပေါ့"
သူမက အံကြိတ်၍ ဒေါသတကြီး ရေရွတ်လိုက်သည်။
"ကြည့်ရတာ ဓားအစောင့်အရှောက်နဲ့ ဒီအဘိုးကြီးကြားမှာ ရန်ကြွေး ကြီးကြီးမားမားရှိနေတာ ဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ရင် ငါ့ကို ဖိနှိပ်ဖို့ ဒီလောက် ကြိုးစားနေမှာ မဟုတ်ဘူး"
ယွမ်ရှောင်က မကျေမနပ်ဖြင့် ပြောလိုက်ပြီး ဓားသင်္ချိုင်းအတွင်း ဝင်ခွင့်ရထားသော်လည်း အခွင့်အရေးချင်း ကွာခြားနေသဖြင့် ဖိအားပေးရန် ဖြစ်ကြောင်း သိသာနေသည်။ အကယ်၍ သူသာ ဉာဏ်ကောင်းလျှင် နောက်ဆုတ်ပြီး ဓားအစောင့်အရှောက်နှင့် ဝေးဝေးနေရန် သတိပေးနေခြင်းလည်း ဖြစ်၏။ ပထမဆုံး သူတို့က ညစ်ညစ်ပတ်ပတ် လှည့်ကွက်များ ကြံစည်ရန် ကောင်းကင်နယ်မြေသို့ ယွမ်ပေချန်ကို စေလွှတ်ခဲ့ပြီး ယခုအချိန်တွင် ဓားအပျက်အစီးနယ်မြေ၌ သူ့ကို ဖိနှိပ်နေပြန်သည်။ သူ့ကို လွယ်ကူသော ပစ်မှတ်တစ်ခုဟု သတ်မှတ်ထားခြင်း ဖြစ်ရာ အင်အားသုံးလျှင် တန်ပြန်တိုက်ခိုက်ရန်မှ တစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
"ငါ လက်မခံနိုင်ဘူး။ ဒီအဘိုးကြီးကို ကောင်းကောင်း သင်ခန်းစာပေးရမယ်။ အဘိုးရဲ့ အစွမ်းနဲ့ဆိုရင် သူ့ကို ကောင်းကောင်းကြီး ပြဿနာပေးလို့ ရတယ်"
မုရှောင်လုံ၏ ဒေါသရေချိန်က တရိပ်ရိပ် မြင့်တက်လာသည်။
"မလိုအပ်ဘူး။ ဒီလောက်ဆို လုံလောက်ပြီ"
ယွမ်ရှောင်က သူမ၏ ပခုံးကို တစ်ချက်ပုတ်ကာ ညှင်သာစွာ ဖြောင်းဖြလိုက်၏။
"သေချာလား"
သူမက ဒေါသထွက်နေဆဲပင် ဖြစ်၏။
"စကားများ ရန်ဖြစ်နေလို့ အကျိုးမရှိဘူး"
သူက အေးစက်စက် ပြောလိုက်ပြီး ဓားအပျက်အစီးနယ်မြေတွင် အသစ်ရောက်လာသူ ဖြစ်သောကြောင့် အရိုးခြောက် စောင့်ရှောက်သူနှင့် ကြီးကြပ်သူ စစ်ခုံးမှာ လက်ရှိ၌ ကိုင်တွယ်ရ ခက်ခဲနေသည်။ အမည်ခံ ဓားအင်မော်တယ်ဟူသော ဘွဲ့ကို ဖယ်လိုက်လျှင် သူက သာမန် ပါရမီရှင်တစ်ယောက်သာ ဖြစ်၍ အင်အားအရာ၌ အားနည်းနေ၏။ သူ့အနေဖြင့် ဓားဖြင့်သာ စကားပြောခိုင်းရန် ကြံစည်ထားပြီး နှုတ်ဖြင့် တိုက်ခိုက်နေလျှင်လည်း အကျိုးမရှိသဖြင့် ကျင့်ကြံခြင်းသာ အကျိုးရှိပေလိမ့်မည်။
"ဖောင်ဖျက်ပြီးမှတော့ နောက်ပြန်လှည့်စရာ လမ်းမရှိတော့ဘူး"
လင်းချန်၏ဘက်တွင် သက်တော်စောင့်အဖြစ် ကြီးကြပ်သူသုံးယောက် ရှိနေပြီး သူ့ဘက်တွင် တစ်ယောက်မှ မရှိသောကြောင့် အခြေအနေက ထင်ရှားနေသည်။ ထို့နောက် သူက မုရှောင်လုံနှင့်အတူ ဘိုးဘေးဓားသင်္ချိုင်းမှ ထွက်ခွာလာသောအခါ အရိုးခြောက်စောင့်ရှောက်သူက ရုတ်တရက် စကားပြောလာခဲ့သည်။
"မကျင့်ကြံတော့ဘူးလား"
"နောက်တစ်ခါမှပေါ့။ အချိန်ကျရင် နောက်ထပ်အုတ်ဂူတွေ အသက်သွင်းပေးဖို့ မင်းကို ခိုင်းမှာပါ"
ယွမ်ရှောင်က သူ့ကို တစ်ချက် စိုက်ကြည့်ခဲ့သည်။
"ကောင်းပါပြီ"
ထိုအဘိုးကြီးက ခေါင်းမော့လာ၍ သွားတစ်ချောင်းမှ မရှိသော ပါးစပ်ကို ဖြဲကာ ရယ်ပြလိုက်သည်။
"ဒီကိစ္စကို အဖေ့ဆီ သတင်းပို့လိုက်မယ်"
တစ်ဖက်လူက ဤမျှ ရဲတင်းမည်ဟု ထင်မထားသောကြောင့် အကြောင်းစုံ သိရသောအခါ မုတလုံက တောင်းပန်စကားဆိုလိုက်၏။
"စိတ်ပျက်စရာကြီး။ သူတို့က အုတ်ဂူနှစ်ခုတည်း ဖွင့်ပေးပြီး အစ်ကိုကြီးကို ပြဿနာရှာချင်နေတာ"
မုရှောင်လုံက ဒေါသမပြေနိုင်သေးပေ။
"ကွမ်ရှု ဘိုးဘေးနှစ်ယောက်ရဲ့ သိုင်းပညာတွေက အခက်ဆုံးထဲမှာ ပါဝင်တယ်။ ဒီသိုင်းပညာတွေကို ဓားအစောင့်အရှောက်တွေတောင် သိပ်နားမလည်ကြဘူး"
မုတလုံက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပြီး အပြန်လမ်းတွင် ယွမ်ရှောင်က တစ်ခုခုကို တွေးနေဟန်ဖြင့် တိတ်ဆိတ်နေကာ လက်ချောင်းများဖြင့် သင်္ကေတများ ဖန်တီးနေသည်။
"ကြည့်ရတာ ထုတ်သုံးနိုင်ဖို့ ဓားရည်ရွယ်ချက် လိုအပ်လိမ့်မယ်"
"အစ်ကိုကြီး ဘာပြောလိုက်တာလဲဟင်"
ယွမ်ရှောင်က သူ့ကိုယ်သူ ရေရွတ်နေသည်ကို နားစွန်နားဖျား ကြားလိုက်ရသော မုရှောင်လုံ စပ်စုလိုက်ခြင်း ဖြစ်၏။
"ဒါက ဘယ်နေရာလဲ"
ယွမ်ရှောင် ပြန်ဖြေကာနီးတွင် အနားမှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရသဖြင့် စကားလမ်းကြောင်း ပြောင်းသွားသည်။
"ဓားရုပ်သေး သစ်တော။ ဒီနေ့က အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲအတွက် စာရင်းသွင်းရမယ့် နေ့ဖြစ်လို့ စည်ကားနေတာ။ သခင်လေးလည်း ပါဝင်ယှဥ်ပြိုင်ဖို့ စာရင်းပေးရပါမယ်"
"ပြိုင်ပွဲဝင်အဖြစ် အဆင့်မီဖို့အတွက် အစောပိုင်းအဆင့် ဧကရာဇ်နယ်ပယ် ကျောက်တုံးရုပ်သေးကို အနိုင်ယူရမယ်။ မင်းက သူတော်စင်နယ်ပယ်ဆိုတော့ အနိုင်ယူနိုင်ပါ့မလား "
မုရှောင်လုံက ရှင်းပြလိုက်သကဲ့သို့ မုတလုံသည်လည်း အသေးစိတ် ပြောပြခဲ့သည်။
"စမ်းကြည့်ရသေးတာပေါ့"
ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်သဖြင့် လမ်းကြောင်း ပြောင်းလဲသွားကာ ကြီးမားကျယ်ဝန်းသော ဝါးတောတစ်ခုထံ ဦးတည်လာခဲ့ကြသည်။ အချို့ဝါးပင်များမှာ ပေသုံးဆယ်ကျော် မြင့်မား၍ ယောကျ်ားပေါင်လုံးခန့်တုတ်ကာ ဝါးတောအနောက်တွင် ရွှေရောင်တိုင်လုံးကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေသည်။ ၎င်းက အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲကျင်းပရာ နေရာဖြစ်ပြီး ဝါးတောအတွင်း၌ ဓားအပျက်အစီးနယ်မြေ၏ တပည့်များဖြင့် စည်ကားသက်ဝင်နေ၏။
"သခင်လေးယွမ် ရောက်လာပြီဟေ့"
"သူကလည်း သခင်လေးလင်းလို ကိုယ့်ကိုကိုယ် စမ်းသပ်မလို့လား"
များပြားလှသော လူငယ်များက လှည့်ကြည့်လာကာ လင်းချန်ကို မြင်ရသည်ထက် ပို၍ စိတ်ဝင်စားနေပုံရသည်။
"အမ၊ ရှောင်လုံ"
ထိုအချိန်တွင် ကြီးမားလှသော အရိပ်ကြီးတစ်ခု ပြေးလွှားရောက်ရှိလာသဖြင့် ဖုန်တထောင်းထောင်း ထသွားကာ ယွမ်ရှောင်ပင် မညစ်ပတ်စေရန် နှစ်လှမ်း နောက်ဆုတ်လိုက်ရ၏။
"မုတရှုံ နင် ကောင်းကောင်းမွန်မွန် လာလို့ မရဘူးလား"
မုတလုံက သူ့ကို အားနာသော အကြည့်မျိုးဖြင့် ပြုံးပြ၍ မောင်ဖြစ်သူကို ငေါက်လိုက်၏။ ရောက်လာသူမှာ အသားမည်းမည်းနှင့် လူသန်ကြီးတစ်ယောက်ဖြစ်ကာ မိစ္ဆာတစ်ယောက်အလား အရပ်မြင့်ပြီး ဓားသမားတစ်ယောက်ဖြစ်ရန် ကြွက်သားများ တုတ်ခိုင်ကြီးမားလွန်းနေသည်။
"ဒါက ငါ့မောင်လေးပါ။ သူက ထိပ်တန်း တရားသူကြီးတစ်ယောက်ဖြစ်ပြီး သွားတာလာတာ နည်းနည်းကြမ်းတမ်းလို့ စိတ်မရှိပါနဲ့"
"ကိစ္စမရှိပါဘူး"
မုတလုံက မိတ်ဆက်ပေးလိုက်သောကြောင့် ယွမ်ရှောင်သည် တစ်ဖက်လူကို အကဲခတ်နေခဲ့သည်။
"မုတရှုံက သခင်လေးယွမ်ကို အခစားဝင်ပါတယ်"
သူက ရိုသေလေးစားမှုဖြင့် ဒူးထောက်ရန် ပြင်လိုက်သည်။
"ထုံးစံတွေ မလိုအပ်ပါဘူး။ မတ်တပ်ရပ်ပါ"
ယွမ်ရှောင်က တားမြစ်လိုက်ပြီး စိတ်ပျက်နေပုံမရသောကြောင့် တစ်ဖက်လူကို စိတ်အေးသွားစေသည်။
"သခင်လေးယွမ်အတွက် လမ်းဖယ်ပေးကြစမ်း"
မုတရှုံက ဤသို့ အမိန့်ပေးလိုက်သောကြောင့် စာရင်းသွင်းခြင်းကို တာဝန်ယူထားရကြောင်း သိနိုင်သည်။
"အဖေ ဒီလိုလုပ်လို့ မဖြစ်သေးဘူးနော်။ ရှေ့ဆုံးမှာ သခင်လေးလင်း ရှိနေတယ်"
နောက်ထပ် အသားမည်းမည်း လူငယ်တစ်ယောက် ထပ်မံရောက်ရှိလာကာ ဝက်ဝံကြီးတစ်ကောင်အလား တုတ်ခိုင်သန်မာ၍ ယွမ်ရှောင်ကို အားတုံ့အားနာ ပြုံးပြနေခဲ့သည်။
"အဖေက တရှုံဆိုတော့ မင်းက ရှောင်ရှုံဖြစ်ရမယ်"
"မဟုတ်ဘူးခင်ဗျ။ ကျုပ်က မုချင်းဟွမ်ပါ"
ယွမ်ရှောင်အနေဖြင့် ပျော်ရွှင်ခြင်းဟု အဓိပ္ပါယ်ရသော မုချင်းဟွမ်ဆိုသည့် အမည်အစား ဝက်ဝံကြီးဆိုသည့် အမည်မှာ ပို၍ လိုက်ဖက်ကြောင်း တွေးနေမိသည်။
"သခင်လေးလင်းရော ရောက်နေတာလား"
မုတလုံက ရှေ့ဆုံးသို့ လှမ်းမျှော်ကြည့်လိုက်ပြီး အမည်ခံ ဓားအင်မော်တယ် တစ်ယောက် ရောက်နေသောကြောင့် ဤမျှစည်ကားနေခြင်းဖြစ်သည်။
"သခင်လေးလင်းကလည်း သူတော်စင် နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ။ ဓားရုပ်သေးကို အနိုင်ယူနိုင်ပါ့မလား"
လူငယ်အုပ်စုအတွင်း သံသယများ ပြည့်နှက်နေသည်။
"ငါ့အတွက် ဓားရုပ်သေးတစ်ရာ ယူလာစမ်း"
အာရုံစိုက်ခံနေရသော လင်းချန်က လက်နှစ်ဖက်နောက်ပစ်၍ မုတရှုံကို မောက်မာစွာ အမိန့်ပေးခဲ့လေသည်။